Saturday, June 27, 2015

ရွေးကောက်ပွဲရက်သေချာမှ ကျင့်ဝတ်စောင့်ကြည့်ရေး ကော်မတီဖွဲ့ကာ စောင့်ကြည်မည်

ရန်ကုန် ဇွန် ၂၇ ။       ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအကျသိရှိရမှသာ ကျင့်ဝတ် စောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းပြီး ပါတီတို့၏ လုပ်ဆောင်မှုများကို စောင့်ကြည့်သွားရန် သဘော တူထားသည်ဟု ပါတီများနှင့် ကျင့်ဝတ်မူကြမ်းရေးစွဲရေး ကော်မတီတို့မှ သိရသည်။

ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒုဥက္ကဌ ဦးစောသန်းမြင့်က "ကျင့်ဝတ်က ဖောက်ပြန်ရင် တရားစွဲ မရဘူး။ အပြစ်မပေးနိုင်ဘူး။ ဒါပေမယ် ကော်မတီက တစ်ဖက် ကိုယ်စားလှယ်တွေ ဟောပြောတာက လွန်ကဲရင် သတိပေးတဲ့အနေနဲ့ဆောင်ရွက်နိုင်မယ်" ဟု ပြောသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကျင့်ဝတ်ကို နိုင်ငံရေးပါတီပေါင်း ၆၇ပါတီက ဇွန်လ ၂၆ရက် ကမာရွတ်မြို့နယ် ၊ နိုဗိုတယ် ဟိုတယ်သို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။  ပြည်ထောင်စု
 ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီပေါင်း ၇၉ပါတီထိ မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည်။

ဖေ့ဘွတ် အကောင့်မလိုဘဲ မက်ဆေ့ပေးပို့သည့် အက်ပလီကေးရှင်းသီးသန့် အသုံးပြုနိုင်ပြီ


လန်ဒန်၊ ဇွန် ၂၇ ။    ။ ကမ္ဘာကျော်လူမှုကွန်ရက် ဖေ့ဘွတ်က ၎င်း၏ မက်ဆေ့ပေးပို့သည့် မိုဘိုင်း App ကို ဖေ့ဘွတ် အကောင့်ရှိ ရန် မလိုဘဲ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားသည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

ပါတီဝင်မဟုတ်သော နိုင်ငံအကျိုးပြုပုဂ္ဂိုလ်များကို NLD ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရန် ဖိတ်ခေါ်မည်


ရန်ကုန်၊ ဇွန် ၂၂

နိုင်ငံအတွက် အမှန်တကယ် အကျိုးပြုနေသော ပုဂ္ဂိုလ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မဟုတ်သော်လည်း NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း NLD

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုမှာ သေနတ် ဒဏ်ရာဖြင့် သေဆုံးခြင်းသာ ဖြစ်ကြောင်း တရားရုံးအမိန့်ချ


ရန်ကုန်၊ ဇွန် ၂၃

အလွတ်တန်း သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်နိုင်ဦး အသတ်ခံရမှု ၉ ကြိမ်မြောက် ရုံးချိန်ကို ဇွန်လ ၂၃ ရက်တွင် ကျိုက်မရောမြို့နယ် တရားရုံး၌ စစ်ဆေးရာ ကိုပါကြီး သေဆုံးမှုသည် တစ်စုံတစ်ယောက်၏

“ နောက်ထပ် တရားစွဲခံပြန်တဲ့ စည်သူအောင်မြင့် ”


ကိုမျိုးသန့်ရေ

ဒီတစ်ပတ်တော့ ပြန်ကြားရေးက အလဲဗင်းကို တရားစွဲတဲ့ ပြဿနာဂယက်အကြောင်း နည်းနည်း ပြောချင် ပါတယ်။ အဲဒါ မပြောခင် မီဒီယာကိစ္စတွေနဲ့လည်း သက်ဆိုင်တဲ့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စ အရင် ပြောပြ ချင်ပါတယ်။ ဒီလ ၊ ဒီ ရက်ပိုင်းတွေဟာ ကျွန်တော် အလုပ် ပိုလုပ်ရတဲ့ ကာလလို့ ပြောရင် ရပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း

မည်သည့်နိုင်ငံတွင်မဆို တိုင်းပြည်စီမံအုပ်ချုပ်မှု ပုံစံများ ရှိကြသည်။ အများစုကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး စီမံအုပ်ချုပ်ကြ သည်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသည်ဟူ၍ပင် ပြောလို့ ရနိုင်ပါသည်။

နိုင်ငံတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသည့်အချက်မှာ တူညီကြသော်ငြားလည်း ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး ကြိုးပမ်းမှု သမိုင်းများကမူ မတူကြပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ကြိုးစားစဉ်ကတည်းက အခြေအနေများသည်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။

တစ်ခါ အတည်ပြု ကျင့်သုံးလက်စ အခြေခံဥပဒေမှာ အခြေအနေနှင့် အချိန်အခါအရ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များ ပြုလုပ်ကြရ သည့် အချက်များတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။ ပြင်ဆင်ရမည့်အချက်များ မတူကြ သလို ပြင်ဆင်ရန်ကြိုးပမ်းကြရ သည့် ကြိုးပမ်းမှုပုံစံများကလည်း မတူကြပါ။

NCA ဆက်လက်ဆွေးနွေမည့် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နှင့် ၀န်ကြီးဦးအောင်မင်းတို့ အလွတ်သဘောတွေ့ဆုံ

 ရန်ကုန်၊ ဇွန် ၂၃
လော်ခီးလာညီလာခံမှ ဖွဲ့စည်းထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ကိုယ်စား လှယ်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အပြီးသတ် လက်မှတ်ရေးထိုးရေး ဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အဆိုပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ ဇွန်လ ၂၂ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ မတ်လ ၃၁ ရက်က အတည်ပြု

ဝှိုက်ကတ် မပါသောကြောင့် ရခိုင်တွင် မဲပေးခွင့်ရှိသူ ၂၂ ရာခိုင်နှုန်းကျော် လျော့ကျ

 စစ်တွေ၊ ဇွန် ၂၂

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ကြေညာထားသည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် အခြေခံမဲဆန္ဒရှင်များ စာရင်းကို ဇွန်လ ၂၂ ရက်က ရခိုင်ပြည်နယ်၌ စတင်ကြေညာခဲ့ရာ ယာယီ သက်သေခံ လက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပေးတော့သည့် အတွက် ၂၀၁၀ ပြည့်နှစ်ထက် ဆန္ဒမဲပေးခွင့်ရှိသူ ၂၂ ရာခိုင်နှုန်းကျော် လျော့ကျ သွားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက Rakhine News Agency သို့ ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် ၁၇၆၉၄၀၆ ဦးရှိခဲ့ပြီး၊ ယခု ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက်မှာ ၁၃၆၉၂၅၆ ဦးဖြင့် လူဦးရေ ၄သိန်းကျော် လျော့နည်း သွားကာ၂၀၁၀ပြည့်နှစ်

အသုံးမပြုဘဲထားသော ပြည်သူပိုင်သိမ်း အဆောက်အအုံနှင့် တိုက်ခန်းများ ပြန်ပေးနိုင်ပါက ပြန်ပေးရန် ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌ မေတ္တာရပ်ခံ

 ရန်ကုန်၊ ဇွန် ၂၃
တော်လှန်ရေးကောင်စီ လက်ထက်ကတည်းက ပြည်သူပိုင် သိမ်းထားပြီး ယခုအချိန်အထိ အသုံးပြုခြင်း မရှိသော အဆောက်အအုံနှင့် တိုက်ခန်းများ အား ပြန်လည် တောင်းခံလာသည့် မူလပိုင်ရှင်များကို ပြန်ပေးနိုင် ပါက ပြန်ပေး ရန် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဇွန်လ ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြား လိုက်သည်။

အသုံးမပြုဘဲ ထားရှိသော ပြည်သူပိုင် သိမ်းခံထားရသည့် အဆောက်အအုံနှင့် မြေများကို ပြန်ပေးရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မလှိုင်မြို့နယ် ကိုယ်စားလှယ် ဦးအေးမောင်က မေးမြန်းခဲ့ရာ လာရောက် ရှင်းလင်းသူ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းထွန်းက လက်ရှိ အစိုးရလက်ထက်တွင် ဥပဒေအရ လွှဲပြောင်းပေးရန် မရှိဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပေးရာတွင် မူလသက်ဆိုင်သူ (သို့မဟုတ်) ပိုင်ဆိုင်သူကိုယ်တိုင် ဦးစွာ ၀ယ်ယူခွင့် ရရှိရေးကိုသာ သမ္မတက လမ်းညွှန်ထားသဖြင့် ပြန်လည် လွှဲအပ်ရန်

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ၏ နောက်ကြောင်းပြန် ဝေဖန်ရေး မလုပ်ရန် ပြောဆိုမှုပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းဝေဖန်

