Saturday, April 4, 2015

သပိတ်စစ်ကြောင်း အကြမ်းဖက်မှုရှုတ်ချပွဲတက်သည့် ပါတီများကို ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် စာပို့

ပုသိမ် (မဇ္ဈိမ) ။ ။ ပုသိမ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီသုံးခုက ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲမှု ရှုတ်ချပွဲ တက်ရောက်ခဲ့သဖြင့် ဧပြီ ၆ရက်တွင် ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် လာတွေ့ရန် စာဖြင့်အကြောင်းကြားထားသည်ဟု သိရသည်။

“ကျွန်တော်တို့ အဲဒီနေ့ပွဲကို လူမှုရေးအဖွဲ့ အစည်းတွေက ဦးစီးကျင်းပတယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဖိတ်ကြားပြီး အစီအစဉ်မှာပြောခိုင်းတယ်၊ ကျွန်တော်တို့ လှုံ့ဆော်တာမျိုး စည်းရုံးလုပ်ဆောင်တာမျိုးမရှိဘူး၊

တပ်မတော် နှင့် ကိုးကန့်ကပ်တို့ တိုက်ပွဲအတွင်း ကျဆုံးဒဏ်ရာရ ရဲဘော်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သွားရောက်လှူဒါန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရတပ်မတော် နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်အတွင်း ကျဆုံး၊ ဒဏ်ရာရသည့် ရဲဘော်များ၊ ဒဏ်ရာရ မီးသတ်၊ ကြက်ခြေနီ နှင့် မီဒီယာသမားများ အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် ကိုယ်စားလှယ် နှစ်ဦး လားရှိုးတွင် သိန်း ၁၈၀၀ ဝန်းကျင် ဧပြီ ၄ရက်က သွားရောက်လှူဒါန်းခဲ့သည်။

"ငွေသား၊ ပစ္စည်းတွေ ကြက်ခြေနီ အဝတ်အစား အားလုံး ဆိုတော့ သိန်း ၁၈၀၀ကျော်လောက် လှူဒါန်းခဲ့တယ်"ဟု သွားရောက်လှူဒါန်းရာတွင် ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးအစည်းအဝေး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပရန်လျာထားသည်ဟု တအောင်းတပ်မတော် အထွေထွေ အတွင်းရေးမှူး(၂) တာဝံရ်ချိုဝ်း က မဇ္ဈိမကိုပြောသည်။

ethnic summit




ဇီးသီးဗန်းကိစ္စ စံချိန်စံညွှန်းမမီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်၏ နာမည် သတင်းစာတွင် ဖော်ပြရန် လွှတ်တော် ဥက္ကဋ္ဌ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်လျှက်ရှိသည့် အဆောက်အအုံများ စံချိန်စံညွှန်းမမှီသည့် ကုမ္ပဏီများကို စစ်ဆေးရေးအဖွဲ့ အမည်ပျက် စာရင်းသွင်းရာတွင် ကုမ္ပဏီနာမည်နှင့် လူပုဂ္ဂိုလ်နာမည်ပါ သတင်းစာတွင် ကြေညာပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

“စစ်ဆေးရေးအဖွဲ့ အမည်ပျက်စာရင်း သွင်းသင်ပါသည်ဆိုတဲ့ ဥစ္စာလေးကို သတင်းစာမှာ ကြေညာဖို့ လိုပါတယ်။ ဒီကုမ္ပဏီ ဒီပုဂ္ဂိုလ်တွေ အမည်ပျက်စာရင်း သွင်းပါသည်။ ကုမ္ပဏီနာမည်နဲ့တင်

မျိုးစောင့်ဥပဒေ နှစ်ခုနှင့် ပတ်သတ်၍ ကြားနာပွဲ အမျိုးသားလွှတ်တော်တွင် ကျင်းပ

နေပြည်တော် (မဇ္ဈိမ)။ ။ မျိုးစောင့်ဥပဒေများဟု လူသိများသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကြားနားပွဲကို ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ဆွေးနွေးရာတွင် မည်သည့်အကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းရန် လိုသည်၊ ဖြစ်နေသည့်ပြဿနာ၏ ပမာဏကို ဆန်းစစ်ရန်၊ မှတ်ပုံတင်မည့် အဖွဲ့အစည်းများ၏ သမာသမတ်ကျမှု၊ တရားဥပဒေ စိုးမိုးမှုဆိုင်ရာများကို ထောက်ပြခဲ့ကြသည်။

ရွေးကောက်ပွဲ တရားမျှတရေးအတွက် နေပြည်တော် ရဲတပ်ဖွဲ့ ၏ ၅၀ ရာနှုန်းထိ သုံးစွဲမည်ဟု နေပြည်တော်တိုင်း ရဲမှူးကြီး ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးအတွက် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့သည် တပ်ဖွဲ့ ဖွဲ့စည်းပုံ၏ ၅၀ ရာနှုန်းကို အသုံးပြုကာ နေပြည်တော် ရှစ်မြို့နယ်ရှိ ကျေးရွာ အုပ်စုများအထိ အင်အားဖြန့်ကြက် ဆောင်ရွက်သွားမည်ဟု ဒုတိယတပ်ဖွဲ့ မှူး ရဲမှူးကြီး ဇော်ခင်အောင်က ယနေ့ နံနက် တိုင်းတပ်ဖွဲ့ ရုံးခန်း၌ မီဒီယာကို ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကို ပြနိုင်ဖို့  စခန်းတွေ အားလုံးက ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ထား ပါတယ်၊ ရွေးကောက်ပွဲမှာ ရဲတွေ ကြုံရနိုင်တဲ့

ယခုနှစ် ရန်ကုန်သင်္ကြန် လုံခြုံရေး အထူးတင်းကြပ်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းအတွင်း အတာသင်္ကြန် ပွဲတော်ရက်များတွင် လုံခြုံရေး အထူးတင်းကျပ်မည်ဟု ရန်ကုန်တိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၃ရက်တွင် မဇ္ဈိမကို ပြောသည်။     

checking-alcohol
သင်္ကြန်ကာလအတွင်း လမ်းဘေးဈေးသည်များ အရက်မရောင်းရန် လိုက်လံသတိပေးနေသော တာဝန်ကျရဲလုံခြုံရေးများအားတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ကချင်၊ တအာင်း၊ ကိုးကန့်ဒေသများတွင် ယခုရက်ပိုင်း နယ်မြေတည်ငြိမ်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းတပ်မတော် (TNLA)နှင့် ကိုးကန့်တပ်ဖွဲ့တို့နှင့် အစိုးရ စစ်တပ်တို့အကြား ယခုရက်ပိုင်းအတွင်း နယ်မြေအခြေအနေ တည်ငြိမ်လျက်ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြောခွင့်ရသူများက ပြောသည်။ 

မတ်လ ၃၀ ရက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှုကြမ်းပါ အချက်များ သဘောတူညီမှု ရရှိပြီးနောက်ပိုင်း အစိုးရ

အပစ်အခတ် ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို တပ်မတော်သား ကိုယ်စားလှယ် အရေးကြီးအဆို တင်၍ ထောက်ခံ

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းကို လက်မှတ်ရေးထိုး နိုင်ခဲ့မှုကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊(NCCT) တို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

၎င်းက "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်"ဟု ဆိုသည်။

အမြတ်အစွန်းရ ဂျာနယ်ထုတ်ဝေရေး ပြန်ကြားရေးဝန်ကြီး၏ နည်းဗျူဟာ

– မောင်မြား

စာပေစိစစ်ရေးအကြီးအကဲဖြစ်သူ ဦးတင့်ဆွေက စက္ကူဈေးနှုန်း လှမ်းစုံစမ်းသည့်အခါ တစ်ဖက်ကုန်သည် အထူး သဖြင့် သူနှင့်အကြောင်းပေါင်းသင့်သူက ပြန်ပြောလိုက်သည့် စက္ကူဈေးနှုန်းသည် အတည်ဖြစ်သည် . . . မိမိတို့ ၀ယ်ယူနေသည့် ကုန်သည်များ၏ ဈေးနှုန်းနှင့် စက္ကူတစ်ထုပ်လျှင် ဈေးနှုန်း ၅၀၀၊ ၁၀၀၀ ကွာဟနေပါစေ၊ သူ့ ဆီကရသည့် သူပြော သည့်ဈေးနှုန်းသာ အတည်ဖြစ်ရပေသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်””

““ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး””

““ shot ရှိတယ်””

လစာတိုးပေးရုံနဲ့ ပြေလည်သွားပြီလား

– မောင်သုတ

နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး စီးပွားရေးမှာ အဓိကနေရာ ယူလာတဲ့ အကြောင်းအရာ ၄ ခု စလုံးကလည်း “အနုတ် လက္ခဏာ”တွေချည်းပဲ ဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းနဲ့ “အနုတ် လက္ခဏာ”၄ ခုကို တစ်ဖက်လှည့်နဲ့ တဒင်္ဂ အားဖြင့် ချွေးသိမ့်လိုက်တာလား … နောက် ဆက်တွဲဖြစ် လာမယ့် ကုန်ဈေးနှုန်း၊ ငွေဖောင်း ပွမှုတွေကို တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်မှာလဲ

– ထက်မြက်

နွား ၂ ကောင်ဆွဲသော နွားလှည်းကြီးပေါ်၌ ခမောက်ဆောင်းကာ တိုက်ပုံအင်္ကျီ ၀တ်ထားသော ယောက်ျား၊ သူ့နောက်မှ မိန်းမ၊ နောက်သားလေး တစ်ယောက်ပါသည် . . . ခမောက်ဆောင်းထားသောသူက နွားလှည်းကြိုးကိုကိုင်ပြီး နှင်တံပါကိုင်ထားသည် . . . ထို ၃ ယောက်ပေါ်တွင် တိုင်းသူပြည်သားဟု ရေးထားပြီး နွား ၂ ကောင်ကို အစိုးရဟု ရေးထားလေ သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝန်ထမ်းလစာတိုးတာနဲ့ သင်္ကြန်ကို အကြောင်းပြပြီး တက်ရိပ်ပြလာတဲ့ ကုန်ဈေးနှုန်းနဲ့ တရားခံဘယ်သူလဲ

– အောင်ထွန်းလင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဓိကကတော့ အစိုးရကို မယုံကြည်တာပါပဲ။ အဲဒီလို မယုံကြည်တဲ့အတွက် လူတွေရဲ့ရင်ထဲမှာ ဘယ်ကိစ္စကိုမဆို သံသယနဲ့ စောင့်ကြည့်နေကြရပြီး တစ်ခုခု (လစာတိုးတာ၊ အဓိကရုဏ်းဖြစ်တာ၊ လူကြီးအပြောင်းအလဲဖြစ်တာ စသည် စသည်ဖြင့်) ဖြစ်လိုက်တာနဲ့ အရင်ဆုံး သူတို့ကြည့်ကြတာက …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

အစိုးရ ၀န်ထမ်းနဲ့ စစ်သားတွေအတွက် တိုးမြှင့်မယ့်လစာကို လွှတ်တော်ကြီးက အတည်ပြု ပေးလိုက်ပြီးတဲ့ နောက်မှာတော့ ဖြင့် နှစ်စဉ်နှစ်တိုင်း ဖြတ်သန်းနေကျဖြစ်တဲ့ နှစ်ကူးကာလ

ပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေတဲ့ ဧကဝါဒကို ဆန်းစစ်ကြပါ

ကွယ်လွန်သူ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်က နှိုင်းရဓမ္မတရား စာအုပ်ကို ရေးခဲ့ဖူးသည်။ နှိုင်းယှဉ်လို့ရသည်၊ နှိုင်းယှဉ်ဖို့လိုအပ်သည်ဆိုသည်မှာ နေဗဟိုပြု အဖွဲ့အစည်းတစ်ခုအတွက် အသက်တမျှ အရေးကြီးသော အခြေခံသဘောတရား တစ်ရပ်ဖြစ်သည်။

ဤအခြေခံသဘောတရားအပေါ်မူတည်ကာ ကမ္ဘာကြီးသည် ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ဖို့ လိုအပ်သည်ဟု ဆိုလိုက်သဖြင့် ဤ စကြာဝဠာတွင် တစ်ခုထက်မကသော အခြား အခြားသော အရာများသည်လည်း တည်ရှိနေကြသည် ဟူသည့် အဓိပ္ပာယ်ကို ဝန်ခံပြီးသားဖြစ်သည်။

အစိုးရ၏ ကတိကဝတ်များကြောင့် ဝှိုက်ကတ်အပ်နှံသူ များပြား

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံသားဖြစ်ကြောင်း ယာယီသက်သေခံကတ်ပြား (ဝှိုက်ကတ်) များ အပ်နှံကြောင်းလက်မှတ်သည် နိုင်ငံသားအသိအမှတ်ပြုကတ်မရ မချင်း အသုံးပြုနိုင်ပြီး ဇွန်လ အတွင်းတွင် စိစစ်ပြီး သိအမှတ်ပြုကတ်များ ထုတ်ပေးမည်ဟု အစိုးရက ထုတ်ပြန်ထားခြင်းကြောင့် ဝှိုက်ကတ်အပ်နှံသူ များပြားလာသည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။ 

White-card
(ဓာတ်ပုံ-အီးပီအေ)

လက်ပံတောင်းသပိတ်ဖြိုခွင်းမှုကို ဆန္ဒပြသူနှစ်ဦး ထောင် လေးလ ချခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှနှင့် ဦးသန်းထွေးကို ဗဟန်းမြို့နယ် တရားရုံးမှ ဧပြီ ၂၂ရက်တွင် ထောင် ၄လ အမိန့်ချလိုက်သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

"ဟုတ်တယ်။ ဒီနေ့ပဲ ဗဟန်းတရားရုံးက ထောင်၎လစီ ချလိုက်တယ်။ ပုဒ်မ (၁၈) နဲ့ပေါ့"ဟု ၎င်းက ပြောသည်။

သမ္မတခန့်လိုသည့် တိုင်းရင်းသားအဖွဲ့ဝင် ရှစ်ဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ခန့်လိုက်ပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားများပါဝင်သည့် အဖွဲ့ဝင်သစ် ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်သည်ဟု သမ္မတလက်မှတ်ဖြင့် ဧပြီ ၃ရက်က ထုတ်ပြန်ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊
ဦးဟာကီး၊ ဒေါက်တာ မောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ဒေါက်တာစိုင်းစံဝင်းတို့ ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်ခြင်း ဖြစ်သည်။

မီတာခ ကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုတင်ထွဋ်ပိုင်ထောင် သုံးလချခံရ

ရန်ကုန်၊ ဧပြီ ၃။      ။မီတာခ ကျဆင်းရေးအတွက် ဆန္ဒပြခဲ့သည့် Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်ကို အလုံမြို့နယ်တရားရုံးမှ ဧပြီ ၄ရက်တွင်ထောင် ဒဏ် (၃)လ ချမှတ်လိုက်သည်ဟု Generation Youth အဖွဲ့မှ ကိုမင်းနေထူးက မဇ္ဈွိမကိုပြောသည်။

000001candle-light-for-high-electric-rate-in-Mandaly-3

နှစ်နိုင်ငံ နယ်စပ်မသတ်မှတ် ရသေးသည့် တရုတ်မြန်မာ နယ်စပ်တွင် တရုတ်နိုင်ငံအလံ လာရောက်စိုက် ထူခြင်းကြောင့်ဒေသခံ များကန့်ကွက်

ရန်ကုန်၊ဧပြီ ၃။       ။ တရုတ်နိုင်ငံနှင့်   နယ်နိမိတ်   ဆက်စပ်နေသော ရှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်း မြို့နယ် ရှိဒေသခံတို့ ကမြန်မာ ပိုင်နက် အဖြစ် သတ်မှတ် ထားသော ကုန်းဆာရွာ အနီးကို တရုတ် ပိုင်နယ်မြေ အဖြစ်  တရုတ် အာဏာပိုင် အချို့ က အလံလာရောက် စိုက်ထူ ခဲ့ခြင်းကြောင့်ဒေသခံ များက ဝိုင်းဝန်း ကန့်ကွက် ခဲ့ရသည်ဟု နမ့်ခမ်းမြို့ နယ် ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထောက်အကူပြုအဖွဲ့ဝင် စိုင်းအောင်ဝင်းက မဇ္ဈိမကိုပြောသည်။

Wednesday, April 1, 2015

ယမ်းပြု လုပ်ရာတွင် သုံးသည့် ပစ္စည်းများ သိုလှောင်ထားသူ ၁၀ ဦးအနက် ငါးဦးကို ရုံးထုတ်စစ်ဆေး

ရန်ကုန် ဧပြီ ၁။    ။ ယမ်းပြုလုပ်ရာတွင် သုံးသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ သိုလှောင်ထားသည့်အတွက် ဖမ်းဆီး ခံထားရသူ ၁၀ ဦးအနက် ငါးဦးကို ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၃) ရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်းရှိ နေအိမ် တစ်အိမ်မှ ယမ်းပြု လုပ်ရာတွင် အသုံးပြုသည့် ပိုတက် ဆီယမ်နိုက် တရိတ်   အမှုန့် ၁၈၂ အိတ်၊ ၄၅၅၀   ကီလို ဂရမ်ခန့် သိမ်းဆည်း ရမိခဲ့ သဖြင့် အမှတ် (၁) တပ်မတော် စစ်ဘက်ရေး ရာလုံခြုံရေး အကူတပ် မှဗိုလ် မှူးကျော်ဇောအောင်က တရားလိုပြုတိုင်တန်း ခဲ့ခြင်းဖြစ်သည်ဟု တာမွေ မြို့မရဲစခန်းက ရဲအရာ ရှိတစ်ဦး ကပြောသည်။

ဖမ်းဆီး ခံကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒပြရန် ကြိုးပမ်းသူ ငါးဦးကို ဖမ်းဝရမ်းထုတ်

ရန်ကုန် ဧပြီ ၁။      ။ကျောင်းသား သပိတ်အား အကြမ်းဖက်ဖြိုခွင်းခံရခြင်းနှင့် ဖမ်းဆီးခံ ထားရသူများအတွက် မတ်လ၂၇ရက်ကမြင်းခြံတွင် ဆန္ဒဖော် ထုတ်ရန် ကြိုးပမ်းသည့်ဒေသခံ ငါးဦးကို ဝရမ်းထုတ် ထားသည် ဟုမြင်းခြံ အမှတ်(၁)ရဲစခန်းမှ စခန်းမှူးမြင့်နိုင်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါဒေသခံငါးဦးမှာ ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနှင့် ကိုဖြိုးဟန်တို့ဖြစ်ပြီး ယင်းတို့အနက်မှ ကိုသန့်စင်ကို မတ် ၃၀ရက်တွင် ပုဒ်မ ၅၀၅(ခ)၊ ၁၄၃၊ ၁၄၅တို့ဖြင့် တရားစွဲဆိုကာ မြင်းခြံထောင်တွင် ဖမ်းဆီးထိန်း သိမ်းထား သည်ဟုသိရသည်။

နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရေး NBF တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်နှင့် အညီ ပမာဏ နိုင်ငံရေးဆွေးနွေးပွဲကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရေး ပူပေါင်းဆောင်ရွက်သင့်ကြောင်း ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF ) က ဧပြီ ၁ ရက် တွင် သဘောထားထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက် သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ဒါရိုက်တာ မချင်းချင်းက “ အခုကရွေးကောက်ပွဲ အရမ်းနီးလာပြီလေ။ ဒီမတိုင်ခင်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို စဖို့လိုပါတယ်။

ရွေးကောက် ပွဲကာလ အတွင်းနိုင်ငံရေး ပါတီများနှင့် မီဒီယာများ ချိတ်ဆက် လုပ်ဆောင်နိုင် ရန်ဆွေးနွေးပွဲလုပ်

ရန်ကုန်၊ ဧပြီ ၁။     ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း မီဒီယာ များနှင့်နိုင်ငံရေး ပါတီများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် အတွက်ဆွေးနွေးပွဲကို ဧပြီ ၁ရက် နှင့် ၂ရက်တွင် ရန်ကုန်မြို့ အလုံလမ်းရှိ Summit Park View Hotel တွင် ပြုလုပ်လျက်ရှိသည်။

SM-1
မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ်မှ ကျင်းပသော ရွေးကာက်ပွဲကာလ မီဒီယာနှင့် နိုင်ငံရေးပါတီများ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ဧပြီ ၁ရက်က ရန်ကုန်မြို့ရှိ Summit Park View hotel တွင် ကျင်းပနေစဉ်။(ဓာတ်ပုံ-သက်ကို)

မြန်မာ့ မီဒီယာလောကတွင် အမျိုးသမီးပါဝင်မှု များသော်လည်း ဆုံးဖြတ်ချက်ချသည့် နေရာတွင် လေးရာခိုင်နှုန်းခန့်သာရှိနေ

ရန်ကုန်၊ မတ် ၃၁။    ။ မြန်မာ့ မီဒီယာလောကတွင် အမျိုးသမီး များပါဝင်မှု  ရာခိုင်နှုန်း များသော်လည်း  ဆုံးဖြတ်ချက် ချသည့် ရာထူး များတွင် ပါဝင်မှုမှာလေး ရာခိုင်နှုန်းခန့်သာ ရှိနေသည် ဟုနိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်းမှ (တောင်အာရှဒေသ) ကျားမရေးရာ အတိုင်ပင်ခံနှင့် တွဲဖက်ညှိနှိုင်းရေးမှုး မစ္စဒယ်လ် ရုရှီဟမ် အမ်နက်တီက ဆိုသည်။

မစ္စဒယ်လ်ရုရှီဟမ်အမ်နက်တီက ''မီဒီယာကို စိတ်ဝင်စားပါဝင် လုပ်ကိုင်သူ အမျိုးသမီးတွေ များစွာရှိပေမယ့် သူတို့တွေဟာ ဓလေ့ ထုံးစံနဲ့၊ ကျား၊ မ ကန့်သတ်မှု အမျိုးမျိုးတွေကြောင့် ရာထူးအမြင့် အပိုင်း ကိုရောက်ရှိမှု နည်းပါးတာ ကိုတွေ့ရှိခဲ့တယ် ”ဟု ဆိုသည်။       

