Tuesday, October 7, 2014

နိုင်ငံရေးတွင် သံဃာတော်များပါဝင်ရခြင်းမှာ မဏ္ဍိုင်လေးရပ် ယိမ်းယိုင်နေခြင်းကြောင့်ဟု ဦးပါမောက္ခမိန့်ကြား

ဇွဲမာန် ၊ ရန်ကုန်၊ အောက်တိုဘာ ၎
တိုင်းပြည်၏ မဏ္ဍိုင်ကြီးလေးရပ် ယိမ်းယိုင်နေပြီး ပြည် သူများ ဆင်းရဲဒုက္ခရောက်နေခြင်းကြောင့် မိမိတို့သံဃာတော်များ အနေဖြင့် နိုင်ငံ ရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေရ ခြင်းဖြစ်ကြောင်း မကွေးကျောင်းတိုက်မှ အရှင်ပါမောက္ခက မိန့်ကြားသည်။
အောက်တိုဘာ ၄ ရက်က မကွေးကျောင်းတိုက်တွင် ပြုလုပ်သော မဏ္ဍိုင်ကြီးလေးရပ် ယိမ်းယိုင်နေခြင်း ကြောင့် နိုင်ငံတစ်ဝန်း မတရားမှုများ ပြု ခံနေရသော ပြည်သူများ၏ မတရားခံနေ ရမှုကိစ္စများကို ဖတ်ကြားတင်ပြသည့် စာ တမ်းဖတ်ပွဲတွင် ဆရာတော်မှ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။

''မဏ္ဍိုင်လေးရပ် ယိမ်းယိုင်နေ သရွေ့ ပြည်သူတွေ ဆင်းရဲနေကြဦး မှာပဲ။ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေသ ရွေ့ကတော့ ဘုန်းဘုန်းတို့ သံဃာတော် တွေ မြန်မာ့နိုင်ငံရေးထဲမှာ ပါဝင်နေရဦး မှာပါပဲ''ဟု ဆရာတော်မှ ဆက်မိန့်သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် နိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစား များ နှင့် တောင်သူလယ်သမားများက ¤င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော မတရားမှုများ၊ အခက်အခဲများကို စာတမ်းဖတ်ကြားခဲ့ ကြပြီး ဘာသာခြားများ၏ လိမ်လည်ပေါင်း သင်းခြင်း ခံခဲ့ရသူများ၊ မတရားအာဏာ သုံးကာ မြေသိမ်းခံခဲ့ရသူများပါ ကိုယ်တိုင် ပါဝင်ဖတ်ကြားခဲ့ကြသည်။
''နိုင်ငံရေးဆိုတာ နိုင်ငံသား အားလုံးအရေးကို ဆိုလိုခြင်းဖြစ်တယ်။ အခု မြန်မာ့နိုင်ငံရေးက တစ်ဦးတစ်ယောက် အသင်းအဖွဲ့တစ်ခုကောင်းဖို့ လုပ်နေသ လိုဖြစ်နေတယ်။ နိုင်ငံတကာအမြင်နဲ့ ကြည့်ဖို့လိုတယ်''ဟု ဆရာတော်က ဆက် လက်မိန့်ကြားခဲ့သည်။
Flower News Journal, Vol-10, No.29 (13-Oct - 2014)
====================================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com

No comments:

Post a Comment