 ရန်ကုန်၊ ဇွန် ၂၄

စစ်အစိုးရလက်ထက် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က မီဒီယာများ အနေဖြင့် နောက်ကြောင်းပြန် ဝေဖန်ရေးမလုပ်ရန် ဇွန်လ ၂၂ ရက်က မရမ်းကုန်း အထက ၁ ကျောင်း၌ ပြုလုပ်သော မူးယစ် တိုက်ဖျက်ရေး အကြိုလှုပ်ရှားမှု အခမ်းအနား၌ ပြောကြားမှုအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက ဇွန်လ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ယခင်စစ်အစိုးရ လက်ထက်၌ စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင် ရခြင်းဖြစ်ပြီး ယနေ့ဒီမိုကရေစီစနစ်၌ နောက်ကြောင်းပြန် ဝေဖန်ရေး လုပ်ပါက တိုင်းပြည် တိုးတက်မည် မဟုတ်ကြောင်း DVB သတင်းဌာန၏ မေးမြန်းမှုနှင့် ဆက်စပ်၍ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအတွက် အထူးရဲတပ်ဖွဲ့ဝင်များ ခေါ်ယူ

သပိတ်မှောက်ကျောင်းသားများအား မတ်လ ၁၀ ရက်က လက်ပံတန်း၌ အကြမ်းဖြိုခွဲမှု မစတင်မီ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ Photo by BBC

မဲပေးခွင့်ရှိသူစာရင်း မှားယွင်းမှုများအား ရက်အကန့်အသတ် မထားဘဲ ပြင်ဆင်မှုများလုပ်ဆောင်ရန်

မဲပေးခွင့်ရှိသူစာရင်း မှားယွင်းမှုများအား ရက်အကန့်အသတ် မထားဘဲ ပြင်ဆင်မှုများလုပ်ဆောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားထား၊ ဧရာတိုင်းအတွင်း မဲစာရင်းများအား တစ်ရွက်ချင်း မဟုတ်ဘဲ အထပ်လိုက်ကပ်ထားမှုများရှိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုသိမ်၊ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်/ရပ်ကွက်/ ကျေး ရွာများ၌ ဇွန်လ(၂၂)ရက်နေ့မှ စတင်၍ ၂ဝ၁၅ ခုနှစ် ပါတီစုံ အထွေ ထွေရွေးကောက်ပွဲအတွက် ရှေ့ပြေး မဲစာရင်းများ ကပ်ထားပေးလျက်ရှိရာ မူလသတ်မှတ်ထား သည့် (၁၄) ရက်အတွင်း သာမကဘဲ ရက်အကန့်အသတ်မရှိ ဆက်လက်ကပ်ထားပြီး ပြင်ဆင် မှုများအား လက်ခံဆောင် ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ပြည်နယ်နှင့်တိုင်းဒေသကြီးရွေးကောက် ပွဲ ကော်မရှင် အသီးသီးသို့ ဇွန်လ

ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရန် အရေးနိမ့်သွားပြီးနောက် အမေရိကန်က မြန်မာစစ်တပ်၏ ဗီတိုအာဏာကို ဝေဖန်


ရန်ကုန်၊ ဇွန်-၂၆ ။    ။ မြန်မာစစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်အုပ်စုက အရေးကြီးသည့် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပြောင်းလဲမှု များကို ပယ်ချလိုက်ပြီးနောက်တစ်ရက်တွင် ထိရောက်သည့် ဥပဒေပြုမှု ဗီတိုအာဏာကို မြန်မာစစ်တပ်က ကိုင်စွဲထားသည်မှာ ဒီမိုကရေစီမကျကြောင်း

ပိုက်နက်ကျူးလွန်မှုဖြင့် အင်န်အယ်လ်ဒီပါတီဝင်နှစ်ဦး နေပြည်တော်တွင် အမှုဖွင့်ခံရ

နေပြည်တော်၊ ဇွန် ၂၆ ။        ။ မဲစာရင်းလိုက်လံကောက်ယူစဉ် ပိုင်နက်ကျူးလွန်မှုဖြင့် ပါတီဝင်နှစ်ဦး အမှုဖွင့်တိုင်ကြားခံထား ရကြောင်း ဇမ္ဗူသီရိမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဖြစ်သူ ဦးဆွေက ဇွန် ၂၆ရက်၊ ညနေပိုင်းက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ဇွန် ၁၈ ရက်က ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲစာရင်းလိုက်လံကောက်ခဲ့သည့် ပါတီဝင်နှစ်ဦးမှာ မဲစာရင်းကောက်ယူအပြီး နှစ်ရက်အကြာတွင် ပိုက်နက်ကျူးလွန်မှုဖြင့် အမှတ် (၁)ရဲစခန်းတွင် အမှုဖွင့်ခံရခြင်းဖြစ်သည်။

တရားစွဲခံရသူနှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ရွှေကြာပင်ရပ်ကွက်၏ မဲစာရင်းစိစစ်ရေးကော်မ တီဝင် ဦးစိန်မောင်မြင့်နှင့် ရပ်/ကျေးဥက္ကဋ္ဌဖြစ်သူ ဦးတင်ဌေးတို့ ဖြစ်သည်။

နိုင်ငံရေး မူဘောင်နှင့် ပတ်သက်ပြီး UNA နှင့် UNFC အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ကျင်းပ

ချင်းမိုင် ၊  ဇွန်  ၂၆ ။      ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ်အခတ် ရပ်စဲပြီးနောက်ရေးဆွဲ မည်ဖြစ်သော နိုင်ငံရေး မူဘောင်နှင့်ပတ်သက်၍ တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်ရုံဆွေး နွေးပွဲ  နှစ်ရက်ကြာ ကျင်းပခဲ့သည်ဟု UNA အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောသည်။

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ပြုလုပ်ခဲ့သော အလုံရုံဆွေးနွေးပွဲတွင် UNA အဖွဲ့ဝင် ၁၂ ဦးနှင့် UNFC အဖွဲ့ဝင် ၈ ဦးတို့ တက်ရောက်ခဲ့ပြီး UNFC ၏ မဟာမိတ်အဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည် ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရခြင်းအမျိုးမျိုး အဆုံးသတ်ရေးနေ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံတွင် ကျင်းပ

မြန်မာနိုင်ငံတွင်  ပထမဆုံး အပြည်ပြည် ဆိုင်ရာညှင်းပန်းနှိပ်စက်ခံရခြင်းအမျိုးမျိုး အဆုံးသတ်ရေးနေ့ ကျင်းပ။ ဓါတ်ပုံ - နောင်လေး
ရန်ကုန်  ဇွန် ၂၆ ။    ။ ပြီးခဲ့သည့် စစ်အစိုးရလက်ထက်နှင့် ယနေ့အချိန်ထိ အဆုံးမသတ်နိုင်သေးသော ညှင်းပန်း နှိပ်စက်ခံရခြင်း အမျိုးမျိုးရပ်တန့်စေရန် ရည်ရွယ်ကာ ကျင်းပသည့် မြန်မာနိုင်ငံ၏  ပထမဆုံး ‘အပြည်ပြည် ဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရခြင်း အမျိုးမျိုး အဆုံးသတ်ရေးနေ့’ ကို 

KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ချင်းမိုင်၊ ဇွန်  ၂၆  ။     ။ ဇွန် ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုများကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ကြောင်း KIO ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူး ဂမ်ဘားက ပြောသည်။

၎င်းက “ဒီနေ့က ကေအိုင်အိုရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါနဲ့ လုပ်ဆောင်ချက်တွေနဲ့ သမိုင်းတွေကို ဟောပြောတယ်။ ဒီနေ့ ကချင် လူမျိုးတွေ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတဲ့အကြောင်းတွေ အားလုံးပါဝင် တိုက်ဖျက်ကြဖို့ ဟောပြောခဲ့တယ်၊ ပြခန်းတွေပြ တယ်၊ ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါး မီးရှုံ့ဖျက်ဆီးတယ်”ဟု  ပြောသည်။ 

လိုင်ဇာရှိ ဘော်ဒါဆောင် အနီးလက်နက်ကြီးကျည် ကျရောက်


ချင်းမိုင်၊ ဇွန်လ ၂၆  ။       ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဗဟို ဌာနချုပ် လိုင်ဇာမြို့ရှိ ကျောင်းသားများ နေထိုင်နေသော ဘော်ဒါ ဆောင်အနီး အစိုးရ တပ်မတော် အခြေချသော

၂၀၀၇ ခုနှစ်အတွင်းက ရွှေတိဂုံဘုရားပေါ်တွင်ဝတ်ပြုဆုတောင်းခဲ့သည့်အမှု အတွက် ဒေါ်နော်အုန်းလှကို အလုပ်နှင့် ထောင်ဒဏ် ခြောက်လချမှတ်

လက်ပံတောင်း စီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြသည့် ဗိုလ်ကြီး (ဟောင်း) နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအဝင် ငါးဦးကို ဒဂုံမြို့နယ်တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌ ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူများက ယင်းလုပ်ရပ်အပေါ် ကျေနပ်မှု မရှိဟုဆိုကာ အော်ဟစ်ကာ တရားရုံးရှေ့တွင် ပစ်လှဲကာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ဖွဲ့စည်းပုံအခြေခံဥပဒနှင့် ဆန်ကျင့်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေခုနှစ်ခု ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်အတည်ပြု

နေပြည်တော်၊ဇွန်၂၆ ။ ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဥပဒေ ခုနှစ်ရပ်အားပြင်ဆင် သည့် ဥပဒေကြမ်းခုနှစ်ခု တွင်ဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းအစား ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်း ဆိုသည့် စကားရပ်အား ယနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုဆွေးနွေးလိုက်သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက “ ပြင်ဆင်တဲ့ အပိုဒ်နဲ့မူလအပိုဒ်နဲ့ကွာခြားချက် စကားရပ် တစ်လုံးထဲဖြစ်ပါ တယ်။ အဲဒါကတော့ပါတီဖြစ်ပါတယ်။ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ ရွေးကောက် ပွဲစည်းရုံးရေးဆိုတာ အများကြီးကွာခြားပါတယ်” ဟု  ဆွေးနွေးသည်။

နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းသည် ပါတီအောက်တွင် မဲဆွယ်စည်းရုံးခြင်းကို ပြုလုပ်ဆောင် ရွက်နိုင်သော်လည်း၊ လက်ရှိအစိုးရအဖွဲ့၏ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊

ဗဟိုဆာဗာအတွင်း အခြေခံမဲစာရင်း ၂၉သန်း ရောက်ရှိနေပြီဟု ဦးတင်အေးပြော


ရန်ကုန် ဇွန် ၂၆ ။        ။ ၂၀၁၄ခုနှစ် နိုဝင်ဘာမှ စတင်ပြုစုသည့် အခြေခံမဲဆန္ဒရှင် ပေါင်း ၂၉ သန်းထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နေပြည်တော် ဗဟိုဆာဗာ

Friday, June 26, 2015

ရခိုင်ပြည်နယ် ရေကြီးမှုများ အခြေအနေ ပိုဆိုးရွားလာ

ဇွန် ၂၆ ညနေ သံတွဲမြို့ ရေကြီးနေပုံ ( ဓာတ်ပုံ - ကိုဆောင်းသစ်)
ရန်ကုန်၊ဇွန် ၂၆ ။     ။ ရခိုင်ပြည်နယ် သံတွဲ၊ စစ်တွေ၊ မောင်တောနှင့် ကျောက်တော်မြို့များတွင် မိုးကြီးသဖြင့် မြစ်ချောင်းများ မှ ရေကြီးရေလျှံမှုကြောင့် ရေးဘေးဒုက္ခသည် တစ်ထောင်ခန့် အကူအညီလိုအပ်လျှက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် မြေဝယ်နေမှုကို ဟန့်တားသည့် ဒေသခံ ၂၆ ဦး တရားစွဲခံရ

 ရန်ကုန်၊ ဇွန် ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ၊ အံဒင်ကျေးရွာတွင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန်အတွက် ဝင်းရောင် ခြည်ဦး ကုမ္ပဏီက နှစ်ကလုပ်ကျေးရွာနေ ဦးသာဌေး ပိုင်ဆိုင်သည့် မြေ ၁၁ ဧကကို ဝယ်ယူရာ တွင်ကန့်ကွက် ခဲ့ကြသော နှစ်ကလုပ်ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးအောင်မြင့်ရှိန်းအပါအဝင် ၂၆ဦးကို မေ ၂၆ရက်က ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (Y.S.S) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ဇွန်လ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ကျောက်မီးသွေးစက်ရုံအတွက် မြေနေရာများ ဝယ်ယူရာတွင် ကန့်ကွက်ခဲ့သော ဦးအောင်မြင့်ရှိန်း အပါအဝင် ၂၆ ဦးကို ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၅၁ သာမန်လက်ရောက် မှုနှင့် ပုဒ်မ ၅ဝ၆ ခြိမ်းခြောက်မှုတို့ ဖြင့် တရားလို ဦးသာဌေးက ရေး မြို့နယ် ရဲစခန်းသို့ မေလ ၂၆ ရက်တွင် အမှုဖွင့် တိုင်ကြား ထားခြင်းဖြစ်ပြီး ဇွန် ၂၃ရက်တွင် အမှုအားစတင်စစ်ဆေးနေပြီဖြစ်သည်။…

ပုဒ်မ ၄၃၆ ပြင်ဆင်မှု ရှုံးခြင်းမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြသောကြောင့်ဟု ဒေါ်စု ပြော


နေပြည်တော်၊ ဇွန် ၂၅ ။      ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအဖြစ် ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် သုံးရက်တာ ဆွေးနွေးပြီး လျှို့ ဝှက်မဲပေးစနစ်ဖြင့် ယနေ့ မဲခွဲဆုံးဖြတ်သည့်အခါ ပုဒ်မ ၅၉(ဃ) ပါ

နီပေါငလျင်အတွက် သီတဂူဆရာတော်က ကန်ဒေါ်လာ သုံးသောင်းလှူဒါန်း


ရန်ကုန်၊ ဇွန် ၂၅ ။    ။ မေလအတွင်းက အင်အားပြင်းမြေငလျင်တစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည့် အတွက် နီပေါငလျင်အတွက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက  အမေရိ ကန်ဒေါ်လာ သုံးသောင်း ကို ဇွန်၂၅ ရက်က ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးတွင်  လှူဒါန်းခဲ့သည်။

ပုဒ်မ ၄၃၆ (က) ကို မဲခွဲသည့်နေ့တွင် ခွင့်တိုင်သည့် အမတ်များ

ဇွန် ၂၅ ရက်။ ပြည်ထောင်စုလွှတ်တော်၌ ပုဒ်မ ၄၃၆ အား ပြင်မပြင် မဲပေးနေကြစဉ်။ မဇ္ဈိမ။

နေပြည်တော်၊ ဇွန် ၂၅ ။      ။ ပုဒ်မ ၄၃၆(က)ကို မဲခွဲဆုံးဖြတ်သည့် ဇွန်လ ၂၅ရက်တွင်
 ပြည်ထောင်စုလွှတ်တော်အမတ်စုစုပေါင်း ၆၃၃ဦးရှိသည့်အနက် လွှတ်တော်အမတ် ၅၀ဦးမှာ ခွင့်တိုင်ကြားကာ လွှတ်တော်သို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

ဖွဲ့စည်းပုံ ပြင်ရန် မဲခွဲ ဆုံးဖြတ်ရာ သမ္မတ အရည်အချင်း သတ်မှတ်ချက်တွင် စစ်ရေး အမြင်အစား ကာကွယ်ရေး အမြင် ပြောင်းလဲသည့် ပုဒ်မတစ်ခုသာ အနိုင်ရ

နေပြည်တော်၊ ဇွန် ၂၅ ။     ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပုဒ်မ ခြောက်ခုအား ဇွန် ၂၅ ရက်၌ ပြည်ထောင်စုလွှတ်တော်တွင် လျိုဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ) တွင် စစ်ရေး အမြင် ရှိရမည် ဆိုသည့် အစား ကာကွယ်ရေးအမြင် ဟူ၍ ပြောင်းလဲသည့်ပုဒ်မတစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်းနှုန်းကျော်သည့်အတွက် ပြုပြင်ရန် အနိုင် ရရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ပုဒ်မ၅၉(ဃ)ပြင်ဆင်ဖို့အတွက် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော်သည့် အတွက် ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေငြာပါတယ်”ဟု ကြေငြာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်  စုစုပေါင်း ၆၃၃ ဦး ရှိပြီး မဲပေးသူစုစုပေါင်း ၅၈၃ ဦးသာရှိသည်။ ကြိုတင်ခွင့်ယူထားသူ  လွှတ်တော်ကိုယ်စားလှယ်  ၃၅ ဦး ယနေ့ခွင့်ယူသူ ၁၅ ဦးအပါအ၀င် စုစုပေါင်း ၅၀ ဦးခွင့်ယူထားသည်။

ကမာရွတ်မြို့နယ်တွင် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသားများ၏ အမှု တရားလိုကိုစတင်စစ်ဆေး

ရန်ကုန် ဇွန် ၂၅ ။     ။ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည်လမ်းတစ်လျှောက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် အတွက်အမှုဖွင့်တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုနန္ဒစစ်အောင်၊ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူး၏အမှုအတွက် တရားလိုကို ဇွန် ၂၅ ရက်တွင် စတင်စစ်ဆေးခဲ့သည်။

အမှုအတွက်ဗကသကျောင်းသား ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုဂျိမ်းစ်၊ မပိုပိုနှင့် ကိုဝင်းကျော့မှူး တို့ခြောက်ဦးကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်းနှင့် ကိုဂျိမ်းစ်တို့ကိုဖမ်း ဆီးရမိခြင်းမရှိသေး၍   မျက်ကွယ်စစ်ဆေးခြင်းဖြစ်သည်။

၎င်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အပါအ၀င် လူစုလူဝေးဆိုင်ရာပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ စသည့်ပုဒ်မများဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ၁၀ ကြိမ်မြောက်ရုံးချိန်းတွင် အမှု၏တရားလိုဖြစ်သူ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကိုစစ်ဆေးခြင်းဖြစ်သည်။

လက်ပံတောင်းတောင် အရေး ဆန္ဒဖော်ထုတ်သူ ငါးဦးကို လသာတရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်

ရန်ကုန်၊ ဇွန် ၂၅ ။          ။ လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့်  ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအ၀င်  ဆန္ဒပြတောင်းဆိုသူ ငါးဦးကို လသာတရားရုံး ငါးကြိမ်မြောက် ရုံးချိန်တွင် တရားလိုပြသက်သေ စစ်ဆေးပြီးနောက်  ဇွန် ၃၀ ရက်ကို  ထပ်မံချိန်းဆိုလိုက်သည်ဟု  ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က မဇ္ဈိမကိုပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သည့်  ဦးနေမျိုးဇင်၊ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုန်းလှ၊ ဦးသန်းဆွေ၊ ဦးဘမြင့် တို့ကို  ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကိုတင်ထွဋ်ပိုင်က  " ဒီမိုကရေစီ အစိုးရက ဆန္ဒပြခြင်းကို လက်ခံယူနိုင်ခြင်း မရှိသေဘူး။ တောင်း ဆိုသူတွေကို  လိုက်လျှောခြင်း မရှိပဲ၊တရားစွဲဆိုတာက မှားယွင်းနေတယ်လို့မြင်တယ်"ဟု  ပြောသည်။

ထိုင်းနိုင်ငံက မဘသ ရေဒီယိုအသံလွှင့်နိုင်ရန် ကူညီမည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမတစ်ဦး ထိုင်းနိုင်ငံသား ၆ ဦးတို့မှ ကားတင်ပြေးပြီး အဓမ္မကျင့်သည့်ကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ်ရှီ ဗိုလ်စိန်မှန်အားကစားကွင်းတွင် မျိုးချစ်လူငယ်များနှင့် သံဃာတော်များ ၂၀၁၅ ခုနှစ် ဂျွန်လ ၁၆ ရက်က ဆန္ဒထုတ်ဖော်နေကြသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

Thursday, June 25, 2015

ပြည်သူတို့အကျိုး ဦးတည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေရေး


လွှတ်တော်ထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့် မပြင်ဆင်သင့်၊
 ပြင်မယ်ဆိုရင်လည်း ဘယ်ပုဒ်မတွေ ပြင်သင့်၊ မပြင်သင့်၊ ပြီးတော့ ဘာ့ကြောင့် ပြင်သင့်၊ မပြင်သင့် ဆွေးနွေးငြင်းခုန်ကြတာ ကောင်းပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူတွေက
 ရေးဆွဲရသလဲ။ မူလသဘောသဘာဝအရ ဆိုရင်တော့ ဒီတိုင်းသူ ပြည်သားတွေ ကပဲ ရေးဆွဲရတာပါပဲ။

ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ရေးဆွဲကြရတာ ပါပဲ။ ဒီနေရာမှာ စဉ်းစားစရာ ရှိတဲ့အချက်က ပြည်သူတွေ ကိုယ်တိုင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့် ဥပဒေတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့၊ ကာကွယ်တဲ့ ဥပဒေတွေ ဖြစ်နေစေမှာလည်း မလွဲပါဘူး။

ဒီလို အခြေခံဥပဒေမျိုးက ကြာရှည်ခံပါတယ်။ တချို့တိုင်းပြည်တွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နှစ် ၅၀၊ နှစ်တစ်ရာ တိုင်သည့်တိုင် အဓိကကျတဲ့ ဥပဒေတွေကို ပြန်ပြင်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါဟာ

ပုဒ်မ ၅၉ (ဃ) မှ လွဲ၍ ပုဒ်မ ၄၃၆ နှင့် ၅၉(စ) အပါအ၀င် ကျန်ပုဒ်မများ ပြင်ဆင်ရန် ရှုံးနိမ့်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်နေသည်ကို တွေ့ရစဉ် ။ (ဓါတ်ပုံ - မောင်သင်တုန်း၊ မဇ္ဈိမ)

ဆိုက်ဘာ ဥပဒေ အတိအကျပြဌာန်းမှသာ ဆိုက်ဘာပြစ်မှုများကို အရေးယူနိုင်လိမ့်မည်ဟု MMCERT ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း၌ ဆိုက်ဘာ ဥပဒေကို အတိအကျပြဌာန်းရန် လိုအပ်နေပြီး ယင်းကဲ့သို့ ပြဌာန်းပြီးမှသာ ဆိုက်ဘာ ပြစ်မှုများကို အရေးယူနိုင်လိမ့်မည်ဟု Myanmar Computer Emergency Response Team (MMCERT) ၏  အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးရဲကျော်သိန်းက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်ပြီး MMCERT ကို အကူအညီတောင်းခံ မှုများတွင် ပုဂ္ဂလိက အကူအညီတောင်းခံမှု လေးခုခန့်ရှိပြီး အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့ရသည့် နာမည်ကျော် ရုပ်ရှင်ဇာတ် ကားတစ်ကားလည်း ပါဝင်ခဲ့သည်။

ဝန်ကြီးဌာနများဘက်မှ အကူအညီတောင်းခံမှုများလည်းရှိနေပြီး သမ္မတရုံး ၀က်ဘ်ဆိုက် အပါအ၀င် စုစုပေါင်း အကူအညီတောင်းခံမှု ၁၅ ခုခန့်ရှိသည်ဟု ဦးရဲကျော်သိန်းက ဆိုသည်။

တိုင်ဖွန်းမုန်တိုင်း KUJIRA ၏အရှိန်ကြောင့် မြန်မာတွင် မုတ်သုံလေအားကောင်းပြီး ဇွန် ၂၇ ရက်အထိ မိုးကြီးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်ဖွန်းမုန်တိုင်း KUJIRA သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ပြီးနောက် ၎င်းမုန်တိုင်း၏ အရှိန်ဖြင့် မြန်မာနိုင်ငံတွင် မုတ်သုန်လေအားကောင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဇွန် ၂၇ ရက်အထိ မိုးကြီးနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးလှထွန်းက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မုတ်သုန်လေအားကောင်းပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီ အတွင်း မိုးကြီးနိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုများ၊မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများသည် မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှုများ
 ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ပြင်တယ်ဆိုတာ ထိထိရောက်ရောက် ပြင်မှ အဓိပ္ပါယ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ကျင်းပနေရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းနေ့ နေ့လည်တွင် အမျိုးသား ဒီမိုကရေစီ

အခြေခံဥပဒေ ပြင်နိုင်ရန် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေထံ တင်ပြသင့်ဟု ချင်းအမတ် အကြံပြု


နေပြည်တော် (မဇ္ဈိမ)။ ။ ပြင်ဆင်ရန် ခက်ခဲနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ကို အလွယ်တကူ ပြင်ဆင်လိုပါက ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေထံ တင်ပြသင့်သည်ဟု ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးကျန်ခဲန်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

အနည်းဆုံးလုပ်ခကြေးငွေကို တစ်နေ့လျှင် ကျပ် ၃၂၀၀ နှင့် ၄၀၀၀ ကြားပေးမည်ဟုဆ

အနည်းဆုံး လုပ်ခ  လစာနှင့်  ပတ်သက်ပြီး အမျိုးသား အဆင့် ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ UMFCCI တွင် ကျင်းပပြုလုပ်ရာ တက်ရောက် ဆွေးနွေးသည့် အလုပ်သမား နှင့် အလုပ်အကိုင် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်နှင့် သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဇော်ဦး။ (ဓါတ်ပုံ - ခင်မြတ်မြတ်ဝေ၊မဇ္ဈိမ)

ပုဒ်မ၄၃၆(က)ကို မဲခွဲချိန်တွင် ကိုယ်စားလှယ် အားလုံး လွှတ်တော်တက်ကြရန် ဦးရွှေမန်းတိုက်တွန်း

နေပြည်တော်၊ ဇွန် ၂၄ ။        ။ အခြေခံဥပဒေ၏ အရေးကြီးသော ပုဒ်မတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင် သည့်ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)အား တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ကြမည့် ဇွန်လ ၂၅ရက်တွင် လွှတ်တော်အစည်း အဝေးသို့ လွှတ်တော် ကိုယ်စားလှယ် များ စုံညီစွာတက်ရောက်ကြရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်းထားသည်။

 အဆိုပါ ပုဒ်မအား သုံးရက်ကြာဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ကြမည့်နေ့တွင်  ကိုယ်စားလှယ် အားလုံး လွှတ်တော်သို့ တက်ရောက်ကြရန် ဇွန်လ ၂၄ရက်တွင် သူရဦးရွှေမန်းက တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

 ယင်းပုဒ်မအား ဇွန် ၂၃ရက်နှင့် ၂၄ရက်တို့တွင် လွှတ်တော်အမတ် ၃၂ဦး ဆွေးနွေးခဲ့ကြပြီးဖြစ်ကာ ဇွန် ၂၅ရက်တွင် လွှတ်တော် အမတ် ငါးဦးတို့ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။

အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာ ပြောစမှတ်တွင် ကျန်သည်ဟု Larry Jagan ဆို

ဇွန် ၂၃ရက်က ရန်ကုန်မြို့ အောက်ပုဇွန်တောင်မြို့နယ် ၅၁လမ်းရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတွင် ပြုလုပ်သည့် ‘  ၂၀၁၅  အထွေထွေရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများ ဟောပြောပွဲ’တွင် တွေ့ရသည့်  Mr.Larry Jagan ။ ဓါတ်ပုံ ထက်ထက်အောင်။

ရွေးကောက်ပွဲ မကျင်းပမီ ဖွဲ့စည်းပုံပြင်ခြင်းနှင့် အပစ်ရပ်ရေး ဆောင်ရွက်သင့်ဟု TNLA အထွေထွေ အတွင်းရေးမှုးဆို

ချင်းမိုင်၊ ဇွန် ၂၄ .။     ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သင့်သည်ဟု  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားဘုန်းကျော်က  ဇွန်လ ၂၄ ရက်တွင် ပြောဆိုလိုက်သည်။

၎င်းက “ ကျွန်တော်တို့ အဓိက  နှစ်ခုထောက်ပြထားတာပါ။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုတယ်။ ပြီးတော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ လိုတယ်။ အဲဒါ မလုပ်ဘဲရွေးကောက်ပွဲလုပ်ပြီး ထပ်တက် လာမယ်ဆိုရင် ဒါက တကယ်တိုးတက်တဲ့ နိုင်ငံရေး အပြောင်းအလဲမှု ဖြစ်မှာ မဟုတ်ဘူး။ ပြည်တွင်း စစ်လည်း ထပ်ဖြစ်အုန်းမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ထောက်ပြတာပါ”ဟု  ပြောသည်။ 

ပြည်ခိုင်ဖျြိးပါတီကို မဲပေးမည့် တစ်နိုင်ငံလုံးမှ ပြည်တွင်းရွှေ့ပြောင်း မဲဆန္ဒ ရှင်စာရင်းများ ပြုစု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို ပဲခူးမြို့ ရွှေမော်ဓေါ ကွင်းတွင်ဒီဇင်ဘာလ ၂၃ရက်နေ့က ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက်ခဲ့ပြီး တိုင်းအတွင်းမှ လယ်သမား ၇ထောင်ခန့်တက်ရောက်ခဲ့ကြသည်။

Wednesday, June 24, 2015

လှေစီးရွှေ့ပြောင်းများကို ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ထောင် ၅ နှစ်ချ လူကုန်ကူးမှုဖြင့်လည်း တရားစွဲထား


ဇွန် ၂၄  ။       ။ လှေစီးဒုက္ခသည်များကို တင်ဆောင်လာသည့် မြန်မာနိုင်ငံသား သင်္ဘောသား ၂၀ ဦးကို ဇွန် ၂၃ ရက်တွင် မောင်တောမြို့နယ် တရားရုံးက ထောင်ဒါဏ် ငါးနှစ်စီ ချမှတ်လိုက်သည်။

သူရဦးအောင်ကိုရဲ့ လွတ်မြောက်လမ်း

မေ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပုသိမ်မြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု  အက်ဥပဒေကို ဖျက်သိမ်းပေးဖို့ အဆိုတင်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီဥပဒေတွေဟာ လုံခြုံရေးနဲ့ ပြည်တွင်း တည်ငြိမ်ရေးကို အဓိကထားတဲ့ ဥပဒေတွေမို့ မဖျက်သိမ်း သင့်ကြောင်း ပြန်လည်ဆွေးနွေးပါတယ်။ လွှတ်တော်ထဲ မဲခွဲလိုက်တော့ အဲဒီအဆို မဲရှုံးသွားပါတယ်။ အရင်တုန်းကလည်း ဒီဥပဒေကို ပြင်ဖို့ ကြိုးစားခဲ့ကြဖူးပေမယ့် အခုလိုပဲ မဲခွဲရင် ရှုံးသွားတာပါပဲ။ (ခုတစ်ခါ ရှုံးတဲ့မဲက ထောက်ခံ ၂၆၅ မဲနဲ့ ကန့်ကွက်မဲ ၅၀ တဲ့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းဖို့ မဆိုထားနဲ့၊ ၂၀၀၈ မတိုင်မီ ရှိနှင့်တဲ့ ဖိနှိပ်ရေး ဥပဒေ အထွေထွေတွေ ကိုတောင် ဖယ်ရှားနိုင်တာ မရှိသေးပါဘူး။ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေ ဆိုလို့ကတော့ ကိုလိုနီ စရိုက်ဆိုးကို ဖျောက်ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောနေတဲ့ကြားထဲကကိုပဲ အင်္ဂလိပ် ဖိနှိပ်ရေးဥပဒေတွေကို ကိုယ့်ဘာသာကိုယ် ဆက်လက်ထိန်းသိမ်း

တရားသဘောနည်းနဲ့သာ လုံခြုံရာကို ရှာကြပါ

ဗုဒ္ဓတ ရားတော်အရ ဆိုလျှင်တော့ မိမိရဲ့လုံခြုံရာဆိုသည်မှာ မိမိရဲ့ ကိုယ်စိတ်နှစ်ပါး သီလမြဲအောင် ကျင့်ကြံနေထိုင်ခြင်းမှ တစ်ပါး အခြားမရှိလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ခြောက်ဆယ်နီးပါး ကာလ အတွင်း လူတချို့ဟာ မှားယွင်းတဲ့ လုံခြုံရာရှာနည်းကို အားပြုခဲ့ကြပါတယ်။

သူတို့ဟာ ဥစ္စာဓနတွေ မဆန့်ရင်ကာ ရှာဖွေစုဆောင်းတဲ့နည်း၊ အခွင့်အာဏာတွေ လွန်ကဲစွာ ကိုင်စွဲထားတဲ့နည်းနဲ့ ကိုယ့်ကို ဆန့်ကျင်တယ်လို့ ထင်ရသူအားလုံးအပေါ် အမုန်းစိတ်၊ လက်စားချေလိုစိတ်၊ အမြစ်ပြတ် ချေမှုန်းလိုစိတ်တွေအပေါ် ရပ်တည်ဆောင်ရွက်တဲ့ နည်းတွေနဲ့ ကျင်လည်ရပ်တည်ခဲ့ကြပါတယ်။ တကယ်တော့လည်း ဒီလိုနည်းတွေနဲ့ မိမိတို့ရဲ့လုံခြုံရာကို တကယ်ကော ရှာဖွေလို့ ရနိုင်ကြပါရဲ့လား။ မိမိတို့ဘဝ ဒီနည်းနဲ့ တကယ်ကော လုံခြုံသွားကြပြီလား။ လုံခြုံရာအစစ်ကို အဲသလိုနည်းတွေနဲ့ ရအောင်ရှာလို့ ရနိုင်ခဲ့ကြရဲ့လား။ စဉ်းစားစရာတွေချည်းပါပဲ။

မနေ့တနေ့ပဲ အရင် စစ်အာဏာရှင် လက်ထက်က လက်စွမ်းအထက်ဆုံးလို့ တိုင်းပြည်က သိထားတဲ့ အာဏာရှင်ဟောင်း တစ်ယောက်က ယခင်အဖြစ်အပျက်ဟောင်းတွေကို မရေးဖို့ ခြိမ်းခြောက်သလိုလို

အင်န်စီအေတွင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်းအား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အစည်းအဝေးတွင် မတ်လ ၁၇၊ ၂၀၁၅ ခုနှစ်က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြောကြားနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

အရေးပေါ်အခြေအနေတွင် တပ်ချုပ်အား ဥပဒေကျော်လွန် လုပ်ဆောင်ခွင့် မပြုရန် အင်န်အယ်လ်ဒီ အဆိုပြု


နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များမှ ပုဒ်မ ၄၁၈ (ခ) ပါ  “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ” ဟူသော စကားရပ်နှင့် ထိုစကားရပ်ကို ပြည်ခိုင်ဖြိုးပါတီက ပြန်လည်

အထည်ချုပ် လုပ်ငန်းများ အနေဖြင့် တစ်နေ့ အနည်းဆုံးလုပ်ခ ၂၅၀၀ ပေးမည်ဟု အဆိုတင်သွင်း


ရန်ကုန် ၊ ဇွန် ၂၃ ။       ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦး၏ တစ်နေ့ လုပ်အားခကို ကျပ် ၂၅၀၀  ပေးမည်ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ  ဦးမြင့်စိုးက ဇွန် ၂၃ ရက်တွင် အဆို တင်သွင်းလိုက်သည်။

ရှမ်းပြည်တောင်ပိုင်းတွင် အစိုးရတပ်နှင့် ၀တပ် အခြေအနေ တင်းမာနေမှုကို ဆွေးနွေးမည်

ချင်းမိုင်၊ ဇွန် ၂၃ ။        ။ ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်းအစိုးရတပ်မတော်နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား  လက်ရှိ တင်းမာနေမှုနှင့်များနှင့်  ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် UWSA မှတာဝန်ရှိသူမျာျးနေပြည်တော် တွင်တွေ့ဆုံဆွေးနွေး မည်ဟု  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။ 

ဇွန် ၂၂ ရက်က  အစိုးရဘက်မှ တောင်ပိုင်း ဝ တပ်ဖွဲ့သို့ တွေ့ဆုံရန် အကြောင်းကြားလာသဖြင့် နေပြည် တော်တွင် သွားရောက် တွေ့ဆုံမည်ဟု ပြောဆိုသော်လည်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်းလည်း ဦးအောင်မြင့် က ပြောသည်။

၎င်းက “သွားမယ်လို့ ပြောတာဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ်သွားပြီလား မရှင်းဘူးခင်ဗျ။ သူတို့ တောင်ဘက်က ကိစ္စကို ကျွန်တော် ကောင်းကောင်းမရှင်းဘူး။ ဆွေးနွေးမှာက

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောင်းလဲမည် မဟုက်ဟု လွှတ်တော်တွင် ဆွေးနွေး


နေပြည်တော် ၊ဇွန် ၂၃ ။        ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် ဆွေးနွေးမှုကို ပြောင်းလဲရပ်တည်သွားမှာ မဟုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးသည်။

စမတ်ဖုန်းများက နှလုံးခုန်စက်များ၏အလုပ်ကို နှောင့်ယှက်နိုင်ဟုဆို



ဘာလင်၊ ဇွန်-၂၃ ။       ။ ဖြစ်တောင့်ဖြစ်ခဲအခြေအနေတွင် အချက်ပြရှုပ်ထွေးမှုများ
 ဖြစ်ပွားစေနိုင်သောကြောင့် စမတ်ဖုန်းများ ကို နှလုံးခုန်စက် (pacemakers)နှင့် နှလုံးညှိစက် (defibrillators)ကဲ့သို့သော ကိုယ်တွင်းထည့် နှလုံးကိရိယာများမှ ခက်ဝေးဝေး တွင် ထားသင့်သည်ဟု သုတေသနတစ်ရပ်က အကြံပြုထားသည်။ 

မြန်မာဘက်က ဖမ်းမိသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို လုပ်ထုံးလုပ်နည်းအတိုင်းလွှဲမည်

 မြန်မာဘက်မှ ဖမ်းမိထားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (မြ၀တီ)
ရန်ကုန်၊ ဇွန် ၂၃ ။     ။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ဖမ်းဆီးမိသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ၀တ်စုံဝတ်ဆင်ထားသူတစ်ဦးကို နှစ်နိုင်ငံအစည်းအဝေး လုပ်ပြီး လွဲပြောင်းပေးမည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကို ပြောကြားလိုက်သည်။

NCA တွင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

ရန်ကုန် ၊ ဇွန် ၂၃ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးတွင် တိုင်းရင်း သားအားလုံးပါဝင်မည့်အချက်ကို အစိုးရ ဘက်က တုံ့ပြန်ခြင်းမရှိသေးဟု NCCT အဖွဲ့ဝင် စောကွယ်ထူးဝင်းက မဇ္ဈိမကိုပြော သည်။

ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်တချို့ ဇွန် ၂၂ ရက်ကရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် အချောသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"NCCT အဖွဲ့ဝင်အားလုံး၁၆ ဖွဲ့ပါဝင်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတာ မတ် ၃၁ ရက်ကသဘောတူညီမှုမှာလည်း ပါပြီးသားပါ။ ဒါပေမယ့် အပြီးသတ် အတည်ပြုချက်တော့ အစိုးရနဲ့ ထပ်ဆွေးနွေး ဖို့ရှိသေးတယ်။" ဟု စောကွယ်ထူးဝင်းကပြောသည်။

Monday, June 22, 2015

မိုးပြိုမှာကြောက်နေတဲ့တစ်တီတူး ကြံ့ခိုင်ရေး သတင်းတာဝန်ခံ – အောင်ထွန်းလင်း

● (ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

ဆိုရေးရှိက ဆိုအပ်ပြီလို့ပဲ ပြောရမယ် ထင်ပါ့။ မြန်မာ သံတော်ဆင့် အမှတ် ၃၊ အတွဲ ၁၄ မှာ ဖော်ပြထား ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီက လူတစ်ယောက် လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ အခုလိုရေး ထားသဗျ။

““မြန်မာသံတော်ဆင့်ဂျာနယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများကို သန့်ရှင်းသော အစိုးရနှင့် ကောင်း မွန်သော အုပ်ချုပ်သူများဟု လက်ခံထားသလား။ ရန်ကုန် တိုင်းဒေသကြီးအတွင်း အများပြည်သူ ရင်ဆိုင်နေရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများ၏ ဌာနဆိုင်ရာ လုပ်ထုံးအလွဲများကို ဖော်ပြလေ့မရှိသည့် မြန်မာသံတော် ဆင့်ဂျာနယ်၊ ယုတ်စွအဆုံး မှတ်ပုံတင် ခက်ခဲနေခြင်းပင် ဖော်ပြရေးသားခြင်း ကင်းနေသည့် မြန်မာသံတော် ဆင့်ဂျာနယ်၊ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် သတင်း ဂျာနယ်၊ မြန်မာသံတော်ဆင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများ ဆက်စပ် ပတ်သက်ပုံလေး သိချင် လို့ပါ””တဲ့။ အဲဒီလို ရေးထား တဲ့ အောက်မှာလည်း ကျော်သူရဆိုတဲ့သူက ““ဖုန်းဆက်လည်း မကိုင်ပါ၊ ကြောက်လို့ဖြစ်မယ်””လို့ မှတ်ချက် ရေး ထားသေးသဗျာ။

မြန်မာနိုင်ငံမှ လှေစီးဒုက္ခသည်များကို နေရပ်ပြန်ပို့


ရန်ကုန်၊ဇွန် ၂၂ ။       ။ မြန်မာ ပိုင်နက်အတွင်း ဖမ်းဆီးမိသော လှေစီးဒုက္ခသည်များအနက်
 မြန်မာနိုင်ငံဘက်မှထွက်သွားသော  ဒုက္ခသည် ၁၈၇ ဦးကို  ၄င်းတို့၏ နေရပ်များသို့ ပြန်လည်  ပို့ပေးလျှက်ရှိသည် ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ  ဦးစီးမှူး ဦးခင်စိုးကပြောသည်။

Dagon City အကောင်အထည်ဖော်မဖော် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ဇွန်လကုန်တွင် သိရမည်


ရန်ကုန် ဇွန် ၂၂ ။        ။ Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံးအတွက် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ဇွန်လကုန်မှ သာသိရှိရမည်ဖြစ်ကြောင်း Marga Landmark မှအမည်မဖော်လိုသူပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၂ ရက် တွင် မဇ္ဈိမကို စာဖြင့်ပြန် ကြားသည်။

လူ့ဘောင်သစ်ဆိုတာ လူမှုစနစ်ပြောင်းလဲဖို့အတွက်ဖြစ်တယ် – ဇေယျလူ

“ကြားဖြတ်အစိုးရ” ကို ကျယ်လောင်စူးရှစွာ တောင်းဆိုခဲ့ သည်။ တောင်းဆိုချက်များသည် လက်ရှိ နိုင်ငံရေး အခြေအနေအရ ပြည်သူ တစ်ရပ်လုံး၏ လိုလားချက်၊ ကျောင်းသားထု၏ လိုလားချက်နှင့် ကိုက်ညီ စေခဲ့သည့်အတွက် ပါတီစည်းရုံးရေး လုပ်ငန်းတွင် ထိရောက်အောင်မြင်မှုများ ရရှိလာခဲ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုမိုးသီးဇွန်ဟာ ““လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ””ကို (၉)တန်းကျောင်းသား ဘ၀တည်းက ဒီနာမည် ပေးခဲ့ပြီးအလံ၊ တံဆိပ် အမှတ်အသားတွေ လုပ်ခဲ့ကာ တစ်ချိန်မှာ မ.ဆ.လ အာဏာရှင် အစိုးရကို တိုက်ရင် ““ပါတီ””တစ်ခု လိုတယ်ဆိုပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့သည်။ ၁၉၈၄-ခုနှစ်တည်းက ကျောင်းသားသမဂ္ဂကို တရားမ၀င် မြေအောက် ပုံစံနှင့် နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းကာ နိုင်ငံတော် အာဏာကို သိမ်းပိုက် လိုက်ပြီးသည့် နောက်တွင် စစ်အာဏာရှင်တို့၏၂၆ နှစ်တာ လူမဆန်စွာ ဖိနှိပ်မှုများ၊ နိုင်ငံ၏

သတ္တိနှင့် အမြော်အမြင် – ရွှေကူမေနှင်း

“ခံစားမှုမပါသော နိုင်ငံရေး စီမံကွပ်ကဲခြင်း”ဟုလည်း သူက ယူဆ၏။ နိုင်ငံရေးဆိုသည်မှာ ခံစားချက်နှင့် လုပ်ရသောအရာမဟုတ်။ အမြော်အမြင်နှင့်လုပ်ရသောကိစ္စကြီးသာ ဖြစ်သည်ဟု သူက နမူနာပြခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရန်အတွက် ““သတ္တိ”” ရှိရမည်ဟု အများအားဖြင့် ယုံကြည်ကြသည်။ သတ္တိသည် အရာရာကို စွမ်းဆောင်နိုင်သည်ဟု ယူဆကြသည်။ ကြောက်လျှင်လွဲ၊ ရဲမင်းဖြစ်ဟူသော မြန်မာစကားပုံ ကလည်း အုပ်စိုးသူဖြစ်ရန် သတ္တိရှိဖို့ လိုသည်ဟု ညွှန်းဆိုခဲ့၏။

အထက်ပါစကားပုံမှာ ဘုရင်ကိုသတ်သူ ဘုရင်ဖြစ်သော ပဒေသရာဇ်ခေတ်မှာ မှန်ကောင်း မှန်ပါလိမ့်မည်။ သတ်ရဲဖြတ်ရဲ တိုက်ပွဲကျော်ဖြစ်လျှင် ဘုရင်ကလည်း မြှောက်စားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုခေတ်၏ အုပ်ချုပ်ရေးစနစ်က လက်နက် လူသူအင်အား အဓိကဖြစ်နေ၍ ဖြစ်သည်။ ယခုအခါ ခေတ်ပြောင်းခဲ့ပြီ။ အုပ်ချုပ်သူသည် လက်နက်နှင့် အနိုင်ယူ၍ မရတော့။ လက်နက်သည် အရာရာကို အဆုံးအဖြတ်

ထောင်သည် တရားစခန်းမဟုတ် လူဖမ်းထားသောနေရာ – စည်သူမြသန်း

 

“ခင်ဗျားဘယ်သူတွေနဲ့ တွေ့ခဲ့လဲ၊ ဥပမာဗျာ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ကျင်မောင်၊ ဖိုးသံချောင်း အစရှိ ကွန်မြူနစ် တွေနဲ့ တွေ့ခဲ့လား” “မတွေ့ခဲ့ဘူး” “ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ” “ဗိုလ်ချုပ်ကျော်ဇောသားတွေ နဲ့၊ ကျော်ဇောဦး၊ အောင်ကျော်ဇောတို့နဲ့” “သူတို့က ခင်ဗျားကို စာရွက်စာတမ်းတွေ ရန်ကုန်မှာ ဖြန့်ဝေဖို့ မပေးလိုက်ဘူးလား။ ဥပမာ မိုက်ကရိုဖလင်နဲ့ပေါ့” …

ကောက်စိုက်သမ ရှားပါးလာသဖြင့် လယ်ယာစိုက်ပျိုးမှုတွင် စိန်ခေါ်မှုတရပ်ဖြစ်လာ

ဓာတ်ပုံ - နိုင်ဟောင်ဆာ (ရာမည) ၊မဇ္ဈိမ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်း အလုပ်အကိုင်ရှားပါးလာမှုနှင့် နေ့စားခရငွေ နည်းပါးမှုတို့ကြောင့်
 ကောက်စိုက် အမျိုးသမီးငယ် များသည့် မြို့နယ်ပြင်ပသို့ ထွက်ခွာလုပ်ကိုင်နေကြသဖြင့်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အာသံပြည်နယ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်က တာဝန်ယူနေစဉ်။ ဓာတ်ပုံ - အီးပီအေ
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒေးခရိုင်၊ Moltuk ရွာအနီး၌ အိန္ဒိယတပ်မတော်မှ လုံခြုံရေးဆောင်ရွက်နေသော ယာဉ်တန်းကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် NSCN(IM) သောင်းကျန်းသူ အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သည်။

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေးပါတီမှ ဒေါ်ချယ်ရီဇဟောင်နှင့် မဇ္ဈိမ မေးမြန်းမှု


‘အမျိုးသမီးတွေက နိုင်ငံရေးမှာ ဆိုရင်လည်း ရှုထောင့်အမျိုးမျိုးက တိုက်ခိုက်ခံရနိုင်တယ်။ အထူးသဖြင့် ငယ်ရွယ်သူ အမျိုးသမီးတွေပေါ့ ‘
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း  ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများကလည်း ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ လက်ရှိ လွှတ်တော်တွင် အမျိုးသမီး ပါဝင်မှုနှုန်းမှာ ငါးရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး

အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြု


ပဋိပက္ခဒေသများရှိ အမျိုးသမီးများ ပါဝင်ရန် လိုအပ်ဟုဆို

ဇွန်လဆန်းပိုင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်းရှိ လော်ခီးလာဒေသတွင်
 ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ

ဖွဲ့စည်းပုံ ပြင်ဆင်ပြီးရင် တိုင်းရင်းသားအခွင့်အရေး ပိုရလာမှာလား – စည်သူအောင်မြင့်


 ပြည်ထောင်စု လွှတ်တော်ရောက်သွားရင် အမျိုးသားလွှတ်တော်ဆိုတာ လူနည်းစုပြန်ဖြစ်မသွားဘူးလား . . . မဲခွဲမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဘက်ကပဲ အနိုင်ရမှာမဟုတ်ဘူးလား . . . အမျိုးသား လွှတ်တော်ဆိုတာက တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးသယောင် ဟန်ပြလုပ်ထား . . .

ပါတီအကျိုးစီးပွားကိုသာ အခြေခံတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း – အောင်ထွန်းလင်း

 
ဥပဒေကြမ်း ရေးဆွဲတယ်ဆိုရင် ဒီ ၃၁ဦး အစီရင်ခံစာ ဘောင်ထဲက မလွတ်ရဘူး။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီကပဲ ဒါကိုတင်သင့်တယ်။ သို့မဟုတ် ဦးအေးမြင့်ပေါ့ဗျာ။ တကယ်လို့ သာ ပြည်ခိုင်ဖြိုး ပါတီက တင်တာ ဆိုရင် ကျွန်တော်တို့ လုပ်ခဲ့တာတွေက အလကားဖြစ်သွားပြီ . . .မြန်မာနိုင်ငံမှာ ဟိုအရင်တုန်းက မြန်မာ့ဆိုရှယ်လစ် ပါတီလမ်းစဉ် ခေတ်တုန်းကလည်း အဲဒီလိုပဲ

အမှားတရားကို အမှန်တရားနှင့် ရင်ဆိုင်မယ် – မောင်ချစ်(သူရဲသမိန်)

 

အဖေ့ဆောင်းပါး တစ်ပုဒ်ဘယ်လောက်ရသလဲ။ ဖြစ်လာရင် တန်သလား၊ ဖြစ်ပြီဟေ့ဆို အဖေ့ခဏတာ ကိုယ်ဒုက္ခ ရမယ်။ တစ်မိသားစုလုံး စိတ်ဒုက္ခခံရမယ်။ ဟိုလူ မနေရ၊ ဒီလူမနေရ။ အမှုဖြစ်တဲ့ မိသားစုဒုက္ခ၊ ထောင်ကျသူ တစ်ယောက်ရှိတဲ့ မိသားစုဒုက္ခ၊ တစ်မိသားစုလုံး ထောင်ကျသလို ဒုက္ခရောက်ကြရမယ်။ အဖေတို့ စာရေး ဆရာတွေ ဘာအားကိုးရှိသလဲ။ အဖေ့မှာ တပ်ကြပ်ကြီး အသိလည်းမရှိဘူး။ ဗိုလ်ချုပ်၊ ဗိုလ်မှူး ဝေလာဝေး။ ငွေမရှိဘဲ ဂါတ်တဲ၊ တရားရုံး ဘယ်လိုရင်ဆိုင်နိုင်မလဲ။ အဖေလည်စင်းခံရမှာပေါ့ …

Sunday, June 21, 2015

မုန်တိုင်းခန့်မှန်းချက်

ဓာတ်ပုံ - ဦးချစ်ကျော်
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး (ငြိမ်း) ဦးချစ်ကျော်၏ လက်ရှိ ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့် ပက်သက်သည့် ခန့်မှန်းချက် ကိုကူးယူဖော်ပြလိုက်ပါသည်။

နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတာဟုတ်သလား – အောင်သာ(ပီသုံးလုံး)

 စော၊ သန်း၊ စိန် စစ်အုပ်စုရဲ့ ကာလ ၃ ပါးလုံးအတွက် ကိုင်ထားတဲ့ ပေါ်လစီက (၁)အခြေခံအားဖြင့် အပြုတ် တိုက်ရေးပါပဲ။ (၂) လက်နက် အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင် အာဏာပိုင်များနဲ့ပေါင်း သူဌေးဖြစ်အောင်လုပ် ဆိုတဲ့ ပေါ်လစီပါပဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်ရဖို့၊ အမျိုးသား အချုပ်အခြာအာဏာပြန်ရဖို့ ကြိုးပမ်းရတဲ့သမိုင်းဟာ ကာလအား ဖြင့် ၄၂နှစ် ကြာပါတယ်။ ဒီလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ မြန်မာ့ခေတ်ပညာတတ်များဟာ အရေးပါတဲ့ အဆင့်နေရာက ပါခဲ့ကြတာချည်းပါပဲ။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကြဆိုတဲ့ ၀ံသာနုအရေးတော် ပုံကို၊ အင်္ဂလိပ်စာတတ် မြေရှင်အရင်းရှင် သားသမီးများက စတင်စုစည်း စည်းရုံးလှုပ်ရှားခဲ့ကြတာပါ။ ၁၉၂၀ ဒီဇင်ဘာ မှာ ပေါ်ထွက်လာတဲ့ ၁၉၂၀ ပထမ ရန်ကုန်တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုကြီးနဲ့ ပေါင်းစည်းမိကြပြီး ဂျီစီဘီအေ အမျိုးသား တပ်ပေါင်းစုကြီးကို စုစည်းမိခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး၊ လှုပ်ရှားမှု ကြီးကြောင့် အမျိုးသား ပညာရေး၊ အမျိုးသားကျောင်းထူထောင် ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့တယ်။

ရုရှ-မြန်မာ အဏုမြူ စွမ်းအင်ဆိုင်ရာ စာချွန်လွှာ လက်မှတ်ထိုး


ဇွန်လ ၁၉ ရက်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ

ကျောင်းသားများ လွှတ်ပေးရန် အပါအဝင် NNER ညီလာခံ တောင်းဆိုသည့် အချက် နှစ်ချက် သမ္မတထံ တင်ပြမည်

ဒုတိယအကြိမ် NNER ညီလာခံကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ဇွန် ၁၈ ရက်က ကျင်းပစဉ်။ ဓာတ်ပုံ-NNER Facebook

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ညီလာခံက တောင်းဆိုထားသည့် အချက် နှစ်ချက် ကို နိုင်ငံတော်သမ္မ ဦးသိန်းစိန် အပါအဝင် ပညာရေး လေးပွင့်ဆိုင် ညီလာခံကို

ဒဂုံစီးတီ စီမံကိန်း လုံးဝရပ်ဆိုင်းပေးမည်ဟုဆို

 ရွေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီ။

ရန်ကုန် ဇွန် ၂၁ ။       ။ ဒဂုံစီးတီး စီမံကိန်း လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဂတိပြုခဲ့ကြောင်း ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် ဥိးဆောင် ဆရာတော် ဦးနေမိန္ဒက ဇွန်လ ၂၁ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

နိုင်ငံ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းမလွှဲရန် ဒေါ်စု တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှီ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ သက်ကို
နိုင်ငံ မတည်ငြိမ်မှုကို အကြောင်းပြပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လမ်းမလွှဲရန် ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့တော်ဝင် နှင်းဆီ တွင် ပြုလုပ်သည့် ပထမအကြိမ် ဗဟိုကော်မတီ ငါးကြိမ် မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းဖြင့် အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဝင်ငွေခွန်ကောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများ လွှတ်တော်ရုံး တောင်းယူခဲ့ဟုဆို

 ရန်ကုန်၊ဇွန် ၁၇

ပြည်ထောင်စု လွှတ်တော်ရုံး၏ ညွှန်ကြားချက်ဖြင့် လွှတ်တော်ရုံး အသီးသီးမှ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များအား ၀င်ငွေခွန် ကောက်ယူရန် ပုံစံများကို ဖြည့်စေရာတွင် ကိုယ်စားလှယ်အချို့၏ Bank Account (ဘဏ်စာရင်း) များကို တောင်းယူ စစ်ဆေးမှုများ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဇွန်လ ၁၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောဆိုလိုက်သည်။

ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများကို လွှတ်တော်ရုံးဘက်မှ စစ်ဆေးမှုများ ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ကိုယ်စားလှယ်အချို့က ၎င်းတို့၏ ဘဏ်စာရင်းထဲမှ မြန်မာကျပ်ငွေများထုတ်ကာ ဒေါ်လာများ ၀ယ်ယူ သိမ်းဆည်းနေသည်ဟူသည့် သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများအား လွှတ်တော်ရုံးဘက်မှ စစ်ဆေးခဲ့ခြင်း ရှိကြောင်းကို အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနှင့် အကွဲအပြဲ – ထက်မြက်

ယခု၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ရမည်မှာ စနစ်ဖြစ်၏။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်ဖြစ်သည်။ စစ်အာဏာရှင်များကို ကိုယ်စားပြုသော ပြည်ခိုင်ဖြိုးလို ပါတီမျိုးကို မဲပေးစရာအကြောင်း မရှိပေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲ ကျင်းပတော့မည့် ၅ လတာ ကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အမြင် အမျိုးမျိုးကို သတင်းစာ၊ ဂျာနယ်များတွင် ရေး သားနေကြသည်။ ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်သော ဝေဖန် သုံးသပ်ချက်များကိုလည်း ကြားလာရပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြား ပါတီတွင်းနေရာ လုပွဲ၊ ခေါင်းဆောင်မှုလုပွဲများ ဖြစ်နေသလား။ ပါတီတွင်း အကွဲအပြဲများ ဖြစ်နေသလားဟု ထင်ကြေးပေးကြသည်။ ယခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြား မကြည်လင် မှုများကို ကြားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ဦးရွှေမန်းက သမ္မတ ဖြစ်ချင်သည်ဟု ပြောခဲ့သည်။ သမ္မတ ဦးသိန်းစိန်မှာ ပထမက ယခုသမ္မတ သက်တမ်းပြီးပါက အနားယူမည်ဟု ပြောခဲ့သော် လည်း နောက်ပြည်သူက ထောက်ခံလျှင် သမ္မတအဖြစ် ၀င်အရွေးခံမည်ဟု ဆိုပြန်သည်။ သမ္မတအကြံပေး ဦးနေဇင်လတ်က ပါတီ ထောင်ကာ အမတ်နေရာ ၄၀၀ အထိပင်

တရားရုံး အချုပ်ခန်းတွေ ကျယ်ပေးပါလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ကန်းကျွန်းမြို့နယ်မှာ နေတဲ့ ဒေါ်ခင်စောတင်က
 မေးလ်နဲ့ပို့လာတဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာ ကတော့ ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ထားတဲ့ တရားရုံးတွေရဲ့ ဥပဓိရုပ်ကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ အမှုတစ်ခု ဖြစ်လာရင် တရားလိုပဲဖြစ်ဖြစ်၊ တရားခံပဲဖြစ်ဖြစ် အချိန်ကုန်၊ ငွေကုန်ရုံသာမက လူရော၊ စိတ်ရော ပင်ပန်းဆင်းရဲ ဖြစ်နေရတာတွေကို တာဝန်ရှိသူတွေ အနေနဲ့ တတ်နိုင်သမျှ လျော့ချ လုပ်ဆောင်ပေးဖို့ ရေးသား ထားတဲ့ စာဖြစ်ပါတယ်။

သူဟာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာကို ဖတ်ရှုသူ တစ်ဦးဖြစ်လို့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်ထုတ် သတင်းစာ တစ်စောင်မှာ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်က တရားရုံး တွေမှာ အမှုတွေ အလွန်အမင်း ကြန့်ကြာမှုများနဲ့ ပတ်သက် ပြီး စိစစ်မှုများ ပြုလုပ်ရာမှာ တွေ့ရတဲ့ အားနည်းချက် လိုအပ်ချက်တွေကို ထုတ်ဖော်ပြောကြားထားတာကို ရေးထားတာ ဖတ်လိုက် ရလို့ ဒီစာကို ရေးခဲ့တာပါလို့ ဆိုပါတယ်။ ဒီသတင်းထဲမှာပဲ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးမြန်း ချက်ကို တရားသူကြီး

“ သတင်းစာ ဆောင်းပါး ပြဿနာနဲ့ ပြည်သူ့အသံ တိမ်မြုပ်နိုင်တဲ့ အန္တရာယ်”

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေတဲ့ လွှတ်တော် အမတ်တွေဆီကို သတင်းစာ ပါ ဆောင်းပါး တစ်ပုဒ် ဖြန့်ဝေတဲ့ ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဇွန်လ ၁၇ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး မှာ ပြည်သူ့လွှတ်တော် အမတ် ဦးခိုင်မောင်ရည်နဲ့ ဒေါ်နန်းစေအွာက ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကို တိုင်တန်းခဲ့ပြီး သူရဦးရွှေမန်းကလည်း ဒီကိစ္စကို သာမန်ကိစ္စလို့ သဘောမထားဘူး။

ထိုက်သင့်တဲ့ စိစစ်မှုတွေ လုပ်သွားမယ်လို့ လွှတ်တော်တွင်း ပြောကြားခဲ့ ပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်တဲ့ လွှတ်တော်အမတ်တွေကို ဘယ်လို သတင်းစာပါ ဆောင်းပါး ဖြန့်ဝေခဲ့တာပါလဲ။ ဘယ်သူတွေက ဖြန့်ဝေတာပါလဲ၊ ဒီကိစ္စ ဘာပြဿနာတွေနဲ့ ဆက်စပ်နေလို့ လွှတ်တော်ထဲအထိ ရောက်ရသလဲဆိုတာ ဒီကနေ့ လေ့လာဆွေးနွေး တင်ပြ သွားပါ့မယ်။

ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်တာနဲ့ နိုင်ငံရေးကစားကွက်တွေ ရပ်ကြဖို့ သင့်ပြီ

အထွေထွေ ရွေးကောက်ပွဲက နောက်ထပ် ၄ လကျော်အတွင်း ရောက်ရှိလာတော့ ပေမည်။ ငါးနှစ်တာ ကာလအတွက် အများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကိုရွေးချယ်ပေးရမည့်
 ရွေးကောက်ပွဲဖြစ်သဖြင့် နိုင်ငံရေးပါတီများ နိုင်ငံရေးသမား များအတွက် အရေးပါသည့် ကာလတစ်ခု ဖြစ်သည်။

ရွေးကောက်ပွဲတည်းဟူသော ဖြစ်စဉ်တွင် အနိုင်ရသည့် ပုဂ္ဂိုလ်သော်လည်းကောင်း၊ ပါတီသော်
လည်းကောင်း၊ ငါးနှစ်တာစီမံခန့်ခွဲ ခွင့်နှင့် ဥပဒေပြုခွင့်တို့ကို အပ်နှင်းခံရမည် ဖြစ်သည့်အတွက်လည်း အရေးကြီးသည်ဟု ဆိုရခြင်းပင်။

ရွေးကောက်ပွဲတွင် အများစု အနိုင်ရသည့် ပါတီက အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးနှင့် ပုဂ္ဂိုလ်အသီးသီးတို့ ဖြေရှင်းဆောင်ရွက်ပေးပါရန် – ပေးစာ

 နိုင်ငံတော်အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန၏ စေတနာကို မျက်ကွယ်ပြု၍ ဗဟုသုတနည်း ပြည်သူ ကျောင်သား မိဘများကို လိမ်ညာရိုက်စား ပြု လုပ်နေသော ကျောင်းအုပ်ဆရာမနှင့် အပေါင်းပါတစ်စုတို့အား သက်ဆိုင်ရာက ဖြေရှင်းအရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု (အထက်စဗွေ့) တောင်းကော့ကျေးရွာ ပညာရေး ၀န်ကြီးဌာန အသိအမှတ်ပြု မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မာလာမြင့်နှင့် အပေါင်းပါတစ်စုတို့သည် (၂၀၁၅ -၂၀၁၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးကိစ္စတွင် နိုင်ငံတော်က အခမဲ့ပညာ သင်ကြားရေးစီမံချက်ဖြင့် ကြေညာ၍ လက်တွေ့ ဆောင်ရွက်နေသော် လည်း ကျောင်းမှကျောင်းသား ၂၀၀ ကျော်တို့အား –