Friday, May 29, 2015

ဧရာဝတီတိုင်းတွင် ထပ်မံဖမ်းစီးမိသော လှေစီးဒုက္ခသည်များကို ဟိုင်းကြီးကျွန်းရေတပ်က ထိန်းသိမ်းထား

MOI Boat copy copy

ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းဖျာပုံခရိုင်တွင် ဖမ်းဆီးမိသော  လှေစီးရွှေ့ပြောင်းသွားလာသူများကို ဟိုင်းကြီးကျွန်းရေတပ်ကထိန်းသိမ်းထားပြီး မေ ၃၀ရက်တွင် တိုင်းဒေသကြီး လ.၀.က ကစိစစ်မည်ဟု ဟိုင်းကြီးကျွန်းလ.ဝ.က မှူး ဦးအောင်တိုးက မဇ္ဈိမကိုပြောသည်။

တအာင်းတိုင်းရင်းသား ညီလာခံတွင် တအာင်းတပ်ကို ဖိတ်ခွင့်မရ၍ ရက်ရွှေ့လိုက်ရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ယခုလကုန် ကျင်းပမည့် ပလောင်(တအာင်း) တိုင်းရင်းသားများ ညီလာခံသို့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အား မဖိတ်ခေါ်ရန် အစိုးရက ပြောဆိုလားသဖြင့် ညီလာခံ ကျင်းပရေး ရွှေ့ဆိုင်းလိုက်ရသည်ဟု ညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မိုင်းမျိုးအောင်က ပြောသည်။

ညီလာခံ ကျင်းပရေးကော်မတီ၏ လုပ်ငန်းများ မပြီးပြတ်သေးသလို၊ TNLA အဖွဲ့အား ဖိတ်ကြားခြင်း မပြုရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)က ပြောဆိုခြင်းတို့ကြောင့် ညီလာခံ ရွှေ့ဆိုင်းလိုက်ရသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လှေစီး ဒုက္ခသည်များကို တင်ဆောင်သည့် မြန်မာနိုင်ငံသားများကို တရားစွဲဆိုထား

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဖမ်းဆီးမိသော လှေစီးဒုက္ခသည်များကို တင်ဆောင်လာသူများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို တရားစွဲဆိုထားသည်ဟု လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေး ရခိုင်ပြည်နယ် တာဝန်ခံ ဒုရဲမှူး ကျော်ညွှန့်က မဇ္ဈိမကိုပြောသည်။

လှေစီးရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို ဒုရဲမှူးကျော်ညွှန့်က တရားလိုပြုတိုင်ကြား ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၄/၃၇၁/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူထားသည် ဟုဆိုသည်။

"လှေနှစ်စီးကိုမောင်းလာတဲ့ သူနှစ်ဆယ်က တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းဘက်က  ဖြစ်ပါတယ်၊ လှေပိုင်ရှင် တစ်ယောက်ကတော့ တနင်္သာရီ

အမေရိကန်က လှေစီးရွှေ့ပြောင်းသူ ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအရေး ကူညီသွားမည်

Bangkok Meeting

အိန္ဒိယသမုဒ္ဒရာအတွင်းဖြစ်ပွားနေသည့် လှေစီးရွှေ့ပြောင်းသူများအရေး ဖြေရှင်းရာ၌ ကူညီပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး အန်းရစ်ချတ်က ယနေ့ပြောဆိုလိုက်သည်။

ဘာသာကိုးကွယ်မှုဦးရေစာရင်း နှင့် လူမျိုးဦးရေကို ၂၀၁၆ နှစ်ဆန်းပိုင်းမှသာ ထုတ်ပြန်မည်

President at Population ceremonyPT MICC 2. copy
မြန်မာ့နောက်ဆုံးလူဦးရေစာရင်း ထုတ်ပြန်သည့် အခမ်းအနားကို မေ ၂၉ရက်က နေပြည်တော်တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း)

လော်ခီးလာညီလာခံ RCSS တက်ရန် ဝန်ကြီးဦးအောင်မင်းတိုက်တွန်း

Aung Min   Ywutt Sit copy copy
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တွေ့ဆုံမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ)

သိမ်းဆည်းခံ လယ်ယာမြေရရှိရေးအတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှု ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ပွား

 ရန်ကုန်၊ မေ ၂၄

ဦးသိန်းစိန် ခေါင်းဆောင်သည့် ယခုအစိုးရ လက်ထက်တွင် သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး အတွက် အားကိုးရာမရှိ၊ တိုင်စရာ မရှိသည့်အတွက်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကွမ်းလုံ ကျေးရွာအုပ်စု၊ ရေပူရွာတွင် နေထိုင်သူ တောင်သူ ဦးမြင့်အောင်သည် စိတ်ထိခိုက်ကာ ၎င်းကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်မှ မူဝါဒရေးရာ တာဝန်ခံ ကိုဇော်ရမ်းက မေ ၂၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကွမ်းလုံကျေးရွာအုပ်စု၊ ရေပူရွာ တွင် နေထိုင်သူ တောင်သူ ဦးမြင့်အောင်သည် သိမ်းဆည်းခံထားရသော လယ်မြေပေါ်၌ သီးစားခပေးကာ စိုက်ပျိုးခွင့် ရရှိထားသော ၎င်းပိုင်မြေပေါ်တွင် ပြောင်းပင်များ စိုက်ပျိုးထားရာ မေ ၂၁ ရက်တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရပခ (တောင်ကြီး)မှ စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်နှင့်အဖွဲ့က ပြောင်းပင်များအပေါ် အဆောက် အအုံ ဆောက်ရန်အတွက် ဆိုကာ သစ်နှင့်သွပ်များ လာရောက်ပုံခဲ့သည်။ ယင်းကိစ္စနှင့်

အမျိုးသားပညာရေး ဥပဒေအတွက် ထောင်ကျခံ လုပ်ဆောင်ခဲ့သူ ဗကသကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့်အတူ ရပ်တည်ကြောင်း အမေရိကန်သမ္မတဟောင်း စာပို့

ရန်ကုန်၊ မေ ၂၆

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ရာမှ အကျဉ်းချခံထားရသည့် ဗကသ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ၎င်း၏လုပ်ဆောင်မှုအပေါ် မိမိတို့ ထောက်ခံ ရပ်တည်ကြောင်းကို အမေရိကန် သမ္မတေ ဟာင်း ဂျော့ဒဗလျူဘုရှ်က မေလ ၁၄ ရက် ရက်စွဲဖြင့် စာပေးပို့ ခဲ့ကြောင်း မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်း က မေလ ၂၆ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါပေးစာကို ဖမ်းဆီးခံ ကျောင်းသားများ ရုံးထုတ်သည့် မေလ ၂၆ ရက်တွင် မဖြိုးဖြိုးအောင်ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစာတွင် မဖြိုးဖြိုးအောင်တို့ မကြာခင် လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း လည်း ထည့်သွင်း ရေးသားထားပြီး ယင်းစာနှင့်အတူ လက်ဆောင် ပစ္စည်းများလည်း ပါရှိသည်။

ရိုဟင်ဂျာမွတ်စလင်ဆိုသူများအရေး မြန်မာကိုကွက်၍မဝေဖန်ရန် မြန်မာပြောကြား

ဘန်ကောက်၊ မေ ၂၉ ။         ။ မြန်မာနိုင်ငံ၏ ကမ်းခြေများမှ ရိုဟင်ဂျာမွတ်စလင်ဆိုသူများ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း၏ အကြောင်းအရင်းကို ကိုင်တွယ်ဖြေ ရှင်းရန်တောင်းဆိုခံရပြီးနောက် 
 မြန်မာကကုလသမဂ္ဂကို မေ၂၉က ပြင်းထန်စွာဝေဖန်လိုက်ပြီး နိုင်ငံတကာဆွေးနွေးပွဲများတွင်မြန်မာကိုကွက်၍
 ဝေဖန်ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။

nkjvfsvnkfjvsikhvnkjhv

စီမံကိန်းပိုလျှံမြေများကို လယ်ထွန်ခွင့် ဒေသခံများ ဝမ်ပေါင်နှင့် ဆွေးနွေးမှု မအောင်မြင်

ရန်ကုန် (မဇ္ဈိမ) ။ ။.လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လယ်ယာမြေ လျှော်ကြေးငွေယူမထားသည့် ပိုလျှံလယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုးခွင့် ရရန် ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မေလ ၂၈ ရက်က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီက ခွင့်မပြုခဲ့ဟု သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေသခံတောင်သူများက မဇ္ဈိမကိုပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျှော်ကြေးမယူဘဲ သီးနှံလျှော်ကြေးသာရယူထားသည့် တောင်သူများ၏ ကိုယ်စားလှယ်အဖြစ် တစ်ရွာလျှင် တစ်ယောက်နှုန်း တွေ့ဆုံဆွေးနွေးရန် မေလ ၂၇ ရက်က ဝမ်ပေါင်ကုမ္ပဏီက အကြောင်းကြားလာသဖြင့် တောင်သူကိုယ်စားလှယ် ၆ ဦးက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိရေး ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ပြဋ္ဌာန်းမှုအတွက် ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူများ စိုးရိမ်

ဂျီနီဗာ (၂၇ မေ ၂၀၁၅) ။        ။  အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းသည့် ဥပဒေကြမ်းလေးခုအနက် ပထမဆုံးဥပဒေကြမ်းဖြစ်သည့် လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိရေး ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ (Population Control Healthcare Bill) ကို ပြဋ္ဌာန်းလိုက်သည်ကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားလိုက်ကြသည်။

vmfdklbmonhjmfgklnf

ယင်းဥပဒေများမှာ အမျိုးသမီးများအပါအ၀င် လူနည်းစု လူမျိုးနှင့် ဘာသာရေးကိုသာ ဆိုးရွားစွာ ခွဲခြားဆက်ဆံခြင်းဖြစ် သည်ဟုလည်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အတွင်း ပြောဆို ထားခြင်းဖြစ်သည်။

ကျူးကျော်ယာဉ်လိုင်းအဆောက်အအုံနှင့် (မ.စ.က)၏ လုပ်ဆောင်ချက်များ အပေါ် မကျေနပ်၍ တိုင်းဒေသကြီး အစိုးရထံသို့ တိုင်ကြား

ဖျာပုံ၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အဝေးပြေးကားဝင်း၌ ခွင့်ပြုချက်မဲ့ကျူးကျော် မော်တော် ယာဉ်ဂိတ် အဆောက် အအုံဆောက်လုပ်ခြင်း၊ ရပ်ဆိုင်းထားသော ယာဉ်လိုင်းများအမည်ခံ၍ ကားဂိတ်များရယူ ထားခြင်း၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ (မ.စ.က) ဥက္ကဋ္ဌ နှင့်နီးစပ်သော ယာဉ်လိုင်းတာဝန်ရှိသူအချို့က သတ်မှတ်စည်းကမ်းများကို လိုက်နာမှုမရှိဘဲ အုပ်စုဖွဲ့ဆောင် ရွက်နေခြင်းတို့အပေါ်တွင် လက်မခံနိုင်သော ယာဉ်လိုင်း များနှင့် တာဝန်ရှိသူများစုပေါင်း၍ တိုင်းဒေသကြီး အစိုးရထံသို့ တိုင်ကြားထားကြောင်း ဖျာပုံကားဝင်းမှ ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးထွန်းလှိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

တိုင်ကြားစာတွင် ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၏ မလျော်သြဇာသုံးစွဲမှုနှင့် ယင်း၏ အကျိုးတူစီးပွားဖက်လုပ်ကိုင်နေသော ဂိတ်မှူးများက အုပ်စုဖွဲ့

သံတွဲချောင်းတွင် ဘင်္ဂါလီ ဆယ့်တစ်ဦး ဖမ်းမိ

h 51943337 copy

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့နယ်ခွဲအနီးတွင် စက်လှေများဖြင့် မိသားစု လိုက်ရွှေ့ပြောင်းလာကြသော ဘင်္ဂါလီ ၁၁ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောသည်။

Thursday, May 28, 2015

မေ ၂၉ တွင် နေပြည်တော်၌ သန်းကောင်စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်မည်

Election

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော် Myanmar International Convention Centre II ၌ မေလ ၂၉ ရက်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်း ပင်မအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်း အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား တောင်းပန်သည့် ပေးစာ

မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ နေပြည်တော်နယ်မြေမှ ဦးဆန်းအောင် (အမည်လွဲ)က မေးလ်နဲ့ ပို့လာတဲ့ စာတစ်စောင်ကို ဖော်ပြပေးဖို့ ရွေးချယ် ထားပါတယ်။ ရေးသားပေးပို့ခဲ့သူဟာ ပြည်ထဲရေး ဝန်ကြီးရုံးမှ ဝန်ထမ်း တစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့အတွင်း၊ အမြဲတမ်း အတွင်းဝန်များ ခန့်ထားတာနဲ့ ပတ်သက်လို့ သူ့အမြင်နဲ့ သူခံစားချက်ကို ရေးခဲ့တာဖြစ်ပါတယ်။

