Saturday, October 11, 2014

.........ပြောပြချင်ပါတယ် (၁၉)

Written by - သန်းထွဋ်အောင်

(၁)
တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ စစ်တပ်ရဲ့ ရပ်တည်ချက် တစ်ခုတည်းကပဲ အရေးပါခဲ့တာ မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ အထူးသဖြင့် ခြစားမှုတိုက်ဖျက်ရေးနဲ့ Nepotism ခေါ်တဲ့ ဆွေမျိုးတစ်စု (သို့မဟုတ်) လူတစ်စုတည်းပဲ ချုပ်ကိုင်တဲ့စီးပွားရေး ပုံစံတွေကို ပြောင်းလဲပစ်တာတွေက အဓိကကျပါတယ်။ ကိုရီးယားနိုင်ငံမှာ ချေးဘိုးလို့ခေါ်တဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေကို စနစ်တကျ ထိန်းချုပ်ခဲ့ပြီး အခွန်ရှောင်မှုတွေ လာဘ်ပေးလာဘ်ယူမှုတွေကို စနစ်တကျ အရေးယူခဲ့ပါတယ်။ ဒေဝူး၊ ဟွန်ဒိုင်း အစရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေတောင် အရေးယူ ခံခဲ့ရပါတယ်။

ဗ . က . သနှင့် တ . က . သ ပူးပေါင်း၍ အရေးပေါ် အထူးအစည်းအဝေး ကျင်းပမည်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗ . က . သ)နှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ . က . သ) တို့ ပူးပေါင်း၍ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေး ကျင်းပရေးကော်မတီထံမှ သိရသည်။

ကျင်းပမည့်နေရာ (၃) နေရာလျာထားပြီး ညှိနှိုင်းဆောင်ရွက်နေရသည့်အတွက် ကျင်းပမည့်နေရာကို လောလောဆယ် မထုတ်ပြန်နိုင်သေးကြောင်း၊ ဗ . က . သ အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် စေတနာ မှန်ပါစေ

- အယ်ဒီတာ့အာဘော်
မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေသည် လတ်တလောတွင် တိုးတက်မှု မရှိရုံသာမက နောက်ပြန် ဆုတ်သွားသည့် အနေအထား မျိုး ရောက်ရှိနေသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးရန် တွေ့ဆုံ ဆွေးနွေးနေမှု သည်လည်း ရရှိပြီးသား သဘောတူညီချက် အချို့ကိုပင် ပြန်လည် ညှိနှိုင်း ဆွေးနွေးရမည့် အနေအထားမျိုးတွင် ရှိနေပြီး တိုင်းရင်းသားဒေသ အချို့၌လည်း သေနတ် သံများ ပြန်လည် ထွက်ပေါ် လာနေသည့်အတွက် ငြိမ်းချမ်းရေး ခရီး ရှေ့မရောက်ဘဲ နောက်ပြန် ဆွဲနေသည်ဟု ဆိုခြင်းဖြစ်သည်။ ယင်းအခြေအနေမှာပင် သမ္မတဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေး

တာဝန်နှင့် မအပ်စပ်လျှင် ၀န်ထမ်းဖြစ်ပေမယ့် Sanction မပါဘဲ တရားစွဲနိုင်သည်

– (မြိုင်-တင်လှိုင် )
ယနေ့မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းအများအပြားရှိပါသည်။ သို့ရာတွင် အစိုးရက တရားဝင်ဖွဲ့ စည်း ထားသည်မှာ တပ်မတော် လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ခု ဖြစ်သည်။ ယခင်က တပ်မ တော်ခေါ် စစ်တပ်က အာဏာသိမ်း၍ အစိုးရလုပ်အုပ်ချုပ်ခဲ့ပါသည်။ ယခုအခါတွင် ၎င်းစစ်အစိုးရမှ တပ်မှူးကြီး များက လူဝတ်လဲ၍ စစ်ဝတ်ချွတ်ကာ အုပ်ချုပ်ကြပါသည်။ ထိုအခါ ပြည်သူကို လက်နက်ဖြင့် နှိမ်နင်းရန် လိုအပ် ပါက စစ်တပ်ကို မသုံးတော့ဘဲ ရဲတပ်ဖွဲ့ကို နှိမ်နင်းစေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့ဝင်များသည် လူကြီးလမ်း ကြောင်း လုံခြုံရေးလည်း သူတို့၊ ပြစ်မှုများ ခိုးဆိုးလုယက်မှု

ရုက္ခဗိသုကာ စိတ်ထားအားကျလို့ ခင်ဗျားတို့တစ်တွေ သံဝေဂရကြစေချင်ပါတယ်

– ဆောင်းဝင်းလတ်
ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတ မှန်သမျှကို မငဲ့ကွက်ဘဲ လက်တစ် ဆုပ်စာသာသာ၊ စစ်အုပ်စု စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တစ်နွယ်ငင်တစင်ပါတွေ အားလုံးရဲ့ ကိုယ် ကျိုးစီးပွား အတွက် တောင်ကုန်း တော လုံး ပြုတ်ပြုတ်ပြုန်း၊ ပျက်သုဉ်းအောင် တွေ့မရှောင် ခုတ်လှဲပစ်နေ ကြ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်ချစ်ခင်လေးစားရတဲ့ မုံရွာမြို့က မြို့မိမြို့ဖတွေထဲက စာရေးဆရာ၊ ကဗျာဆရာကြီး ဆရာဓနထွန်းက၊ သူ ရေးဖွဲ့တဲ့ ကဗျာတစ်ပုဒ် ကျွန်တော့်အတွက် အမှတ်တရ လက်ဆောင်ပေးဖူးပါတယ်။

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းနှင့် ၀န်ကြီးချုပ်ဦးနု

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
ဖဆပလအဖွဲ့ချုပ်ကြီး၏ အကွဲအပြဲ ဇာတ်လမ်းကို အဓိကထားရေးသားသည့် နိုင်ငံရေးဖြစ်စဉ် သမိုင်းကြီးသည် မှတ်တမ်းများ၊ လေ့လာချက်များ၊ ဖဆပလ နှစ်ခြမ်း ကွဲ ခေါင်းဆောင် များနှင့် တွေ့ဆုံ မေးမြန်းချက်များကို မူတည် ၍ ဓမ္မဓိဋ္ဌာန်ကျကျ မှတ်တမ်း တင် ဖော်ပြထားခြင်း သာဖြစ်၍ မည်သည့်ပုဂိ္ဂုလ်၊ မည်သည့် အဖွဲ့ကိုမျှ သာစေနာစေ အာဃာတ ထား ရေးသားခြင်း မဟုတ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တွေ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်း

– မြတ်ဆွေ
လူစုလူဝေးတစ်ခုကို တွေ့ရသည်။ ထိုင်သူများက ထိုင်နေကြပြီး အချို့ကရပ်နေကြသည်။ သူတို့ရှေ့တွင် မော်တော်ကားတစ်စီး ရှိသည်။ လူတစ်ယောက်သည် စက်ဖုံးပေါ်ကရပ်ပြီး စကားပြော တရားဟောနေ၏။ သူက အသားညိုညို၊ ပိန်ပိန်ပါးပါးပင်ဖြစ်၍ စစ်ဝတ်စုံကို ပိုသီဖတ်သီဝတ်စား၏။ ဒေါနှင့်မောနှင့် စိတ်လိုက်မာန်ပါ ပြောနေ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသွားပြီးနောက် ၁၉၄၅ခုနှစ် ကာလများတွင် ဖဆပလအဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြ သည်။ စစ်ကြီးပြီးဆုံး သွားပြီးနောက် ဂျပန်ငွေစက္ကူများ သုံးစွဲခြင်းမပြုရတော့ဘဲ အင်္ဂလိပ်ကျပ်ငွေများကိုသာ သုံးစွဲကြရ သည်။

ကိုယ့်ကိုယ်ကိုယ် လူကြီးလူကျယ်လုပ်ပြီး မှန်ရာလုပ်သယောင်ဖြင့် စနစ်ဟောင်းဘက်မှ ရပ်နေသော အရေခြုံများ

– စည်သူမြသန်း
“လွတ်လပ်ခွင့်”ဟူသော ဟိတ်လုံးဟန်လုံးအောက်တွင် တစ်ဖက်မှ ပြည်သူလူထုအား ဆင်းရဲမွဲတေမှုဖြင့် ထောင်းထုနေပြီး တစ်ဖက်မှ အလျှံပယ်ဇိမ်ခံယစ်မူးနေသည့် လက်တစ်ဆုပ် မျှသော အရင်းရှင် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(နိဒါန်း)
... လူ့အဆောက်အအုံဟောင်းနှင့် အင်အားစုဟောင်းကို ဆန့်ကျင် တိုက်ခိုက်ရာမှာ … ခိုင်မာပြတ်သားဖို့လို သည်။ ခံနိုင်ရည် ရှိဖို့လိုသည်။ ခွန်အားစိုက်ဖို့လိုသည်။…. ထက်သန်ခိုင်မာမှုမရှိဘဲ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု လုပ်ငန်းမှာ အောင်မြင်မှုရနိုင်လိမ့်မည် မဟုတ်။
… အဘယ်ကြောင့်ဆိုသော် ..

အောက်တိုဘာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မသေချာ

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် မသေချာတော့ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့သည် စက်တင်ဘာ ၂၂ မှ ၂၆ ရက်ထိ တွေ့ဆုံဆွေးနွေးပြီး အောက်တိုဘာလတွင် ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် သဘောတူ ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် အဂတိ လိုက်စားမှုများနှင့် အစိုးရ၏ ပြင်းထန်သော အရေးယူမှုများ

– ဘုန်းမြင့်ဆွေ
လူအိုဂန်ခေါ် Naked Officials များသည် စွန့်စားရသော အုပ်စု High-Risk Group အဖြစ် သတ်မှတ်ခံရသည်။ အဂတိလိုက်စားမှု အခွင့်အရေး(ခွင်)နှင့် ကြုံကြိုက်သည့် အခါ နိုင်ငံခြားတွင် အမြဲတမ်းနေထိုင်ကြသည်။ ယင်း မိသားစုဝင်များမှတစ်ဆင့် တရားမ၀င်ငွေစီးကြောင်းများကို လွယ်ကူ ချောမောအောင် ဖန်တီးယူနိုင်သူများဖြစ် ကြသည်။ အဖမ်းမခံရမီ ပြည်ပ သို့ထွက် ပြေးလွတ်မြောက်အောင် ကြိုးစားနိုင်ကြသူများဖြစ်သည် . . .

ယခင်တစ်ပတ်မှအဆက်

အစိုးရတပ်နှင့် DKBA တိုက်ပွဲ ပြန်ဖြစ်

အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ကြား ကော့ကရိတ်မြို့ နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်နှင့် DKBAတို့ ကြား စက်တင်ဘာလနှောင်းပိုင်းတွင်  တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အခြေအနေ ငြိမ်သက်နေရာမှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကော့ကရိတ် မြို့နယ်အတွင်း DKBA ကလိုထူးဝါးဗျူဟာ အဓိကအခြေစိုက်သည့် ကောင်းမှုရွာအနီးတွင် နံနက် ၁၀ နာရီမှစ၍ ၁၁နာရီခွဲ ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုစာရင်းကို

ထိုင်းဝန်ကြီးချုပ် ရန်ကုန်မရောက်မီ ဆန္ဒပြပွဲများအပြီးသတ်ရန် တိုင်းအစိုးရအဖွဲ့ညွှန်ကြားခဲ့

 
မြန်မာလုပ်သားနှစ်ဦးကို စွဲချက်တင်ထားမှု ပြန်လည်စိစစ်ပေးရန် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အကျဉ်းသားဟောင်းများကို ၄၀၁ လူဆိုးဟုသတ်မှတ်မည်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အကျဉ်းသားဟောင်းတွေကို ၄၀၁ လူဆိုးဟုသတ်မှတ် ပြီးသူတို့ကို မသေမချင်းစောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကအရာရှိကြီးကပြောပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား သုံးထောင်ကျော် ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က လွှတ်ပေးလိုက်ပြီးနောက်ပိုင်း လွှတ်ပေးတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အားနည်းတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံလုံးအဆင့် ကျောင်းသားထု အရေးပေါ်အစည်းအဝေး နိုဝင်ဘာတွင် ကျင်းပရန်စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၀
မကြာသေးမီက ပြဋ္ဌာန်းလိုက်သော အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သတ်ပြီး ဆန့်ကျင်ကန့်ကွက်ရန် နိုင်ငံတစ်ဝန်း အခြေခံနှင့် အဆင့်မြင့် ကျာင်းသားသမဂ္ဂများ စုပေါင်း၍ အရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုသီဟဝင်းတင်က ပြောကြားသည်။
အဆိုပါ ကျောင်းသားထု အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများအပြင် ပြင်ပ ကျောင်းသားအဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးဆူပူမှု ဖြစ်စဉ်အတွင်း ဦးစိုးမင်းထွေး အသတ်ခံရသည့်အမှု၌ တရားစွဲခံထားရသူ တစ်ဦး၏ မိခင်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

Written by: ငြိမ်းဇော်လင်း 

 
 မန္တလေးဆူပူမှုဖြစ်စဉ်အတွင်း လူသတ်မှုဖြင့် တရားစွဲခံထားရသူတစ်ဦး၏ မိခင်က အောက်တိုဘာ ၁၀ ရက်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေစဉ်  

အဟောင်းပြုတ်မှ အဟုတ်ပြောင်းမည်

[ Opinion ]

“အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစနစ်အကြား အံချော်နေ၍ ပြောင်းလဲမှု နှေးကွေး” ဟု သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည့် စကားတစ်ခွန်းကို အောက်တိုဘာ ၆ ရက်နေ့ထုတ် သတင်းများတွင် ဖတ်လိုက်ရသည်။ ထိုဝန်ကြီးကပင် ဆက်လက်ပြီး “အခုလက်ရှိ အုပ်ချုပ်ရေးစနစ်က ဆိုရှယ်လစ်အစိုးရ၊ တပ်မတော်အစိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်နေတယ်” ဟု ထပ်မံ ပြောကြားပြန်သည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံကြီးသည် ကုန်လွန်ခဲ့သော ကာလများတစ်လျှောက် လွဲမှား အံချော်နေမှုများကြားတွင် သွားနေသည်ကို သိလျက်နှင့် ငြိမ်နေသလော၊ မလုပ်တတ်သောကြောင့် လွှတ်ထားလိုက်သလောဟု စောကြောစရာ ရှိသည်။

ဒီမိုကရေစီ ခရီးအစနှင့် ဆန္ဒပြပွဲများ

Written by - စိုးခိုင်ညိန်း

မိမိတို့တက္ကသိုလ်က ကထိကဆရာ တစ်ယောက်က စာသင်ရင်း ပြောတဲ့စကားကို အတော်လေး သဘောကျမိပါတယ်။ သူက “အခု မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးကို စတင်လျှောက်လှမ်းနေပြီဖြစ်လို့ ငြိမ်မနေကြပါနဲ့၊ တိတ်ဆိတ်ငြိမ်သက် မနေကြပါနဲ့၊ အသံထွက်နေရပါမယ်။ တိတ်ဆိတ်ငြိမ်သက် နေမယ်ဆိုရင် အရာအားလုံး လုပ်သမျှကို သဘောတူ လက်ခံပါတယ်ဆိုတဲ့ သဘောပဲ။ ဒါကြောင့် သဘောမတူတဲ့ကိစ္စကို တိတ်ဆိတ်ငြိမ်သက်နေလို့ မဖြစ်ဘူး။ ဖွင့်ဟထုတ်ဖော်ရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။

ပျက်ဆုံးမှုများနှင့် ဟောင်းလောင်းကြီးကျန်ခဲ့မည့်ဒေသ

- အောင်ချိန်ဘွား

တစ်ကိုယ်လုံးအသားအရေက ဝါညစ်ညစ် အရောင်သမ်းနေသည်။ နောက်ဆုံး မျက်လုံးများက ဝါရာမှ နီနှမ်းနှမ်း၊ ဆီးများကလည်း ဝါရာမှနီပုပ်ပုပ် အရောင်ပြောင်းလာပြီးနောက် ဘဝတစ်လျှောက် လှပ တင့်တယ်ခဲ့သော ချစ်ဇနီးအသည်းကင်ဆာဖြင့် ကွယ် လွန်ခဲ့ရှာသည်။

သူ့ကို အမေရိကားပြည်လော့စ်အိန်ဂျလိစ် မြို့၊ ရို့စ်ဟီးလ်သုသာန်ကြီးဝယ် မီးသင်္ဂြိုဟ်၍ ထားရစ်ခဲ့ရ ပြီ။ ကျွန်တော့်အဖို့ ထာဝရဆုံးရှုံးမှုတစ်ရပ်ကြီးပါကား။
အလည်လွန်နယ်ကျွံ၍ ဝေးလံလွန်းလှသည့် အမေရိကားနိုင်ငံမှ ကျွန်တော်ပြန်လာခဲ့၏။ မရောက် တာကြာပြီဖြစ်သော ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည့် ချင်းတွင်းမြစ်ကြီး ကမ်းနဖူးက မုံရွာမြို့ကိုပြန်သွားခဲ့သည်။

ဂါရဝေါစ နိဝါတောစပါတဲ့ခင်ဗျာ

(ဆောင်းပါးရှင် - မောင်စံပေါ)
(၁)
သီတင်းကျွတ်ပြီ။ သီတင်းကျွတ်ပြီ။
ဝါလလွတ်ကင်း သီတင်းကျွတ်ပြီ။
သီတင်းကျွတ်ပြီဆိုတော့ ရိုးရာဓလေ့နဲ့အညီ အသက်ကြီးသူတွေကို ငယ်သူတွေက ကန်တော့ကြတာပ။ တချို့တွေကျတော့ ညွတ်ညွတ်နူးနူး ဦးချကန်တော့ကြတာ။ တချို့ကတော့ အစဉ်အလာမို့ ၀တ်ကျေတမ်းကျေ။ ဘာပဲဖြစ်ဖြစ်ဗျာ သီတင်းကျွတ်တာနဲ့ ဆရာသမားလူကြီးတွေကို ကန်တော့ဖို့ မေ့နေရင်တောင်မှ သတိရအောင် လှုံ့ဆော်ပေးနေတာတော့ သဘောအကျသား။

၂၀၁၄ ခုနှစ်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မာလာလာနှင့် ကိုင်လက်ရှ်တို့ ပူးတွဲဆွတ်ခူး

ယခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မာလာလာ ယူဆွတ်ဖ်ဇိုင်နှင့် ကိုင်လက်ရှ် ဆတ်ယာသီတို့က ပူးတွဲ ဆွတ်ခူးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး မာလာလာသည် ပြီးခဲ့သည့် နှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူးရန် အထူးတလည် ရေပန်းစားနေခဲ့သူ ဖြစ်သည်။ သူမသည် ပါကစ္စတန် နိုင်ငံတွင် တာလီဘန် စစ်သွေးကြွများ ဩဇာသက်ရောက်သည့် ဒေသများ၌ အမျိုးသမီးများ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေမှုကို တိုက်ဖျက်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ မာလာလာ၏ လုပ်ရပ်များအပေါ်

လိပ်ကျွန်းလူသတ်မှု အဖမ်းခံ မြန်မာ ၂ ဦး မိမိကိုယ်မိမိ သတ်သေမှာ ထောင်ပိုင် စိုးရိမ်နေ

လိပ်ကျွန်း လူသတ်မှုနဲ့ တရားခံ အဖြစ် ဖမ်းဆီးခံထားရသူ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦး ဟာ မိမိကိုယ်မိမိ သေကြောင်းကြံမှုဖြစ်နိုင်တာကြောင့် သူတို့ကို ထိန်းသိမ်းထားရာ အကျဉ်းထောင် 
ထောင်ပိုင် က စိုးရိမ်ပြီး အနီးကပ်စောင့်ရှောက်မှု လုပ်နေရပါတယ်။ 


ဓာတ်ပုံ- ဘန်ကောက်ပို့စ်

သမ္မတကြီးခင်ဗျား … မိန့်ခွန်းကို နားလည်အောင် ပြောပေးပါ ငြိမ်းချမ်းရေး သမိုင်းဝင်ချင်တာလား၊ အာဏာသိမ်းမယ် ခြိမ်းခြောက်တာလား

– လင်းထိုက်(Y.I.T)

  ပြည်သူ့ဆန္ဒ ရာနှုန်းပြည့်မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ဇွတ်ကျင်းပခဲ့တုန်းက တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ စဲပါပြီလား။ အပစ်အခတ်တွေ ရပ်စဲသွားမှ စစ်အာဏာရှင် အသွင်ပြောင်း အရပ်သား အစိုးရကို ပုံဖော် ခဲ့တာလားလို့ မေးခွန်း ထုတ်ရပါလိမ့်မယ်။ သမ္မတရဲ့ မိန့်ခွန်း ဆိုလိုရင်းနောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ တစ်စုံတစ်ရာ ရှိပုံရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး မတည်ငြိမ်ရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာဘူး ဆိုတဲ့ အဓိပ္ပာယ်ဟာ အရင်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ်ကြီး တစ်ယောက် ရဲ့ လေယူ လေသိမ်းတွေ ပြန်လည် ထင်ဟပ်နေ . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စိတ်ရှည်သည်းခံ ပြည်သူ့အစေခံ

– မဟာနွယ်

စစ်တက္ကသိုလ်သာ မတက်မိရင် ချောင်းကြိုမြောင်းကြားမှာ “လှေထိုးလွှတိုက်” လိုက်ချင် လိုက်နေရမှာပါ။ စစ် ထဲဝင်ပြီး ဗိုလ်ချုပ်ဖြစ်လာလို့သာ စစ်အာဏာရှင်တွေ ရေရှည် လွှမ်းမိုးလာတဲ့ တိုင်းပြည်မှာ သမ္မတဖြစ်ခွင့် ရခဲ့တာပေါ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်အပတ်မှအဆက်

ဖွဲ့စည်းပုံအရ မြန်မာ့နိုင်ငံရေးတွင် အမှန်တကယ် အာဏာအရှိဆုံးမှာ ကြံ့ခိုင်ရေးဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်နေကြောင်း သုံးသပ်လျက်ရှိနေ

ဥပဒေ ချိုးဖောက်ပါက အာဏာရပါတီ ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌ များကိုလည်း ဖမ်းဆီး အရေးယူ၍ရကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား

ငါက ထင်တိုင်း မကြဲပါဘူး။ စည်းမျဉ်း စည်းကမ်းအရပေါ့။ မဟုတ်ပါဘူး။ အဘတို့ လည်း ပြည်သူပဲ ဥစ္စာ။ ဘာလို့ပြဋ္ဌာန်းတဲ့ ဥပဒေအတိုင်း လုပ်လို့မရတဲ့ တစ်စုံတစ်ရာ လုံးဝမရှိဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

– ၀ိုင်းမော်
““၀န်ကြီးချုပ်က တပ်ထဲမှာနေစဉ်က လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာ အများကြီး သြဇာညောင်းခဲ့တယ်””

အဆိုကို အတည်ပြုခါနီးမှာ လွှတ်တော်ဥက္ကဋ္ဌကြီးက အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးတဲ့နေရာ မှာ ၀န်ကြီးချုပ် ကိုယ်တိုင် ကိုက ကော်မတီဖွဲ့ဖို့တော့ လုံးဝ သဘောမတူနိုင်ဘူးလို့ ပြောတာ…

အစိုးရအဖွဲ့ အနေနဲ့ လွှတ်တော်မှာ ကော်မတီဖွဲ့စရာ မလိုဘူးလို့ ပြောလို့ မရဘူး…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိုင်းပြည်သို့ နွားနို့သောက်ရန် တိုက်တွန်းသော သမ္မတဦးသိန်းစိန် နို့စားနွား စီးပွားဖြစ်မွေးမြူ ထုတ်လုပ်ဟု သတင်းထွက်ပေါ်လာ

သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၃ ခုနှစ် မတ်လက နို့ထွက်ကုန်ပစ္စည်း အဓိက တင်ပို့သည့် နယူးဇီလန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဧက (၃၅၀) အကျယ်ရှိ စားကျက်ကွင်းတွင် နို့စားနွားအကောင် (၅၀၀) မွေးမြူထားသည့် တောင်သူတစ်ဦး၏ နေရာသို့ တကူးတကန့် သွားရောက် လေ့လာခဲ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပြန်အလှန် သိမ်းယူခဲ့သည့် လက်နက်များကို DKBA ဘက်က ပြန်ပေးသော်လည်း အစိုးရစစ်တပ်က ပြန်မပေးသေး

ရန်ကုန်၊စက်တင်ဘာ ၈

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)နှင့် အစိုးရ စစ်တပ်တို့ စက်တင်ဘာ ၂၆ ရက်တွင် ကျိုက်မရောမြို့နယ်၌ တိုက်ပွဲဖြစ်ခဲ့စဉ် DKBA က အစိုးရစစ်တပ်ထံမှ သိမ်းယူခဲ့သော လက်နက်များကို အစိုးရ တပ်မတော် ထံ ပြန်လည် ပေးအပ်ခဲ့သော်လည်း အစိုးရက သိမ်းယူခဲ့သော DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင်၏ လက်နက်များ အား ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး စောဆန်းအောင် က အောက်တိုဘာ ၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ခဲ့သည့်အတွက် ဗိုလ်မှူးဝင်းနိုင်ကျော်အား လွှတ်ပေးရန် နိုင်/ကျဉ်း စိစစ်ရေး ကော်မတီ မှ ထောက်ခံဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၈

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေဖြင့် အကျဉ်းကျခံ နေရသူ ဗိုလ်မှူး ၀င်းနိုင်ကျော်အား နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ မှ မြန်မာ့နိုင်ငံရေးတွင် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ခဲ့သည့်အတွက် လွှတ်ပေးရန် ထောက်ခံ အဆိုပြု ထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးဘိုကြည်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧရာတိုင်းဝန်ကြီးချုပ် ဗြောက်အိုးဖောက်လိုသဖြင့် ညွှန်ကြားချက်အား ၂၄ နာရီအတွင်း ပြန်လည်ပြင်ဆင်

ပုသိမ်၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က သီတင်းကျွတ် ကာလ၌ ဗြောက်အိုးယမ်း များ ပြုလုပ် ရောင်း ချ အသုံးပြုခြင်းနှင့် ပတ်သက်၍ တားမြစ်ကြောင်းကို အောက်တိုဘာ(၅)ရက် မွန်းလွဲ(၂) နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပြီးနောက် အောက်တို ဘာလ(၆) ရက်နေ့ မွန်းလွဲ(၁)နာရီခန့်၊ (၂၄)နာရီအတွင်း ထိုညွှန်ကြားချက်အား ပြန်လည်ပြင်ဆင်ကြောင်း ထပ်ဆင့်ညွှန်ကြား ခဲ့သည်။

သြော် ဟုတ်လား ဒါနဲ့ .. ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ

– လင်းယုန်ရေးသည် 

၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်လို့ နောက်ထပ်အစိုးရ တစ်ရပ်ကို မတင်မြှောက်နိုင် သေးဘူး ဆိုရင် ထိုကြားကာလမှာ အုပ်ချုပ်ရေး အာဏာကို မည်သူက ဆက်လက်ကိုင်ဆွဲ ဆောင်ရွက်ခွင့် ရမလဲ … သမ္မတကြီးရဲ့ အစိုးရအဖွဲ့သာ နောက်အစိုးရ တစ်ရပ် မတင်မြှောက်ရသေးမချင်း ဆက်လက် တာဝန်ယူသွားမှာ မဟုတ်လား ခင်ဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  နိုင်ငံတော်သမ္မတရဲ့ ယခု အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းဟာ အတော်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ မိန့်ခွန်းပဲ ဖြစ်တယ်ခင်ဗျ။

လက်နက်မရှိတဲ့ ဒေါ်စုကြောင့် လေးပွင့်မဆိုင်တာလား – ချင်းတွင်းချစ်စန်း


ကြံ့ခိုင်ရေးရင်ထိုးတံဆိပ်ကို တပ်မတော်ယူနီဖောင်းမှာပါ တပ်ဆင်ပြီး တပ်မတော်က လုပ်ဆောင် တာ အမျိုးသား နိုင်ငံရေး ဖြစ်တယ်။ ကြံ့ခိုင်ရေး အသင်းဟာလည်း လူမှုရေးကို အခြေခံတဲ့ အမျိုးသားနိုင်ငံရေး လုပ်တာသာ ဖြစ်တယ်ဆိုတဲ့ သဘောထားကို ရိုက်သွင်းပြီး ပြည်သူကို အယုံ သွင်းခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနဲ့ ပါတီအပေါ်ကို လည်း ပြောင်ပြောင်တင်းတင်း ပုတ်ခတ်စော်ကားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်ထောင်စုဝန်ကြီးသုံးပါး ရှင်းလင်းပွဲတွင် ရန်ကုန်အစိုးရ အဖွဲ့ဝင်များ အိပ်ငိုက် သတင်းထောက်များ မေးမြန်းခွင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကန့်သတ်

ရန်ကုန်၊ အောက်တိုဘာ ၉

  နိုင်ငံတော် ဘတ်ဂျက်ကိစ္စ၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့သည့် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် အခြားပြည်ထောင်စု ၀န်ကြီး(၂)ဦးတို့၏ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၏ အိပ်ငိုက်နေသည့်ပုံများ ““အိပ်မက်ဆုံရာ”” ခေါင်းစဉ်ဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာများ၌ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများ အကြား ပြောဆိုဝေဖန်မှုများ ရှိနေသည်။

ကာချုပ်ကြီးထံသို့ အိတ်ဖွင့်ပေးစာ – ပေးစာ


မြန်မာပြည်ရှိ အိုးမဲ့အိမ်မဲ့ အခြေခံလူ တန်းစားများမှာ အလွန်အမင်း ဒုက္ခရောက်လျက် ရှိပါသည်။ စားစရာမရှိတာထက် နေစရာ မရှိတာ ပိုခက်ခဲနေတဲ့ ဘ၀ပါ။ မိသားစုတစ်စု အမိုးအကာအောက် မှာ ကျောတစ် နေရာချဖို့ နေ့စဉ် ပူပန်သောက ရောက်နေရသည့် ဘ၀ပါ။ ကျွန်မ၏ အမျိုးသားမှာ တောင်တွင်းကြီး (၁၀၃) စစ်တပ်မှ စစ်ထွက်တစ်ဦးပါ။ ကျွန်မ၏ ဖခင်မှာလည်း ထပရ(၅၂၅)တပ်မှ စစ်မှုထမ်းဟောင်း တစ်ဦးပါ။ ကျွန်မ ၏ သားမှာလည်း ထပရ (၁၂၁) နန်းတွင်း မန္တလေးမှာ လက်ရှိ တာဝန်ထမ်းဆောင် နေသူပါ။ ကျွန်မမှာ သားသမီး (၃)ယောက် ရှိပါသည်။ ကျွန်မ၏ အမျိုးသားမှာ တပ်မတော်မှ အငြိမ်းစား ယူပြီးသည်နေ့မှစ၍ ယခု အချိန်ထိ ကျန်းမာရေး မကောင်းသဖြင့် ဘာအလုပ်မှ မလုပ်နိုင်တော့ပါ။ ကျွန်မမှာ မိန်းမသား ဖြစ်ပေ မယ့် ယောက်ျားများနှင့် တန်းတူ ကယ်ရီဆွဲပြီး ဘ၀ကို ရုန်းကန်နေရပါသည်။ အိမ်ငှားဘ၀ဖြင့် မနေနိုင်ပါသဖြင့် ဆိုင်ကယ်-

သမ၀ါယမ ပြည်ထောင်စု ၀န်ကြီးနှင့် တာဝန်ရှိသူများ ကူညီ ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ ပန်ကြားခြင်း – ပေးစာ


လေးစား တင်ပြအပ်ပါသည်။ သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်(၂)လမ်း၊ အိမ်အမှတ် (၁၀၄)နေ ကျွန်မ ဒေါ်တင်အောင်သည် အမှတ်(၁) မြို့မ ဈေးကြီးဝင်း အတွင်းရှိ သံဖြူဇရပ်မြို့နယ် သမ၀ါယမ အသင်းစု လီမိတက်ပိုင် အရောင်းဆိုင် အတွင်းရှိ အကျယ်(၃ပေခွဲ) အရှည်(၁၈ပေ) အား (၁-၆-၁၉၉၃) ရက်မှ (၁၉-၁-၂၀၀၃)ရက်အထိ ““မာလာမြိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆေးဆိုင်””ကို ဖွင့်လှစ် ရောင်းချခဲ့ပါသည်။ (၁၉-၁-၂၀၁၃) ရက်ညတွင် အမှတ်(၁) မြို့မဈေးကြီး မီးလောင်ခဲ့ရာ ကျွန်မ သမအသင်းမှ ငှားရမ်း ရောင်းချခဲ့သော ဆိုင်လည်း မီးလောင်ပါသဖြင့် တန်ဖိုးငွေကျပ် သိန်း ၅၀၀ခန့် ဆုံးရှုံး နစ်နာခဲ့ပါသည်။ ထို့အတွက်ကြောင့် ကျွန်မ၏ မူလနေရာ ဆိုင်ခန်းအား ပြန်လည် ရောင်းချ

ဟောင်ကောင် လူထုအုံကြွမှုမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွက် သင်ခန်းစာ

ဟောင်ကောင်မှာဖြစ်တဲ့ ကိစ္စက မြန်မာပြည်မှာဖြစ်တဲ့ နိုင်ငံရေးကိစ္စနဲ့ ပုံသဏ္ဌာန်မတူဘူး .. မြန်မာပြည်မှာက စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကျော်ဖြတ်နေရတာ။ အခုလိုမျိုး ငရုတ်ကောင်း ရည်နဲ့ ပက်ရုံလောက် မဟုတ်ဘူး။ မီးလောင်ဗုံးနဲ့ ပစ်နေတာ.. သူတို့မှာ မီးသတ် ပိုက်နဲ့ ထိုးခံရတယ်။ ကျွန်တော်တို့ဆီမှာ နံပါတ်တုတ်တွေနဲ့ ရိုက်ခံရတယ်။ တကယ့် ကျည်ဆန် အစစ်နဲ့ ပစ်ခံနေရတယ်…

ဟောင်ကောင်မှာ ကြည့်မယ်ဆိုရင် စည်းကမ်းကျနမှု ပေါ့ဗျာ။ ဒီလိုစည်းကမ်းကျနတဲ့ အရည် အချင်းမျိုးဆိုတာ ကျွန်တော်တို့ အတုယူရမယ့်ကိစ္စ။ ၁၉၈၈ ခုနှစ် ဆန္ဒပြကြတဲ့ အချိန်ကာလ တုန်းကလည်း ဒီဘက်ခေတ်နဲ့တော့ ဘယ်လိုလုပ် တူနိုင်မလဲ။ လူငယ် မျိုးဆက်သစ်တွေ အနေနဲ့ ကလည်း နည်းပညာ ဆန်းသစ်မှုနဲ့အတူ စည်းကမ်း ကျနမှုကိုပါ အတုယူသင့်တယ်…

အိမ်များဖျက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ၏ အလိမ်ခံရခြင်းကို လက်ရှိ အုပ်ချုပ်ရေးမှူးက တစ်ဖက်သတ် အနိုင်ကျင့်ဆုံးဖြတ် – ပေးစာ


လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၀၅၂/ B)၊ ဦးပိုင်အမှတ် (၁၀၄/၁)အနီး ဧရိယာ (၀ ဒသမ ၁၅) ဧက၌ အိမ်ဆောက် နေထိုင်ကြသော အိမ် (၅)လုံးမှာ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော် ကတည်း က နေထိုင် လာကြပါသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် NLD အဖွဲ့ဝင် ကိုတင်အောင်မိုးတို့ အိမ်(၃)လုံးအား ဖယ်ခိုင်း ချင်သည့်အတွက် ကျွန်တော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် အိမ်(၅)လုံးအား အုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်က တာဝန်ယူ၍ ကောက်ကွေ့ ကျေးရွာထိပ်မှ ရွာထဲသို့ ၀င်ရောက် နေထိုင် ခိုင်းခဲ့ပါသည်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သော ဆန္ဒထုတ်ဖော်မှုများ တစ်ဆင့်တိုး လုပ်ဆောင်သွားမည်ဟု ဗကသဥက္ကဋ္ဌ ပြော

ရန်ကုန်၊ အောက်တိုဘာ ၆

အမျိုးသား ပညာရေး ဥပဒေအား နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ကာ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့သောကြောင့် ကန့်ကွက်သော ဆန္ဒထုတ်ဖော်ပွဲများအား တစ်ဆင့်တိုး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သား သမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို က အောက်တိုဘာလ ၆ ရက်နေ့ တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

အဆိုပါ ဥပဒေအား အတည်ပြု ပြဋ္ဌာန်းခဲ့သောကြောင့် ဆန့်ကျင် ကန့်ကွက်သော ဆန္ဒထုတ်ဖော်ပွဲများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စာတမ်းပြုစု ရေးသားမှုများ စနစ်တကျ ပြုလုပ်ကာ ရေရှည် တိုက်ပွဲဝင် သွားမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

SSPP/SSA ၀မ်ဟိုင်း ဌာနချုပ်အား တပ်မတော်က ၀င်မတိုက်ရန် သမ္မတထံ တင်ပြပေးမည်ဟု ဦးအောင်မင်း ကတိပေး


ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ရှမ်းပြည်မြောက်ပိုင်း၊ ကျေးသီးမြို့နယ် အတွင်းရှိ ၀မ်ဟိုင်းဌာနချုပ်အား တပ်မတော်ဘက်က ၀င်ရောက် တိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတထံ တင်ပြ ပေးမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်သော ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ တွင် ပြောကြား ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က အောက်တိုဘာ ၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

စေတနာ့ဝန်ထမ်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လူငယ်အခြေပြု (၂)ဖွဲ့ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ အောက်တိုဘာ ၇

အုပ်စုဖွဲ့ စေတနာ့ ၀န်ထမ်းလုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်နိုင်ရန် လူငယ်အခြေပြု အဖွဲ့ အစည်းများ ဖြစ်သော ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) နှင့် VIP(Volunteer Internship Program) တို့ ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) မှ အစီအစဉ် ရေးဆွဲရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါ်သဇင်အောင်က အောက်တိုဘာ ၅ ရက်တွင် Media Library ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အများသဘောတူ လက်ခံနိုင်သော ဖက်ဒရယ်စနစ်တစ်ခု ပေါ်ပေါက်ရေး NLD နှင့် တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


ရန်ကုန်၊ အောက်တိုဘာ ၇

အများသဘောတူ လက်ခံနိုင်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တစ်ခု ပေါ်ပေါက်ရန်အတွက် တိုင်းရင်း သား နိုင်ငံရေးပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့ ပူးပေါင်းကာ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေး ပါတီများ လုပ်ငန်းအဖွဲ့ (EAPP) အား အောက်တိုဘာလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အောက်တိုဘာ ၇ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု နည်းပါးခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီိ ပြောင်းလဲရေးကို ထိခိုက်စေနိုင်ဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၈

သမ္မတအမိန့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများကို ရည်ရွယ်၍ လွတ်ပေးခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဦးရေမှာ လည်း မျှော်လင့် ထားသည်ထက် အလွန်နည်းပါး နေခြင်း မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဦးဆောင် အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က အောက်တိုဘာ ၈ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သတင်းထောက်များအား ဦးတေဇက ငွေကြေး ထောက်ပံ့မှု လူမွေးခြင်းသာဖြစ် ဟု သုံးသပ်

ရန်ကုန်၊ အောက်တိုဘာ ၈

ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇက ပြည်တွင်း သတင်းဌာနများမှ သတင်းထောက် (၁)ဦးလျှင် ငွေကျပ် (၁၀)သိန်းဖြင့် သတင်းထောက်(၆)ဦးကို သိန်း(၆၀) ပေးအပ်ခဲ့ခြင်းမှာ ငွေကြေးဖြင့် ဖြားယောင်း၍ လူမွေးသည် ဟုသာ သုံးသပ်ကြောင်း မီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်လျက် ရှိသည်။

ဦးတေဇက အဆိုပါ သတင်းထောက် ခြောက်ဦးအား ၎င်း၏ နေအိမ်သို့ ခေါ်ယူ ၍ ငွေကျပ် ၁၀ သိန်းစီ ပေး အပ်ခဲ့ခြင်း ဖြစ်ကာ ငွေလက်ခံရယူသော သတင်းထောက်များထဲ၌ ပြည်တွင်းသို့ ပြန်လည် အခြေချ ၀င်ရောက် လုပ်ကိုင်လျက် ရှိသည့် ပြည်ပမီဒီယာ တစ်ခုမှ သတင်းထောက် တစ်ဦးလည်း ပါဝင်ကြောင်း စုံစမ်း သိရှိရသည်။

ဦးဆန်းဆင့် အမှုအတွက် စွဲချက်ပြင်ဆင်ရန် လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ရုံးတွင် ချိန်းဆို


ပုသိမ်၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်ကို စွဲဆိုထားသော အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ တို့အတွက် စွဲချက် တင်ထားခြင်း ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံး၌ စွဲချက် ပြင်ဆင်မှုအတွက် တရား လွှတ်တော်ရုံး၌ လက်ခံသင့်၊ မသင့် ကြားနာမှုကို ချိန်းဆိုထားကြောင်း ဦးဆန်းဆင့် ၏ ရှေ့နေဖြစ်သူ ဦးတင်ထွန်းက အောက်တိုဘာလ ၈ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဘိဓမ္မာနေ့ ပါမောက္ခချုပ်ဆရာတော်သြ၀ါဒ

٭٭٭  ပြင်ရခက်တဲ့ အမှား ٭٭٭

ပြင်ဖို့လည်း အလွန်ခက်တဲ့ အမှားမျိုး မကျူးလွန်မိစေဖို့ မြတ်စွာဘုရားက အဘိဓမ္မာဒေသ နာတော်မှာ ပြင်ရခက်တဲ့ အမှားဆိုပြီး ဟောကြားတော်မူ ထားတယ် …

လောကမှာ အမှားတစ်ခု ကျူးလွန်မိပြီဆိုရင် ပြင်လို့ရတဲ့ အမှားရှိ တယ်။ ပြင်လို့မရတဲ့ အမှားမျိုးလည်းရှိ တယ်။ ပြင်ဖို့လည်း အလွန်ခက်တဲ့ အမှားမျိုး၊ အဲလိုအမှားမျိုးဟာ မကျူးလွန်မိစေဖို့ မြတ်စွာဘုရားက အဘိဓမ္မာ ဒေသနာတော်မှာ ပြင်ရခက်တဲ့ အမှားဆိုပြီး ဟောကြားတော်မူ ထားတယ်။

Friday, October 10, 2014

ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်..

လက်ကိုင်ဖုန်းဖြစ်သည့် GSM CDMA ADSL နှင့် အင်တာနက် လိုင်းများ သုံးမရအောင် ဆိုးရွားနေသည့် ကသာမြို့တွင် ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး
ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊ ထိုဆန္ဒပြပွဲကို ကသာမြို့သူ မြို့သား (၃၀၀၀)ကျော် ပါဝင်မည်ဖြစ်ကြောင်းနှင့်
တရားဝင် စာတင်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးမှ သတင်းပေး ပြောဆိုသွားပါသည်။ ကသာမြို့တွင် ပုဂ္ဂလိက ဖုန်းများ ၀င်ရောက်ခြင်း
ပေ၊ ထိုသို့ MPTကိုသာ အားကိုးနေရသော်လည်း MPT အနေနှင့် လိုင်းပိုကောင်းအောင် ကြိုးစားခြင်း မရှိဘဲ ဆက်သွယ်ရေး တိုင်များကို ဟန်ပြသာ

လိပ်ကျွန်းလူသတ်မှု တရားမျှတမှုရှိရစေမယ်လို့ ဗြိတိန်သံအမတ်ပြော

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတတဲ့လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Kent က ပြောကြားလိုက်ပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN က ဦးအောင်ကျော် က ပြောပါတယ်။

ကျွန်တော်တို့ မရှုံးနိုင်ပါ

Written By - ဒေါက်တာသိန်းမြင့်

ပြန်ကြားရေးက ဟိုကိစ္စတွေကိုမရှင်းဘဲ ကျွန်တော်တို့ကိုတရားစွဲထားပြီဆိုတော့ မိတ်ဆွေတွေအားလုံးက ၀ိုင်းပြီးသတိပေးကြတယ်။
ကျွန်တော်တို့ကတော့ ဒီကိစ္စကိုမစိုးရိမ်ပါဘူး။ တကယ်လို့သာ ပုဒ်မ ၅၀၀ နဲ့ ပုံမှန်အတိုင်းစစ်ဆေးဖို့ပဲလိုပါတယ်။ တကယ်တော့ ပုဒ်မ ၅၀၀ ဆိုတာ စာနယ်ဇင်းလောကမှာ သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ နိုင်ငံတကာမှာဆိုရင် ဒီလိုကိစ္စမျိုးက ကိုယ်မှားရင်တောင်းပန်လိုက်ရုံပဲ။ လျော်ကြေးပါရင်လည်း လျော်ပေးလိုက်ရုံပဲ။ ရာဇ၀တ်မှု (Criminal Law) နဲ့တော့ စွဲလေ့မရှိဘူး။ တရားမမှု (Civil Law) နဲ့ပဲစွဲလေ့ရှိပြီး မှားရင်လျော်ကြေးပေးဖို့ပါပဲ။

ကိုထင်ကျော်ရဲ့ မိသားစု ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ်ခံရ

အင်းစိန်ထောင်အတွင်း ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြနေတဲ့ MDCF ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင်စာတွေ့ဖို့ သွားရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက တွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ထိုင်း လိပ်ကျွန်း လူသတ်မှု တရားစွဲရန် အချက်အလက် မပြည့်စုံဟု တရားရုံး ပြော

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၂ ဦးအား တရားစွဲဆိုရန် အတွက် လုံလောက်သော အချက်အလက် မပြည့်စုံသဖြင့် ပြန်လည် ပြင်ဆင်တင်ပြရန် ဆူရပ်ဌာနီခရိုင် တရားစွဲဆိုရေး ဥပဒေ ကော်မရှင် က ညွှန်ကြားလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က တရားရုံး၌ စွဲချက်တင်ရန် စာမျက်နှာ ၈၅၀ ၀န်းကျင်ရှိသော စုံစမ်းစစ်ဆေး မှု အထောက်အထားများဖြင့် တင်ပြမှုသည် ပြည့်စုံခြင်းမရှိသဖြင့် တရားစွဲဆိုရေး ကော်မရှင်က အထောက်အထား ပိုမိုပြည့်စုံမှသာ ပြန်လည်တင်ပြရန် အကြောင်းပြန်ကြားခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းတပုဒ်၌ ယနေ့ ဖော်ပြထား သည်။

ဟောင်ကောင်မှ ဝေါင်ဆိုသော ကောင်လေးတစ်ယောက် အကြောင်း

ဂျော်ရွှေဝေါင်ကို စက်တင်ဘာ ၂၆ ရက်နေ့ ညက ဟောင်ကောင် SAR အစိုးရ အဆောက်အအုံတွင်းသို့ ဝင်ရောက်မှုဖြင့် ဖမ်းသွားသည်။ ထိုနေရာတွင် ကျောင်းသားများ ဆန္ဒပြရန် စုဝေးနေကြခြင်း ဖြစ်သည်။ ရဲများက ဝေါင်နေထိုင်သည့် တက္ကသိုလ် အဆောင်တွင်းသို့ ဝင်ကာ ရှာဖွေကြသည်။ ထို့နောက် ကွန်ပျူတာနှင့် ဖုန်းများကို သိမ်းသွားသည်။ သူ့ကို စက်တင်ဘာ ၂၈ ရက်နေ့မှ ရဲများက ပြန်လွှတ်ပေးလိုက်သည်။ ဂျော်ရွှေဝေါင်သည် ဟောင်ကောင် နိုင်ငံရေး လှုပ်ရှားသူများကြားတွင် တောက်မည့် မီးခဲတရဲရဲ ကောင်လေးတစ်ယောက် ဖြစ်လာသည်။ သူ့ကို တရုတ်ပြည်မကြီး အစိုးရပိုင် မီဒီယာများက “အစွန်းရောက်သမားလေး” ဟု ခေါ်ဝေါ်

မမိုက်ကြစေ တို့တစ်တွေ

#emg_opinions

Written by : ဒေါက်တာခင်မောင်ညို

“လူမိုက်ဆိုတာ ဆေးမရှိဘူး။ ကြားဖူးသလား”

“ဟုတ်ကဲ့”

အမေက ဆုံးမတာပါ။ လူမိုက်ဆိုတာကိုတော့ ကျွန်တော်သိသည်။ ရုပ်ရှင်တွေထဲမှာပေါ့။ ညိုအေးကြီးတို့၊ အေးငွေကြီးတို့။ လူဆိုးနဲ့ လူမိုက် ကျွန်တော် မခွဲတတ်ပါ။ မိုက်တာကြောင့် ဆိုးသည်။ ဆိုးတာကြောင့် မိုက်သည်။ မင်္ဂလာတရားကို “အသေဝနာစ ဗလာနံ” ဟူသော စကားမှ စရသည်။

ကန်တော့ခံ ထိုက်ပါစေ

#‎emg_opinions‬

Written by : ရဲထွတ်နီ
ဆရာတပည့်ဟု ဆိုလိုက်လျှင် စာသင်ကျောင်းနှင့် စာသင်ခန်းကို ပြေး၍မြင်ယောင် သတိရမိလိုက်ကြပါသည်။ မြန်မာမှုတွင် ဆရာဆိုသည်မှာ ဆရာအပေါင်း အကျုံးဝင်ပါသည်။ မိမိတို့ကို ဝမ်းနှင့်လွယ်ကာ မွေးဖွားသန့်စင်ပြီး အသက်ရှင်အောင် ကျွေးမွေးသုတ်သင်ပြုစုခဲ့သော မိဘတို့သည် ပုဗ္ဗာစရိယ ရှေးဦးဆရာများ ဖြစ်ကြပါသည်။ မိဘတို့သည်လည်း လက်ဦးဆရာမည်ထိုက်ကြရမည်ဟု ဆိုထုံးပြုထားပါသည်။

မြန်မာလုပ်သားနှစ်ဦးအတွက် မျှတသော တရားစီရင်ရေးဖြစ်ရန်နှင့် ပြန်လွှတ်ပေးရန် ဆန္ဒပြ

ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် တရားခံဟု စွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် အဆိုပါမြန်မာလုပ်သားနှစ်ဦးအား ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ယနေ့ညနေ ၄ နာရီအချိန်တွင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၁၀ ဦးသည် ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားနှစ်ဦးမတရားဖမ်းဆီးခံနေရခြင်းကြောင့် ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် မဟာဗန္ဓုလပန်းခြံတစ်ပတ်ပတ်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဆူးလေစေတီတွင် အဆိုပါနှစ်ဦးပြန်လည်လွတ်မြောက်ရေး ဆုတောင်းမှုများပြုလုပ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရန်ကုန်မြစ်အတွင်း တကယ်ရှိ၊ မရှိ ယခုလအတွင်း သုတေသနပြုလုပ်မည်ဟုဆို

- သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။

ရန်ကုန်၊

ဓမ္မစေတီခေါင်းလောင်းကြီး ရန် ကုန်မြစ်အတွင်း တကယ်ရှိမရှိ သိရှိနိုင် ရန်အတွက် သုတေသနလုပ်ငန်းများ ကို ယခုလအတွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း မွန်သမိုင်းသုတေသနအသင်း မှသိရသည်။

အလှူရှင် ဦးဝင်းမြင့် (ရွှေအုန်း ပင်)နှင့် ၄င်းသုတေသနအသင်းတို့ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ် ငန်းများကို ယခုလ ၂၅ရက်တွင်စတင် သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း မှ ဦးနိုင်ရဲဇော်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

မြန်မာရဟတ်ယာဉ်မောင်း အလောင်းတွေ့၊ ဖြစ်စဉ် အသေးစိတ်ကို ထူးဖောင်ဒေးရှင်း ထုတ်ပြန်မှုမရှိသေး

B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ပျောက်ဆုံး မြန်မာလေယာဉ်မှူးကို အောက်တို ဘာ ၉ ရက် ညနေတွင် ၎င်း ကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံး လျက်တွေ့ရှိရကြောင်း ထူးဖောင် ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကို ဖြိုးကိုကိုက အတည်ပြုပြောကြားသည်။
သေဆုံးလျက်တွေ့ရှိသော မြန်မာလေယာဉ်မှူး ဦးအောင် မြတ်တိုးသည် မျက်စိဒဏ်ရာ ကြောင့် ဂူတစ်ဂူထဲတွင် ထားရှိခဲ့ သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ် ပြန်ထားသည်။ မြန်မာလေယာဉ် မှူးကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေ မှုများပြုလုပ်ရာ အောက်တိုဘာ ၉ ရက်တွင် သေဆုံးလျက်တွေ့ရှိ ခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။

Thursday, October 9, 2014

ထိုင်း ၀န်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် ရန်ကုန်တိုင်း အစိုးရ ခွင့်မပြု

သတင်းတို

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ က ပယ်ချလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွဒ်သည် မနက်ဖြန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ၎င်းတို့နိုင်ငံသားများနှင့်တွေ့ဆုံရန် စီစဉ် ထားပြီး၊ ၀န်ကြီးချုပ် လာချိန်၌ မြန်မာများက လိပ်ကျွန်း လူသတ်မှုမှာ

အနာဂတ် လူ့အဖွဲ့အစည်းနဲ့ သန့်ရှင်းတဲ့ အားကစားစိတ်

ပြီးခဲ့တဲ့ တပတ်ကျော်က ဧရာဝတီမှာ ကလေးများနဲ့ အားကစားဆိုတဲ့ ဆောင်းပါးကို ကျမ ရေးခဲ့ပါတယ်။
နိုင်ငံတကာ အဆင့်မီတဲ့ အားကစားသမားတွေ ပေါ်ပေါက်လာဖို့အတွက် ကြွက်သားများ သန်စွမ်းခိုင်မာ အောင်လို့ ငယ်စဉ် ကတည်းက လေ့ကျင့် ပေးဖို့ လိုတယ် ဆိုတဲ့ အကြောင်းကို ရေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ ကိုယ်တိုင် ကစားတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ပရိသတ်အဖြစ် အားပေးတဲ့ အခါမှာပဲဖြစ်ဖြစ် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်ကလေးတွေနဲ့ ကစားတတ်၊ အားပေးတတ်တဲ့ အနာဂတ်လူ့အဖွဲ့အစည်း တခု ပေါ်ပေါက်လာ အောင်လို့ ကလေးများကို ငယ်စဉ်ကတည်းက ဘယ်လို လေ့ကျင့် သင်ကြားပေး ရမယ် ဆိုတဲ့ အကြောင်းကို ရေးသား တင်ပြသွား ပါ့မယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်

ရန်ကုန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့က ဆွေးနွေးပွဲအပြီး ခန်းမထဲက ထွက်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင် တွေရဲ့ ခြေလှမ်းတွေဟာ လေးလေးပင်ပင် ဖြစ်နေသလို မျက်နှာတွေကလည်း အပြုံးကိုယ်စီ ကင်းမဲ့နေတာ တွေ့ရပါတယ်။
ကာကီရောင် ဆင်မြန်းထားတဲ့ ဦးဆောင်ဆွေးနွေးသူ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)က ပြည်ထောင်စု ဝန်ကြီးကလည်း သူ့ရဲ့ အဆင်မပြေတဲ့ အမူအယာမျက်နှာကို မကြာ ခဏ ဆိုသလို ချွေးသုတ်လျက် ညှိုးနွမ်းနေတဲ့ သူ့မျက်နှာကို ဖုံးကွယ်ဖို့လုပ်ဆောင်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အရာရှိရဲ့ ပုံစံကလည်း သူ့ရဲ့ အမှတ် အသား ဖြစ်တဲ့ မာန်ပါပါပြောတာ၊ နှုတ်ခမ်းစုကာ ရယ်တာ စတဲ့ ပုံစံတွေ ပျောက်ချင်းမလှ ပျောက် နေပါတယ်။

ငြိမ်းချမ်းရေး အိပ်မက်


ဖြစ်ချင်၊ လိုချင်၊ ရောက်ချင်သော အရာတစ်ခု၊ အခြေအနေတစ်ရပ် သို့မဟုတ် ပန်းတိုင်ကို ကြိုတင်စိတ်ကူးဖြင့် မှန်းဆကြည့်ခြင်း သို့မဟုတ် ရည်မှန်းချက် ထားခြင်းသည် တစ်နည်းအားဖြင့် အိပ်မက်မက်ကြည့်ခြင်းဟု ဆိုနိုင်သည်။

ကျွန်ုပ်တို့အားလုံး၏ တစ်ကိုယ်ရေ နေ့စဉ်ဘဝများအပြင် မိသားစုတစ်ခု၊ အဖွဲ့အစည်း၊ အသင်းအပင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ နိုင်ငံအစုအဖွဲ့တစ်ရပ်၊ ဒေသတွင်း အုပ်စုတစ်စုမှသည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများအထိ အသီးအသီး အသက အသက ထားရှိသော ရည်မှန်းချက်၊ ပန်းတိုင်များ အတွက်လည်း အိပ်မက်များ မက်ကြည့်ရလေ့ ရှိသည်။

AFC U-19 Championship Myanmar 2014

အုပ်စု(ဂ)နှင့် (ဃ)ပြိုင်ပွဲဝင်အသင်းများအား သုံးသပ်ကြည့်ခြင်း
========================================

အုပ်စု(ဂ)
တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(ဂ)ပွဲစဉ်များကို ကျင်းပပြုလုပ် မည်ဖြစ်ပြီး တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့ပါဝင်နေခြင်းကြောင့် မရဏ အုပ်စုဟုပင် သတ်မှတ်ရပေမည်။

အာရှ ယူ-၁၉ပြိုင်ပွဲတွင် ၁၂ကြိမ်အထိဗိုလ်စွဲထား ပြီး လက်ရှိ ချန်ပီယံတောင်ကိုရီးယားအ သင်းသည် အာရှတွင် အအောင်မြင်ဆုံးအ သင်းတစ်သင်းဖြစ်ပြီး ခြေစစ်ပွဲတွင် အင်ဒို နီးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အုပ်စု ဒုတိယရရှိကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။

ဘဝရှင်မင်းတရား၏ တိုင်းပြည်

စစ်အစိုးရသည် အလွန်နားလည်ရ ခက်လှသည်။ သူတို့ စိုးမိုးအုပ်ချုပ်နေစဉ် ကာလတွင် နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ကို သိပ်ပြီး ကြိုဆိုလေ့မရှိ။ သူတို့ အကြောင်းတွေကိုလည်း လျှို့ဝှက်ထားတတ်ကြသည်။ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည့် ကာလများအတွင်း ဝါဒဖြန့်မှုများ၊ လှည့်ဖျားမှုများ ကောလာဟလများကြားတွင် သူတို့ရော ပြည်သူများပါ အားလုံး ပိတ်မိနေကြသည်။ ၁၉၉၀ ပြည့်နှစ်လယ်ခန့်က ကျွန်မ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးသည်။ ထိုအချိန်ကတည်းက ကျွန်မအဖို့ ကြုံတွေ့ရခဲသည့် စစ်အာဏာရှင် ဆိုသူများကို တွေ့ရတော့မည် ဖြစ်သဖြင့် စိတ်ဝင်စားမိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံရှိ

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်တွင် မြန်မာအစိုးရနှင့် MoU သုံးခု ရေးထိုးမည်

ရန်ကုန်၊ အောက်တိုဘာ ၈

ထိုင်းနိုင်ငံ၏ စစ်အာဏာသိမ်း ခေါင်းဆောင် ဝန်ကြီးချုပ်သစ် ပရာယုချန်အိုချာ၏ အောက်တိုဘာလ ၉ ရက်မှ ၁၀ ရက်နေ့အထိ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် အစိုးရနှင့် နားလည်မှုစာချွန်လွှာ (MoU) သုံးခု ရေးထိုးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံအစိုးရက ထုတ်ပြန်သည်။
ထိုင်း-မြန်မာ ညီအစ်မမြို့များ တည်ထောင်ရန် ရေးထိုးသော ယင်းနားလည်မှု စာချွန်လွှာ (MoU) များကို အောက်တိုဘာလ ၉ ရက်နေ့ ညနေခင်းတွင် နေပြည်တော်၌ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာယူ-၁၉ အသင်းပွဲစဉ်များ MRTV မှ တိုက်ရိုက်ပြမည်

ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာရှအဆင့် အသက် ၁၉ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်ရာ မြန်မာအသင်း၏ ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲတို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် MRTV-4 တို့က တိုက်ရိုက်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ် လေ့လာခြင်းကိစ္စများ ဆွေးနွေးမှုကို ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ ခြောက်လအတွင်း

ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ်လေ့လာခြင်း ကိစ္စများဆွေးနွေးမှုကို ၂ဝ၁၅ ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင်ဆောင်ရွက်မည်ဟု အောက်တိုဘာ ၇ ရက်က အီတလီနိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၈ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။

“လိပ်ကျွန်း လူသတ်မှုကို ထိုင်း တရားရုံးက ပယ်ချရတဲ့ အကြောင်းရင်း”

ဗြိတိန်နိုင်ငံသား နှစ်ယောက် အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်း ဆရာဝန် ဌာနက အကြီးဆုံး ဒေါက်တာကတော့ ပြောပြီး

အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက

၁) မှုခင်းဆရာဝန် မသုံးခဲ့ဘူး

၂) အမှု စစ်ဆေးရာမှာ တရားဝင် အသိအမှတ် ပြုထားတဲ့ ဥပဒေ အတိုင်း ၃ စု ပါဝင်လှုပ်ရှား ရမှာကို မလုပ်ဘဲ ရဲအဖွဲ့ တဖွဲ့ တည်းနဲ့ လုပ်သွားတယ်

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ခရီးစဉ်တွင် လူသတ်မှုဖြင့် စွပ်စွဲခံမြန်မာများနှင့် ရွှေ့ပြောင်းလုပ်သားများအရေး ဆန္ဒပြတောင်းဆိုမည်

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာများအရေး တရားမျှတစွာ ကိုင်တွယ်ရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများအပေါ် အမြတ်ထုတ်နေသော အကျင့်ပျက်ဝန်ထမ်းများနှင့် ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာအရေးယူရေး ဆန္ဒပြတောင်းဆိုရန် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး လှုပ်ရှားသူများက စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ယနေ့ မိုးလေဝသအခြေအနေ 9- Oct- 2014

 

အောက်တိုဘာလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

#‎emg_editorials‬

  ရွှေ့ပြောင်းလုပ်သားများအရေး
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း မိမိမွေးရပ်ဒေသမှ အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြားလာသည်။ နိုင်ငံအတွင်း နေရာဒေသတစ်ခုမှ အခြားရေကြည်ရာမြက်နုရာဒေသများသို့ ပြောင်းရွှေ့အခြေချလုပ်ကိုင်ကြသူများရှိသကဲ့သို့ နိုင်ငံပြင်ပ အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြသူများလည်းရှိသည်။

ခွေးပြောသည့်စကား ကျားမိုက်ကယုံသည်

- အရှင်ပညာသီရိ (မွန်ကျောင်းဆရာတော်)

'အတွေး'ကို သတိထား ... အတွေးက 'စကားလုံး' ဖြစ်လာတယ်။
'စကားလုံး'ကို သတိထား ... စကားလုံးက 'အပြုအမူ' ဖြစ်လာတယ်။
'အပြုအမူ'ကို သတိထား ... အပြုအမူ က 'အကျင့်' ဖြစ်လာတယ်။
'အကျင့်'ကို သတိထား ... အကျင့်က 'ကိုယ်ကျင့်' တရားဖြစ်လာတယ်။
'ကိုယ်ကျင့်တရား'ကို သတိထား ... ကိုယ်ကျင့်တရားက 'ကံ' ဖြစ်လာတယ်။


(လပြည့်ဝန်း-သာစည်)

ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်မှု မရှိသေးသော်လည်း အခွန်တိမ်းရှောင်သဖြင့် အရေးယူခဲ့ရသည့် ကုမ္ပဏီများစွာ ရှိနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနပြောကြား

ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်မှု မရှိသေးသော်လည်း အခွန်တိမ်းရှောင်သဖြင့် အရေးယူခဲ့ရသည့် ကုမ္ပဏီများ အများအပြား ရှိနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
အခွန်တိမ်းရှောင်မှုများအတွက် အရေးယူရာတွင် ဖောက်ဖျက်သည့် ပြစ်ဒဏ်အလိုက် ချမှတ်သည့်ဒဏ်ငွေများမှာ ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁ဝ မှ ရာခိုင်နှုန်း ၁၅ဝ အထိ အဆင့်ဆင့် တပ်ရိုက်နိုင်ကြောင်း သိရသည်။ ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်ခြင်း မရှိသေးသည်မှာလည်း အခွန်ဆိုင်ရာ ပညာပေးမှုများ လုပ်ဆောင်ရန် လိုအပ်နေခြင်း၊ အခွန်ဆောင်မှု နည်းစနစ်များ ပိုမိုလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန် လိုအပ်ခြင်း စသည့်အချက်များ လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုမှ တရားလိုပြသက်သေမောင်မောင်က အမှုနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ သိရှိခြင်းမရှိဟုပြောကြား

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုတွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့် မောင်မောင်နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၈ ရက်က ကော့စမွီမြို့ရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းထံမှ သိရသည်။
တွေ့ဆုံရာတွင် တရားခံပြသက်သေဖြစ်သည့် မောင်မောင်၊ ထိုင်းရဲမှူးကြီးတစ်ဦး၊ စကားပြန်တစ်ဦးနှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့တို့ နှစ်နာရီကြာတွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင်များက လူသတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

ထိုင်းရဟတ်ယာဉ်မှူးကို ရှာဖွေကယ်တင်လာ၊ မြန်မာလေယာဉ်မှူးကို ရှာဖွေဆဲ

တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်စဉ် အဆက်အသွယ် ပြတ်တောက်သွားတဲ့ ထိုင်း B4 ရဟတ်ယာဉ်အား မောင်းနှင်ခဲ့သည့် ရဟတ်ယာဉ်မှူး မစ္စတာ Chatchawal ကို ရှာဖွေ ကယ်ဆယ် လာခဲ့ပါပြီ။ 

မစ္စတာ Chatchawal ကို သူ့မိသားစုနဲ့ အတူ ပူတာအို၊ မန္တလေးက တဆင့် လေကြောင်းနဲ့ သယ်ယူလာ
ပြီး  အောက်တိုဘာလ ၈ ရက် ညပိုင်း မှာ ရန်ကုန်ရှိ ဝိတိုရီယဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်နေပါပြီလို့ ထူးဖောင်ဒေးရှင်းက ဆိုပါတယ်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်ကို တည်ခင်းဧည့်ခံဖို့ ရွာသားတွေထံက ငွေကောက်

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါချောင်းဝကျေးရွာမှာ လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့ ကျင်းပမယ့် အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တက်ရောက်မှာဖြစ်တာကြောင့် တည်ခင်းဧည့်ခံဖို့အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံအာဏာပိုင်တွေက ကျေးရွာသူကျေးရွာသားတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်

ကျောင်းသားတစ်ဦးကို ငွေကျပ် နှစ်ထောင်နဲ့ အိမ်ထောင်စုတစ်စုကို ငွေကျပ် သုံးထောင်ကနေ တစ်သောင်းခွဲအထိ ပေးရတယ်လို့ ဒေသခံ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုကိစ္စ ထိုင်းဝန်ကြီးချုပ် လာရောက်ချိန် ဆန္ဒပြမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးနေမျိုးဇင်က မနက်ဖြန် ထိုင်းဝန်ကြီးချုပ်လေဆိပ်ကို ရောက်လာတဲ့အချိန်မှာ ဆန္ဒပြဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။

ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေမလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ
===== === ===== ====
ထိုင်းရဲတပ်ဖွဲ့၏အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံအစိုးရဥပဒေအကြံပေးအဖွဲ့မှ တရားစွဲတင်ရန်မလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

အမှုကိုပြည့်စုံတိကျအောင်ပြန်လည်တည်ဆောက်ရမည်ဖြစ်၍စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်တော့သည်။

စားသုံးသူတွေကို တကယ်ကာကွယ်ပေးမယ့် ဥပဒေ ဖြစ်မလား

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို မတ်လ ၁၄ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းပြီးဖြစ်လို့ ဒီနှစ်အတွင်း ထွက်ရှိမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန စားသုံးသူရေးရာ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင့်ဝေက ဆိုပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေး ဆိုတာဟာ စားသောက်ကုန်တွေကိုပဲ ဆိုလိုတာ မဟုတ်ဘဲ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲနေတဲ့ ပြည်သူတွေအပေါ် ထုတ်လုပ်သူတွေက သူတို့ထုတ်ကုန် (ဒါမှမဟုတ်) ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ကျန်းမာရေးဆိုင်ရာ တွေကို အာမခံချက်ပေးရတာ ဖြစ်ပါတယ်။

ထိုင်း ရဲ မဖြေသေးတဲ့ မေးခွန်းများနဲ့ လိပ်ကျွန်း လူသတ်မှု

ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်ရဲ့ ဒီကနေ့ သတင်းစာမှာ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai က လိပ် ကျွန်း လူသတ်မှုက ကျမတို့ရဲတွေအပေါ် ယုံကြည်မှု ပျက်ပြားဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းသုံးသပ် ချက် တခု ရေးသား တင်ပြထား ပါတယ်။ 

 
လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ မြန်မာ ၂ ဦးနဲ့ ရဲတပ်ဖွဲ့၊ ဓာတ်ပုံ-ဘန်ကောက်ပို့စ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောတဲ့ နိုင်ငံတော်ဘတ်ဂျက်ကိုနှိုက်စားနေတာ ဘယ်သူတွေလဲ

  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောတဲ့
=============================

  နိုင်ငံတော်ဘတ်ဂျက်ကိုနှိုက်စားနေတာ ဘယ်သူတွေလဲ
=============================
=
- ချစ်မင်းထွန်း၊ ကျော်စိုးဦး၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။

  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက် လာပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စက် မှုဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး စတဲ့ အရေးအများအပြားကို စီမံကိန်းတွေ ရေးဆွဲချ မှတ်ကာ လုပ်ဆောင်နေတာကိုလည်း သတင်းစာမျက် နှာတွေကနေတစ်ဆင့် ဖော်ပြမှုကြောင့် အားလုံးသိရှိ နေပြီးလို့လည်း ထင်ပါတယ်။

“ဒီကလေး နှစ်ယောက် ပြစ်မှု ကျူးလွန်တယ်လို့ ကောက်ချက် ချမရဘူး”

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ သံသယ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားနှစ်ဦး နဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေလို့ ရဲကပြောဆိုထားတဲ့ မြန်မာနိုင်ငံသား မောင်မောင် ဆိုသူကို မြန်မာအစိုးရက အထူးတာဝန်ပေးထားတဲ့ အဖွဲ့က တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးပါသူ အဖြစ် ယူဆထားတဲ့ မောင်မောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ ကောင်စစ်ဝန် ဦးထွန်းအေးအပါအ၀င် သံရုံးအဖွဲ့တွေ၊  မြန်မာ- ထိုင်း ဥပဒေပညာရှင်တွေ၊ စုစုပေါင်း ၉ ဦး ပါဝင်မြန်မာအဖွဲ့က အောက်တိုဘာ ၆ ရက်နေ့မှာ တွေ့ဖို့ ကြိုပမ်းခဲ့ပေမယ့် ကော့စမွေကျွန်းက ရဲတွေက ခွင့်ပြုချက်မပေးခဲ့ဘဲ အောက်တိုဘာ ၈ ရက်နေ့မှ တွေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဦးသန်းလှိုင်ပြသခဲ့သည့် ဆရာ့ဂုဏ်

 
ဝမ်းပန်းတနည်းငိုကြွေးနေသည့် ဒေသခံအမျိုးသမီးကြီးများနှင့် ဆရာဦးသန်းလှိုင် (ဓာတ်ပုံ - အောင်ဇော်မြင့်)

လယ်ကိုစွန့်၍ လက်ချည်းဗလာ အနာဂတ်

ပြီးခဲ့သည့်နှစ် မိုးဦးကာလများကပင် ဦးမြင့်ဦးတစ်ယောက် နေပူလိုက်၊ မိုးရွာလိုက် ရာသီဥတုအောက်တွင် သူ၏နွားတစ်ရှဉ်းဖြင့် ရုန်းကန်ခဲ့ရသေး၏။
နှစ်စဉ်နှစ်တိုင်း လယ်ကွက်များ စထွန်ရင်း ယက်ရင်း စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရေး၊ ရာသီဥတုမှန်ကန်ရေးနှင့် စပါးဈေးကောင်းရေးတို့အတွက် ဆုတောင်းရင်း ဆယ်စုနှစ်များစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။
သည်ဒုက္ခများမှ ပြီးခဲ့သည့်နှစ်ပိုင်းမှ စတင်ပြီး ဦးမြင့်ဦးတစ်ယောက် လွတ်မြောက်ခဲ့သည်။
၎င်းတို့နေထိုင်ရာ ရန်ကုန်မြို့တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းကြောင့် လမ်းမကြီး၏ဘေးတွင် ရှိနေသည့် သူ့လယ်ကွက်များကို ၀ယ်ယူရန် စိတ်အားထက်သန်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ

ဗိုလ်ချုပ်ရာပြည့်ပွဲတွင် အုပ်ချုပ်ရေးပိုင်းမှ ပါဝင်ရန် ပွဲဖြစ်မြောက်ရေးကော်မတီနှင့် တိုင်းဝန်ကြီးချုပ် တွေ့ဆုံမည်

လာမည့်နှစ်ဖေဖော်ဝါရီ လတွင် နတ်မောက်မြို့၌ ပြုလုပ် မည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲကို အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်း ပါဝင်ရန် ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ် မြောက်ရေးကော်မတီနှင့် မကွေး တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။
၂၀၁၅ ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ သီတင်းတစ်ပတ် ကြာကျင်းပမည့် ဗိုလ်ချုပ်ရာပြည့် ပွဲကို အုပ်ချုပ်ရေးပိုင်းမှ လုံခြုံရေး အပါအ၀င်အခြားလိုအပ်သောအ ကူအညီများပေးရန် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ရာပြည့်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ တွဲ ဖက်အတွင်းရေးဦးဇော်မင်းက ပြောသည်။

အများသဘောဆိုသည်မှာ

ဒီမိုကရေစီနည်းသည် အများသဘော ဆောင်သည့်နည်း ဖြစ်သည်။ ပြည်သူက ပြည်သူအတွက် ပြည်သူ့အစိုးရကို ရွေးကောက်ရသည့် ပုံစံမှာလည်း ဤကမ္ဘာလောကကြီးမှ ပျောက်ကွယ် သွားနိုင်မည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ သမ္မတကြီးဖြစ်ခဲ့သူ လင်ကွန်းက မိန့်ကြားခဲ့သည်။ စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်ခွင့် ရကြသော နိုင်ငံများတွင် ဒီမိုကရေစီနည်းကျ အများသဘော ဆိုသည်မှာ အမှန်တကယ် အများနှင့် သဘောထားမျှကြသည့် ကိစ္စတစ်ရပ် ဟုတ်၊ မဟုတ် ဆန်းစစ်လာကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ငြိမ်းချမ်းရေး ဗိသုကာကြီးလည်းဖြစ်၊ ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်က ‘အများသဘော အမှားပေါ’ သည်ဟု ကြီးပွားရေး မဂ္ဂဇင်းတွင် ၁၉၃၆ ခုနှစ်လောက် ကတည်းက ထောက်ပြ ဝေဖန်ခဲ့ဖူးသည်။

ဦးသန့်က ‘အများသဘောကျဆိုသော စကားသည်လည်း တစ်ခါတစ်ရံ အဓိပ္ပာယ် မရှိချေ။ အများသဘောကျဆို၍ ရွေးချယ် တင်မြှောက်လိုက်သော အမတ်များပင် အများသဘောကျသော အမတ်များ မဟုတ်ကြပေ’ ဟု ဆိုထားသည်။

ဆိုလိုသည်မှာ မဲဆန္ဒနယ် တစ်ခုတွင် ဦးဖြူ၊ ဦးမဲနှင့် ဦးနီတို့ သုံးဦး ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်ကြသည်။ ထိုသုံးဦးကို ယင်းမဲဆန္ဒနယ်ရှိ လူထက်ဝက်ခန့်ကပင် မသိ။ ယင်းသို့ ဘယ်ကလာပြီး ရွေးကောက်ပွဲဝင်မှန်း မသိသူများကို မဲဆန္ဒရှင်များက မဲပေးနေကြရခြင်းသည် ရယ်စရာ ကောင်းလှသည်။

အမှန်တကယ် ယင်းမဲဆန္ဒနယ် အတွင်း၌ ပြည်သူတို့ ရင်အတွင်း ရှိနေသူမှာ အခြားသူတစ်ဦးဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။ မိမိတို့ မဲဆန္ဒနယ်အတွင်းက တစ်ဦးမျှ မသိသောသူကို မဲပေးလိုက်ရပြီးနောက် ထိုသူသည် မိမိတို့ မဲဆန္ဒနယ်ကို ကိုယ်စားမပြုကြောင်း နောက်မှပြန်ပြီး ဆန္ဒပြ နေကြရခြင်းကလည်း ဒီမိုကရေစီ ရှုခင်းဖြစ်သည်။

ယနေ့ဟောင်ကောင်တွင် ဖြစ်ပေါ်နေသော ထီးတော်လှန်ရေးသည် တရုတ်ပြည်မကြီးက ချပေးလိုက်သည့် မိုးပေါ်က ကျလာမည့်သူကို ဟောင်ကောင်သားတို့က မဲမပေးနိုင်၊ ရွေးကောက်မပေးနိုင်၊ မိမိတို့ ခေါင်းဆောင်ကို မိမိတို့ကိုယ်ပိုင် မဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက်မည်ဆိုပြီး ဆန္ဒပြမှုများ ကျင်းပနေခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အထက်က ကျလာသည့် မိုးကျရွှေကိုများကို မဲပေးကြမည်လော ဆိုခြင်းကို ဟောင်ကောင် ကျောင်းသားများက မေးခွန်းထုတ်နေသည်။

အထက်တွင် ဖော်ပြခဲ့သော ဦးဖြူ၊ ဦးမဲနှင့် ဦးနီတို့ သုံးဦးအား မဖြစ်မနေ မဲပေးကြပြီ ဆိုရာတွင်လည်း ဦးဖြူက မဲ ၃၀၀၀၊ ဦးမဲက မဲ ၂၅၀၀၊ ဦးနီက မဲ ၂၀၀၀ လောက်သာ ရသည်ဆိုလျှင် ဥပဒေအတိုင်း ဆိုပါက ဦးဖြူသာ အနိုင်ရပြီး အရွေးခံရမည် ဖြစ်သည်။ သို့သော် ဦးဖြူသည် မဲထက်ဝက်ကျော်ဖြင့် နိုင်ခြင်းမဟုတ်။ အပြတ်အသတ် နိုင်ခြင်းလည်း မဟုတ်။ ပြည်သူတို့အထဲက ပြည်သူကြိုက်သောသူနှင့် ယှဉ်ပြိုင်ရွေးခြင်းခံရလျှင် ဦးဖြူထိုမျှလောက် မဲအရေအတွက်ကို ရချင်မှ ရပေလိမ့်မည်။ သို့ဖြစ်ရာ ဒီမိုကရေစီ ရလဒ်ဆိုတိုင်း အများသဘော မဟုတ်ကြောင်း သိသာစေရန် ဦးသန့်က ထောက်ပြထားခြင်း ဖြစ်သည်။

နာမည်ကျော် ဗြိတိသျှ ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီကလည်း ဒီမိုကရေစီအကြောင်း ကောင်း၊ မကောင်း သိချင်လျှင် မဲနည်းသည့်ဘက်က မဲဆန္ဒရှင်များနှင့် ဆွေးနွေး စကားပြောကြည့်ရန် တိုက်တွန်းဖူးသည်။ နိုင်သူက ဒီမိုကရေစီ ရှိကြောင်းပြောမည်။ ရှုံးသူက ဒီမိုကရေစီကို မကောင်းကြောင်း ပြောနိုင်သည်။ ရလဒ်တိုင်းသည် အဖြေမဟုတ်ခဲ့သည်ကို မြန်မာပြည်သူတို့ ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ်သည် ခပ်ညံ့ညံ့ ပြည်သူတို့၏ ဘုမသိဘမသိ ရွေးကောက်ပွဲ အဖြစ်ခံဦးမည်လော ဆိုသည်မှာ ပြည်သူတို့ နိုးကြားသည့် အသိနှင့်ဆိုင်သည်။

အယ်ဒီတာ (၇.၁၀.၂၀၁၄)

----------------------------------------
The Voice Daily Editorial, Vol-2/No-152 (#voiceeditorial)

Wednesday, October 8, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် သက်သေအဖြစ် ထိန်းထားတဲ့ မြန်မာနှင့် တွေ့ခွင့်ရပြီ

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ သူငယ်ချင်းဖြစ်ပြီး ဒီဖြစ်စဉ်မှာ ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဒီနေ့ Kohsamuai မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။

မောင်မောင်နဲ့ တွေ့တဲ့အချိန်မှာ ထိုင်းရဲနဲ့ ဘာသာပြန် ရန်ကုန်မှာနေခဲ့တဲ့ သားကြီးဆိုတဲ့လူ ရှိနေတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောပါတယ်။

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို

- မေးမြန်းသူ စိုင်းထွန်းအောင်လွင်
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန် ချက်မှာ တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မည်ကို စိုးရိမ်ကြောင်းနဲ့ တိုက်ပွဲများ ထပ်ဖြစ် မလာစေရေးအတွက် ပြတ်ပြတ်သားသား တားဆီးသွားကြရမယ်လို့လည်း ပါရှိပါတယ်။
ကြေညာချက်ထုတ်ပြန်တဲ့ ကာလမှာတင် ရှမ်းပြည်တပ်မတော်မြောက် ပိုင်း SSPP/SSA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တရားရေးမဏ္ဍိုင်သတင်းများ ထုတ်ပြန်ပေးတော့မည်ဟု တာဝန်ရှိသူပြော

တရားရေးမဏ္ဍိုင်ဘက် မှ တရားရုံးတစ်ရုံးလျှင် အရာရှိ တစ်ဦးဦးဆောင်သော သတင်း ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများနှင့် ပုံမှန်တွေ့ဆုံ၍ သတင်း ထုတ်ပြန်ပေးတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
မြို့နယ်အဆင့်မှ ပြည် ထောင်စုအဆင့် တရားရုံးများအထိ သတင်းနှင့်ပြန်ကြားရေး အရာရှိများထားကာ သတင်းထောက်များနှင့် လစဉ်တွေ့ဆုံပြီး အမှုဖြစ်စဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းတရားရေး မဏ္ဍိုင်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက အောက်တိုဘာ ၄ ရက်၌ နေပြည်တော်တွင် ပြော သည်။ ထိုအစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်သော်လည်း စတင် မည့်အချိန် အတိအကျကိုမူ မပြောကြားပေ။

ရဲဆိုလျှင်လည်း ရာထူးကြီးမှ .....

၂၀၁၀ ပြည့်နှစ်က မှော်ဘီမြို့နယ်ရှိ ရဲတပ်သားတစ်ဦးထံသို့ ၎င်း၏ဇနီးဖြစ်သူ ဖမ်းဆီးခံထားရကြောင်း လှိုင်မြို့နယ်မှ မိတ်ဆွေရဲများက သတင်းလှမ်းပို့ခဲ့သည်။ ထိုအချိန်ထိ ဇနီးဖြစ်သူ အချုပ်ခန်းတွင်း ရောက်နေရသည့်အကြောင်းရင်းကို သူမသိရှိသေးပါ။
ဇနီးရှိရာ စခန်းတွင်းသို့ သွားရောက်မေးမြန်းလိုက်ချိန်မှသာ ဇနီးသည်က ပြည့်တန်ဆာမှုဖြင့် သမိုင်းလမ်းဆုံအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
လူမှုဖူလုံရေးစနစ် အားနည်းမှုများနှင့် အခြားသော ချို့ယွင်းမှုများက အောက်ခြေရဲဝန်ထမ်းမိသားစုများ၏ဘ၀ကို သာမန်လူများ တွေးထင်ထားသည်ထက် ပိုမိုဆိုးရွားသည့် အခြေအနေမျိုးသို့ ရောက်ရှိနေကြရသည်။

အစိုးရ၀န်ထမ်းနှင့်အရပ်သားများကို ဖမ်းဆီးခဲ့သဖြင့် ဒီကေဘီအေ ကလိုထူးဘောအဖွဲ့ကို စစ်ဆေးနေ

အစိုးရ၀န်ထမ်းနှစ်ဦး နှင့် အရပ်သားနှစ်ဦးကို ကလိုထူး ဘောအဖွဲ့ (ယခင်ဒီကေဘီအေ ရခိုင်တပ်)မှ တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခဲ့သည့် အမှုကို စစ်ဆေးနေကြောင်း မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ဝေါလေမြို့နယ်ခွဲမှ တိ-မွေး-ကုဌာန အရာရှိတစ်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးပါဝင်ပြီး အမျိုးသမီး တစ်ဦး၊ သုံးနှစ်အရွယ် ကလေး ငယ်တစ်ဦးတို့ အောက်တိုဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။ ၎င်းတို့လေးဦးသည် အိမ် စီးကားဖြင့် ဒေါနတောင်ပေါ်ကား လမ်းကို အသုံးပြု၍ ဝေါလေမြို့ နယ်ခွဲမှ မြ၀တီမြို့သို့ လာစဉ် လမ်းခုလတ်ရှိ သဲဖြူချောင်းဂိတ်၌ အ ဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မြ၀တီ မြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

လာမည့်ပညာသင်နှစ်တွင် လက်ရှိသူငယ်တန်း သင်ကြားမှုစနစ်ဖျက်သိမ်းမည်

ရန်ကုန်၊ အောက်တိုဘာ-၇

လာမည့် ပညာသင်နှစ်တွင် သူငယ်တန်းများ နေရာ၌ Kindergarten-KG တန်းကို အစားထိုး သင်ကြားသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကလေး ၁ ဒသမ ၅ သန်းခန့်ဖြင့် စတင်သင်ကြားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လာမည့်၂ဝ၁၅-၁၆ ပညာသင် နှစ်တွင် မူလတန်းသင်ကျောင်း လေးသောင်းကျော်၌ KG တန်းကို အကောင်အထည် ဖော်သွားမည်ဖြစ် ရာ လက်ရှိသင်ကြားနေသည့် သူငယ် တန်းနေရာတွင် အစားထိုးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် သူငယ်တန်း၌ သင်ကြားနေသည့် အသက် ၅ နှစ်အရွယ် ကလေးပေါင်း ၁ ဒသမ ၃၅ သန်းနှင့် ၁ ဒသမ ၄ သန်း ကြားတွင်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးရောင်စုံပူဇော်ပွဲနှင့် အဇာတသတ်ဇာတ်ရုပ်ပြပွဲကို တစ်လကျော်ကြာကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၇။

ရွှေတိဂုံ စေတီတော်တွင် သီတင်းကျွတ်၊ တန် ဆောင်တိုင်ဆီမီးရောင်စုံပူဇော်ပွဲ နှင့်အဇာတသတ် ဇာတ်ရုပ်ပြပွဲကို ရင်ပြင်၊ ရာဟုထောင့်အောင်မြေနား တွင် အောက်တိုဘာ ၇ ရက်နေ့မှ နိုဝင်ဘာ၁၅ရက်အထိ တစ်လကျော် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့မှ သိရသည်။

မောက်မယ်မြို့နယ်အတွင်း အရပ်သားစီး မော်တော်ယာဉ် မိုင်းခွဲခံရမှု PNO က RSSS/SSA ထံ ဖြေရှင်းချက် တောင်းခံမည်

ရန်ကုန်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ်အတွင်း အရပ်သားများ စီးနင်းလာသော မော်တော်ယာဉ် မိုင်းခွဲခံရမှုနှင့် ပတ်သက်ပြီး ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် (PNO) က ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ထံ အကြောင်းကြားစာ ပေးပို့ပြီး ဖြေရှင်းချက် တောင်းခံမည် ဖြစ်ကြောင်း PNO အတွင်းရေးမှူး ဗိုလ်မှူး ခွန်လာက ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် နန့်ယန်း ကျေးရွာအုပ်စုအနီး ကဒူကြီး ကျေးရွာသို့ သွားသောလမ်းပေါ်တွင် အရပ်သား စီးလာသော

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့်နှင့် အနောက်တံခါးပြဿနာ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်ခံလိုသည့် ဘင်္ဂါလီအရေအတွက်က တိုးလာနေသည်။ ဘင်္ဂါလီရာဂဏန်းမှာ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် အသီးသီးရရှိသွားပြီဖြစ်သည်။
ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ပေးရန် အစဉ်တစ်စိုက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိကျမှန်ကန်စွာ စိစစ်ပေးရန် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့်ညီညွတ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရရှိသူများကိုလည်း ကန့်ကွက်စရာမရှိဟုဆိုသည်။

ဒဏ်ရာရ တပ်မတော်သားများ သယ်ယူသည့်လမ်းတွင် မိုင်းထောင်ထားခြင်းကြောင့် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရှမ်းပြည် ဖွံ့ဖြိုးတိုးတက် ရေးပါတီ (SSPP/SSA) တို့၏ တိုက်ပွဲများကြောင့် လမ်းတစ်လျှောက်တွင် ကြိုးဆွဲမိုင်းများ ထောင်ထားသဖြင့် ဒဏ်ရာရ တပ်မတော်သား ၅၀ သယ်ယူရာတွက် ရဟတ်ယာဉ်များဖြင့် သယ်ယူနေရကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (လားရှိုး) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဒဏ်ရာရ တပ်မတော်သားများကို လာရှိုးမြို့မှ ပြင်ဦးလွင် တပ်မတော်ဆေးရုံသို့ ပို့ဆောင်မည့်လမ်းတွင် ဆွဲမိုင်းများ ထောင်ခြင်းနှင့် စောင့်ဆိုင်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစေရန် ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌပြော

သတင်းတို

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၁၄

၂၀၁၀ ရွေးကောက်ပွဲမှ အားနည်းချက်များကို ပြုပြင်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို တတ်နိုင်သမျှ လွတ်လပ်တရားမျှတစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မဲစာရင်းနှင့် ကြိုတင်မဲပေ ရာတွင် အားနည်းချက်မရှိအောင် နည်းဥပဒေများ ပြန်လည်ရေးဆွဲပြီး ဟာကွက်မရှိအောင် ဆောင်ရွက်ပေး

စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်

 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီထောင် တွင် ဖမ်းဆီးထားရှိသော ရခိုင် အမျိုးသားနှစ်ဦးအား စစ်ဆေးမေး မြန်းရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးအထူးအဖွဲ့က ငှားရမ်းထား သော ထိုင်းရှေ့နေနှစ်ဦးနှင့်အတူ အောက်တိုဘာ ၅ ရက်က သွား ရောက်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ စရိတ်ခံစားခွင့် တိုးမြှင့်ရန် ဥပဒေကြမ်းတွင် လျာထား

လွှတ်တော်ကိုယ်စား လှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ် ခံစားခွင့်များမှ ချီးမြှင့်ငွေကို မတိုး ဘဲ စရိတ်ခံစားခွင့်ကိုသာ ကျပ် နှစ်သောင်းတိုးမြှင့်ခံစားရန် ဥပဒေကြမ်းတွင် လျာထားကြောင်း အမျိုးသားလွှတ်တော်မှ သတင်း ရရှိသည်။
ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၏ ချီးမြှင့်ငွေနှင့် အသုံးစရိတ်ဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်  ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးနေခြင်း ဖြစ်သည်ဟု သိရသည်။

ထောင်ဒဏ်နှစ်ပေါင်း ၁၅၂ နှစ်ကျခံရပြီး လွတ်ငြိမ်းခွင့်ဖြင့်လွတ်လာသူ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေနှင့် တွေ့ဆုံခြင်း

ယခင်တပ်မတော်ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလက အများပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်မှုအက်ဥပဒေ (အပစ-၃)၊ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၅၂ နှစ်ကျခံခဲ့ရ ခြင်း ဖြစ်သည်။ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ ယခင်ထောက်လှမ်းရေးထိပ်တန်းအရာရှိကြီးများအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆယ်နှစ်ခန့်နေထိုင်ခဲ့ရကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်သို့ အောက်တိုဘာ ၇

တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ် အပါအဝင် ဒေသအချို့၌ မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အင်အားထောင်ချီသုံး၍ တိုက်ခိုက်နေသော စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ကတောင်းဆိုကြောင်း ထုတ်ပြန် ကြေညာသည်။
ရှမ်းပြည်နယ်အတွင်း အောက်တိုဘာလဆန်းက ဖြစ်ပွားသော တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ UWSA က ရှမ်းပြည်နယ် အထူးဒေသ (၄) SSPP/SSA အဖွဲ့နှင့် ပူးတွဲ၍ အောက်တိုဘာလ ၅ ရက်နေ့တွင် ယင်းသို့ ထုတ်ပြန် တောင်းဆိုခြင်း ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့.

 

၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးလာ ပြည်သူများကို နံနက် ၅ နာရီခန့်က တွေ့ရစဉ်

၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၈ ရက်နေ့) တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူးလာ ပြည်သူများကို နံနက် ၅ နာရီခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြည်နိုင်)
Credit - Eleven Media Group

ယနေ့ မိုးလေဝသအခြေအနေ 8- Oct- 2014

 

အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်

သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်
■ ထောင်ဒဏ်ကျခံနေရသော မီဒီယာသမားများနှင့် လယ်သမားများ ပါရှိသည်ဟု သတင်းမရသေး
နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၃ဝဝဝ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများထံမှ သိရသည်။
သို့ရာတွင် ထောင်ဒဏ်ကျခံနေရသော မီဒီယာသမားများနှင့် လယ်သမားများ ပါရှိသည်ဟု သတင်းမရသေးပေ။

Tuesday, October 7, 2014

‘အ’ သုံးလုံး ကျေကြပါ

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
စာရေးသူရေးသားမယ့် ဆောင်းပါးက အများသိရှိထားကြတဲ့ အရေး၊ အဖတ်၊ အတွက် ဆိုတဲ့ ‘အ’ သုံးလုံးကျေဖို့ မဟုတ်ပါ။ အရှိ၊ အသိနဲ့ အလုပ်ခေါ်တဲ့ ‘အ’ သုံးလုံးပါ။ စာလုံးဝမတတ်သူတွေကို ဟိုယခင်က ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်အောင် သင်ကြားပေးတဲ့ ‘အ’ သုံးလုံးဖြစ်ပါတယ်။ အခု ‘အ’ သုံးလုံးကတော့ တိုးတက်လာတဲ့ခေတ်နဲ့အညီ မိမိနိုင်ငံ တိုးတက်စေဖို့ လိုအပ်တဲ့ ‘အ’ သုံးလုံး ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ အကြောက်တရားတွေနဲ့ အုပ်ချုပ်ခဲ့ကြ၊ မိမိနိုင်ငံသားတွေကို ဆင်းရဲတွင်းနက်အောင် လုပ်ဆောင်ခဲ့ကြ၊ ဘွဲ့ရပေမယ့် ပညာမတတ်သူတွေဖြစ်အောင်၊ ကျောင်းနေချင်ပေမယ့် ဆင်းရဲနေကြတော့ ပညာမသင်ရှာနိုင်ဘဲ ရရာကြုံရာအလုပ်ကို လုပ်ကြရရင်း မိမိဘ၀ ၀မ်းကျောင်းရသူတွေ များလာတယ်။

မျှတသည့် စီးပွားရေးယှဉ်ပြိုင်မှုနှင့် လက်ဝါးကြီးအုပ်သူများ

(ဆောင်းပါးရှင် - သစ်ထွဋ်)

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်သလို မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှု အခင်းအကျင်းများ ဖန်တီးပေးနိုင်မှု ရှိနေရေးဟာလည်း ဈေးကွက်စီးပွားရေးရဲ့ အဓိကသော့ချက်လို့ ဆိုနိုင်ပါတယ်။ လက်ရှိဈေးကွက်စီးပွားရေးကို ကျင့်သုံးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်လာအောင် ဆောင်ရွက်မှုများ ရှိနေသော်လည်း စီးပွားရေးယှဉ်ပြိုင်မှု မျှတမှုအားကောင်းတဲ့ အခြေအနေကိုတော့ ဖန်တီးပေးနိုင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။

ပညာရှင်စကား

================================================
လူ့အဖွဲ့အစည်းကောင်းအောင်လုပ်တာ ပညာရေးပါ။ ပညာတတ်များလာတာနဲ့ လူ့အဖွဲ့အစည်းကောင်းဖြစ်မလာနိုင်ပါဘူး
=================================================

သင်ကြားရေးစနစ်တွင် ဆရာ၊ ဆရာမများအနေဖြင့် မသိသည့်သူကို သိ သည့်သူက သင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများတွင် ရှိသည့် အရည်အသွေးများကို ဖော်ထုတ်ပေးသည့် သင်ကြားမှုစနစ်မျိုး ဖြစ်သင့်သည်ဟု နိုင်ငံတော်သမ္မတအကြံပေး၊ စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်း သက်က ပြောကြားထားရာ . . .

ရှင်သန်နေသည့် ဘ၀များ

(ဆောင်းပါးရှင် - ကိုသိန်း (ကျောက်ကြီး))

လူရယ်လို့ ဖြစ်လာကြတဲ့အခါ ဘ၀မှာ အဓိပ္ပာယ်ရှိတဲ့ ဘ၀တွေနဲ့အတူ ရှင်သန်ဖြတ်သန်းသွားချင်ကြမှာပါ။ ဒါ့ကြောင့်လည်း လူတိုင်းလူတိုင်း လှုပ်ရှားရုန်းကန် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူချင်းတူပေမယ့် ရှင်သန်ကြီးပြင်းလာချင်းတော့ မတူကြပါဘူး။ ဘယ်လိုအသိုင်းအ၀ိုင်းက ရှင်သန်ကြီးပြင်းလာသူတွေဖြစ်စေ လူ့လောက၊ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်ဖို့လိုပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် တစ်ဖက်ဖက်က တတ်စွမ်းသမျှ အကျိုးပြုနိုင်တဲ့အဖြစ် ဘ၀မှာ ရှင်သန်ကြဖို့တော့ လိုပါတယ်။ ဒီနေ့ဒီအချိန်အခါမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို ရှင်သန်နေကြမယ်ဆိုရင်

နိုင်ငံသားများနစ်နာခဲ့ရသော ပြစ်မှုများအား တိုင်ကြားမှ အရေးယူမှာလား

- သူ ရိန် မိုး

လူ့လောက၌ အသက်တစ်ရာပြည့်အောင်
မနေရသော်လည်း အသက်ရှင်စဉ်သက် တမ်း ကာလအတွင်း အမှုပေါင်းတစ်ရာမျှကြုံရ လေ့ရှိသည် ဟုဆိုလေ့ရှိရာ ထိုသို့ဖြစ်ပွားသော အမှုများတွင် မိမိကိုယ်တိုင်ကျူးလွန်သည့် အမှုများရှိသကဲ့သို့ မိမိအားအခြားသူတစ်ဦး မှ ကျူးလွန်ခြင်း၊ မှုခင်းဖြစ်ရပ်တစ်ခုခုတွင် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေပါဝင်ပတ်သက် မိခြင်းစသော အခြေအနေများစွာ ရှိကောင်းရှိ နိုင်မည်ဖြစ်သည်။

ထို့သို့ မှုခင်းဖြစ်ရပ်များ၊ ရာဇဝတ်မှုနှင့် စပ်လျဉ်းသော ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ပါက အဓိက ကူညီဖြေရှင်းပေးရမည့်သူသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အပါအဝင် မြန်မာနိုင်ငံနှင့်နိုင်ငံ အတွင်းရှိပြည်သူများ၏ လုံခြုံရေးနှင့်တည် ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူထား သော လုံခြုံရေးအဖွဲ့ အစည်းများပင်ဖြစ်သည်။

ပျောက်ဆုံးရဟတ်ယာဉ်တွင် လိုက်ပါသွားသူများ ပြန်တွေ့ပြီ

ရန်ကုန်- တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ် ပျောက်ဆုံးသွားသော B4ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးသည် ၎င်းတို့အား ရှာဖွေမှုပြုလုပ်နေသည့် ထူးဖောင်ဒေးရှင်းထံ ပျောက်ဆုံးပြီး ၁၀ရက်မြောက်နေ့တွင် ဆက်သွယ်မှုပြုလုပ်လာကြောင်းထူးဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။

ငပုတောမြို့နယ်တွင် ဆင်သတ်အဖွဲ့ ဖမ်းမိ

ပုသိမ်၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲ ကွင်းဘက်ကျေးရွာ အုပ်စုရှိ တောတွင်းတွင် တောဆင်ရိုင်းများကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်နေသော အဖွဲ့ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့ကြောင်း ငရုတ်ကောင်းတောင်ရွာမှ ဒေသခံများက ပြောကြားသည်။
“ဆင်သတ်အဖွဲ့က ခုနစ်ဦးနဲ့ သက်သေခံပစ္စည်းတွေကို ရွာက အုပ်ချုပ်ရေးမှူးရုံးမှာ ခဏထားပြီး မော်တော်ကားနဲ့ ငပုတောကို ပို့လိုက်တယ်။ ဆင်စွယ်တွေ၊ ဆင်အရေခွံ ခြောက်တွေလည်း ပါတယ်လို့ ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ ရွာသားတစ်ဦးက ဆိုသည်။

Eleven Media Group နှင့် The Irrawaddy ဂျာနယ်တို့၏ သဘောတူညီချက်

The Irrawaddy ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အချက်အလက်မှားယွင်း ရေး သားချက်များနှင့် ပတ်သက်၍ Eleven Media Group နှင့် The Irrawaddy ဂျာနယ်တို့ တွေ့ဆုံရှင်းလင်း ညှိနှိုင်းပြီးနောက် ဤသဘောတူညီချက်အား အသိပေး ထုတ်ပြန်အပ်ပါသည်။
(၁) The Irrawaddy ဂျာနယ်ပါ ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အချက်အလက်မှားယွင်း ရေးသားမှုကို Eleven Media Group က အချက်အလက်များနှင့် ရှင်းလင်းပြောကြားမှုအား The Irrawaddy မှ သဘော ပေါက် လက်ခံခဲ့ပါသည်။

လ၀က ၀န်ထမ်းများ၏ မသမာမှုများ ထိရောက်ပြင်းထန်စွာ စစ်ဆေးအရေးယူနေဟုဆို

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူကိစ္စနှင့် မသမာသည့် လုပ်ရပ်များအား တိုင်ကြားလာ သည့်အပေါ် ထိရောက်ပြင်းထန် သော စိစစ်အရေးယူမှုများပြုလုပ် နေကြောင်း မန္တလေးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အ  မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။
  လာဘ်ပေးလာဘ်ယူပ ပျောက်ရေးအတွက် ၀န်ကြီးဌာန က မူဝါဒချမှတ်ကာ ဆောင်ရွက်နေပြီး ၀န်ထမ်းများအနေဖြင့် မှတ်ပုံ တင်ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်း၊ ဥပဒေနှင့်ညီညွတ်မှု မရှိသူ များအား နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခြင်းကဲ့သို့ မသမာမှုများ ပြုလုပ်ပါက အချက်အလက်ခိုင်မာစွာဖြင့် တိုင်ကြားရန် ၎င်းက ပြောကြားသည်။

ထီးနှင့် ဒီမိုကရေစီခရီး

၂၀၁၄ ခုနှစ်သည် ဖိနှိပ်သူတို့ အခက်တွေ့ခဲ့ရသည့် ကာလဟု ဆိုရမည် ဖြစ်သည်။ စက်တင်ဘာလက စတင်ပြီး ဟောင်ကောင်ကျောင်းသားများသည် မိမိတို့ အုပ်ချုပ်ခွင့်ရ နယ်မြေပိုင်နက်အတွင်း ကိုယ့်ခေါင်းဆောင်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့် မရသဖြင့် တရုတ်အစိုးရကို ပုန်ကန်ခြားနားကြသည်။ အလားတူစွာ ထိုင်ဝမ်တွင်လည်း မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကျောင်းသားနှင့် အရပ်သားများ ပူးပေါင်းကာ တရုတ်အစိုးရကို ဆန့်ကျင်ပွဲများ ကျင်းပခဲ့ကြသည်။ ထိုင်ဝမ်ကျောင်းသားများက တရုတ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကို နေကြာပန်းဖြင့် တင်စားကြသည်။ ဟောင်ကောင် ကျောင်းသားများကတော့ သူတို့ လှုပ်ရှားမှုကို ထီးဖြင့် တင်စားကြသည်။

ကမ္ဘာ့ဆရာများနေ့ လမ်းဘေးမှာ ကျင်းပရအောင်

 [ Opinion ]
အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိတဲ့ အဆောက်အအုံပေါ်က ပန်းချီကဖေး တစ်ခုမှာ ညှိုးငယ်စွာ ကျင်းပခဲ့ရတဲ့ ကမ္ဘာ့ဆရာများနေ့ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ရန်ကုန်မှာ ကျင်းပမယ်ဆိုလို့ ကြီးကျယ်ခမ်းနားစွာ ကျင်းပလိမ့်မယ် ထင်ထားတာ ခုတော့ ပန်းချီခန်းမဆိုတဲ့ နေရာလေးမှာ ကျဉ်းမြောင်းကျပ်တည်းစွာ ကျင်းပတာကို ကြုံလိုက်ရတော့ စိတ်ထဲမှာ ငါတို့ဆရာတွေဘဝ ခုထက်ထိ မြောင်းထဲက မတက်သေးပါလားဟလို့ စိတ်မချမ်းမသာ ဖြစ်မိတယ်။

အကျဉ်းသား သုံးထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

သီတင်းကျွတ်ကာလမှာ နိုင်ငံခြားသား ငါးဆယ်ကျော် အပါအဝင် အကျည်းသား ၃၀၇၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ လူသားချင်း စာနာထောက်ထားမှု တို့ကို အလေးပေးသောအားဖြင့် အကျဉ်းသားတွေကို အောက်တိုဘာလ ၇ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတာလို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NLD နှင့် တိုင်းရင်းသားပါတီများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ နိုင်ငံရေးမူဘောင် ရေးဆွဲရေး စတင်

ရန်ကုန်၊ အောက်တိုဘာ ၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကာ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ဖွဲ့စည်းထားပြီး နိုင်ငံရေးမူဘောင် ရေးဆွဲရေးအတွက် စတင်ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
အဆိုပါ နိုင်ငံရေးမူဘောင်တစ်ရပ် ပူးပေါင်းရေးဆွဲနိုင်ရေးကို လစဉ်ပြုလုပ်မည့် တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး အဖြစ်မှန် ထုတ်မပြောဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၆

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။

ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai မြို့ရှိ အကျဉ်းထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

သီတင်းကျွတ်ကာလအတွင်း ဘုန်းကြီးကျောင်းများအား ဖောက်ခွဲမည့် သတင်းကြောင့် မောင်တော၌လုံခြုံရေးတိုးမြှင့်


အာရကန်ကိုကို(မြစ်မခ)

ရန်ကုန်၊အောက်တိုဘာ ၆။

သီတင်း ကျွတ်ကာလပွဲတော်များအတွင်း ဘုန်းကြီးကျောင်းများအား အဓိက ထားဖောက်ခွဲ တိုက်ခိုက်မည်ဟူသော ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့(ွRSO)၏ ခြိမ်းခြောက်မှုသတင်း ကြောင့် မောင်တောဒေသတွင် အောက်တိုဘာ ၁ ရက်မှ စပြီးလုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း ကြိမ် ချောင်းရဲစခန်းမှ သိရသည်။

နိုင်ငံပိုင်သတင်းစာများမှ အစိုးရကို ဝေဖန်ထောက်ပြနိုင်သော သတင်းစာဖြစ်ရန် ဆောင်ရွက်မည်ဟုဆို

ကျော်စိုးဦး ၊ ရန်ကုန်၊ အောက်တိုဘာ ၎

နိုင်ငံပိုင်သတင်းစာများဖြစ်သည့် ကြေးမုံ၊ မြန်မာ့အလင်းတို့ကို နောင်တစ်ချိန်တွင် အစိုးရဌာနဆိုင် ရာများ၏ ဆောင်ရွက်ချက်များကို ဝေဖန် ထောက်ပြနိုင်သော သတင်းစာဖြစ်ရန်ဆောင် ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက် သည်။
''နိုင်ငံပိုင်မီဒီယာကိုအများပြည်သူဝန်ဆောင်မှုဘက်သို့ဦးတည်နေတယ်။ နောင် တစ်ချိန်မှာ အစိုးရဌာနဆိုင်ရာတွေ ကို ထောက်ပြတဲ့အဆင့်အထိ သွားမှာပါ။ ဥပဒေမရှိသေးလို့ အခု မလုပ်နိုင်သေးတာ ပါ။ ကိုယ်လုပ်နိုင်သလောက် လုပ်နေပေ မယ့် အများပြည်သူ ဝန်ဆောင်မှုဘက်ကို

နိုင်ငံရေးတွင် သံဃာတော်များပါဝင်ရခြင်းမှာ မဏ္ဍိုင်လေးရပ် ယိမ်းယိုင်နေခြင်းကြောင့်ဟု ဦးပါမောက္ခမိန့်ကြား

ဇွဲမာန် ၊ ရန်ကုန်၊ အောက်တိုဘာ ၎
တိုင်းပြည်၏ မဏ္ဍိုင်ကြီးလေးရပ် ယိမ်းယိုင်နေပြီး ပြည် သူများ ဆင်းရဲဒုက္ခရောက်နေခြင်းကြောင့် မိမိတို့သံဃာတော်များ အနေဖြင့် နိုင်ငံ ရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေရ ခြင်းဖြစ်ကြောင်း မကွေးကျောင်းတိုက်မှ အရှင်ပါမောက္ခက မိန့်ကြားသည်။
အောက်တိုဘာ ၄ ရက်က မကွေးကျောင်းတိုက်တွင် ပြုလုပ်သော မဏ္ဍိုင်ကြီးလေးရပ် ယိမ်းယိုင်နေခြင်း ကြောင့် နိုင်ငံတစ်ဝန်း မတရားမှုများ ပြု ခံနေရသော ပြည်သူများ၏ မတရားခံနေ ရမှုကိစ္စများကို ဖတ်ကြားတင်ပြသည့် စာ တမ်းဖတ်ပွဲတွင် ဆရာတော်မှ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်နှင့် SSPP/SSA နယ်မြေအငြင်းပွားမှု တွေ့ဆုံညှိနှိုင်း

ရန်ကုန်၊ အောက်တိုဘာ ၆
နယ်မြေအငြင်းပွားမှု အချို့ကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသော တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် နှစ်ဖက်တပ်များ ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
အောက်တိုဘာလ ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် အတွင်း နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခြင်းကို ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် SSPP/SSA မှ ထိပ်ပိုင်းအရာရှိများ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း ၎င်းကဆိုသည်။

လူငယ်တွေ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးဘဲ နိုင်ငံကောင်းစားရေးသာ အာရုံစိုက်လုပ်ရန်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ချစ်မင်းထွန်း ၊ ရန်ကုန်၊ အောက်တိုဘာ ၎
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် လုပ် ကိုင်ဆောင်ရွက်နေသော လူငယ်များအား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော စိတ်များ မမွေးမြူဘဲ နိုင်ငံကောင်းစားဖို့ အတွက်သာ ရည်ရွယ်ပြီး အာရုံစိုက်လုပ်ရန် လူငယ်များ ကို အန်င်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အောက်တိုဘာ ၄ ရက်တွင် တိုက် တွန်း ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ် ဦးဆောင်အဖွဲ့ ပထမအစည်းအဝေးကို တော် ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်း အဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များ အရေးယူမှုမှန်ကန်မှုမရှိပါက နစ်နာသူများကိုယ်စား ထိုင်းနိုင်ငံဥပဒေအရ ပြန်လည်တောင်းဆိုမည်

မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအပေါ် ထိုင်းအာဏာပိုင်များ အရေးယူမှုမှန်ကန်မှုမရှိပါက နစ်နာသူများကိုယ်စား ထိုင်းနိုင်ငံဥပဒေအရ ပြန်လည်တောင်းဆိုမည်
=================================================
ရန်ကုန်၊ အောက်တိုဘာ ၆။
ထိုင်း အာဏာပိုင်များဖမ်းဆီးစစ်ဆေးခြင်း ကို ခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်းများ၏ အရေးယူမှု မှန်ကန်မှုမရှိပါက နစ်နာသူများကိုယ် စား ထိုင်းနိုင်ငံဥပဒေအရ ပြန်လည် တောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနညွှန်ကြား ရေးမှူးချုပ်ဦးမျိုးအောင်က ပြောသည်။

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအတွက် မျှော်လင့်ချက်မဲ့နေဟု ရှင်းလင်းပွဲတွင်ပြော

သူသူထက်လွင် ၊ ရန်ကုန်၊ အောက်တိုဘာ ၄-
ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွား သော တောင်တက်သမားနှစ်ဦးမှာ မျှော် လင့်ချက်မရှိသလို ဖြစ်နေကြောင်းနှင့် အဆက်အသွယ်ပြတ်ေ တာက် သွားသော ရဟတ် ယာဉ်အား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်က ပြုလုပ်သော ထူးဖောင်ဒေးရှင်း၏ ခါကာ ဘိုရာဇီ ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သော အီတလီနိုင်ငံမှ ကျွမ်း ကျင်ရှာဖွေရေးအဖွဲ့၏ အတွေ့အကြုံရှင်း လင်းပွဲတွင် ထူးဖောင်ဒေးရှင်းမှ CEO ဦးပေါ်မြင့်ဦးက ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်တောင်းဆိုမည်

 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မကြာမီရက်ပိုင်းအတွင်း မြန်မာသို့လာရောက်မည့် ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ ဗြိတိန်စုံတွဲအားသတ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရိုက်နှက်စစ်ဆေးခံရခြင်းကြောင့် မြန်မာလုပ်သားနှစ်ဦး ပြစ်မှု မကျူးလွန်ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြား

ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် ဖမ်းဆီးခံရသော မြန်မာ လုပ်သားနှစ်ဦးက ထိုင်းရဲတပ်ဖွဲ့နှင့် စကားပြန်တို့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြစ်မှုမကျူးလွန်ဘဲ ကျူးလွန်သည်ဟု ထွက်ဆိုရခြင်းဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ကို ပြောဆိုလိုက်ပြီး အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးရန် မြန်မာအစိုးရအား ကာယကံရှင်နှစ်ဦးက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး ထားရှိရာ ကော့စမွီထောင်သို့ သွားရောက်၍ တွေ့ဆုံမေးမြန်းရာ

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဆွေးနွေးမည်

ရန်ကုန်၊ အောက်တိုဘာ ၆

အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရက ဖိအားပေးနေပြီး ထိုင်းရဲတပ်ဖွဲ့၏ အမှုစစ်ဆေးနေမှုများတွင် ဝေဖန်မှုအချို့ ထွက်ပေါ်နေသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှု၌ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယနေ့ မိုးလေဝသအခြေအနေ 7- Oct- 2014

 
Credit - The Voice Weekly

တပ်မတော် ရိက္ခာပို့ မော်တော်ယာဉ် မိုင်းခွဲခံရ၊ အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး ဒဏ်ရာရ

နေပြည်တော်၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ပေါင်မြို့နယ်နှင့် မန်ပြင်ကျေးရွာ အုပ်စုကြားတွင် တပ်မတော် ရိက္ခာပို့ မော်တော်ယာဉ် တစ်စီး အောက်တိုဘာ ၄ ရက်၊ ညနေ ၆ နာရီခန့်က မိုင်းခွဲခံခဲ့ရသဖြင့် အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ရိက္ခာပို့ မော်တော်ယာဉ်သည် တန့်ယန်းမြို့နယ် အခြေစိုက် တပ်မတော်ဌာနခွဲ (၁) မှ မော်တော်ယာဉ် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီစနစ်အကြား အံချော်နေ၍ ပြောင်းလဲမှု နှေးကွေးဟု သမ္မတရုံးဝန်ကြီး ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျက် ရှိသော်လည်း အသုံးပြုနေသော အုပ်ချုပ်ရေးစနစ် (ဗျူရိုကရေစီ) နှင့် ဒီမိုကရေစီ စနစ်တို့အကြား အံချော်မှုများ ရှိနေ၍ ပြောင်းလဲမှုများ နှေးကွေးနေခြင်း ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
အောက်တိုဘာလ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အလှူပေးသည်ဟု သဘောထား၍ အခွန်ဆောင်ရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၅

အခွန်ဆောင်မှသာ ပြည်သူလူထု၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သဖြင့် အလှူပေးသည်ဟု သဘောထား၍ အခွန်ပေးဆောင်ကြရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်းပြောကြားသည်။

ပြည်သူလူထုက အခွန်ပေးဆောင်မှသာလျှင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် နိုင်ငံအတွက် လိုအပ်သည့် အရာများကို အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပြည်သူများ အခွန်ပေးဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ဆွေးနွေးပွဲများ၊ တိုက်ပွဲများနဲ့ မသေချာသေးတဲ့ ငြိမ်းချမ်းရေး

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့မှာ ငါးရက်ကြာပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲမှာ တိုးတက်တဲ့ရလဒ် မထွက်ပေါ်ခဲ့ပါဘူး။ အဲဒီဆွေးနွေးပွဲ အပြီးမှာတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် (DKBA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာမှုများ ရှိနေဆဲ အခြေအနေ ဖြစ်ပါတယ်။

ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ

ထိုင်းနိုင်ငံ စူရက်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်းခေါ် ( Koh Tao ကျွန်းမှာ ) ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံ ရမှုနဲ့ ပတ်သက် တဲ့ သတင်းဟာ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထိုင်းရဲတွေက မြန်မာ နိုင်ငံသား ရခိုင်တိုင်းရင်းသား လူငယ်လေးနှစ်ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန် လိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ သာမကဘဲ ထိုင်းနိုင်ငံသား အများစု ကပါ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ အပြစ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လူစားထိုး လိုက်တယ်ဆိုပြီး အယုံအကြည် ကင်းမဲ့တဲ့ ဝေဖန်မှုတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။

အစိုးရ စစ်တပ် သမ္မတ အမိန့်ကို နာခံခြင်း မရှိဟု SSPP/SSA ဆို

အစိုးရ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို နာခံခြင်း မရှိဘူးလို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA) ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က စစ်မြေပြင် အခြေအနေတွေကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့က အဲဒီနေရာကနေ ဒီလ ၃ ရက်က ဆုတ်ခွာပေးလိုက်ပြီ။ သူတို့ (အစိုးရစစ်တပ်) က အခုအချိန် အထိ တပ်စွဲထားတုန်းပဲ။ ဒါသမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတာ ပြနေတာပဲ” လို့ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဧရာဝတီကို ပြောပါတယ်။

ဥရောပသမဂ္ဂနှင့် ပုလင်းတူဘူးဆို့ နိုင်ငံရေး

 #emg_opinions
Written by : ဒေါက်တာရန်မျိုးသိမ်း

အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတို့နှင့် ဆက်စပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နိုင်ခြေ၊ ရပ်တန့်နိုင်ခြေ မြင့်မားနေသော အခါသမယတွင် ငြိမ်းချမ်းရေးအလှူရှင်ကြီး တစ်ဦးဖြစ်သော ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်ပူပန်မှုဒီရေမြင့် တက်လျက်ရှိသည်ဟု သုံးသပ်နိုင်သည်။ စိုးရိမ်စိတ် မြင့်မားနေသောဥရောပသမဂ္ဂသည် အစိုးရနှင့် ပုလင်းတူဘူးဆို့ အခင်းအကျင်းကို ရှောင်ရှားလျက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဗျူ ဟာမြောက် ချဉ်းကပ်ကြားဝင်ပေးနိုင်ရေးကို မျက်မှောက်ပြုသင့်သည်။

ငွေဆိုတာ ဘုရားသခင်လား

[ Letter to Editor ]
အယ်ဒီတာခင်ဗျား

လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်ကြီးများ လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် လည်းကောင်း၊ အများပြည်သူ သုံးသပ်ဆင်ခြင်နိုင်ရန်အတွက် လည်းကောင်း တင်ပြအပ်ပါသည်။
၂၁.၉.၂၀၁၄ နေ့က ည ၇ နာရီ ကျော်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အင်းစိန်လမ်း အမှတ် ၈၂၊ ခဝဲခြံ သပြေသာ ဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။
ထိုနေ့က ထောင်ကလွတ်သည်မှာ တစ်လခန့်သာ ရှိသေးပြီး အရက်မူးနေသူ တစ်ဦးသည် ကိုးလအရွယ် ကလေးအမေ ဇနီးဖြစ်သူနှင့် လမ်းတစ်လျှောက် စကားများ ရန်ဖြစ်လာကြပါသည်။ သူတို့

ဘတ်ဂျက်ရမှ ညကျောင်းများပြန်ဖွင့်နိုင်မည်

လူငယ်များ အလုပ်လုပ်ရင်း ပညာသင်ကြားခွင့်ရရှိစေရန် လူငယ် ရေးရာညကျောင်းများနှင့် ညနေပိုင်း စက်မှုလက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ဉာဏ်ပူဇော်ခနှင့် လိုအပ်သည့် သင် ထောက်ကူပစ္စည်းများဝယ်ယူနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုး ရထံမှ ဘဏ္ဍာငွေတောင်းခံထားသည် ဟု လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်တွင်း ၌ ပြောကြားခဲ့သည်။

လိပ်ကျွန်း လူသတ်မှု အဓိက ကွင်းဆက်ဖြစ်သူရဲ့ ပြောစကား

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီခရိုင်ရှိ လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစ္စတာ ရှောင် မက်အန်နာဟာ ဒီလူသတ်မှုကြီးမှာ အဓိက သက်သေတဦးဖြစ်တယ်လို့ အများကယူဆနေကြပါတယ်။

ဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေ

 နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ကိုင်နေသော ၀န်ကြီးဌာနများအောက်ရှိ စီးပွားရေးလုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် ကြိုတင်တွက်ချက်မှုများအရ အရှုံးပေါ်နေကြောင်း ဘဏ္ဍာအခွန်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။
အစိုးရဘတ်ဂျက်ကို အသုံးပြုပြီး အရှုံးပေါ်သည့် ဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ သမ၀ါ ယမ၀န်ကြီးဌာနအောက်ရှိ သမ၀ါယမပို့ကုန်သွင်းကုန်လုပ်ငန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ဝန်ကြီးဌာနအောက်ရှိ မြန်မာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊

လိပ်ကျွန်းလူသတ်မှု၌ အဖမ်းခံရသည့် မြန်မာများအရေး ထိုင်းဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေးမည်

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည် ခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ် မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသားများကိစ္စကို သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ဆွေးနွေးသွား မည်ဟု သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ သမ္မတကြီးတွေ့တဲ့အခါ ဆွေးနွေးတဲ့အထဲ အဲဒါပါ ပါမယ်။ ကျနော်တို့က နိုင်ငံခြားရေး ၀န်ကြီးကနေ ပြောထားတယ်။ ပထမပိုင်း သံအမတ် ကြီး ဦးဝင်းမောင်က ပြောပေ မယ့် သူတို့ဘက်က လိုလိုလားလား မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်တို့ ထပ်ပြီး တွန်းအားပေးဖို့ လုပ်နေပါ တယ်” ဟု ဧရာဝတီကို ပြောသည်။

ဗြိတိန်စုံတွဲကို မြန်မာများသတ်သည်ဟု ကော့တောင်ကျွန်းပေါ်မှ ရွှေ့ပြောင်းအလုပ်သမားများ မယုံကြည်

ကော့သောင်း၊ အောက်တိုဘာ ၅- 

ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီ ခရိုင်ရှိ ကော့တောင်ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုကို မြန်မာ အလုပ်သမားနှစ်ဦး ကျူးလွန်သည် ဟုမယုံကြည်ကြောင်း ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ် သမားများက ပြောကြားသည်။
လူသတ်တရားခံဟု စွပ်စွဲခံ ထားရသူများမှာ ကျွန်းပေါ်တွင် လာ ရောက်အလုပ်လုပ်ကိုင်နေသည်မှာ လပိုင်းသာရှိသေးပြီး လူသတ်မှုကျူး လွန်ကြောင်း သရုပ်ပြရာတွင်လည်း ကောင်းမွန်စွာ သရုပ်ပြနိုင်ခြင်း မရှိ ကြောင်း ကျွန်းပေါ်နေ မြန်မာအလုပ် သမားတို့က ပြောကြားသည်။

ကမ္ဘာ့ဆရာများနေ့တွင် ထူးချွန်ဆရာဆု ၁၀ ခု ချီးမြှင့်၊ ကျောင်းအုပ် ဦးသန်းလှိုင် ထူးချွန်ဆုရ

ရန်ကုန်၊ အောက်တိုဘာ ၅

ပညာရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတစ်ဝန်းမှ လူမှုထူးချွန် ဆရာဆု ၃ ခုနှင့် ဂုဏ်ထူးဆောင် ဆရာဆု ၇ ခု ချီးမြှင့်ပေးရာ ကျောင်းအုပ် ဦးသန်းလှိုင်မှာ လူမှုထူးချွန်ဆရာဆု ရရှိခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်သူ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြနိုင်ရန် လွှတ်တော်အမတ်များ အထောက်အထား စတင်စုဆောင်း

ဆီးသီးဗန်းမှောက်သည့် ကိစ္စကို အောက်တိုဘာ ၁၃ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးအမီ သက်သေပြနိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အထောက်အထားများ ရှာဖွေစုဆောင်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
 နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိ ဆိုသည့်ကိစ္စနှင့် ပတ်သက်၍  သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးက အထောက်အထားဖြင့် ပြောဆိုသင့် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှေးကွေးနေဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြော

သုံးနှစ်ခွဲကျော်ကာလ အတွင်း သမ္မတဦးသိန်းစိန်၏ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းများ တွင် အုပ်ချုပ်ရေးနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲမှု နှေးကွေးနေသည် ဟု သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားလိုက်သည်။
‘‘အုပ်ချုပ်ရေးစနစ်က အရင် တပ်မတော်အစိုးရ၊ ဆိုရှယ်လစ်အ စိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ် ချုပ်ရေးစနစ်ဖြစ်နေတယ်။ ယနေ့ ဒီမိုကရေစီစနစ်ကို ပြောင်းတဲ့အ ခါမှာ အုပ်ချုပ်ရေးစနစ်က

အမှုတွဲတစ်ခုလုံး စစ်ဆေးခွင့် မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆို

ဗြိတိန်စုံတွဲ မှုခင်းဖြစ်ပွားရာ ခိုတောင်ကျွန်းသို့ မြန်မာ သံရုံးမှ အထူးအဖွဲ့သွားရောက်စစ်ဆေးရာ ဒေသခံများနှင့် တွေ့ ဆုံပြီးနောက် ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦး၏ အမှုတွဲတစ်ခုလုံးကို တောင်း၍ စစ်ဆေးခွင့်ပြုရန် ယင်းအဖွဲ့က တောင်းဆိုလိုက်သည်။
အောက်တိုဘာ ၅ ရက်တွင် ဗြိတိန်စုံတွဲကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦး၏ ဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့က မှုခင်းဖြစ်ပွားရာ ခိုတောင်ကျွန်းသို့ သွားaရာက်စစ်ဆေးခဲ့သည်။

မင်းဒင် ၏ လင်မယားဝတ္ထု

ဆောင်းပါးရှင် - မင်းဒင်
-----------
(တစ်)
 

ဂရိနတ်ဘုရား ပုံပြင်မှာ ဆိုလားဗျာ။ ဟိုး ရှေးရှေးတုန်းက လူသားတွေဟာ ခြေလေးချောင်း လက်လေးချောင်း ရှိကြသတဲ့ဗျ။ အဲဒီ အတီတေ ကာလ၊ ရှေးဦးလူသားတွေ လူစွမ်း လူစကောင်း လိုက်ကြပုံများ နတ်ဘုရားတွေ ကိုတောင် နင်ပဲငဆ၊ အံတုဖက်ပြိုင် ရန်ပြု လွန်းလို့၊ နတ်ဘုရားတွေက ဒေါသထွက်ကျိန် စာတိုက်၊ နှစ်ခြမ်းခွဲပစ်လိုက်တော့ လူတွေ ဟာ ခြေနှစ်ချောင်း လက်နှစ်ချောင်းဘ၀ရောက် ကုန်ရောတဲ့ဗျာ။ ဒါကြောင့် နှစ်ခြမ်းအခွဲခံရတဲ့ လူတွေဟာ သူတို့ရဲ့