Saturday, October 11, 2014

အိမ်များဖျက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ၏ အလိမ်ခံရခြင်းကို လက်ရှိ အုပ်ချုပ်ရေးမှူးက တစ်ဖက်သတ် အနိုင်ကျင့်ဆုံးဖြတ် – ပေးစာ


လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၀၅၂/ B)၊ ဦးပိုင်အမှတ် (၁၀၄/၁)အနီး ဧရိယာ (၀ ဒသမ ၁၅) ဧက၌ အိမ်ဆောက် နေထိုင်ကြသော အိမ် (၅)လုံးမှာ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော် ကတည်း က နေထိုင် လာကြပါသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် NLD အဖွဲ့ဝင် ကိုတင်အောင်မိုးတို့ အိမ်(၃)လုံးအား ဖယ်ခိုင်း ချင်သည့်အတွက် ကျွန်တော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် အိမ်(၅)လုံးအား အုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်က တာဝန်ယူ၍ ကောက်ကွေ့ ကျေးရွာထိပ်မှ ရွာထဲသို့ ၀င်ရောက် နေထိုင် ခိုင်းခဲ့ပါသည်။


အိမ်တွေကိုဖျက်၍ ရွှေ့ပြောင်းခိုင်းသောအခါအုပ်ချုပ်ရေးမှူး ဦးကြည် ရွှင်က ““မင်းအိမ် (၅)လုံးဖျက်ပြီး ရွာထဲမှာခေတ်္တဆောက်နေပါ။ ဒါမှ NLD ပါတီဝင် ကိုတင်အောင်မိုးတို့အိမ်(၃)လုံးကို ရွာကနှင်ထုတ်လို့ရမှာ သူတို့ ထွက်သွားရင် မင်းတို့ပြန်ဆောက်နေ၊ကုန်ကျစရိတ်ငါတို့ပေးမယ်””ဟုပြော ခဲ့ပါသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လက်ပံကျေးရွာအုပ်စု အနိုင်ရခဲ့ပါသည်။ ကိုတင်အောင်မိုးတို့ NLD ပါတီဝင် (၃)အိမ်လည်း သူတို့ပါတီက ရပ်တည် ပေးထားသောကြောင့် မပြောင်းရွှေ့ ခဲ့ရပါ။ ကျွန်တော်တို့လည်း ကိုယ့်ရဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရသည့်အတွက် ရွာထဲက သူများခြံထဲ ဟန်ဆောင်နေရသည်ကို မနေလိုသည့်အတွက် မူလ ကိုယ့်မြေပေါ် အိမ်ပြန် ဆောက်နေခဲ့ပါသည်။

ကျွန်တော်တို့ နေထိုင်သော အိမ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက အင်အားသုံး ဖျက်ဆီးရန် ကျွန်တော်တို့ ဆင်းရဲသား ကျောမွဲ လူတန်းစားတွေ အမျိုးမျိုး နှိပ်စက်ခံနေရသည်ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် နိုင်ငံတော်မှ တာဝန်ရှိသူများ သိရှိ အကူအညီ ပေးနိုင်ရန် ရင်ဖွင့်လိုက်ပါသည်။

ဦးကျင်အောင်၊ ဦးသန်းဝင်း

လှည်းကူး


  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment