လူအိုဂန်ခေါ် Naked Officials များသည် စွန့်စားရသော အုပ်စု High-Risk Group အဖြစ် သတ်မှတ်ခံရသည်။ အဂတိလိုက်စားမှု အခွင့်အရေး(ခွင်)နှင့် ကြုံကြိုက်သည့် အခါ နိုင်ငံခြားတွင် အမြဲတမ်းနေထိုင်ကြသည်။ ယင်း မိသားစုဝင်များမှတစ်ဆင့် တရားမ၀င်ငွေစီးကြောင်းများကို လွယ်ကူ ချောမောအောင် ဖန်တီးယူနိုင်သူများဖြစ် ကြသည်။ အဖမ်းမခံရမီ ပြည်ပ သို့ထွက် ပြေးလွတ်မြောက်အောင် ကြိုးစားနိုင်ကြသူများဖြစ်သည် . . .
ယခင်တစ်ပတ်မှအဆက်
မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းထဲက အဂတိ လိုက်စားမှု သည် ခေတ်နှင့်အမီလိုက်ခြင်းနှင့် မပြည့်စုံ သည့် နိုင်ငံရေး ဖွဲ့ စည်းပြဋ္ဌာန်းခြင်းတွေကြောင့် နိုးထ တက် ကြွလာခြင်းဖြစ်သည်။ နိုင်ငံတော်၏ စနစ် အသီးသီးနှင့် အစိုးရ၏ အုပ်ချုပ်မှုစွမ်းရည် များအား ခေတ်နှင့်အမီ လိုက်နေစဉ် လူ့အ ဖွဲ့အစည်းကြီးနှင့် စီးပွားရေးလောကကြီး တစ်ခု လုံး နောက်ကျကျန်ရစ်နေချိန်မှာ အဂတိလိုက်စားမှုသည် တိုင်းပြည် အနှံ့ တောထလျက်ရှိသည်။ အခြား တစ်ဖက်က ကြည့်မယ်ဆိုလျှင် အစိုးရ၏ အာဏာစက် ကျယ်ပြန့်ချဲ့ကား လာသည်နှင့်အမျှ ဖြစ်နိုင်ချေ အဂတိ လိုက်စားမှု သည်လည်း မြင့်မားတိုးပွားလာပေလိမ့်မည်။ အစိုးရ၏လုပ် ပိုင်ခွင့် အာဏာလက်တံ ရှည်သည် နှင့်အမျှ အဂတိ လိုက်စားမှုဖြစ်နိုင်ခြေများ သည် လည်း အသစ်ပေါ်ထွက် လာစမြဲဖြစ်သည်။…
အစိုးရ၏ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများ ချဲ့ကားလာမှုနှင့် နက်ရှိုင်းမှုများနည်းတူ အစိုးရ ဌာနဆိုင်ရာများ ပမာဏ တိုးချဲ့မှုများပေါ် တွင်လည်း ခေတ်နှင့်အမီလိုက်မှု ရလဒ်ဖြစ် ပေါ်စေ သည်။ တစ် ဆက်တည်းမှာပဲ အရာရာအားလုံးသည် နောက်ဆုံးတွင် မှာတော့ နိုင်ငံရေးစနစ်အရ ပြဋ္ဌာန်းသည့် ဥပဒေသစ် တိုင်းသည် ပြည်သူများ အဂတိလိုက်စားမှုကို အာရုံစိုက်လာနိုင်ရန် စိတ်ပါဝင်စားမှုနှင့် အခွင့်အလမ်း များအား တွန်းအားပေးမည့် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာသစ် အား ပြဋ္ဌာန်းသည့် ဥပဒေသစ် တိုင်းသည် ပုံဖော်ရန် (သို့မဟုတ်) အာမခံရန်ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိသည်။
အသစ်ထပ်မံ ဖြည့်စွက်ထားသည့် အသစ်ပြဋ္ဌာန်းထားသော ဥပဒေများသည် နေရာဒေသ ဧရိယာအတော်များ များအပေါ် လွှမ်းခြုံသည့်အခါအဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများ၏ အားကောင်းလာသည့် အခွင့် အာဏာများသည် ယင်းတို့ကို အလွဲ သုံးစားပြုနေစေခြင်းနှင့် တစ်ဆက်တည်း မနှောင့်ယှက်အောင် ငွေထိုးပေး သည့် အခြေအနေကို တွန်းပို့စေတော့သည်။ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် များသည် အဂတိလိုက်စား မှုများ ကို ထိန်းချုပ်ဟန့်တားရန် သနိ္နဋ္ဌာန် ချထားကြပြီး ဖြစ်ရာ ယင်းလုပ်ရပ်သည်ပိုမို ကြီးကြပ်ရသည့် တာဝန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်တာများကိုပါ တစ်ဆက်တည်း တာဝန်ယူရခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစဉ်အတန်းကြီးထဲမှ အေဂျင်စီ(သို့) အုပ်စုတိုင်းသည် အတင်းအကျပ် လုပ်ခိုင်းသည့် အဓိကအကြောင်း(သို့) လာဘ်စားမှုကျူးလွန်စေသည့် ပုံပေါ်လျက်ရှိသည်။
● သန့်ရှင်းသည့်အုပ်ချုပ်မှုစနစ်တစ်ရပ် ပုံဖော်ခြင်း
Forming a Clean Governance System
အဂတိလိုက်စားမှု၏ ခက်ခဲရှုပ်ထွေးမှုများနှင့်အတူ နေရာတကာတွင် သက် ရောက်နေသည့် သဘောသဘာဝ သည် ယင်းကိုဖြေရှင်းရာ တွင် ပြည့်စုံကျယ်ပြန့်ပြီး စနစ်ကျသည့် မဟာဗျူဟာများနှင့် ဆောင်ရွက်နိုင်ဖို့ လိုအပ် လျက်ရှိသည်။ တစ်ဆက်တည်းမှာပဲ ယင်းဆောင်ရွက်မှု ရလဒ်သည် ကျရှုံးသွားသည့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကြိုးပမ်းမှု၏ ကျဆုံးခြင်းများကို ကာကွယ်တားဆီးရာရောက်သည်။ သို့ရာတွင် လက်ရှိအခြေ အနေမှာ တော့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုနှင့်အတူ တည်ငြိမ်သော အရှိန်အဟုန်ပေါ်မှာ မိမိတို့ ဆောင် ရွက်မှုကို ရှေ့တန်း တင်ထားရမည့် အခြေအနေဖြစ်သည်။ အမှန်တော့ အဂတိ လိုက်စားမှုသည် ပါတီနှင့်အစိုးရ၏““တရား ဥပဒေနှင့်ညီညွတ်ရေး””များကို တိုက်စားသွားသည်။ ၎င်းပြင် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားတစ်ရပ်လုံးကို အရှုံးအနိုင်ဖြင့် အပေးအယူလုပ်လျက်ရှိသည်။ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင်တက် တက်ကြွကြွ ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွက် ယခုကဲ့သို့ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နေသည့်ပုံစံ သည် နိုင်ငံတော်အာဏာနှင့် လူ့အဖွဲ့အစည်းနှစ်ရပ်စလုံး၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အရည်အသွေးကို နက်နက်ရှိုင်းရှိုင်းရှိဖို့ လိုအပ်လျက်ရှိသည်။ တစ်ဆက် တည်းမှာပဲ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြားစည်းတားဖြတ်ကျော် သည့် ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်ပါသည်။
ပြည်သူ့အာဏာစနစ်ရဲ့ အလိုအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား နိုင်ငံတော်၏ အဓိက အခြေခံဆောင် ရွက်ချက် တစ်ရပ်အဖြစ် တိုးမြှင့်ရမည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင်အဂတိ လိုက်စား မှုတိုက်ဖျက်ရေး အပေါ် နိုင်ငံတော်အဆင့်သို့ တိုးမြှင့်ထားသည့် အခြေခံဥပဒေများနှင့် ဆောင်ရွက်ရမည်ဖြစ်သည်။ အပြည့်အ၀ လုပ်ဆောင်နိုင်မည့် သန့်ရှင်းသော နိုင်ငံရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးသည်။ ပြီးတော့ ကြီးကြပ် သူများအား ကြီးကြပ်မှုအောက်တွင် ကနဦးထားရှိနိုင်မည့် လုပ်ငန်းယန္တရားများကို တိုးချဲ့နိုင်မည့် စနစ်သည် လည်း အရေးကြီးသည်။ အများပြည်သူ၏ အထွေထွေစောင့်ကြပ်ကြည့်ရှု များခြင်း၊ သတင်းပို့အစီရင်ခံခြင်း ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ကူညီပံ့ပိုးပေးခြင်းစသည့် အပြုသဘော ဆောင်ထောက်ခံ အားပေးမှုလုပ်နည်း လုပ်ဟန်များကို ယူဆောင်ပြီး အများပြည်သူများ၏ အထွေထွေသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရည် အသွေးများကို အရှိန်မြှင့်ဖို့လည်း လိုအပ်သည်။ သို့မှသာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ အဂတိလိုက်စား မှုတိုက်ဖျက်ရေး နိုးကြားမှု၊ နည်းပညာနှင့် ဥပဒေကြောင်းအရ သိရှိမှုတွေကို မြှင့်တင်နိုင်မည်ဖြစ်သည်။ နယ်စည်း မခြားပူးပေါင်း ဆောင်ရွက်မှုများအတွက် အင်တာနက် နည်းပညာများအပေါ်အခြေခံသည့်အဂတိ လိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး ကွန်ရက်များလည်း လိုအပ်သည်။ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် များစွာသော ထိရောက်မှုရှိသည့် လူမှုရေးစနစ်များ အတွက်နောက်တိုး အချင်းအရာများ ဖြစ်သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကွန်ရက်သည် အရေးကြီးသည်။ ဤကဲ့သို့သော စနစ်တွင် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာသည် ပြည်သူတွေ၏ ကြီးကြပ်မှုအောက်တွင် ပရိယာယ် ကင်းမှုပွင့်လင်း မှုများဖြင့် အကျိုးသက်ရောက်စေသည်။ အဂတိလိုက်စားမှုနှင့် ထိရောက်စွာ အပေး အယူလုပ် ခြင်းသည် သန့်ရှင်းသော နိုင်ငံရေးစနစ်တစ်ရပ် တည်ဆောက်ရန်အတွက် မဟာဗျူဟာမစ်ရှင် တစ်ရပ် ဖြစ်နေစဉ်မှာပဲ ထိရောက်သည့် အကျိုးရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်များ တည်ဆောက်ခြင်းဟာ လည်းယင်း မဟာဗျူဟာအား အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အခြေခံနည်း နာပဲ ဖြစ်သည်။ ယင်းစနစ် တစ်ရပ်ဖွံ့ဖြိုးတိုးတက်မှုသည် တင်းကျပ်စွာ အကောင်အထည် ဖော်ထားသည့် စနစ်အတွင်း သတိကြီးစွာ ပုံဖော် လုပ်ဆောင်ရမည်ဖြစ်သည့် အစိတ်အပိုင်းအသီးသီးနှင့် အတူ စနစ်တကျအကောင်အထည် ဖော်ရ မည်ဖြစ်ပေ သည်။
ပထမဦးဆုံးအဂတိလိုက်စားမှုကို ထိရောက်စွာ နှိမ်နင်းနိုင်မည်(သို့) ထိရောက်စွာ အတည်ပြုနိုင်သည့် မူဝါဒ များနှင့် စီမံချက်များသည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်ရန်လိုအပ်သည်။
ဒုတိယအနေနှင့် မူဝါဒတိုင်းနှင့် စီမံချက်တိုင်းသည် စနစ်ကြီးတစ်ခုလုံး၏ ကန့်သတ်ချက်ဘောင်အတွင်း ညှိနှိုင်း ဆောင်ရွက်ရမည်။ နေရာထိုင်ခင်း သတင်း ကွန်ရက်ဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် အတူပုံသေပိုင် ဥစ္စာပစ္စည်းများ စုပေါင်းမှတ်ပုံတင်ခြင်းနှင့် နိုင်ငံတကာမှ ရငွေ၊ ပေး ငွေများအပေါ် တရားဝင်ဖော်ပြခြင်း၊ လူသိ ရှင်ကြားကြေညာခြင်းများ၊ အစိုးရ၀န်ထမ်းများပိုင် ပစ္စည်းများတရားဝင် ကြေညာခြင်း ဆိုင်ရာ စနစ်များကို ပိုမို ကျယ်ပြန့်အောင် ဆာင်ရွက်ဖို့လိုသည်။
တတိယအနေဖြင့် ပရော်ဖက်ရှင်နယ် မဟုတ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒနောက် ဆက်တွဲ လုပ်ငန်းများကိုလည်းစုစည်းဖို့ လိုအပ်သကဲ့သို့ နာမည်အမျိုးမျိုးဖြင့် မှတ်ပုံတင်ခြင်းစနစ်ကဲ့သို့ အရေး ယူဆောင်ရွက်ရမည့် လုပ် ငန်းများနှင့် ပြည်သူအများ စောင့်ကြပ် ကြည့်ရှုရမည့် ဆောင်ရွက်စရာများကို လည်း စုစည်းရမည်ဖြစ်သည်။ ဤစီမံချက်များသည် အာဏာ၊ ပါဝါအလွဲ သုံးစားပြုမှုများကိုခြေရာကောက်ရာ တွင် တာဝန်ရှိသူများကို အကူအညီပေးနိုင်မည့် သဲလွန်စ အချို့ဖြစ်သည်။
ခေတ်နှင့်အမီလိုက်မှု၏ စိန်ခေါ်မှုအသစ်များနှင့် အာဏာပိုင်များ၏ အာဏာချဲ့ထွင်မှုများသည် ယိမ်းမှု များဖြစ် ပေါ်လာသည်နှင့်အတူ အဂတိလိုက်စားမှုများနေရာ ရလာဖို့အတွက် ဖန်တီးပေးသလိုမျိုး ဖြစ်ပေ လိမ့်မည်။ ထို့ ကြောင့် အမျိုးမျိုးအပြားပြားသော အများပြည်သူနှင့် နိုင်ငံရေး ဘ၀ လက္ခဏာသွင်ပြင်အတွင်းသို့ ပြုပြင်ပြောင်း လဲမှုများကို ပိုမိုနက်ရှိုင်းစွာတွန်း ပို့ခြင်းဖြင့် အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာကို ရှင်းလင်း စွာသိရှိဖို့ပြုလုပ် ရန်လိုအပ်သည်။ ဤသို့ဖြင့် အာဏာပိုင်များ၏ မကောင်းမှုအမျိုးမျိုးကို လျှော့ချနိုင်မှာ ဖြစ် သည်။
ပုံစံအမျိုးမျိုးနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ဖို့ ရှည်ကြာပြီး ပေးဆပ် မှုကြီးမားသည့် ကြိုးစားမှုများသည် ဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာသည့် နည်းဖြင့် ပြည်သူ့အာဏာက အမှန်တကယ်လုပ်ဆောင်နိုင်မှု ရှေ့မှောက် တွင် အမှန်တကယ် လိုအပ်ပေသည်။
● ပြည်ပြေးရန်ကြိုးစားနေသည့် လာဘ်စားဝန်ထမ်းများ
Naked officials’ of Corruption
တရုတ်လို Luogan (လူအိုဂန်) သို့မဟုတ် အင်္ဂလိပ်လို Naked officials’ များသည် မကြာခင်ကပင် Guandong ပြည်နယ်တွင် ၎င်းတို့အား ရာထူးလျှော့ချခြင်း (သို့) နုတ်ထွက်စေခြင်း(သို့)အချိန်မတိုင်ခင် ရာထူးမှ အနားပေး ခြင်းများအား ကွန်မြူနစ်ပါတီမှ အော်ပရေးရှင်းတစ်ရပ် အနေနှင့် ဆောင်ရွက်ခဲ့သည်။ တရုတ်ပြည် Guandong ပြည်နယ်ရှိ အလယ်အလတ် တန်းအဆင့်ရှိ အစိုးရ၀န်ထမ်း ၉၀၀အား Luogan (လူအိုဂန်) ဟု သတ်မှတ်လိုက် သည်။ Luogan ရဲ့အဓိပ္ပာယ်က အလယ်အလတ်အဆင့်ရှိ အရာရှိများ သူတို့၏ဇနီး၊ ခင်ပွန်း (သို့မဟုတ်) အမြဲ တမ်းနေထိုင်ခွင့်ရရှိရေး ကြိုးစားနေကြသူများဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ပြစ်ဒဏ်ပေးခံရ သူများ ဖြစ်သည်။ အခြားသော ယင်းအမျိုးအစား ၀န်ထမ်း ၂၀၀ကတော့ သူတို့၏ မိသားစုဝင်များအား မိခင်နိုင်ငံသို့ ပြန်ခေါ်ယူပါ မည်ဟု ကတိက၀တ်များပေးပြီး နောက်မူလ ရာထူးနေရာတွင် တာဝန်ပြန်လည် ထမ်းဆောင်ခွင့် ရသူများဖြစ် သည်။
လူအိုဂန် (Naked officials) ကင်ပိန်းနှင့် တစ်ဆက်တည်း Guandong ပြည်နယ် မြို့တော် Guangzhou ပါတီ ဒုတိယအကြီးအကဲ Fand Xuan သည်လည်း အငြိမ်းစား ပေးခြင်းခံလိုက်ရသည်။ လူအိုဂန်များသည် ရာထူး တက်ခွင့်မရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ထုတ်ပြန်ခဲ့သည်။
လူအိုဂန်ခေါ် Naked officials များသည် စွန့်စားရသော အုပ်စု High-Risk Group အဖြစ် သတ်မှတ်ခံရသည်။ အဂတိလိုက်စားမှု အခွင့်အရေး(ခွင်)နှင့် ကြုံကြိုက်သည့်အခါ နိုင်ငံခြားတွင် အမြဲတမ်းနေထိုင်ကြသည်။ ယင်း မိသားစုဝင်များမှ တစ်ဆင့် တရားမ၀င် ငွေစီးကြောင်းများကို လွယ်ကူချောမောအောင် ဖန်တီးယူနိုင်သူများဖြစ် ကြသည်။ အဖမ်းမခံရမီ ပြည်ပသို့ထွက် ပြေးလွတ်မြောက်အောင် ကြိုးစားနိုင်ကြသူများဖြစ်သည်။
အဓိက အကြောင်းရင်းကတော့ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံတွင် စီးနင်းခံရသည့် အဂတိ လိုက်စားမှု အများအပြားသည် ““လူအိုဂန်””ခေါ် Naked Officials အဆက်အသွယ်များနှင့် ဆက်စပ်ဖြစ်ပေါ်နေ ကြောင်း အခြေအနေတွေက ပြဆိုလျက်ရှိသည်။ သာဓကအား ဖြင့် ၂၀၁၂ခုနှစ်တွင် Fengcheng ပြည်နယ် ပါတီအကြီးအကဲ Wan Guogiang သည် ပြည်တွင်းက အကောက်ခွန်ဝန်ထမ်း ဇနီးသည်နှင့်အတူ အမေရိကန် သို့ ထွက်ပြေးသည်။ ကျပ် ၃ဒသမ၂သန်း လက်စားငွေများ ယူဆောင်ထွက်ပြေးပြီးနောက် သမီးဖြစ်သူကို ဆက် သွယ်ခဲ့သည်။
၂၀၁၃ခုနှစ်တွင် ယခင်ဖျက်သိမ်းခဲ့ပြီးဖြစ်သည့် မီးရထားဝန်ကြီးဌာန ဒုတိယအင်ဂျင်နီယာချုပ် Zhaug Shugung လာဘ်စားငွေ ၄၇ ဒသမ ၆ဘီလီယံ ယွမ်ငွေနှင့်အတူ သမီးဇနီးများနှင့် အမေရိကားသို့ ထွက်ပြေးသွားသည်။ အမေရိကားတွင် အိမ်ကြီးရခိုင်နှင့် အတည်တကျ နေထိုင်လျက်ရှိသည်။
လွန်ခဲ့သည့် ၁၀စုနှစ် နှစ်စုအတွင်း တရုတ်အစိုးရအရာရှိ ထောင်ပေါင်းများစွာ သည် လာဘ်စားငွေ ယွမ်ဘီလီယံ နှင့်ချီသည့် တိုင်းပြည်ပိုက်ဆံများကို တရားမ၀င် ယူဆောင်လျက် ပြည်ပသို့ တရားမ၀င် ထွက်ပြေးသွား ခဲ့ကြသည်။ ယူနန်ပြည်နယ် ပါတီအကြီးအကဲဟောင်း တစ်ဦးဖြစ်သူ Gon Yan ၏ လုပ်ရပ်သည် တရုတ်ပြည် အတွက် ငွေကြေးပမာဏ အမြောက်အမြားဆုံးရှုံးရုံမက ပါတီ၏ပုံရိပ်ကိုလည်း အကြီးအကျယ် ထိခိုက်စေ သည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment