Tuesday, October 7, 2014

လူငယ်တွေ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးဘဲ နိုင်ငံကောင်းစားရေးသာ အာရုံစိုက်လုပ်ရန်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ချစ်မင်းထွန်း ၊ ရန်ကုန်၊ အောက်တိုဘာ ၎
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် လုပ် ကိုင်ဆောင်ရွက်နေသော လူငယ်များအား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော စိတ်များ မမွေးမြူဘဲ နိုင်ငံကောင်းစားဖို့ အတွက်သာ ရည်ရွယ်ပြီး အာရုံစိုက်လုပ်ရန် လူငယ်များ ကို အန်င်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အောက်တိုဘာ ၄ ရက်တွင် တိုက် တွန်း ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ် ဦးဆောင်အဖွဲ့ ပထမအစည်းအဝေးကို တော် ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်း အဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

''လူငယ်ဆိုတာ တစ်သက်လုံး လူငယ်လုပ်လို့ မရဘူး။ ဒါကြောင့် အလုပ် လုပ်တဲ့အခါ လူငယ်ဆိုတဲ့စိတ်ကို ပယ်ပြီး လူကြီးတစ်ယောက် အနေနဲ့ရော နိုင်ငံကောင်း စားဖို့အတွက်ရောဆိုတဲ့ စိတ်ထားကို မွေး ပြီးတော့လုပ်ရမယ်။ ဒီလိုပြောရတဲ့ အကြောင်း ကလဲ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် အ ထင်ကြီးတဲ့ စိတ်ရှိတတ်တယ်။ မရှိနဲ့မဟုတ် ဘူး။ ရှိလို့ရပါတယ်။ ဒါပေမဲ့ အထင်ကြီးတဲ့ စိတ်ကနေ အမှားတွေဖြစ်လာမှာစိုးလို့ ပြော တာပါ။ဒါကြောင့်ဒီလိုအမှားတွေမဖြစ်ခင်မှာပဲကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ဗဟိုလူငယ်ကော်မတီအဖွဲ့အား ဖွဲ့စည်း ကာ လူငယ်စွမ်းရည်မြှင့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသောကြောင့် ယင်းလူငယ် ကော်မတီတွင် အသက် ၃ဝ ဝန်းကျင်ရှိသူများ ကိုသာ လက်ခံတော့မည်ဖြစ်ပြီး အသက် ၃ဝကျော်သူများအား လူငယ်ကော်မတီဝင် အဖြစ် လုပ်ကိုင်ခွင့်မပြုတော့ဘဲ တခြားသော လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးသွားရန် စီစဉ်ထားကြောင်း ယင်းကဆိုသည်။
အဆိုပါ အစည်းအဝေးတွင် လူ ငယ်ရေးရာကိစ္စများကို ဆောင်ရွက်သွား ရန် ဆွေးနွေးညှိနှိုင်းခဲ့ရာ ယင်းဆွေးနွေးပွဲ မှ သဘောတူညီမှုရရှိခဲ့သော အချက်များ မှာ (၁) ညီလာခံ သက်တမ်းသတ်မှတ်ခြင်း ကို ခဏဆိုင်းငံ့ထားခြင်း၊ (၂) ဗဟိုလူငယ် ဦးဆောင် အစည်းအဝေးအား လေးလတစ် ကြိမ် ပုံမှန်ကျင်းပရန်၊ (၃) ဗိုလ်ချုပ်ရာပြည့် အခမ်းအနားပွဲများအတွက် ဆွေးနွေးညှိနှိုင်း မှုကော်မတီဖွဲ့ခြင်း၊ (၄) လူငယ်စာကြည့် တိုက်နှင့် စာဖတ်ဝိုင်းများ စနစ်တကျကျင်းပ နိုင်ရန် သုံးလတစ်ကြိမ်တင်ပြခြင်း၊ (၅) ဗိုလ် ချုပ်မွေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင် ပွဲတွင် ဆုရရှိသောလူငယ်များအား ဂုဏ်ပြု သောအားဖြင့် တောစခန်း(Forest Camp) ဖွင့်လှစ်ရန်၊ (၆) သက်ဆိုင်ရာ လူငယ်ကော် မရှင်များက စာရင်းဇယား အပြီးအပြတ် လွှဲပြောင်းခြင်း မပြီးစီးသေးသော မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး ကိစ္စများအား ဝိုင်း ဝန်းအဖြေရှာရန် တစ်နှစ်ဆိုင်းငံ့ခြင်း စသည့် အချက်များကို သဘောတူ လက်ခံဆွေးနွေး ခဲ့ကြသည်။
Flower News Journal, Vol-10, No.29 (13-Oct - 2014)
====================================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com

Credit - Yangon Media Group

No comments:

Post a Comment