မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွဒ်သည် မနက်ဖြန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ၎င်းတို့နိုင်ငံသားများနှင့်တေ
စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အရေး ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ခွင့်မပြုကြောင်း ဆန္ဒပြပွဲ စီစဉ်သူ ဦးနေမျိုးဇင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရ သဖြင့် ရန်ကုန် မြို့တော် ခန်းမရှေ့၌ မနေ့ဖြန် မနက် ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုဆန္ဒထုတ်ဖော် ပွဲသို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသူ တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အား လုံးက ပါဝင်ပူးပေါင်းကြရန်လည်း ဦးနေမျိုးဇင် က ဖိတ်ခေါ်ထားသည်။
Credit - The Irrawaddy (Burmese Version)

ရန်ကုန်တိုင်း ဒေသ ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
No comments:
Post a Comment