ပြင်ဖို့လည်း အလွန်ခက်တဲ့ အမှားမျိုး မကျူးလွန်မိစေဖို့ မြတ်စွာဘုရားက အဘိဓမ္မာဒေသ နာတော်မှာ ပြင်ရခက်တဲ့ အမှားဆိုပြီး ဟောကြားတော်မူ ထားတယ် …
လောကမှာ အမှားတစ်ခု ကျူးလွန်မိပြီဆိုရင် ပြင်လို့ရတဲ့ အမှားရှိ တယ်။ ပြင်လို့မရတဲ့ အမှားမျိုးလည်းရှိ တယ်။ ပြင်ဖို့လည်း အလွန်ခက်တဲ့ အမှားမျိုး၊ အဲလိုအမှားမျိုးဟာ မကျူးလွန်မိစေဖို့ မြတ်စွာဘုရားက အဘိဓမ္မာ ဒေသနာတော်မှာ ပြင်ရခက်တဲ့ အမှားဆိုပြီး ဟောကြားတော်မူ ထားတယ်။
အမှားကျူးလွန်မိတယ် ဆိုတဲ့နေရာ မှာ မသိလို့ကျူးလွန်တာလည်း တစ်မျိုး၊ တမင်သက်သက် ကျူး လွန်တာလည်း တစ်မျိုး၊ အမှားအမှန် ခွဲခြား သိနိုင်စွမ်းမရှိလို့ အမှန်ထင်ပြီး ကျူးလွန်မိတာမျိုးလည်း ရှိတယ်။ ဒါ ကြောင့်မို့ ပြင်ရခက်တဲ့ အမှား (သို့မဟုတ်) ပြင်မရတဲ့ အမှားဆိုတာ သိရှိထားဖို့လိုတယ်။
ဒေါက်တာဘဒ္ဒ န္တနန္ဒမာလာဘိဝံသ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment