Tuesday, October 7, 2014

အကျဉ်းသား သုံးထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

သီတင်းကျွတ်ကာလမှာ နိုင်ငံခြားသား ငါးဆယ်ကျော် အပါအဝင် အကျည်းသား ၃၀၇၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ လူသားချင်း စာနာထောက်ထားမှု တို့ကို အလေးပေးသောအားဖြင့် အကျဉ်းသားတွေကို အောက်တိုဘာလ ၇ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတာလို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသူတွေထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၁၅ ဦး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတွေကို ရှေးရှုပြီး နိုင်ငံခြားသား အကျဉ်းသား ၅၈ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment