လာမည့်နှစ်ဖေဖော်ဝါရီ
လတွင် နတ်မောက်မြို့၌ ပြုလုပ် မည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲကို
အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်း ပါဝင်ရန် ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ်
မြောက်ရေးကော်မတီနှင့် မကွေး တိုင်းဒေသကြီး
ဝန်ကြီးချုပ်တို့ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။
၂၀၁၅ ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ သီတင်းတစ်ပတ် ကြာကျင်းပမည့် ဗိုလ်ချုပ်ရာပြည့် ပွဲကို အုပ်ချုပ်ရေးပိုင်းမှ လုံခြုံရေး အပါအ၀င်အခြားလိုအပ်သောအ ကူအညီများပေးရန် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ရာပြည့်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ တွဲ ဖက်အတွင်းရေးဦးဇော်မင်းက ပြောသည်။
‘‘ကျွန်တော်တို့ အုပ်ချုပ်ရေး ပိုင်းကိုတင်ပြထားတယ်။ ခွင့်ပြု ချက်တော့မဟုတ်ဘူး။ ကျွန်တော် တို့ ဘယ်လိုကျင်းပဖို့ရှိတယ်ဆို တာ ဆွဲထားတဲ့ စီမံချက်ကိုတင်ပြ ထားတာ ကျွန်တော်တို့ကပွဲကိုဖြစ် အောင်ကျင်းပမှာ’’ဟု ဦးဇော်မင်း ကဆိုသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲကို လာ မည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ရက်အထိ ရက်သတ္တပတ်ကြာ ကျင်းပသွားရန်ရှိပြီး ကုန်ကျစ ရိတ် ကျပ်သိန်းတစ်ထောင်ခန့်အသုံးပြု သွားမည်ဖြစ်ကာ ပြပွဲပြိုင်ပွဲများ၊စာပေဟောပြောပွဲများနှင့် ဖျော်ဖြေပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး၊ နတ် မောက်မြို့တွင် မွေးဖွားခဲ့သည့်လွတ် လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်း၏ နှစ်တစ်ရာပြည့်ပွဲကို ဗိုလ် ချုပ်၏ ဇာတိချက်မြှုပ်မွေးရပ်မြေ နတ်မောက်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး ဗိုလ်ချုပ်နှင့် မိသားစု၏ အသုံးအဆောင် ပစ္စည်းများ၊ သမိုင်းဝင် အထောက်အထား စာရွက်စာတမ်းများ၊ ဓာတ်ပုံမြေပုံများ၊ ဗိုလ်ချုပ်နှင့် ပတ်သက်သည့်နေရာ၊ ဒေသ၊ အဆောက်အအုံများ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ်အကြောင်း ရေးသားထုတ်ဝေသည့်စာအုပ်များ၊ ရိုက်ကူးထားသည့် ရုပ်ရှင်များကို ပြသသွားမည်ဖြစ်သည်။

Credit - 7DAY DAILY
No comments:
Post a Comment