အမည်းစက်တွေနှင့် အထက်လူတွေ (ဆောင်းပါး)

(ဆောင်းပါးရှင် - ရဲထွတ်နီ)

 စာသင်ကျောင်းတို့တွင် ဆရာက သင်ပြသူ၊ ကျောင်းသားတို့က တပည့်ခံ သင်ယူသူတွေ။ ဆရာသည် တပည့်တို့ကို ကျောင်းစာသင်ပေးလိုက်ရုံမက အကျင့်ကောင်းတွေကိုပါ သင်ကြားညွှန်ပြပေးလိုက်သူ ဖြစ်သည်။ သွန်သင်သည်ဆိုသော စကား အဓိပ္ပာယ်မှာ လိမ္မာယဉ်ကျေးအောင် ဆုံးမသည်ဟု ဖွင့်ဆိုပါသည်။

ကျွန်တော်တို့ ငယ်စဉ်က ဆရာသည် စာသင်ပေးသလို ကျွန်တော်တို့ကို မုန့်လည်း ကျွေးသည်။ တုတ်လည်း ကျွေးခဲ့ပါသည်။ ကျောင်းမှ ဆရာက ကိုယ့်သားသမီးကို မုန့်ကျွေးလိုက်သည်ဟု သိရသော မိဘ၏ မျက်နှာမှာ ပြုံးသွားသကဲ့သို့ တုတ်ကျွေးခံရသည်ကို သိတော့လည်း

“ငြိမ်းချမ်းရေး အတွက် ဘာလိုသေးလဲ”

Written by  စည်သူအောင်မြင့်

အခုဆိုရင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး  လုပ်ငန်းကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ ကိုယ်စား လှယ်တွေ စုပေါင်း ထားတဲ့ NCCT တို့ဟာ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းတစ်စောင်ကို အပြီးသတ် ညှိနှိုင်း သဘောတူ၊ သမ္မတ ဦးသိန်းစိန်ရှေ့မှာ လက်မှတ်ထိုးနိုင် ခဲ့ကြပါပြီ။

ဒါဟာ တကယ်   အပစ်ရပ်စာချုပ် NCA (Nationwide Ceasefire Agreement)   လက်မှတ်   ထိုးနိုင် ဖို့အတွက်   ပမာဏ သဘော   တူညီချက်  လက်မှတ်ထိုး တာဖြစ်သလို ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ပထမခြေလှမ်းလို့ လည်းခေါ်နိုင်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လက်နက်ကိုင် တိုင်းရင်း သားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဘယ်လောက် ခရီးရောက် ခဲ့ပြီလဲ၊

ဖြောင့်မတ်သူများနှင့် ကိုယ်ကျိုးရှာသူများ

ယခုရက်ပိုင်းအတွင်း သတင်းများတွင် လူသိများထင်ရှားသည့် မသန်စွမ်းသူ မစုပုံချစ်အား နေထိုင်ခွင့်ပေးထားသည့် နိုင်ငံပိုင်တိုက်ခန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဆက်လက်နေထိုင်ခွင့် မပြုတော့ကြောင်း၊ ပြန်လည်အပ်နှံရန် အမိန့်ထုတ်ပြန်ခဲ့သည့် အကြောင်း ဖတ်ရှုလိုက်ရသည်။

ဖယ်ရှားခိုင်းသည့် အကြောင်းရင်းကို ဖော်ပြထားရာတွင် အစိုးရဌာန ထုံးစံအတိုင်း အစိုးရအား ဆန္ဒပြသည့် အင်အားစုများနှင့် ပူးပေါင်းပါဝင်သည့်အတွက်ကြောင့် မဟုတ်ဘဲ အခြားသော ရေရာမှု မရှိသည့် အကြောင်းပြချက်များကို ဖော်ပြထားသည်ဟု သတင်းများတွင် ရေးသား ဖော်ပြထားသည်။

တရားဟောခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ရွှေညဝါဆရာတော် မဟန ကို ဘယ်လို တုန့်ပြန်သလဲ

ရွှေညဝါ ဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့နယာက အဖွဲ့က သာသနာတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများ ဟောကြားသည်ဆိုကာ တရားဟောခွင့် အကန့်အသတ်မရှိ မတ်လ ၂၅ ရက် နေ့စွဲဖြင့် ပိတ်ပင်လိုက်သည်။

shwe-nya-wa
(ဓာတ်ပုံ-အီးပီအေ)

ထိုင်းမင်းသမီး သီရိဒုံ အသက် ၆၀ပြည့်မွေးနေ့တွင် ထောင်သား ၃၈၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ထိုင်းမင်းသမီး မဟာချက်ကရီသီရိဒုံ၏ ဧပြီ ၂ရက်နေ့တွင် ကျရောက်သည့် အသက် ၆၀ပြည့် မွေးနေ့အခါသမယတွင် အကျဉ်းသား ၃၈၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး အကျဉ်းသား ၁၄၀၀၀၀ကိုလည်း အပြစ်ဒဏ် လျှော့ပေးမည်ဖြစ်သည်။

MahaChakriSirindhorn ST 0

Tuesday, March 31, 2015

ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၄) နောက်ဆုံးပိုင်း

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေး ကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့် အခြေအနေများကို မဇ္ဈွိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က မတ် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များ အနက် ပထမပိုင်း၊ ဒုတိယပိုင်း နှင့် တတိယပိုင်းကို ဖော်ပြပြီးဖြစ်သည်။ ယခု နိဂုံးချုပ်အဖြစ် စတုတ္ထပိုင်းကို ဆက်လက်ဖော်ပြပါသည်။

အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလ နှင့် အမေရိကန် ကြိုဆို

ရန်ကုန်၊ မတ်-၃၁။    ။ အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂ နှင့် အမေရိကန် သံရုံးတို့ ကကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။

ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော

ရန်ကုန်၊ မတ် ၃၁။    ။ တပ်မတော်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက် ကိုနိုင်ငံရေးဆွေးနွေး ပွဲများတွင် လက်ခံမည် မဟုတ်ကြောင်း တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင်များ ကပြောသည်။

11041670 948536345181271 6334409031002893758 n

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အစည်းအဝေး လူမစုံ၍ မလုပ်ဖြစ်ခဲ့

ချင်းမိုင်၊ မတ် ၃၁။     ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army -FUA) ၏ အစည်း အဝေးကို မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လူမစုံသဖြင့် မကျင်းပခဲ့ရကြောင်း FUA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ လုပ်ဖို့အစီအစဉ်ရှိတယ်။ သို့သော် လူမစုံလို့ မဆွေးနွေးတာဖြစ်တယ်။နောက်တခုက NCCT ကလုပ်ငန်း မပြီးပြတ်သေးတော့ ဘာ မှဆွေးနွေး တာ မရှိသေးဘူး။ NCCT အစည်း

ရွှေပြည်သာ ကော့စတစ် အထည်ချုပ်စက်ရုံမှ အလုပ်သမားနှင့် အလုပ်ရှင်တို့ ညှိနှိုင်းမှု မပြေလည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ ကော့စတစ် အထည်ချုပ်စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြအလုပ်သမားများ တောင်းဆိုသည့် အချက် နှစ်ချက်ကို အလုပ်ရှင်နှင့် မတ်လ ၃၀ ရက်တွင် အင်းစိန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းရာ ပြေလည်မှု မရခဲ့ကြောင်း အလုပ်သမားခေါင်းဆောင် မအေးစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ ညှိနှိုင်းမှု မရသည့်အတွက် ခုံသမာဓိရုံးသို့ ထပ်မံတင်ပြမည်ဟုလည်း ၎င်းထံမှ သိရသည်။

"ကျွန်မတို့ ဒီနှစ်ချက်ပဲ တောင်းဆိုတယ်။ အလုပ်ရှင်ဘက်က လက်မခံတော့ ခုံသမာဓိ ရုံးတက် တိုင်မယ်" ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ မမျှတပါက ရွေးကောက်ပွဲ မျှတမည်မဟုတ်ဟု ဒေါ်စု ထောက်ပြ

နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့် ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရှိဖြင့် နိုင်ငံရေးပါတီများ ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များ တစ်ဖက်စောင်းနင်း မဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

DASSK

အွန်လိုင်းမှ တဆင့်ငွေလိမ်လည်မှုကြောင့် တယ်လီနော ဖုန်းငွေလွှဲစနစ် ပိတ်ထား

ရန်ကုန် (မဇ္ဈိမ)။ ။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှတဆင့်  တယ်လီနောဖုန်း အချင်းချင်း လက်ကျန်ငွေလွှဲသည့် စနစ်ကိုအသုံးပြုပြီးငွေလက် ကျန်လိမ်လည်ရယူမှုကြောင့် တယ်လီနောဖုန်းအချင်းချင်း ငွေလက်ကျန်လွဲသည့် စနစ်ကို ယာယီပိတ်သိမ်းထားသည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

လူမှုကွန်ရက် ဖေ့ဘွတ်ခ်အသုံးပြုသူတစ်ဦးက  ကုတ်နံပါတ် တစ်ခုကို ပေးပြီး ယင်းကုဒ်ကိုနှိပ်ပါက တယ်လီနောက ပရိုမိုးရှင်းအစီအစဉ်များ ပေးမည်ဟု  လိမ်လည်ရေးသားဖော်ပြခဲ့ပြီး ပရိုမိုးရှင်းရယူရန်

ယနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း


Credit - Mizzima News

လေးနှစ်သားအစိုးရ၏ ရီပို့ကတ်

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ကို ၂၀၁၁ မတ် ၃၁ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

Monday, March 30, 2015

သုံးနှစ်ကြာ ဆွေးနွေးခဲ့ရသည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ပါအချက်အားလုံး သဘောတူညီမှုရပြီ၊ စာချုပ်ချုပ်မည့်ကာလကိုမူ မသတ်မှတ်ရသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေးချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့်  (NCCT)တို့ ဆွေးနွေးလျှက်ရှိသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ပါ အချက်များကို မတ်လ ၃၀ ရက်က
သဘောတူညီမှု ရရှိခဲ့သည်။

7-Frequency-Union-Pacific-Meeting-7-Day-01
၇ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ အပြီးသတ်နိုင်ခဲ့သည့် မတ်လ ၃၀ရက်နေ့ မြင်ကွင်း။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

မြန်မာ့မီဒီယာ နယ်ပယ်တွင် အမျိုးသမီးများသတင်းထောက်များအခွင့်အရေးအတွက် သမဂ္ဂဖွဲ့စည်းရန် လိုဟုဆို

ရန်ကုန် မတ် ၃၀။       ။ မြန်မာ့မီဒီယာ နယ်ပယ်တွင်  အမျိုးသမီးများ၏ အခွင့်အရေးကို အသိပေးရန် လိုအပ်နေပြီး  အမျိုးသမီး မီဒီယာ သမဂ္ဂများ ဖွဲ့စည်းရန်  လိုအပ်သည် ဟုနိုင်ငံတကာ မီဒီယာအထောက်အပံ့ - IMS မှ ကျားမရေးရာ အတိုင်ပင်ခံနှင့် တွဲဖက် ညှိနှိုင်းရေးမှူး မစ္စဒယ်လ်ရုရှီဟမ် အမ်နက်တီက ဆိုသည်။

မစ္စဒယ်လ်ရုရှီဟမ်    အမ်နက်တီက "Gender (ကျားမ တန်းတူ ညီမျှမှု)ဆိုတာ အင်မတန်   အရေး ကြီးပေမယ့်   သတင်း ဌာနတွေရဲ့  အလုပ်ခန်းတွေ မှာရော၊ သတင်းဖော်ပြတဲ့ အခါမှာရော ဒါက  အားအနည်း  ဆုံးဖြစ်နေတယ်။ ဒါကြောင့် အမျိုးသမီး မီဒီယာ သမဂ္ဂဆိုတာကို ဖွဲ့စည်းသင့်တယ်။

အပစ်ရပ်စာချုပ် အချက်အားလုံးသဘောတူညီမှုရ

မဇ္ဈိမ

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ပါ အချက်အားလုံးကို အစိုးရ နှင့် အန်စီစီတီတို့ သဘောတူညီမှု ရရှိခဲ့ပြီဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"( NCA ) နောက်ဆုံး မူကြမ်းမှာ အခန်း (၇) ခန်း အပိုဒ် (၃၃) ပိုဒ် အပိုဒ်ငယ် (၈၆) ပိုဒ် ပါရှိပါတယ်။ နှစ်ဖက် ဆွေးနွေးပွဲ အဖွဲ့ကိုယ်စားလှယ်များကို အထူးအထူး ကျေးဇူးတင်ပါတယ်ဗျား။

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းနှင့် တိုင်းရင်းသားလူမျိုးစု ပြဿနာ (ဆောင်းပါး)

(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)

မတ် ၂၇ ရက်(တပ်မတော်နေ့) အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တပ်မတော်စစ်ကြောင်းကြီးများ ချီတက်အလေးပြုစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ထပ်မံခန့်အပ်လိုကြောင်း သမ္မတ သဝဏ်လွှာပို့

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ၈ ဦးအား အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မတ် ၃၀ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိတွင် ဥက္ကဋ္ဌ ၁ ဦးနှင့်အ ဖွဲ့ဝင် ၆ ဦးစုစုပေါင်း ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ ၈ ဦးတိုးမြှင့်ကာ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုသည်ဟု သမ္မတ၏ မတ်လ ၂၆ ရက်စွဲဖြင့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ကျေးလက် လူမူစီးပွား ဖွံ့ဖြိုးရေး သုံးနှစ်တာ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ ၂၄ သန်းကျော်ဖြင့် ဆောင်ရွက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ကျေးလက်ဒေသ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် CESVI Foundation၊ Action Aid Myanmar နှင့် SPRRG တို့၏ ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၇ သန်းဖြင့် သုံးနှစ်တာ ဆောင်ရွက်သွားရန် ရှိသည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချက်စဗီအဖွဲ့၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၅ သန်းဖြင့် ကျေးလက်ဒေသ လူမူစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ် ၁၉ ခုတွင် ၂၀၁၅ မှ ၂၀၁၇ အထိ သုံးနှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆောက်လုပ်အမှုတွဲများကို မြို့နယ်စည်ပင်ရုံးက ဧပြီ ၂ ရက်မှ စပြီး ဆောင်ရွက်ပေးတော့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆောက်လုပ်သော အဆောက်အအုံများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဧပြီ ၂ ရက်မှ စတင်ကာ ဆောက်လုပ်ခွင့် အမှုတွဲများကို  စိစစ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

Yangon-City-Hall
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ပစ်ရပ်ဆွေးနွေးပွဲသို့ လွတ်တော်သည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရန် ကြိုးပမ်းနေဟု သူရ ဦးရွှေမန်း သဝဏ်လွှာပို့

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရန်ကုန်မြို့  ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပလျက်ရှိသည့် သတ္တမအကြိမ် ၇ ရက်မြောက် ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ကာ လွှတ်တော်သည် တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရေး လွှတ်တော်များက ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပါရှိသည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းကို ဘာကြောင့် ဆင်ဆာဖြတ်သလဲ” (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က နေပြည်တော်မှာ အနှစ် ၇၀ မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းကို တပ်မတော်ပိုင် မြဝတီသတင်းစာနဲ့ အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Sunday, March 29, 2015

အစိုးရဝန်ထမ်း လစာတိုးသော်လည်း ပုဂ္ဂလိက အခြေခံဝန်ထမ်းများ၏ အနည်းဆုံး လုပ်ခ၊လစာ သတ်မှတ်ရေးပင် အလှမ်းဝေးနေသေး

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို အစိုးရက မတ် ၂၇ရက်က နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေငြာခဲ့ပြီး အနိမ့်ဆုံး ဝန်ထမ်းလစာ ၇၅၀၀၀ ရရှိ နေသူကို ၁၂၀,၀၀၀ အထိ တိုးမြှင့်ပေးခဲ့ပြီး အမြင့်ဆုံး လစာ ကျပ် နှစ်သိန်းခွဲ ရရှိသူကို ငါးသိန်းအထိ တိုးမြှင့်ပေးခဲ့သည်။

သို့သော် ဝန်ထမ်းများ ရရှိခံစားနေသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ကိုမူ ရရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် အစိုးရ အခြေခံ ဝန်ထမ်းများ၏ လစာတိုးမြှင့်မှုသည် ကျပ် ၁၅,၀၀၀သာ တိုးမြှင့်

နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံများအပေါ် သက်ရောက်မှုကို စစ်ကိုင်းပြည်သူ့ဖိုရမ်တွင် ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းတွင် ကျင်းပမည့် ပြည်သူ့ဖိုရမ်တွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုကြောင့် ဖြစ်ပေါ်လာသည့်  ဒေသခံများအပေါ် သက်ရောက်မှုများကို ဆွေးနွေးသွားမည်ဟု မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့၊ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ဖိုရမ်ကို  မုံရွာမြို့ မုံရွာမြို့တော်ခန်းမတွင် ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

AA နှင့် တပ်မတော် တိုက်ပွဲဖြစ် တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖမ်းဆီးမိထားဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင့်တပ်မတော် (AA ) နှင့် မြန်မာတပ်မတော် တို့ မတ်လ ၂၉ရက် နံနက် ၁၂နာရီခွဲအချိန်နှင့် ၇ နာရီခွဲအချိန်တို့တွင် တိုက်ပွဲနှစ်ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း AA  ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းက "အခုထိတွေမှုဖြစ်တာက လုံးဝမရှောင်နိုင်တော့တဲ့ အခြေအနေမှာဖြစ်သွားတာ၊ အရင်လည်း အဲဒီဖက က ကျွန်တော်တို့ လှုပ်ရှားနေတာပဲ၊ အခုမှ တပ်ဖက်နဲ့ တွေ့ပြီး တိုက်ပွဲတွေဖြစ်တယ်၊

ကစ္ဆပနဒီ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် အစိုးရစီစဉ်မှု ပြည်နယ်လွှတ်တော် ကန့်ကွက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင် ကစ္ဆပနဒီ မြေယာစီမံကိန်း အကောင်အထည်ဖော်ရန် ပြင်ဆင်လျှက်ရှိသည်ဟု  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်စံရွှေက ပြောသည်။

ဆုထူးပန် ကုမ္ပဏီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မတ်လ ၂၅ ရက်တွင် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးပြီး ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများသို့ စက်သုံးဆီ သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူ

ရန်ကုန် (မဇ္ဈိမ)။ ။ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများသို့ စက်သုံးဆီ သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ တင်ဒါစတင်ခေါ်ယူထားသည်။

ဝန်ကြီးဌာန လက်အောက်ရို စက်ရုံများသို့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများကို သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို ပြင်ပပုဂ္ဂလိက

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ အနုပညာပြပွဲ ပြုလုပ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ သိက္ခာမြန်မာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ  ကြီးမှူးကျင်းပမည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ Love Bombing Campaign  အနုပညာပြပွဲကို  မတ် ၃၁ ရက် ညနေ ၄ နာရီမှ  ၈ နာရီ အထိ  အမှတ် (၁၅၉)၊ လှိုင်မြို့နယ်၊ စပါယ်ခြံ  ၃ လမ်း၊ ၁၁ ရပ်ကွက်၊ သိက္ခာမြန်မာ အင်စတီကျူ့တွင် ပြသသွားမည် ဖြစ်သည်။

ယင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ Love Bombing Campaign အနုပညာပြပွဲသည် မြန်မာနိုင်ငံ တွင်းရှိ တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းမှုရရှိစေ ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ သိက္ခာမြန်မာဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ မခင်ဇာမော်က မဇ္ဈိမကို ပြောသည်။

နယ်မြေမတည်ငြိမ်မှုကြောင့် သင်္ကြန်တွင်းကာလ မူဆယ်၊ မြဝတီဘက်သို့ ခရီးသွားလာမှု ကျဆင်း

ရန်ကုန် (မဇ္ဈိမ)။ ။ နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင်း မူဆယ်၊ မြ၀တီဘက်သို့ ခရီးသွားလာမှုများ လျော့နည်းသွားသည်ဟု ပြည်တွင်း ခရီးသွားလုပ်ငန်းများက ပြောသည်။ သင်္ကြန်တွင်း ခရီးသွားအများစုမှာ လုံခြုံရေးစိုးရိမ်စိတ်ကြောင့် အဆိုပါ ဒေသများသို့ ခရီးသွားလာမှုမရှိဘဲ ထားဝယ်ဒေသသို့ ခရီးသွားလားမှုများ ပိုလာသည်ဟု Golden Star ခရီးသွားလုပ်ငန်းတာဝန်ခံ ဦးဇေယျာက ပြောသည်။

နိုင်ငံတော်သို့ ရွှေစင်ပေးသွင်းရန် ကျန်ရှိသည့် သတ္တုထုတ်လုပ်ရေး ကုမ္ပဏီများကို တရားဆွဲအရေးယူမည်ဟု သတိပေး

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ပေးသွင်းရမည့် ရွှေစင်များကို ပေးသွင်းခြင်း မရှိပါက တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ မတ် ၂၉ ရက်တွင် အသိပေးထားသည်။

သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့်
ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ထားသည့်အနက် အချို့ကုမ္ပဏီများသည် စာချုပ်အရ နိုင်ငံတော်သို့ ရွှေစင်များ ပေးသွင်းရန် ပျက်ကွက်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး၊ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

"လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ကျင့်သုံးနိုင်တဲ့ မီဒီယာဝန်းကျင်တစ်ခု ဖော်ဆောင်ပေးဖို့ပဲရှိတယ်။ မီဒီယာကို ထိန်းချုပ်မယ်ဆိုတဲ့ စိတ်တော့မရှိဘူး"

ပြန်ကြားရေးဝန်ကြီး၊ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့် အခြေအနေများကို မဇ္ဈွိမအယ်ဒီတာချုပ် ဦးစိုးမြင့်က မတ် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များအနက် ပထမပိုင်းကို ဖော်ပြလိုက်သည်။ အင်တာဗျုးအား ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၊ မတ်လ ၂၇-၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော International Press Institrute (IPI) ၏ ၆၄ ကြိမ်မြောက် ကမ္ဘာ့ညီလာခံအတွင်း တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။