– (မြိုင်-တင်လှိုင် )
ယနေ့မြန်မာနိုင်ငံတွင် လက်နက်ကိုင်
အဖွဲ့အစည်းအများအပြားရှိပါသည်။ သို့ရာတွင် အစိုးရက တရားဝင်ဖွဲ့ စည်း
ထားသည်မှာ တပ်မတော် လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ခု
ဖြစ်သည်။ ယခင်က တပ်မ တော်ခေါ် စစ်တပ်က အာဏာသိမ်း၍
အစိုးရလုပ်အုပ်ချုပ်ခဲ့ပါသည်။ ယခုအခါတွင် ၎င်းစစ်အစိုးရမှ တပ်မှူးကြီး များက
လူဝတ်လဲ၍ စစ်ဝတ်ချွတ်ကာ အုပ်ချုပ်ကြပါသည်။ ထိုအခါ ပြည်သူကို လက်နက်ဖြင့်
နှိမ်နင်းရန် လိုအပ် ပါက စစ်တပ်ကို မသုံးတော့ဘဲ ရဲတပ်ဖွဲ့ကို
နှိမ်နင်းစေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့ဝင်များသည် လူကြီးလမ်း ကြောင်း
လုံခြုံရေးလည်း သူတို့၊ ပြစ်မှုများ ခိုးဆိုးလုယက်မှု
စသည်များလည်း
စုံစမ်းဖော်ထုတ်ဖမ်းဆီးရ၊ အမှု များစွဲတင်ရ၊ အချုပ်သားများ
တရားရုံးပို့ရာတွင်လည်း လုံခြုံရေးတာဝန်ယူရသဖြင့် အင်အားမမျှဖြစ်နေပါသည်။
သာမန်ရဲတပ် ဖွဲ့ဝင်တစ်ဦးဖြစ်ရန် အဋ္ဌမတန်းအောင်က ဖြစ်ပါသည်။…
လစာမှာ
၇၅၀၀၀ိ/ အပို ဆောင်း ၃၀၀၀၀ိ =၁၀၅၀၀၀ိ/-ရပါသည်။ အခြားအထောက်အပံ့များလည်း
ရပါသေးကြောင်း ရဲတပ်ဖွဲ့ဝင် စုဆောင်းရာ တွင် ကြော်ငြာထားပါသည်။
သို့သော်လည်း ၀င်ရောက်လိုသူ အားနည်းနေကြောင်း သိရကြားရပါသည်။ အဘယ်
ကြောင့်ဆိုသော် မိဘအချို့က ရဲတပ်ဖွဲ့ဝင်၏ အလုပ်လုပ်ရသည့် အချို့ကိစ္စများကို
မနှစ်သက်ကြ၍ဖြစ် ပါသည်။ တရားခံဖမ်းရသည်။ စစ်ဆေးရသည်။ ထိုသို့ပြုလုပ်ရာတွင်
မှန်ကန်သူ ဟုတ်ချင်ဟုတ်မည်။ မဟုတ်ချင်မဟုတ် ဖြစ်မည်။ မဟုတ်က
အကုသိုလ်ဖြစ်သည်။ လူမုန်းခံရသည်။ ကြမ်းပိုးကိုလည်း လိပ်ဖြစ်အောင်
လုပ်မိမည်စသည် တို့ကြောင့် ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည်
ဥပဒေကို ကိုင်စွဲရသူဖြစ်၍ ဥပဒေနှင့်အညီ ပြုလုပ်ပါက ပြည်သူတို့၏
ကိုယ်နှင့်စိတ်ကို လုံခြုံမှုပေးနေရ၍ မွန်မြတ်သော အလုပ်ဖြစ်ပါသည်။
လူအများသွားနေသည့် မည် သည့် နေရာတွင်မဆို တစ်စုံတစ်ဦးက တစ်စုံတစ်ဦးကို
မတရားပြုကျင့်နေပါက ရဲကိုသာ မျှော်လင့်ကြရသည်။ အရပ်ထဲတွင် ဆိုင်ကယ်
တိုက်မည်၊ ကားတိုက်မည်၊ ရန်ဖြစ်ကြမည်ဆိုပါက ရဲများလာရောက် ရှင်းက ရပါသည်။
အရပ်သားချင်း ရှင်း၍ မရပါ။ ထိုအခါသက်ဆိုင်ရာရဲက အမှုဖွင့်၊ အမှုစစ်ရန်
တာဝန်ရှိသူက အမှုစစ်၍ဖြစ်ရပ် မှန်ကို အမှုတည်ဆောက်ကာ ဥပဒေရုံးသို့
ဥပဒေအကြံပြု တင်ပြ၍ တရားရုံးသို့ တရားစွဲရန် တင်ပို့ရပါသည်။
ဤတွင်
အမှုစစ်ရဲ (အိုင်အို) သည် အရေးကြီးသည့်ကဏ္ဍတွင် ရှိပါသည်။ တရားခံ
(ပြစ်မှုဖြစ်အောင်ပြု လုပ်သူ) အမှန်ကို ရှာရပါသည်။ အမှန်တကယ် တရားခံ
ကနည်းမျိုးစုံသုံး၍အမှုစစ်ကို ချဉ်းကပ်ပြီး တရားခံအစား ထိုး တတ်ကြ ပါသည်။
ထိုအခါ အမှုစစ်ကလက်ခံသည်လည်း ရှိပါသည်။ လက်မခံဘဲအမှန်တရားအတိုင်း ဆောင်
ရွက်သည်လည်းရှိပါသည်။ထို့ပြင် သက်သေခံပစ္စည်း ရှာဖွေသိမ်းဆည်းရာတွင်လည်း
မသမာသောနည်းများကို သုံး စေရန်အမှုသည်များက စည်းရုံးတတ်ပါသည်။ ထိုအခါ
လုပ်ပေးသော အမှုစစ်များ ရှိသလို မလုပ်ပေးသော အမှုစစ်များလည်း ရှိပါသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ပိုင်ခွင့်များမှာ များပြားလှပါသည်။
ထို့ကြောင့်ရဲများ ကို စည်းကမ်း တကျဖြစ်စေရန် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ
ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ဥပဒေ အမှတ် ၄/၉၅ဖြင့်
(၂၆-၄-၁၉၉၅)ခုနှစ်က ပြဋ္ဌာန်းခဲ့ပါသည်။
ထိုဥပဒေပုဒ်မ ၁၃(က)၌ ““တစ်ဦး
တစ်ယောက်သော သူက လုံ ခြုံရေးနှင့်ရပ်ရွာငြိမ်းအေးသာယာရေးကို ထိ
ပါးသောပြုလုပ်မှု၊ အခြားသော သူအား နစ်နာအောင်ပြုလုပ်မှု သို့မဟုတ် ဥပဒေ
ချိုးဖောက်မှု တစ်ခုခု ကို ပြုလုပ်သဖြင့် နစ်နာသူက တိုင်ကြား လာရာတွင်
မိမိရာထူး တာဝန်အလျောက်အရေး ယူ ဆောင်ရွက်ရမည်ကို မဆောင်ရွက်ဘဲ
ပျက်ကွက်လျှင် သို့မဟုတ် လုံလောက်သော အကြောင်းမရှိဘဲ အရေးယူဆောင်ရွက်
ရာတွင် နှောင့်နှေးကြန့်ကြာလျှင်၊ (ခ) ပြစ်ဒဏ်ချမှတ် ခြင်းခံရသူကို
မဖမ်းဆီးဘဲတမင် ပျက်ကွက်လျှင်၊ ရှောင် တိမ်းနိုင်အောင် သတင်းပေးလျှင်
သို့မဟုတ် တစ်နည်းနည်းဖြင့် အထောက် အကူပြုလျှင် သို့မဟုတ်(ဂ) သက်သေများ
မမှန်မကန် ထွက်ဆိုစေရန် သွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ်
ခြောက်လှန့်ခြင်းပြု လျှင်ရဲ တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ ၁နှစ်
(တစ်နှစ်) ထိ ထောင်ဒဏ်ဖြစ်စေ ဤဥပဒေတွင် ဖော်ပြထား သည့် လျော့သောပြစ်ဒဏ်ဖြစ်
စေထိုက်သင့် စေရမည်။ ထိုဥပဒေ ပုဒ်မ ၂၆တွင်လည်း ““ဤဥပဒေကို လိုက်နာ
ရသူတစ်ဦးသည် မည်သည့်နေရာတွင်မဆို ဤဥပဒေပါ ပြစ်မှုများမှအပ အခြားတည်
ဆဲဥပဒေများပါ ပြစ်မှု တစ်ခုခုကို ကျူးလွန် လျှင်ပြစ်မှုဆိုင်ရာ တရားရုံး က
စစ်ဆေးစီရင် နိုင်ရန်လွှဲပြောင်းပေးရမည်””ဟု ပြဋ္ဌာန်း ထားပါ သည်။
သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များသည် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ အရလည်း
ပြစ်မှုကျူးလွန်ကအရေးယူခံရမည်။ အခြား ပြစ်မှုများ ကျူးလွန်လျှင်လည်း
အများပြည်သူကဲ့သို့ သက်ဆိုင်ရာအရပ်ဘက် တရားရုံးတွင်လည်း
အရေးယူခံရမည်ဖြစ်ပါသည်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပါ ပြစ်မှု
များသည်ရဲများပြုလုပ်လေ့ရှိသော၊ ပြုလုပ် တတ်သော ပြစ်မှုများကိုပြဆိုထားခြင်း
ဖြစ်ပါသည်။ များသောအားဖြင့် ရဲများထဲမှ အချို့သည် ထိုပြစ်မှု များကို
ကျူးလွန် လေ့ရှိကြပါသည်။ ၁၉၉၃ခုနှစ် တရားစီရင်ထုံးများမှ
ဒုရဲအုပ်စခန်းမှူးကြီးရွှေပါ ၄နှင် ပြည်ထောင် စု မြန်မာနိုင်ငံတော်ပါ ၂အမှု
ဖြစ်ရပ်ကို ဖော်ပြထားပါသည်။
အမှုမှာ ၂၆-၇-၉၂၊ညနေ ၅း၃၀နာရီ ခန့်တွင်
မြောက်ဥက္ကလာပရဲစခန်းရှေ့၌ ဒုတပ်ကြပ်စိုးတင့်သည် ၎င်းစီးလာ သော အမှတ် (၇)
ဒေ၀ူးလိုင်းကားမောင်း သူအား မကျေမနပ်ဖြစ်ပြီး ဆဲရေးသည်ကို ရဲဒုတပ်
ကြပ်မောင်ဇော်၊ ရဲတပ်သားမြင့်ထွန်း၊ ရဲတပ်သားညီညီလွင်တို့က တားမြစ်၍
နှစ်ဖက် ထိုးကြိတ်ရာမှ ပေါ်ပေါက် လာ သော အမှုဖြစ် သည်။ ဒုတပ်ကြပ်စိုးတင့်သည်
အမှတ် ၅၀၂လေတပ်စခန်းမှ တပ်ကြပ်တစ်ဦးဖြစ်ကြောင်း သိရ၍ ရဲစခန်းမှူး ကြီးရွှေက
တပ်မတော်တပ်ထိန်းသို့ အကြောင်းကြားအပ်နှံပေးခဲ့ပြီးနောက် ၃၁-၇-၉၂တွင်
ဒုတပ်ကြပ်စိုးတင့်က စခန်းမှူး ဦးကြီးရွှေပါ ၄ ဦးတို့အား အရေးယူရန်
မြောက်ဥက္ကလာပမြို့နယ် တရားရုံးသို့ တိုက်ရိုက် လျှောက် ထားခဲ့သည်။
မြို့နယ်တရားရုံးက ရဲတပ်ဖွဲ့စခန်းအား စုံစမ်းစစ်ဆေးခဲ့ပြီးနောက်
စခန်းမှူးကြီးရွှေ ပါ ၄ဦးတို့အား ပြစ်မှု ဆိုင်ရာ အမှုကြီး အမှတ် ၉၂၂/၉၂တွင်
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃/၃၄၂/၁၁၄အရ အရေးယူ စစ်ဆေး ခဲ့ပါသည်။
ထိုအမှုကို စခန်းမှူးကြီးရွှေပါ ၄ဦးတို့က တရားရုံးချုပ် (ယခင်အခေါ် ဖြစ်သည်။)
သို့အမှုချေဖျက်ပေးရန် ပြစ်မှု ဆိုင်ရာအထွေထွေမှုတင်ခဲ့ပါသည်။ ၁၉၉၂
ခုနှစ်ပြစ်မှုဆိုင်ရာ အထွေထွေမှု အမှတ် ၉၇ဟုဖွင့်လှစ်၍ ကြား နာခဲ့ပါသည်။
ဦးကြီးရွှေတို့က အချင်းဖြစ်ပွားချိန်က စခန်းမှူး ကြီးရွှေမှာ တာဝန်မှူးအဖြစ်
တာဝန် ထမ်း ဆောင်နေ ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် (၃)ဦးတို့မှာလည်း
ကင်းလုံခြုံရေးတာဝန်များ ကို ထမ်းဆောင်နေကြောင်း၊ ထိုစဉ် ရဲစခန်း ရှေ့၌
ကိုစိုးတင့်က ရိုင်းပြစွာဆဲရေးနေသည်ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်ရာမှ
ထိုးကြိတ်မှုဖြစ်ပွား ခဲ့၍ ကိုစိုးတင့်အား ရဲစခန်းထဲသို့ခေါ်ယူစစ်ဆေးပြီး
တပ်မတော် တပ်ထိန်းသို့အပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ သည် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၂၁အရ တစ်ဦး တစ်ယောက်ကို ချုပ်နှောင်ပိုင်ခွင့်နှင့်
ပြစ်မှုများကို တားမြစ်ရန် တာဝန် ရှိသူများ ဖြစ်သောကြောင့် ၎င်းတို့အား
တရားစွဲဆိုလိုပါက ၎င်းတို့၏အထက်ရှိ အဆင့်မြင့် အာဏာပိုင်ထံမှ တရားစွဲဆိုခွင့်
အမိန့်ရရှိမှသာ စွဲဆိုခွင့်ရှိမည်ဖြစ်ကြောင်း တင်ပြသည်ကို စီရင်ထုံး၌
ဖတ်ရှုရပါသည်။
ထိုအမှုကို တရားရုံးချုပ်တရားသူကြီးက ဆုံးဖြတ်ခဲ့သည်မှာ
““ရဲတပ်သားအဆင့် မှ လုံခြုံရေးမှူး (ရဲအုပ်) အဆင့် ထိ ရှိသူများအား
ရာထူးမှ နုတ်ပယ် ပိုင်ခွင့်အာဏာ ရှိသူမှာ ၁၉၄၅ခုနှစ် ရဲအက်ဥပဒေပုဒ်မ ၈(၁)အရ
ရဲချုပ် သာ ဖြစ်၍ ဖော်ပြပါ အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်များအား အရေးယူလျှင်
ထိုသူများအပေါ် တရားစွဲဆိုရန်ခွင့် ပြုမိန့် မလို ကြောင်း တရားရုံးများညွှန်
ကြား လွှာအမှတ် ၁၁/၇၀ တွင် ဖော်ပြထားသည်။ ထို့ပြင် ပြည်သူ့ဝန်ထမ်းပင်ဖြစ်
လင့်ကစား တာဝန်ဝတ္တရား ထမ်းဆောင်ခိုက်တွင် တာဝန်နှင့်လုံးဝ မအပ်စပ်သည့်
ပြုမူချက်နှင့် ပတ်သက်လျှင် ခွင့်ပြုမိန့်ရယူရန် လိုမည်မဟုတ်ကြောင်း
ယင်းညွှန် ကြားလွှာအပိုဒ်၅ တွင် ဖော်ပြထားကြောင်း တွေ့ရသည်။ ယခုအမှုတွင်
မူးယစ်ဆဲဆိုနေသူ ဒုတပ်ကြပ်စိုးတင့်အား ရဲစခန်းသို့
ခေါ်ယူစစ်မေးရန်ဖြစ်ပါလျက် ထိုးကြိတ်ကြ ခြင်း မှာ တာဝန်နှင့်
အပ်စပ်သည့်အပြုအမူ ဖြစ်သည်ဟု မဆိုနိုင်ပေ။ ဤလျှောက်ထားမှုကို ပလပ်လိုက်သည်။
အထက်ပါ အမှုကိုကြည့်လျှင် ရဲသည် လည်းကောင်း၊ ၀န်ထမ်းသည်လည်းကောင်း
မိမိတာဝန်မှအပ တာဝန်နှင့် မအပ်စပ်သည့် အလုပ်ကိုလုပ်ပါက
တာဝန်ချိန်ဖြစ်သော်လည်း ပြစ်မှုကျူးလွန်က တရား စွဲခွင့်ရှိပါ သည်။
တရားစွဲဆိုခွင့်တောင်းရန် မလိုကြောင်း သိရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment