ကန့်ဘလူ၊ ဇွန် ၃၀ဇွန်(၂၇)ရက်နေ့ ဆန္ဒထုတ်ဖော်ခဲ့သည့် ကန့်ဘလူခရိုင်ဖွင့်ပွဲ အမြန်ဆုံး ကျင်းပနိုင်စေရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် မြို့နေလူထု ဆန္ဒနဲ့အညီ ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက ဇွန်လ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ကန့်ဘလူမြို့နယ်မှာ လက်ရှိအချိန်အထိ ခရိုင်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသောကြောင့် ကန့်ဘလူမြို့နယ်မှ ဒေသခံ ပြည်သူများက ဇွန်(၂၇) ရက်နေ့တွင် ရဟန်းရှင်လူ ပြည်သူ အင်အား (၅)သောင်းနီးပါးဖြင့် မြို့အတွင်း၌ လှည့်လည်ကာ ကန့်ဘလူမြို့ကို ခရိုင်အဖြစ် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခုလို ဆန္ဒထုတ်ဖော်တယ် ဆိုတာကလည်း ကျွန်တော်တို့ ကန့်ဘလူမြို့ကို ခရိုင်အဆင့် တိုးပေးပြီးတာကို ဖွင့်ပွဲမလုပ်နိုင် သေး တဲ့အတွက်ကြောင့် ခရိုင်ဖွင့်ပွဲကို အမြန်ဆုံး