သူတို့ဌာနမှာ အလုပ်နဲ့ လူအင်အားမမျှလို့ လက်အောက်ဦးစီးဌာနက ဝန်ထမ်းတွေကို တွဲဘက်ခေါ်ပြီး အလုပ်လုပ်ကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ထဲရေးအတွင်းဝန်ရုံးသာ ဖွင့်နိုင်ခဲ့ရင် အင်အားများလာပြီး အလုပ်တွေ လုပ်ကိုင်ရတာ အဆင်ပြေချောမွေ့မယ်လို့ ထင်ခဲ့တယ်လို့ ပြောပါတယ်။ မတ်လ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အမြဲတမ်း

သမ္မတကြီးလည်း ဝင်ပါ၊ ကျန်သူတွေလည်း ဝင်နိုင်ပါစေ

သမ္မတ ဦးသိန်းစိန်သည် သမ္မတသက်တမ်း နောက်တစ်ကြိမ် ဆက်လက်ထမ်းဆောင်မည်၊ မထမ်းဆောင်မည်မှာ ယနေ့တိုင် ယတိပြတ် မသေချာသေးပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်ရသည် မဟုတ်ဘဲ ပြည်သူ့ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များမှတစ်ဆင့် ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်သောကြောင့်ပင်။ သို့ရာတွင် လွှတ်တော်ကို ကြီးစိုးနိုင်သော အာဏာရပါတီမှ ပါတီခေါင်းဆောင်၊ သို့မဟုတ် အာဏာရပါတီ၏ နှစ်လိုသူတစ်ဦးသည် သမ္မတဖြစ်လာဖွယ် ရှိသည်။

ထို့ကြောင့် သမ္မတကိုယ်တိုင်က သမ္မတအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်လိုပါသည်ဟု ပြောစေဦးတော့၊ သူ့ကို လွှတ်တော်တစ်ရပ်ရပ် သို့မဟုတ် တပ်မတော်က သမ္မတလောင်းအဖြစ် မရွေးချယ် ခဲ့လျှင် သမ္မတဖြစ်လာမည် မဟုတ်တော့ဘဲ သမ္မတဖြစ်လာသူက

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ယခင်အစိုးရ အဖွဲ့ဝင်များကို ဇွန်လအတွင်း တရားစွဲမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ယခင် အစိုးရဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န ၀ တ) နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န အ ဖ) အဖွဲ့ဝင်များကို ဇွန်လအတွင်း တရားစွဲမည်ဖြစ်သည်ဟု မေလ ၂၇ ရက်က ထုတ်ပြန်ကြေညာသည်။

1990-Election-All-Party-and-Golden-Jubilee
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကို မေလ ၂၇ ရက် နေ့လည်က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒသာန် ခန်းမတွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

မြန်မာနိုင်ငံရှိ လူနည်းစု မွတ်ဆလင်များအရေး အထူးစိုးရိမ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိဖြစ်ပွားနေသည့် အိန္ဒိယသမုဒ္ဒရာအတွင်း လှေများဖြင့် ရွေ့ပြောင်းသွားလာနေသူ မွတ်စလင် အမြောက်အများမှာ အစာရေစာနှင့် သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရသည်မှာ စိတ်ပူပင်စရာကောင်းကြောင်း မေလ ၂၆ ရက်စွဲဖြင့် ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Pakistan-s
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာဆိုသူ မွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့်နှင့် အခြားအခွင့်အရေးများအတွက်  အာမခံပေးရန်
လိုအပ်ကြောင်း ၂၀၁၅ မတ်လက ဂျနီဖာတွင် ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီ၏ ၂၈ ကြိမ်မြောက် ဆွေးနွေးပွဲ၌ပါကစ္စတန်က အခိုင်အမာပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အင်န်အယ်လ်ဒီနှင့် ၈၈ အရှိန်မြှင့် ဆောင်ရွက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု မေ ၂၇ ရက်တွင် ပြုလုပ်သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် နှစ်ဘက်စလုံးက ပြောကြားလိုက်သည်။

Election-Press-Conferenc-and-NLD-Party-06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းပွင့်) တို့၏ နိုင်ငံရေး ပူးတွဲကြေညာစာတမ်း သတင်းစာရှင်းလင်းပွဲကို မေလ ၂၇ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

မန္တလေးမြို့ အခြေပြုကာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်ပေါ်နေ

မန္တလေး (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ဖြစ်စဉ်များတွင် မန္တလေးမြို့ကို အခြေပြု၍ ဖြစ်ပွားလျက် ရှိသည်ဟု အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မန္တလေး)မှ ရဲမှူး ဖေသိန်းကျော်က ပြောသည်။

မန္တလေးတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် မန္တလေးနှင့် မူဆယ် လမ်းကြောင်းကို အဓိက အသုံးပြုပြီး မန္တလေး၊ ဗန်းမော်၊ လွယ်ဂျယ် လမ်းကြောင်းကိုလည်း အသုံးပြုသူများ ရှိသည်ဟု ရဲမှူး ဖေသိန်းကျော်က ဆိုသည်။

တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံများသို့လည်း လူကုန်ကူးနေကြရာ ထိုင်းနိုင်ငံသို့ မန္တလေး၊ ပဲခူး၊ သထုံ၊ ဘားအံ၊ မြဝတီ လမ်းကြောင်းနှင့် မန္တလေး၊ ရန်ကုန်၊ ကော့သောင်း လမ်းကြောင်း၊

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် မြန်မာနိုင်ငံရှိ ဥပဒေ အကာအကွယ်အောက် မရှိသည့် လုပ်ငန်းခွင်မှ လုပ်သားများအကြောင်း ဆွေးနွေးမည်


ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် မြန်မာနိုင်ငံရှိ ဥပဒေအကာအကွယ် အောက် မရှိသည့် လုပ်ငန်းခွင်မှ လုပ်သား အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ အလုပ်သမား အကြံပေး ကိုယ်စားလှယ်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကို တက်ရောက်မည့် ဒေါ်ခိုင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

အကြိမ် ၁၄၀ မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ကို ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာ မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့  (ILO) အခြေစိုက်ရုံးချုပ်တွင် ဇွန်လ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဒေါ်ခိုင်ဇာအောင်က “နိုင်ငံတကာက အလုပ်သမားရေးရာတွေ ဆွေးနွေးမယ်ဆိုပေမယ့် မြန်မာနိုင်ငံက လက်ရှိကြုံနေတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးသွားလို့ ရတယ်။ ထပ်ပြီး ဘယ်လိုနည်းလမ်း တွေက ကောင်းမလဲဆိုတာ အကြံပြုလို့ရတယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံသို့ RCSS/SSA မတက်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ခြောက်လပတ် အစည်းအဝေး ရှိနေခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် မဟုတ်ခြင်းတို့ကြောင့် လော်ခီးလာတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်းက ပြောသည်။

၎င်းက “ဗဟိုကော်မတီဝင်တွေက မတက်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းပြန်စာထဲမှာက အကြောင်းအမျိုးမျိုးကြောင့် ဆိုပြီးတော့ဖော်ပြထားတယ်။ သိရသလောက် ဗဟိုကော်မတီဝင်တွေရဲ့
 ဆုံးဖြတ်ချက်က NCCT နဲ့ UPWC တို့ အတည်ပြုထားတဲ့ NCAမူကြမ်းကို ဒီညီလာခံမှာ NCCT အဖွဲ့ဝင်တွေက ပြန်လည် ညှိနှိုင်းဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ဒီရရှိလာတဲ့ NCA မူကြမ်းကို

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့ကို ကျောက်တံတား တရားရုံးတွင် ရုံးထုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်မှုများဖြင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ တို့ကို ပုဒ်မ ၁၈  နှစ်မှုစီဖြင့် မေ ၂၇ ရက်၊ နံနက်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု ကျောက်တံတားမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

Nay-Myo-Zin-1
လက်ပံတောင်း စီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအဝင် ငါးဦးကို ဒဂုံမြို့နယ်တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌ ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူများက ကျေနပ်မှု မရှိဟုဆိုကာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

အပစ်ရပ်စာချုပ်ကို ထောက်ခံဆွေးနွေးရန် အင်န်စီစီတီနှင့် ယူပီဒဗ္ဗလျူစီ တွေ့မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ အပစ်ရပ် စာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားတို့ ဆွေးနွေးမှုများကို   ထောက်ခံဆွေးနွေးသောအားဖြင့်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ   (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မေလ ၂၈ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wangturn Resort တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ် ငန်းဗဟိုဌာန (MPC) မှ တွဲဖက်ညွှန်ကြားရေးမှူး  ဦးညိုအုန်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း(NCA) နှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ ဆွေးနွေးနေမှုကို လာရောက်ထောက်ခံဆွေးနွေးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်  မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးခြင်းဖြစ်သည်ဟု MPC မှ   ဦးညိုအုန်းမြင့်က ပြောသည်။

လှေစီး ဒုက္ခသည် ၂၀၀ မှာ မိမိနိုင်ငံသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် အတည်ပြု ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ လှေစီး ဒုက္ခသည် ၂၀၀ မှာ မိမိနိုင်ငံသားများ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်  မိုဟာမက် မဟာဘူရာမန်က တစ်ဦးချင်း စစ်ဆေးပြီးနောက် အတည်ပြုလိုက်ပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးက မဇ္ဈိမကို ပြောသည်။

Boat-Riders-Refugee
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်များ တာချီလိတ်တွင် ဖမ်းမိ

ရန်ကုန် (မဇ္ဈိမ)။ ။ ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ် မေ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နေပြည်တော် မူးယစ်တပ်ဖွဲ့၊ တာချီလိတ် မူးယစ်တပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ၀မ်လုံးအုပ်စု၊ လွယ်စတုံ(အပေါ်) ရွာတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးလီရှား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင် ဆေးပြား ၄,၅၄၆ ပြား၊ တန်ဖိုးငွေကျပ် ၁၁၃ သိန်းကျော်ဖိုး သိမ်းဆည်းရမိခဲ့သည်။

နေပြည်တော် ဇမ္ဗူသီရိမဲစာရင်းတွင် ကြားဖြတ်ရွေးကောက်ပွဲထက် လူ ငါးသောင်းကျော် လျော့နည်းဟု ၎င်းမြို့နယ်အမတ် ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော နေပြည်တော် ရှစ်မြို့နယ်ရှိ မဲစာရင်းများအရ ဇမ္ဗူသီရိမြို့နယ် မဲစာရင်းသည် အမှန်ရှိသင့်သည်ထက် လူဦးရေ ငါးသောင်းကျော် လျော့နည်းနေသည်ဟု ထိုမြို့နယ်အမတ် ဒေါ်စန္ဒာမင်းက ပြောသည်။

“နေပြည်တော် ရှစ်မြို့နယ် အတွက်ပေါ့နော် မဲစာရင်းတွေထွက်တယ်။ အဲဒီမှာ ဇမ္ဗူသီရိမြို့နယ်အတွက် ၁၆၄၇၅ ယောက်လို့ ပြောတယ်။ တကယ်တမ်းဆိုရင် ဇမ္ဗူသီရိမြို့နယ်မှာ လူဦးရေပေါင်း တစ်သိန်းကျော်ရှိတာ၊ မဲပေးနိုင်တဲ့ လူဦးရေက ခုနစ်သောင်းကျော်ရှိရမယ်။ အခုက ၁၆၄၇၅ ယောက်ပဲ ထွက်လာသေးတယ်ဆိုတော့ တော်တော်ကြီးကို ကွာနေတယ်။ အခု ရပ်ကွက်အလိုက် ကျေးရွာအလိုက် လိုက်စစ်ကြည့်တော့ အတော်အံ့သြစရာကောင်းတယ်၊ ၂၀၁၀ မှာရော ၂၀၁၂ မှာပါ မဲပေးခဲ့သူတွေက အခု၂၀၁၅ အခြေခံမဲစာရင်းမှာ ပါမလာဘူး။ ဥပမာပြောရရင် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ၀န်ထမ်းရပ်ကွက်မှာ

လွှတ်တော် သတင်းယူခွင့် ကန့်သတ်ခြင်းသည် ပြည်သူကို သတင်းအမှောင်ချ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ သတင်းယူခွင့် ကန့်သက်ချက်များ ပြုလုပ်လိုက်ခြင်းသည်
ပြည်သူကို သတင်းအမှောင်ချ ကန့်သက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မီဒီယာများကို ပြောသည်။

“ထောက်ပြဖို့ မီဒီယာတွေ တာဝန်ရှိတယ်။ မီဒီယာတွေက ပြည်သူသိဖို့အတွက် သတင်းတင်ပြဖို့ တာဝန်ရှိတယ်။ ပြည်သူသတင်း တင်ပြခွင့် တာဝန်ကို ကန့်သတ်တာဟာ ပြည်သူကို ကန့်သတ်တာ အတူတူပဲ။ ပြည်သူကို ကန့်သတ်တာ တိုက်ရိုက်အချိုးကျတဲ့ မီဒီယာကို ကန့်သတ်တာဟာ ပြည်သူကို သတင်း အမှောင်ချ တာနဲ့ သွားတူတယ်။

လှေစီးဒုက္ခသည်အရေး နိုင်ငံတကာ ဖိအားကို အစိုးရလက်မခံရန် လူ ၃၀၀ကျော် ဆန္ဒပြ

Boat copy copy
ရခိုင်ပြည်နယ်တွင် လှေစီးဒုက္ခသည်များနှင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင်  ဘင်္ဂါလီဒုက္ခသည်များ လက်ခံပေးရေးအဆိုကို ကန့်ကွက်သည့် အနေဖြင့် လူငယ်များ နှင့် သံဃာတော်များ မေလ ၂၇ ရက် မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်စဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

တရုတ်- မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည်များ စားနပ်ရိက္ခာထောက်ပံ့မှုလျော့ချခံရ၍ အခက်အခဲဖြစ်နေ

ချင်းမိုင်၊ မေ ၂၇ ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည် ငါးသောင်းခန့်အတွက် အထောက်အပံ့ပေးနေသည့် အန်ဂျီအိုများက စားနပ်ရိက္ခာ လျော့ချခဲ့သဖြင့် စားဝတ်နေရေး အခက်အခဲ ရှိနေသည်ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ၏ တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ဟိန်းဝေါမ်က မဇ္ဈိမကို ပြောသည်။

h 51081976
ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

မြန်မာနယ်စပ်အနီးက ဒုက္ခသည်ထောင်ပေါင်းများစွာကို ကျွန်းတစ်ခုသို့ရွှေ့ရန် ဘင်္ဂလားဒေ့ရှ်စီစဉ်

ဒါကာ၊ မေ ၂၇ ။        ။ မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများတွင် နှစ်များစွာနေထိုင်နေသော ရိုဟင်ဂျာဆိုသူထောင်ပေါင်းများစွာကို တောင်ပိုင်းရှိ ကျွန်းတစ် ကျွန်းသို့ နေရာချထားပေးရန် ဘင်္ဂလားဒေ့ရှ်က စီစဉ်လျက်ရှိကြောင်း အရာရှိတစ်ဦးက မေ ၂၇ တွင် ပြောကြားခဲ့သည်။

jdmyimi27e

လှေစီးဒုက္ခသည်များကို အကာအကွယ်ပေးရန် ဘန်ကောက်အစည်းအဝေးတက်မည့် နိုင်ငံ ၁၁နိုင်ငံကို AIက အိတ်ဖွင့်ပေးစာပို့

အရှေ့တောင်အာရှိ ရေပြင်တွင် မျောပါနေသည့် လှေစီးဒုက္ခသည်များကို အကာအကွယ်ပေးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် မေ ၂၉ရက်တွင် ဘန်ကောက်မြို့ ၌ အစည်းအဝေးတက်ရောက်မည့်   မြန်မာအပါအဝင် ၁၁နိုင်ငံ၏ အစိုးရများကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

Boat 22

အထူးစီးပွားရေးဇုန်အတွင်း ပြည်ပအာမခံ ကုမ္ပဏီများ လုပ်ကိုင်ခွင့်လိုင်စင် စတင်ထုတ်ပေးပြီ

နေပြည်တော်၊ မေ၂၆ ။         ။ ပြည်ပအာမခံကုမ္ပဏီများ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ရန် ယာယီလုပ်ပိုင်ခွင့်လိုင်စင်များစတင် ထုတ်ပေးနေပြီဖြစ်ပြီး အာမခံ လုပ်ငန်း လေးမျိုးအား လုပ်ကိုင်ခွင့်ပေးသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေ ၂၆ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

jkhgiufdhgidfgnogjri

Wednesday, May 27, 2015

ငါတို့ ဘယ်သူ့မြေမှ မလုဘူး

Written by  မောင်မှန်

ကိုရီးယား ချေးငွေ ဒေါ်လာ ၁၃၇ သန်းနဲ့ ရန်ကုန်မြို့တော်နဲ့ ဒလမြို့အကြား မြန်မာ- ကိုရီးယား ချစ်ကြည်ရေး တံတားဆောက်ဖို့
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလာပါတယ်။

ရန်ကုန်နဲ့ဒလ တံတားထိုးမယ်ဆိုတဲ့ သတင်းဟာ ဒီမတိုင်ခင် ကတည်းက ခဏခဏ ထွက်လေ့ရှိပါတယ်။ ဒီလိုထွက်လေတိုင်း ဒလမြေဈေးဟာ ခုန်ခုန်တက်ပါတယ်၊ နည်းနည်း ကြာသွားလို့ ဘာမှ မဖြစ်ရင် ပြန်အေးသွားပြန်ပါတယ်။ တံတားစီမံကိန်းဟေ့ဆိုရင် ခုန်တက်ပြီး စီမံကိန်း ပျက်ပြီဆိုရင် ပြန်ခုန်ဆင်းပါတယ်။ အခု ခုန်တက်ရမယ့် အလှည့်ပါ။

မည်သည့်ဘက်သို့ မျက်နှာမူကြရမည်နည်း

မကြာမီ လပိုင်းအတွင်း လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရန် သေချာသလောက် ရှိနေသည်။ အများကမူ ၂၀၁၅ ခု ကုန်ကာနီး လပိုင်းအတွင်း ကျင်းပနိုင်လိမ့်မည်ဟု ခန့်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကတော့ အနှေးနှင့်အမြန် လာတော့မည်ဖြစ်သည်။

ယင်း ရွေးကောက်ပွဲပြီးနောက် နောက်ထပ် တက်လာမည့် အစိုးရအဖွဲ့သစ်အပေါ် မိမိတို့ပြည်သူများက ကြိုတင်ဝေဖန် အကဲခတ်သည့်အလုပ်ကို လုပ်နှင့်နေကြသည်ကိုလည်း တွေ့ရသည်။ အထူးသဖြင့် နောက်တက်လာသည့် အစိုးရသည် ၂၀၁၅ မတိုင်ခင်က အစပျိုးထားခဲ့သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းများအပေါ် အောင်မြင်စွာ ဆက်လက်အကောင်အထည် ဖေါ်နိုင် မဖေါ်နိုင် ကြိုတင်ပြီး ဝေဖန် ဆန်းစစ်နေကြခြင်း ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ထွက်လာသည့်အဖြေမှာ မသေချာ မရေရာ လှချေဟု ဆိုကြသည်။

ယခုနှစ်အတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ခက်ခဲမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် အောက်တိုဘာမှ နိုဝင်ဘာ ပထမအပတ်အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုအပ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ခက်ခဲနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

Election-Information-Center-Opening-03
ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် သတင်း အချက်အလက် ဌာနဖွင့်ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရွှေလီလမ်း၌ မေလ ၂၆ ရက် မနက်ပိုင်းက ကျင်းပစဉ်။ (ဓာတ်ပုံ - Ko Wild၊ မဇ္ဈိမ)

လိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် အဆိုတော် တစ်ဦး၏ မိခင်စွဲချက်ပြင်ရန် လျှောက်ထားမှု ပယ်ချခံရ

ရန်ကုန် (မဇ္ဈိမ)။ ။ လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် နာမည်ရ အဆိုတော် တစ်ဦး၏ မိခင် ဒေါ်ဆွေဆွေအုန်းက ၎င်း၏ စွဲချက်ကို ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ထားမှု ပယ်ချခံခဲ့ရသည်ဟု တရားလိုဖြစ်သည့် မြန်မာပြည် သိန်းတန်၏ ဇနီး ဒေါက်တာ နုနန္ဒာသန်းက မေ ၂၆ ရက်၊ အနောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းအပြီးတွင် ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လက်ဝတ်ရတနာ ပစ္စည်းများ ကျပ်သိန်း နှစ်ထောင်ဖိုးနှင့် ငွေ သိန်းလေးရာ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂,၄၀၀ ကျော်ဖိုးခန့် လိမ်လည်ခဲ့သဖြင့် ဒေါ်ဆွေဆွေအုန်းကို အရေးယူပေးပါရန် ဒေါက်တာ နုနန္ဒာတင်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ငါးသောင်းခန့် ထားရန် ကော်မရှင် လျာထားဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ငါးသောင်းခန့်ထားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လျာထားသည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

Election-2008
(ဓာတ်ပုံ - အီးပီအေ)

အမျိုးသား ပညာရေး ဥပဒေတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် နှစ်ချက်စလုံးကို (မြေလတ်) ဗကသက လက်ခံမည်ဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကြမ်း အခန်း(၄) တွင် ပြဋ္ဌာန်းမည့် “အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင်” ပါဝင်ရမည့် ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးအတွက် အမျိုးသားလွှတ်တော်က “ကျောင်းသား သမဂ္ဂများ၏ ကိုယ်စားလှယ်” ဟုလည်းကောင်း၊ ပြည်သူ့ လွှတ်တော်က “ကျောင်းသားများ၏ ကိုယ်စားလှယ်” ဟုလည်းကောင်း သဘောကွဲလွဲနေခြင်းအပေါ် ဗကသများအဖွဲ့ချုပ် (မြေလတ်) မှ သဘောတူကြောင်း ဗကသများအဖွဲ့ချုပ် (မြေလတ်) အဖွဲ့ဝင် ကိုချစ်ဝင်းမောင်က နှစ်မျိုးစလုံးကို လက်ခံနိုင်သည်ဟု ပြောသည်။

“ကျောင်းသား သမဂ္ဂကိုယ်စားလှယ်နဲ့ ကျောင်းသား ကိုယ်စားလှယ် ဖြစ်နေကြတဲ့အချိန်မှာ မှန်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ အုပ်ချုပ်ရေး အဖွဲ့မှာတော့ ကျောင်းသားကိုယ်စားလှယ် ပါကို ပါရမယ်။ လက်ရှိမှာ ကျောင်းသားသမဂ္ဂက Legal မဖြစ်သေးတဲ့ အနေအထားမှာ ကျောင်းထဲက ကျောင်းသားတွေ အားလုံးကို ကိုယ်စား မပြုနိုင်သေးပါဘူး။ ဒီလို ကိုယ်စား မပြုနိုင်သေးချိန်မှာ အားလုံးပါဝင်နိုင်ဖို့ လိုတယ်။

ဖမ်းဆီးခံ ကျောင်းသားများ ရုံးထုတ်ပြီး အသက်မပြည့်သည့် ကျောင်းသားတစ်ဦး အာမခံရ

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတန်း ကျောင်းသား သပိတ်မှ ဖမ်းဆီးခံ ကျောင်းသားများကို မေ ၂၆ ရက် သာယာဝတီ တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အသက် ၁၅ နှစ်သာရှိသည့် အသက် မပြည့်ကျောင်းသား မောင်မျိုးသီဟကို မိဘလက်မှတ်ဖြင့် အာမခံပေးလိုက်သည်ဟု ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

Myo-Thi-Har
လက်ပံတန်း ကျောင်းသား သပိတ်တွင် ဖမ်းဆီးခံရသော ကျောင်းသား မောင်မျိုးသီဟကို တွေ့ရစဉ်။ (ဓာတ်ပုံ - စိုးဇေယျာထွန်း)

Tuesday, May 26, 2015

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကော်မရှင်နှင့် ကာတာ စင်တာ သဘောတူ လက်မှတ်ရေးထိုးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် စောင့်ကြည့်လေ့လာ ခွင့်ပြုရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် ကာတာစင်တာတို့ နားလည်မှု စာချွန်လွှာကို မေလ ၂၆ ရက်တွင် ရေးထိုးမည်ဟု UEC ဥက္ကဌ ဦးတင်အေးက ပြောသည်။

Election-Information-Center-Opening-09
ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် သတင်း အချက်အလက် ဌာနဖွင့်ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရွှေလီလမ်း၌ မေလ ၂၆ ရက် မနက်ပိုင်းက ကျင်းပစဉ်။ (ဓာတ်ပုံ - Ko Wild၊ မဇ္ဈိမ)

ဒလတွင် သောက်ရေခပ်သည့်ကိစ္စကြောင့် ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် အမျိုးသမီး ၁၂ ဦးကိုထပ်မံအမှုဖွင့်

ရန်ကုန် မေ ၂၆ ။       ။ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင်ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကဖြစ်ပွားခဲ့သည့်  ရေကန်တွင်ရေခပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဆဲဆိုရန်ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အတွက် အမျိုးသမီး ၁၂ ဦးကိုထပ်မံအမှုဖွင့်ထား သည်ဟု ဒလမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ခင်မောင်လွင် ကပြောသည်။

ဒလမြို့နယ်၊ ခနောင်/ရှမ်းစုကျေးရွာအုပ်စု၊ ဓနိတောကျေးရွာတွင်နေထိုင်သည့် ဦးကျော်တင့် ပိုင်ဆိုင်သည့် မြေရှိသောက်ရေကန်တွင် ရေလာခပ် သည့် ကျေးရွာနေ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ၎င်းတို့ မိသားစုဝင်များက ဆဲဆိုကြရာမှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ လူထုတန်ဖိုးထားသည့် နေရာများကို လူထုကိုယ်တိုင် ဓာတ်ပုံရိုက်စေကာ စစ်တမ်းကောက်မည်

ရန်ကုန်၊ မေ ၂၆ ။        ။ လူထုတန်ဖိုးထားသည့် အရာများကို မြို့ပြအမွေအနှစ်ဖော်ထုတ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင်း လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် မြို့နယ်သုံးခုရှိ ပြည်သူများ ကိုဓာတ်ပုံ ရိုက်စေကာ ထိုဓာတ်ပုံများ မှတစ်ဆင့် သုတေသနပြုလုပ် သွားမည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT)မှ ပရောဂျက် မန်နေဂျာ ဒေါ်မေသွေးကိုက မဇ္ဈိမကို ပြောသည်။

Housing040 preview
ကျောက်တံတားမြို့နယ်အတွင်းရှိ YHTက ထိန်းသိမ်းရမည့် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသည့် ရန်ကုန်မြို့တော်ခန်းမ။(ဓာတ်ပုံ-မဇ္ဈိမ)

KNU ၏ လုပ်ဆောင်မှုများ ဥပဒေမဲ့လျှင် အစိုးရက ထိန်းသိမ်းကြပ်မတ်ရန် ရှိမရှိ လွှတ်တော် ကိုယ်စားလှယ်မေးမြန်း

နေပြည်တော်၊ မေ၂၆ ။        ။ ကရင်းအမျိုးသားအစည်းအရုံး KNU အဖွဲ့၏ ၎င်းတို့နယ်မြေအတွင်း လုပ်ဆောင်ချက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်မှု မရှိပါက အစိုးရအနေဖြင့် ကြပ်မတ်ရန် ရှိမရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပြီး နိုင်ငံတော်အစိုးမှ မူဝါဒချမှတ်ပြီး ညွှန်ကြားလာပါက လုပ်ဆောင်ပေးသွား မည်ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) မှ ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောသည်။

“နိုင်ငံတော်အစိုးရနှင့် ငြိမ်ချမ်းရေးဖော်ဆောင်နေသော KNU အဖွဲ့အား ယင်းတို့လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရမှ မူဝါဒများချမှတ်၍ ညွှန်ကြားလာပါက ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်”ဟု ဒုတိယ ၀န်ကြီး ဦးအောင်သိမ်းကပြောသည်။

လော်ခီးလာ ညီလာခံ အကြို အစည်းအဝေး ဒုတိယနေ့တွင် လက်နက်ကိုင်အဖွဲ့အသီးသီး၏ အကြံပြုချက်များ သုံးသပ်

ချင်းမိုင်၊ မေ ၂၆ ။      ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)၏ ဒုတိယနေ့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ အကြံပြုချက်များကို ပြန်လည် သုံးသပ်ခဲ့ကြသည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT အဖွဲ့တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA ) အပေါ် အကြံပြုချက်များကို NCCT ခေါင်းဆောင်များက စုစည်း၍ ပြန်လည် သုံးသပ်ဆွေးနွေးနေခြင်း ဖြစ်သည်။

“ဒီနေ့က NCCT ရဲ့ ရှေ့လုပ်ငန်းစဉ်အတွက် လော်ခီးလာ အစည်းအဝေးမှာ သူတို့ တင်ပြမယ့် အချက်တွေကို ဆွေးနွေးတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့ အစည်းတွေက အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ အဆိုပြုတာ အကြံပြုချက်တွေကို ပြန်လည်  စုစည်းတဲ့သဘောပါ”ဟု ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

အိန္ဒိယတွင် အပူလှိုင်းကျ၍ လူ ၅၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံတွင် ပြင်းထန်သည့် အပူလှိုင်းကျရာ တစ်ချို့ဒေသများတွင် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး သေဆုံးသူလည်း အနည်းဆုံးလူပေါင်း ၅၀၀ကျော် ရှိသည်။

 83214588 027383172

ဘင်္ဂလားဒေ့ရှ်က လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ပြန်ခေါ်မည့်ရက် အတည်မပြုသေး

ရန်ကုန် ၊မေ ၂၆ ။       ။ လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ပြန်လည်ခေါ်ဆောင်မည့် ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေး ဟုသမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မေ ၂၆ ရက်တွင် မဇ္ဈိမကိုပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် ရုံးမှ တာဝန်ရှိသူများ က ဒုက္ခသည်များကို စစ်ဆေးမှုများ ဆောင်ရွက် လျှက်ရှိသော်လည်း အတည်ပြုခြင်းနှင့် ပြန်လည်ခေါ်ဆောင် မည့်ရက်ကို သတ်မှတ်ထားခြင်းမရှိသေးဟု ဆိုသည်။

"ကျွန်တော်တို့ဆီက လူတွေ အင်ဒိုနီးရှားမှာ ရှိတယ်ဆိုလည်း ဒီအတိုင်းလက်ခံလို့မရဘူး။ စိစစ်ပြီးလက်ခံရမယ် သူတို့လည်း အဲလိုပဲ ဒါကောင်စစ် ထုံးစံဖြစ် တယ် နိုင်ငံခြားရေးက လုပ်ထုံး လုပ်နည်း က  အဲဒီအတိုင်းပဲ လုပ်နေတယ်။ စစ်ပြီးရင် သူတို့လက်ခံလိမ့်မယ် ။ဘယ်နေ့နောက်ဆုံးထားပြီး  ပြီးလုပ်ရမယ်လို့ ပြောလို့ မရဘူး။"ဟု ဦးဇော်ဌေးက ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် မြေဧက ၁၀၀ ကျော် လယ်လုပ်ခွင့် မြို့နယ် အုပ်ချုပ်ရေးမှူး တားမြစ်

မန္တလေး၊ မေ ၂၆ ။        ။ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ပင်လယ်အင်း၊ နတ်ကြီးစင်၊ ညောင်အုပ်၊ ဒီဃာ ကျေးရွာတို့မှ လယ်ယာမြေ ၁၂၅ ဧက ကျော်သည် လယ်သမားတို့ စိုက်ပျိုးခွင့်မရှိတော့ကြောင်း မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးက မေ ၂၀ တွင် တားမြစ်ခဲ့ခြင်းကြောင့် ဒေသခံတောင်သူတို့က
ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့ထံ မေ ၂၆ ရက်တွင် တိုင်ကြားစာ ပေးပို့ထားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ နှုတ်မိန့်ဖြင့် တားမြစ်ခဲ့ခြင်းဟု ဒေသခံတောင်သူတစ်ဦးဖြစ်သူ ဦးစောမြင့်မောင်က ပြောသည်။ "ဒီမြေတွေက ကျွန်တော်တို့ကိုယ်တိုင် ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးခဲ့တဲ့နေရာပါ။ ဒီနေ့အချိန်ထိ စိုက်ပျိုးနေတယ်။ ဒါကို အုပ်ချုပ်ရေးမှူးက ဘာမှအကြောင်းမကြားဘဲ ၂၀ ရက်နေ့ကလာပြီး ဆက်စိုက်လို့ မရတော့ဘူးဆိုပြီး လာတားတယ် ဘာစာမှထုတ်မပေးဘူး နှုတ်မိန့်နဲ့လာတားတာပါ" ဟု ပြောသည်။

NCCT ဖျက်သိမ်းပြီး ထပ်ဖွဲ့မည့် အဖွဲ့ လုပ်ပိုင်ခွင့်နှင့် အာဏာ ပိုများမည်ဟုဆို

ရန်ကုန်၊ မေ ၂၆ ။      ။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘော တူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးပြီးပါက တစ်နိုင်ငံ  လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ တာဝန် ပြီးဆုံး ပြီဖြစ်ပြီး ထပ်မံ ဖွဲ့စည်းမည့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် တာဝန်ယူရမည့်  အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် အာဏာမှာ ယခု အဖွဲ့ ထက်  ပိုမိုများ ပြားလာ မည်ဖြစ်သည်ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက မဇ္ဈိမကိုပြောသည်။

မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း(NCA ) ကို နှစ်ဘက်သဘောတူ ညှိနှိုင်း ပြုစု ရေးဆွဲပြီးကြောင်း အတည်ပြုချက် လက်မှတ်ကိုပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့  နိုင်ငံတော်သမ္မတ ရှေ့မှောက်တွင် သဘောတူလက်မှတ်ေ ရးထိုးခဲ့သည်။  NCA လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် NNCT အဖွဲ့၏ တာဝန်များမှာ ပြီးဆုံးပြီ ဖြစ်သည်။

မိခင်စိတ်နဲ့ တိုင်းပြည်အုပ်ချုပ်ရေး

တစ်ခါတုန်းက နိုင်ငံရေးခေါင်းဆောင် တစ်ဦး ပြောခဲ့ဖူးသည့် စကားတစ်ခွန်း ရှိသည်။ နိုင်ငံသားများ သည် မိခင်၏ အိမ်တွင် နေထိုင်ခွင့်ရသည့် အခွင့်အရေးမျိုး ရှိသင့်သည်ဟူသော စကားဖြစ်သည်။ မှန်ပါသည်။ မိမိတို့သည် အုပ်ထိန်းစောင့်ရှောက်မှုလည်းရှိ၊ လွတ်လပ်ချမ်းမြေ့မှုလည်း ရှိသည့် မိဘများ၏ အိမ်လို မိမိတို့နိုင်ငံအတွင်း နေထိုင်ခွင့်ရလျှင် မည်မျှ ကောင်းပါမည်နည်း။

သည်စကား၏ ရည်ညွှန်းချက်ထဲတွင် မိဘများသည် သားသမီးများကို မေတ္တာဖြင့် ထိန်းကျောင်း အုပ်ချုပ်သည် ဟူသည့် အဓိပ္ပာယ်ကို ဖေါ်ညွှန်းရာလည်း ရောက်သည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ဖန် လူကြီးသူမ တချို့ပြောဖူးသော အဖြစ်အပျက်တစ်ခု ရှိပါသေးသည်။
တောတွင်း တစ်နေရာတွင် မုဆိုးသည် သစ်ပင်ပေါ်က မျောက်မကြီးတစ်ကောင်ကို သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။ ထိုအခါ ဒဏ်ရာရသွားသော မျောက်မကြီးသည် သူ့ရင်ခွင်တွင်းမှ မျောက်သားငယ်ကို လက်တစ်ဘက်မှ ကိုင်ဆွဲရင်း ကျန်လက်တစ်ဘက်က သစ်ကိုင်းကို ဆွဲကိုင်လျက်

"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဘိန်း ရာနှုန်းပြည့် ကင်းစင်မှု အခမ်းအနား ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။ ။ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဘိန်းစိုက်ပျိုးမှု ၁၀၀ ရာခိုင်နှုန်း ကင်းစင်သည့် အခမ်းအနား အထိမ်းအမှတ်ပွဲကို ဇွန်လ ၂၆ ရက်တွင် ကျင်းပမည်ဟု "ဝ" ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူးယစ်ဆေးဝါး စိုက်ပျိုးမှု ကင်းစင်ရေးလှုပ်ရှားမှု စီမံချက်သည် ၁၀ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ယခုအခါ "ဝ" ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လုံးဝကင်းစင်ခဲ့ပြီ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဒေသမှာဆိုရင် မူးယစ်ဆေးဝါး ပပျောက်မှု လုပ်ငန်းဟာ အောင်မြင်မှုရရှိပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တာ ဆယ်နှစ်ပြည့်ပါပြီ။ အင်္ဂလိပ်ခေတ်ကတည်းက "ဝ" ဒေသမှာ ဘိန်းစိုက်ပျိုးခဲ့တာပါ။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်နိုင်ရန် မန်းမှ အင်န်အယ်လ်ဒီ ပါတီဝင်များ ဆွေးနွေး

မန္တလေး (မဇ္ဈိမ)။ ။ မြို့နယ်အတွင်း နေထိုင်သော ပြည်သူလူထုများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများပြုလုပ်နိုင်ရန်နှင့် မဲအလေအလွင့် မရှိစေရေးအတွက် မဲပေးနည်းများ အသိပညာ ပေးရန် အောင်မြေသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယင်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင် မေလ ၂၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

NLD
အောင်မြေသာစံမြို့နယ် NLD မှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သော ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများနှင့် မှန်ကန်စွာ မဲပေးနိုင်ရန်အတွက် ဟောပြောပွဲများကို ရပ်ကွက်ကျေးရွာအလိုက် ဇွန်လ ၁ ရက်မှ စတင်လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးပွဲအား မေလ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် အောင်မြေသာစံမြို့နယ် NLD ရုံးတွင် ပြုလုပ်သည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

ပါတီဗဟို ညွှန်ကြားချက်များ အောက်ခြေအထိ ရောက်စေရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

