လေးစား တင်ပြအပ်ပါသည်။ သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်(၂)လမ်း၊ အိမ်အမှတ် (၁၀၄)နေ ကျွန်မ ဒေါ်တင်အောင်သည် အမှတ်(၁) မြို့မ ဈေးကြီးဝင်း အတွင်းရှိ သံဖြူဇရပ်မြို့နယ် သမ၀ါယမ အသင်းစု လီမိတက်ပိုင် အရောင်းဆိုင် အတွင်းရှိ အကျယ်(၃ပေခွဲ) အရှည်(၁၈ပေ) အား (၁-၆-၁၉၉၃) ရက်မှ (၁၉-၁-၂၀၀၃)ရက်အထိ ““မာလာမြိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆေးဆိုင်””ကို ဖွင့်လှစ် ရောင်းချခဲ့ပါသည်။ (၁၉-၁-၂၀၁၃) ရက်ညတွင် အမှတ်(၁) မြို့မဈေးကြီး မီးလောင်ခဲ့ရာ ကျွန်မ သမအသင်းမှ ငှားရမ်း ရောင်းချခဲ့သော ဆိုင်လည်း မီးလောင်ပါသဖြင့် တန်ဖိုးငွေကျပ် သိန်း ၅၀၀ခန့် ဆုံးရှုံး နစ်နာခဲ့ပါသည်။ ထို့အတွက်ကြောင့် ကျွန်မ၏ မူလနေရာ ဆိုင်ခန်းအား ပြန်လည် ရောင်းချ
ငှားရမ်းခွင့် ပြုပါရန် ၂ ကြိမ် အစီရင်ခံစာ တင်ပြခဲ့ပါ သည်။ သံဖြူဇရပ်မြို့နယ် သမ၀ါယမ အသင်းစုမှ အမှုဆောင်များ ဖြစ်ကြသော ဦးလှမြင့်၊ ဦးမျိုးသိန်း၊ ဦးစိုးတင့်တို့က ကျွန်မကို အစည်းအဝေး(၈)ကြိမ် ရုံးသို့ ခေါ်သည့် အခါမှာလည်း ယင်းဆိုင်ခန်းကို ကျွန်မအား ပြန်ပေးမည် ဟု ပြောခဲ့ပါသည်။ ယခုဈေးသူ/ဈေးသားများမှာ မိမိတို့နဂိုမူလ နေရာများတွင် အသီးသီး ရောင်းချ နေပြီးဖြစ်သော် လည်း ကျွန်မ ဒေါ်တင်အောင်မှာ ဆိုင်ခန်းနေရာကို ယခုအချိန်ထိ မရရှိသေးပါ။
(၁၅-၈-၂၀၁၄) တွင် သံဖြူဇရပ် သမအသင်းစုမှ ဖုန်းဖြင့် အကြောင်းကြား၍ တင်ဒါပုံစံကို ရယူပြီး (၂၈-၈-၂၀၁၄) တွင် လေလံပြုလုပ်မည် ဆိုသည့် အကြောင်းကို သိရှိရပါသည်။ (၁၄-၈-၂၀၁၄) ရက်ထုတ် သတင်းစာ ထဲတွင်လည်း ကြော်ငြာ ထည့်သွင်း လာပါသည်။ ကျွန်မတို့အနေဖြင့် လေလံပြိုင်ဆွဲရန် လုံးဝဆန္ဒမရှိပါ။
ဆိုင်ခန်းငှားရမ်းစဉ် ကာလတွင်လည်း ကျွန်မအနေဖြင့် ငှားရမ်းခငွေ (၄၀၀၀၀ိ)ကျပ်ကို ပုံမှန် ပေးသွင်းခဲ့ပါသည်။ ၁၉၉၃ ခုနှစ် စတင်ငှားရမ်းစဉ် အချိန် ဆိုင်ခန်း ပြုပြင်စရိတ်ကိုလည်း မြို့နယ်သမ ၀ါယမအသင်းနှင့် တစ်ဝက်စီ ကျခံခဲ့သည့်အပြင် (၂၀-၁၀-၂၀၁၂)ခုနှစ် မီးမလောင်ခင်(၃)လခန့် အလိုတွင်လည်း မိမိငွေ (၃၀၀၀၀၀ိ/ကျပ် အကုန်အကျခံ၍ ပြင်ဆင် ထားခဲ့ရပါသည်။
မီးလောင်ပြီး ကာလတွင်လည်း မိမိစရိတ်ဖြင့် ၀ါးတဲထိုး၍ မီးလောင် ထားသော နေရာတွင် ရောင်းချခဲ့ပါသည်။ ယခုအခါတွင် လေလံစနစ်ဖြင့် အပြိုင်အဆိုင် ပြုလုပ်မည်ဆိုပါက ကျွန်မမှာ မီးလောင် ဆုံးရှုံး သွားသည့်ဖြစ်ရပ် ကြောင့် ပစ္စည်းအကြွေးများ ပြန်မဆပ်နိုင်သည့်အပြင် မိသားစု စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရ ပါသည်။
သို့ဖြစ်ပါ၍ ကျွန်မအား မီးလောင် ခံထားရသော ဒုက္ခသည် တစ်ယောက် ဖြစ်သည့်အတွက် သနား ငဲ့ညှာသော အားဖြင့် (၁၄-၈-၂၀၁၄)ထုတ် သတင်းစာပါ တင်ဒါအား ဆိုင်းငံ့ပြီး ကျွန်မအား ဈေးပုံမှန် ရောင်းချနိုင်ရေး အတွက်ကူညီ ဖြေရှင်းပေး ပါရန် လေးစားစွာ မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
ဒေါ်တင်အောင်
သံဖြူဇရပ်မြို့၊ မွန်ပြည်နယ်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/
No comments:
Post a Comment