ရန်ကုန် (မဇ္ဈိမ)။ ။ တစ်မိနစ် ကျပ် ၅၀ ဖြင့် ကောက်ခံနေသည့်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းခေါ်ဆိုခများကို ၃၅ ကျပ်သို့
လျော့ချသည်ဟု ဆိုသော်လည်း ယင်းသို့ သုံးစွဲနိုင်ရန်အတွက်
၎င်းတို့အသစ်မိတ်ဆက်သည့် ဆွေသဟာ အစီအစဉ်သစ် ကို သုံးစွဲရမည် ဖြစ်ပြီး
ယင်းသို့ သုံးစွဲခြင်း မပြုပါက မူရင်းအတိုင်း ကျပ် ၅၀ ဖြင့်သာ ကောက်ခံမည်
ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး
အော်ပရေဒါတစ်ခုဖြစ်သော MPTမှ ဖုန်းခေါ်ဆိုခ ဈေးနှုန်း လျော့ခြင်းအတွက်
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇန်နဝါရီလ
၉ရက်နေ့က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)