နေပြည်တော် (မဇ္ဈိမ)။ ။ ဆက်သွယ်ရေး တာဝါတိုင်များ စိုက်နေဆဲဖြစ်၍ လက်ကိုင်ဖုန်းဖြင့် ပါတီဝင်အချင်းချင်း ဆက်သွယ်ရန် ခက်ခဲသည့် ဒေသများတွင် ယခုကဲ့သို့ မိုးကြောင့် လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲလာသဖြင့် ထိုဒေသများရှိ ပါတီဝင်များ အချင်းချင်း အဆက်အသွယ် မပြတ်ရေးကို အဓိကထားကာ ဗဟိုညွှန်ကြားချက်များ အောက်ခြေအထိ ရောက်စေရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။

DASSK-Kayar-Orate-07

ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၂၆ နှစ်အတွင်း ပြဿနာ ကြီးကြီးမားမား မရှိ၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် မလိုဟု UWSA ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး ၂၆ နှစ်တာ ကာလအတွင်း ကြီးမားသောပြဿနာ မရှိခဲ့၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် မလိုဟု ဝ ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

UWSA သည် လော်ခီးလာဒေသတွင် ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံသို့လည်း တက်ရောက်မည် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့ကြား ရေးထိုးမည့် အပစ်ရပ်စာချုပ်တွင်လည်း လက်မှတ်ရေးထိုးမည် မဟုတ်ပေ။

သမ္မတ ခွင့်ပြုချက်မလိုဘဲ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး အင်န်ဘီအက်ဖ် တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝန်ကြီးချုပ် ခန့်အပ်နိုင်မှုကို နိုင်ငံတော် သမ္မတ ခွင့်ပြုချက် မလိုဘဲ သက်ဆိုင်ရာ လွှတ်တော်ကသာ ရွေးချယ်တင်မြောက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၆၁) ကို ပြင်ဆင်ပေးရန် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပုဒ်မကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလမတိုင်မီ ပြင်ဆင်ပေးရန် အလေးအနက် တိုက်တွန်းသည် ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

NBF အဖွဲ့ဝင် ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောသန်းမြင့်က “ကျွန်တော်တို့က ၀န်ကြီးချုပ်ရာထူးကို သမ္မတ ရွေးချယ်ထားတဲ့သူကို လွှတ်တော်က အတည်ပြုပေးတာကို လက်မခံပါဘူး။ သက်ဆိုင်ရာ လွှတ်တော်ကသာ ၀န်ကြီးချုပ်ကို ရွေးချယ်ပေးနိုင်ဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။

လှေစီးဒုက္ခသည် ၂၀၀ ကို နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စစ်ဆေး

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးမိခဲ့သော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စစ်ဆေးလျက်ရှိသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။

Rohingya-3
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ကျောင်းအပ်နှံမှု၊ ကျောင်းပြောင်းမှုများအတွက် ငွေကြေးကောက်ခံပါက ခရိုင်၊ တိုင်း ပညာရေးမှူးများထံ တိုင်ကြားနိုင်

ရန်ကုန်၊ မေ ၂၅ ။        ။ မေလ ၂၅ရက်တွင် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီဖြစ်ပြီး ကျောင်းပြောင်းရွှေ့ခြင်း နှင့်ကျောင်း အပ်နှံရာတွင် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံပါက မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး နှင့် တိုင်းပညာရေးမှူးတို့ထံ တိုက်ကြားနိုင်သည်ဟု ရန်ကုန်တိုင်းဒေ သကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

School Daga
ဧရာဝတီတိုင်း ဒါးကမြို့နယ်အတွင်း အခြေခံပညာကျောင်းတစ်ခုတွင် မေ ၂၅ရက်က ကျောင်းအပ်လက်ခံနေစဉ်။ (ဓာတ်ပုံ-မင်းမင်း)

လော်ခီးလာညီလာခံ နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အကြိုအစည်းအဝေး ချင်းမိုင်တွင် ကျင်းပနေ

ချင်းမိုင်၊ မေ ၂၅ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် မူဘောင်ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)၏ မူဘောင်ရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို မေလ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

NCCT အဖွဲ့၏ မူဘောင်ရေးဆွဲရေး အလုပ်အဖွဲ့ဝင်များ ဖြစ်သော ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဆရာမ နန်ရော်၊ ဆရာမ ဂျာနန်၊ ပဒိုတာဒူမူး၊ ဗိုလ်မှူးကြီး ဆင်ဝါး တို့ အပါအဝင် ၇ ဦးတို့ ဆွေးနွေးနေခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တည်ဆောက်ရေးလုပ်ငန်းများရပ်တန့်ရန် အမေရိကန်၏ တောင်းဆိုမှုမရပ်ပါက အမေရိကန်နှင့် တရုတ်စစ်ဖြစ်မှု ကိုရှောင် လွှဲ၍မရဟု တရုတ်သတင်းစာတစ်စောင် သတိပေး

ပေကျင်း၊ မေ ၂၅ ။        ။ တောင်တရုတ်ပင်လယ်တွင် တရုတ်တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်ရန် အမေရိကန်က တောင်းဆိုမှုမရပ်ပါက တရုတ်နှင့် အမေရိ ကန်ကြားဖြစ် လာမည့် စစ်ပွဲတစ်ခုမှာရှောင်လွှဲ၍မရနိုင်ကြောင်း တရုတ်နိုင်ငံပိုင်းသတင်းစာတစ်စောင်က သတိပေးစလိုက်သည်။

jkvhdfiughkjdghriuvnk
တောင်တရုတ်ပင်လယ်တွင် ပျံသန်းနေသောအမေရိကန်၏ two F/A-18 Super Hornets လေယာဉ်နှစ်စင်းနှင့် မလေးရှားဂျက်တိုက်လေယာဉ်နှစ်စင်း ဓါတ်ပုံ-အေအက်ဖ်ပီ

နေပြည်တော် အခြေခံမဲဆန္ဒရှင်စာရင်း ၆၁၅,၀၀၀ ဦးခန့် ဖြင့် အတည်ပြု

နေပြည်တော်၊ မေ ၂၅ ။       ။ ၂၀၁၅ မတ်လ ၁၂ ရက်၌ နေပြည်တော်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးက ပထမဆုံး ထုတ်ပြန်ခဲ့သော အခြေခံမဲဆန္ဒရှင် စာရင်း တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်အချို့မှ ထပ်မံပေးပို့ လာသည့် ၁၂၀၀ ဦးခန့် ထပ်တိုးကာ ၆၁၄,၈၂၆ ဦးဟု အတည်ပြုပြီး နေပြည်တော်မြို့နယ် ရှစ်မြို့ နယ်တွင် မေ ၂၅ရက်က ထုတ်ပြန်လိုက်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်မှ ၆၈၆ ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၁၉ ဦး၊ လယ်ဝေးမြို့နယ်မှ ၄၂၄ဦးတို့ ထပ်မံထည့်သွင်းပြီးနောက် မေလ ၁၅ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအတည်ပြုချက်ကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ထံ ပေးပို့ ခဲ့ပြီးနောက် မေ ၂၅ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ အများပြည်သူ သိရှိနိုင်ရန် စတင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လှေစီးရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား မြန်မာ့ရေပိုင်နက်အတွင်း ကယ်တင်ခဲ့သဖြင့် ကုလ ချီးကျူး

မေလ ၂၅ ရက် ။        ။ မေလ ၂၁ ရက်နေ့က လှေစီးရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီ အယောက် ၂၀၀ ကျော်အား လူမျိုးဘာသာမခွဲခြားပဲ စာနာစိုးရိမ် မှုဖြင့်မြန်မာ့ရေပိုင်နက်အတွင်း၌ ကယ်တင်ခဲ့ခြင်းအတွက် မြန်မာအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက အသိအမှတ်ပြု ချီးကျူး ပြောကြားလိုက်သည်။

h 51953434
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုနှင့် တွေ့ဆုံခြင်း

"အမှန်တစ်ကယ် ရောက်ရှိနေထိုင်တဲ့သူတွေလည်း ဖြစ်နေတယ်ဆိုရင် အကြောင်း အမျိုးမျိုးပြပြီး   ထောက်ခံချက်မပေးဘူးဆိုတာမျိုး မရှိစေရပါဘူး"

ရန်ကုန် မေ ၂၅ ။         ။ ပြည်တွင်းမှာ ရွေ့ပြောင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေက ဘယ်လို မဲပေးနိုင်ကြမလဲ၊ သူတို့မဲစာရင်း မှာပါဖို့ ဘာတွေအခက်အခဲ ရှိနေလဲ၊ဒါတွေကို ရွေးကောက်ပွဲ     ကော်မရှင်ကကော ဘယ်လိုတွေ လုပ်ဆောင် ပေးနေလဲ ဆိုတာတွေ ကိုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို နဲ့ မဇ္ဈိမ လူငယ်နဲ့ ရွေးကောက်ပွဲ အစီအစဉ်ကနေ တွေ့ဆုံမေးမြန်း ထားတာ ကို ဖော်ပြ လိုက်ပါတယ်။

မေး။     ။ အရင်ဆုံးပြည်တွင်းရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေ မဲပေးနိုင်ရေးအတွက် ပြည်ထောင် ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုတွေ ဆောင်ရွက်နေပါ လဲ။

Monday, May 25, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၏ မျှော်လင့်ချက်

ထက်ထက်အောင်  စုစည်းသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ ဝင်ရောက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမျိုးသမီးတွေကလည်း မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီဖြစ်သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေကလည်း မိမိတို့ရဲ့ တာဝန်တွေ အသီးသီးထမ်းဆောင်လာခဲ့ကြတာဟာ အခုဆိုရင် လွှတ်တော် သက်တမ်းရဲ့ ၉၀ ရာခိုင်နှုန်းကို ကျော်လာခဲ့ပါပြီ။ ဒီလိုဖြတ်သန်းလာခဲ့တဲ့ ကာလမှာ သူတို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ လာမယ့် ရွေးကောက်ပွဲမှာရော ဘာတွေမျှော်မှန်း ထားကြလဲဆိုတာကို ပြောထားတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အချို့ရဲ့ အသံတွေကို ဒီကဏ္ဍကနေ စုစည်းတင်ဆက်လိုက်ပါတယ်။

အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။   ပြည်တွင်းအပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်   ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့
ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်ရွေးကောက်ပွဲထက် အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့    မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။

Woman-3

မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ လျော့နည်းနေပြီး လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုမှာလည်း လွှတ်တော် သုံးရပ်ပေါင်းမှာ ဦးရေအားဖြင့် ၅၆ ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ၅ ရာခိုင်နှုန်း နီးပါးသာ ရှိနေပါတယ်။

အထက်မှာ ပြောထားတဲ့ အရေအတွက်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် တပ်မတော်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ အရေအတွက် ဖြစ်ပါတယ်။ လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ်လောင်းရှိမှု အနေအထား နည်းပါးနေတာရဲ့ အကျိုးဆက်ကို ပြောမယ်ဆိုရင် အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အားနည်းတာကို တွေ့နိုင်ပါတယ်။

ဒါကြောင့်လည်း အခုတစ်ကြိမ် ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပါဝင်မှုများဖို့၊ အမျိုးသမီး ကိုယ်စားလှယ်တွေကို မဲပေးဖို့ အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

ဒီလို အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်တွင်းမှာ ပါဝင်မှု နည်းလာတဲ့ ပတ်သက်ပြီး  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ‘အရင်ကတည်းက ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံခံရမှုတွေ အမျိုးသမီးတွေက အမြဲတမ်း နောက်တန်းမှာပဲ ရှိတဲ့အခါကျတော့ အခုလိုနိုင်ငံရေး ကိစ္စရပ်တွေ ဖြစ်လာတဲ့ အခါကျတော့ ကျွန်မတို့ ၂၀၁၀ မှာပဲကြည့်ကြည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာပဲ ကြည့်ကြည့် တော်တော်လေးကို အင်အားနည်းနေတာကို တွေ့ရတာပေါ့’ လို့  မဇ္ဈိမက စီစဉ်တဲ့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲ စကားဝိုင်း အစီအစဉ်မှာ ပြောဆို ဆွေးနွေးခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့ အခါမှာ အချို့ပါတီတွေ အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းလောက် ပါဝင်နိုင်အောင် ဆောင်ရွက်မှုတွေ ပြုလုပ်နေကြပါတယ်။  အမျိုးသမီး ကိုယ်စားလှယ်လောင်းများအတွက် မူဝါဒ ချမှတ်ထားတာနဲ့ ပတ်သက်ပြီး  ချင်းတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးငိုက်ဆာ့ခ်က “ကျွန်တော်တို့ပါတီမှာ အမျိုးသမီးပါဝင်မှုကို ၃၀ ရာခိုင်နှုန်း ချမှတ်ထားတယ်၊ လာမယ့်ရွေးကောက်ပွဲအတွက် ချင်းတိုးတက်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း လေးဦး ရှိနေပါတယ်၊ လက်ရှိအနေအထားမှာ အမျိုးသမီး အခွင့်အရေးကို တောင်းဆိုပေးသူ နည်းနေတယ်။ အမျိုးသမီးတွေအတွက် အမျိုးသမီး ကိုယ်တိုင်က ပြောတာပိုထိရောက်တယ်၊ ဥပဒေပြုရင်လည်း အမျိုးသမီး ကိုယ်တိုင်ကပါဝင်မှ မှန်ကန်ထိရောက်တဲ့ ဥပေဒေတွေ၊ နည်းဥဒေတွေ  ချမှတ်နိုင်မှာဖြစ်လို့ပါ’ လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းတိုးတက်ရေးပါတီကနေ ဝင်ရောက် ရွေးချယ်ခံမယ့်သူ စုစုပေါင်း ၄၅ ဦး ရှိပြီး အမျိုးသမီး အရေအတွက်ဟာ လေးဦးသာ ရှိနေသေးတဲ့အတွက် ပါတီရဲ့ပေါ်လစီအရ ဆိုပါက ပါဝင်မှုနည်းနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

ပါတီအနေနဲ့  အခုလိုမျိုး အမျိုးသမီးပါဝင်မှုကို မူဝါဒချမှတ်ပြီး လုပ်ဆောင်ပေးရခြင်းဟာ အမျိုးသမီးတွေက နိုင်ငံမှာဦးရေပိုများပြီး ဒီလိုများပြားတဲ့ အင်အားစု တစ်ခုဟာနိုင်ငံရေး၊ စီးပွားရေး အခန်းကဏ္ဍတွေမှာ ပါဝင်မှု အားနည်းနေရတာကြောင့်လို့လည်း ဦးငိုက်ဆာ့ခ်က ဆိုပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကလည်း လာမယ့် ရွေးကောက်ပွဲအတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် ပိုမိုယှဉ်ပြိုင်နိုင်ရန် မူဝါဒ ချမှတ်ထားပြီး ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မဲန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးဦးရေကို ၁၅ ရာခိုင်နှုန်းထိ ထည့်သွင်းယှဉ်ပြိုင်သွားမယ်လို့ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှုး ဦးသာဝင်းက မဇ္ဈိမကို ပြောထားပါတယ်။

ဒါ့အပြင် အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသမီး ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကပင် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် ၃၀ ရာခိုင်နှုန်း ပါဝင်လာတာ တွေ့ရတယ်လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

မြန်မာနိုင်ငံ အနေအထားတွင် အမျိုးသမီးများက နိုင်ငံရေးဘက်တွင် ပါဝင်ရန် စိတ်ဝင်စားမှု အားနည်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အမျိုးသမီးတွေကို လက်ဆင့်ကမ်း နေရာပေးဖို့လိုသလို လက်ဆင့်ကမ်း နေရာယူမယ့် အမျိုးသမီးတွေကလည်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီး အရည်အချင်းဖြည့်ဖို့ လိုတယ်လို့လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ အတွင်းရေးမှုး ဦးတင်စိန်က ဆိုပါတယ်။

တစည အနေဖြင့်လည်း ကော်မတီဝင် ၁၁ ဦး ပါဝင်တဲ့ အမျိုးသမီး ရေးရာ ကော်မတီကို ဖွဲ့စည်းထားပြီး လက်ရှိတွင် ပါတီဝင် အမျိုးသမီးများအတွက် နိုင်ငံရေး အသိပညာပေးသင်တန်းများ လုပ်ဆောင် ပေးနေသကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှု တိုးမြင့်စေရန် လည်း ပါတီတွင်း အစီအစဉ်တွေ လုပ်ဆောင်နေပြီလို့လည်း ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ဆိုရင် အမျိုးသား အမျိုးသမီး တန်းတူညီမျှ ရှိဖို့အတွက် အချို့သော ရိုးရာ ဓလေ့ထုံးစံတွေကို ပြန်သုံးသပ်ပြီး
လေ့လာဆန်းစစ်ဖို့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏  ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။

အမျိုးသမီး နိုင်ငံရေးလုပ်ဆောင်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လူပုဂ္ဂိုလ် ဘက်လိုက်မှုကင်းပြီး ဆွေးနွေးတဲ့ အကြောင်းအရာကိုသာ လေ့လာမှု အားကောင်းစွာနဲ့ ပြောဆိုတင်ပြတဲ့ အားသာချက်က အမျိုးသားတွေထက် သာတယ်လို့လည်း သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ ချိန်ပြီး ဦးခင်မောင်ဆွေက ဆိုပါတယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့ဆိုရင် စတင် တည်ထောင်ချိန်ကတည်းက အမျိုးသမီး ပါဝင်မှုကို၂၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေမှာ အမျိုးသမီးပါဝင်မှုက ယခင်ရွေးကောက်ပွဲထက် ပိုများနေပြီလို့လည်း ၎င်းက ဆိုပါတယ်။

အချို့ပါတီတွေ အနေနဲ့ အမျိုးသား၊ အမျိုးသမီး ပါဝင်မှု၊ ဝင်ရောက်ရွေးကောက်ခံမှုကို ကန့်သတ်ထားတာ မရှိပေမယ့် မြန်မာနိုင်ငံရဲ့ ခေတ် အဆက်ဆက် ဖြတ်သန်းလာတဲ့ နိုင်ငံရေး အနေအထားအရ အမျိုးသမီးတွေက မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် မည်သည့် နိုင်ငံရေးပါတီတွင်မဆို အမျိုးသမီး ပါဝင်မှုအတွက် မူဝါဒများသေချာစွာ ချမှတ်လုပ်ဆောင်ပေးမှသာ အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုနှုန်းမြင့်တက် အားကောင်းလာမယ်လို့ ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။

ပါတီတွင်းမှာ အမျိုးသမီး ပါဝင်မှု နည်းနေတာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားပါတီက အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “အမျိုးသမီးတွေ  ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ မူဝါဒချမှတ်ထားတယ် ချမှတ်ဖို့လည်း လိုတယ်။ ဒါတောင် ဒီရာနှုန်းပြည့်ဖို့ မနည်းကြိုးစား စည်းရုံးနေရတယ်၊
မြို့ပေါ်ပိုင်းမှာ သိပ်ပြဿနာ မရှိပေမယ့် နယ်ဘက်မှာတော့ mindset  (စိတ်နေစိတ်ထား) တွေ ချိန်းဖို့လိုသေးတယ်၊ အမျိုးသမီးတွေက နိုင်ငံရေးဆို ဝင်ပါဖို့ ကြောက်နေတုန်းပဲ” လို့ သူ့ရဲ့ စည်းရုံးရေး အတွေ့အကြုံကို ပြောပါတယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် ၁၉၇၅ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပါလီမန် လွှတ်တော်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး အရေအတွက်ဟာ ၁၀.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၇၇ ခုနှစ်က စလို့ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ပြန်လည် လျော့ကျသွားတယ်လို့ သိရပါတယ်။

လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှု အမြင့်ဆုံး နိုင်ငံတွေကို ပြောမယ်ဆိုရင် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်၊ အိုက်စ်လန်၊ မိုဇင်ဘစ်၊ ဂျာမဏီနဲ့ နယူးဇီလန် စတဲ့ နိုင်ငံတွေကို တွေ့ရမှာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ ပါလီမန်မှာ အမျိုးသမီး အရေအတွက်က ၃၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေပါတယ်။ အမျိုးသမီးတွေကို ဥပဒေပြုရေး မဏ္ဍိုင်မှာ ငါးရာခိုင်နှုန်းအောက်သာ ရွေးကောက်ထားတဲ့ နိုင်ငံတွေက နိုင်ငံပေါင်း ၃၄ နိုင်ငံရှိပြီး အများစုက အာဖရိက၊ ပစိဖိတ် ကျွန်းနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေပဲဖြစ်ပါတယ်။

ပါတီတွေ အနေနဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပိုမို များပြားလာအောင် ဆောင်ရွက်သင့်တာကိုလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်မယ့် ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇဟောင်ကလည်း ‘၂၀၁၂ မှာ လုပ်ခဲ့တဲ့ သန်းခေါင် စာရင်းအရလည်းပဲ တိုင်းရင်းသား ဒေသတိုင်းမှာ ဒီလူဦးရေတစ်ဝက်က အမျိုးသမီးတွေဖြစ်နေတယ်ဆိုတော့ အမျိုးသားတွေ ချည်းကနေပဲ
ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးနေရာကော၊ အမတ်တွေနေရာမှာကော ဝင်ပြီးကြီးစိုးနေတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ အင်မတန်မှ လစ်ဟာနေတာတွေ တွေ့ရတယ်ပေါ့နော်။ အဲ့ဒါတွေကြောင့်မို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ သူတို့ရဲ့ အမတ်လောင်းတွေ စာရင်းထဲမှာ အမျိုးသမီးတွေကို လုံးဝထည့်ကို ထည့်သင့်တယ်’ လို့ သူမ အမြင်ကို မဇ္ဈိမက စီစဉ်တဲ့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲ စကားဝိုင်း အစီအစဉ်မှာ ပြောဆို ဆွေးနွေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်အောင် ကြိုးစားနေကြပြီ ဖြစ်သလို ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသမီးတွေအတွက် အခက်အခဲ ရှိနေသေးတယ်လို့လည်း အချို့က ဆိုကြပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေတာကိုလည်း ဒေါ်ဖြူဖြူသင်းက ‘အခု ၂၀၁၅ မှာတော့ ကျွန်မတို့မြင်တာကတော့ နေရာတိုင်း၊ ဒေသတိုင်းမှာ အားလုံးက ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့က ပိုပြီးတော့ ရုန်းကန်ရမယ်လို့ ကျွန်မမြင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ အနေအထားက လုံခြုံရေးအရကော ကျွန်မတို့အားလုံးကို ကြည့်ရမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ထဲလို နေရာမျိုးမှာ စည်းရုံးရေးဆင်းရင် ပြဿနာ မရှိဘူး။ ဒါပေမယ့် သိပ်ကိုဝေးလံခေါင်တဲ့ အရမ်းကိုခေါင်တဲ့ ဒေသတွေမှာဆိုရင် ဒီအမျိုးသမီး တစ်ယောက်က သူသွားတာလာတာကအစ အများကြီး ဂရုစိုက်ရမယ့် ကိစ္စတွေ ရှိတယ်ပေါ့နော်။ ဒါလည်း ကျွန်မတို့ လုံခြုံရေး ကိစ္စလို့မြင်တယ်’ လို့ ဆိုပါတယ်။

အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ပိုမိုပါဝင်နိုင်ရေးအတွက် အမျိုးသမီးတွေ မပါမနေရ အနေဖြင့် Quotar စနစ်နဲ့ သွားနိုင်အောင် ဆောင်ရွက် သွားသင့်တယ်လို့လည်း အချို့က အကြံပြု ပြောဆိုတာတွေ ရှိပါတယ်။ အချို့နိုင်ငံတွေမှာလည်း အဲဒီစနစ်ကို ကျင့်သုံးနေတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့လည်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုမှုတွေ ရှိပါတယ်။

ဒေါ်ခင်စောဝေက  “ဥပဒေ တစ်ခုချမှတ်ပြီး အမျိုးသမီး ပါဝင်မှုရာခိုင်နှုန်းကို သတ်မှတ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေက သေချာပေါက် အမျိုးသမီး ပါဝင်မှုနှုန်းကို လုပ်လာကြမှာပဲ၊ ကိုယ်တာ စနစ်ပဲဖြစ်ဖြစ် စနစ်တစ်ခု သတ်မှတ်ပေးဖို့လိုတယ်” လို့ ၎င်း၏ အမြင်ကို သုံးသပ်ပါတယ်။

နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေက နိုင်ငံရေးမှာ ပိုမိုပါဝင်လာနိုင်မယ်၊ လွှတ်တော်တွင်းမှာ ပိုမိုပါဝင်လာနိုင်မယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ပိုမိုဖြေရှင်းလာနိုင်မှာ ဖြစ်ပါတယ်။

ပါတီတွေ အနေနဲ့လည်း အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မယ့် အခန်းကဏ္ဍ ပိုမို တိုးတက်လာအောင် တွန်းအားပေး ဆောင်ရွက်ရမှာ
ဖြစ်သလို အမျိုးသမီးတွေ အနေနဲ့ကလည်း နိုင်ငံရေးမှာ ပါဝင်လာအောင် ပိုမိုကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။  ဒါကြောင့် ၂၀၁၅
ရွေးကောက်ပွဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အမျိုးသမီးတွေကို ပိုမို မြင်တွေ့ရနိုင်မှာဖြစ်ပြီး ဒီကနေတဆင့် လွှတ်တော်ထဲမှာ အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်းများလာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

Credit - Mizzima News

ဆေးထိုးမှားခြင်း – မောင်မြား

 စာပေစိစစ်ရေးသို့ ဂျာနယ်မူကြမ်း တင်စဉ်ကမပါဘဲ ပြည်ခိုင်ဖြိုးဌာနချုပ်နှင့် ၀န်ကြီးရုံးအဖွဲ့မှ ထပ်မံဖြည့်စွက်သော သတင်း၊ ဆောင်းပါး စသည်တို့ ဂျာနယ်အချောရုံးတင်သည့်အခါ ပါလာသည်ကို စာပေစိစစ်ရေး မှ တွေ့ရှိသည့် အခါမျိုးတွင် မူလဂျာနယ်မူကြမ်း ရုံးတင်စဉ် ကမပါသည့် “ဖြည့်စွက် သတင်းဆောင်းပါး”များအတွက် မိမိတို့ အယ်ဒီတာအဖွဲ့ အထူးသဖြင့် အယ်ဒီတာချုပ်က ထုချေလွှာတင်ရသည်။ တစ်ခါတစ်ရံ လူကိုယ်တိုင် သွားရောက် ရှင်းလင်းရသည်။ ငေါက်သမျှလည်း ငုံ့ခံကြရသည်။ အဓိကကတော့ ရေပါပဲ. . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၇၃ ခုနှစ် ဖောင်ကြီးအခြေခံပြည် သူ့ရေးရာဝန်ထမ်းလောင်း (ဇေယျတပ်ခွဲ) အပတ်စဉ်(၈)မှ မိမိသင်တန်း ဆင်းသည်။ ဆက်လက်ပြီး ဗဟိုကုန်သွယ်ရေးသင်တန်း ကျောင်းတက်ရသည်။ ယင်းမှသင်တန်း အောင်ပြီး သည်နှင့် မိမိ Posting ကျရာ ဇီး ကုန်းမြို့နယ် သမ၀ါယမဦးစီးဌာနကို

ဇူလိုင် (၇)ရက် ကျောင်းသားအရေးတော်ပုံခေတ် ကျောင်း သားခေါင်းဆောင်မျိုးဆက်များ (၄) – အောင်သာ(ပီသုံးလုံး)

ဗမာပြည်တွင်းစစ်ပွဲဟာ လူမျိုးနွယ်စုများရဲ့ အမျိုးသားတန်းတူရေး စစ်ပွဲနဲ့လယ်သမားများရဲ့ လယ်လုပ်သူ လယ်ပိုင်ရေးအတွက်ဆင်နွှဲခဲ့တဲ့ စစ်ပွဲဖြစ်တယ် . . . စစ်အာဏာရှင်များနဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်း ရှင်ကြီးများရဲ့ ဗျူရိုကရက်အာဏာနဲ့ ဗျူရိုကရက် အရင်းဥစ္စာဓန ကာကွယ်ရေးစစ်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဟာ သူတို့ရဲ့ ပထမခံ စစ်ကြောင်း ဖြစ်တယ်။ တီဗွီထဲမှာခဏခဏထုတ်ပြပြီး လူထုကိုခြောက်ခြောက် ပြနေတဲ့ စစ်တပ်ကြီးဟာသူတို့ရဲ့ ဒုတိယခံစစ်ကြောင်းဖြစ်တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၆၂ခုနှစ်““ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော် ပုံခေတ် ကျောင်းသား ခေါင်းဆောင်မျိုးဆက်များ””(၁)မှာ ဒီကျောင်းသား ခေါင်းဆောင်မျိုးဆက်များဟာ လွတ်လပ်ရေးခေတ် ဦး နိုင်ငံရေး သမိုင်းကျော ထောက်နောက်ခံ များနဲ့ဘယ်လို ဆက်နွှယ် ပေါ်ထွန်းလာခဲ့ကြသလဲ”ဆိုတာကိုအကျဉ်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တကယ်လိုအပ်နေပြီလား – သဘောထားအမြင်

ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု စစ်စစ်မှန်မှန် ပေါ်ပေါက်လာတယ် ဆိုလို့ရှိရင်တော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ကြရမှာ ကတော့ နိုင်ငံသားတိုင်းရဲ့တာဝန်ပဲ … ဒါပေမဲ့ အခုလောလောဆယ်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူထုကိုလည်း ကိုယ်စားမပြုဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၅၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ကာ ယခုအချိန်ထိ အသက်ဝင်နေသေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေအား ရုပ်သိမ်းရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မေလ ၁၄ရက်က ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုတင်ပြီးနောက်တွင် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့်

Sunday, May 24, 2015

မြစ်ဆုံစီမံကိန်းအနီး တန်ဖရဲကျေးရွာကို ခရိုင်အစိုးရက အကြောင်းပြချက်မပေးဘဲ ပြောင်းရွှေ့ခိုင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းအနီး တန်ဖရဲကျေးရွာအား မည်သည့် အကြောင်းပြချက်မျှမပေးဘဲ ပြေင်းရွှေ့ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်က ညွန်ကြားလာသည်ဟု တန်ဖရဲကျေးရွာသားများက ပြောသည်။

မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲထိ တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းတွင် ရွာသားများအား အစည်းအဝေးခေါ်ယူကာ ပြောင်းရွှေ့ရန် ညွန်ကြားစာကို တန်ဖရဲအုပ်ချုပ်ရေးမှူးက ပြန်လည် ရှင်းပြခဲ့သည်။

“ဒီနေ့ ခရိုင်ကနေ ရည်ညွန်းစာ မြို့နယ်ကနေ ဝင်လာတဲ့စာဖြစ်တယ်။ တန်ဖရဲ အုပ်ချုပ်ရေးမှူးက အဲဒီစာကို ရှင်းပြတယ်။ ရှင်းပြပြီးတော့ လက်မှတ်ရေးထိုး ခိုင်းတယ်။ ရွာသားတွေက လက်မှတ်မထိုးဘူး။ ဒီနေ့ ရှင်းပြတဲ့ စာမှာပါတယ်။ ဘာလဲဆိုတော့ နိုင်ငံတော်ကနေ ရွာသားတွေကို ပြောင်းရွှေ့ပါလို့ ပြောတဲ့အခါ

NDF ကရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးတွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းထိ ရွေးချယ်ထားဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ရွေးကောက်ပွဲသို့ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးကို ရွေးချယ်ထားပြီး ၃၀ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ၂ ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။

"ဦးခင်မောင်ဆွေကတော့ မ၀င်ဘူး၊ ကချင်မှာတော့ ဒေါ်ဘောက်ဂျာဝင်မယ်။ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်းထိပါတယ် အသက်က ၂၅နှစ်ကနေ ၄၅ကြားက အများဆုံးပဲ အခုရွေးထားတာ ကယား၊ ချင်း၊ ရခိုင်က မပါသေးဘူး၊ အရင် နေရာရထားသူတွေ အားလုံးနီးပါး ပြန်ဝင်ကြမယ်" ဟု ၎င်းကဆိုသည်။

NDF ပါတီက ၀င်ရောက်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်လောင်းများကို မေလ ၁၆ရက်နှင့် ၁၇ရက်တွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ်ရွေးချယ်ခဲ့သည်ဟု ဦးနေမင်းကျော်က ပြောသည်။

လှေစီးဒုက္ခသည်များအား စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် သဘောတူဟု ရခိုင်ဝန်ကြီးချုပ်ဆို

Mg Mg Ohone copy copy

ရန်ကုန်(မဇ္ဈိမ) ။ ။ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီမှု ရရှိထားသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မေ ၂၄ရက်တွင် မဇ္ဈိမကို တယ်လီးဖုန်းမှ တစ်ဆင့် ပြောသည်။

တိုင်းရင်းသားတွေအတွက် သမ္မတကြီး ထားရစ်ခဲ့မယ့် အမွေ – စည်သူအောင်မြင့်

အခု အစိုးရ၊ လွှတ်တော် တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လုပ်ကိုင်ပြောဆိုနေတာဟာ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရားကားရား ဆိုတာ မျိုးဖြစ်နေတယ် … ပါးစပ်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ လက်တွေ့မှာတော့ စစ်ဘုရင်နဲ့ စစ်ဘုရင်ဟောင်းတွေက အရာရာခြယ်လှယ်နိုင်တဲ့ တစ်ပြည်ထောင်စနစ်နဲ့ သွားနေတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ် – သမ္မတကြီးကတော့နော် ကျွန်တော်တို့ တိုင်းရင်းသားအရေးကို အလွန်အလေးထားတာပဲ။

အောင်ကျော် – နောက်တာလား၊ ရွဲ့တာလား။

လာကပေါ် – မနောက်ရပါဗျာ။ မရွဲ့ရပါဗျာ။ ဟောဒီမှာ ပြီးခဲ့တဲ့ မေ ၁၈ရက် နိုင်ငံရေးပါတီတွေနဲ့ သမ္မတရန်ကုန် မှာ တွေ့ဆုံတဲ့ပွဲမှာ သူအထူးပြု ဆွေးနွေးလိုတဲ့ အချက် (၃)ချက်ရှိတယ်တဲ့။ နံပါတ်(၁)

လှေစီး ဒုက္ခသည်များထံ မစ္စတာ နမ်ဘီးယားရောက်ရှိ

လူ့အခွင့်အရေးနှင့် အညီထားရှိမည်ဟု ရခိုင်ဝန်ကြီးချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည်များထံ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေးနမ်ဘီးယား မေ ၂၃ ရက်ကသွားရောက်တွေ့ဆုံစဉ် အဆိုပါ ဒုက္ခသည်များကို လူ့အခွင့်ရေးနှင့်အညီ စောင့်ရှောက်ပြီးမှ စစ်ဆေးမှုများ ပြုလုပ်မည်ဟု ရခိုင်ပြည် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

Nambia
(ဓာတ်ပုံ- အီးပီအေ)


နိုင်ငံဝန်ထမ်းများ တာဝန်ယူမှု တာဝန်ခံမှု အားနည်းဟု သမ္မတရုံး ဝန်ကြီးပြော

နပြည်တော် (မဇ္ဈိမ)။ ။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြစ်နေပြီး တရားဥပဒေ စိုးမိုးမှုမှာလည်း အားနည်းချက်တစ်ရပ် ဖြစ်နေသည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက မေ ၂၃ ရက်တွင် ပြောဆိုလိုက်သည်။

“ စီမံကိန်းများနဲ့ လုပ်ငန်းအစီအစဉ်တွေ အကောင်အထည်ဖော်ရာမှာ ထိရောက်မှု အားနည်းခြင်းနှင့် နိုင်ငံဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် ပြည့်ဝမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းခြင်း၊ ပြည်သူလူထု အပါအ၀င် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ဖွံ့ဖြိုးမှုအတွက် တပြေးညီ မျှတမှုရှိရန်

လန ၃၉ မကျသေးဘဲ မြေသိမ်းတာ ဥပဒေနှင့် မညီသဖြင့် အရေးယူပေးရန် လယ်ယာမြေ ဥက္ကဋ္ဌ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ကက်ဘိနက်အဖွဲ့၏ သဘောတူညီမှုလည်း မရ၊ လန ၃၉ လည်း မကျသေးဘဲ တောင်သူတို့လက်မှ မြေကိုသိမ်းယူကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မြေသိမ်း ဥပဒေနှင့် မညီညွတ်ကြောင်း၊ ထိုသို့ ပြုလုပ်နေသဖြင့် မြေယာပြသနာများ ပေါ်ပေါက်နေကြောင်း၊ အဆိုပါ လုပ်ရပ်များကို အရေးယူ ဖြေရှင်းပေးရန် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းကြောင့် ပြည်သူတို့  ဆုံးရှုံးနစ်နာမှု မရှိစေရန် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ယမန်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကမှ တစ်ဆင့် အစိုးရအဖွဲ့ကို ပြောသည်။

Parliament-5

တိုက်ပွဲမရပ်က အပစ်ရပ် လက်မှတ်ထိုးရန် မဖြစ်နိုင်ဟု အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် တိုင်းရင်းသားတို့ ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရက ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ မရပ်တန့်ပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရန် မဖြစ်နိုင်ကြောင်း အမေရိကန် ဒု-နိုင်ငံခြားရေး ဝန်ကြီးနှင့် တိုင်းရင်းသား ခေါင်းဆောင် အချို့တို့ မေလ ၂၂ ရက်တွင် တွေ့ဆုံကာ ဆွေးနွေးခဲ့သည်ဟု ကရင်နီအမျိုးသား ဖွံ့ဖြိုးရေးပါတီ ဒု- ဥက္ကဌ ခူဦးရယ်က မဇ္ဈိမကို ပြောသည်။

"သူတို့ စစ်မရပ်ဘဲနဲ့တော့ ကျွန်တော်တို့ NCA ကို လက်မှတ်ထိုးဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အခု ကိုးကန့်၊ ပလောင်၊ ရခိုင်တို့နဲ့ စစ်ရေး ပဋိပက္ခတွေ အရှိန်မြှင့်နေတဲ့ အချိန်မှာ အပစ်ရပ်ဖို့ မလိုပါဘူး။ သူတို့ စစ်မရပ်ဘဲ နဲ့တော့ ကျွန်တော်တို့ အင်န်စီအေကို လက်မှတ်ထိုးဖို့ ဆိုတာမဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင်သစ် ရွေးချယ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏   အမှုဆောင်သစ်ရွေးချယ်ပွဲကို မေလကုန်တွင် ရန်ကုန်မြို့ ဇဝနလမ်းဆုံရှိ စမ္မပီရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည်ဟု FPPS မှ ရုံးအဖွဲ့မှူး ကိုသက်ဦးထံမှ မေ ၂၃ ရက်က သိရသည်။

ကိုသက်ဦးက “အဖွဲ့ထဲက တချို့က ပါတီတွေထဲ ဝင်သွားကြပြီး တချို့က ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နိုင်ဖို့ နှုတ်ထွက်သွားကြတယ်။ အမှုဆောင်တွေ လူနည်းသွားတယ်။ ဒါကြောင့် ပြန်ရွေးတာပါ” ဟု ဆိုသည်။

အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ခံလိုသော နိုင်/ကျဉ်းများသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံသို့ မေလ ၂၇ ရက် နောက်ဆုံးထား လျှောက်လွှာပေးပို့ရမည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုများ ကြုံတွေ့နေဟု သမ္မတ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်တစ်ရပ်သို့ ပြောင်းလဲရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ဟု သမ္မတ ဦးသိန်းစိန်က ဆိုလိုက်ပြီး အောင်မြင်အောင်   ဆောင်ရွက်ကြရန် မေလ ၂၃ ရက် နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

President-Thein-Sein-1




နာဂသူပုန်များ အားလျော့သွားပြီဟု အိန္ဒိယစစ်တပ်ပြော

မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေသော နာဂခွဲထွက်ရေးသူပုန်များ၏ နောက်ထပ်တိုက်ခိုက်မှုမှန်သမျှကို နည်းလမ်းအသစ်များဖြင့် ထိရောက်စွာ ကိုင်တွယ်သွားမည်ဟု အိန္ဒိယထိပ်တန်း တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နာဂသူပုန်ခေါင်းဆောင် အက်စ်အက်စ်ခက်ပ်လန် ဦးဆောင်သော အဖွဲ့သည် ယခုအခါ လူထုထောက်ခံမှု မရတော့သဖြင့် လှုပ်ရှားမှုများ နည်းသွားပြီး လုပ်ဆောင်နိုင်စွမ်း ကျဆင်းနေပြီဟု နာဂလန်းပြည်နယ်နှင့် အရှေ့မြောက် ပြည်နယ်များတွင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်မှုများတွင် တာဝန်ယူရပြီး အိန္ဒိယစစ်တပ်၏ ကိုဟီးမားအခြေစိုက် တပ်မကြီးသုံးခုကို ကွပ်ကွဲရသော ဒုတိယဗိုလ်ချုပ်ကြီး ဘီပင်ရာဝတ်က ပြောသည်။

ကျွမ်းကျင်သူသုံးဦး အဓိကပါဝင်ဆွေးနွေးမည့် နိုင်ငံတော်ဘက်ဂျက်အပေါ် ဆွေးနွေးပွဲ ယနေ့ကျင်းပမည်

barjack
ပုံစာ- မတ်လက ပြုလုပ်ခဲ့သည့် နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း (အကြို)ဆွေးနွေးပွဲ (ဓာတ်ပုံ-ဟောင်ဆာ)
လွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၁၅-၁၆ နိုင်ငံရသုံးမှန်းခြေငွေစာရင်း (ဘက်ဂျက်) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦး၊ လူသားအရင်းအမြစ်

နိုင်ငံရေးဆွေးနွေးပွဲများကို ရွေးကောက်ပွဲမတိုင်မီ အစပြုလိုကြောင်း သမ္မတပြော

ရန်ကုန်၊ မေ ၁၉

အစိုးရ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု ပုံဖော်နိုင်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အလို့ငှာ နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အစပြုထားလိုကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့သော သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားလိုက်သည်။

““ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် ရွေးကောက်ပွဲများ မတိုင်မီမှာ အစပြု ထားလိုပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲများက တစ်ဆင့် ကျွန်တော်တို့ ရည်မှန်းတဲ့ ပြည်ထောင်စုကို ပုံဖော်ဖို့ အတွက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် ကိစ္စများစွာကို အားလုံးရဲ့ ကိုယ်စားပြုမှု သဘောတူညီမှုတွေနဲ့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်အောင်

ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပနိုင်ရန် ဆွေးနွေးမှုပြုလုပ်

ရန်ကုန်၊ မေ ၁၉

တိုင်းရင်းသား လူငယ်များအချင်းချင်း ပိုမိုစည်းလုံးကာ ပြဿနာများကို အတူတကွ အဖြေရှာရန် အပါအ၀င် ရည်ရွယ်ချက် ၅ ချက်ကို အခြေခံ၍ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ကျင်းပနိုင်ရေးအတွက် အကြိုဆွေးနွေးပွဲ တစ်ရပ်ကို မေလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီမှ ကိုမင်းနှောင်ထောက မေလ ၁၉ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယခုဆွေးနွေးပွဲမှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုး ၁၆ မျိုးထဲမှ ကိုယ်စားလှယ် ၇၉ ဦး တက်ရောက်သော ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက် ရှမ်းပြည်နယ်

အင်းလေးဖောင်တော်ဦးဘုရား မွန်မြတ်သော ရွှေဆိုင်း ကပ်လှူချင်သော် လည်း တစ်ကိုယ်ကောင်း စီးပွားရှာသူများကြောင့် ကပ်လှူခွင့်မရ – ပေးစာ

 ၁၅-၄-၂၀၁၅ ရက်နေ့တွင် ကျွန်တော်တို့ မိသားစု(၉)ယောက် ရန်ကုန်မှ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားသို့ ဘုရားဖူးမြော်ရန် ထွက်ခဲ့ကြပါသည်။ ဖောင်တော်ဦးဘုရားသို့ မရောက်မီ ညောင်ရွှေ ကမ်းနားမှ စက်လှေငှားပါသည်။ ကမ်းနားမှာလည်း မုန့်ပဲသရေစာနှင့် တွဲဖက်ပြီးဘုရား ရွှေချရန်ရွှေဆိုင်း ထုပ်ကလေးများ ရောင်းချရင်း ဘုရားဖူးများ စီးလာသော ကားများကို ရပ်နားရန် နေရာချ တာဝန်ပါယူပြီး သူတို့ပစ္စည်းများအား တစာစာအော်ဟစ်ရင်း တောင်းပန် ရောင်းချနေသည့် ကလေးတွေကို အားပေးသော အားဖြင့် မုန့်ပဲသရေစာ များနှင့် အတူ ရွှေဆိုင်းများကိုလည်း ၀ယ်ယူခဲ့ပါသည်။

အားလုံးဝယ်ယူပြီး စက်လှေနှင့် ဘုရားကိုရောက် မိသားစု အားလုံး ရွှေချရန် ရွှေဆိုင်း အထုပ်ကလေးများဖြေပြီး ဘုရားကိုရွှေကပ်ရန် ပြုလုပ်ခါစ အချိန်ကလေးမှာ လူတစ်ယောက်က ခင်ဗျား စာမတတ်ဘူးလား၊ ဒီဘုရား မှာ ပြင်ပရွှေဆိုင်းနှင့် ရွှေချတာကို လုံးဝခွင့်မပြုကြောင်း၊

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းမှူးများ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားပြီ

 ရန်ကုန်၊ မေ ၂၁

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဆိုပါက အသင်းသားအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ရွေးကောက်ပွဲဝင်ရန် ရှိသည်ဟု မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမည်မဖော် လိုသူ ရန်ကုန်တိုင်း အလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်များသာမက စစ်တိုင်းမှူးများ လည်း အရပ်ဝတ်လဲ၍ ပြည်ခိုင်ဖြိုးပါတီ မှ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် သမ္မတရုံး၊ ပါတီဌာနချုပ်ရုံး တို့မှ သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ၆ လသာ လိုတော့သည့် အချိန်တွင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မေလ ၁၅ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်

သီချင်းဆိုရင်း မဲဆွယ်တဲ့ဝန်ကြီး – ချင်းတွင်းချစ်ဆန်း

 ရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလ၊ ပထမပတ်မှာ ကျင်းပပေးပါမယ်ဆိုတဲ့ ရွေးကောက် ပွဲကော်မရှင် ကြေညာချက် ထွက်ပေါ်လာပြီးချိန်ကစလို့ အာဏာရ နိုင်ငံရေးပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်များဟာ ဂနာမငြိမ်နိုင်အောင်ကိုပဲ ဗျာများနေကြတာကို တွေ့ရှိနေ …

ကျေးရွာများ သူတို့ကိုမဲပေးကြရင် လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးရန် ၎င်းတို့က ကြိုးစားပေးမယ်လို့ ပြောဟော စည်းရုံးတာ … မလွဲမသွေ ဆောင်ရွက်ပေးရမယ့် လျှပ်စစ်ဌာနရဲ့ လုပ်ငန်းကို သူတို့လုပ်ငန်းသဖွယ် မဲဆွယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလ၊ ပထမပတ်မှာ ကျင်းပပေးပါမယ် ဆိုတဲ့ ရွေးကောက်ပွဲ ကော် မရှင် ကြေညာချက် ထွက်ပေါ်လာပြီး ချိန်ကစလို့ အာဏာရနိုင်ငံရေး ပါတီဖြစ်တဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပုဂ္ဂိုလ်များဟာ ဂနာမငြိမ်နိုင်အောင် ကိုပဲ ဗျာများနေကြတာ ကို တွေ့ရှိနေရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အုပ်ချုပ်ရေးတွင် ပါဝင်နိုင်ရန် အတွင်းဝန်များ ခန့်ထားခြင်းဖြစ်

 ရန်ကုန်၊ မေ ၁၈

မြန်မာနိုင်ငံရှိ ၀န်ကြီးဌာန အသီးသီးတွင် အတွင်းဝန်၊ အမြဲတမ်း အတွင်းဝန်များ ခန့်အပ်ထားခြင်းသည် လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးကို ဆက်လက် ချုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားခြင်းသာ ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မေ ၁၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အတွင်းဝန်ဆိုသည်မှာ ပါလီမန်အတွင်းဝန်နှင့် အမြဲတမ်းအတွင်းဝန် ဟူ၍ နှစ်မျိုးရှိရာ အမြဲတမ်း အတွင်းဝန်သည် နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက်သာ သီးသန့်ခန့်ထားခြင်းဖြစ်ပြီး

ရခိုင်ပြည်နယ်မှ တရားမ၀င် ရွှေ့ပြောင်းသွားလာမှု မရှိရေး နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ကြေညာ

 ဒေါက်တာထွန်းအောင်ဆိုရင် ရခိုင်ကိစ္စစဖြစ်တော့ မောင်တောအထွက် ဘက်မှာ သူရဲ့သမီးက UN ၀န်ထမ်းပေါ့။ အဲဒီ UN အရေခွံခြုံပြီးတော့ အဲဒီဝန်းထဲနေတာ။ အဲဒါကို ကျွန်တော်က သတင်းရတယ်။ အဲဒီတော့ ဖမ်းဆိုပြီးတော့ ဒေါက်တာ ထွန်းအောင်ကို ဖမ်းတယ်။ အဲဒီဝန်းထဲ ၀င်ရှာပြီးတော့ ဖမ်းရတာ . . . အဲဒါတောင် မကြာဘူး။ ပြန်လွှတ်လိုက်တယ် . . .

နယ်ခြားစောင့်ရဲတွေက ပိုက်ဆံယူပြီးတော့ အကုန်လုံးကို လက်ခံထားတာ။ အရင်မဆလခေတ်တုန်းက လူဦးရေစာရင်း မှတ်တမ်းတင်တာ … လူဦးရေ မတိုးအောင်လုပ်တယ် … အခုက ဘင်္ဂါလီတွေကို လူဦးရေ စစ်ဆေးတဲ့ စနစ်လည်း မရှိဘူး။ ဘယ်သူမှလည်းမစစ်ဘူး …

ဖုန်းငွေဖြည့် ကတ်မှအခွန်ကောက်ခံမှုကို ရပ်ဆိုင်းရန် အခွန်ဥပဒေ ကို ပြင်ဆင်ရန် အရေးကြီး အဆိုတင်

 ရန်ကုန်၊ မေ ၂၁

မိုဘိုင်းဖုန်းငွေဖြည့်ကတ်များမှ ကတ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်ခွန်အဖြစ် ဇွန်လ ၁ရက်တွင် စတင် ကောက်ခံရန်အတွက် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီးဌာနက ကြေညာထားမှုအပေါ် ယင်း အခွန်ဖြတ်တောက်မှုကို ဆိုင်းငံ့ထားရန်နှင့် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား လျင်မြန်စွာဆောင်ရွက် ပေးရန်အတွက် အစိုးရနှင့်လွှတ်တော်အား တိုက်တွန်းသည့်အဆိုကို မေ လ ၂၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် တွင် အမရပူမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်သည်။

NLD နှင့် ၈၈ တို့ နိုင်ငံရေး ပူးပွဲကြေညာစာတမ်း ထုတ်ပြန်မည်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ မေလ ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး ပူးတွဲကြေညာစာတမ်းတစ်စောင် မေ ၂၇ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ရန်ကုန်မြို့ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်   နိုင်ငံရေးကြေညာစာတမ်း ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်နိုင်ငံရေးအပေါ် အခြေခံ၍ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပြီးသည့်နောက် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