Saturday, October 11, 2014

စိတ်ရှည်သည်းခံ ပြည်သူ့အစေခံ

– မဟာနွယ်

စစ်တက္ကသိုလ်သာ မတက်မိရင် ချောင်းကြိုမြောင်းကြားမှာ “လှေထိုးလွှတိုက်” လိုက်ချင် လိုက်နေရမှာပါ။ စစ် ထဲဝင်ပြီး ဗိုလ်ချုပ်ဖြစ်လာလို့သာ စစ်အာဏာရှင်တွေ ရေရှည် လွှမ်းမိုးလာတဲ့ တိုင်းပြည်မှာ သမ္မတဖြစ်ခွင့် ရခဲ့တာပေါ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်အပတ်မှအဆက်


  ပြည်ထောင်စုစာရင်းစစ်ချုပ်က သက်ဆိုင်ရာဝန်ကြီးဌာနများအား စစ်ဆေးရာတွင် စာရင်းစစ်ချုပ်၏ ကန့်ကွက် ချက်များ အပေါ် မျက်ကွယ်ပြုပြီး ငွေကြေးကွာခြားသူ ၀န်ထမ်းအပေါ်မှာ အရေးယူဆောင်ရွက် ခြင်းမရှိသည့် ၀န်ကြီးဌာနများအနက် တစ်ခု အပါအ၀င်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ကိုသာဓကအနေဖြင့် ဖော်ပြလိုက် သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း အစိုးရငွေ သိန်း ၈၀၀၀ ခန့် ပမာ ဏရှိသည့် ငွေကြေးကွာခြားမှုနှင့် ပတ်သက်ပြီးလည်း ကျယ်ကျယ်လောင်လောင်အသံတွေ ထွက် ခဲ့ဖူးသည်။ ယခုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံ စာအရတော့-

၁။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာနတွင် ငွေကြေးကွာခြားချက် ၅ ဒသမ ၇၈၂ (သန်း)

၂။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနတွင် ငွေကြေးကွာခြားချက် ၀ ဒသမ၆၃၄ (သန်း)

၃။ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် ငွေကြေးကွာခြားချက် ၀ ဒသမ ၀၂၀ (သန်း)

၎။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတွင် ငွေကြေးကွာခြားချက် ၀ ဒသမ ၇၀၆ (သန်း)…

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တွေ့ရှိချက်များနှင့် ကန့်ကွက်တင်ပြချက်များ အပေါ် သက်ဆိုင်ရာ ဌာနတွေရဲ့ အရေးယူ မှုတွေကလည်း အားရကျေနပ် စရာမရှိပါ ဘူး။ အထူးသဖြင့် ပြည်သူ့ဘဏ္ဍာငွေတွေ ကို လက်ဝယ် ကိုင်ဆောင်ထားကြပြီး စစ်ဆေးတွေ့ရှိလို့ ပြန်လည်အပ်နှံသည့်အခါ မူလငွေကြေးထက် လျော့နည်းပြီး အပ်နှံ သည့် ငွေကြေး ကွာခြားမှုတွေအပေါ် ၀န်ထမ်း စည်းမျဉ်းစည်းကမ်းများအရရော ရာဇ၀တ်ဥပဒေနှင့်ပါ အရေး ယူသင့်သည့် ပြစ်မှုတွေဖြစ်ကြောင်း ဖော်ပြထားပါသည်။

စာရင်းစစ်ချုပ်၏ ကန့်ကွက်ချက်ကို မျက်ကွယ်ပြုပြီး ငွေကြေးကွာခြားသူ ၀န်ထမ်းအပေါ် အရေးယူ ဆောင်ရွက် မှုမရှိသည့် ၀န်ကြီးဌာနများထဲတွင် ပြန်ကြားရေးဝန် ကြီးဌာနပါဝင်လျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနတွေရဲ့အရေးယူမှုတွေက ကျူးလွန်သူ ကာယကံရှင်တွေ နောင် မကြဉ်စရာပါ။ ဒါပေမဲ့ အရေးယူမှု ၄ မျိုးရှိပါတယ်။

၁။ ဌာနအရေးယူဆောင်ရွက်မှုမရှိခြင်း

၂။ နောင်မဖြစ်ရန်နှုတ်ဖြင့် သတိပေးခြင်း

၃။ နောင်မဖြစ်ရန် သတိပေးမှတ်တမ်းရေး ထိုးပြီး သတိပေးစာထုတ်ပြန်ခြင်း

၎။ နှစ်တိုးလျှော့ခြင်း စသည်တို့ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ ဦးရဲထွဋ် ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေချိန် မှာပဲ ပုံနှိပ်စက်ကို နိုင်ငံခြားက နေ ယ်ယူတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနပေးချေ ခဲ့ရတဲ့ဈေးနှုန်းနဲ့ မြေပြင်ဈေး နှုန်းတွေမှာ ကွာခြားချက်တွေ ရှိနေလို့ ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်နေသည်။

“4 Hi Tower 4 Unit ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာခုနစ်သိန်းနဲ့ The Printer House ကနေ အောင်မြင်စွာ ၀ယ်ခဲ့တယ် လို့ ဖော်ပြပါတယ်။ ဦးရဲထွဋ် ဒုဝန်ကြီး တာဝန်ယူတဲ့အချိန်မှာ ဒီတင်ဒါခေါ်တာပါ၊ အဲဒီပုံနှိပ်စက် မျိုးကို ဒေါ်လာ ခုနစ်သိန်းနဲ့ ၀ယ်ခဲ့တယ်။ နှစ်ရောင်ရိုက်လို့ရတဲ့ ပုံနှိပ် စက်ကို ခင်ဗျားတို့ ၀ယ်ခဲ့တာ ဒေါ်လာ ၄ သိန်းဝန်းကျင်နဲ့ ၀ယ်ခဲ့တယ်။ လေးရောင် ရိုက်လို့ရတဲ့ ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာ ခုနစ်သိန်းဝန်းကျင်နဲ့ ၀ယ်ခဲ့ တယ်လို့ ပြန် ကြားရေးဝန်ကြီး ဌာနက ရှင်းပါတယ်။ အဲဒီကုမ္ပဏီပဲ ကျွန်တော်တို့ကို 4 Hi သုံး လုံး၊ မိုနို တစ်လုံး အတွက်ကို ဒေါ်လာ ၈၉၅,၀၀၀နဲ့ ကမ်းလှမ်းနေပါတယ်။ သူတို့ ဖော်ပြချက်ကို ကျွန်တော်တို့က ဈေးဆစ် တဲ့ အခါမှာ ဒေါ်လာ ရှစ်သိန်းလောက်နဲ့ ရ နိုင်တယ်လို့ အကြောင်းပြန်ပါတယ်။ တစ် လုံးတည်းဝယ်ရင် ဒီစက်ရဲ့ တန်ဖိုးဟာ ဒေါ်လာသုံးသိန်းအောက်မှာပဲ ရှိပါတယ်။ ဒေါ်လာ ခုနစ်သိန်းနဲ့ ၀ယ်ယူခဲ့တဲ့စက်၊ လေးရောင်ရိုက် လို့ရတဲ့ စက်ကို ကျွန်တော်တို့ကို ဒေါ်လာသုံးသိန်းအောက်နဲ့ ကမ်း လှမ်းခဲ့တဲ့သဘောဖြစ်နေတယ်၊ ဒီဟာမှာ ကွာခြားချက်ရှိနေတဲ့အတွက် ကျွန်တော် တို့က တိုင်းပြည်ဘဏ္ဍာငွေတွေ နစ်နာ တယ်ဆိုပြီးတော့ ရေးတာကို ဦးရဲထွဋ်တို့ ၀န်ကြီးဌာနက အဲဒါကိုအသရေဖျက်တယ်၊ ဂုဏ်သိက္ခာကျဆင်းတယ်လို့ ပြောနေတယ်။ တကယ် တော့ ဒါဟာ ဂုဏ်သိက္ခာ ကျဆင်းတာလောက် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေနစ်နာတာက ဦးရဲထွဋ်တို့ရဲ့ ဂုဏ်သိက္ခာထက် ဆိုးပါတယ်။ ပြည်သူရဲ့ ချွေးနှဲစာနဲ့ ယူထားတဲ့ ငွေတွေကို ဗုန်းပေါလအော သုံးချင်တိုင်း သုံးစွဲ ချင်တိုင်းစွဲတာဟာ တော်တော်ကြီးဆိုးပါတယ် ဆိုပြီး EMG တာဝန်ရှိသူရဲ့ ရှင်းလင်းချက်ဟာ ကာယကံရှင်တွေ အပေါ် ““အနာပေါ်တုတ်ကျ””သွားခြင်းသာ ဖြစ်သည်။

