နိုင်ငံရေးတက်ကြွလှုပ် ရှားသူ ဦးဝင်းချိုတည်ထောင်မည့်
ပြည်သူ့အကျိုးပြုလှုပ်ရှားမှုပါတီ တွင် ပါဝင်မည့်သူ ၁၉ ဦးအနက် ခြောက်ဦးမှာ
ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။
ပြည်သူ့အကျိုးပြုလှုပ်ရှားမှု ပါတီတည်ထောင်လိုကြောင်း ဦး ၀င်းချိုအပါအ၀င် လူပုဂ္ဂိုလ် ၁၉ ဦးတို့၏ လျှောက်ထားမှုနှင့် ပတ် သက်၍ ယင်းပါတီတည်ထောင် လိုသူများသည် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသူများဟုတ်၊ မဟုတ် စိ စစ်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပြည်ထဲရေးဝန် ကြီးဌာနသို့ ပေးပို့ထားသည်။