သုံးနှစ်ခွဲကျော်ကာလ အတွင်း သမ္မတဦးသိန်းစိန်၏ ပြု
ပြင်ပြောင်းလဲရေးလုပ်ငန်းများ တွင် အုပ်ချုပ်ရေးနှင့် ဆိုင်သော
ပြုပြင်ပြောင်းလဲမှု နှေးကွေးနေသည် ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားလိုက်သည်။
‘‘အုပ်ချုပ်ရေးစနစ်က အရင် တပ်မတော်အစိုးရ၊ ဆိုရှယ်လစ်အ စိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ် ချုပ်ရေးစနစ်ဖြစ်နေတယ်။ ယနေ့ ဒီမိုကရေစီစနစ်ကို ပြောင်းတဲ့အ ခါမှာ အုပ်ချုပ်ရေးစနစ်က
ဒီမိုက ရေစီစနစ်နဲ့ အံချော်နေတယ်’’ဟု ၀န်ကြီး ဦးစိုးသိန်းက အောက်တို ဘာ ၅ ရက်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြော ကြားခဲ့သည်။
အစိုးရက အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် မည်ကဲ့သို့ပြောင်းလဲမည်ဆို သည်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် မတွေ့ရပေ။ ‘‘ဘယ်လို ပြောင်းရမလဲဆိုတာမှာ ပြဿနာရှိတယ်။ ဘယ်ကစပြီး ကိုင်ကြမလဲဆိုတာကစလို့’’ ဟု MDRI (မြန်မာ့ဖွံ့ဖြိုးတိုးတက် မှု အရင်းအမြစ်အဖွဲ့)မှ အကြီးတန်းသုတေသနမှူး ဦးတင်မောင်သန်းက သုံးသပ်သည်။
သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နေကြောင်း မီဒီယာများသို့ မကြာခဏပြောကြားလေ့ရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment