Tuesday, October 7, 2014

ဗြိတိန်စုံတွဲကို မြန်မာများသတ်သည်ဟု ကော့တောင်ကျွန်းပေါ်မှ ရွှေ့ပြောင်းအလုပ်သမားများ မယုံကြည်

ကော့သောင်း၊ အောက်တိုဘာ ၅- 

ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီ ခရိုင်ရှိ ကော့တောင်ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုကို မြန်မာ အလုပ်သမားနှစ်ဦး ကျူးလွန်သည် ဟုမယုံကြည်ကြောင်း ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ် သမားများက ပြောကြားသည်။
လူသတ်တရားခံဟု စွပ်စွဲခံ ထားရသူများမှာ ကျွန်းပေါ်တွင် လာ ရောက်အလုပ်လုပ်ကိုင်နေသည်မှာ လပိုင်းသာရှိသေးပြီး လူသတ်မှုကျူး လွန်ကြောင်း သရုပ်ပြရာတွင်လည်း ကောင်းမွန်စွာ သရုပ်ပြနိုင်ခြင်း မရှိ ကြောင်း ကျွန်းပေါ်နေ မြန်မာအလုပ် သမားတို့က ပြောကြားသည်။

ထိုင်းအုပ်ချုပ်ရေးအဆင့်အရ တာဗွန်အုပ်ချုပ်ရေးအဆင့် (Tambon Administration Organization )
ဟုဆိုနိုင်သည့် ကျေးရွာအုပ်စုကြီးအ ဆင့်ရှိ ကော့တောင်ကျွန်းတွင် မည် သည့်အမှုအခင်းဖြစ်ပွားစေကာမူ လူတိုင်းသိနိုင်သည့်အခြေအနေတွင် ရှိသဖြင့် ယခုစွပ်စွဲခံထားရသူများ မဖြစ်နိုင်ခြင်းဖြစ်ကြောင်း ¤င်းတို့က ပြောကြားသည်။
ဗြိတိသျှစုံတွဲသည် စက်တင်ဘာ ၁၅ရက်တွင် အသတ်ခံခဲ့ရပြီး နောက် တစ်ရက်တွင် ကျွန်းပေါ်နေ မြန်မာ အလုပ်သမားများအားလုံးကို ယင်း တရားခံနှစ်ဦးအပါအဝင် ကျား၊ မ မကျန်စစ်ဆေးခဲ့ကြောင်း ကျွန်းပေါ် နေ မြန်မာရွှေ့ပြောင်းလုပ်သားတို့က ဆိုသည်။
''သတ်တဲ့နေ့ကတည်းက တစ် ကျွန်းလုံးမှာရှိတဲ့ မြန်မာအလုပ်သ မားတွေကိုပဲ စစ်ဆေးတယ်။ အခုဖမ်း ထားတဲ့ ကောင်လေးတွေလဲ စစ်ဆေး ခဲ့တဲ့အချိန်က ပါတယ်။ အဲဒီတုန်းက တော့ မပေါ်ဘူး။ အခု စူရတ်မှာ ၁၇ ရက်အကြာနေထိုင်ပြီးမှ တရားခံဆို ပြီး သွားဖမ်းတယ်။ တကယ်သတ်တဲ့ သူက အခုလိုမျိုး ထိုင်းမှာ နေနေဦး မလား။
လွတ်တဲ့နေရာပြေးပြီပေါ့။ မြန်မာပြည်လဲ ပြန်လို့ရတာပဲလေ''ဟု ကျွန်းပေါ်တွင်နေထိုင်ပြီး အပန်းဖြေ စခန်းဟိုတယ်များတွင် စားပွဲထိုးအ လုပ်လုပ်ကိုင်သူ အသက် ၃ဝအရွယ် မြန်မာအလုပ်သမားတစ်ဦးက ဆို သည်။
တရားခံဟု ခေါ်ဆောင်လာပြီး ထိုင်းရဲများက သရုပ်ပြစေခဲ့သော မြန်မာအလုပ်သမားနှစ်ဦးမှာ အခင်း ဖြစ်ပွားသည့် ကမ်းစပ်နေရာသို့ သူတို့ အမှန်တကယ်ကျူးလွန်ပုံကို လာ ရောက်သရုပ်ပြစဉ် အလွဲအလွဲအ ချော်ချော်ဖြစ်နေပြီး မည်သည့်ခံစား ချက်မျှမရှိခြင်းက ယင်းအလုပ်သမား နှစ်ဦး အမှန်တကယ်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ဟု ကောက်ချက်ချနိုင်ကြောင်း သရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့ သည့် အလုပ်သမားအချို့ကို မေးမြန်း ထားချက်အရ သိရသည်။
''တရားခံဆိုပြီး သရုပ်လာပြတဲ့ အချိန်တုန်းက အခင်းဖြစ်တဲ့နေရာကို အသေအချာတောင် လက်ညှိုးမထိုး ပြနိုင်ခဲ့ဘူး။ မြန်မာဘာသာပြန်လုပ် တဲ့သူက ဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီး တော့ ညွှန်ကြားနေတာ အသိသာ ကြီးပါ''ဟု ကော့တောင်ကျွန်း ရေပန်း မစားမီကတည်းက ကိုးနှစ်ကြာ အ လုပ်လုပ်ကိုင်ခဲ့သော ဦးချစ်စုက ဆို သည်။
ဦးချစ်စုသည် အောက်တိုဘာ ၃ရက် ယင်းသရုပ်ပြပွဲ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် အောက်တိုဘာ ၄ရက်တွင် ကော့သောင်းမြို့ရှိ ¤င်း ဇာတိ အေးရိပ်ငြိမ်ရပ်ကွက်သို့ ပြန် လာခဲ့သူဖြစ်သည်။
၂ဝဝ၆ခုနှစ်စာရင်းအရ နိုင်ငံ သားလူဦးရေ ၁၃ဝဝကျော်သာရှိပြီး နောက်ဆုံးစာရင်းအရ ရွှေ့ပြောင်းအ လုပ်သမားဦးရေ ၇ဝဝဝ ကျော်ဝန်း ကျင်သာရှိသော ယင်းကျွန်းသည် ပြီး ခဲ့သည့် နှစ်နှစ်ခန့်တွင်မှ ကမ္ဘာ့လှည့် ခရီးသည် ရေငုပ်သမားများအကြား ရေပန်းစားလာခြင်းဖြစ်ပြီး လူသိများ လာခြင်းဖြစ်သည်။
လူသတ်မှုနှင့်ပတ်သက်၍ ထိုင်း ရဲတပ်ဖွဲ့မှာ ဗြိတိန်အပါအဝင် ထိုင်း ဗဟိုအစိုးရ၏ ဖိအားပေးမှုကိုပါခံနေ ရပြီး ယင်းကြောင့် ခရီးသွားလုပ်ငန်း ဖြင့် အဓိက ငွေရှာသော ထိုင်းနိုင်ငံ နာမည်ပျက်မည်ကို စိုးရိမ်လျက်ရှိ သည်။
ယင်းသည်ပင် အမှုကို အလျင် အမြန်တည်ဆောက်ပြီး တရားခံရှာ သည့်အနေအထားကို တွန်းပို့သွား စေခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား များသည်လည်း ယင်းကိစ္စကြောင့် ထိတ်လန့်ကြောက်ရွံ့လျက်ရှိပြီး ယင်းတို့နှင့် တွေ့ဆုံမေးမြန်းခဲ့သော အလုပ်သမားအများစုမှာ ¤င်းတို့၏အမည်ကို သတင်းတွင် ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့ကြသည်။
အမှုနှင့်ပတ်သက်၍ အလုပ်သ မားတို့၏ပြောစကားကို အောက်ပါ အတိုင်း စုစည်းဖော်ပြအပ်ပါသည်။
ကျွန်းပေါ်တွင် ပထမဆုံး စစ် ဆေးခံရသူများတွင်ပါဝင်သည့် မြန်မာ အလုပ်သမားတစ်ဦးက ''ကော့တောင် ကျွန်းပင်လယ်ကမ်းစပ်တွေမှာ အမှိုက် ကောက်နေတဲ့ မြန်မာမိသားစုတစ်စု ရှိတယ်။ သူတို့က မနက် ၃နာရီဆို ကမ်းစပ်မှာ အမှိုက်ကောက်တယ်။ အဲဒီမိသားစုထဲက ကောင်မလေးက အမှိုက်ကောက်လာရင်း ကမ်းစပ်မှာ သေနေတဲ့အတွဲကိုသိလို့ အော်ဟစ် ပြေးလာပြီး အနီးအနား ဘန်ဂလိုက အမျိုးသားကြီးကိုပြောပြတယ်။ အဲဒီ အချိန်မှာ ဘန်ဂလိုက အလုပ်ရှင်တွေ က အသံကြားလို့ ထကြည့်ကြရင်း အရင်ဆုံးစတွေ့ရတာ၊ ပြီးမှ ရဲတွေ ကို အကြောင်းကြားခဲ့တယ်။ ရဲတွေ ကတော့ အခင်းဖြစ်ပွားတဲ့နေရာကို ဓာတ်ပုံမှတ်တမ်းရိုက်တယ်၊ စစ်ဆေး တယ်။ သေဆုံးသူတွေအလောင်းကို ယူသွားပြီး နောက်တစ်နေ့မှာ အ ခင်းဖြစ်တဲ့နေရာနဲ့နီးတဲ့ ဘန်ဂလိုက အလုပ်သမားတွေနဲ့ မြန်မာတွေကို တရားခံလိုလိုက်စစ်တယ်။ စစ်ဆေး တာကတော့ တစ်ယောက်နဲ့ တစ် ယောက်မတူဘူး။ ဆီး၊ သွေး၊ သုက် ပိုး၊ တံထွေး စတာတွေလဲ စစ်တယ်။ တချို့ဆိုလဲ အရိုက်ခံရတယ် ပြော တယ်။ သုက်ပိုးစစ်တဲ့အခါမှာလဲ သုက်ရည်ရတဲ့အထိ လုပ်ဆောင်ခိုင်း ပြီး စစ်ဆေးခံရတယ်။ ယောက်ျား လေးတွေကို အရင်စစ်ဆေးတယ်။ ပြီးတော့ အမျိုးသမီးတွေပါမကျန် အကုန်လုံးကိုစစ်ဆေးတယ်။ ထိုင်း လူမျိုးတွေကျတော့ တစ်ယောက်မှ အစစ်ဆေးမခံရဘူး။ မြန်မာလုပ် တယ်လို့ပဲ တပ်အပ်စွပ်စွဲပြီးကို စစ် တယ်''ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ် သည့် ကိုအောင်လွင် (သင်္ဘောပတ် မောင်းသူ)က ''အခုတော့ ကျီးလန့် စာစားဖြစ်နေတာပေါ့။ ညအိပ်လို့ တောင် မပျော်ဘူး။ ငါ့များ လာဖမ်း မလားဆိုပြီး အပြင်ကိုတောင် ရဲရဲ မထွက်ရဲတော့ဘူး။ သံသယရှိတဲ့သူ အကုန်လုံးကိုဖမ်းပြီး ဝန်ခံခိုင်းနေ တာလေ။ အခု တရားခံလို့ပြောတဲ့ ကောင်းလေးတွေကိုလဲ ညှဉ်းပန်းနှိပ် စက်တယ်ပြောတယ်။ ရေနွေးပူနဲ့ တောင် အလောင်းခံထိတယ်လို့ တောင်ကြားတယ်။ တရားဝင် နေ ထိုင်တဲ့အလုပ်သမားရော၊ တရား မဝင် နေထိုင်တဲ့ အလုပ်သမားရော ဘယ်အလုပ်ရှင်မှ အာမမခံပေးဘူး။ သိရင် ဝန်ခံလိုက်၊ ပြောပြလိုက်လို့ တောင် ဖိအားပေးတာတွေရှိသေး တယ်။ ကြာလာတော့ အလုပ်ရှင် တွေတောင် ယုံကြည်မှုနည်းလာတယ်။ သံသယမျက်လုံးနဲ့ ကြည့်တာတွေ ခံလာရတယ်။ အထောက်အထားမဲ့ မြန်မာလူမျိုးတွေ အတော်လေးကို ကြောက်လန့်နေရတယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ ရာဇဝတ်မှုရဲ့ တရားခံအ ဖြစ် လက်ညှိုးထိုးရာ ပါမှာကိုလဲ ကြောက်ရွံ့ထိတ်လန့်နေရတယ်။ အ လုပ်ရှင်တွေ အလုပ်ထုတ်ပစ်မှာကို တောင် ကြောက်နေကြတယ်။ ဒီအမှု နဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ တရားခံနှစ်ဦးဟာ တကယ့်တရားခံ အစစ်မဟုတ်ဘူးဆိုတာ လူတိုင်းသိ နေတော့ တရားခံအစစ်ပေါ်အောင် ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရမှာလဲ တာဝန်ရှိတယ်။ ဒီကိစ္စက နိုင်ငံရဲ့ သိက္ခာပဲ။ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအပေါ်မှာ မြန်မာအစိုးရ ဘယ်လောက်အထိ ကာကွယ်ပေးလဲ ဆိုတာ အဖြေပေါ်မယ့်ပွဲပဲ။ ဒီတော့ လာရောက်စုံစမ်းတဲ့ တာဝန်ရှိသူတွေ ကလဲ သူတို့ပြောတာ ခေါင်းညိတ် မပြန်ဘဲ ကိုယ်တိုင် ထဲထဲဝင်ဝင် စုံ စမ်းပေးပါ။ အရေးတယူဆောင်ရွက် ပေးပါလို့ ပြောချင်ပါတယ်။ မြန်မာ အလုပ်သမားတွေကို ကာကွယ်ပေး ပါလို့ ပြောချင်ပါတယ်၊ တရားခံမပေါ် သရွေ့ ကျွန်းပေါ်မှာ အရင်ကလို အေး အေးဆေးဆေးနေပြီး အလုပ်လုပ် ချင်ပါတယ်။ သူတို့ တိုင်းပြည်သိက္ခာ ကို မြန်မာလူမျိုးတွေရဲ့ဘဝနဲ့ နိုင်ငံ ရဲ့သိက္ခာနဲ့ မလဲချင်ဘူး''ဟု ပြော သည်။
Dawei Watch
Democracytoday သတင်းစာ အတွဲ(၁၀) အမှတ်(၂၁၁) မှာ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

Credit - Yangon Media Group

No comments:

Post a Comment