Tuesday, October 7, 2014

ဘတ်ဂျက်ရမှ ညကျောင်းများပြန်ဖွင့်နိုင်မည်

လူငယ်များ အလုပ်လုပ်ရင်း ပညာသင်ကြားခွင့်ရရှိစေရန် လူငယ် ရေးရာညကျောင်းများနှင့် ညနေပိုင်း စက်မှုလက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ဉာဏ်ပူဇော်ခနှင့် လိုအပ်သည့် သင် ထောက်ကူပစ္စည်းများဝယ်ယူနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုး ရထံမှ ဘဏ္ဍာငွေတောင်းခံထားသည် ဟု လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်တွင်း ၌ ပြောကြားခဲ့သည်။

ပထမအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်အထူးအစည်းအ ဝေး ၁/၂၀၁၄ ဒုတိယနေ့တွင် ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ်တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦး ခင်မောင်ထူးမှ မေးမြန်းခြင်းကို လွှတ် တော်အတွင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လူငယ်များအတွက် အလုပ်လုပ် ရင်းပညာသင်ကြားလို့ရတဲ့ ကျောင်း ပြင်ပ မူလတန်း၊ အလယ်တန်းကျောင်း တွေကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ လူငယ်ရေးရာ ညကျောင်းများနဲ့ ည နေပိုင်း စက်မှု၊ လက်မှုအင်ဂျင်နီယာ သင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင် ဖို့အတွက် ဆရာ၊ ဆရာမတွေကိုပေး ဖို့ ဉာဏ်ပူဇော်ခနဲ့ လိုအပ်တဲ့သင် ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအ စိုးရထံမှ ဘဏ္ဍာငွေတောင်းခံထားပါ တယ်။ ရရှိတဲ့အခါ ဖွင့်လှစ်ပေးသွားဖို့ စီစဉ်ထားပါတယ်} ဟု လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးဉာဏ်ထွန်းဦး က ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈-၀၉ မှစ၍ မူလတန်း၊ အလယ် တန်းကျောင်း ပြင်ပ ပညာသင်ကြား ရေးအစီအစဉ်ဖြင့် စခန်းပေါင်း ၇၈ ခု၊ ကျောင်းသားဦးရေ ၁ç၄၅၇ ဦး၊ ဆရာ^မ ၁၈၄ ဦး၊ ကြီးကြပ်သူ ၁၀ ဦးနှင့် ကူညီပံ့ပိုးသူ ၄၂၃ ဦးတို့အား ပညာရေးဝန်ကြီးဌာနမှ စီမံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ယနေ့ခေတ်တွင် အလုပ်တစ် ဖက်နှင့် ပညာရေးကို ဆက်လက်မ သင်ကြားနိုင်သော လူငယ်များအတွက် လူငယ်ရေးရာညကျောင်းများ၊ ညနေ ပိုင်း စက်မှုလက်မှုအင်ဂျင်နီယာသင် တန်းကျောင်းများ ကို ပြန်လည်ဖွင့်လှစ် ပေးရန် တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူးက လွှတ် တော်တွင်း မေးမြန်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်တွင် ဝန်ကြီးဌာန ၁၃ ခုမှ တက္ကသိုလ်ပေါင်း ၁၆၈ ကျောင်းရှိပြီး အလုပ်လုပ်ရင်း ပညာသင်ကြားနိုင်သည့် ကျောင်းများမရှိသေးပေ။
MMK
The Ladies News Journal

No comments:

Post a Comment