Saturday, September 20, 2014

ဦးရဲထွဋ် တုံ့ပြန်၍ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော် ပြောချင်သည်

Written by - မာန်သူရှိန်

သတင်းဆောင်းပါး

ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်က အရင်ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အခုအစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူနေတဲ့ ဦးခင်အောင်မြင့်ရဲ့ အစိုးရအပေါ် ဝေဖန်ထောက်ပြမှုကို တုံ့ပြန်ခဲ့တာကို ဖတ်ရပါတယ်။ ပြီးတော့ သူတုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ဒီသတင်းဆောင်းပါးနဲ့ပဲ ပြောချင်ပါသည်။

ယနေ့မြ၀တီတွင်ဖြစ်ပေါ်နေသည့် ကောလာဟလသတင်း ဒီကေဘီအေလိုက်လံရှင်းလင်း

စက်တင်ဘာ - ၂၀ - ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
ယနေ့မွန်းလွဲပိုင်းတွင် မြ၀တီမြို့ ကို ဒီကေဘီအေအဖွဲ့က ၀င်ရောက်ပစ်ခတ်သိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်နေမှုကြောင့် ပြည်သူများအထိတ်တလန့် ဖြစ်ပွားနေသည့်သတင်းမှာ မလိုသူများက ကောလာဟလထုတ်လွင့်သည့် သတင်းဖြစ်သည့်အတွက် ပြည်သူများစိုးရိမ်မှုမရှိကြရန် ဒီကေဘီအေအဖွဲ့ကပြောသည်။
မြ၀တီမြို့  ဒီကေဘီအေဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က"

သတ္တိရှိရင် ဒီဘိတ်လုပ်ကြည့်ပါ

စာတွေ စဖတ်ခါစက ကွန်မြူနစ်စာပေတွေ အဖတ်များတာကြောင့် Dialectical Materialism ဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။ ဆရာမြသန်းတင့်ရဲ့ ‘အနုပဋိလောမ ရုပ်ဝါဒ’ ဆိုတဲ့ စာအုပ်ကြောင့် အဲဒီဝေါဟာရရဲ့ တစ္ဆေခြောက်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရတယ်။ ဆရာတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို အတိုချုံ့ပြီးတော့ ပြောရရင်တော့ ဒိုင်ယာလက်တစ်ဆိုတာ မည်သည့် အကြောင်းအရာကိုမဆို ရှုမြင်ပုံ ရှုမြင်နည်း၊ သုံးသပ်ပုံ သုံးသပ်နည်းလို့လည်း မှတ်သားခဲ့ရဖူးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဒိုင်ယာလက်တစ် (Dialectic) ဆိုတာကို ‘ဆွေးနွေး ငြင်းခုံခြင်းမှသည် အမှန်တရားကို ရှာဖွေခြင်းနည်း’ လို့လည်း နားလည် သဘောပေါက် ထားခဲ့တယ်။

မြ၀တီတွင် လက်နက်ကိုင်များ ရှုပ်ထွေးနေဟုဗိုလ်မှုးကြီး ခွန်ဥက္ကာပြော

မြ၀တီတွင် လက်နက်ကိုင်များ ရှုပ်ထွေးနေသေးကြောင်းပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှုးကြီး ခွန်ဥက္ကာက စက်တင်လာ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များတွေ့ဆုံဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရောက်ရှိလာစဉ် ယင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ချယ်ရီဦးမှ စလေသောအခါ

လေဆိပ်နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု စစ်ဆေးသည့် ရွေ့လျားအဖွဲ့ (မိုဘိုင်းတင်းမ်) နှင့် အကောက်ခွန် ဝန်ထမ်းအကြား အသံများ ထွက်လာသည်။ ချယ်ရီဦးမှ စတင်သည့် ပြဿနာက ဝန်ကြီးဌာနများအကြား မညီညွတ်မှုကို မီးမောင်းထိုးပြလျက် ရှိသည်။ မည်သို့ ညှိနှိုင်းကြမည်နည်း။ ပြဿနာ၏ အဓိက ရေသောက်မြစ်က ပြည်တွင်းနာမည်ကျော် ချယ်ရီဦးက တင်သွင်းသည့် နာရီများတွင် မြစ်ဖျားခံသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင်

မုန်တိုင်းဖြတ်ချိန်တွင် လူသေဆုံးမှုရှိ၊ စပါးခင်းများလည်း ပျက်စီး

ကယ်လ်မေဂီမုန်တိုင်း ငယ် မြန်မာနိုင်ငံသို့ဖြတ်သန်းခဲ့ သည့် စက်တင်ဘာ ၁၈ ရက်တွင် က သာမြို့၌ တောင်ကျရေကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး စပါးခင်းများလည်း ပျက်စီးခဲ့ကာ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထို့ပြင် အောင်ပန်းမြို့တွင် လေဆင်နှာမောင်းတိုက်ခဲ့သော ကြောင့် အဆောက်အအုံအချို့ ပျက်စီးကာ တာချီလိတ်မြို့၌ တောင်ကျရေလျှံ၍ ရပ်ကွက်ငါး ခု ရေဘေးသင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ကယ်လ်မေဂီမုန်တိုင်းမှာ ကုန်းတွင်းမုန်တိုင်းအဆင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့်

နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ဦးဆန်းဆင့်ကို စတင်စစ်ဆေး

နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားခံပြသက်သေအဖြစ် သာသနာရေးဝန်ကြီးဟောင်း ဦး ဆန်းဆင့်ကို ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
‘‘စွပ်စွဲခံရသူ ၀န်ကြီးဦးဆန်း ဆင့်ကို စစ်တယ်။ ပုဒ်မ ၁၂၄ (က)ကို စစ်တယ်။ အဓိက စစ်မေးချက်ခေါ်တယ်။ နိုင်ငံတော်ဘက်က အ ပြန်အလှန်မေးခွန်းတွေ မေးတယ်။မေးတာ တစ်လုံးနှစ်လုံးပဲ မေးရ သေးတယ်။ ရုံးချိန်ကုန်သွားလို့ ရုံးဆင်းလိုက်တယ်’’ဟု ဦးဆန်းဆင့် ၏ရှေ့နေ ဦးတင်ထွန်းက ပြော သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ပမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့များ လေ့လာစောင့်ကြည့်ခွင့် ပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ပသတင်းဌာနများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများကို စောင့်ကြည့်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ကြည်က စက်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော သတင်းမီဒီယာဖွံ့ဖြိုးရေး တတိယအကြိမ် ညီလာခံတွင် ပြောကြားသည်။

ပဲခူးတိုင်း အဖွဲ့ချုပ်အဖွဲ့ဝင်များ စုံညီအစည်းအဝေးပြုလုပ်.

 

ဘာလင်တံတိုင်းအနီးမှ နိုင်ငံရေးခေါင်းဆောင်တို့၏ပုံများ

ဘာလင်တံတိုင်းတည်ဆောက်ရာတွင် အသုံးပြုခဲ့သည့် ဘိလပ်မြေအချပ်များတွင် အောက်ဖော်ပြပါပုဂ္ဂိုလ်များ၏ ပုံတူများကို ရေးဆွဲထားသည်။ (ဝဲမှယာသို့)

ဂျာမန်နိုင်ငံရေးသမား ဝီလီဘရန့်၊ ဒလိုင်လားမား၊ မဟတ္တမဂန္ဒီ၊ မြန်မာအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် နှင့် နယ်လ်ဆင်မင်ဒဲလားတို့၏ ပုံများကို ဘာလင်အပြင်ဘက်ရှိ Teltow တွင် ထားရှိသည်။

နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ဘေးရှိ မြို့နယ်အထောက်အကူပြု ဒုတိယဥက္ကဌ ဦးစိုင်းအောင်ဝင်း၏ အိမ်ရှေ့တွင် စက်တင်ဘာလ ၁၈ ရက် ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သုံးစောင် (၀ ဒသမ ၅ ရာခိုင်နှုန်း) ခန့် စုံစမ်းစစ်ဆေး အရေးယူပြီးဖြစ်ကြောင်း ထုတ်ပြန်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော တိုင်ကြားစာသုံးစောင်ကို စုံစမ်းစစ်ဆေး တရားစွဲဆို အရေးယူခဲ့ပြီးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နယ်စည်းမခြားသော ဗုဒ္ဓကို ရှာဖွေခြင်း

နီပေါနိုင်ငံသား မှတ်ပုံတင်နှင့် အလားတူသည့် မှတ်ပုံတင်ကတ်တခုကို မြင်လိုက်ရချိန်တွင် “ဗုဒ္ဓကို နီပေါတွင် ဖွားမြင်ခဲ့သည်” ဆိုသည့် ကျမ၏ အစောပိုင်း သိမှတ်ထားမှုများ အလေးအနက် ပြောင်းလဲသွားသည်။ အဆိုပါ ကတ်ပြားပေါ်တွင် ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံသားအဖြစ် ဖော်ပြထား သည်။ facebook တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို ကျမမြင်ရသည့် အချိန်တွင် သဘောကျကြောင်း ဖော်ပြသည့် Like ထောင်ပေါင်းများစွာ ရရှိနေ သည်။

ခြေထောက်တစ်ချောင်းပျောက်နေတဲ့ ကျွန်တော်တို.တိုင်းပြည်

ကျော်စွာမြင့်
“ သတင်းစာပညာရှင်ကြီး ဂါဒီးယန်း ဦးစိန်ဝင်းက ပြောခဲ့တာရှိပါတယ်။ တိုးတက်တဲ့ တိုင်းပြည်တစ်ခုဆိုတာခြေထောက်လေးချောင်းပါတဲ့ စားပွဲတစ်ခုနဲ.တူတယ်လို. ဥပမာ
ပေးခဲ့ပါတယ်။ အဲဒီခြေထောက်လေးချောင်း ဆိုတာကတော့ (၁) အုပ်ချုပ်ရေးမဏ္ဍိုင် (၂) ဥပဒေပြုရေးမဏ္ဍိုင် (၃) တရားစီရင်ရေးမဏ္ဍိုင် နဲ. (၄) သတင်း မီဒီယာမဏ္ဍိုင်တို.ပဲဖြစ်
ပါတယ်။ ဒါပေမယ့် အဲဒီ မဏ္ဍိုင်ခြေထောက်တွေထဲက သတင်းမီဒီယာမဏ္ဍိုင်က ပိုရှည်
ထွက်နေရင် တိုင်းပြည်မငြိမ်မသက်ဖြစ်တတ်တယ်။ ဒါမှမဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်က ပိုရှည်ထွက်နေရင်လည်း အာဏာရှင်ဆန်သွားတတ်တယ် “ လို. ပြောကြားချက်ကို

Friday, September 19, 2014

လ၀ကရုံးက ဓားပြများ

လာဘ်ပေး လာဘ်ယူ တို့ရန်သူဆိုသော အုပ်ချုပ်သူ အစိုးရ အဂတိ ကင်းစင်ရေး ဆောင်ပုဒ် သည် လာဘ်ပေးသူကိုရော လာဘ်ယူသူပါ အစိုးရ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော် လည်း ဒေါ်သူဇာကတော့ အစိုးရ၏ရန်သူသာ ဖြစ်လိုပြီး လ၀က၏ ရန်သူတော့ မဖြစ်လိုပေ။

လ၀ကရုံးက ဓားပြများ
------------
သတင်းဆောင်းပါး - မိမိသန့်
------------

ဟန်နာဘိခ်ျကို မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြု

ဆရာတော် ဦးဝီရသူ ဓါတ်ပုံကို မျက်နှာဖုံးတင်ပြီး တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “The Face of Buddhist Terror” အမည်ရ ဆောင်းပါးကို ရေးသားခဲ့သူ ဟန်နာဘိခ်ျ (Hannah Beech) မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သတင်းယူနေပါပြီ။ အဲဒီဆောင်းပါး ရေးသားမှုကြောင့် မြန်မာနိုင်ငံသို့ ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ ဟန်နာဘိခ်ျကို ပြန်ဝင်ခွင့်ပေးဖို့ ပြန်ကြားရေး
ဝန်ကြီးဌာနက ထောက်ခံချက်ပေးခဲ့လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တာလို့ ပြန်ကြားရေးဝန်ကြီး

ရေဦးမြို့နယ် အင်ပုထိုး+ရွာသစ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ်သို့ အဆင့်တိုးမြှင့်ခြင်းအခမ်းအနား

ရေဦးမြို့နယ် အင်ပုထိုး+ရွာသစ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ်သို့ အဆင့်တိုးမြှင့်ခြင်းအခမ်းအနားကို 18.9.2014 (ကြာသပတေးနေ့)နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရေဦးမြို့နယ် လွတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးး မြို့နယ်(ဒု)ပညာရေးမှူးး ဌာနဆိုင်လူကြီးမင်းများ ကျောင်းဆရာ/မများ ကျောင်းသား/သူများ ရပ်မိရပ်ဖများ တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။

အကောင်းဘက်မှာပါ အကောင်းဆုံးဖြစ်အောင်လုပ်

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
ပညာရှိ သူတော်ကောင်းတွေက ကောင်းသောစကားကိုဆိုပြီး ကောင်းသောအလုပ်ကိုသာ လုပ်ဆောင်နေကြသလို မိမိနဲ့ နီးစပ်သူတွေကိုလည်း ကောင်းတာတွေပြောဖို့၊ လုပ်ဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးက “သစ်သီးကို လေးစိတ်စိတ်လိုက်ရင် သုံးစိတ်ကပုပ်နေပြီ။ ကောင်းတာတစ်စိတ်ပဲ ကျန်တော့တယ်။ ပုပ်တဲ့သုံးစိတ်မှာ ကိုယ်မပါပါစေနဲ့။ ကောင်းတဲ့တစ်စိတ်မှာပဲ ပါပါစေ။ အဲဒီကောင်းတဲ့ တစ်စိတ်မှာသော်မှ အကောင်းဆုံးဖြစ်ပါစေ” လို့ သြ၀ါဒပေးပါတယ်။ မှတ်သားဖွယ်ဖြစ်ပါတယ်။

ရွှေလက်ရယ်သာ ပိုင်

(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)
(၁)
လက်လုပ်လက်စား ဆင်းရဲတွင်းနက်သော အများပြည်သူတို့အား မြင်တွေ့တိုင်း ရင်ထဲမှာဆို့ပြီး မျက်ရည်ဝဲမိသည်။
တစ်ခုသော မနက်ခင်းတွင် ဘုန်းကြီးငါးပါးအား ဒံပေါက်ဆွမ်းကပ်၊ ပရိက္ခရာ လှူ ဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားတော်များ နာယူခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်း မိတ်သင်္ဂဟများနှင့် ဆွေမျိုးတို့ထံသို့ ဒံပေါက်ဘူးများ အပို့ခိုင်းလိုက်သည်။

စကော့တလန်က သင်ခန်းစာ

ဗြိတိန်နဲ့ ခွဲရေး၊ တွဲရေးကိစ္စ စကော့တလန်မှာ တွဲရေးဘက်က အနိုင်ရသွားပါတယ်။ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၈၄ ဒဿမ ၅ ရာခိုင်နှုန်းမှာ တွဲရေးက ၅၅ ရာခိုင်နှုန်း၊ ခွဲရေးက ၄၅ ရာခိုင်နှုန်း ရလဒ် မတိမ်းမယိမ်းနဲ့ အနိုင်ရသွားတာပါ။ စကော့တလန်ရဲ့ သမိုင်းဝင် ဆန္ဒခံယူပွဲဟာ တခြား ပြည်ထောင်စုတွေအတွက် ကောင်းတဲ့ နမူနာတခုလည်း ဖြစ်သွားပါတယ်။
မဲရလဒ်ကို ကြေညာပြီး ချက်ချင်းဆိုသလိုပဲ ခွဲရေးအတွက် ဦးဆောင်စည်းရုံးခဲ့တဲ့ စကော့တလန် ပထမ၀န်ကြီး အဲလက်စ်ဆဲလ်မွန်က အရှုံးကို လက်ခံပြီး အများစု ဆန္ဒကို လက်ခံဖို့

သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ

သွေးထဲတွင် လုံလောက်သော သွေးနီဥအရေအတွက် မရှိခြင်းအဖြစ် လူသိပိုများသော သံဓာတ်ချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီးသန်းပေါင်းများစွာ ဝေဒနာခံစားနေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အာဟာရလုံလောက်ခြင်းမရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်းနှင့် အလုပ်စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာများတွင် အောက်ပါအစားအစာများ ထည့်သွင်းစားသုံးလိုက်ပါ။

ဝန်ကြီးဟောင်းဦးအောင်သောင်းသားပိုင် IGE ကုမ္ပဏီက တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းအကြောင်း အစိုးရကထိမ်ချန်ဖြေကြား

ဝန်ကြီးဟောင်းဦးအောင်သောင်းသားပိုင်သည့် IGE ကုမ္ဗဏီက တည်ဆောက်မည့် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း (တာဆန်း)နှင့်ပတ်သက်၍ ကွန်ဟိန်းမဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏မေးမြန်းချက်ကို အစိုးရကထိမ်ချန်ဖြေကြားခဲ့ကြောင်းသိရသည်။

အငြင်းပွားဖွယ်ရာ ဘွဲ့ဝတ်စုံပါဖောမန့်များ

မကြာမီအချိန်တွင် အတည်ဖြစ်လာတော့မည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ပညာရေးအဖွဲ့အစည်းများ၊ ဆရာများ၊ သမဂ္ဂကျောင်းသားအဖွဲ့အစည်းများနှင့် တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။
အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားများသည် ဘွဲ့ဝတ်စုံများဝတ်ဆင်ကာ ပဲပြုတ်ရောင်းသည့်ပုံစံ၊ ဂျာနယ်ရောင်းချသည့်ပုံစံ၊

တိုင်းနှင့်ပြည်နယ်ရှစ်ခုတွင် ဆင်းရဲနွမ်းပါးမှုစစ်တမ်းကောက်မည်

တိုင်းဒေသကြီးတစ်ခုနှင့် ပြည်နယ်ခုနစ်ခုတွင် ဆင်းရဲနွမ်းပါးမှုစစ်တမ်းများ ဆက်လက် ကောက်ယူရန် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (WFP)နှင့်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး အစီအစဉ် (WFP)နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း ကာ ဆင်းရဲနွမ်းပါးမှုအခြေအနေ စစ်တမ်းကောက်ယူနိုင်ရန် သ ဘောတူညီမှုစာချွန်လွှာကို စက် တင်ဘာ ၁၇ ရက်က လက်မှတ် ရေးထိုးခဲ့သည်။

အစိုးရမီဒီယာသတင်းထောက်များ သတင်းထောက်ဟုခံယူခြင်းထက် အစိုးရ၀န်ထမ်းအဖြစ်သာခံယူနေကြ

အစိုးရမီဒီယာမှ သတင်း ထောက်များမှာ မိမိကိုယ်ကိုယ်သ တင်းထောက်ဟု ခံယူခြင်းထက် အစိုးရ၀န်ထမ်းအဖြစ်သာခံယူနေ ကြပြီး ၀န်ကြီးဌာနများပြောသည့် သတင်းများကိုသာ ရေးသားနေ ကြကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်ကပြောကြားသည်။

ဗိုလ်တိုက်ဂါး ထုတ်ပြန်ချက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုနှင့် သက်ဆိုင်ခြင်းမရှိဟု ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ကိုင် သွားလာခြင်း လုံးဝမပြုလုပ်ရန် အပြင်းအထန် တားမြစ်ကြောင်းနှင့် အရေးကြီးကိစ္စဖြင့် သွားလာရမည် ဆိုပါက ဗိုလ်မှူးကြီးတိုက်ဂါးထံမှ ခွင့်ပြုချက်ယူရမည် ဆိုသော ထုတ်ပြန်ချက်မှာ ဗိုလ်တိုက်ဂါး၏ မိခင် အဖွဲ့အစည်းဖြစ်သော KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ) နှင့် မသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုလိုက်သည်။

သံဃာအဖွဲ့အစည်း အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရန် ရွှေဝါရောင်သံဃာတော် များ ကြေညာ

နိုင်ငံတော်သံဃနာယ ကအဆင့်မှစ၍ သံဃာအဖွဲ့အစည်းအဆင့်ဆင့်အား ပြန်လည်ရွေးချယ်ပေးရန်နှင့် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းများကို ပြန်လည်ရေးဆွဲနိုင်ရေးအတွက် အဆိုပြုတောင်းခံသွားမည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များက ကြေညာချက်ထုတ်ပြန်သည်။
စက်တင်ဘာ ၁၈ ရက်က ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင် ရာ ရွှေဝါရောင်တော်လှန်ရေး(၇) နှစ်ပြည့်အခမ်းအနားတွင် သံဃာ့ အဖွဲ့အစည်းများပြင်ဆင်ခြင်းနှင့် သက်ဆိုင်သော အချက်ငါးချက် ပါ သဘောထားကြေညာချက်ကို သံဃာတော်များက ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

19th September, 2014 (10:40 am) Exchange Rate

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)
 

စစ်အာဏာသိမ်းမှု ၂၆ နှစ်ပြည့်ချိန်အထိ နိုင်ငံရေးအာဏာ စစ်တပ် ချုပ်ကိုင်ထားဆဲ

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၂၆ နှစ်ရှိပြီ ဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးမှာ သြဇာအာဏာကြီးမားနေဆဲဖြစ်ပြီး လက်ရှိတိုင်းပြည်မှာ အရေးကြီးဆုံးဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာတောင် မပါရင် မဖြစ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးအာဏာကို ချုပ်ကိုင် ထားဆဲ ဖြစ် တယ်လို့ ပြည်တွင်းအခြေစိုက် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုကြပါတယ်။
၁၉၈၈ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး န.၀.တ ၊ န.အ.ဖ ဆိုတဲ့ အမည်များနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်ဟောင်း

ဗဟိုဘဏ်မှ ၅၀၀၀တန် အသစ်များထုတ်ဝေမည်ဟု ပြောဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်) သတင်းကြေညာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေးလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါလီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ရွှေဝါရောင်ကာလတွင် ကျူးလွန်ခဲ့သူများ ၀န်ခံရန် ဦးမင်းကိုနိုင်ပြော

  ရွှေဝါရောင်တော်လှန်ရေးကာလတွင် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ရှိသူများကိုယ်တိုင် ၀န်ခံရန်လိုအပ်ပြီး သမိုင်းတွင် အမှန်တရားကျန်ခဲ့မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။
‘‘ခံခဲ့ရတဲ့ သူတွေဘက်က နိုင်ငံရေးအကျဉ်းသားဖြစ်စေ၊ သံဃာတော်တွေဖြစ်စေ ခွင့်လွှတ်နိုင်လားမေးတာ အဆင့်ကျော်နေပါတယ်။ ကာယကံရှင်တွေက ၀န်ခံဖို့၊ ပြီးတော့ ၀န်ချတောင်းပန်ဖို့ လိုပါတယ်။
သမိုင်းမှာ အာဏာရှိတိုင်းလည်း ပြီးလို့မရပါဘူး’’ဟု စက်တင်ဘာ ၁၈ ရက်က

ယနေ့နံနက်မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာပြင်းထန်

စက်တင်ဘာ - ၁၉ - ၂၀၁၄
သတင်း - ကရင်အမျိုးသား(မီဒီယာ)
ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦးဒဏ်ရာပြင်းထန်စွာရရှိပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦးကပြောသည်။
ပစ်ခတ်မှုကို အသေးစိပ်စုံစမ်းမှုများပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီးတဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်းပေးရမည်ဟုဆိုသည်။
ကြံခင်းလမ်းတွင်နေထိုင်သူတဦးက"ဖြစ်တာဟုတ်တယ်

ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ

ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံးသွားသော ကြောင့် ယင်းတက္ကသိုလ်မှ လက်ထောက်ညွှန်ကြားရေးမှူးက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာတက္ကသိုလ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

ယနေ့ မိုးလေဝသအခြေအနေ

 
Credit - The Voice Weekly

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ

အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေး၊ အရည်အသွေးပိုမိုကောင်းမွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့်

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အခု ကျွန်မတို့ ၂ဝ၁၅ ကျရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ

သံဃာ့မဟာနာယက ပြန်ဖွဲ့စည်းရေး ရွှေဝါရောင် ၇ နှစ်ပြည့်မှာ တောင်းဆို




ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ၀ါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့ က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ သံဃာတော်တွေကို အကာအကွယ်မပေးဘဲ ဖိနှိပ်တဲ့အတွက် ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာတော်များအဖွဲ့က ဦးဇ၀နက မိန့်ပါတယ်။

"နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆိုတာကြီးဟာ အောက်ခြေကစပြီးတော့ ဟိုးနိုင်ငံတော်အထိကို မူတွေက မပြောင်းပဲနဲ့ သံဃာ့ဖက်ကမရပ်ဘူး၊ သံဃာကို ညှင်းပမ်းနှိပ်စက်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးတယ်၊ ကျောင်းတိုက်တွေသိမ်းတယ်၊ အဲ့ဒါတွေလုပ်တဲ့အတွက် ဦးဇင်းတို့က သံဃာ့ အဖွဲ့အစည်းကို အဆင့်ဆင့်ပြန်ပြီးတော့ ဖွဲ့ပေးဖို့ ရွေးချယ်ပေးဖို့ တောင်းဆိုတာပါ"

ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း မှ အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင်လှစ်ခြင်း

ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း မှ အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင်လှစ်ခြင်း အခမ်းအနားကျင်းပပြီးပါပြီ 18-9-2014 ကြာသပတေးနေ့
အဆင့်တိုးမြင့် ဖွင့်လှစ်ခြင်းအနား ကျင်းပဖို့အရေး မိုးလေဝသအခြေအနေကြောင့် ခဏခဏရက်ရွေ့ခဲ့ရပြီး ယခုအချိန်မှာတော့ အဆင်ပြေချောမွေ့ အောင်မြင်စွာ (ရေဦးမြို့နယ် ဌာနဆိုင်ရာ လူကြီးမင်းများ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ရပ်မိရပ်ဖများနှင့်အတူ) ကျင်းပနိုင်ခဲ့ပါပြီ ညပိုင်းကတည်းက တရိပ်ရိပ်တက်လာတဲ့ မိုးတိမ်များကြောင့် မိုးရွာပြီးအခမ်းအနား အဆင်မပြေဖြစ်မှာ

ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရပါစေ

#‎emg_opinions‬
ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရပါစေ
Written by - ဘစံကောက်
စက္ခုအမြင်အာရုံ မချို့ယွင်းသော လူမှန်သမျှ နေထွက်သည်ကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြသည်။ နေဝင်သွားသည်ကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြပါလိမ့်မည်။ သို့ဆိုလျှင် နေတစ်ကြိမ် ထွက်ပေါ်လာသည်ကိုမြင်တိုင်း ဤတစ်နေ့ကိုအရှုံးဖြင့် ကုန်လွန်စိမ့်မည်။ သို့တည်းမဟုတ် အမြတ်ဖြင့် ကုန်လွန်စိမ့်မည်ဟု တွေးတောဖူးကြပါသည်လား။

ပြည်သူမဆဲတဲ့ ပြည်သူ့ရဲမျိုး မျှော်ကိုး

တရားရုံးနဲ့ ရဲစခန်းတွေမှာ လူသတ်မှု ကျူးလွန်နေကြတဲ့ သတင်းတွေ ခုတစ်လော ဆက်တိုက်လို ဖတ်နေရတယ်။ ညောင်လေးပင် ရဲစခန်းထဲမှာ တာဝန်ကျ ရဲအုပ်ရှေ့မှာပဲ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားနဲ့ ထိုးသတ်လိုက်လို့ သေတဲ့သတင်း၊ ကျောက်ဆည်မြို့နယ် တရားရုံးမှာ တရားသူကြီးရှေ့မှောက် သက်သေထွက်ဆိုနေသူကို တရားခံအဖြစ် စွပ်စွဲခံထားရသူက ဓားနဲ့ထိုးတဲ့သတင်း၊ မကွေးတိုင်း မြိုင်မြို့နယ်မှာ ရဲစခန်းက ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ခေါ်စစ်ခံရသူတစ်ဦးကို ရဲက

သေရည် အရက်

- ပေါက်ပေါက်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။

အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော) ဟာ ပျမ်းမျှအားဖြင့် ဘီယာအပျော့မှာ သုံးရာခိုင်နှုန်း၊ ဘီယာအပြင်းမှာ ခြောက် ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်း၊ ရှယ်ရီနှင့်ဝိုင်မှာ ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီ နှင့်ဂျင်မှာ ရာခိုင်နှုန်း ၄ဝ၊ ဘရန်ဒီမှာ ၄၅ ဒသမ ဝ၅ ရာ ခိုင်နှုန်း၊ ရမ်မှာ ရာခိုင်နှုန်း ၅ဝ မှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ရာခိုင်နှုန်း ၆ဝ မှ ရာခိုင်နှုန်း ၈ဝ အထိအ သီးသီး ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ် စစ်တပ် အာဏသိမ်းစဉ်က

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၁၄

လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်က နိုင်ငံအာဏာ အရပ်ရပ်ကို သိမ်းပိုက်ကာ ဤပုဂ္ဂိုလ်များဖြင့် “ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူထု တိုက်ရိုက်မဲပေး ရွေးချယ်နိုင်မည့် ဥပဒေကြမ်း ယနေ့ လွှတ်တော်တင်မည်

ပြည်နယ်နှင့် တိုင်းဒေသကြီးများ အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်နေ လူထုကတိုက် ရိုက်မဲ ပေး ရွေးချယ်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၁၈ ရက်နေ့) ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားသည်။ လက်ရှိတွင် ကျင့်သုံးနေသော ဥပဒေတွင် ဆယ်အိမ်စုဝင်များကို လူက တိုက်ရိုက် ရွေးချယ်ပြီး အဆိုပါ ဆယ်အိမ်စုမှူးများက

ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်


Thursday, September 18, 2014

လာဘ်စားတဲ့ ဟုမ္မလင်းတရားသူကြီး အမှုဖွင့်အရေးယူခံရ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၆ နဲ့ ဟုမ္မလင်း မြို့မ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားသူကြီး ဦးတင်စိန်ကို စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ရုံးတင်စစ်ဆေးပြီး လတ်တလောတော့ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Facebook အခမဲ့သုံးနိုင်တဲ့ Facebook Zero ဆိုတဲ့ feature ပါဝင်မယ်တဲ့

Telenor Myanmar ရဲ့ SIM Card တွေမှာ Facebook အခမဲ့သုံးနိုင်တဲ့ Facebook Zero ဆိုတဲ့ feature ပါဝင်ပါတယ်။ Facebook Zero ဆိုတာကတော့ Facebook ရဲ့ Mobile site ဖြစ်တဲ့ m.facebook.com ကိုအခြေခံထားတဲ့ feature ဖြစ်ပါတယ်။ Status တင်ခြင်း ၊ News Feed များကိုကြည့်ရှုခြင်း ၊ Facebook Message များကို reply ပြန်ခြင်း ၊ Friend တွေရဲ့ wall ပေါ်မှာဝင်ရောက်ရေးသားခြင်းများကိုပြုလုပ်နိုင်မှာပါ။ ပုံတွေတော့ ကြည့်လို့မရပါဘူး ။ Facebook

Wednesday, September 17, 2014

ဝေးလံခေါင်သီ ဒေသများမှ ကျောင်းများ အဆင့်မြှင့်ရန် ပညာရေးဝန်ကြီးဌာန တင်ပြမှု အားနည်းဟု ဦးခင်အောင်မြင့် ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံအတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဝေးလံခေါင်သီ ဒေသများမှ စာသင်ကျောင်းများကို အဆင့်တိုးမြှင့် သတ်မှတ်ပေးရန်အတွက် ဆောင်ရွက်ရာတွင် ပညာရေး ဝန်ကြီးဌာနအတွင်း အဆင့်ဆင့် တင်ပြမှု အားနည်းလျက် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန်ပြောကြားသည်။

အနာဂတ် တပ်မတော်ခေါင်းဆောင်များအတွက် ခြေလှမ်းများ

 
၂၀၁၄ မတ်လ ၂၇ ရက်တွင် ကျရောက်ခဲ့သော (၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသော တပ်မတော်သားများကိုတွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

Tuesday, September 16, 2014

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား

ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့
ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲ ကျန်တယ်လို့
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပမာပေး ပြောပါတယ်။

ရေဦးမြို့၊ မင်္ဂလာရာမစာသင်တိုက် ''အာစရိယဂုဏပူဇာ''

ကျေးဇူးတော်ရှင် မင်္ဂလာရာမစာသင်တိုက် ဆရာတော်အဆက်ဆက်တို့၏ ကျေးဇူးဂုဏ်တို့်ကို အာရုံပြုကြ၍
မြို့ပေါ်ကျောင်းတိုက်များမှ ကျောင်းထိုင်'စာချဆရာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း''ပူဇော်ကံတော့၍ သြဝါဒခံယူခြင်း စသော ''အာစရိယဂုဏပူဇာ'' ကုသိုလ်မင်္ဂလာပွဲ အကြိုဓမ္မသဘင်၌ မန္တလေးမြို့မစိုးရိမ်တိုက်သစ်နာယကဆရာတော် အရှင်ကုဏ္ဍလာလင်္ကာရာဘိဝံသ
အရှင်မြတ်မှ တရားတော်များ ဟောကြားချီးမြှင့်ပါမည်။

လိမ်လည်မှုများစွာဖြင့် ခေါင်းလောင်းရှာပုံတော်

Credit - 7DAY DAILY

ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းဦးဆောင်၍ မြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ဆယ်ယူနေသည်မှာ ယနေ့တွင် ၃၈ရက် ရှိပြီဖြစ်သည်။ ခေါင်းလောင်းအား သြဂုတ်၉ရက် က စတင်ရှာဖွေခဲ့ပြီး သြဂုတ် ၂၆ရက်တွင် နဂါးအပါအ၀င် အရိယာဝိဇ္ဇာအပေါင်း ခွင့်ပြုချက်တောင်းပြီးနောက် ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်းက ကြေညာခဲ့သည်။ ခေါင်းလောင်း စတင်တူးဖော်စဉ်ကတည်းက ယုံကြည်သူများရှိခဲ့သလို မယုံကြည်သူများလည်း ရှိခဲ့ကြသည်။ ခေါင်းလောင်းရှိသည်ကိုပင် မယုံကြည်သူများကလည်းရှိပြီး ခေတ်မီသိပ္ပံနည်းကျမဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့ဟန်ဟုဆိုကာ နဂါးများအကြောင်း ပါဝင်လာသောအခါ လက်တွေ့သမားများအတွက် 

ပီအာရ် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း

ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်နေရသော ယခုကဲ့သို့ အချိန်အခါတွင် နိုင်ငံအတွက် အခြားအရေးတကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများမှာ သင့်လျော်မှုမရှိသော လုပ်ဆောင်ချက်များဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသော စာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ယနေ့ မိုးလေဝသအခြေအနေ

 

ကျောင်းပြင်ပ အလယ်တန်းပညာရေး အခြေခံပညာရေး ဥပဒေ အတည်ပြုပြီးမှသာ စတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
နိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာ ဆက်လက် မသင်ယူနိုင်သော ကလေးငယ်များအတွက် ကျောင်းပြင်ပ အလယ်တန်း ပညာရေးကို အကောင်အထည်ဖော်ရန် ပညာရေး ဝန်ကြီးဌာနက တရားဝင် ကြေညာထားသော်လည်း အခြေခံပညာရေး ဥပဒေ အတည်ပြုပြီးမှသာ ကျောင်းပြင်ပ အလယ်တန်း အဆင့်ထိ တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

Sunday, September 14, 2014

ယာမြေဧက ၃၀၀၀ ကျော် ပြန်ပေးဖို့ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်က သိမ်းဆည်းခံထားရတဲ့ ယာမြေဧက သုံးထောင်ကျော်ကို ပြန်ပေးဖို့ ဒေသခံတောင်သူ၂၀၀ ကျော်က ဒီနေ့ ချောင်းဦးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သိမ်းဆည်းခံထားရတဲ့ ယာမြေဧက သုံးထောင်ကျော်ထဲက ဧက ၅၀၀ လောက်ကို ကုမ္ပဏီတစ်ခုက သီးစားငှားရမ်းလုပ်ကိုင်ဖို့ စီစဉ်နေတဲ့အတွက် မူလလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေထံ ပြန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မန်ကျည်းပုတ်ကျေးရွာက တောင်သူ ဦးစန်းလွင်က ပြောပါတယ်။

ပြောင်းလဲမှုကို ဘယ်သူတွေလုပ်မလဲ

Credit - The Voice Weekly

ဆိုရှယ်ကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာ အိန္ဒိယနိုင်ငံက ရိုက်ကူးပြီး တင်ထားတဲ့ ဗီဒီယိုပြကွက်လေး တစ်ခုကို မျှဝေထားတာကြောင့် ကြည့်ဖြစ်လိုက်ပါတယ်။ ဗီဒီယိုပညာပေး ပြကွက်လေး အမည်က “I am that change” ပါ။ ရိုက်ကူးတင်ဆက်လိုက်တဲ့ ဒါရိုက်တာက Sukumar ဖြစ်ပြီးတော့ ပြသချိန် သုံးမိနစ်လောက် အတွင်းမှာ ရင်ကို ထိသွားစေတဲ့ ပညာပေး ဗီဒီယိုကားတိုလေး တစ်ခုလို့ ဆိုချင်ပါတယ်။

PR စနစ်ကို ဘာလို့ ကန့်ကွက်တာလဲ

ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု စနစ်(PR) ကျင့်သုံးမှာကို ကန့်ကွက်တဲ့ သူတွေထဲမှာ PR စနစ်ကို နားမလည်သူတွေ ပါဝင်နေပါတယ်။

ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ် ခုနစ်မြို့နယ်က ကောက်ယူထားတဲ့ PRစနစ်ကန့်ကွက်ကြောင်း ရေးထိုးထားတဲ့ ပြည်သူလူထု လက်မှတ် ငါးထောင်ကျော်
ရရှိထားတယ်လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် ပြန်ကြားရေး
တာဝန်ခံ ဦးမြတ်ကျော်က ပြောပါတယ်။

အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို


ဝန်ကြီးဌာနများတွင်ခန့် ထားမည့်အမြဲတမ်းအတွင်းဝန်ရာ ထူးအတွက် အတွေ့အကြုံရင့် ကျက်သည့် နိုင်ငံ့ဝန်ထမ်းများကို သာ ရွေးချယ်တာဝန်ပေးအပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီစတင်ခန့်အပ် မည်ဟု သတင်းရရှိသည်။
လက်ရှိအစိုးရသက်တမ်း ၁၉လသာကျန်တော့ချိန်တွင်ဝန် ကြီးဌာနများ၌ ၀န်ကြီးအပြောင်း အလဲဖြစ်သော်လည်း မူဝါဒမ ပြောင်းဘဲ ဆက်လက်လည်ပတ် နိုင်ရန် အမြဲတမ်းအတွင်းဝန်ရာ

လွှတ်တော်မင်းသား

Credit - The Voice
မိခင်ဝမ်းမှ ထွက်သည်မှစ၍ ငယ်နာမည် ဆိုသည် သူ့တွင်မရှိ။ စစ်ဗိုလ်လောင်း ဘဝမှ လွှတ်တော်
ကိုယ်စားလှယ်ဖြစ်သည့် ယနေ့အချိန်အထိ လှဆွေဟူသော အမည်တစ်ခုသာရှိ၏။ သို့သော်
ထိုသူတွင် အများပြည်သူ စိတ်ဝင်စားသော အမည်ပြောင်များ အသက်ကြီးမှ ပေါ်ထွက်ခဲ့ချေပြီ။

ကြားဖြတ်ရွေးကောက်ပွဲဖျက်သိမ်းခြင်းသည် တရားဥပဒေနှင့် မညီဟု ဦးကိုနီပြော


- ချစ်မင်းထွန်း၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။

ရန်ကုန်၊ စက်တင်ဘာ ၁၂။

၂ဝ၁၄ နှစ် ကုန်ပိုင်းတွင် ဒုတိယအကြိမ်မြောက် ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပရန် လျာထား ရာမှ ငွေကြေးကုန်ကျမှု များပြားသည်ဆို သည့် အကြောင်းပြချက်ဖြင့် ကြားဖြတ်ရွေး ကောက်ပွဲအား ကျင်းပတော့မည်မဟုတ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကကြေညာခဲ့ခြင်းသည် တရားဥပဒေ နှင့်ညီညွတ်မှုမရှိသလို ဖျက်သိမ်းပိုင်ခွင့် လည်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။

[ ဗု ဒၶ ၏ အ ဆံု း အ မ ေ တ ာ္ မ် ာ း - ၁ ၈ ၁ ]


ကောင်းမှု၊ မကောင်းမှု၏ မှတ်ကျောက်
=====================================================

- မင်းနန်(မော်ကျွန်း) ရေးသားသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါ သည်။ ထိုစဉ်က ကျွန်တော်၏ အိမ်ခန်းကလေးတွင် ကြမ်းပိုး တို့ ကွန်းခိုခဲ့ပါသည်။ တစ်နေ့ အလုပ်အား ရက်တွင် ထိုကြမ်းပိုးတို့ကို ရှင်းလင်းသည်။ ထိုသို့ရှင်းလင်းရာ၌ အကုသိုလ်လည်းမဖြစ် စေရ၊ ကြမ်းပိုးတို့လည်း ကင်းစင်စေရမည် ဟူသောမူကို ချမှတ်လျက်၊ ကြမ်းပိုးတို့ကို မသတ်ဖြတ်။ ရေခွက်တစ်လုံးထဲတွင် ရေ စပ်စပ်ထည့်ထားလျက် ဖမ်းမိသော ကြမ်းပိုး တို့ကို ထိုရေခွက်ထဲ ထည့်သည်။ ရေများ များထည့်လျှင် ကြမ်းပိုးတို့ ရေနစ်သေမည် စိုးသောကြောင့် ဖြစ်ပါသည်။

ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေပြဿနာအတွက် အမှုရင်ဆိုင်နေရသော တောင်သူများ အပတ်စဉ် ရုံးချိန်းကြောင့် မြေသိမ်းခံရစဉ်ကထက် ပိုမိုကျပ်တည်းလာ

ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေပြဿနာအတွက် အမှုရင်ဆိုင်နေရသော တောင်သူများ အပတ်စဉ် ရုံးချိန်းကြောင့် မြေသိမ်းခံရစဉ်ကထက် ပိုမိုကျပ်တည်းလာ
ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေ ပြဿနာအတွက် မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသော မြေသိမ်းခံတောင်သူများမှာ မြေသိမ်းခံရစဉ် အခြေအနေထက် ပိုမိုဆိုးရွားသော ကျပ်တည်းမှုများကို ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

NLD ရုံးချုပ် အဆောက်အဦးကို ၆ ထပ်တိုက် အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရန် စတင် ပြင်ဆင်မှုများ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးသစ်တည်ဆောက်ရေးကော်မတီ မှ တာဝန်ရှိ သူများက ၁၃.၉.၂၀၁၄ ရက်နေ့ တွင် နေပြည်တော်၌ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံ ပြီး အဖွဲ့ ချုပ် ရုံး အဆောက်အဦးဟောင်း ဖျက်သိမ်းနိုင်ရေး ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဌာန ၌ လျှောက်ထားနိုင်ရန် အတွက်
ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး၍ လျောက်ထားရန် အသင့်ဖြစ်နေပြီဟု သတင်းရရှိသည်။

နိုင်ငံရေးပါတီ ၆၈ပါတီ ဘာလို့ အတူတူ မဆွေးနွေးနိုင်တာလဲ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးရင် ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ဖို့ကိစ္စ နိုင်ငံရေးပါတီ ၆၈ပါတီ တစ်ညီတစ်ညွတ်တည်း မဆွေးနွေးနိုင်သေးဘူးဖြစ်နေပါတယ်။ စက်တင်ဘာ ၁၃ရက်နေ့က ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF စီစဉ်တဲ့ ၆၈ပါတီ ဆွေးနွေးပွဲကို အာဏာရ USDP နဲ့ အတိုက်အခံပါတီ NLD အပြင် UNA အဖွဲ့ကလည်း မတက်ရောက်ခဲ့ပါဘူး။

နိုင်ငံရေးသီလ (သို့မဟုတ်) လူသာပဓာန

ယမန်နှစ်မိုးတွင်း၏တခုသောနေ့ဝယ် အမေရိကန်သံရုံး ပြန်ကြားရေး ဌာနလက်အောက်ရှိ အမေရိကန်စင်တာ (American Center) ဟု ခေါ်သော တော်ဝင်လမ်းရှိ အမေရိကန်စာကြည့်တိုက်ဝယ် ကျွန်တော်နှင့် အခြားနှစ်ဦးကိုပင့်ဖိတ်၍ လူငယ်နှင့်ခရီးသွားခြင်း (Youth and Travel) ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဟောပြောဆွေးနွေးစေပါသည်။ ကျွန် တော်တို့က အင်္ဂလိပ်လိုဟောပြောပြီး တက်ရောက်လာသော လူငယ် ကျောင်းသားများကလည်း အင်္ဂလိပ်လိုမေးခွန်းများမေးကြပါသည်။ ထိုဟော ပြောပွဲသို့ လာရောက်နားထောင်သော လူငယ်အများစုမှာ အင်္ဂလိပ်စာကို ပြင်ပနာမည်ကြီး ပုဂ္ဂလိကကျောင်းကြီးများတွင်

ပုဗ္ဗာစရိယ မိနဲ့ဖ

Written by - ဒေါက်တာဖြိုးသီဟ
လူတစ်ယောက်ရဲ့ဘ၀နဲ့ စိတ်ဓာတ်ကို လွှမ်းမိုးတာ နှစ်ခုရှိတယ်။ တစ်ခုက မွေးရာပါဗီဇ၊ နောက်တစ်ခုက ပတ်ဝန်းကျင်။ အဲ့ဒီပတ်ဝန်းကျင်ကိုမှ ထပ်ခွဲရရင်တော့ မိဘပါမယ်။ ဆရာတွေပါမယ်။ သူကြီးပြင်းရှင်သန်ရာ ဘေးပတ်ဝန်းကျင်က လူတွေပါမယ်၊ နောက်ပြီး သူဖတ်တဲ့၊ မှတ်တဲ့ စာအုပ်တွေ ပါမယ်။ အဲဒီနှစ်ခုမှာမှ ပတ်ဝန်းကျင်က ပိုပြီးအရေးပါတယ်လို့ ဆိုကြတယ်။ အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါအရည်အချင်း ပြည့်ဝသူတွေတဲ့။ ခုတော့ မဟုတ်တော့ဘူး၊ Leaders are made ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လေ့ကျင့်ယူလို့ရတယ်ဆိုပြီး

ကံကြမ္မာ (Fate)

Written by - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
“နိုင်ငံသားတို့၏ ကံကြမ္မာ” သည် နိုင်ငံ၏ နိုင်ငံရေးစနစ် (Political System)၊ စီးပွားရေးစနစ် (Economic System)၊ ကျန်းမာရေးစနစ် (Health System)၊ ပညာရေးစနစ် (Education System)တို့အပေါ်တွင် များစွာမှီတည်နေသကဲ့သို့၊ “နိုင်ငံ၏ကံကြမ္မာ” သည်လည်း ယင်းနိုင်ငံသားတို့၏ စိတ်ဓာတ်စွမ်းရည်၊ နိုင်ငံချစ်စိတ်စသည်တို့အပြင် ယင်းအထက်ပါ စနစ်များ၏ အကျိုးသက်ရောက်မှုများ အပေါ်တွင်လည်း များစွာမှီတည်နေသည် ဆိုသည်ကို လေ့လာတွေ့ရှိနိုင်သည်။

ကျောင်းသားများတွင် အကြောက်တရားလွှမ်းမိုးနေဟု ကျောင်းသားသမဂ္ဂ ပြောကြား

ကျောင်းသားများထံတွင် အကြောက်တရားများ လွှမ်းမိုးနေခြင်း ကြောင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရှင်းလင်းပွဲ အောင်မြင်မှု နည်းပါးသည်ဟု ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင် များက ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မြေရှိ အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်ရှေ့ ၌ ပြုလုပ်ခဲ့သည့်အမျိုးသားပညာရေး ဥပဒေကြမ်း၏ လက်ရှိအခြေနေကို ရှင်းလင်းပွဲ တွင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက အမျိုးသားပညာရေး ဥပဒေကြမ်းကို ရှင်းလင်းမှုပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းမရှိသည့်အတွက် အောင်မြင်ခဲ့ခြင်းမရှိဟု ဦးဆောင်သူများက ဆိုသည်။

အထက်တန်းပြ ဆရာ၊ ဆရာမ ၃,၆၀၀ ကျော် အောက်တိုဘာ ၁ ရက်အမီ ခန့်ထားမည်

အမှတ် (၁)အခြေခံ ပညာဦးစီးဌာန လက်အောက်ရှိ တိုင်းနှင့်ပြည်နယ် ၆ခုတွင် အခြေခံပညာအထက်တန်းပြဆရာ၊ ဆရာမဦးရေ ၃၆၀၀ ကျော်ကို အောက် တိုဘာ ၁ ရက်နေ့အမီ ခန့်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အထက်တန်းပြ ဆရာ၊ ဆရာမများ ခန့်အပ်ထား ရာတွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး အလုပ်အမှုဆောင်အဖွဲ့က တာဝန်ယူ၍ ဒေသ အလိုက် လိုအပ်သည့် ဆရာ၊ ဆရာမများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ သိရသည်။