==========================
နိုင်ငံတော်ဘတ်ဂျက်ကိုနှိုက်
==========================
- ချစ်မင်းထွန်း၊ ကျော်စိုးဦး၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက် လာပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စက် မှုဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး စတဲ့ အရေးအများအပြားကို စီမံကိန်းတွေ ရေးဆွဲချ မှတ်ကာ လုပ်ဆောင်နေတာကိုလည်း သတင်းစာမျက် နှာတွေကနေတစ်ဆင့် ဖော်ပြမှုကြောင့် အားလုံးသိရှိ နေပြီးလို့လည်း ထင်ပါတယ်။
ဒါကြောင့် ဒီလိုစီမံကိန်းတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုရင် နိုင်ငံအတွက် ပြည်သူတွေပေးဆောင်နေတဲ့ နိုင်ငံတော်ဘဏ္ဍာငွေထဲ ကနေ စီမံကိန်းတစ်ခုအတွက် လုံလောက်တဲ့ဘတ်ဂျက် ကို ထုတ်ပေးရပြီး ဒီလိုထုတ်ပေးလိုက်တဲ့အချိန်
နိုင်ငံတော်အနေနဲ့ စီမံကိန်းတစ်ခု အကောင် အထည်ဖော်မည်ဆိုပါက အစိုးရသတင်းစာ (သို့မဟုတ်) တခြားသောသတင်းစာများကနေ အသိပေးသင့်ပြီး တင် ဒါခေါ်ယူတဲ့အခါမှာလည်း ဘယ်ကုမ္ပဏီကို တင်ဒါဘယ် လောက်နဲ့ တင်ဒါအောင်ခွင့် ပေးလိုက်ခြင်း၊ စီမံကိန်း အတွက် ဘတ်ဂျက် ဘယ်လောက်ချပေးခြင်း၊ ဘယ်နှလ၊ ဘယ်နှနှစ်အတွင်း အပြီးဆောက်မည် စတဲ့ အချက်အ လက်များကို ပြည်သူများသိရှိနိုင်ရန် အသိပေးသင့်တယ် လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တော်တော်များများက ပြောပါတယ်။
''မြန်မာပြည်မှာက စီမံကိန်းတစ်ခု လုပ်မယ် ဆိုရင် နိုင်ငံတော်ကနေ စီမံကိန်းနဲ့သက်ဆိုင်တဲ့ ဝန်ကြီး ဌာနကို တာဝန်ပေးလိုက်တယ်။ ဘတ်ဂျက်ဘယ်လောက် နဲ့။ ဒါပေမဲ့ အဲဒီချပေးတဲ့ဘတ်ဂျက်ကို ပြည်သူတွေ မသိ ရဘူး။ နောက်တစ်ခုက စီမံကိန်းကို ကျွမ်းကျင်တဲ့ပညာ ရှင်တွေကို ခိုင်းတာမဟုတ်ဘဲနဲ့ သူတို့နဲ့ သိကျွမ်းတဲ့ ကုမ္ပဏီတွေကို ငါဘယ်လောက်ပေးမယ် မင်းလုပ်မလား ဆိုပြီး တစ်ဆင့်ပြန်ချတယ်။ ဒီနေရာမှာပဲ နိုင်ငံတော်က ချပေးလိုက်တဲ့ ဘတ်ဂျက်က ဥပမာ တစ်ထောင်ဆိုရင် တစ်ဆင့်ချပေးလိုက်တဲ့ ကုမ္ပဏီကို ငါးရာ၊ ခုနစ်ရာလောက် ပဲ ပေးတယ်။ ဒီတော့ ကုမ္ပဏီဘက်ကလဲ အမြတ်လိုချင် သေးတယ်လေ။ ဒါကြောင့် ငါးနှစ်ခံမယ့် စီမံကိန်းက သုံးနှစ်လောက်ပဲ ခံအောင်လုပ်တယ်။ ပိုတာ သူတို့ထဲ ထည့်လိုက်တယ်''ဟု မြန်မာနိုင်ငံအရေး လေ့လာသုံး သပ်သူ ဦးကျော်ဝင်းက သုံးသပ်ပြောကြားခဲ့ပါတယ်။