““အရင်းစစ်လျှင် အမြစ်မြေက”” ဆိုသည့် ရှေးစကားပုံကိုပဲ ကိုးရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်ပါပဲ “ငါ့ဆရာ့ ရဲ့သားတွေ” ဆိုပြီးသူကောင်းပြုရာမှ Ability ထက် Loyalty ကို ရှေ့တန်းတင် ခန့်ထားခြင်းသာ ဖြစ်သည်။ အဂတိလိုက်စားမှု နက်နက်ရှိုင်းရှိုင်း စူးဝင်နေသည့် နိုင်ငံတိုင်းတွင် Ability ထက် Loyalty ကို ဦးစားပေးခန့် ထားသည့် သွင်ပြင်လက္ခဏာတွေကို တွေ့မြင်ရသည်။

နိုင်ငံတကာမှာတွေ့ရှိရသည့် Black’s Law အဘိဓာန်ပါ Forms of bribery ပေါင်း အမျိုးအစား ၂၀ ခန့်ရှိသည့် အနက် နံပါတ်စဉ်(၆) Favouritism ခေါ် ကိုယ်နှင့် ပတ်သက်ရာကို မျက်နှာသာ ပေးဘက်လိုက် ခန့်ထား ခြင်းဖြစ်သည်။ ဘက်လိုက်မှုသည် လာဘ်စားမှု၏ အခြေခံဖြစ်သကဲ့သို့ အဂတိလိုက် စားခြင်း တစ်မျိုး ဖြစ်သည်။ အစိုးရဌာနအဖွဲ့ အစည်း(သို့) လူမှုအဖွဲ့အစည်း(သို့) ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများတွင် “ဘက်လိုက်သည်”ကို Favour ပေးသည်ဟု သုံး နှုန်းကြသည်။ အထူးတလည် အဓိပ္ပာယ် ဖွင့်ဆိုရန် မလိုအပ် ချေ။ မိန်းမငယ်ငယ် ချောချောလေးမို့ (သာဓကအားဖြင့် ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်လုံးကြီးပေါက် လှ တွေကို မော်တော်ကားဝယ်ယူခွင့် ဦးစားပေးခွင့်ပြုတာ မျိုး) ကျောထောက်နောက်ခံရှိလို့၊ လူကြီးသား သမီးတစ်ဦးဦး ဖြစ်လို့၊ တစ်စုံတစ်ခုသော အကျိုးရလဒ်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်လို့၊ အကြောင်း ကြောင်းသော မျှော်လင့် စရာများရှိနေလို့၊ လူမျိုးတူ ဘာသာတူလို့၊ တစ်ပတ်စဉ်တည်း ဆင်းလို့၊ တစ်နယ်တည်းသားမို့လို့ စသည့် ဘက်လိုက်မှုများ နေ့စဉ်အရေအတွက်ကြီး မားလာသည်၊ ဘက်လိုက်သည်ကို ယုံကြည်မှုတည် ဆောက်သည်ဟု ခေါင်းစဉ် ပြောင်းတတ်ကြသည်။ ဤသို့တည်ဆောက် သောယုံကြည်မှုသည် ဦးတည်ချက် ခိုင်မာ ကောင်းမွန်သည့် ကိုယ်ကျိုးမဖက်ဆောင် ရွက်မည်ဆိုသည့် သံမဏိအခြေခံပေါ်တွင် တည်ဆောက် ထားခြင်း မဟုတ်သည့်အတွက် မိမိနှင့် မိမိလက်ပါးစေနောက်လိုက်များ ကောင်းစားရေးကို သာ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။

