Saturday, August 2, 2014

အော်ရီဒူးဖုန်း မြို့ ၆၈ မြို့အသုံးပြုနိုင်မည်

Ooredoo Myanmar စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ Sule Shangri-la တွင် သြဂုတ် ၂ ရက်နေ့ကကျင်းပနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အော်ရီဒူးဖုန်းကွန်ယက် ၀န်ဆောင်မှုကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ လက်ရှိ ၀န်ဆောင်မှုရနေသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအပြင် ပြည်၊ မိထ္ထီလာ၊ မကွေးမြို့အပါအဝင် မြို့ ၆၈ မြို့တွင် အသုံးပြုနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ဈေးနှုန်း စံချိန်တင်နှုန်းထားဖြင့် ရောင်းချခဲ့သော K Pop

ထိပ်တန်းအဖွဲ့2NE1 ဖျော်ဖြေပွဲသို့ ပရိသတ် တစ်သောင်းကျော် လာရောက်အားပေး
လက်မှတ်ဈေးနှုန်း စံချိန်တင်နှုန်းထားဖြင့် ရောင်းချခဲ့သော K Pop ထိပ်တန်းအဖွဲ့ 2NE1 ၏ ဖျော်ဖြေပွဲကို ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ပြုလုပ်ခဲ့ရာ ပရိသတ်တစ်သောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်။ ဖျော်ဖြေပွဲပြုလုပ်ချိန်ကို ည ၇ နာရီဟု သတ်မှတ်ထားသော်လည်း ပရိသတ်များမှာ ညနေ ၃ နာရီဝန်းကျင်ခန့် ကတည်းကပင် Myanmar Event Park သို့စုရုံးရောက်ရှိနေပြီး ပွဲကျင်းပမည့် ခန်းမအတွင်းသို့ ဝင်ရောက်ရန်တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးနဲ့ မြန်မာနိုင်ငံရှေ့ရေး မေးမြန်းချက်

နေပြည်တော် ပြည်သူ့လွှတ်တော်မှာ အငြင်းပွားစရာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အဆိုပြုချက်ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်သစ်တစ်ခုကို လေ့လာသုံးသပ်ဖို့ဆိုပြီး ကော်မရှင်သစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ဆက်သွယ်ရေး မိုနိုပိုလီနိဂုံး၊ ယှဉ်ပြိုင်မှုနိဒါန်း

မြို့လယ်ကောင်တစ်နေရာ လမ်း ၃၀ ထိပ်အနီးရှိ Ooredoo တံဆိပ်ပါ ဗီနိုင်းတပ်ထားသည့် ဖုန်းဆိုင်တစ်ဆိုင်တွင် ဖြစ်သည်။ လူအများ စုပြုံတိုးဝှေ့နေကြပြီး ပထမဦးဆုံး စတင်ရောင်းချသည့် Ooredoo ဖုန်းကတ်များကို အလုအယက် ဝယ်ယူနေကြသည်။

မြန်မာပြည်သူတို့၏ ငွေတန်ဖိုးနည်း၊ ဝန်ဆောင်မှု ကောင်းသောဖုန်း မျှော်လင့်ချက်မှာ ကြီးမားသည့်အတွက် Ooredoo ဖုန်းကတ်များ စတင်ရောင်းချချိန်တွင် စုပြုံဝယ်ယူနေသောကြောင့် အချို့ဖုန်းဆိုင်များက Ooredoo ၏ သတ်မှတ်ချက်မဟုတ်သော ကန့်သတ်ချက်များနှင့် ဖုန်းကတ်များကို ရောင်းချလာကြသည်။

တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံဥပဒေရေးရာ တွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး စီးမျောမှု

တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံဥပဒေရေးရာ တွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး စီးမျောမှု မြင်ကွင်းတွေကို တောင်ငူမြို့က ဆရာဝန်များအသင်း ခန်းမဆောင်မှာ ဒီနေ့ မနက် ၁၁ နာရီကနေ ၃ နာရီအထိ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

သတင်းအပြည့်အစုံ ► http://goo.gl/y5B6Zm


ကျွန်တော်နှင့် ကျိန်စာသင့် ပညာရေး

ကျွန်တော်တို့ရဲ့ ယနေ့ခေတ် ပညာရေးနိမ့်ကျသွားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ပပညာရှင်တွေနဲ့ အစိုးရရဲ့ ပညာရေးအသိုင်းအ၀ိုင်းထဲက ပုဂ်္ဂိုလ်ကြီးငယ်တွေကိုယ်တိုင် သူတို့ကြုံရသမျှတွေကို မီဒီယာများစွာကနေ ရှုထောင့်အဖုံဖုံနဲ့ တင်ပြနေကြပါတယ်။ ဒါကြောင့် ထင်ပါရဲ့ ပြည်ထောင်စု လွှတ်တော်ကြီးခမျာ ငိုင်မနေသာတော့ဘဲ ပညာရေးပြုပြင်ပြောင်းလဲဖို့ဆိုပြီး ဘတ်ဂျက်တွေမကြုံစဖူး ထူးကဲစွာချပေးလိုက်တာ ခုဆိုရင် တက္ကသိုလ်တွေမှာ ပါ/ ချုပ်တွေကစလို့ သူ့ရဲ့အပေါင်းပါ စီမံခန့်ခွဲတည်ဆောက်ပြုပြင်

“အရပ်သားများ၊ ပညာရှင်များ ပါဝင်သည့် ဝန်ကြီး ၁၁ ဦးကို ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခဲ့ချိန်က

“အရပ်သားများ၊ ပညာရှင်များ ပါဝင်သည့် ဝန်ကြီး ၁၁ ဦးကို ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခဲ့ချိန်က ပြည်သူများ၊ နိုင်ငံရေး အင်အားစုများက တိုင်းပြည် ပြုပြင်ပြောင်းလဲမှု စတင်ပြီဟု ကောင်းချီးပေးခဲ့ကြသည်။ သို့သော် ပြည်သူကောင်းချီးပေးသော ဝန်ကြီးများ နုတ်ထွက်စာ အပြိုင်တင်ကြသောအခါ
 အပြည့်အစုံဖတ်ရန် -  http://goo.gl/SvOLjE
 

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော် အတည်ပြု

နပြည်တော်၊ ဩဂုတ် ၁- လွှတ် တော်နှစ်ရပ်သဘောထားကွဲလွဲသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်ကအတည်ပြုခဲ့ပြီး နိုင်ငံ တော်သမ္မတရုံး သို့ ပေး ပို့မည်ဖြစ် ကြောင်း သဘော တူခဲ့ကြသည်။
ဩဂုတ် ၁ ရက်ကကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ် တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် လွှတ်တော်နှစ် ရပ်သဘောထားကွဲလွဲသော အလုပ် သမားရေးရာအငြင်းပွား မှုဖြေရှင်း ရေး ဥပဒေကိုပြင်ဆင်သည် ဥပဒေ ကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာဖတ်ကြား ရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
လွှတ်တော်နှစ်ရပ်သဘော ကွဲ လွဲသော အလုပ်သမားရေးရာအ ငြင်းပွား မှုဖြေရှင်းရေး ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက် ပြီး အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အလုပ်သမားရေး ရာအငြင်းပွား မှုဖြေရှင်းရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုတွင် ပြည်သူ့ လွှတ်တော်မှ အတည်ပြုပြီး အမျိုး သားလွှတ်တော်သို့ ပေးပို့သည့်အ ချက် ခြောက်ချက် ကို ပြည်သူ့ လွှတ် တော် ကအချက်တစ်ချက်ပဲ သဘော တူပြီး ကျန်တဲ့အချက်တွေကို သ ဘောမတူတဲ့အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ညှိနှိုင်းဆွေး နွေး ခဲ့ကြောင်း အလုပ်ရှင်သာမက အလုပ်သမားဘက်ကိုလည်း အငြင်း ပွားမှုဖြစ်ပေါ် မှုအတွက် ထောင် ဒဏ်သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ မရနိုင်တဲ့အ တွက် ငွေဒဏ် အဖြစ် သာ ချမှတ်ထား သင့်သည့်အချက် တွေ တိုင်ထား သင့်သည့် ဥပဒေအ ချက်တွေပါ သဘောထားကွဲလွဲချက် တွေပါဝင်ကြောင်း ဥပဒေကြမ်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာ ဖတ်ကြားရာတွင် ပြောကြားသည်။
ယင်းဥပဒေ ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်ကအတည်ပြု ဆုံးဖြတ်ခဲ့ပြီး ထိုဥပဒေကို နိုင်ငံ တော် သမ္မတရုံးသို့ ပေးပို့ မည်ဖြစ် ကြောင်း သဘောတူ အတည်ပြုဆုံး ဖြတ်သည်။
MO
‪#‎Democracytoday‬

ဝန်ကြီးဦးအုန်းမြင့်နုတ်ထွက်ရန် ဆန္ဒဖော်ထုတ်ခဲ့သူ သရက်ထောင်မှ ပြန်လည်လွတ်မြောက်

ပည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရာထူးမှ နုတ်ထွက် ပေးရေး အောင်လံတွင် ဦးဆောင် ဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသည့် ကိုမြတ်ကို သည် အလုပ်နှင့်ထောင်ဒဏ်တစ် လချမှတ်ခြင်းခံခဲ့ရရာမှ ဩဂုတ် ၁ ရက်တွင် သရက်အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/17292



Ooredoo ဆင်းကတ်ဆိုင်ရာ သိစရာများ

လက်ရှိအချိန်တွင် စမ်းသပ်ဝန်ဆောင်မှုများဖြင့် Simcard များကို မန္တလေး၊နေပြည်တော်နှင့်ရန်ကုန်မြို့များတွင် ကျပ်၁၅၀၀ ဖြင့်ဖြန့်ချိလျက်ရှိပြီး ၎င်းတို့ Sim Card များကို တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၆၂ မြို့နယ်သို့ သြဂုတ်လ(၁၅) ရက်နေ့တွင် တပြိုင်နက် ဖြန့်ချိသွားမည်ဖြစ်သည်။
ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၄၂၀ ကျော်သို့ Sim Card ပေါင်း ၃၂ သန်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Ooredoo မှ ငွေဖြည့်ကဒ်(Prepaid Top-up)များကို ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀ စသည်ဖြင့် ၄ မျိုးဖြန့်ချိသွားမည်ဖြစ်ပြီး လက်ရှိစမ်းသပ်ကာလတွင်မူ ငွေဖြည့်ကဒ်များအသုံးပြု၍ရမည်မဟုတ်ဘဲ သြဂုတ်လ ၁၄ ရက်နေ့အထိ စမ်းသပ်ကာလ ဝန်ဆောင်မှုများဖြစ်သော Ooredoo network အချင်းချင်း မိနစ် ၉၀၀ နှင့် စာတို (message) ၉၀၀ အခမဲ့ ၊အင်တာနက်ဝန်ဆောင်မှု 20 MB အခမဲ့ ဝန်ဆောင်မှုတို့ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး စတင်ဖြန့်ချိသော သြဂုတ်လ ၁၅ ရက်နေ့တွင်မှ ငွေဖြည့်ကဒ်များကို စတင်အသုံးပြုနိုင်မည် ဖြစ်သည်။
Simcard များတရားဝင် စတင်ဖြန့်ချိပါက Ooredoo ဖုန်းခေါ်ဆိုခနူန်းများမှာ Ooredoo ဖုန်းအချင်းချင်း တမိနစ် ၂၅ ကျပ်၊ အခြား အော်ပရေတာများနှင့် တမိနစ် ၃၅ ကျပ်၊ စာတို (message) တစောင် ၂၅ကျပ်၊ အင်တာနက်အသုံးပြုခ 1MB ၂၅ ကျပ်၊
(1MB လျှင် facebook 20 share and savingနှင့် e-mail ၄စောင်ပေးပို့နိုင်သည်) စသည်ဖြင့်ကောက်ခံသွားမည်ဖြစ်ပြီး၊ ၎င်းအချိန်မှ Sim Card ဝယ်ယူပါက ၁၅၀၀ ကျပ် အခမဲ့ ရရှိမည်ဖြစ်သည်။ ထို့ပြင် စမ်းသပ်ကာလတွင် ဝယ်ယူထားသော Sim Card များသို့ လည်း တစ်လလျှင် ၅၀၀ ကျပ် သုံးလ ထည့်သွင်းပေးသွားမည်ဖြစ်သည်။
Ooredoo network နှင့်ပတ်သတ်သည့် ပြသနာအားလုံးကိုလဲ ၂၄ နာရီ ၇ရက် ပိတ်ရက်မရှိ data center များဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ Ooredoo Sim Card များသည် 3G network ဖြစ်သည့်အတွက် မိမိကိုင်aသာ ဟန်းဆက်သည် 3G လက်ခံနိုင်စွမ်း ရှိမရှိ ဦးစွာစစ်ဆေးရမည်ဖြစ်ပြီး Ooredoo မှ ထုတ်လွှင့်မည့် လှိုင်းနှုန်း UMTS 900 ကိုလည်း လက်ခံနိုင်စွမ်းရှိရမည်ဖြစ်သည်။
အထူး အင်တာနက် ဝန်ဆောင်မှုများကိုလည်း သြဂုတ်လ ၁၅ ရက်နောက်ပိုင်း ထပ်မံကြေငြာသွားမညဟု သိရသည်။
လက်ရှိတွင်ပင် Ooredoo Sim Card ၀ယ်ယူသူ များပြားနေသော်လည်း 3G ဟန်းဆက်အခက်အခဲကြောင့် အခြေခံလူတန်းစားများအတွက်အခက်အခဲရှိနေကြောင်း Ooredo Card ဝယ်ယူသူ လသာမြို့နယ်မှ ကိုသိန်းထိုက်က ပြေပာသည်။
သတင်းနှင့်ဓာတ်ပုံ
မြတ်ထွဋ်ကျော်



မစိုးရိမ်ကျောင်းတိုက်ဆရာတော် မဟာနာယက ဘဒ္ဒန္တ သာဂရာဘိဝံသ ၉၆ပါးရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူ

ကျိုက္ခမီ
- မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅x၃၆လမ်း ကြားရှိ မစိုးရိမ်ကျောင်းတိုက်တွင်ဇူ လိုင် ၃၁ရက် ည ၇နာရီ ၄၅မိနစ်က မစိုးရိမ်ကျောင်းတိုက် မဟာနာယက ဘဒ္ဒန္တသာဂရာဘိဝံသ ဆရာတော် ပျံလွန်တော်မူခဲ့သည်။
''ဝါခေါင်လဆန်း ၁၃ရက်နေ့ လယ် ၁၂နာရီတွင် အန္တိမဈာပန ပြင်ဆင်မှာပါ။ ပြီးတော့အစီအစဉ် အတိုင်း အေးရိပ်ငြိမ်သုသာန်မှာ ဈာပနပြုလုပ်မှာပါ။ ဆရာတော် မဟာနာယကဘဒ္ဒန္တသာဂရာဘိဝံ သ သက်တော် (၈၈)နှစ်၊ ဝါတော် (၆၈)ဝါဘဝနတ်ထံ ပျံလွန်မူခဲ့တာ ပါ။ ဆရာတော်ရုပ်ကလာပ်ကို အဘိ ဓမ္မနယူးပဒေသကျောင်းမှာ ထားရှိထား ပါတယ်''ဟု ဆရာတော် ဦးပဏ္ဍဝ က မိန့်ခဲ့သည်။
အန္တိမဈာပန အခမ်းအနားပြင် ဆင်မှုများကို ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းမှ ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီး ဆရာတော်ကြီး၏ ရပ်နီးရပ် ဝေးနေ တပည့်၊ ရဟန်းရှင်၊ လူအ ပေါင်းတို့ လာရောက်ပူဇော်လျက်ရှိ ကြသည်။
AXE
‪#‎Democracytoday‬

အကျဉ်းကျခံ သတင်းမီဒီယာသမားများ ထိခိုက်နစ်နာမှု မရှိစေရန် သမ္မတ ကူညီမည်

ရန်ကုန်၊ သြဂုတ် ၁
အကျဉ်းကျခံနေရသော သတင်းမီဒီယာသမားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ၎င်း၏ လုပ်ပိုင်ခွင့်ထဲမှ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အလေးအနက် ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ မှ ၁၁ နာရီအထိ နေပြည်တော်ရှိ သမ္မတအိမ်တော် လယ်တောရိပ်သာ၌ တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ အနေနှင့် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းက ကူညီသွားမည်ဟု ကတိပြုခဲ့သော်လည်း မည်သို့ ကူညီမည်ကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းဆွေးနွေးပွဲတွင် စာနယ်ဇင်းကောင်စီကို အစိုးရအဖွဲ့နှင့် မီဒီယာများကြားရှိ ကြားခံအဖွဲ့အစည်း အဖြစ် လက်ခံပေးခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်သုံးခုနှင့် သတင်းမီဒီယာများအကြား နားလည်မှုလွဲသော ကိစ္စရပ်များ၊ ပဋိပက္ခများ မဖြစ်စေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို မကြာခဏ ကျင်းပသွားမည်ဟု ဦးသိန်းစိန်က ကတိပေးခဲ့သည်။
သတင်းရယူခွင့်နှင့် ပတ်သက်၍ ဝန်ကြီးဌာန အသီးသီးက အချိန်နှင့် တစ်ပြေးညီ ထိရောက်မှု ရှိသည့် တုန့်ပြန်ဖြေကြားမှု ရှိလာစေရန် အစီအစဉ်သစ် တစ်ရပ်ကို အကောင်အထည် ဖော်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။
သမ္မတအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် သမ္မတကို အပ်နှင်းထားသည့် အခွင့်အာဏာအရ လုပ်ဆောင်ပေးမည် ဆိုခြင်းသည် ပြစ်ဒဏ်ကျ သတင်းမီဒီယာသမားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ပြောလိုက်ခြင်း ဖြစ်ကြောင်း ယူနတီဂျာနယ်၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
“မီဒီယာများရဲ့ အမှုကို လိုက်နေတဲ့ ရှေ့နေ့တစ်ယောက် အနေနဲ့ အရမ်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။
သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်၏ အကြီးအကဲအဖြစ် ခန့်အပ်ခံထားရသူ ဖြစ်၍ မည်သည့် ကိစ္စကိုမဆို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖြေလျှော့ပေးခြင်းများ လုပ်ဆောင်ပေးနိုင်ကြောင်း၊ သို့သော်လည်း နိုင်ငံရေး လှည့်ကွက်အရ ရေမှုတ်တစ်ဖက် မီးစာတစ်ဖက် ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုယ်စားလှယ်များအဖြစ် ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေးနှင့် ဒေါ်နန်းကလျာဝင်းတို့ တက်ရောက်ခဲ့သည်။

ဒီမိုကရေစီထူထောင်ခြင်းသည် နိုင်ငံရေးစနစ်တစ်ခု၊ အစိုးရစနစ် တစ်ခုကိုသာ စဉ်းစားနေခြင်းမဟုတ်ဘဲ

ဒီမိုကရေစီထူထောင်ခြင်းသည် နိုင်ငံရေးစနစ်တစ်ခု၊ အစိုးရစနစ် တစ်ခုကိုသာ စဉ်းစားနေခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုတစ်ခုအနေဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ခု အမြစ်တွယ်အောင်လုပ်ဆောင်ရ မည်ဟု ဒေါ်အောင် ဆန်းစုကြည် ပြော ကြား
===================================================
နေပြည်တော်၊ ဩဂုတ် ၁- ဒီမိုကရေစီ ထူထောင်ခြင်းသည် နိုင်ငံရေးစနစ် တစ်ခု၊ အစိုးရစနစ်တစ်ခုကိုသာ စဉ်းစားနေခြင်းမဟုတ်ဘဲ ယဉ်ကျေး မှုတစ်ခုအနေဖြင့် ဒီမိုကရေစီ ယဉ် ကျေးမှုတစ်ခု အမြစ်တွယ်အောင်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြား လိုက်သည်။
ဩဂုတ် ၁ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်း အဝေးအပြီး လွှတ်တော် ဝင်း (I-12) တွင် ဒေါ်အောင် ဆန်း စုကြည်နှင့် သတင်းထောက် များ တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ရဲ့ အမြင်က အစထဲ က ဒီနိုင်ငံရဲ့ပြဿ နာတွေဖြေရှင်းဖို့၊ တကယ့် အမျိုးသားရင်ကြားစေ့ရေး ကို ဖော်ဆောင် ဖို့ဆိုလို့ရှိရင်တွေ့ဆုံ ဆွေးနွေး ပွဲတွေရှိရမယ်။ ကျွန်မခဏ ခဏပြောခဲ့တယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ ထူထောင်ဖို့ဆိုတာဟာ နိုင်ငံရေးစနစ်တစ်ခု၊ အစိုးရစနစ် တစ်ခုကိုပဲ စဉ်းစားနေတာ မဟုတ် ဘူး။ ယဉ်ကျေးမှု တစ်ခုအနေနဲ့ ဒီမို ကရေစီ ယဉ်ကျေးမှုတစ်ခု အမြစ် တွယ်အောင်လုပ်ရမယ်။ ဒီမိုကရေ စီယဉ်ကျေး မှုဆိုတဲ့အခြေခံဟာ ဘာ လဲဆိုရင် ညှိနှိုင်းဆွေးနွေး တိုင်ပင် ပြီးတော့ သဘောတူညီမှုတစ်ခုရ အောင် ဆွေးနွေးပြီး ညှိနှိုင်းပြီး တစ် ယောက် နဲ့တစ်ယောက် နားလည်မှု ယူပြီးတော့၊ အပေးအယူလုပ်ပြီး တော့၊ အလျော့ အတင်းလုပ်ပြီးတော့ သဘောတူညီမှုတစ်ခုရအောင် လုပ် တယ်ဆိုတာဟာ ဒီမိုကရေစီယဉ်ကျေး မှုအခြေခံပဲ။ အဲ့ဒါမျိုးဖြစ်စေချင်ရင် ဒီလိုပဲစရမှာပဲ''ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရန် -  http://www.dailydemocracytoday.com/2014-03-04-06-55-39/item/405-2014-08-02-02-55-50

MP
‪#‎Democracytoday‬

Photo Caption :: ဩဂုတ် ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် သတင်းထောက် များနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ-မောင်ပိုင်

တက္ကသိုလ်ကျောင်းအနီး ကလေးကစားကွင်းအမည်ခံ၍ ကျပ်သိန်း ရာချီ ကစားနိုင်သည့် လောင်းကစားရုံဖွင့်လှစ်

မုံရွာတက္ကသိုလ်ကျောင်းအနီး ကျပ်သိန်း ရာနှင့်ချီ၍ ကစားနိုင်သည့် လောင်းကစားရုံကို ကလေးကစားကွင်း အမည်ခံ၍ ဖွင့်လှစ်ထားပြီး ကျောင်းသားအများစု လောင်းကစားမှုပြုလုပ်နေသော် လည်း မည်သူမျှအရေးယူခြင်းမရှိဟု ယင်းတက္ကသိုလ်ကျောင်းသားတဦးက News Watch ဂျာနယ်သို့ ဇူလိုင် ၃၀ ကပြော ကြားခဲ့သည်။

၎င်းက “ကျောင်းသားတယောက်ဆိုရင် တရက်တည်း သိန်းခြောက်ဆယ် ရှုံးသွားတာ မုံရွာမြို့မှာ ဒီလိုကစားကွင်း တွေရှိပေမယ့်။ ဒီကျောင်းနားက ကစားကွင်းက အကြီးဆုံးပဲ”ဟု ဒုတိယနှစ် ကျောင်းသားတဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကလေးကစားကွင်း အမည်ခံ လောင်းကစားရုံ၌ လာရောက် လောင်းကစားသူများထဲ၌ အပြင်လူများ လာရောက်ကစားမှုရှိသော်လည်း အများဆုံး လာရောက်ကစားသူများမှာ တက္ကသိုလ် ကျောင်းသားအများစုဖြစ်သည်ဟုဆိုသည်။

အဆိုပါကစားရုံ၌ ကစားမည်ဆိုပါက မိနစ်ပိုင်းအတွင်း ကျပ်ဆယ်သိန်းခန့် ရှုံးနိုင်သည်ဟုဆိုသည်။ ““ကျောင်းသား တယောက်ချင်းစီမှာတော့ လေးငါးသောင်း ဖိုးတော့ ကစားကြတာပဲ။ ပွင့်လို့ သိန်း ၂၀ ရတဲ့သူရှိသလို ခဏလေးနဲ့ကုန်သွား သူလည်း ရှိတာပဲ။ ပွင့်တဲ့သူလည်း ဒီမှာပဲ ပြန်ကစားပြီး ကုန်သွားကြတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါကစားကွင်းအတွင်း၌ ဓာတ်ပုံရိုက်ခြင်း၊ ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားသည်ဟု ၎င်းကပြောသည်။ “ကစားကွင်းထဲက ၀န်ထမ်းတွေက ပြောတာကတော့ တိုင်တဲ့သူတွေရှိရင် မကြာမကြာ ပိတ်ရလို့ ဒါကိုခွင့်မပြုဘူးလို့ ပြောတယ်။ အဲလိုပိတ် ပြီးရင်လည်း မကြာခင် ပြန်ဖွင့်တာ”ဟု ပြောကြားခဲ့သည်။

အဆိုပါကစားကွင်းသည် ကလေး ကစားကွင်းနှင့် 7D ရုပ်ရှင်ရုံဟု အမည်ခံ ထားသော်လည်း လာရောက်သူအများစုက လောင်းကစားမှုပြုရန်အတွက်သာ လာကြသည်ဟုဆိုသည်။ “မြို့ထဲက ကစားကွင်း အသေးလေးတွေက ဆိုင်ကယ်ရပ်နားခ မပေးရဘူး။ ကိုယ်ကစားလို့ပွင့်ရင်လည်း အကောက်မပေးရဘူး။ ဒီကစားကွင်းကကြီး တော့ ဆိုင်ကယ်ရပ်နားခပေးရသလို ပွင့် ရင်လည်း အကောက်ပေးရတယ်”ဟု ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားအများစုသည် ယခင်ကငွေကြေးအနည်းငယ်ရှိလျှင် အချင်းချင်းအပျော်တမ်း ဖဲရိုက်ကစားကြသော်လည်း ယခုလောင်းကစားရုံပေါ် ပေါက်လာချိန်မှစ၍ ဖဲဝိုင်းမရှိသလောက် ရှားပါးသွားခဲ့ပြီး အဆိုပါလောင်းကစားရုံသို့သာ သွားရောက်ကစားကြသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ““တက္ကသိုလ် ကျောင်းသားအများစုက ဆယ်ကျော်သက် တွေပါ။ ဒီအရွယ်က အရာရာစူးစမ်းချင်ကြတယ်။ ဒီလို လွယ်လွယ်လောင်းကစားရုံ ကျောင်းနားမှာရှိတယ်ဆိုတာက ဒီကလေး တွေအတွက် စာရိတ္တပိုင်းမှာ အများကြီး ထိခိုက်စေနိုင်ပါတယ်”ဟု သတင်းသမား တဦးက သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါကစားရုံ၌ အကြွေစေ့ဖြင့် ကစားရပြီး ငါးပစ်ခြင်း၊ အသီးပစ်ခြင်း၊ အကောင်ထိုးခြင်း စသည့် ကစားနည်းများ ကစားကြပြီး ငါးပစ်ကစားနည်းသည် မိမိ စိတ်ကြိုက်တကြိမ်တည်းဖြင့် ကျပ်သိန်း ဆယ်ချီ၍ ကစားနိုင်သည်ဟုဆိုသည်။ ယင်းမုံရွာတက္ကသိုလ်အနီးသို့ အဆိုပါ ကစားရုံပေါ်ပေါက်လာခြင်းသည် အလွန်ဆုံး တနှစ်ကျော်ခန့်သာရှိသေးသည်ဟု ပြောကြားပြီး ယခုအချိန်အထိ လွတ်လပ်စွာ လောင်းကစားမှုပြု၍ရသည်ဟု ဆိုသည်။

ကိုခက်


ဟင်္သာတမှာ ကျောင်းသားမိဘတွေ ဆန္ဒပြမယ်

ကျောင်းသားတွေ ဆန္ဒပြမယ် ဆိုတာ ကြားရတတ်တဲ့သတင်းဆိုပေ မယ့် ကျောင်းသားမိဘတွေ ဆန္ဒပြမယ် ဆိုတာကိုတော့ ကြားဖူးကြမယ် မဟုတ်ပါဘူး။
ဟင်္သာတမြို့မှာတော့ ကျောင်းသားမိဘတွေ ဆန္ဒပြဖို့ ပြင်ဆင်နေကြပါပြီ။

အပြည့်အစုံဖတ်ရန် -  http://blog.irrawaddy.org/2014/08/blog-post_2.html

အဖွဲ့ချုပ်အကြံပြုချက် အတော်များများ ပြင်ပေးမည်ဟု ကော်မရှင်ပြော

ရွှေအောင်၊သြဂုတ် ၁

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ ၁ လအစား ၂ လပြင်ဆင်သတ်မှတ်ပေးဖို့ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ပါတီက အကြံပြုထားတဲ့ အချက်အတော်များများကို ကော်မရှင်က ပြင်ဆင်ပေးမယ်လို့ ပြောတဲ့အကြောင်း ဒီနေ့ ကော်မရှင်နဲ့တွေ့ခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။


အပြည့်အစုံဖတ်ရန် -  http://burmese.dvb.no/?p=61489

Union Election Commission 

၄၃၆ ပြင်ဆင်ရေး လက်မှတ် ငါးသန်း ကျော်ရရှိပြီး

၄၃၆ ပြင်ဆင်ရေး လက်မှတ် ငါးသန်း ကျော်ရရှိပြီး ဒီဦးရေဟာ မြန်မာ့သမိုင်း တလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဦးမြတ်သူရက သတင်းပေးပို့ထားပါတယ်။ 

ဗွီဒီယိုဖိုင်ကြည့်ရန် -  http://youtu.be/qJCCLSjVm-o


ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မရောင်ခြည် စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် ဓမ္မရောင်ခြည် စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ဦးဝင်းညွန့် (အာယုဆေးတိုက်)၏ အသက်(၆၀)ပြည့် မွေးနေ့အထိမ်းအမှတ် အလှူတော်ငွေ ကျပ်(၂)သိန်း လှူဒါန်းပါသည်။ 

 Credit - Ashin Vicitta (Facebook)

 
 

မြန်မာအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ ငြိမ်းချမ်းရေးဆု ရရှိ

ကုလသမဂ္ဂ ဖွံ့ ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့  ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ နဲ့  တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်း မဝေဝေနုနဲ့  တိုင်းရင်းသားအရေးလှုပ်ရှားသမိခင်ခင်ကြူတို့ ရရှိပါတယ်။

ဒီဆုဟာ အာရှတိုက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့  အမျိုးသမီးရေးရာတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေသူတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ အခုလိုဆုရရှိတာနဲ့ ပတ်သက်လို့  ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ က ဒေါ်နော်အုန်းလှက RFA ကို အခုလိုပြောပါတယ်။

"ကျမက ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်ပါ၊ ကျမတို့အဖွဲ့အစည်းကို ပေးတာလို့ပြောတယ် ပြီးတော့ ဝေဝေနု တို့ပါတယ်"

ဒီဆုကို ၂၀၁၁ ခုနှစ်ကစလို့ နှစ်စဉ်ချီးမြှင့်နေပြီး၊ သြစတေးလျ နိုင်ငံတကာဖွံ့ ဖြိုးမှုအေဂျင်စီ AusAID က ပံ့ပိုးကူညီနေပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ဆုတွေမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတို့က အမျိုးသမီး ၁ ဦးစီ၊ အာဖဂန်နစ္စတန်နဲ့  ပါကစ္စတန်က အမျိုးသား ၁ ဦးစီရရှိကြောင်း ကြေညာထားပါတယ်။

အခုသြဂုတ်လနဲ့ စက်တင်ဘာလမှာ ဆုရသူတွေကို မှတ်တမ်းရုပ်ရှင်တိုတွေ ရိုက်ကူးထုတ်လုပ်မှာဖြစ်ပြီး အောက်တိုဘာလမှာတော့ ဆုချီးမြှင့်ပွဲကျင်းမယ်လို့  ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။


 

Friday, August 1, 2014

ကလေးစစ်သား ပြန်လည်အပ်နှံပွဲ

တပ်မတော်မှာ အသက်မပြည့်ဘဲ စစ်မှုထမ်းခဲ့ကြတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မိဘတွေထံ ပြန်လည်အပ်နှံတဲ့ အခမ်းအနားကို ရန်ကုန်မြို့ အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

ဗွီဒီယိုဖိုင်ကြည့်ရန် -  https://www.youtube.com/watch?v=XLf7bSLbZHk

မှတ်မှတ်သားသား စကားများ

သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၊ ဒေါက်တာဇော်မြင့်မောင်၊ NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တို့ရဲ့ ပြောကြားချက်တွေကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

ဗွီဒီယိုဖိုင်ကြည့်ရန် -  https://www.youtube.com/watch?v=zUlojTYwqzY

ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ့ဆုံပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော်မှာရှိတဲ့ “တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ” အဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရွေကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံရရှိမှု အခြေအနေစတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။
ဗွီဒီယိုဖိုင်ကြည့်ရန် -  https://www.youtube.com/watch?v=pN6-x5iFQ1k



အကျိုးမျှော် နှိုးဆော်ပါရစေ

ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ “အကျိုးမျှော် နှိုးဆော်ပါရစေ” အသံလွှင့်ဇာတ်လမ်း အစီအစဉ်မှာ ဒီတစ်ပတ်တော့ “ပွင့်လင်းမြင်သာ တို့မြန်မာ” အစီအစဉ်ကို နားဆင်ရမှာပါ။

နားဆင်ရန် -  https://soundcloud.com/burmeserfa/afvfvtwlbbyj

သူရဦးရွှေမန်း မီဒီယာတွေ့ဆုံပွဲ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဒီနေ့ လွှတ်တော်အစည်းအဝေး ၁၂ ရက် မြောက်နေ့၊ နောက်ဆုံးနေ့အပြီးမှာ လွှတ်တော်ကို တက်ရောက်သတင်းယူခဲ့တဲ့ ပြည်တွင်း ပြည်ပသ တင်းမီဒီယာတွေနဲ့ မိနစ် ၃ဝ ကျော်ကြာ တွေ့ဆုံပြီး မေးမြန်းချက်တွေ ကို ဖြေကြားခဲ့ပါတယ်။ RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။

အပြည့်အစုံကြည့်ရန် -  http://www.youtube.com/watch?v=Ya_IRfsiNPQ



၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြင်နိုင်မယ် ယူဆကြောင်း ဦးရွှေမန်းပြော

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ယူဆကြောင်းနဲ့ ပြည်ထောင်စု လွှတ်တော်ထံတင်ပြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်နေတာ အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇမ္မူသီရိခန်းမဆောင်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

"၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားလုံပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကြိုးစားပြီးလည်းဆောင်ရွက်နေတယ်၊ ပေးထားတဲ့ကတိအတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဘယ်လောက်အထိပြီးပြီလဲဆိုတာ အတိအကျမပြောနိုင်ပေမဲ့ လောလောဆယ် လွှတ်တော်ကို တင်ပြနိုင်ဖို့ကို ၈ဝ ရာခိုင်နှုန်း ပြီးနေပါပြီ၊ ဒါကြောင့် လာမယ့် လွှတ်တော်ကာလမှာ ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ဖို့ စပြီးတော့ဆောင်ရွက်ပါမယ်"

ဒါ့အပြင် ငြိမ်းချမ်းရေးရမှ ရွေးကောက်ပွဲစနစ်ကိုပြင်မယ်၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြီးမှ ရွေးကောက်ပွဲစနစ်ကို ပြင်မယ်ဆိုတာမျိုးမဟုတ်ဘဲ ရွေးကောက်ပွဲစနစ်ကို ပြင်သင့်တဲ့အချိန်မှာ ပြင်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအတောအတွင်း ပြည်သူလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲစနစ်သစ် ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဟာ မနေ့က ပထမဆုံးအကြိမ် အစည်းဝေးလုပ်ခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေဟာ အခုသြဂုတ်လအတွင်း ပြန်လည်တွေ့ဆုံပြီး ရွေးကောက်ပွဲစနစ်တွေကို လေ့လာသုံးသပ်ဖို့ စီစဉ်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။


 

တပ်မတော်နှင့် အပေါက်မပါသော ရေဘူး

မြန်မာနိုင်ငံကို ရာစုနှစ်ဝက်ကြာမျှ အုပ်ချုပ်ခဲ့သော တပ်မတော် (စစ်တပ်) နှင့် ပတ်သက်သည့် နာမည်ကျော် ဆိုရိုးစကား နှစ်ခုကို ဤခေါင်းကြီးပိုင်း ဖတ်နေသူများသာမက မြန်မာနိုင်ငံသား အတော်များများ ရင်းနှီးကျွမ်းဝင်ထားပြီး ဖြစ်ပါလိမ့်မည်။ ယင်းမှာ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” နှင့် “တပ်မတော်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်” ဟူသည့် စကားတို့ပင် ဖြစ်ပါသည်။

ပထမစကားအရ စစ်တပ်က တစ်စုံတစ်ခုကို အလိုရှိလာပြီဆိုလျှင် မည်သို့သော အကြောင်းပြချက် သို့မဟုတ် ဆင်ခြေပေးမှုမျိုးကိုမျှ လက်သင့်မခံဘဲ အလိုရှိသည့်အရာကို မဖြစ်ဖြစ်သည့် နည်းလမ်းဖြင့် ဆောင်ကြဉ်းပေးရတော့မည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။
ဒုတိယစကားမှာမူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၈၈ ခုနှစ်က ပြောခဲ့ဖူးသော သမိုင်းဝင် စကားတစ်ခွန်း ဖြစ်သည်ကို အားလုံးသိပြီးသား ဖြစ်ပါလိမ့်မည်။ သမိုင်းဝင်သော စကားဟု ဆိုခြင်းထက် သမိုင်းဝင်ခဲ့သော ခြိမ်းခြောက်မှုဟုဆိုလျှင် ပိုမှန်မည် ထင်ပါသည်။

စစ်တပ်ဟူသည် ပြည်တွင်း၊ ပြည်ပ ရန်သူဟု သတ်မှတ်ပြီ ဆိုပါက မည်သို့မျှ သက်ညှာမှု ပေးမည် မဟုတ်ဘဲ ဆုံးခန်းတိုင်သည်အထိ အမြစ်ပြတ် ရှင်းလင်းသွားမည်ဟူသော သဘောမျိုး ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် စစ်တပ်၏ မာကျောခက်ထန်မှု ပြည့်ဝသော ပါဝါအမာ (Hard Power) ကို ဖော်ကျူးသည့် ဆိုရိုးစကားများပင် ဖြစ်ပါသည်။

မှန်ပါသည်။ စစ်တပ်က နှစ်ကာလအတန်ကြာ မင်းမူခဲ့သည့် အချိန်ကာလတွင် တပ်မတော်အစိုးရ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ၊ စစ်ဘက်အရာရှိကြီးများ၊ စစ်တပ်မှ အငြိမ်းစားယူကာ အစိုးရ ဝန်ကြီးဌာနပိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ထိတွေ့ဆက်ဆံ အလုပ်လုပ်ခဲ့ဖူးသူ အရပ်ဘက် ဝန်ထမ်းများနှင့် မြန်မာနိုင်ငံသားတိုင်း ရေဘူးတွင် အပေါက်ပါခြင်း၊ မပါခြင်းထက် ရေပါနိုင်မည့် အရေးကိုသာ ဦးစားပေး လုပ်ကိုင်ခဲ့ကြရသည်က များခဲ့ပါသည်။ သို့အတွက်ကြောင့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ အများပြည်သူနှင့် တိုက်ရိုက် သက်ဆိုင်သည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်းကောင်း အဂတိတရား မြောက်မြားစွာနှင့် ဘေးထွက်ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။

စစ်တပ် သို့မဟုတ် စစ်ဗိုလ်ဟု ဆိုလိုက်သည်နှင့် အဘယ့်ကြောင့် အရပ်ဘက် နိုင်ငံသားတို့၏ စိတ်ထဲတွင် နိုင်ငံနှင့် နိုင်ငံသားတို့ကို အကာအကွယ်ပေးလျက် ရှိသော လက်နက်ကိုင် အဖွဲ့အစည်းကြီးအဖြစ် ရှုမြင်ခြင်းထက် ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသော အာဏာရှိသူအဖြစ် ရှုမြင်ခဲ့ကြသနည်းဟု မေးရမည်ဆိုလျှင် တပ်မတော်သည် မည်သည့် အခါကမျှ ပါဝါအပျော့ (Soft Power) ကို ထိရောက်စွာ အသုံးမချနိုင်ခဲ့သလို အသုံးချရန်လည်း ထည့်သွင်း စဉ်းစားခဲ့ဟန် မရှိ၍ဟုပင် ဖြေရပါမည်။

ယနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော် ချီးမွမ်းခံခဲ့ရသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ စိတ်ပါလက်ပါ ပါဝင်လုပ်ကိုင်ပေးခြင်း မရှိဘဲ ထွက်ပေါ်လာခြင်း မည်သို့မျှ မဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက အကဲဖြတ်ခဲ့ကြပါသည်။ ထို့အတူ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းစဉ်သည်လည်း တပ်မတော်ဘက်က စစ်ခေါင်းဆောင်များတွင် ဖြစ်ပေါ်သော ငြိမ်းချမ်းရေး ရလိုသည့် စိတ်အရင်းခံ မပါဘဲ ပေါ်ထွက်လာစရာ မရှိပေ။

နိုင်ငံရေးအရသော် လည်းကောင်း၊ ဒီမိုကရေစီ နည်းလမ်းအရသော် လည်းကောင်း အငြင်းပွားဖွယ်ကိစ္စများ မည်သို့ပင် ရှိနေသော်ငြား မြန်မာ့ဒီမိုကရေစီ အနာဂတ်တွင် စစ်တပ်သည် ကြီးမားသည့် အခန်းကဏ္ဍ တစ်နေရာမှ အချိန်ကာလ တစ်ခုအထိ ဆက်လက် ပါဝင်နေဦးမည် ဖြစ်သည်ဟူသော အချက်ကို မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ စစ်ဘက်နှင့် အရပ်ဘက် ပုဂ္ဂိုလ်အားလုံး ရိပ်စားမိကြပြီး ဖြစ်ပါလိမ့်မည်။

ယနေ့အချိန်သည် နိုင်ငံရေးပညာရှင်များ အပြောများလာသည့် တပ်နှင့် ယုံကြည်မှု တည်ဆောက်ရမည့် ကာလတစ်ခုဖြစ်ရာ The Voice အယ်ဒီတာအဖွဲ့က မေတ္တာရပ်ခံလိုသည်မှာ စစ်တပ် အနေနှင့် ဘားတိုက်သို့ ပြန်သည်ဖြစ်စေ၊ မပြန်သည်ဖြစ်စေ အရပ်ဘက် မိဘပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်အကျင့်၊ တပ်စရိုက်များကို ဘားတိုက်တွင် ထားခဲ့ကြရန်နှင့် ငြိမ်းချမ်းမှု ထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရာတွင် Soft Power ကို ကောင်းစွာ ကျင့်သုံးရန် ဖြစ်ပါသည်။

ထိုသို့မဟုတ်ပါက တပ်မတော်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူပြောင်းရေး ဖြစ်စဉ်တွင် နိုင်ငံသားများအတွက် အပေါက်ပါသောရေဘူးနှင့် ရေခပ်ပေးနေရကိန်း ဆိုက်ရောက်သွားနိုင်ကြောင်း သတိပေး ဖော်ပြလိုရင်း ဖြစ်ပါသည်။

အယ်ဒီတာ (၃၁-၇-၂၀၁၄)

-------------------------------
(The Voice Weekly Editorial, Vol.10/No.29)


 
 

ဘယ်သူ့သားလဲ (မိုးသု-မန္တလေး)

“ငါတို့တွေ ဘယ်သူ့ရဲ့သားဖြစ်နေလဲ” ဆိုပြီး မိမိကိုယ်ကိုယ်မိမိ မညှာမတာ မေးခွန်း ထုတ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ ရဟန်းတော်များ အနေနဲ့ ဘုရားရှင်ရဲ့အရေတော်ဖြစ်တဲ့ သင်္ကန်းကို ဝတ်ရုံထားပြီး ဘုရားသားတော်လို့ နာမည်ခံထားရင် ဘုရားသားတော်ပဲ ဖြစ်သင့်ပါတယ်...

အပြည့်အစုံဖတ်ရန် -  http://thevoicemyanmar.com/index.php/perspective/item/1615-btt


တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်ရန် ဗြိတိန်က ကန်ဒေါ်လာ တစ်သန်းကျော် ထပ်မံကူညီ

မြန်မာနိုင်ငံတွင် တာဝန် ယူမှုရှိသော စီးပွားရေးလုပ်ငန်းများပေါ်ထွက်လာရေးအစီအစဉ် များဆောင်ရွက်ရန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်း(ပေါင် တစ်သန်း)ကျော် ထပ်မံထောက်ပံ့ကူညီသွားမည်ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/17251


မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်

မန္တလေး၊ ဇူလိုင် ၃၁
မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် သေဆုံးသူ ဦးထွန်းထွန်း နာရေးကို လိုက်လံပို့ဆောင်စဉ် မွတ်ဆလင် သုသာန်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၁၅ ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
“တကယ်ဆိုရင် သင်္ချိုင်းဖျက်ဆီး မီးရှို့တဲ့သူကို အရေးယူမယ့်အစား လူအုပ်ကြီးနဲ့ ဆူပူမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့သူကို အရေးယူရမှာပါ။ သူတို့လေးတွေက သွေးထိုး လှုံ့ဆော်ခံရတာ။ လှုံ့ဆော်စာတွေကပ်ပြီး လုပ်တဲ့သူတွေကို ဖမ်းရမယ်။ ဓာတ်ပုံ မှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ၁၅ ဦးက ရုပ်သေးရုပ်တွေပါ။ ရုပ်သေးကို ကြိုးကိုင်တဲ့သူကို ဖမ်းရမှာပါ။ ၅၀၅ (ဂ) က လူထုစုဝေးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တာပါ။ ဒီပုဒ်မဆိုရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် အကန့်အသတ်မရှိ ကျခံရမှာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
အဆိုပါ ကျူးလွန်သူ ၁၅ ဦးကို တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံခဲ့ပြီး နှစ်ဦးကို ပြစ်မှုပုဒ်မ ၄၃၆ အရ လည်းကောင်း၊ ၁၀ ဦးကို ပြစ်မှုပုဒ်မ ၂၉၅ အရ လည်းကောင်း၊ သုံးဦးကို ပြစ်မှုပုဒ်မ ၅၀၅ (ဂ) အရ လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
အဆိုပါ ပဋိပက္ခ ကာလအတွင်း အသတ်ခံခဲ့ရသည့် ဦးထွန်းထွန်း နာရေးကို ဇူလိုင်လ ၄ ရက်နေ့က လူသောင်းချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အေးရိပ်ငြိမ် သုသာန်တွင် သဂြုင်္ိဟ်နေစဉ် လူတစ်စုက ဖျက်ဆီးခဲ့သည့် မွတ်စလင် ဘာသာဝင်များသာ မြှုပ်နှံသည့် အုတ်ဂူအချို့နှင့် ဇရပ်ကို အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်သည်။

● မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်●

နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ပြုလုပ်လျက်ရှိရာတွင် ပြည်သူများ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကိုလည်း ဦးစားပေး အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ဤဦးစားပေး ဆောင်ရွက်ချက်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား မြန်မာနိုင်ငံသို့ လာရောက်ရန်ဖိတ်ကြားခဲ့ ပါသည်။ သို့ဖြစ်ရာ မစ္စရန်ဟီလီသည် သူမ၏မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ၁၆-၇-၂၀၁၄ ရက် နေ့မှ ၂၆-၇-၂၀၁၄ ရက်နေ့ အထိ ၁၀ ရက်ကြာခရီး လာရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံတော်အစိုးရသည် မစ္စရန်ဟီလီမှ မေတ္တာရပ်ခံခဲ့သည့် သွားရောက် လေ့လာ ကြည့်ရှု လိုသည့် နေရာများ၊ တွေ့ဆုံ လိုသူများ အားလုံးကို သွားရောက်တွေ့ဆုံ နိုင်စေရန် အပြည့်အဝပူးပေါင်း ညှိနှိုင်း စီစဉ်ပေးခဲ့ပါသည်။ ခရီးစဉ်အတွင်း မစ္စရန်ဟီလီသည် ရန်ကုန်၊ စစ်တွေ၊ မောင်တော၊ ဗန်းမော်၊ မြစ်ကြီးနား၊ မန္တလေးနှင့် နေပြည်တော်များသို့ သွားရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရပိုင်း တာဝန်ရှိသူ အကြီးအကဲများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ လွှတ်တော်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအဖွဲ့၊ ဘာသာ ပေါင်းစုံသွေးစည်း ညီညွတ်ရေးအဖွဲ့၊ လူမှုအသိုက်အဝန်း၊ သတင်းသမားများ၊ ရှေ့နေများ၊ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့၊ ယုံကြည်ချက်ဆိုင်ရာ အကျဉ်းသားဘ၀မှ လွတ်မြောက်လာပြီးသူများ၊ ၎င်းမှ တွေ့ဆုံရန် မေတ္တာရပ်ခံထားသည့် အကျဉ်းသားများ၊ သံတမန်အသိုက်အဝန်း၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်အဖွဲ့၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေအဖွဲ့တို့နှင့် တွေ့ဆုံ ခဲ့ ပါသည်။
ခရီးစဉ်အပြီး မစ္စရန်ဟီလီမှ သတင်းထုတ်ပြန်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးနယ်ပယ်များတွင် ကျယ်ကျယ် ပြန့်ပြန့်နှင့် ထိရောက်မှုရှိသည့် ပြုပြင် ပြောင်းလဲမှုများ သိသာထင်ရှားစွာ တွေ့မြင်ရသည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြု ချီးကျူးကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နောက်ကြောင်း ပြန်လှည့်စေနိုင်သည့် စိုးရိမ်ဖွယ် လက္ခဏာရပ်များကိုလည်း စိစစ်ဟန့်တားရန်လိုကြောင်း၊ လူမှုအသိုက်အဝန်းနှင့် သတင်းလောကတို့၏ လှုပ်ရှားမှုများကို ဟန့်တားအရေးယူရန် တရားစီရင်ရေး စနစ်နှင့် ဥပဒေတို့ကို အသုံးပြုလျက်ရှိကြောင်း၊ လွတ်လပ်စွာ ဖော်ထုတ် ပြောကြားခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စည်းရုံးခွင့်တို့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွက် မရှိမဖြစ်လို အပ်သောအရာများဖြစ်ကြောင်း၊ ခေတ်နှင့်မညီသော ဥပဒေများ သုံးသပ်ပြင်ဆင်ရေးနှင့် အမျိုးဘာသာ ကာကွယ်ရေး ဥပဒေကြမ်းများ ရုပ်သိမ်းရန်လိုလားကြောင်း စသည်ဖြင့် သူမ၏ တွေ့ရှိ ချက်နှင့် အကြံပြုချက်များကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသိုက်အဝန်းတစ်ရပ်သို့ ရှေးရှုလျက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးစား ပေးထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းနိုင်ရေးအတွက် တည်ဆဲပြည်တွင်း ဥပဒေတစ်ရပ်ရပ်အား ချိုးဖောက်သည့် မည်သူကိုမဆို ဥပဒေအရ အရေးယူသွားရန် လိုအပ်ပါသည်။ မည်သည့် လွတ်လပ်ခွင့်တစ်ရပ်ရပ်ကိုမဆို ဥပဒေနှင့်အညီ ကျင့်သုံးခြင်းအတွက် အရေးယူခြင်းမျိုး မရှိပါ။ မီဒီယာ လွတ်လပ်ခွင့်အားလည်း ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် တရားဥပဒေချိုးဖောက်သူ မည်သူ မဆို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအရ အရေးယူခံရမည်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တစ်ချိန်တည်းမှာပင် ပြည်သူအများ၏သဘောဆန္ဒကို ထည့်သွင်း စဉ်းစားလျက် ပြည်သူများ အကျိုးကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မမီသော ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများလည်း ပြုလုပ်လျက် ရှိပါသည်။ ဤသို့ ဥပဒေများ ပြင်ဆင်ခြင်း၊ ရေးဆွဲခြင်းတို့ပြုလုပ်ရာတွင် ပွင့်လင်း မြင်သာမှုရှိစေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူတို့၏ ဆန္ဒကိုလည်း အလေးထားမည်ဖြစ်ပါသည်။
၁၉၈၂ ခုနှစ် တည်ဆဲနိုင်ငံသား ဥပဒေတွင် ၁၈၂၃ ခုနှစ် မတိုင်မီကပင် မြန်မာနိုင်ငံတော် အတွင်း၌ အမြဲတမ်းအခြေချ နေထိုင်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် သမိုင်းတွင်မည်သည့် အခါကမျှ မရှိခဲ့သည့် “ရိုဟင်ဂျာ” ဟူသည့်အသုံးအနှုန်းကို လက်ခံထားခြင်းမရှိသကဲ့သို့ အသိအမှတ်ပြုထား ခြင်းလည်းမရှိပါ။ နိုင်ငံသားဖြစ်မှု ကိစ္စအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ သာ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလူ့အသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်းကို ပြည်သူ ဗဟိုပြု မူဝါဒတစ်ရပ်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည်ဖော်လျက်ရှိရာတွင် ပြည်သူများကလည်း ဒီမိုကရေစီ အခွင့်အရေးများခံစား ကျင့်သုံးခြင်းနှင့်အတူ လက်တွဲ ပါဝင်ကြိုးပမ်းလျက် ရှိပါသည်။ ဤသို့ကြိုးပမ်းရာတွင် တာဝန်သိမှုနှင့် တာဝန်ယူမှုတို့လည်း တစ်ဆင့်ပြီးတစ်ဆင့် မျှတစွာတိုးတက် ဖြစ်ပေါ်လာရန်နှင့် ရင့်ကျက်လာမှသာ ဒီမိုကရေစီ လူ့အသိုက်အဝန်း ရည်မှန်းချက်ပန်းတိုင်သို့ တည်ငြိမ်အေးချမ်းစွာဖြင့် ရောက်ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဤ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန်ချပြီးဖြစ်သည့် အတိုင်း မည်သို့သော အခက်အခဲများ၊ စိန်ခေါ်မှု များကြုံတွေ့ရသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းလျက် ရှေ့သို့ဆက်လက် ဆောင်ရွက်သွား မည်သာဖြစ်ပါသည်။
နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ဒီမိုကရေစီပြောင်းလဲစ နုနယ်သေးသည့် နိုင်ငံတစ်ခုက ရင်ဆိုင်ဖြေရှင်းနေရသည့် စိန်ခေါ်မှု များနှင့် အခက်အခဲများကို သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း မျှတစွာနှင့် ဖြောင့်မတ်စွာ ရှုမြင်ရန် လိုအပ်ပါသည်။ အရှိန်အဟုန် ရရှိလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာရေး၊ အထူးသဖြင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် ကာကွယ်ရေးတို့ တိုးမြှင့်ဆောင်ရွက်ချက်များ အပေါ် အပြုသဘောဖြင့် ဆက်လက်ကူညီအားပေးရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန 
နေပြည်တော်

လုပ်ငန်းစတင်မည့် အိုင်တီလုပ်ငန်းငယ်များအတွက် ရုံးခန်းနေရာ စီစဉ်ပေးမည်

လုပ်ငန်းစတင်လုပ်ကိုင် လိုသော အိုင်တီအဖွဲ့အစည်းငယ် လေးများ ရုံးခန်းနေရာ အခက်အခဲအဆင်ပြေစေရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကူညီပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/17252

မြန်မာပြည်က ကျားမိခင်များ

မကြာသေးမီက ဟောင်ကောင်မှ မိခင်များကို သတင်းမီဒီယာများက ကျားမိခင်များဟုတင်စားကြ သလို မြန်မာပြည်မှာလည်း ကလေးတွေအတွက် ကျားမိဘတွေ တော်တော်များလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့နှင့်မြို့ကြီးများက ပညာတတ်အသိုင်းအဝိုင်းမှာဖြစ်ပါသည်။ ကျားမိဘ၊ ကျားမိခင်ဆိုသည်မှာ ကလေးများကို ကျောင်းပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာစေရေး အတွက် နားချိန်မပေးဘဲ အတင်းအကျပ်ဖိအားသုံးပြီး ကျောင်းစာကိုလုပ်ခိုင်းနေသော မိခင်များ (သို့မဟုတ်)မိဘများကို ဟောင်ကောင်မှာခေါ်ကြသည့် စကားလုံးဖြစ်သည်။

သတင်းဆောင်းပါး အပြည့်အစုံ - http://www.7daydaily.com/story/17239

ရန်ကုန်-မန္တလေးအမြန်လမ်းကြီးကို ဖြတ်သန်းမည့်ကားများ GPS တပ်ဆင်ရန် ကုမ္ပဏီများနှင့် ညှိနှိုင်းနေ

ရန်ကုန်-မန္တ လေးအမြန်လမ်းကြီးပေါ်၌ ဖြတ် သန်းသွားလာသည့် ကားများကို ခြေရာခံသည့်စနစ် (GPS Tracking System) အား တပ်ဆင်နိုင်ရန်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ရန်ကုန်-မန္တလေးအမြန်လမ်း (ပြင်၊ ထိန်း)အဖွဲ့ က ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်း နေကြောင်း သိရသည်။
''ကျွန်တော်တို့လမ်းပေါ်ကိုကားတစ်စီးဝင်လာတာနဲ့ ချောချော မွေ့မွေ့လမ်းပေါ်က ထွက်သွားမှ ကျွန်တော်တို့ တာဝန်ကျေတယ်လို့ ယူဆတယ်။ ခရီးသည်တင်ကားကြီး တွေမှာ အရင်တပ်ဆင်ပေးမယ်။ နောက်ပိုင်းမှာ ယာဉ်ငယ်လေးတွေ မှာပါတပ်နိုင်မှာပါ။ ကိရိယာငှားခ ကိုတော့ အများသူငါငှားနိုင်တဲ့ သက်သာတဲ့နှုန်းထားရအောင် ဝန် ဆောင်မှုပေးမယ့် ကုမ္ပဏီနဲ့ ညှိနေ ပါတယ်''ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောသည်။
အမြန်လမ်းမတွင်မောင်းနှင် သည့် ယာဉ်များ၏ အရှိန်နှင့်အမြန် နှုန်းတိုင်းတာမှု၊ ဘရိတ်အသုံးပြုမှု၊ လမ်းတစ်လျှောက်တွင် ရပ်နားမှုစ သည်တို့ကို ခြေရာခံသတင်းပေးပို့ နိုင်မည့် နည်းစနစ်သုံး စက်ပစ္စည်း တစ်ခုကို ကားများတွင်တပ်ဆင်ပေး သွားရန် စီစဉ်နေခြင်းဖြစ်ပြီး ကနဦး တပ်ဆင်မှုအဖြစ် အဝေးပြေးခရီး သည်တင် ယာဉ်လိုင်းများတွင်တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စနစ်ကို အကယ်ဒမီ အဝေးပြေးယာဉ်လိုင်း တွင် တပ်ဆင်အသုံးပြုရာအောင်မြင် လျက်ရှိပြီး အမြန်လမ်းမတွင်လိုအပ် သည့် အခြေခံအဆောက်အအုံများ ဖြစ်သည့် Traffic Information Centre နှင့် GSM Network များရရှိသည်နှင့် တခြားယာဉ်လိုင်းများ တွင်ပါ ငှားရမ်းတပ်ဆင် အသုံးပြုနိုင် ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''အရင်တုန်းကတော့ ဒီကိစ္စအ တွက်ယာဉ်လိုင်းတွေကို အစည်းအဝေး ခေါ်ဖူးသေးတယ်။ အခုအကောင် အထည်ဖော်တော့မယ်ဆိုတော့ ခရီး သည်အတွက် ပိုပြီးလုံခြုံမှုရှိတာပေါ့။ တစ်ခုခုဖြစ်ရင် အချိန်နဲ့တစ်ပြေးညီ သိနိုင်တော့ အကူအညီပေးဖို့ ထိ ရောက်မှာပါ။ ဒါပေမဲ့ ဒီစက်ငှားရမ်းခကြီးက ကျွန်တော်တို့အတွက် ဝန် ထုပ်ဝန်ပိုးကြီးဖြစ်နေမယ် ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး'' ဟု နယူး မန္တလာထွန်းယာဉ်လိုင်းမှ တာဝန်ခံ ဦးသိန်းဆွေက ပြောသည်။
အမြန်လမ်းမပေါ်တွင်၂ဝ၁၃ခုနှစ်ကကားစီးရေ လေးသန်းနီးပါးခန့် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော် တဆမှု ၂၅၉မှုကြောင့် ၁ဝ၃ဦး သေ ဆုံးခဲ့ကာ ၂ဝ၁၄ခုနှစ်စပိုင်းမှ ဇူလိုင် အထိ ကားစီးရေ နှစ်သန်းခွဲခန့် ဖြတ် သန်းခဲ့ပြီး မတော်တဆမှု ၂၅၈ မှု တွင် ၉၆ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်- မန္တလေး အမြန်လမ်း (ပြင်၊ ထိန်း)အဖွဲ့၏ စာရင်းဇယားများအရ သိရ သည်။
ZMO (Myitmaha)
‪#‎Democracytoday‬

The Irrawaddy Weekly Journal အတွဲ ၁ အမှတ် ၃၁ ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ။

The Irrawaddy Weekly Journal အတွဲ ၁ အမှတ် ၃၁ ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ။ ပြည်တွင်းမှာ ကြာသပတေးနေ့တိုင်း ဖြန့်ချိကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

DOWNLOAD (4.75 MB)

http://www.mediafire.com/?5u9ac1u0nq30o6d 

 
The Irrawaddy (Burmese Version)

ကံစမ်းမဲနိဂုံးနှင့် ပြိုင်ဆိုင်ခြင်းအခန်းဆက်

ြ မြင့်ကျော်လှိုင်
၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့၌ စတင်ခဲ့သည့် ကံစမ်းမဲစနစ် မိုဘိုင်းဖုန်းလိုင်း၏ နိဂုံးမှာ ယနေ့ပင် အဆုံးသတ်ခဲ့လေပြီ။ ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခန်းကဏ္ဍကို သမိုင်းအသစ် ရေးထိုး လိုက်ခြင်းကြောင့် ကံစမ်းမဲဖုန်းလိုင်း၏ အခန်းကဏ္ဍမှာ ယခုကဲ့သို့ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးသမိုင်းကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက အံ့သြဖွယ်ရာများကို တွေ့ရှိရမည်ဖြစ်သည်။ ၁၉၉၅ ခုနှစ်၌ ဆယ်လ်လူလာဟုခေါ်ဆိုသော မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံ၌ စတင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။ ထိုစဉ်အချိန်က အဆိုပါမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူလူဦးရေသည် ၂၁၀၀ ခန့်သာ ရှိခဲ့သည်။ အဆိုပါအချိန်ကာလ၌ အိမ်ပိုင်ဆိုင်နိုင်သည်။ ကားပိုင်ဆိုင်နိုင်သည်။ သို့သော် မိုဘိုင်းဖုန်းလိုင်းပိုင်ဆိုင်နိုင်ရန်မှာ အလွန်ခက်ခဲသော ကိစ္စရပ်သာဖြစ်သည်။ ငွေကြေးတတ်နိုင်သော်လည်း မိုဘိုင်းဖုန်းလိုင်း ပိုင်ဆိုင်ရန်အတွက် အဆက်အသွယ်ကောင်းကောင်းရှိမှသာလျှင် ပိုင်ဆိုင်ရမည့် အခြေအနေ ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၀၁ ခုနှစ်၌ GSM ဟုခေါ်ဆိုသော မိုဘိုင်းဖုန်းလိုင်းကို မြန်မာပြည်သူလူထုနှင့် ထပ်မံ မိတ်ဆက်ပေးခဲ့ပြန်သည်။ ဆင်းမ်ကတ်တန်ဖိုး ၁၅ သိန်းကျပ် သတ်မှတ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM မိုဘိုင်းဖုန်းလိုင်းများ ရောင်းချပေးခဲ့သော်လည်း အမှန်တကယ် လက်တွေ့၌ ကျပ်သိန်း ၂၀ နှင့် ကျပ်သိန်း ၄၀ အကြား သုံးစွဲနိုင်မှသာ အဆိုပါမိုဘိုင်းဖုန်းလိုင်းကို ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမှု ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများ ရောင်းချပေးခြင်းကြောင့် ၂၀၀၁ ခုနှစ်တွင် အရေအတွက် ၂၂၆၇၁ ဦး အသုံးပြုနေသည့် မိုဘိုင်းဖုန်းလိုင်းမှာ ၂၀၀၅ ခုနှစ်အရောက်၌ အသုံးပြုသူ အရေအတွက် ၁၂၈၅၁၅ သို့ တိုးတက်ပြောင်းလဲလာခဲ့သည်။ အဆင့်ဆင့်အားဖြင့် ၂၀၀၆ ခုနှစ်၌ CDMA 450 မိုဘိုင်းဖုန်းလိုင်း၊ ၂၀၁၀ ခုနှစ်၌ CDMA 800 မိုဘိုင်းဖုန်းလိုင်း၊ ၂၀၁၁ ခုနှစ်၌ WCDMA မိုဘိုင်းဖုန်းလိုင်းများကို အသီးသီးရောင်းချပေးခဲ့သည်။ ဒါ့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာ့စီးပွာရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်းဖုန်းလိုင်းများကိုလည်း ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့၌ ထပ်မံရောင်းချပေးခဲ့ပြန်သည်။ ဤကဲ့သို့ အမျိုးအမည်စုံလင်စွာဖြင့် မိုဘိုင်းဖုန်းလိုင်း များကို မြန်မာ့ဆက်သွယ်ရေးက ရောင်းချပေးခဲ့သော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ယနေ့အချိန်အထိ လူတိုင်းလက်ဝယ်သို့ မိုဘိုင်းဖုန်းလိုင်းများ ရောက်ရှိမလာခဲ့ပေ။ ၁၅ သိန်းကျပ်မှ ၅ သိန်းကျပ်သို့လည်းကောင်း၊ ၅ သိန်းကျပ်မှ ၂ သိန်းကျပ်သို့လည်းကောင်း၊ ၂ သိန်းကျပ်မှ ၁၅၀၀ ကျပ်သို့လည်းကောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆင့်ဆင့်ဈေးနှုန်းလျှော့ ချပေးခဲ့သော်လည်း လူတိုင်းလူတိုင်း အသုံးမပြုနိုင်စေရန် မှောင်ခိုဈေးကွက်က ပိတ်ပင်ထားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများ မရောင်းချခင်ကာလ၌ မိန့်ခွန်းတစ်ခုပြောကြားရာတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို ပြင်ပ၌ဈေးကစားမှု မပြုလုပ်နိုင်ရန် စနစ်တကျရောင်းချပေးမည်ဟု ပြောဆိုဖူးသည်။
သို့သော် တန်ဖိုးနည်းဟူသည့် ၁၅၀၀ ကျပ်တန်မိုဘိုင်းဖုန်းလိုင်းသည် ပြင်ပ၌ ငွေကျပ် ၁ သိန်းကျော်အထိ မြင့်တက်သွားခဲ့သည်။ နိုင်ငံတော်သမ္မတက ယခုလမရရှိခဲ့လျှင် တူညီသောဈေးနှုန်းဖြင့် နောက်လရရှိမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ကံစမ်းမဲစနစ်ဖြင့် မိုဘိုင်းဖုန်းလိုင်းမရရှိခဲ့သည်မှာ အိမ်ထောင်စုပေါင်း မရေတွက်နိုင်ခဲ့ပေ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်၍ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးစဉ်က ပြင်ပသို့ မိုဘိုင်းဆင်းမ်ကတ်များ မှောင်ခိုထွက်ရှိသည့်အတွက် ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းရောင်းချသည့် အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်မှတစ်ဆင့် အုပ်ချုပ်ရေးမှူးများ လက်ဝယ်မှ မိုဘိုင်းဆင်းမ်များကို ရောင်းချ စေခဲ့သည်။ သို့သော် ပုံမှန်ထက်ကျော်လွန်၍ မှောင်ခိုဆင်းမ်ကတ်များ ပေါများလာခဲ့သည်။ နာမည်ပေါက် ဆင်းမ်ကတ်များကို ဟန်းဆက်အရောင်းဆိုင်တိုင်းနီးပါး၌ လိုသလောက်ဝယ်ယူရရှိနေခြင်းက မရိုးသားမှုများကို ပြသနေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၇၀ နီးပါးရှိသည်ဟုသိရပြီး တယ်လီဖုန်းလိုင်း အသုံးပြုသူ အရေအတွက်သည် ၉၃၆၁၉၈၈ ရှိသည်ဟု သိရသည်။ အဆိုပါကိန်းဂဏန်းသည် ၂၀၁၄ ခုနှစ် မေလအထိသာဖြစ်သည်။ တယ်လီဖုန်းလိုင်း သိပ်သည်းဆအနေဖြင့် ၁၅.၆၀ ရာခိုင်နှုန်းရှိပြီး အစိုးရ၏ ရည်မှန်းချက်အရ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းလိုင်းသိပ်သည်းဆသည် ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အစိုးရလိုလားသော တယ်လီဖုန်းသိပ်သည်းဆကို ဖြည့်ဆည်းနိုင်ရန် Ooredoo က ပထမဦးဆုံးသော ခြေလှမ်းကို ယခုလ ၂၉ ရက်နေ့က စတင်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သည့် Telenor သည်လည်း စက်တင်ဘာလ၌ မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးမည် ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယခင် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးသည့် ပုံစံကဲ့သို့ အရေအတွက်ကန့်သတ်ထားသည်မဟုတ်ဘဲ အရေအတွက် သန်းနှင့်ချီ၍ လိုသလောက် ရောင်းချပေးကြမည်ဖြစ်သည်။
သို့သော် အားနည်းချက်အနေဖြင့် ဆက်လက်တည်ရှိနေသည်မှာ မိုဘိုင်းဖုန်းကွန်ရက်လွှမ်းခြုံနိုင်သော ဧရိယာဖြစ်သည်။ Ooredoo နှင့် Telenor တို့၏ မိုဘိုင်းဆင်းမ်ကတ်များသည် ကွန်ရက်တည်ဆောက်ပြီး သည့် မြို့ကြီးများနှင့် ဒေသတစ်ချို့ကိုသာ ပထမအနေဖြင့် လွှမ်းခြုံမည်ဖြစ်သည့်အတွက် ကျေးလက် အပါအ၀င် ဒေသအချို့သည် မိုဘိုင်းဖုန်းကွန်ရက်ရောက်ရှိလာရန် ၅ နှစ်အကြာ ထပ်မံစောင့်ဆိုင်းရမည် ဖြစ်သည်။ ကတိအရ Ooredoo နှင့်Telenor သည် ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ဧရိယာ ၉၀ ရာခိုင်နှုန်းကို ၎င်းတို့၏ ကွန်ရက်လွှမ်းခြုံပေးမည်ဟု ပြောဆိုထားသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် ၅ နှစ်အတွင်း ပြည်ပမှ ၀င်ရောက်လာသည့် အော်ပရေတာများ၏ ကွန်ရက်မရောက်နိုင်သေးသည့် ကျေးလက်အပါအ၀င် ဒေသအချို့သည် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးနေသည့် မိုဘိုင်းဖုန်းလိုင်းတစ်ခုတည်းကိုသာ ဆက်လက်အသုံးပြုရမည် ဖြစ်သည်။ အော်ပရေတာယှဉ်ပြိုင်ခြင်းသည် ယနေ့မှစခဲ့ပြီဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးသည် အစဉ်အလာအရ အသုံးပြုသူများ၏ ဝေဖန်မှု နှစ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း ယနေ့အချိန်၌ ပြောင်းလဲလာတော့မည်ဟု ခန့်မှန်းရသည်။ ဇူလိုင်လ ၁၆ ရက်နေ့၌ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ထပ်မံဖြည့်ဆည်း၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ အခြားသောအော်ပရေတာများထက် အခြေခံတည်ဆောက်ပြီးစီးမှုသည် မြန်မာ့ဆက်သွယ်ရေးအနေဖြင့် သာလွန်နေသည့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများသည်လည်း ဂျပန်ကုမ္ပဏီတို့နှင့် ပူးပေါင်းနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည်လည်း မကြာခင်ကာလ၌ ပြည်သူလူထု၏ ဝေဖန်မှုမှ ကင်းလွတ်လာတော့မည်ဟု ခန့်မှန်းရသည်။
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့သည်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနည်းတူ အကျိုးတူပူးပေါင်းမည့် ဆက်သွယ်ရေးကုမ္ပဏီကို ရွှေးချယ်နေဆဲဖြစ်ပြီး သတင်းစကားများအရ အာရှဒေသမှ နည်းပညာကုမ္ပဏီတစ်ခုနှင့် မကြာခင်ပူးပေါင်းသွားမည်ဟု သိရှိရသည်။ အထက်ပါ ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသည့် အော်ရီဒူး၊ တယ်လီနော်၊ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့ ပြိုင်ဆိုင်ကြရာတွင် လွှတ်လပ်မှုနှင့် တရားမျှတမှုရှိရန် အထူးလိုအပ်သည်။ အခြားသော အဓိက လိုအပ်ချက်မှာ အော်ပရေတာအချင်းချင်း ယှဉ်ပြိုင်လိုစိတ်ရှိရန်ဖြစ်သည်။ လွှတ်လပ်မှုနှင့် တရားမျှတမှုရှိ သော်လည်း ယှဉ်ပြိုင်လိုခြင်းမရှိပါက အသုံးပြုသူများကသာ နစ်နာကြမည်ဖြစ်သည်။ ပွဲဦးထွက် ဇာတ်လိုက်ကျော် အော်ရီဒူးမှ သတ်မှတ်လိုက်သည့် အသုံးပြုခနှုန်းထားများအတိုင်း အခြားသော အော်ပရေတာများ ညီညွှတ်စွာ ဆက်လက်ထောက်ခံနေပါက ပြိုင်ဆိုင်မှုတစ်ခု ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။ မိုဘိုင်းဖုန်းလက်မဲ့ သန်း ၆၀ ၀န်းကျင်၏ လက်ဝယ်သို့ မိုဘိုင်းဆင်းမ်ကတ်များ ထည့်သွင်း ပေးနိုင်ရန်မှာ အော်ပရေများ၏ အဓိကရည်မှန်းချက်ဖြစ်ပြီး မည်သည့်အော်ပရေတာက အများဆုံးသော မိုဘိုင်းဖုန်းအသုံးပြုသူကို ပိုင်ဆိုင်လာမည်မှာ ဆက်လက်စောင့်ကြည့်ရမည့် ယှဉ်ပြိုင်ပွဲပင် ဖြစ်တော့သည်။

 

အရည်အသွေးမမီသော စက်သုံးဆီများကြောင့် မိုဒယ်မြင့်ကားများ အင်ဂျင်ပိုင်း ပျက်စီးမှုများကြုံနေရ

မုံရွာ၊
အရည်အသွေးမမီ သော စက်သုံးဆီများကြောင့် မိုဒယ် မြင့်ကားများကို အသုံးပြု၍ ခရီးသည် ပို့ဆောင်ရေးပြုလုပ်နေသော ယာဉ် များ၏ အင်ဂျင်ပိုင်းပျက်စီးမှုများ ကြုံတွေ့နေရကြောင်း မုံရွာကားလေး ကွင်းမှ ယာဉ်ပိုင်ရှင်များက ပြော သည်။
''ခုနောက်ပိုင်း ကားတွေက ခေတ်မီလာတယ်။ ၂ဝ၁ဝ အထက် မိုဒယ်တွေဖြစ်လာတော့ ထည့်တဲ့ဆီ တွေကလဲ အရည်အသွေးမီမှ အင် ဂျင်ပိုင်း အပျက်အစီးနည်းမှာ။ အခု ဃျွှီု အင်ဂျင်စနစ်နဲ့ကားတွေ ဆိုရင် ကွာလတီမမီတဲ့ဆီတွေ ထည့် သုံးရတော့ ပလပ်တွေ ချေးပိတ်တယ်။ ပန့်တွေ၊ နော်ဇယ်တွေ တစ်ခါလဲရ ရင် ၁၅သိန်းလောက်ကုန်ကျတာမို့ တချို့ဆိုရင် စက်သုံးဆီနဲ့ကိုက်အောင် အင်ဂျင်အသစ်ကိုဖြုတ်ပြီး အရင်က အင်ဂျင်တွေကို ပြန်လဲထည့်နေရ တာ'' ဟု မုံရွာ-မန္တလေး ပြေးဆွဲ ပေးနေသော ခရီးသည်တင်ယာဉ် ငယ်အသင်းမှ ကားပိုင်ရှင်တစ်ဦးက ပြောသည်။
စက်သုံးဆီဆိုင်များကို နိုင်ငံ တော်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေး ပြီးသည့် နောက်ပိုင်း စက်သုံးဆီဆိုင် ကြီးများကို ဆီအချင်အတွယ် မှန် ကန်မှုရှိမရှိအတွက်သာ စစ်ဆေးမှု များရှိပြီး ဆီသားအရည်အသွေး ပြည့်မီမှု ရှိမရှိကို စစ်ဆေးမှုများ မရှိ သေးကြောင်း ယာဉ်ပိုင်ရှင်များက ပြော သည်။
''မိုဒယ်မြင့်ကားတွေ ပေါလာ လဲ ပစ္စည်းသက်တမ်းမီအောင် သုံး ချင်ပေမယ့် စက်သုံးဆီကြောင့် မသုံး နိုင်ဘူးဖြစ်နေတယ်။ ပါဝါမြင့်တဲ့ အင်ဂျင်နဲ့ဆို ဆီစားသက်သာပေ မယ့် အင်ဂျင်ပြန်ပြင်ရမယ့်ငွေကြောင့် ဆီပိုကုန်တဲ့ အင်ဂျင်အစုတ်ပဲ ပြန် တပ်သုံးနေရတာ။ စက်သုံးဆီကို ငွေ ပိုပေးရင် ပေးရပါစေ၊ အရည်အသွေး ပြည့်မီကြောင်းကို အာမခံပေးတဲ့ဆိုင် က ဆီကိုပဲ အသုံးပြုချင်တာပါ''ဟု မုံရွာမြို့ ကားလေးကွင်းရှိ ကား အသင်းပိုင်ရှင်တစ်ဦးက ပြောသည်။
KTS
‪#‎Democracytoday‬

မန္တလေးတွင် ဂျပန် နည်းပညာသုံး ဓာတ်ကြိုးများ တပ်ဆင်နေ

ပြတ်ကျသည့် ဓာတ်ကြိုးကို မြေပေါ်မရောက်မီ အလိုအလျောက် ဆွဲဆန့်သည့်စနစ် ပါဝင်သော ကြိုးများ တပ်ဆင်နေ...

အပြည့်အစုံဖတ်ရန် -  http://thevoicemyanmar.com/index.php/news/item/1628-mdl

August သြဂုတ်လ


သြဂုတ်လကို အရင်က လက်တင်ဘာသာနဲ့ Sextili ‘ဆက်စတီလီ’ လို့ခေါ်ခဲ့တယ်။ အဲဒီခေတ်တုံးက တနှစ်မှာ ၁ဝ လဘဲ ရှိပြီး၊ ဒီလက ဆဌမမြောက်လမို့ ခေါ်တာဖြစ်ပါတယ်။ ဘီစီ (၈) ရာစုရောက်မှ Augustus ‘သြဂတ်စတပ်’ ကို ဂုဏ်ပြုပြီး ‘သြဂတ်စ်’ လ ဖြစ်လာတယ်။ သူက ‘ရိုမန်အင်ပါယာ’ ကို တည်ထောင်ခဲ့သူဖြစ်တယ်။

သြဂုတ်လ အမှတ်တရနေ့များ
• ၁ ရက်နေ့ ဆွစ်ဇာလန် အမျိုးသားနေ့
• ၆-၈-၁၉၆၂ ဂျမေကာလွတ်လပ်ရေးနေ့၊
• ၈-၈-၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနေ့
• ၉ ရက်နေ့ စင်္ကာပူ အမျိုးသားနေ့၊
• ၁၄-၈-၁၉၄၇ ပါကစ္စတန်လွတ်လပ်ရေးနေ့
• ၁၅-၈-၁၉၄၇ အိန္ဒိယလွတ်လပ်ရေးနေ့
• ၁၇-၈-၁၉၄၅ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့
• ၂၄-၈-၁၉၉၁ ယူကရိန်းလွတ်လပ်ရေးနေ့
• ၂၇ ရက်နေ့ မိုလ်ဒိုဗာ အမျိုးသားနေ့
• ၃၁ ရက်နေ့ မလေးရှား အမျိုးသားနေ့

သြဂုတ်လ တလလုံးကျင်းပတဲ့ပွဲတော်တွေ
• Edinburgh Festival ‘အီဒင်ဘတ်’ အနုပညာပွဲတော်
• National Immunization Awareness Month အမျိုးသား ကာကွယ်ဆေးထိုးလ
• National Psoriasis Awareness Month အမျိုးသား ‘ဆိုရီယေးဆစ်’ ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• National Water Quality Month အမျိုးသား ရေအရည်အသွေး အသိပေးလှုံ့ဆော်ရေးလ
• Cataract Awareness Month မျက်စိရေတိမ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• Children's Eye Health and Safety Month ကလေးသူငယ် မျက်စိကျန်းမာရေးနှင့်လုံခြုံရေးလ
• Children's Vision and Learning Month ကလေးသူငယ် အမြင်စွမ်းအားနှင့် လေ့လာသင်ယူရေးလ
• Neurosurgery Outreach Month အာရုံကြောခွဲစိတ်ပညာ အရောက်သွားရေးလ
• Spinal Muscular Atrophy Awareness Month ခါးရိုးမကြီး ကြွက်သားအာနည်းရောဂါ အသိပေးလှုံ့ဆော်ရေးလ

Gladiolus သစ္စာပန်းဟာ သြဂုတ်လရဲ့အထိန်းအမှတ်ပန်းဖြစ်တယ်။တချို့ဒေသတွေက ဘိန်းပန်းလို့ခေါ်တယ်။ အလှ၊ စာရိတ္တ၊ လက်ထပ်မင်္ဂလာ၊ မိသားစုဆိုတဲ့ဂုဏ်အင်္ဂါတွေကို ကိုယ်စားပြုတယ်။ ဆယ်နှစ်ရာသီခွင်မှာ သြဂုတ်က ‘လီယို’ ခေါ် ခြင်္သေ့ (သိဟ်) နဲ့ ‘ဗာဂို’ ခေါ် အပျိုစင် (ကန်) ရာသီတွေပါဝင်တယ်။

၁၉၄၈ သြဂုတ်လ (၉) ရက်ဟာ ကျွန်တော့်မွေးနေ့ဖြစ်ပါတယ်။ ၉-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ ‘နာဂါဆာကီ’ မြို့ကို အနုမြူဗုံး ကြဲခဲ့တဲ့နေ့လဲဖြစ်တယ်။ ၆-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ ‘ဟီရိုရှီးမား’ မြို့ကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်ပါတယ်။
 

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၄