ယခုလို နိုင်ငံတော်က ချမှတ်ပေးလိုက်သော ဘတ်ဂျက်များကို စီမံကိန်း လုပ်ကိုင်ခွင့်ရရှိသွားသော ကန်ထရိုက်များအနေနဲ့ လုပ်ငန်း အကောင်အထည်ဖော် နေစဉ်အချိန်တွင် လာရောက်စစ်ဆေးသော အဖွဲ့များ ကို ကျွေးမွေးဧည့်ခံရခြင်း၊ ရရှိသော စီမံကိန်းငွေထဲမှ လာဘ်ထိုးရခြင်း၊ သက်ဆိုင်ရာမြို့နယ် အတွင်းရှိ ပုဂ္ဂိုလ် များအား ထပ်မံကျွေးမွေးဧည့်ခံရခြင်း
နိုင်ငံတော်ဘတ်ဂျက်အား စီမံကိန်းအပေါ် မှာ အနည်းငယ်သာအသုံးပြုပြီး ခွဲဝေစားသောက်မှုများ ရှိတာကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင
''ကန်ထရိုက်ရတဲ့သူက ဆောက်တာမဟုတ် ဘဲနဲ့ ကန်ထရိုက်ရတဲ့သူက အဆင့်ဆင့်လွှဲပြီး ဆောက် တာပေါ့။ ဘာနဲ့တူသလဲဆိုတော့ ပွဲဈေးတန်းထဲမှာ ဆီး သီးဗန်းမှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းမလို့ ဆီး သီးဗန်းနဲ့ သွားတာပဲ။ မှောက်လဲမှောက်ရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စားနဲ့ တစ်ဝက် လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေ တာပေါ့''ဟု ပြောပါတယ်။
နိုင်ငံတော်အတွင်းမှာ ကျန်းမာရေးလုပ်ငန်း တွေ လုပ်ကိုင်နိုင်ရန်အတွက် ချမှတ်ပေးလိုက်တဲ့ ဘတ် ဂျက်သည် ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ခဲ့သော် လည်း စံချိန်စံညွှန်းမမီဘဲ ဘတ်ဂျက်များကို ဟိုလူနှိုက် စား၊ ဒီလူနှိုက်စားခြင်းများ ပေါ်ပေါက်လာတာကြောင့် တည်ဆောက်ရေးကာလမှာ စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့လိုအပ်ကြောင်းက
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင
အမျိုးသားလွှတ်တော်ကိုယ်စားလ
ပလက်ဝမြို့နယ် တိုင်ဝကျေးရွာနဲ့ ကြက်မ အိုင်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက် အအုံများ လက်ခံချိန်မှာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ပလက်ဝမြို့တာဝန်ခံ သစ်တောနဲ့ သတ္တုတွင်းဝန် ကြီးဌာန ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရာမှာ လို အပ်ချက်များကို ပြန်လည်ပြုပြင်ပေးရန် မှာကြားခြင်း၊ ကွင်းဆင်းစစ်ဆေးချက်များကို
ဒီနေ့ခေတ်ကာလ အချိန်အခါမှာ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် အစိုးရမှ ဘတ် ဂျက်ချပေးကာ လမ်းများတည်ဆောက်ခြင်း၊ မြစ်ချောင်း များတွင် တံတားတည်ဆောက်ခြင်း၊ ကျေးလက်ဒေသများ မှာ ကျန်းမာရေးအဆောက်အအုံများ တည်ဆောက်ခြင်း၊ မြို့ပြများတွင် ကြုံတွေ့နေရတဲ့ လမ်းကျပ်တည်းမှုများ မရှိစေရန် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ နိုင်ငံ တကာနဲ့ပူးပေါင်း၍ အဆင့်မြင့်ရထားများ ပြေးဆွဲနိုင် ရန်ဆောင်ရွက်နေခြင်း စတဲ့ မရေမတွက်နိုင်သောစီမံ ကိန်းများကို လုပ်ကိုင်နေသလို လုပ်ကိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲချမှတ်ထားပါတယ်။
အဆိုပါစီမံကိန်းများကို အကောင်အထည် ဖော် လုပ်ကိုင်လာမယ့်အချိန်မှာ နိုင်ငံတော်က ချမှတ် ပေးလိုက်တဲ့ ဘတ်ဂျက်တွေကို မပျောက်မပျက်အောင် နဲ့ သတ်မှတ်စံချိန်စံညွှန်းနဲ့အည
အဆိုပါ အထက်တန်း တရားလွှတ်တော်ရှေ့နေ ဦးအောင် ကျော်ရဲ့ သုံးသပ်ချက်နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင် အောင်က ယခုလို ပြောပြပါ တယ်။
''နိုင်ငံတော်ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ ချထား ပေးတဲ့ငွေတွေကို ဌာနဆိုင်ရာအဖွဲ့တွေက ထိရောက် စွာ အသုံးပြုခြင်းမရှိရင် ကျွန်တော်တို့အဖွဲ့က စိစစ်အ ရေးယူသွားမယ်။ ဝန်ထမ်းတွေကလဲ ကိုယ့်ရဲ့ဌာနမှာ အကျင့်ပျက်မှုတွေရှိခဲ့ရင် တိုင်ကြားပါ။ ထိရောက်စွာ ဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ရှိတဲ့ကိစ္စတွေကို အပြည့်အဝအသုံးချပြီး ထိရောက်စွာ ဆောင်ရွက်သွားမှာပါ''ဟု ပြောတယ်။
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ''ကျွန်တော်တို့ နိုင်ငံ မှာက ဘာပဲလုပ်လုပ် သူ့လူကိုယ့်လူကို ကြည့်တတ်တယ်။ ဘာလို့လဲဆိုရင် နေရာတစ်နေရာ ရာထူးတစ်ခုကိုပေး မယ်ဆိုရင် ကိုယ်ရဲ့ နီးစပ်သူအသိုင်းအဝိုင်းထဲက အရင် ကြည့်တယ်။ မရှိရင် ကိုယ်နိုင်တဲ့လူကို ကြည့်တယ်။ ပြီးရင် အဲဒီနေရာကိုပေးတယ်။ ဒီလိုပဲ စီမံကိန်းတစ်ခု လုပ်ရင်လဲ အချင်းချင်းပဲ ပေးလုပ်ခိုင်းတာတွေလဲ ရှိနိုင် တယ်လေ။ ဒီလို လုပ်လိုက်မယ်ဆိုရင် ပေးထားတဲ့ဘတ် ဂျက်က အကွဲကွဲ အစိတ်စိတ်ဖြစ်သွားပြီးတော့ လုပ်တဲ့ စီမံကိန်းက ရေရှည်မဟုတ်ဘဲ ရေတိုဖြစ်ပြီး ညံ့ဖျင်းသွား တယ်''ဟု ပြောတယ်။
ဒီလိုဆိုရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်ပြောတဲ့ နိုင်ငံတော်ဘတ်ဂျက်ကို အဆင့်ဆင့် လွှဲပြီး ဆောက်လုပ်ခြင်း၊ ပွဲဈေးတန်းထဲမှာ ဆီးသီးဗန်း မှောက်ကျသွားတဲ့အခါ ဟိုလူက တစ်ဆုပ်နှိုက်စား ဒီ လူက တစ်ဆုပ်နှိုက်စား လုပ်လို့မရအောင် ဘယ်လို ပြင် ဆင်သင့်သလဲ။ ဒီလိုနှိုက်စားတဲ့လူတွေကရော ဘယ် သူတွေလဲဆိုတာကို ပြည်သူတွေသိအောင် နိုင်ငံတော် အစိုးရအနေနဲ့ ဖော်ထုတ်ချပြသင့်ပါတယ်။
အဲဒီလိုပဲ စီမံကိန်းမစမီ သတင်းစာထဲမှာ တရားဝင် အကြောင်းကြားပြီး တင်ဒါခေါ်နိုင်ပါတယ်။ တင်ဒါခေါ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုအတိုင်းပဲ
#TheFlowerNews
Credit - Yangon Media Group

No comments:
Post a Comment