Wednesday, October 8, 2014

လွှတ်တော်ကိုယ်စားလှယ်များ၏ စရိတ်ခံစားခွင့် တိုးမြှင့်ရန် ဥပဒေကြမ်းတွင် လျာထား

လွှတ်တော်ကိုယ်စား လှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ် ခံစားခွင့်များမှ ချီးမြှင့်ငွေကို မတိုး ဘဲ စရိတ်ခံစားခွင့်ကိုသာ ကျပ် နှစ်သောင်းတိုးမြှင့်ခံစားရန် ဥပဒေကြမ်းတွင် လျာထားကြောင်း အမျိုးသားလွှတ်တော်မှ သတင်း ရရှိသည်။
ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၏ ချီးမြှင့်ငွေနှင့် အသုံးစရိတ်ဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်  ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးနေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါဥပဒေကြမ်းတွင် အချို့သော လွှတ်တော်ကိုယ်စား လှယ်များက ကိုယ်စားလှယ်များ ၏ ခံစားခွင့်လစာကို နှစ်ဆ(ကျပ်ခြောက်သိန်း)တိုးမြှင့်လိုသော်လည်းအမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီက ချီးမြှင့်ငွေလစာကို မတိုးဘဲ အသုံးစရိတ်ကိုသာ တစ်နေ့လျှင် ကျပ်နှစ်သောင်းနှုန်းသတ်မှတ်ရန်  ဆွေးနွေးထားခြင်းဖြစ်ကြောင်း  ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ ခံစားပိုင်ခွင့်နည်းပါးမှုက အာဏာထိန်းကျောင်းမှုကို ထိခိုက်နေသည်ဟု ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ဇာတလန်းက ဒသမပုံမှန်အစည်း အဝေးတွင် ပြောကြားခဲ့သည်။
  ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၏ လစာသည်ကျပ်နှစ်သိန်းဖြစ်ရာလစာသုံးသိန်းခန့်ရသည့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၏လစာနှင့် လုပ်ပိုင်ခွင့်တိုင်းပါက ၎င်းတို့အောက်မှာပဲဟု သဘော ထားကာ ကိုယ်စားလှယ်များသိ လိုသည်များကို မဖြေတော့ခြင်း မျိုးပင်ရှိကြောင်း ဒေါ်ဇာတလမ်းကပြောသည်။
‘‘နိုင်ငံတကာမှာ အာဏာချိန်ညှိလို့ရအောင် လွှတ်တော်ကိုယ် စားလှယ်တွေကို ပြည်ထောင်စု ၀န်ကြီးရဲ့ ၇၅ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းပေးထားတယ်’’ဟု ခံစားခွင့်နှင့် အာဏာဆက်စပ်နေ ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြော သည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ လစာနှင့် စရိတ်နည်းပါး ခြင်းကြောင့် ပြည်နယ်များ၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းရန် သွားလာရေးခက်ခဲပြီး စရိတ်ကြီး သဖြင့် ထိရောက်မှုနည်းပါးသည် ဟုလည်း လွှတ်တော်ကိုယ်စား လှယ်အချို့ကထောက်ပြထား သည်။
သို့သော်အမျိုးသားလွှတ် တော်က နိုင်ငံ့ဝန်ထမ်းများ၏ အသုံးစရိတ်များကို ပြန်ကြည့်ရန် လည်းလိုသဖြင့် ချီးမြှင့်ငွေကို မတိုးဘဲ လွှတ်တော်တက်စဉ် အသုံးစရိတ်ကိုသာ မူလ ကျပ် တစ်သောင်းမှ နှစ်သောင်းအထိ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌသည် လစာငွေ ကျပ်၃၅ သိန်း၊ ပြည်ထောင်စု တရားသူကြီးချုပ်သည်လည်း ကျပ်၃၅ သိန်းနှင့်  အခြားပြည်ထောင်စု ၀န်ကြီးများသည်လည်း လစာနှင့်နေအိမ်၊ ကားစသည့် အဆောင်အယောင်များ ခံစားခွင့်ရှိ၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်များနှင့်  ကျပ်သုံးသိန်းသာ ခံစားခွင့်ရသဖြင့် များစွာ ကွာခြားနေခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် သမ္မ တသည် တစ်နှစ်လျှင် ဒေါ်လာ လေးသိန်း၊ ၀န်ကြီး တစ်ဦးသည် ဒေါ်လာ၁၈၆,၆၀၀ ခံစားခွင့်ရှိပြီး လွှတ်တော်အမတ် တစ်ဦးသည် ဒေါ်လာ ၁၇၄,၀၀၀ ကို ခံစားခွင့် ရှိကြောင်းနှင့် အင်္ဂလန်တွင် ၀န်ကြီးချုပ်သည် ပေါင်၁၄၂,၅၀၀ ခံစားခွင့်ရှိကြောင်း၊ ထို့အတူ ဂျပန် နိုင်ငံတွင် ၀န်ကြီးချုပ်သည် တစ်လလျှင် ယန်းငွေ ၁,၄၄၂,၀၀၀၊ ၀န်ကြီးတစ်ဦးသည် ယန်း၁၂၂,၂၀၀ နှင့်အမတ်တစ်ဦးသည် ၁,၃၄၉,၀၀၀ အသီးသီး   ခံစားခွင့်ရှိကြောင်း သိရသည်။
 
Credit - 7DAY DAILY

 
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ)

No comments:

Post a Comment