မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအပေါ်
ထိုင်းအာဏာပိုင်များ အရေးယူမှုမှန်ကန်မှုမရှိပါက နစ်နာသူများကိုယ်စား
ထိုင်းနိုင်ငံဥပဒေအရ ပြန်လည်တောင်းဆိုမည်
=================================================
ရန်ကုန်၊ အောက်တိုဘာ ၆။
ထိုင်း အာဏာပိုင်များဖမ်းဆီးစစ်ဆေးခြင်း ကို ခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်းများ၏ အရေးယူမှု မှန်ကန်မှုမရှိပါက နစ်နာသူများကိုယ် စား ထိုင်းနိုင်ငံဥပဒေအရ ပြန်လည် တောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနညွှန်ကြား ရေးမှူးချုပ်ဦးမျိုးအောင်က ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ် ဌာနေခရိုင်ရှိ ကော့တောင်ဝ်ကျွန်း (လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ရက် နေ့၌ ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲနှစ်ဦး အသတ်ခံရသည့် အမှု စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးနှင့် ပတ်သက်၍ လက်ရှိတွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထိုင်းနိုင်ငံရောက် မြန် မာရှေ့နေများနှင့် ထိုင်းနိုင်ငံရှိ ရှေ့ နေများဖြင့် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိနေ ပြီး အမှုမှန်ပေါ်ပေါက်ရာတွင် မြန်မာ နိုင်ငံသားများမဟုတ်ကြောင်း ထင် ရှားပါက စွပ်စွဲခံမြန်မာနိုင်ငံသားများ နစ်နာမှုကို ထိုင်းအစိုးရထံ ပြန်လည် တောင်းဆိုမည်ဖြစ်ကြောင်း ယင်းက ပြောသည်။
''ဒီအမှုနဲ့ပတ်သက်ပြီး သေချာ အောင် စစ်ဆေးမှုတွေကို သံရုံးက လုပ်နေပါတယ်။ တကယ်ကျူးလွန် ခဲ့တာ မဟုတ်ဘဲ စွပ်စွဲခံရတယ်ဆို တာပေါ်ခဲ့ရင် ကန့်ကွက်သွားမယ်။ ဒါကို နိုင်ငံတကာကိုလဲ ထုတ်ဖော် ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ မြန်မာလူမျိုးတွေက ဒီလောက်မရိုင်း ဘူးဆိုတာရယ်၊ ကြားနေရတဲ့သတင်း အရ ခုစွပ်စွဲခံရတဲ့သူတွေက အလုပ် သွားလုပ်တာလဲ မကြာသေးဘူးလို့ လဲကြားတယ်။ အကယ်၍ မဟုတ် ရင် ပြန်ပြီးတုံ့ပြန်ရမှာဖြစ်တဲ့အ တွက် သေချာအောင်စစ်ဆေးမှုတွေ ကို သံရုံးက အဓိကလုပ်နေပါတယ်'' ဟု ပြောသည်။
ယခုလက်ရှိတွင်လည်း ထိုင်း အာဏာပိုင်များမှ လက်ဦးမှုယူကာ သရုပ်ပြခြင်းများကိုပါ လုပ်ဆောင် လျက်ရှိနေကြောင်း ယင်းကြောင့် သံရုံးအနေဖြင့် စစ်ဆေး၍ပေါ်ပါက ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယင်းသို့ ကျူးလွန်လုပ်ဆောင်မည် ဟု မထင်မိကြောင်းလည်း ဦးမျိုး အောင်က ဆိုသည်။
အဆိုပါအမှုကို သံရုံး၏ တာ ဝန်ပေးချက်ဖြင့် ကူညီဆောင်ရွက်ပေး နေသည့် ဗြွှ မှ ရှေ့နေဦးမျိုးသန့် မှ မမှန်မကန်ဖမ်းဆီးခံပါကထိုင်းနိုင်ငံ တွင်ထုတ်ပြန်ထားသည့် ဥပဒေ များအရ ပြန်လည်ဆောင်ရွက်နိုင် ရန် နည်းလမ်းများရှိကြောင်း အဆိုပါ အမှုသည် တိုင်းပြည်နှင့်လူမျိုးကိုပါ ထိခိုက်နိုင်ကြောင်း နစ်နာပါက ပြန် လည်ဆောင်ရွက်ရန် ဥပဒေများ ပြ ဋ္ဌာန်းပေးထားကြောင်း လက်ရှိထိုင်း နိုင်ငံတွင်ပြဋ္ဌာန်းထားသည့် ဥပဒေ များကို ရှင်းပြသည်။
ထိုင်းနိုင်ငံတွင်ဖြစ်ပွားလျက်ရှိ သည့် အမှုအတော်များများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မကြာခဏစွပ်စွဲခံရကာ မှားယွင်းစွာ ရိုက်နှက်ခံရခြင်းများ၊ မှားယွင်းစွာဖမ်းဆီးခံနေရခြင်းများရှိ နေသည့်အတွက် ယခုအမှုတွင် မြန် မာအလုပ်သမားများ ကျူးလွန် ကြောင်းကို ရွှေ့ပြောင်းအလုပ်သမား များအနေဖြင့် ယုံကြည်ခြင်းမရှိသည့် အပြင် ထိုင်းလူမျိုးများအနေဖြင့်လည်း ယင်းတို့အာဏာပိုင်များ၏ဆုံးဖြတ် ချက်အပေါ် ယုံကြည်ခြင်းမရှိကြောင်း အမှုမှန်ပေါ်ပေါက်ရေးအတွက်ဗြိတိန် အပါအဝင် ထိုင်းဗဟိုအစိုးရ၏ ဖိအား ပေးမှုများကို ထိုင်းရဲတပ်ဖွဲ့မှ ခံနေ ရသည့်အတွက် အမှုကို အလျင်အ မြန်တည်ဆောက်ကာ တရားခံရှာ သည့်အနေအထားသို့ တွန်းပို့ခဲ့ခြင်း သာဖြစ်ကြောင်းတို့ကိုလည်း ထိုင်း နိုင်ငံရှိ မြန်မာရွေ့ပြောင်း အလုပ်သ မားများမှဆိုသည်။
ယင်းကြောင့်ယခုအမှုတွင်လည်း မတရားစွပ်စွဲခံရခြင်းမျိုး မဖြစ်ပွား စေရန်လည်း မြန်မာအစိုးရအနေ ဖြင့် အထူးဂရုပြုဆောင်ရွက်ပေးသင့် ကြောင်းလည်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ် ရှားသူများမှ တိုက်တွန်းပြောဆိုလျက် ရှိသည်။
ယင်းအမှုနှင့်ပတ်သက်၍ ထိုင်းရဲ တပ်ဖွဲ့အနေဖြင့်လည်း ပြန်လည်စစ် ဆေးမှုများကိုဆောင်ရွက်လျက်ရှိနေ ကြောင်း ထိုင်းနိုင်ငံထုတ်သတင်းစာ များတွင် ဖော်ပြထားသည်။
ZCH
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group

No comments:
Post a Comment