Tuesday, October 7, 2014

ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြနိုင်ရန် လွှတ်တော်အမတ်များ အထောက်အထား စတင်စုဆောင်း

ဆီးသီးဗန်းမှောက်သည့် ကိစ္စကို အောက်တိုဘာ ၁၃ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးအမီ သက်သေပြနိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အထောက်အထားများ ရှာဖွေစုဆောင်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
 နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိ ဆိုသည့်ကိစ္စနှင့် ပတ်သက်၍  သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးက အထောက်အထားဖြင့် ပြောဆိုသင့် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

တုံ့ပြန်ပြောဆိုချက်၏ နောက်ဆက်တွဲအဖြစ် လွှတ်တော်သို့ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရန် လွှတ်တော်ဥက္ကဋ္ဌ ထုတ်ပြန်သည့် ပန်ကြားလွှာအရ အချက်အလက်များ လိုက်လံစုဆောင်းနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များသည် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အဆောက်အအုံများ၊ လမ်း၊ တံတားများ သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့အစည်းအမည်အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အ ထားပြည့်စုံစွာဖြင့် သီတင်းကျွတ် ကာလအပြီး လွှတ်တော်သို့ ပြန် လာသည့်အခါ ယူဆောင်တင်ပြ ကြရန် စက်တင်ဘာ ၂၅ ရက်တွင် အမျိုးသားလွှတ်တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဖွံ့ဖြိုးမှုနည်းသော ပြည်နယ်အများစုတွင် စံချိန်စံညွှန်းမမီသော ဖြစ်စဉ်အများစုရှိနေပြီး အဆိုပါဒေသများရှိ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များက ယင်း ကိစ္စများကို သက်သေအထောက်အထားများဖြင့် တင်ပြမည်ဟု ဆိုသည်။
‘‘ကျွန်တော့်မဲဆန္ဒနယ်ထဲမှာဆို ဒီလိုကိစ္စတွေအများကြီးရှိ တယ်။ ကျောင်းတွေစံချိန်စံညွှန်း မမီတာ ဆောက်ပြီးမကြာခင်မှာဘဲ အန္တရာယ်ရှိ အဆောက်အအုံ ဖြစ်နေတာ။ လမ်းတွေက ခင်းပြီး တစ်နှစ်လောက်မကြာခင်မှာဘဲ လုံးဝသုံးလို့မရအောင် ပျက်သွား တာ။ ဒါတွေကို အထောက်အ ထားနဲ့တကွ တင်ပြမှာပါ။ အဲဒါ တွေကို စုဆောင်းထားပါပြီ။ လက်ထဲမရောက်သေးတဲ့ အချက်အ လက်တွေကိုလည်း တောင်းထားတယ်’’ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၆) မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။
မိမိမဲဆန္ဒနယ်မြေအတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးမှာဆောက်လုပ်ပြီးစအချိန်တွင်ပင် ယိုင်နဲ့မှု များဖြစ်ပေါ်လာသဖြင့် ရုံးအတွင်း လူဝင်ရောက်၍မရသော ဖြစ်စဉ်များရှိနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးသိန်းဆွေက ပြောသည်။
‘‘ကျွန်တော်ကတော့ အဆင်သင့်ရှိတယ်။ အခုတင်ဆိုရင်တောင် တင်လို့ရတယ်။ သုံးခုလောက်ရှိတယ်။ ကျွန်တော်တို့မှာ အထောက်အထားတွေအများကြီးပဲ။ ကျန်တဲ့သူတွေလည်း တင်ပြဖို့ရှိမှာပါ’’ဟု မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

Credit - 7DAY DAILY

No comments:

Post a Comment