အာရှအာဆီယံနိုင်ငံများတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး Legal measues, Action measure, Counter measure ကို ဆောင်ရွက်ရာတွင် Whistleblower များ၊ online blogger များနှင့် တာဝန်သိပြည်သူ (duty concious Citizens) များက ပေးပို့သည့် tips ခေါ်တိုင်စာများ (သို့) notoriety ရှိသူများကိုစိစစ်လျက် ထိုပုဂ်္ဂိုလ်များကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရာထူးဌာနန္တရ နေရာများမှ ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ် ဆေးမှုများ ပြု လုပ်ပါသည်။ သို့ရာတွင် ယင်းလုပ်ထုံးလုပ်နည်းကို ဆန့်ကျင်သည့် လုပ်ရပ်သာဓကအနေဖြင့် ယခင် စာပေစိစစ်ရေး အကြီးအကဲသည် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး notoriety ရှိခဲ့ သူတစ်ဦးဖြစ်သည်။ သို့ရာတွင် သမ္မတ ဦးသိန်းစိန်သည် အာဆီယံနိုင်ငံများတွင် ကျင့်သုံးနေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး Legal measures များကို ဥပေက္ခာ ပြုလျက် ““ငါ့ဆရာရဲ့သား””ဆိုသည့် အဂတိ တရားလက်ကိုင်ထားလျက် Cronyism. nepotism. Favouritism ကိုကျင့်သုံးပြီး ထိုထက်အဆင့်မြင့်သည့် ရာထူးအကြီးအကဲ နေရာကို ပြောင်းရွှေ့ ခန့်ထားလိုက်သည့် အခါ ငွေကြေးကွာခြားမှု ၅ဒသမ၇၅၂ (သန်း) ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် စစ်ဆေးချက် အစီရင်ခံစာတွင် ငြိစွန်းနေ သည့် ပြန်ကြားရေး ၀န်ကြီးဌာန၏ ငွေကြေးကွာခြားမှု ပမာဏထိပ်ဆုံး ရောက်ဦးစီးဌာန၏ အကြီးအကဲတစ်ဦး ဖြစ်လာလေတော့သည်။

သမ္မတဦးသိန်းစိန်ဟာ စစ်ဝါဒီတစ်ယောက်ပီပီ စစ်တပ်ကလာသည့်လူကို ဦးစားပေး၊ မိမိနှင့် မကင်းရာ မကင်း ကြောင်းတွေကို ရာထူးကောင်း၊ ဌာနန္တရကောင်းတွေကိုပို့၊ စစ်တပ်လုပ်ရပ်တွေကို ကြံဖန် ကျေးဇူးတင် ချီးကျူးတာ မဆန်းပါဘူး။ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒါကြောင့် ဦးသိန်းစိန်အရည်အချင်းနှင့် ပတ်သက်ပြီး နာမည် ကြီးဂျာနယ်တစ်စောင်မှာ ဆောင်းပါးရှင်ဆရာတစ်ဦးရဲ့သုံးသပ်ချက်ကို ယခုလိုပဲ ဖတ်ရှုလိုက်ရပါတယ်။

“Neue Zircher Zeitung (NZZ) သတင်းစာနဲ့ အင်တာဗျူးထဲမှာပဲ သမ္မတ ဦးသိန်းစိန် က မြန်မာပြည်ရဲ့ ပြုပြင် ပြောင်း လဲရေးဖြစ်စဉ်ဟာ အာရပ်နွေဦးနဲ့ အတိအကျ နီးနီး တစ်ချိန်တည်းလို စတင်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန် အရှေ့အလယ်ပိုင်းမှာ နိုင်ငံတချို့မှာ ပရမ်းပတာအခြေ ဆိုက်နေတဲ့ အနေအထားကို မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ရင် တည်ငြိမ်နေပါတယ်။ ဒါဟာတပ်မတော် ရဲ့ ကျေးဇူးကြောင့်ပါ လို့ ကောက်ချက်ချလိုက်ပါသေးတယ်။ သမ္မတ ဦးသိန်းစိန် ဒီလိုပြောတာ မဆန်းပါဘူး။ သူလည်း ယူနီဖောင်းပြောင်းထားတဲ့ စစ်တက္ကသိုလ်ဆင်း ဗိုလ်ချုပ် ဟောင်းတစ်ဦးက တပ်မတော်ကို ကြံဖန်ကျေးဇူးတင် မယ်ဆိုရင် တင်ထိုက်ပါတယ်။ စစ်တက္ကသိုလ်သာ မတက်မိရင် ချောင်းကြိုမြောင်းကြားမှာ “လှေထိုးလွှတိုက်” လိုက်ချင်လိုက်နေ ရမှာပါ။ စစ်ထဲဝင်ပြီး ဗိုလ်ချုပ်ဖြစ် လာလို့ သာ စစ်အာဏာရှင်တွေ ရေရှည်လွှမ်းမိုးလာတဲ့ တိုင်းပြည်မှာ သမ္မတဖြစ်ခွင့် ရခဲ့တာပေါ့”” ဟူ၏။

လက်ရှိမြန်မာနိုင်ငံတွင် မပြည့်စုံသေးသော၊ မထိရောက်သော၊ အသက်မ၀င်သေးသော ချည့်နဲ့နေသည့် ဥပဒေ နှင့် ပြဋ္ဌာန်းချက်များကို အကာအကွယ်ယူလျက် ယင်းတို့၏ ပိုင်ဆိုင်မှုများအား ပြည်သူလူထု သို့တရားဝင် ချပြပါ လို့တောင်းဆိုတိုင်း ဥပဒေကြောင်းအရ တောင်း ဆိုနိုင်ကြောင်း၊ အဂတိ လိုက်စားမှုကော်မတီကို တိုင်ကြားနိုင် ကြောင်းစသည့် အပေါ်စီးလေသံများဖြင့် ဦးရဲထွဋ်က တုံ့ပြန်လေ့ရှိသည်။ ဦးရဲထွဋ် ပြောသလို ““ကျွန်တော်တို့ရဲ့ ဥပဒေအရ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကိုသိချင်ရင် ဥပဒေ ကြောင်းအရ တောင်းဆိုမှပဲရမယ်””လို့ ဆိုရာတွင် ဦးရဲထွဋ်သည် သာမန်အရပ်သား ဖြစ်နေလျှင် ဦးရဲထွဋ်ပိုင် ဥစ္စာပစ္စည်းများကို မိမိတို့သိဖို့ အကြောင်းမရှိပါ။ သိစရာမလို၊ ခုဟာက ဦးရဲထွဋ်သည် ပြည်သူကို အလုပ်အကျွေးပြုတော့မည့် ပြည်သူ့အစေ ခံအဖြစ် ပြည်ထောင်စု ၀န်ကြီးတာဝန်ကို စတင်ထမ်းဆောင်မည့်အချိန်တွင် လူကြီး မင်းပြောပြောနေ သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်သူလူထုက မတောင်းဆိုခင်မှာပဲ တာဝန်သိသူ တစ်ယောက် အနေနှင့် မိမိပိုင်ပစ္စည်းများ ဘယ်ရွေ့ဘယ်မျှရှိသည့် အခြေအနေကို မိမိကတင်ပြရမည်သာဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများသည် မိမိပိုင်ပစ္စည်းများကို စာရင်းပြုစုပြီး အိတ်ပိတ်လျက် ၀န်ကြီးအဖွဲ့အကြီး အကဲ နိုင်ငံတော် သမ္မတထံ သို့ ပေးပို့ထားရသည်ဟု ဆိုသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ သည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက် အအုံ၊ စီးပွားရေးလုပ်ငန်းစုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံပေးပို့ရမည်ဟု ပါရှိသည်။

ပြည်သူ့ချွေးနှဲစာစားသည့် ပုဂ်္ဂိုလ်ကြီး ငယ်သည် ပြည်သူကို ဥပေက္ခာပြုသော ပြည်သူကိုအဓိကမထားသော ပွင့်လင်းမြင်သာမှု မရှိသည့် လက်သိပ်ထိုးလုပ်ရပ်များသည် အဂတိလိုက်စားမှု ကျူးလွန်ရာရောက် ပေ သည်။ ဥပဒေကို ကာကွယ်စောင့်ရှောက် ရမည့်သူများကိုယ်တိုင်က ဥပဒေကို လက် တစ်လုံးခြားလှည့်ဖြား နေကြကုန် ၏။

အဂတိလိုက်စားမှု ဆန့်ကျင်တိုက် ဖျက်ရေးနှင့်ပတ်သက်ပြီး လူသိများထင်ရှားသည့် ပါမောက္ခ Robert Klitgaard က အဂတိလိုက်စားမှုတိုက်ဖျက်ရန် ကုသနည်း ၅ မျိုး ယခုကဲ့သို့ဖော်ပြသည်။

၁။ အဆီအငေါ်တည့်စွာ စပ်ဟပ်ဖွဲ့စည်းမှု၊ ခေါင်းဆောင်မှုနှင့် မက်လုံးပေးမှုများကို တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ပါ။ (Improve Structure, Leadership and Incentive)

၂။ အစိုးရတစ်ဖွဲ့လုံးက ကိုင်တွယ် ဖြေရှင်းနည်းကိုသုံးပါ။ (Take a Whole government approach)

၃။ လုပ်ငန်းနှင့်တကွ ပြည်သူတွေဆီမှာပါ ပါဝင်ပတ်သက်ဆောင်ရွက်ပါ။ (Involve business and the people)

၎။ အဂတိလိုက်စားမှုကို ၀င်နှောက်ပါ၊ ဖြိုဖျက်ပါ၊ ပြီးလျှင် ပူးသတ်ပါ။ (Subvert Corruption)

၅။ အကျင့်စာရိတ္တနှင့် လူ့ကျင့်ဝတ် ဆိုင်ရာများကို အလေးထားပါ။ (Emphasige morality)

နိုင်ငံတကာ Corruption Perception Index- CPI ဟုခေါ်သည့် အဂတိလိုက်စား မှုညွှန်းကိန်းများ တွင် နိုင်ငံ ပေါင်း ၁၈၀အနက် မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အမှတ်စဉ် ၁၅၇ တွင်ရှိနေရာ အစိုးရ၏ အားရကျေနပ်ဖွယ် မကောင်းသော ကိုင်တွယ် ဆောင်ရွက်ပုံတွေကြောင့် မြန်မာပြည်သူတစ်ရပ်လုံး ကမ္ဘာ့အလယ် တွင် သူခိုးနိုင်ငံ သားတွေအဖြစ် မျက်နှာငယ်နေရပေတော့သည်။ အရှက် ရနေဦးတော့မည်။

ဆက်လက်ဖော်ပြပါမည်

  မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

 

No comments:

Post a Comment