Tuesday, October 7, 2014

ပျောက်ဆုံးရဟတ်ယာဉ်တွင် လိုက်ပါသွားသူများ ပြန်တွေ့ပြီ

ရန်ကုန်- တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ် ပျောက်ဆုံးသွားသော B4ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးသည် ၎င်းတို့အား ရှာဖွေမှုပြုလုပ်နေသည့် ထူးဖောင်ဒေးရှင်းထံ ပျောက်ဆုံးပြီး ၁၀ရက်မြောက်နေ့တွင် ဆက်သွယ်မှုပြုလုပ်လာကြောင်းထူးဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။

 ‘‘ဦးရွှေရင်တော်ကြီးနဲ့အတူ သုံးဦးလုံးကို ယနေ့ညနေ ၄ နာရီကပြန်တွေ့ပါပြီ။ အခုလောလောဆယ် နောင်မွန်မြို့နယ်က လန်ကာကျေးရွာမှာ ရောက်နေပါတယ်။ သူတို့ရှိနေတဲ့အကြောင်းကို ဦးရွှေရင်တော်ကြီးက ထူးဖောင်ဒေးရှင်းဂရုပ်ထဲကို မက်ဆေ့ခ်ျပို့လာတာပါ’’ဟု ကိုဖြိုးကိုကိုကပြောသည်။
ခါကာဘိုရာဇီရေခဲတောင်တွင်ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကိုရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviationမှ B4ရဟတ်ယာဉ်သည် တဟွန်းဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ရက် မွန်းလွဲ ၂နာရီ ၂၀မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။
B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူးMr.Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူးဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယကဦးတေဇ၏ ကိုယ်ရေး လက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမားဦးနမားဂျွန်ဆင်၏တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခြင်းဖြစ်သည်။
 
Credit - 7DAY DAILY

 
ဓာတ်ပုံ- Htoo Foundation/EPA

No comments:

Post a Comment