Saturday, October 11, 2014

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းနှင့် ၀န်ကြီးချုပ်ဦးနု

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
ဖဆပလအဖွဲ့ချုပ်ကြီး၏ အကွဲအပြဲ ဇာတ်လမ်းကို အဓိကထားရေးသားသည့် နိုင်ငံရေးဖြစ်စဉ် သမိုင်းကြီးသည် မှတ်တမ်းများ၊ လေ့လာချက်များ၊ ဖဆပလ နှစ်ခြမ်း ကွဲ ခေါင်းဆောင် များနှင့် တွေ့ဆုံ မေးမြန်းချက်များကို မူတည် ၍ ဓမ္မဓိဋ္ဌာန်ကျကျ မှတ်တမ်း တင် ဖော်ပြထားခြင်း သာဖြစ်၍ မည်သည့်ပုဂိ္ဂုလ်၊ မည်သည့် အဖွဲ့ကိုမျှ သာစေနာစေ အာဃာတ ထား ရေးသားခြင်း မဟုတ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  မြန်မာ့ သတင်းလောကနှင့် ကမ္ဘာ့သတင်းလောကတွင် ထင်ရှားကျော်ကြားခဲ့သော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ခရစ်နှစ် ၁၉၄၆ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ အလုပ် သင်သတင်းထောက် အဖြစ် စတင်၍ သတင်းစာလောကသို့ အချိန်ပြည့်စတင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၇-၄၈ခု နှစ်တွင် စီးပွားရေး သတင်းစာတိုက်၌ သတင်းထောက်ချုပ်အဖြစ်လည်းကောင်း၊ ၁၉၄၈-၄၉ခုနှစ်တွင် အလုပ်သမား အလုပ် သမား ဂေဇက်အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၁၉၄၉- ၅၀ပြည့်တွင် နယူးတိုင်းသတင်းစာ လက် ထောက် အယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၅၂-၅၅ခုနှစ်များတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်ကြားရေး အရာ ရှိအဖြစ်လည်းကောင်း၊ ၁၉၅၅-၅၈ခုနှစ် များတွင် နေးရှင်းသတင်းစာ~ လက်ထောက် သတင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၅၈ခု နှစ်မတ်လမှ ၁၉၆၃ ခုနှစ်မေလ ကုန်အထိ ဂါးဒီးယန်း သတင်းစာပုံနှိပ်ထုတ် ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း လုပ်ကိုင်ဆောင်ရွက် ခဲ့သည်။ မြန်မာ့သတင်း လောကနှင့် သတင်း စာ လောကတွင် ဂါးဒီးယန်းဦးစိန်ဝင်းဟူသော ဂုဏ်ပုဒ်၊ ၀ိသေသဖြင့် ထင်ရှားကာသမိုင်း မှတ်တိုင် စိုက်ထူခဲ့ သည်။…
သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ်တွင် ဂါးဒီးယန်း သတင်းစာ (အင်္ဂလိပ်ဘာသာ) ကြီးတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်နေချိန်၌ မြန်မာ့နိုင်ငံရေးသမိုင်း ကြောင်းတွင် အင်အား အကြီးဆုံး အခိုင်အမာဆုံးသော အမျိုးသားတပ်ပေါင်းစုကြီး ဖြစ်သော ဖဆပလ(ဖက်ဆစ်ဆန့် ကျင်ရေး နှင့် ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီး၏ ၁၉၅၈ခုနှစ် ဧပြီလနှင့်အောက်တိုဘာလ များအတွင်း၌ ပေါ်ပေါက် ခဲ့သော နိုင်ငံရေး ပါတီ၊ နိုင်ငံရေးအုပ်စု၊ နိုင်ငံရေးခေါင်း ဆောင် များ၏အကွဲအပြဲ ဇာတ်လမ်းများနှင့် ဖဆပလအဖွဲ့ကြီး ပြိုကွဲကျဆုံးကာ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း မဟုတ်သော အိမ် စောင့်အစိုးရထံ လွှဲပြောင်းပေးခဲ့ရသော ဖြစ်ရပ်များ၊ အကျိုးဆက်များစသော သမိုင်း ဖြစ်ရပ်မှန်များကို ၁၉၅၉ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလထုတ်ဂါးဒီးယန်း (အင်္ဂလိပ်သတင်းစာကြီး၌ နေ့စဉ် Split Story အဖြစ် ရေးသားေ ဖ်ာထုတ် မှတ်တမ်းတင်ခဲ့သည်။ ယင်းသို့ ဖော်ထုတ် မှတ်တမ်းတင် ရေးသားရာတွင် သတင်းစာ ဆရာ ကြီး ဂါးဒီးယန်းဦးစိန်ဝင်းကိုယ်တိုင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ အကွဲအပြဲ ဇာတ်လမ်းကို အဓိကထား ရေးသား သည့် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလ ပါလီမန်ဒီမိုကရေစီ ခေတ်၏ဦးဆောင် ၀န်ကြီးချုပ်ဦးနု အစိုးရ အဖွဲ့၏ နိုင်ငံရေးဖြစ်စဉ် သမိုင်းကြီးသည် (မိမိသတင်းစာဆရာကြီးဦးစိန်ဝင်း(ဂါးဒီးယန်း))၏ မှတ်တမ်းများ လေ့လာ ချက်များ၊ ဖဆပလ နှစ်ခြမ်းကွဲခေါင်းဆောင် များနှင့် တွေ့ဆုံမေးမြန်း ချက်များကို မူတည်၍ ဓမ္မ ဓိဋ္ဌာန်ကျကျ မှတ်တမ်းတင်ဖော်ပြထား ခြင်း သာဖြစ်၍မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ကိုမျှ သာစေနာစေ အာဃာတ ထား ရေးသားခြင်း မဟုတ်ပါကြောင်း””ဟူ၍ အတိအလင်းဖော်ထုတ် တင်ပြခဲ့သည်။
သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ် ဧပြီလမှ အောက်တိုဘာလ အတွင်း ဖြစ် ပွားပေါ် ပေါက်ခဲ့သော ပါလီမန်ဒီမိုကရေစီခေတ်မှ ဖဆပလအဖွဲ့ချုပ်ကြီး ၏ နိုင်ငံရေး ခေါင်း ဆောင်ကြီး များနှင့် ဖဆ ပလအဖွဲ့ကြီး အတွင်းအကွဲအပြဲဇာတ်လမ်းကို ဖော်ထုတ် တင်ပြရာ၌ ထိုအချိန်က အစိုးရ အဖွဲ့ခေါင်း ဆောင် ၀န်ကြီးချုပ်ဦးနု၏ ယေဘုယျ နောက်ခံသမိုင်းကို သမိုင်းဖြစ်ရပ်မှန်အတိုင်း ဖော်ထုတ် တင်ပြရ မည်ဖြစ် ကြောင်း
“ဖဆပလအဖွဲ့ကြီးအတွင်း အကွဲအ ပြဲဇာတ်ကြောင်းကို အသေးစိတ်တင်ပြ ခြင်းမပြုမီ အဓိက ဇာတ်ဆောင်ဖြစ် သူ တစ်နည်းအားဖြင့် မျက်မှောက်မြန်မာနိုင်ငံ၏ သမိုင်းတွင် သူရဲကောင်းအဖြစ်လည်း ကောင်း၊ လူဆိုးအဖြစ် လည်းကောင်း အရေးပါသော ကဏ္ဍများမှ ပါဝင်ခဲ့သည့် ပုဂိ္ဂုလ်၏ ယေဘုယျနောက်ခံသမိုင်းကို သိနား လည်ရန် တင်ပြသွားပါမည်”ဟူ၍ နိဒါန်း ပျိုးလျက်-
““အစောပိုင်းက သခင်နုဟု အမည် တွင်ခဲ့သော ၀န်ကြီးချုပ်ဦးနုသည် ဘ၀ အကျိုးပေးကောင်းသူ တစ်ဦးဖြစ် ပါသည်။ သူသည် ၎င်း၏ ၀ီရိယစွမ်းအားအရ လည်းကောင်း၊ အလိုက်သင့် ကြုံကြိုက်မှုများအရ လည်းကောင်း ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် အကျိုးပေးသူတစ်ဦးဖြစ်ပါသည်။
မြန်မာစကား အသုံးအနှုန်းအရ ဆိုလျှင် ဦးနုသည် ရာဇပလ္လင်ဖင်ကပ်၍ ပါလာ သူတစ်နည်းဆိုသော် ရှင်ဘုရင် ဖြစ် ရန် ဇာတာပါလာသူဖြစ်ပါသည်။
၁၉၃၀ပြည့် နှစ်ဦးပိုင်းကာလများက တက္ကသိုလ်ကျောင်းသား ခေါင်းဆောင် ဖြစ်ချိန်ကတည်းကပင် ဦးနုသည် ဘယ်သောအခါမှ စည်းရုံးရေးအားဖြင့် တပင်တပန်း ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း မရှိပါ။
သူ့ထက် အသက်အရွယ်ငယ်ကြသည့် လုပ်ဖော်ကိုင်ဖက်များက ၎င်း၏ အသက်ကြီးရင့်မှုနှင့် ဥပဓိရုပ် တို့ကြောင့် ခေါင်းဆောင် တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူသည်တက္ကသိုလ်ကျောင်းသား၊ ရဲဘော် ရဲဘက်များအနက် အသက်အရွယ် အကြီးဆုံးဖြစ်သကဲ့သို့ ပိုမိုရင့်ကျက်ဟန်ရှိကာ လူတိုင်း၏ချစ်ခင်မှုကို ရရှိသူဖြစ်ပါသည်။ သူ၏ ဥပဓိရုပ်ကြောင့်တပင်တပန်း စည်းရုံးလှုပ်ရှားရခြင်းမရှိဘဲ ဦးနုသည် ခေါင်းဆောင်နေရာကို ရရှိလေ့ရှိပါသည်။
ဦးနုသည်သူ၏လုပ်ဖော်ကိုင်ဖက်များ အကြား၌ မြန်မာနိုင်ငံအား ဂျပန်များ ၀င်ရောက်သိမ်းပိုက်သည့် ၁၉၄၂ ခုနှစ်မှ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည့် ၁၉၄၇ခုနှစ်အထိ ခြောက်နှစ်ဟူသော ကာလ၌သာ ဒုတိယ တန်းခေါင်း ဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ရသူဖြစ်ပါသည်။
ဦးနုသည် တက္ကသိုလ်မှ ထွက်ပြီး တို့ဗမာအစည်းအရုံးသို့ဝင်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားများနှင့် သခင်များက ဗြိတိ သျှအစိုးရအား ဖြုတ်ချရေးအတွက် နိုင်ငံခြားမှ အကူအညီရရှိရေးအတွက် တက်ကြွ စွာစီစဉ် ဆောင်ရွက် နေ သည့်အချိန် ၁၉၃၉ ခုနှစ်တွင် သခင်နုသည် ထောင်ထဲသို့ ရောက်နေသည်။ ၁၉၄၂ခုနှစ်တွင် ဂျပန်စစ် တပ် နှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီဒီအေ)တို့ကမြန်မာနိုင်ငံကို သိမ်းပိုက် လိုက်သည့် အချိန်ရောက်မှ ဦးနုသည် မန္တလေးထောင်မှ လွတ်မြောက်ခဲ့သည်။ ထိုအချိန်က ဦးနုသည် နိုင်ငံရေး တွင် စိတ်မ၀င်စားတော့ဘဲ အပြင်လောက၌ နေထိုင်ကာ စာရေးသားရန်သာ အားသန်နေသူဖြစ်သည်။
သို့ရာတွင် ဦးနုအား စစ်မဖြစ်မီက တရုတ်နိုင်ငံသို့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရာ၌ ပါဝင် ခဲ့မှုကြောင့် လည်းကောင်း၊ တရုတ်နိုင်ငံ အကြောင်းရေးသားခဲ့သည့် စာအုပ်နှင့် ပတ်သက်၍လည်း ဦးနု လုပ် ဖော်ကိုင်ဖက်များ က၎င်း၏ လုံခြုံမှုရရှိရေးအတွက် နိုင်ငံရေးကိုပြန် လည်ဆောင်ရွက်ရန် တောင်းပန်ခဲ့သဖြင့် တို့ဗမာဆင်းရဲသား အစည်းအရုံး ယခင်ပါတီနှင့်ဒေါက်တာသာမောင်၏ဆင်း ရဲသားအဖွဲ့တို့ ပူးပေါင်းထားသော ပါတီ၌ ၀င်ရောက်ဆောင်ရွက်ခဲ့သည်။
စစ်အတွင်း ဂျပန်စစ်တပ်ကို တော်လှန်နိုင်ရန်အတွက် လျှို့ဝှက်သော ဆွေးနွေးပွဲများကို ကုက်္ကိုင်းလမ်း အမှတ် ၁ ရှိဦးနု၏ နေအိမ်တွင် ပြုလုပ်ခဲ့သော်လည်း လျှို့ဝှက်အစီအစဉ်များ၌ ဦးနုက မိမိသည် သွေးထွက်သံယိုဖြစ်မှု ကို စက်ဆုပ်ရွံမုန်းကြောင်း လုပ်ဖော်ကိုင်ဖက်များကို ပွင့်လင်းစွာ ပြောကြားကာ သတ်ဖြတ်ရသည့် လုပ်ငန်း မှလွဲ၍ အခြားတာဝန်များကို ဆောင်ရွက်မည်ဟု ဆန္ဒပြခဲ့သဖြင့် ၎င်း၏ဆန္ဒကို ရဲဘော်များက လိုက်လျောခဲ့သည်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ပြန်လည် သိမ်းယူပြီးနောက် ဖဆပလအဖွဲ့ကြီးကို တစ်ခုတည်းသော အမျိုးသား ညီညွတ်ရေး တပ်ဦးအဖြစ် ထူထောင်ခဲ့ချိန် တွင် နိုင်ငံ ရေးလောကကို စွန့်ခွာကာ စာရေးသားရန် ဆန္ဒပြင်းပြ နေသော ဦးနုသည်ဇာတိဝါးခယ် မသို့ပြန်ကာ ငါးနှစ်ရာသီဗမာပြည် စာအုပ် ကို ရေးသားခဲ့သည်။ ထို့နောက် ဦးနု၏ရောင်းရင်း ရဲဘော်များက ဖဆပလအဖွဲ့ အတွင်းရှိ အဖွဲ့အစည်းသုံးခုကို ထိန်းပေးမည့် ပုဂိ္ဂုလ်အဖြစ် ဆောင်ရွက်ရန် ဆွဲဆောင်သဖြင့် ဦးနုသည် ဖဆပလအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်းသည် ဥက္ကဋ္ဌဖြစ်သည်။
၁၉၄၇ခုနှစ် ဧပြီလတွင် တိုင်းပြုပြည် ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲများ ကျင်းပသောအခါ ဦးနုသည် ပါဝင်ခြင်း မပြုခဲ့ပါ။ သူသည် စာရေးသားခြင်း ကိုသာ ပြန်လည်လုပ်ကိုင်ရန် စိတ်အား ထက်သန်ခဲ့သည်။ သို့ရာတွင် ရွေးကောက် ပွဲကျင်းပပြီး နောက်မကြာမီ မြိတ်မဲဆန္ဒနယ်မှ လွှတ်တော် အမတ် ဦးမောင်မောင် ခင်သည် ရန်ကုန်မှ မြိတ်မြို့သို့အပြန် စီးနင်းလာသော အဒမ်ဆင်သင်္ဘော မုန်တိုင်းမိ၍ နစ်မြုပ်ရာ၌ ကွယ် လွန်သွားခဲ့သည်။ လစ်လပ်သွားသော မဲဆန္ဒနယ်၌ အမတ်အဖြစ် အရွေးခံရန် ဦးနုအား ဗိုလ်ချုပ်အောင်ဆန်းက အတင်း အကျပ်တိုက်တွန်းသောကြောင့် ကြားဖြတ် ရွေးကောက်ပွဲ၌ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဦးနု သည် ပြိုင်ဘက် မရှိအရွေးခံရကာ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်တွင် အကြမ်းဖက်ဝါဒသမားများက အတွင်းဝန်ရုံးကို ၀င်ရောက်၍ ဗိုလ်ချုပ်အောင် ဆန်းနှင့်အခြားသော ပုဂိ္ဂုလ်ကြီးများကို လုပ်ကြံသတ်ဖြတ်သောအခါ အသတ်ခံရမည့် စာရင်းတွင်ပါဝင်သော ဦးနုသည် အန္တရာယ်မှ လွတ်မြောက်သွားခြင်းကြောင့် ဖဆပလ အဖွဲ့ဥက္ကဋ္ဌဖြစ်လာပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့် အချိန်၌ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။
အတိတ်ကာလဖြစ်ရပ်များက ဦးနုသည် ကံကောင်းသူတစ်ဦးဖြစ်ကြောင်း အင်အားအတောင့်တင်း ဆုံးသော နိုင်ငံရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်ရာထူးကို ၁၁ နှစ်တိုင်တိုင် ထမ်းရွက်ခွင့်ရရန် အကြောင်းများ ဖန်တီးလာ ပုံက သက်သေ ခံနေသည်။ ဦးနုသည် ထိပ်ဆုံးနေရာသို့ ရောက်ခဲ့ပေပြီ။
ဦးနုသည် မူလကမျှော်မှန်း မထားသော်လည်း ၀န်ကြီးချုပ်ရာထူးတွင် နှစ်ပေါင်း ရှည်ကြာစွာ ထမ်းေ ဆာင်ပြီး နောက်တွင်မူ ကားဖဆပလဥက္ကဋ္ဌ၏ အဆောင်အယောင် ပကာသနနှင့် သြဇာအာဏာကို မက်မော လာခဲ့ သည်။ သူ၏မူလရည်မှန်းချက်မှာ ပြဇာတ်ရေးဆရာတစ်ယောက် ဖြစ်လာရန် ဖြစ်ပြီး ယင်းနယ်ပယ်တွင် လည်း အောင်မြင်သူတစ်ဦးဖြစ်ခဲ့သည်။
၁၉၅၈ခုနှစ် ဧပြီလတွင် ဖဆပလ အဖွဲ့ကြီးအတွင်း အကွဲအပြဲကို အကြောင်း ရင်းခံလျက် ဖဆပလတည်း ဟူ သော သင်္ဘောကြီးသည် ယခင်တိုက်ခတ်ခဲ့သော မုန်တိုင်း အဆင့်ဆင့်၏ ရိုက်ခတ်တွန်းပို့ခဲ့ ပြီးနောက် အပြီး သတ်ကာလတွင် ခေါင်းဆောင်အချင်းချင်း မညီမညွတ်မှုဟူသော ကျောက်ဆောင် ကြီးနှင့် ရိုက်ခတ်မိကာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခြင်းဖြစ်သည်။ ဖဆပလခေါင်း ဆောင်များသည် မိမိတို့၏ပါတီသည်နောင် နှစ်ပေါင်း ၄၀ (သို့မဟုတ်)နှစ်ပေါင်း ၄၀၀ တိုင်အောင် တည်တံ့လိမ့်မည်ဟူ၍ လည်း ကောင်း၊ လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီးနှင့် ၀င်ငွေ ၈၀၀ ရရှိစေမည့် ပြည်တော်သာ နိုင်ငံတည်ဆောက်မည် ဟူ၍ လည်း ကောင်း ကြွေးေ ကြာ်နေသည့် ကြားမှ ဤကဲ့သို့ဖဆပလအဖွဲ့ကြီးပြိုကွဲခဲ့ရ သည် မှာ အချိန်မတိုင်မီ ချုပ်ငြိမ်းသွား ခဲ့ရခြင်း သာ ဖြစ်ပါသည်။
ဖဆပလအဖွဲ့ကြီးကို ပြိုကွဲစေခဲ့သည့် အဓိကအကြောင်းရင်းများမှာ နိုင်ငံတော် အာဏာကိုနှစ်ပေါင်းရှည်ကြာစွာ ချုပ်ကိုင်ခဲ့ရသူ လုပ်ဖော်ကိုင်ဖက်များအကြား အာဏာယစ်မူးလာခြင်း၊ အခြောက်တိုက်ဘ၀င် မြင့်လာခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ပုဂိ္ဂုလ်ရေးပြိုင်ဆိုင်မှုများ မနာလိုရန်တိုမှုများနှင့် မယုံသင်္ကာဖြစ်မှု များ ပုဂိ္ဂုလ်ရေး ရန်ငြိုးထားမှုများဖြစ်ပေါ် လာခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။
ဦးနုသည် ၁၉၅၈ခုနှစ် ဧပြီလတွင် ဖဆပလအကွဲအပြဲ ဖြစ်ပေါ်ပြီးသည်နောက် ပိုင်းတွင် အမျိုးသားခေါင်းဆောင် အဖြစ်မှ အုပ်စုခေါင်းဆောင်အဆင့်သို့ လျော့ကျ ခဲ့ရာမှ ၁၉၅၈ခုနှစ် အောက်တို ဘာ၂၈ရက် တွင် လွှတ်တော် အမတ်မဟုတ်သူ တစ်ဦးအား အိမ်စောင့်အစိုးရကို ဦးဆောင်နိုင်ရေး အတွက် ရွေးချယ် တင် မြှောက်ခဲ့ခြင်း မှာ မြန်မာ့သမိုင်း၌ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤကဲ့သို့မကြုံစဖူးသော ဖြစ်ရပ်များ အာဏာရပါတီဖြစ်သော ဖဆပလအတွင်း အကွဲအပြဲဇာတ်လမ်းကြောင့်သာဖြစ်သည်။
အတိတ်ကာလဖြစ်ရပ်များအရ ဦးနုသည် နိုင်ငံရေးသမားများအားလုံး အနက် သူသည် အသန့်ရှင်း ဆုံး ဖြစ် ကြောင်း ပြသခဲ့သော်လည်း သူ၏ရောင်းရင်းများမှာ သူကဲ့သို့ သန့်ရှင်းသူဖြစ်မလာခြင်းကိုမူ အလေး ဂရုပြုခြင်း မရှိခဲ့ပေ။ ဦးနုသည်သူ၏ နိုင်ငံရေးသက်တမ်းတစ်လျှောက်၌ ပြုလုပ်ခဲ့သည့် အကြီးဆုံးသောအမှားမှာ ဖဆပလ အကွဲအပြဲတွင် ဘက်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဟူ၍ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၀န်ကြီးချုပ်ဦးနု၏ နိုင်ငံရေးလုပ်ဆောင်ချက်၊ အားနည်းချက်၊ အားသာချက်များကို အမျိုးသားရေး စိတ်ထားဖြင့် ဝေဖန်ထောက်ပြထုတ်ဖော် ရေးသားလျက်နိုင်ငံရေးသမိုင်း၏ သင်ခန်းစာအဖြစ် သိရှိရမည် သတိပြုနိုင်စေရန် အပြုသဘော ဆွေးနွေးတင်ပြခဲ့ပေသည်။
ကျမ်းကိုး
၁။အကွဲအပြဲဇာတ်လမ်း (ဂါးဒီးယန်း ဦးစိန်ဝင်း) (၁၉၅၉ခုနှစ်)
၂။ သတင်းစာဆရာကြီးများ၏ သူတို့ဘ၀အတွေ့အကြုံ(ချစ်ကြည်ရေး ကြည်ညွန့်)

  မြန်မာသံတော်ဆင့်သတင်းဌာန- www.facebook.com/myanmarherald

No comments:

Post a Comment