Tuesday, October 7, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအတွက် မျှော်လင့်ချက်မဲ့နေဟု ရှင်းလင်းပွဲတွင်ပြော

သူသူထက်လွင် ၊ ရန်ကုန်၊ အောက်တိုဘာ ၄-
ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွား သော တောင်တက်သမားနှစ်ဦးမှာ မျှော် လင့်ချက်မရှိသလို ဖြစ်နေကြောင်းနှင့် အဆက်အသွယ်ပြတ်ေ တာက် သွားသော ရဟတ် ယာဉ်အား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်က ပြုလုပ်သော ထူးဖောင်ဒေးရှင်း၏ ခါကာ ဘိုရာဇီ ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သော အီတလီနိုင်ငံမှ ကျွမ်း ကျင်ရှာဖွေရေးအဖွဲ့၏ အတွေ့အကြုံရှင်း လင်းပွဲတွင် ထူးဖောင်ဒေးရှင်းမှ CEO ဦးပေါ်မြင့်ဦးက ပြောခဲ့ခြင်းဖြစ်သည်။

''ပျောက်ဆုံးသွားတဲ့ တောင်တက် သမားနှစ်ဦးရဲ့ အခြေအနေကတော့ အီတ လီက ရှာဖွေကယ်ဆယ်ရေးကပ္ပတိန် ပြော သွားသလိုဘဲ တစ်လကျော်ရှိပြီ ဆိုတော့ မျှော် လင့်ချက်က သိပ်မရှိသလို ဖြစ်နေပါပြီ။ သူ တို့မိသားစုကတော့ ပူတာအိုမှာဘဲ ရှိနေ ပါတယ်။ ရာသီဥတုကတော့ တောင်ပေါ် မှာ ဘယ်လိုမှ ရှာလို့မရတဲ့ အခြေအနေဖြစ် ပါတယ်။ ဟယ်လီကော်ပလာကိစ္စကေ တာ့ လောလောဆယ်မှာ နှစ်ရက်လောက် Maintainess ပြင်ဆင်ထိန်းသိမ်း တာတွေ လုပ် ပြီး လေယာဉ်မှူးတွေ ခေတ္တနားပြီးတာနဲ့ ဆက်လက် ရှာဖွေသွား ဖို့ရှိတယ်''ဟု ဦးပေါ် မြင့်ဦးက ဆက်ပြောသည်။
ပျောက်ဆုံးသွားသော တောင် တက်သမားနှစ်ဦးထက် ရဟတ်ယာဉ်ပေါ် တွင် ပါသွားသော လေယာဉ်မှူးနှစ်ဦးနှင့် လမ်းပြလူငယ်တစ်ဦးမှာ အသက်ရှင်ရန် အ ခွင့်အရေးများသောကြောင့် ရှာဖွေကယ် ဆယ်ရေးအဖွဲ့များမှ ဦးစားပေး ရှာဖွေလျက် ရှိကြောင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း၊ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အဖွဲ့မှ သိရသည်။
''ရေခဲတွေက ၁၅ ရက် နောက် ပိုင်းမှာ လေး၊ ငါးပေလောက်ထိ ဖုံးလာတယ်။ ရှာဖွေတဲ့သူတွေ အခက်အခဲရှိလာတဲ့ အ တွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ တစ်စုံတစ်ခု ထိခိုက်အန္တရာယ် မကြုံ တွေ့စေချင်တဲ့အတွက် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသင့်၊ မသင့် ပြန် လည်သုံး သပ်နေပါတယ်''ဟု သဘာဝခေါ် သံဖောင်ဒေးရှင်း၊ တက္ကသိုလ်များ ခြေလျင် နှင့်တောင်တက်အဖွဲ့ အတွင်းရေးမှူး ဦးထွန်း လှအောင်က ပြောသည်။
ထူးဖောင်ဒေးရှင်း၏ ကမ်းလှမ်း မှုဖြင့် အီတလီနိုင်ငံသား လေယာဉ်မှူးများ မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပျောက်ဆုံးသွားသော တောင်တက်သမားနှစ်ဦး၏ ခြေရာများနှင့် တောင်တက်လမ်းကြောင်းများကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း လေယာဉ်နှင့် ပတ် သက်သည့်အရာများ ရှာဖွေတွေ့ရှိခြင်း မရှိ သေးကြောင်း သိရသည်။
''တောက်တက်သမား နှစ်ဦးရဲ့ ခြေရာတွေ၊ တက်သွားတဲ့ လမ်းကြောင်းတွေ ကို ပုံမှာပြထားတဲ့အတိုင်း တွေ့ခဲ့ရတယ်။ ရဟတ်ယာဉ်ကိုတော့ မတွေ့ရဘူး။ ရဟတ် ယာဉ်ရှာဖွေရေးမှာ တောထဲက သစ်ပင်၊ သစ် တော ဖုံးလွှမ်းနေ တဲ့အတွက် ရှာဖွေရခက် ခဲပါတယ်''ဟု အီတလီနိုင်ငံသား ရဟတ် ယာဉ်မှူး Mr. Rosati Piergiorgio က ပြောသည်။
လက်ရှိအခြေအနေတွင်ခါကာဘိုရာဇီတောင်ထိပ်သို့တက်ရောက်ခဲ့သော တောင် တက်သမားနှစ်ဦးနှင့် အဆက်အ သွယ် ပြတ်တောက်သွားသည်မှာ ရက်ပေါင်း ၃၄ ရက် ကြာမြင့်ပြီဖြစ်ပြီး တောင်တက်သ မားနှစ်ဦးနှင့် ပတ်သက် သည့် ကျောပိုးအိတ် နှစ်လုံးကို တွေ့ရှိရသော်လည်းအဆက်အသွယ် ပြတ်တောက် သွားသော ရဟတ်ယာဉ် မှာ ပျောက်ဆုံးချိန် ရက်ပေါင်း ၆ ရက် ကြာ မြင့်နေပြီဖြစ်သော်လည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
Flower News Journal, Vol-10, No.29 (13-Oct - 2014)
====================================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com

No comments:

Post a Comment