Saturday, January 31, 2015

ဗိုလ်ချုပ်ဘာကို တိုက်ခဲ့သနည်း (ဆောင်းပါး)


(ဆရာမောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန် စာအုပ်ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးကို အရတိုက်ယူခဲ့သော သူရဲကောင်းအာဇာနည် ဖြစ်သည်ဟူ၍ နှောင်းလူတို့က အဓွန့်ရှည်စွာ ရာဇ၀င်၌ စာတင်ကြပေလိမ့်မည်။

Friday, January 30, 2015

၄၃၆ ပြင်ဆင်ရေး ပွဲစီစဉ်သူ ၁၁ ဦးကို တရားသေလွှတ်

မကွေး (မဇ္ဈိမ)။ ။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟောပြောပွဲ ဦးဆောင်ကော်မတီဝင် ၁၁ ဦးကို ဇန်နဝါရီ ၂၉ ရက် လေးကြိမ်မြောက်
ရုံးချိန်းတွင် မကွေးမြို့နယ် တရားရုံးက တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ဦးဆောင်သူ ဦးနေမျိုးကျော်ကိုမူ
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အရဇန်နဝါရီ ၂၉ ရက်တွင် ထပ်မံတရားစွဲ ဆိုလိုက်သည်။

436-law
(ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)

နိုင်ငံ့ဝန်ထမ်းများကို ဆေးရုံများတွင် အခမဲ့ ကုသပေးရန် ကျပ် ၃၆ ဘီလီယံ တောင်းခံ

နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့်ဧပြီ ၁ ရက်ကစပြီး နိုင်ငံ့ဝန်ထမ်းများကို ကျန်းမားရေး အခမဲ့ ဆေးကုသပေးနိုင်ရန် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆ ဘီလီယံ တောင်းခံထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းပြသည်။

Hospital
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဖွဲ့စည်းပုံပြင်ရေး ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တပ်မတော်သား အမတ်များက လွှတ်တော်သို့ တင်ပြ

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင်
တွေ့ဆုံမှုကို တိုင်းရင်းသားလူမျိုးကြီး ခုနစ်ခု၏ ကိုယ်စားလှယ်များ ပါဝင်သင့်သည့်အတွက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဖြေရှင်းရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုလိုက်သည်။

Parliament-4
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကချင်ဆရာမများ သေဆုံးမှု တပ်မတော်နှင့် မသက်ဆိုင် ပုတ်ခတ်ရေးသားပါက အရေးယူမည်ဟု ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ ကချင်တိုင်းရင်းသူ ကျောင်းဆရာမ နှစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စတွင် တပ်မတော်သားများကို စွပ်စွဲပြောဆို ရေးသားနေမှုများနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အမှုမှန်သိရှိချိန်တွင် တပ်မတော်ကို ပုတ်ခတ်ပြောဆို ရေးသားမှုများ ပြုလုပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

Kachin-Two-Ladies-Rape-Sadness-Commemorate-Yangon
ကချင် KBC သာသနာရေးကျောင်းမှ လုပ်အားပေး ကျောင်းဆရာမ နှစ်ဦးဖြစ်သော ဆရာမ မရမ်လုရာနှင့် တန်ဘောင်ခေါန်နန်စင် တို့အတွက် ဆုတောင်းပွဲကို ရန်ကုန်မြို့ စမ်းချေင်းမြို့နယ်ရှိ KBC ချက်ကျောင်းတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ကပြုလုပ်နေစဉ်။ ( ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဖိအားပေးမှ လေးပွင့်ဆိုင် တွေ့ဆုံမည်ဆိုခြင်း ဒီမိုကရေစီ စံနှုန်းများနှင့် မညီဟု ဒေါ်စု ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၁ ရက်တွင် လေးပွင့်ဆိုင်တွေ့ဆုံမည့် ကိစ္စအပေါ် ဖိအားပေးမှ၊ မကျေနပ်မှုတွေ အရှိန်တက်လာမှ တွေ့ဆုံခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် မညီကြောင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံရေးကို စတင်တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ဝေန်ပြောကြားခဲ့သည်။

Daw-Su-1
(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်ကျဆင်းနေဟု HRW ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) ၏ ကမ္ဘာ့အစီရင်ခံစာ ၂ဝ၁၅ အရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေမှာ ၂ဝ၁၄ ခုနှစ်တွင် ဆုတ်ယုတ်ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သည့် သုံးနှစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ခဲ့ပြီးနောက်ပိုင်း တိုးတက်မှု နောက်ပြန်ဆုတ်ခဲ့ခြင်းဖြစ်ကာ ပြုပြင်ပြောင်းလဲမှုများ လမ်းကြောင်းပေါ်ရောက်ရှိရန်

Thursday, January 29, 2015

ချီတက်ဆန္ဒပြပွဲ ဆက်လက်ဆင်နွှဲဖို့ ကျောင်သားတွေ ဆုံးဖြတ်

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ကနေ လမ်းလျှောက်ဆန္ဒပြတဲ့ ဆန္ဒပြ ကျောင်းသားကျောင်းသူတွေက လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပတဲ့အထိ ဆက်လက်ချီတက်ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

အစိုးရနဲ့ ကျောင်းသားကိုယ်စားလှယ်တွေပါတဲ့ လေးပွင့်ဆိုင်တွေ့ဆုံပွဲကို လက်ခံပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲနေ့အထိ လမ်းလျှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆန္ဒပြကျောင်းသား ကိုအောင်နေပိုင် က ပြောပါတယ်။

မကွေးမှာ တရားစွဲခံထားရသူ ၁၁ ဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်

မကွေးမြို့ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကျင်းပခဲ့တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၁၁ ဦးကို အပြစ်မရှိကြောင်း မကွေးတိုင်းတရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။

အဲ့ဒီဟောပြောပွဲကြောင့် အေးစေတီဘုရားဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုမရှိခဲ့သလို ရပ်ရွာအေးချမ်းသာယာမှုကို ထိခိုက်မှုမရှိခဲ့တာကြောင့် အပြစ်မရှိကြောင်း တိုင်းတရားသူကြီးက

၆ ပွင့်ဆိုင်အတွက် အကြံပြုချက် ၂၁ ခု အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်သွင်း

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ အကြံပြုချက် ၂၁ ချက် ပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့နဲ့ ပီအာ ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ဖို့ကို အကြံပြုထားတယ်လို့ ပြောပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေ တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက မနေ့က လက်ခံလိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အစိုးရဘက်က လက်ခံနိုင်ဖွယ်ရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းကောင်းလား၊ ထောင်ချောက်လား

ဆောင်းပါးရှင် --- ဒေါက်တာရန်မျိုးသိမ်း

ဇန်န၀ါရီ ၂၆ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်တစ်ရပ် အာမခံချက်ရရန် UNFC ကြိုးပမ်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေး အာမခံချက်ရှိသော သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
(UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

UNFC-1
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

တရားထိုင်နေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး၏ မမ်မံရုပ် အလောင်း တူးဖော်တွေ့ 

မွန်ဂိုလီးယား ။       ။ မွန်ဂိုးလီးယားဒေသတွင် တရားဘာဝနာ စီးဖြန်းနေသည့် ကိုယ်အနေ အထားဖြင့် အံ့ဖွယ် မံမီရုပ် အလောင်းကို တူးဖော်တွေ့  ရှိသည်။
mummi-mogo

ကျောင်းသားသပိတ်စစ်ကြောင်းသို့ အခြေခံမူလတန်းကျောင်းသားများ ဝင်ရောက်ပူးပေါင်း

ကျောက်ပန်းတောင်း (မဇ္ဈိမ) ။ ။ မန္တလေးမြို့မှ ထွက်ခွာလာသည့် ကိုးရက်ကြာပြီဖြစ်သည့် ကျောင်းသားသပိတ်စစ်ကြောင်း သည် ဇန်နဝါရီ ၂၉ ရက်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာပြီး အခြေခံကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းအတွင်း ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း သပိတ်ကြောင်းတွင် ပါဝင်သည့် ကိုမြတ်သူက မဇ္ဈိမကို ပြောသည်။

YYK
(ဓာတ်ပုံ-ရဲရင့်ကျော်)

မျိုးစောင့်ဥပဒေတွေ မပြဌာန်းဖို့ လူမှုအဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ ခုကို မပြဌာန်းဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၀ နီးပါးက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်း ၄ ခုဟာ ဘာသာမတူညီသူတွေနဲ့ တိုင်းရင်းသားလူမျိုးတွေအကြား သွေးကွဲမှုတွေ ဖြစ်လာနိုင်တာကြောင့် အခုလိုကြေညာချက်ထုတ်တာဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ Triangle Women အဖွဲ့က ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

မျိုးစောင့် ဥပဒေများနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့များ၏ သုံးသပ်ချက် လွှတ်တော်တင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ မျိုးစောင့်ဥပဒေများဟု ခေါ်တွင်နေသော ကိုးကွယ်ရာ ဘာသာကူးပြောင်းရေး၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းနှင့်
ကျန်းမာရေး စောင့်ရှောက်ခြင်း၊ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာနှင့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်းများအပေါ် အမျိုးသမီးကွန်ရက်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ သုံးသပ်အကြံပြုချက်များကို လွှတ်တော်သို့ တင်ပြမည်ဟု အမျိုးသမီးအဖွဲ့များကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ  ဒေါ်ချယ်ရီအုန်းက ဇန်နဝါရီ ၂၈ ရက်က ပြောသည်။

Parliament Naypyitaw
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

အစိုးရ-ကျောင်းသားများ ပူးတွဲကြေငြာချက်

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရ ပူးတွဲကြေငြာချက်ကို ဇန်နဝါရီ ၂၈ရက်က ထုတ်ပြန်လိုက်သည်။

၁. အစိုးရ လွှတ်တော် NNER နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက် ရန်ကုန်မြို့တွင်ပြုလုပ်မည်။

၂. ကျောင်းသားများတောင်းဆိုသည့် အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာမည်။

အမျိုးသားပညာရေး ဥပဒေပြင်ရေး ဖေဖော်ဝါရီ ၁ ရက်တွင် လေးပွင့်ဆိုင်တွေ့မည်

မဇ္ဈိမသတင်းအဖွဲ့
နေပြည်တော်/ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားများ
တောင်းဆိုထားသည့်အတိုင်း အစိုးရ၊ လွှတ်တော်၊ ကျောင်းသားများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့ ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ တွေ့ဆုံရန် ဇန်နဝါရီ ၂၈ ရက်က ကျောင်းသားခေါင်းဆောင်များနှင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့တို့ သဘောတူညီခဲ့သည်။
U-Aung-Min-2
(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက် ရပ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေးကို ကန့်ကွက် သပိတ်မှောက်သည့် မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းကို  ဖေဖော်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းမည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု  ဦးဆောင်ကော်မတီမှ ကိုနန္ဒာစစ်အောင်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-12
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

Wednesday, January 28, 2015

မြန်မာနဲ့ ပတ်သက်တဲ့ တရုတ်အစိုးရ ပေါ်လစီ ပြောင်းသင့်ပြီ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ထုတ် South China Morning Post သတင်းစာမှာ သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးခံ နေရတဲ့ တရုတ်နိုင်ငံသားတွေအရေး ယူနန်ပြည်နယ် အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ တရုတ် သစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေက ပန်ကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြပါရှိပါတယ်။

တရုတ်သစ်ခိုး ကုမ္ပဏီတွေ ဘာတွေ ပန်ကြားခဲ့သလဲ၊ အဲဒါနဲ့ပတ်သက်ပြီး တရုတ် ဗဟိုအစိုးရက ဘယ်လို အကြောင်းပြန်သလဲ၊ မြန်မာပြည်က သယံဇာတထုတ်ယူမှု ပြဿနာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ မူဝါဒ ပြောင်းသင့်ပြီလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အငြိမ့်ပွဲ ခွင့်ပြုချက်မရ

နေပြည်တော် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသော်လည်း နေပြည်တော်ကောင်စီက အချိန်ကပ်မှ တားမြစ်ခဲ့ကြောင်း ပွဲစီစဉ်သူ ဦးမျိုးသိန်းက ပြောသည်။

ဦးမျိုးသိန်းက ''ကျွန်တော်တို့ ဇန်နဝါရီ ၁၂ ရက် ကတည်းက နေပြည်တော်ကောင်စီကို ပွဲမိန့်တင်ထား တာပါ။ ဒီကနေ့ (၂၇-၁-၂ဝ၁၅) ညနေ ၃ နာရီခွဲ ကျမှ ခွင့်မပြုဘူးလို့ အကြောင်းကြားတယ်'' ဟု မဇ္ဈိမကို ဖုန်းဖြင့် ဖြေကြားသည်။

နိုင်ငံ့ဘဏ္ဍာဖြင့် ဆောင်ရွက်ခွင့်ရ လုပ်ငန်းများ သတ်မှတ် စံမီရေးအဆို ပြည်သူ့ လွှတ်တော်တွင် ကန့် ကွက်သူမရှိ အနိုင်ရ

နေပြည်တော် (မဇ္ဈိမ)။ ။ နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခွင့်ရသည့် လုပ်ငန်းအသီးသီးသည် ခွင့်ပြု ဘဏ္ဍာငွေနှင့်အညီ သတ်မှတ်စံ ချိန်စံညွှန်းများ ကိုက်ညီပြီး လုပ်ငန်းအရည်အသွေးပြည့်မီ တိုးတက်လာစေရေးအတွက် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းမူဘောင်များ ချမှတ်ကျင့်သုံး ဖော်ဆောင်သွားရန် တိုင်တွန်းကြောင်း မောက်မယ် မဲဆန္ဒနယ်အမတ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုမှာ ပြည်သူ့လွှတ်တော်တွင် ကန့် ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

Highway-Toll-Gate
နေပြည်တော် လမ်းမကြီး အဝင်ဝရှိ မြို့ဝင်ကြေးကောက်ခံသည့် တိုးဂိတ်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခွင့်ရသည့် လုပ်ငန်းများ ပိုမိုကောင်းမွန်သည့် မူဘောင်များဖြင့် ဆောင်ရွက်ရန်အဆို အနိုင်ရရှိခဲ့သည်။

စစ်တပ်က ဝင်ရောက်ခြံခတ်သဖြင့် စစ်တပ်နှင့် တောင်သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြင်ဦးလွင်မြို့၊ (၁၃) ညံကွဲရပ်ကွက်နှင့် တစ်ဆက်တည်း ကန်တော်မင်ဧရိယာတွင် တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်မှ စစ်သားအင်အား ၅ဝဝ ခန့်နှင့် ဒေသခံတောင်သူကြား ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့်အတွက် ဒေသခံတောင်သူများ ထိခိုက်ခဲ့ကြောင်း ဒေသခံ တောင်သူများက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တပ်သိမ်းမြေဧရိယာသည် ဧက ၁ဝဝ ခန့်ရှိပြီး အဆိုပါမြေတွင် လူဦးရေ ၁,ဝဝဝ ကျော်ရှိသည့် အိမ်ထောင် စု ၂ဝဝ ခန့် နေထိုင်နေကာ အဆိုပါ မြေဧရိယာပေါ်တွင် အုတ်တံတိုင်းခတ်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက် နံနက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင် စီးပွားရေး လုပ်ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်

နေပြည်တော် (မဇ္ဈိမ)။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသော ဒေသများတွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားပါသည်ဟု သမ္မတရုံးဝန်ကြီး ဌာန (၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောသည်။

DKBA-Army
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှစ်ပတ်လည်နေ့ ကျင်းပသည့် အခမ်းအနားကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသမများတွင် အလုပ်လုပ်ကိုင်ပါက ၎င်းတို့နှင့် ညှိနှိုင်းရမည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများ ဧပြီနောက်ဆုံးပတ် စတင်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်က တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို
ဧပြီလ နောက်ဆုံးပတ်တွင် စတင်ရန် ဖက်ဒရယ်ဒီမိုကရေ စီမဟာမိတ် (FDA) က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့ဝင် ပါတီအသီးသီးမှ ခေါင်းဆောင်များသည် ဇန်နဝါရီ ၂၇ ရက်က အစည်းအဝေး ပြုလုပ်ကာ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရ၀န်ထမ်းများ မဲပေးမည့် မဲဆန္ဒနယ်စာရင်းကောက်ယူ

၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများ မဲပေးမည့် မဲဆန္ဒနယ်၊ ၀န်ထမ်းအိမ်ထောင်စုစာရင်းဝင်နယ်မြေများ နှင့် ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များပြုစုခြင်းကို ၀န်ကြီးဌာနများက စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

‘‘ဒီရက်ပိုင်းမှာပဲ ဌာနက ဖောင်တစ်ခုဖြည့်ခိုင်းပါတယ်။ အိမ်ထောင်စုစာရင်းကို ပြန်ပြီး Comfirm (အတည်ပြု)လုပ်တာပါ။ အဓိကက ၀န်ထမ်းကို မဲပေးမယ့် မဲဆန္ဒနယ်မြေပေါ်မှာ စာရင်းဝင်အောင်လုပ်တဲ့ သဘောပါပဲ။ မိသားစုဝင်တွေနဲ့ အသက် (၁၈) နှစ်ပြည့်၊ မပြည့်၊

သပိတ်မှောက် ကျောင်းသားများနှင့် ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာန အရာရှိများနှင့် ယနေ့ ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားများနှင့် တောင်သာမြို့တွင် လုံခြုံရေးယူထားသည့် အာဏာပိုင်များ ဇန်နဝါရီ ၂၇ ရက်က တင်းမာမှုဖြစ်ပွားခဲ့သော်လည်း ညှိနှိုင်းပြေလည်ကာ ၂၈ ရက်တွင်လည်း နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကျောင်းသား ကိုယ်စားလှယ် သုံးဦး တွေ့ဆုံမည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီမှ ကိုနန္ဒစစ်အောင်က မဇ္ဈိမကို ပြောသည်။

Student-Strike-Myingyan-06-s
ကျောင်းသား သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း မြင်းခြံမြို့မှ အထွက် ၅ မိုင်အကွာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ပန်)

အမျိုးသားဂုဏ်သိက္ခာ ထိပါးစေသည့် ရာဇဝတ်မှုခင်းများ (အယ်ဒီတာ့အာဘော်)

လူတွေ စုတ်တသပ်သပ်နဲ့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရတဲ့ ရာဇဝတ်မှုခင်းတွေကတော့ အများကြီးရှိပါတယ်။ ဥပမာ အရွယ်
မရောက်သေးတဲ့ မိန်းမငယ်လေးတွေ အဓမ္မပြုကျင့်ခံရတဲ့ သတင်းမျိုး၊ အရွယ်မရောက်သေးတဲ့ အိမ်ဖော်မိန်းကလေးကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်လိုက်တဲ့ သတင်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုသတင်းမျိုးတွေက လူတွေရဲ့ စိတ်ကို ထိခိုက်စေရုံသာရှိပြီး တချို့သော သတင်းမျိုးတွေကျတော့ အမျိုးသားဂုဏ်သိက္ခာကိုထိခိုက်ရလောက်အောင် ဖြစ်စေတဲ့ ရဇဝတ်မှုခင်းမျိုးတွေလည်း ရှိပါတယ်။ ဥပမာ အလွတ်သတင်းထောက် ကိုပါကြီးအဖြစ်အပျက်မျိုး၊ လက်ပန်းတောင်းတောင်က

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အပေးအယူလုပ်ရန် နှစ်ဖက်စလုံးက အဆင်သင့်ရှိဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နှစ်ဖက်အနေဖြင့် အပေးအယူလုပ်ရန် အဆင်သင့်ရှိဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားများက သပိတ်မှောက် ဆန္ဒပြ လမ်းလျှောက်ကန့်ကွက်မှုများအပေါ် ဇန်န၀ါရီ ၂၇ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက ထင်မြင်ချက်ပေးရန် မေးမြန်းခဲ့ရာတွင် ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးဖို့ မုဒုံဒေသခံ ၄၀၀ ကျော် ဆန္ဒပြတောင်းဆို

လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ မွန်ပြည်နယ် မုဒုံမြို့နယ်ဒေသခံ ရွာသား ၄၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒေသခံပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်လို့ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကမာဝတ်ကျေးရွာသား ကိုထွန်းသောင်းက ပြောပါတယ်။

အင်းတော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုပွဲ တားမြစ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် ပွဲဖြစ်မြောက်ရေးကော်မတီက မြို့နယ်အားကစားကွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ ဒီနေ့စတင်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။

ပွဲကျင်းပခွင့်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ပေမယ့် ဖွင့်ပွဲကျင်းပနေချိန်မှာ လာရောက်တားမြစ်တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုချမ်းအောင်က ပြောပါတယ်။

အဘယ်တရား ဟောမည်နည်း (ဆောင်းပါး)

(ဆောင်းပါးရှင် - ဖေဒီ)

၂၀၁၄ ခုနှစ် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တုအား ဒေသခံများ အလေးပြုနေကြစဉ် (ဓာတ်ပုံ-ဝေလင်း၊ ပြည်)

အမ်ပီတီ ကတ်ပျောက် လျှောက်လျှင် ကျပ် ၁၅၀၀ သာ ပေးရသော်လည်း ပွဲစားများက ကျပ်တစ်သောင်း တောင်းခံ

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဆင်းမ်ကတ်ပျောက် လျှောက်ထားမှုအတွက် ကျပ် ၁,၅ဝဝ သာ ကျသင့်မည်ဟု ဇန်နဝါရီ ၉ ရက်ကပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း မြန်မာ့ ဆက်သွယ်ရေးရုံး (ရွှေဂုံတိုင်) ၌ ကတ်ပျောက် လျှောက်ထားမှုများအတွက် ကြားခံပွဲစားများက ကျပ်တစ် သောင်းတောင်းခံဝန်ဆောင်မှုပေးနေသည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် ကိုယ်တိုင်သွားရောက်၍ ကတ် ပျောက်လျှောက်သူ တစ်ဦးက ပြောသည်။

MPT-SIM-4
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

မြန်မာအစိုးရ သိမ်းဆည်းဖမ်းမိထားသည့် ယာဉ်နှင့် စက်ပစ္စည်းများအား တရုတ် သစ်ခုတ်ကုမ္ပဏီများက ပြန်လည်ရယူလို

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၀ ကျော်နှင့် ယွမ်သန်း ရာချီ တန်ဖိုးရှိ စက်ပစ္စည်းကိရိယာများ ဖမ်းဆီးထိန်းသိမ်းခံရမှုတွင် ၀င်ရောက်ဖြေရှင်းဆောင်ရွက်ပေးရန် ယူနန်ပြည်နယ်ဒေသခံ အာဏာပိုင် များထံ တရုတ်သစ်လုပ်ငန်းရှင်များက အသနားခံ တောင်းဆို ထားကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာက ဖော်ပြသည်။ အဆိုပါ အသနားခံစာကို တရုတ်သစ်လုပ်ငန်းရှင် ၂၃ ဦးက လက်မှတ်ထိုး၍ နယ်စပ်ဒေသ တန်ချောင် စီရင်စု အာဏာပိုင်များထံ ပေးပို့ခဲ့သည်။

အသံတိတ် ဆန္ဒထုတ်ဖော်တတ်သော ၀န်ထမ်းများ (ဆောင်းပါး)

Written by - မျိုးမဟာ

ရန်ကုန်မြို့ရှိ ဈေးတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဝန်ကြီးများ ရာထူးမှ နုတ်ထွက်ရန်မလိုဘဲ ရွေးကောက်ပွဲ မဲဆွယ်နိုင်

 ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ ၀င်ဝန်ကြီးများအနေဖြင့် အစိုးရ အဖွဲ့မှ နုတ်ထွက်ရန်မလိုဘဲ ခေတ္တတာဝန်လွှဲပြောင်း၍ ရွေး ကောက်ပွဲတွင် မဲဆွယ်နိုင် ကြောင်း သတင်းရရှိသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥပဒေတွင် မပြဋ္ဌာန်းထားဘဲ အကြမ်းဖျင်း အားဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါကမဲဆွယ်ကာလတွင် အစိုးရအဖွဲ့တာဝန် 

အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ (ဆောင်းပါး)

(ဆောင်းပါးရှင် - မြမြင့်မိုရ်)

 ကျွန်တော် ငယ်စဉ်က ၁၄ နှစ် ၁၅ နှစ်သားအရွယ် စာတွေပေတွေဖတ်ရင်း ၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ရာ သခင်သန်းထွန်း မလာ၍ ပွဲပျက်သွားခဲ့သည်ဟု ဖတ်ဖူးမှတ်ဖူးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်၌ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာ ထိုပြည်တွင်းစစ်မီးလျှံကြားတွင် မွေးဖွားခဲ့ရသော ကျွန်တော်တို့လို လူများအဖို့ အဲဒီတုန်းက ဦးနုနဲ့ သခင်သန်းထွန်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် ဒီလိုပြည်တွင်းစစ် ဖြစ်ချင်မှဖြစ်မယ်ဟု တွေးခဲ့ဖူးသည်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းကိုလည်း ၀န်ကြီးချုပ်ဦးနုနှင့် မတွေ့ရကောင်းလားဟု အပြစ်မြင်ချင်သလိုလို။

Tuesday, January 27, 2015

ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး

၁၉ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်း အဝေးကြီးကို မှောဘီမြို့ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် တွင်ဇန်နဝါရီလ၂၇ရက်နေ့ကကျင်းပနေစဉ်။(ဓာတ်ပုံ-ဟိန်းထက်) ၎င်းဆွေးနွေး ပွဲကို ဇန်နဝါရီလ ၂၇ရက်နေ့မှ ၂၉နေ့အထိ ကျင်းပသွားမည်ဖြစ် သည်။

Credit - Mizzima News

ဝန်ကြီး ဦးအောင်မင်းက ကျောင်းသား ကိုယ်စားလှယ် တစ်ဦးနှင့် တွေ့ရန် ကမ်းလှမ်း

ရန်ကုန် (မဇ္ဈိမ)။ ။ တောင်သာမြို့သို့ ရောက်ရှိကာ ပိတ်ဆို့ခံထားရသည့် ကျောင်းသား သပိတ်စစ်ကြောင်းမှ ကိုယ်စားလှယ် တစ်ဦးကို သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တွေ့ဆုံရန် လမ်းလှမ်းကြောင်း မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
မောင်သင်းက လာရောက်ညှိနှိုင်းသည်ဟု  ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲမှ ပြန်ကြားရေး တာဝန်ခံ ရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-13
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ဆို့နှိမ်နင်းမည့် အနေအထား ရှိဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ကျောင်းသား သပိတ်စစ်ကြောင်းအား တားဆီးရန် တောင်သာမြို့ နန်းမြင့်ရွာ လမ်းခွဲ တံတားထိပ်တွင် ရဲအင်အား ၂၅၀ ခန့်နှင့် မီးသတ်ကား၊ ရဲကား၊ လူနာတင်ယာဉ်များ အသင့်ချထားသည့်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများ အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-10
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

ဆန္ဒပြမှု ရပ်ဆိုင်းပေးရန် မြင်းခြံ ပါချုပ်တားမြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို မြင်းခြံ ဒီဂရီကောလိပ် ပါမောက္ခချုပ်က ဆန္ဒပြမှုကို ရပ်ဆိုင်းပေးရန် ဇန်နဝါရီ ၂၇ ရက် နေ့လည်က လာတားခဲ့သည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများ အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-03
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

စာမေးပွဲစနစ်ကို အသုံးပြုနေလျှင် မြန်မာ့ပညာရေး အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဟု ဆို

မန္တလေး (မဇ္ဈိမ)။ ။ တစ်နှစ်ပတ်လုံး ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို မူတည်ကာ အတန်းပညာကို မသတ်မှတ်ဘဲ စာမေးပွဲစနစ်ကို ၁ဝဝ ရာခိုင်နှုန်း အသုံးပြုနေလျှင် ပညာရေးစနစ် အောင်မြင်မှုရရှိနိုင်မည် မဟုတ်ကြောင်း မန္တလေးတက္ကသိုလ် ကထိကအဖြစ် တာဝန်ယူခဲ့ဖူးသော ဒေါက်တာလှမိုး က ပြောသည်။

School-2
၂၀၁၃ - ၂၀၁၄ ပညသင်နှစ် ဆယ်တန်းစာမေးပွဲများ ဖြေဆိုအပြီး ထွက်လာသော ကျောင်းသား/သူများ တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်)

သတင်းအချက်အလက် စုံစမ်း ထောက်လှမ်းရေးအဖွဲ့ကို လာမည့် ဘဏ္ဍာရေးနှစ်အမီ ဖွဲ့ရန်ရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့  (SB) နှင့် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) တို့အား
အသွင်ပြောင်း၍ သမ္မတရုံးလက်အောက် ၌ ထားရှိမည့် သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်း
သစ်သည် လာမည့် ဘဏ္ဍာနှစ် ၂ဝ၁၅-၁၆ အမီ အစိုးရအသုံးစရိတ် ရရှိရန်လိုအပ်သည့် ဖွဲ့စည်းပုံ၊ ဥပဒေ၊ နည်းပဒေများ ရေးဆွဲ
ပြင်ဆင်လျက်ရှိကြောင်း သတင်းတပ်ဖွဲ့ တွင် တာဝန် ထမ်းဆောင်နေသည့် အမည်မဖော်လိုသည့် အကြီးတန် အရာရှိတစ်ဦးက မဇ္ဈိမကို ဇန်နဝါရီ ၂၆ ရက်က ပြောသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ ခုနစ်သောင်း ခန့်ရန်စီစဉ်

အခြေခံပညာအဆင့် တွင် ကျောင်းသားနှင့် ဆရာအချိုး ကွာဟမှု လျှော့ချရန် ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် နိုင်ငံတစ်ဝန်း အခြေခံ ပညာဆရာ၊ ဆရာမ ခုနစ်သောင်းခန့်ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လက်ရှိတွင် ဆရာအရေအ အတွက်နည်းပါးပြီး ကျောင်း သားအရေအတွက်များပြားနေ သဖြင့် ယင်းကွာဟမှုကို လျှော့ချ ရန် အထက်ပါအတိုင်းခန့်အပ် သွားမည်ဖြစ်ကြောင်း (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်သွင်းထား သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

မန္တလေးတိုင်းရှိ ပြည်ခိုင်ဖြိုးအမည် ကျေးရွာများ စာရင်းကောက်မည်

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်ခိုင်ဖြိုးအမည်ဖြင့် ကျေးရွာများကို စာရင်းကောက်ယူသွားမည်ဟု မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက်၊ မေတ္တာကမ်ပိန်းမှ ကိုညီညီကျော်က ပြောသည်။

USDP-Party
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နေပြည်တော် ကောင်စီ ဘတ်ဂျက် ကျပ်သန်း ခုနစ်သောင်းကျော် တင်ပြတောင်းခံထား

နေပြည်တော် (မဇ္ဈိမ)။ ။ နေပြည်တော် ကောင်စီသည် လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်သစ်တွင် သုံးစွဲရန် ကျပ်သန်း ခုနစ်သောင်း
ကျော်ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြ တောင်းခံလိုက်သည်။

Parliament-6
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ရဲတံခွန် စွမ်းအင်လုပ်ကွက် သဘာဝဓါတ်ငွေ့ ကုန်ခမ်းတော့မည်

မြန်မာနိုင်ငံ ရဲတံခွန် စွမ်းအင်လုပ်ကွက်မှာရှိတဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ မျှော်လင့်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် ကုန်ခမ်းလာနေကြောင်း ထိုင်း အစိုးရပိုင် PTT ရေနံကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခုလို ဓါတ်ငွေ့အထွက်လျော့လာနေတာကို ထေမိအောင် ဇောတိက လုပ်ကွက်ကထွက်တဲ့ ဓါတ်ငွေ့ကို ပမာဏတိုးပြီးရောင်းချဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းရဖွယ်ရှိတယ်လို့လည်း ထိုင်း စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။

ဖွဲ့စည်းပုံကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပြင်ချင်ကြပါရဲ့လား (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကြီးအတွက် အရေးအကြီးဆုံး အလုပ်တစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပါ။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သလို အမတ်အများစုကလည်း လက်ခံထားကြပြီး ဖြစ်ပါတယ်။ အားလုံး သိကြပြီး ဖြစ်တဲ့အတိုင်း ၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး နှစ်တစ်နှစ်ပါ။ အကြောင်းကတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်သလို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေး

ကျောင်းသား သပိတ်စစ်ကြောင်းများ ဖြန့်ကျက်၍ သပိတ်ရှိန်မြှင့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားသပိတ် စစ်ကြောင်းများ တစ်နိုင်ငံလုံး
လွှမ်းခြုံနိုင်ရန် ရည်ရွယ်ချက်ဖြင့် သပိတ်စစ်ကြောင်းများ ဖြန့်ကျက် ထွက်ခွါ၍ သပိတ်အရှိန်မြှင့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ အဖွဲ့မှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-05
ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် အမျိုးသားပညာရေး သပိတ်မှောက်စစ်ကြောင်းသည် မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းမှစတင်ပြီး ရန်ကုန်မြို့သို့ ချီတက်လမ်းလျှောက် ကြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

သပိတ်မှောက်ကျောင်းသားများကို မြင်းခြံရဲစခန်းတွင်အမှုဖွင့်

အမျိုးသားပညာရေးဥပဒေကို မန္တလေးမှ ရန်ကုန်ထိ ခရီးရှည်ချီတက်သပိတ်မှောက်သော ကျောင်းသားများ ဇန်နဝါရီ ၂၆ ရက်က မြင်းခြံမြို့တွင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

ကာကွယ်ရေး အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို လက်နက်ဝယ်ရန်နှင့် ထုတ်လုပ်မှုတွင် သုံးမည်

နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၏ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၂,၆၁၂ ဘီလီယံ လျာထားပြီး ယင်း ပမာဏ ၏ ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၈၆ဝ ဘီလီယံကျော်ကို တိုက်ခိုက်ရေး ကဏ္ဍတွင် သုံးစွဲရန် တင်ပြထားသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

Army-2
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခန်းအနားအား နေပြည်တော် သမ္မတ အိမ်ယာအနီးရှိ ဗိုလ်ရှုခံ ကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 ဘယ်ဟာက ပိုအရေးကြီးလဲ

လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ခြင်းနှင့် ဗိုလ်ရှုခံအခမ်းအနားအတွက် စုစုပေါင်း ကျပ်လေးဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့သည့် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေသုံးစွဲခြင်းအတွက် သဝဏ်လွှာတွင် ဖော်ပြပါရှိခဲ့သည်။ အဆိုပါဖော်ပြမှုတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် ကျပ်သန်းပေါင်း ၁ဝ၆၉ ဒသမ ၉၈၅ဝ နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ခြင်းအတွက် ကျပ်သန်းပေါင်း ၃ဝဝဝ သုံးစွဲခဲ့ကြောင်း ပါရှိသည်။

အစိုးရ၏ နောက်ဆုံးနှစ်ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀၀၀ ကျော် သုံးစွဲခွင့်ပြုရန် တောင်းခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈၀၀ ကျော်အထိ ရှိမည်

ဇန်န၀ါရီ ၂၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက် ရွှေ့မည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သမ္မတရုံး တုံ့ပြန်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့အမည် နှင့် ယူနီဖောင်းများ ပြောင်းမည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကThe Daily Eleven ကို ပြောကြားသည်။

“အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်”ခါင်းစဉ်ဖြင့် ဇန်နဝါ ရီ ၂၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ၀န်ထမ်းများလစာတိုးပေးရန် လစာစရိတ်စုစုပေါင်း ငွေကျပ်ဘီလျံ ၂၉၀၀ ကျော် လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းများ လစာတိုးပေးရန် လစာစရိတ် စုစုပေါင်းငွေကျပ် ဘီလျံ ၂၉ဝဝ ကျော်ကို လျာထားကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဇန်နဝါ ရီ ၂၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည်။

“၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်အတွက် စုစုပေါင်း ကျပ် ၂,၉ဝ၁ ဒသမ ၇၆၃ ဘီလျံ လျာထားပါတယ်။ လစာတိုးပေးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့်ကြုံတွေ့လာရနိုင်သည့် အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အားလုံး

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဆရာဝန်အချို့ ဝေဖန်

ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်ကိုယ်စားလှယ်များ ကတိသစ္စာပြု အခမ်းအနားတွင် ဒေါက်တာတင်ထွန်း(ယာဘက်အစွန်)ကို တွေ့ရစဉ်

၂၀၁၅ အစိုးရကို စောင့်ကြည့်ပါ (အယ်ဒီတာ့အာဘော်)

ဦးသိန်းစိန် အစိုးရသက်တမ်းကား တစ်နှစ်စွန်းသာ ကျန်တော့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား လာလေပြီ။ နိုင်ငံရေး
ပါတီများကား ပြင်ဆင်နေကြပြီ။ ရွေးကောက်ပွဲအတွက် မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကလည်း ပိုမိုစိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ ဤတွင် အရေးတကြီး လုပ်ဆောင်သင့်သည်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှန်ကန် မျှတရေးအတွက် ပံ့ပိုး ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေး ဘတ်ဂျက် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ကို လစာနှင့်စရိတ်အတွက် လည်းကောင်း၊ တိုက်ခိုက်ရေးအတွက် ၃၃ ရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကိုးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် သုံးရာခိုင်နှုန်းကျော်ကို

Monday, January 26, 2015

ကချင်ပြည်နယ် လူသတ်မှုတရားခံ အမြန်ဖော်ပေးဖို့ NLD တောင်းဆို

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်တိုင်းရင်းသူ ဆရာမနှစ်ယောက် အသတ်ခံလိုက်ရတာကို အစိုးရက တရားခံတွေ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တိုင်းရင်းသားရေးရာကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဆရာမလေးနှစ်ယောက် အသတ်ခံလိုက်ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလိုထုတ်ပြန်လိုက်တာလို့ NLD ရဲ့ တိုင်းရင်းသားရေးရာကော်မတီကအဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ကချင်ဆရာမ နှစ်ဦး အသတ်ခံရမှုအတွက် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အသတ်ခံရသော စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အမှုအတွက် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးက မဇ္ဈိမကို အတည်ပြု
ပြောဆိုလိုက်သည်။

Kachin-Two-Ladies-Rape-Sadness-Commemorate-Yangon-04
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအတွက် ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

၂၀၁၅ ရွေးကောက်ပွဲ ဖြစ်အောင်ကျင်းပပေးမည်လို့ ဥက္ကဌ ပြောကြား

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သန်းကျော်အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးမှာပါလို့လည်း ပြောသွားပါတယ်။

ဗိုလ်ရှုသဘင်အတွက် ပြည်ထဲရေးနှင့် ဆောက်လုပ်ရေးက ကျပ်သန်း ၄၀၀၀ ကျော်သုံးစွဲခဲ့

နေပြည်တော် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ကျင်းပခဲ့သည့် ဗိုလ်ရှုသဘင် အခမ်းအနားအတွက်
ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတ သီးသန့်ရန်ပုံငွေမှ ကျပ် သန်း ၄,၀၆၉ သုံးစွဲခဲ့သည်ဟု သိရသည်။

Army-1
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့အခန်းအနားအား နေပြည်တော် သမ္မတ အိမ်ယာအနီးရှိ ဗိုလ်ရှုခံကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကျောက်ဆည်တွင် ဗိုလ်ချုပ်ရုပ်ထုအတွက် နေရာမပေး၍ အစိုးရနှင့် ပူးပေါင်းလိုက်ရ

ရန်ကုန် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကြေးသွန်းရုပ်ထု နေရာအတွက် ခွင့်ပြုချက်မရ၍ အစိုးရဌာနများ ပါဝင်သည့် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ရသည်ဟု ကျောက်ဆည်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစောသီဟက မဇ္ဈိမကို ပြောသည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ဆက်လက်ဆွေးနွေး

နေပြည်တော် (မဇ္ဈိမ)။ ။ မျိုးစောင့် ဥပဒေကြမ်းများဟု အများက ခေါ်ဝေါ်ကြသော ဥပဒေကြမ်း လေးခုအနက် ကိုယ်ကွယ်ရာဘာသာ
ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဇန်နဝါရီ ၂၆ ရက်က အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၈ ဦး အကြိတ်အနယ်
ဆွေးနွေးခဲ့ကြသည်။

Parliament-1
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် နိုဘယ်ဆုရှင် (ဆောင်းပါး)

ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ)

 ကမ္ဘာသားတို့ရဲ့ ခရီးရှည်

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက စကြဝဠာအနန္တထဲမှာ သက်ရှိသတ္တဝါတွေနေထိုင်နိုင်တဲ့ ကမ္ဘာကြီးဆိုတာ ဖြစ်တည်လာခဲ့တာပါ။ ကမ္ဘာသားဆိုတာ သက်ရှိသတ္တဝါများနဲ့အတူ လူသားများလည်း ပါဝင်ရှင်သန်ခဲ့ကြပါတယ်။ ကမ္ဘာသားများအနက် ခြေလေးချောင်းအားပြု လေးဖက်ထောက် သတ္တဝါတွေ၊ တောင်ပံအားပြုပျံသန်းနိုင်တဲ့ သတ္တဝါတွေ ရေယက်အားပြု ရေကူးနေတဲ့ သတ္တဝါတွေ၊ အရေပြားအားပြု တွားသွားနေတဲ့ သတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ အရောင်အသွေး၊ ပုံစံအမျိုးမျိုး

ရွေးကောက်ပွဲ ကျင်းပရန် ကျပ် ၄၃ ဘီလီယံကျော် သုံးစွဲမည်

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ကြော်ငြာထားသော ရွေးကောက်ပွဲအတွက် ကျပ် သန်းပေါင်း ၄၃၈၈၄ ( ၄၃ ဘီလီယံကျပ်) သုံးစွဲမည်ဟု သိရသည်။

Election
(ဓာတ်ပုံ - အီးပီအေ)

ရှမ်းမြောက်တွင် အစိုးရတပ်မတော် နှင့် ကေအိုင်အေ၊ PSLF တို့ နှစ်ရက်ဆက် တိုက်ပွဲများဖြစ်နေ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ ဒီဇင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အေနှင့် ပလောင်တပ်တို့က မဇ္ဈိမကို ပြောသည်။

KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ တပ်များနှင့် အစိုးရတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အကြား ဇန်နဝါရီလ ၂၅ ရက်က

ရန်ကုန် မြို့သစ်စီမံကိန်း ဆန္ဒပြခေါင်းဆောင်များကို တိုင်းအစိုးရ ခေါ်ယူစစ်ဆေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ပေးရန် ဆန္ဒပြခဲ့သည့် ခေါင်းဆောင်များအနေဖြင့် ပုဂ္ဂိုလ်ရေးအရ
တိုက်ခိုက်ပြောဆိုမှုများ ရှိခဲ့ပါက ခေါ်ယူစစ်ဆေးသွားရန် ရန်ကုန်တိုင်းအစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက
နှုတ်ကတိပေးခဲ့သည်ဟု ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုခံခဲ့ရသူ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။

Myothit
ရန်ကုန်မြို့ ပန်းလှိုင်မြစ် တစ်ဖက်ကမ်းရှိ မြို့သစ်စီမံကိန်းအား အကောင်ထည်ဖော်ဆောင်ပေးရန် ဆန္ဒပြပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံ လူထုဟစ်တိုင်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Sunday, January 25, 2015

မဲလိမ်၊ မဲခိုးမှုများကို ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသားအရေးယူရန် ကော်မရှင်အဖွဲ့ဝင်များအား ဦးတင်အေးတာဝန်ပေး

၂၀၁၀ ရွေးကောက်ပွဲသည် မဲလိမ်မဲခိုးမှုများရှိခဲ့သည်ဟု အသံများဆူညံစွာ ထွက်ပေါ်ခဲ့သော ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်။ (ဓာတ်ပုံ - လှလှဌေး/အေအက်ဖ်ပီ)

ဗိုလ်ချုပ်ရာပြည့် မော်ကွန်းကမ္ပည်းကျောက်စာ နတ်မောက်တွင် စိုက်ထူနိုင်ရန် သီတဂူဆရာတော် လှူဒါန်း

ကျောက်စာကို ဆရာတော်ဘုရားမှကြည့်ရှု (ဓာတ်ပုံ − Sitagu/Thegon Sayadaw Facebook)

ကျောင်းဆရာမကို ရဲတပ်သားက ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်

  ရွှေတောင်မြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ် ဦး ကျောင်းအပြန်လမ်းတွင် ရဲ တပ်သားတစ်ဦးက ဓားမြှောင်ဖြင့် ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၃ ရက် ညနေ ကျောင်းဆင်းချိန်တွင် ရွှေတောင် မြို့နယ်၊ ပဒေသာရွာ မူလတန်း ကျောင်းမှ မူလတန်းပြကျောင်း ဆရာမတစ်ဦးသည် ဆိုင်ကယ် ဖြင့် တစ်ဦးတည်းပြန်လာစဉ် အသင့်စောင့်ဆိုင်းနေသော သဲ ကုန်းမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သားက ပြည်မြို့သို့

၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရန် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတွင် ပါရှိ

 ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်ဥပဒေမူကြမ်း တွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ တို့အား အတိုက်အခံအင်အားစု များ လိုလားသည့်အတိုင်း ပြင် ဆင်ပေးထားကြောင်း သတင်းရရှိ သည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မိဘ နှစ်ပါးနှင့် ကိုယ်တိုင်က နိုင်ငံသား ဖြစ်လျှင် သမ္မတအဖြစ် ရွေးချယ် ခံနိုင်သည်ဆိုသည့် သတ်မှတ် ချက်အတိုင်းသာ ပြင်ဆင်ထား ကြောင်း သိရသည်။

ဦးတေဇဖြေရမည့် မေးခွန်းများ

ဦးတေဇက မိုးကုတ်မြို့နယ်တွင် ယူရေနီယံသတ္တုများ တွေ့ရှိထားကြောင်းနှင့် ၎င်းကိုယ်တိုင် ယူရေနီယံ ဟုတ်၊ မဟုတ် စမ်းသပ်ကိုင်တွယ်ရင်း ဓာတ်ရောင်ခြည်သင့်နေ ကြောင်း ဇန်နဝါရီ ၁၉ ရက် ညနေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)

ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်း ဘတ်ဂျက်၏ ၁၃ ရာခိုင်နှုန်းထက် မနည်းစေရဟု ဥပဒေမူကြမ်းတွင် သတ်မှတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်းအသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းထက် မနည်းစေရဟု
နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲခြင်း တင်ပြခြင်းဆိုင်ရာ ဥပဒေ (အကြမ်း) ၌ ကန့်သတ်ချက်အဖြစ် သတ်မှတ်ထားသည်ဟု ဇန်နဝါရီ ၁၆ ရက်ထုတ် နိုင်ငံတော်ပြန် တမ်းတွင် ဖော်ပြထားသည်။

School-1
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရမည)၊ မဇ္ဈိမ) မြန်မာနိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေးဏ္ဍ၌ အစိုးရအသုံးစရိတ်သည် အစဉ်အဆက်နည်းပါးခဲ့ပြီး ယုခုဥပဒေပြဋ္ဌာန်းပြီးပါက အသုံးစရိတ် နှစ်ဆကျော် တိုးမြင့်လာမည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများနှင့်အတူ လမ်းတစ်လျှောက်ရှိ ဒေသခံများပါ ပူးပေါင်းပါဝင်ဆန္ဒပြလာ

နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြင်စည်ကျေးရွာမှ ဒေသခံပြည်သူများ ကျောင်းသားများနှင့်အတူ လိုက်ပါလာသည်ကို ဇန်န၀ါရီ ၂၄ ရက်က တွေ့ရစဉ်

အလေးကတ္တားများနှင့် အစိုဓာတ်တိုင်း ကိရိယာများ မမှန်မကန် အသုံးချမှုကြောင့် တောင်သူများ နစ်နာနေ

ရန်ကုန် (မဇ္ဈိမ)။ ။ အလေးချိန် ကတ္တားများနှင့် အစိုဓာတ်တိုင်းတာရေး ကိရိယာများကို မမှန်မကန် အသုံးချမှုကြောင့် တောင်သူနှင့် ကုန်သည်များ နစ်နာမှုများဖြစ်ပေါ်နေကြောင်း စိုက်ပျိုးရေးပညာရှင်များနှင့် ဆန်စပါးလုပ်ငန်းရှင်များက ပြောသည်။

Farmer-2
ဧရာဝတီတိုင်းအတွင်း ရိတ်သိမ်းပြီးစပါးများကို ခြွေလှေ့နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) သုံးစွဲသူများအလိုကျ အလေးကတ္တားနှင့် အစိုဓာတ်တိုင်း ကိရိယာများကို ရောင်းချသူများက ပြုလုပ်ပေးနေသောကြောင့် တောင်သူများ နစ်နာမှုများရှိနေခြင်း ဖြစ်သည်။

မျိုးစောင့်ဥပဒေကြမ်းများကို အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ပြင်းထန်စွာရှုတ်ချ

အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ်။ ကော်မရှင်အဖွဲ့ဂင်အချို့သည် ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လေ့လာခဲ့ဖူးသည် (ဓာတ်ပုံ− twitter)

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 ကျောင်းသားဝတ္တရား

ကျောင်းသားများသည် အရာအားလုံးအတွက် သိုလှောင်ထားသော အရန်အင်အားများဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ကျောင်းသားများသည် မရှိမဖြစ်အရေးပါပြီး အလွန်အင်အားကြီးမားသည်။ ကျောင်းသားများအနေဖြင့် ယင်းကိုသိမြင်ရန် လိုအပ်ပြီး လူ့အဖွဲ့အစည်းအတွင်း သင့်လျော်သည့်နေရာမှ ပါဝင်ရန် အပြည့်အဝ ပြင်ဆင်မှုပြုလုပ်ရန် လိုအပ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝ၌ပင် “ကျောင်းသားဝတ္တရား” ဟူသည့် ဆောင်းပါးကို ရေးသားခဲ့သည်။ ယင်းဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက

သာပေါင်းမြို့နယ်တရားရုံးတွင် တပ်မတော်မှ တရားစွဲဆိုထားသည့် မြေသိမ်းခံတောင်သူများအနက်မှ တောင်သူ ၁၀ ဦးအား ထောင်ဒဏ်အသီးသီး ချမှတ်

သာပေါင်းမြို့နယ်တရားရုံးတွင် တိုင်းဗဟိုလေ့ကျင့်ရေး (၆) တပ်မှ ဂုံမင်းအုန်းပင်စု ကျေးရွာရှိ တောင်သူ ၄၇ ဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ များဖြင့် အသီးသီးတရားစွဲဆိုခဲ့ပြီး တရားစွဲဆိုခံထားရသည့် တောင်သူများအနက်မှ မူလပိုင်ရှင်တောင်သူ ၁ဝ ဦးကို ဇန်နဝါရီ ၂၃ ရက်က ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း နစ်နာသူတောင်သူ မိသားစုဝင်များမှ ဇန်နဝါရီ ၂၄ ရက်က ပုသိမ်မြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

ဂုံမင်းအုန်းပင်စုကျေးရွာတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့ ၁၃ ခုမှ မူလပိုင်ရှင်တောင်သူ များပိုင်ဆိုင်သော လယ်ယာမြေ ဧက ၁၅ဝဝ ကျော်ကို ၁၉၉၇-၉၈ ခုနှစ်များတွင် တပ်မတော် စားနပ်ရိက္ခာဖူလုံရေး

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ထူးခြားမှုမရှိသေးကြောင်း သိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေပြီး ထူးခြားမှုမရှိသေးကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

“စစ်နေတုန်းပဲ ရှိပါသေးတယ်။ သံသယဖြစ်တဲ့သူတွေကို စစ်နေတာပါ။ ပြည့်ပြည့်စုံစုံ ပြောလို့မရသေးပါဘူး” ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။

ထို့အပြင် စစ်ဆေးမှုနှင့် ပတ်သက်ပြီး သံသယရှိသူများအနက် ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးမျှ မရှိသေးကြောင်း သိရသည်။

တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအား အဂတိလိုက်စားမှုပုဒ်မဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား

ခရိုင်တရားသူကြီး (၂) ဦးရွှေမှ အမိန့်ချမှတ်သည်ကို မကျေနပ်သောကြောင့် တောင်ငူခရိုင်တရားရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ ဖြေရှင်းပေးနေသည်ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)