ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇက ပြည်တွင်း သတင်းဌာနများမှ သတင်းထောက် (၁)ဦးလျှင် ငွေကျပ် (၁၀)သိန်းဖြင့် သတင်းထောက်(၆)ဦးကို သိန်း(၆၀) ပေးအပ်ခဲ့ခြင်းမှာ ငွေကြေးဖြင့် ဖြားယောင်း၍ လူမွေးသည် ဟုသာ သုံးသပ်ကြောင်း မီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်လျက် ရှိသည်။
ဦးတေဇက အဆိုပါ သတင်းထောက် ခြောက်ဦးအား ၎င်း၏ နေအိမ်သို့ ခေါ်ယူ ၍ ငွေကျပ် ၁၀ သိန်းစီ ပေး အပ်ခဲ့ခြင်း ဖြစ်ကာ ငွေလက်ခံရယူသော သတင်းထောက်များထဲ၌ ပြည်တွင်းသို့ ပြန်လည် အခြေချ ၀င်ရောက် လုပ်ကိုင်လျက် ရှိသည့် ပြည်ပမီဒီယာ တစ်ခုမှ သတင်းထောက် တစ်ဦးလည်း ပါဝင်ကြောင်း စုံစမ်း သိရှိရသည်။
““ဦးတေဇကို ပြောချင်တာက ဘာကြောင့် အခြားမီဒီယာက သတင်းထောက် လူငယ်တွေကို ဒီလိုမျိုး လျှို့ဝှက်ပြီးတော့ ငွေကြေး ထောက်ပံ့တာတွေ၊ သင်တန်းတက်ဖို့ ကူညီတာတွေ လုပ်နေရတာလဲ။ ဒီလို လုပ်တဲ့ အပေါ်မှာ ကျွန်တော့် အနေနဲ့က ငွေကြေးနဲ့ ဖြားယောင်းပြီး လူမွေးတယ်လို့ပဲ သုံးသပ်ပါတယ်။ ဒီသတင်းထောက် တွေဟာ သူတို့တိုက် အသီးသီးက သူတို့ကို ပိုင်ပါတယ်။ အကာအကွယ် ပေးထားပါတယ်။ တိုက်ပိုင် သတင်းသမား တွေပါ။ ဦးတေဇတို့အနေနဲ့ ဒီလို လုပ်ပိုင်ခွင့် မရှိပါဘူး။ တရားဝင် အကူအညီ ပေး ချင်တယ်၊ ထောက်ပံ့ချင်တယ် ဆိုရင် ပွင့်လင်းစွာ ကြေညာပါ။ သူ့ဆီက အထောက်အပံ့ကို ယူခြင်း၊ မယူခြင်းက သက်ဆိုင်ရာ မီဒီယာတွေရဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ ဆိုင်တယ်။ အခု သူတို့ရဲ့ မီဒီယာတိုက် အသီးသီးက မသိစေဘဲနဲ့ သတင်းထောက် တချို့ကို အိမ်ခေါ်တွေ့တယ်၊ ပိုက်ဆံပေးတယ် ဆိုတာမျိုးကတော့ ယူတဲ့ သတင်းထောက် ဘက်ကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်တာ ဖြစ်သလို ပေးတဲ့သူ ဘက်ကလည်း လုံးဝ ရိုးသားမှု မရှိပါဘူး။ အဲဒီတော့ ဦးတေဇတို့ ဘက်ကလည်း ရိုးသားစွာ ကူညီ ထောက်ပံ့လိုတာ ဆိုရင်တော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပါလို့ တိုက်တွန်းချင် ပါတယ်””ဟုမြန်မာပို့စ်ဂျာနယ
ဆက်လက်၍ မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရန် ကူညီ ထောက်ပံ့လိုသည် ဆိုပါကလည်း သက်ဆိုင်ရာ အယ်ဒီတာချုပ်၊ သတင်းထောက်ချုပ် များထံမှ ခွင့်ပြုချက် တောင်းခံသင့်ကြောင်း၊ တရားဝင် ပွင့်လင်းစွာ ဆွေးနွေး သင့်ကြောင်း ဦးသန်းထိုက်သူက ပြောကြားသည်။
လတ်တလောတွင် ဦးတေဇ ပိုင်ဆိုင်သော ထူးဖောင်ဒေရှင်းက မြန်မာ့မီဒီယာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် အမေရိကန် ဒေါ်လာ (၁) သန်း ထောက်ပံ့မည်ဟု သတင်းမီဒီယာ သမားများကို ပြောဆိုခဲ့ပြီး အဆိုပါ ဒေါ်လာ(၁)သန်းကို ၎င်းပိုင် AGD ဘဏ်တွင် အပ်နှံ ထားကြောင်းလည်း သတင်းများ ထွက်ပေါ် နေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ၀ါရင့် သတင်းစာဆရာကြီး အဘ ဖိုးသောကြာ (ခေတ်+မိုး)က ““အဘ သိသလောက်တော့ မီဒီယာ ဖောင်ဒေးရှင်း အတွက်တော့ ဘာမှ မလုပ်သေးဘူး။ သိန်း(၆၀) ကိစ္စတော့ သေချာမသိဘူး။ ဒါပေမဲ့ မီဒီယာလောက ဖွံ့ဖြိုးဖို့ ထောက်ပံ့တာ ဆိုရင်တော့ Welcome ပဲ။ သမ္မတဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးဖြစ်ဖြစ် ရတယ်။ ကိုယ်ကျိုး စီးပွားအတွက် ထောက်ပံ့တာ မျိုးတော့ မဖြစ်သင့်ဘူးပေါ့”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
သတင်းထောက်များ အနေဖြင့် မိမိ၏ ရပ်တည်ချက်ကို ပြောင်းလဲ စေနိုင်သည့် တရားမ၀င် မည်သည့် ထောက်ပံ့မှုမျိုးကိုမဆို ရှောင်ရှားသင့်ကြောင်းကို ““မီဒီယာသမား တစ်ယောက်အဖြစ် အမှီအခို ကင်းမဲ့စွာ လွတ်လွတ် လပ်လပ်နဲ့ ဘက်မလိုက်ဘဲ အမှန်တရားဘက်က ရပ်တည်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့ လိုတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲ သွားနိုင်မယ့် အရာမျိုး ကို ရှောင်ရှားသင့်တယ်”” ဟု Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက သုံးသပ် ပြောကြားသည်။
သတင်း မီဒီယာသမားများ အနေဖြင့် သတင်းကိစ္စနှင့် မသက်ဆိုင်သည့် မည်သည့် တရားမ၀င် ထောက်ပံ့မျိုးကို မဆို ရယူခြင်းသည် သတင်းမီဒီယာ ကျင့်ဝတ်ကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာ ကျင့်ဝတ်များတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်ရှိသည့် သတင်းမီဒီယာ တိုက်များမှ သတင်း မီဒီယာသမား အများစုမှာမူ မီဒီယာကျင့်ဝတ်ကို လိုက်နာမှု အားနည်းခြင်းများ ရှိနေပြီး အချို့သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ များတွင် လက်ဆောင် ပေးအပ်မှုများကို သတင်းမီဒီယာ သမားများက ရယူရာတွင် အဝေမတည့်၍ အငြင်းပွား မှုများ မကြာခဏ ဖြစ်ပေါ်မှုများ ရှိနေသည်။
သဉ္ဇာဆွေ
ပုံညွှန်းစာ - ပြင်ဦးလွင် တပ်နယ်၊ တပ်မတော်အားကစားကွင်း လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့ရာတွင် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတေဇကို တပ်မတော် အရာရှိများနှင့်အတူ တွေ့ရစဉ် Photo by- utayza.wordpress.com
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment