မြောက်ကိုရီးယားနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေဖြင့် အကျဉ်းကျခံ နေရသူ ဗိုလ်မှူး ၀င်းနိုင်ကျော်အား နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ မှ မြန်မာ့နိုင်ငံရေးတွင် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ခဲ့သည့်အတွက် လွှတ်ပေးရန် ထောက်ခံ အဆိုပြု ထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးဘိုကြည်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကျွန်တော် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲမှာလည်း ဒီကိစ္စကို ဆွေးနွေး ထားပါတယ်။ လွှတ်ပေးဖို့ကိုတော့ ကျွန်တော်တို့ ထောက်ခံ အဆိုပြုထားတယ်။ လွှတ်တာ မလွှတ်တာကတော့ အစိုးရ အပေါ်မှာပဲ မူတည်တယ်။ သူကမြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြား တာပေါ့နော်။ အဲဒီဟာက မြန်မာ့နိုင်ငံရေး အတွက်ကို တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ခဲ့တာမျိုးတွေ ရှိပါတယ်။ အစိုးရဘက် ကတော့ အဆင့်ဆင့် ညှိနှိုင်းနေရတာတွေ ရှိပါတယ်။ အတိအကျတော့ မပြောတတ်ဘူးပေါ့။ စစ်တပ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား သတ်မှတ်တာ ဗိုလ်မှူးဝင်းနိုင်ကျော် အပါအ၀င် ၁၀ ယောက်ကျော် လောက် ရှိပါတယ်”” ဟု ဦးဘိုကြည်က ပြောသည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် မြောက်ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအား ဖော်ထုတ်ခဲ့သည်ဟု ဆိုကာ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးကာ သေဒဏ်ပေး ခံရသူဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ အပေါ် မူတည်ပြီး အီလက်ထရွန်နစ် ဥပဒေ၊ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၃ နှင့် တရားမ၀င် ငွေကြေး ကိုင်ဆောင်မှုများဖြင့်ပါ အရေးယူခံရသူလည်း ဖြစ်သည်။
ဗိုလ်မှူးဝင်းနိုင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုးဆမ်းက ““နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ စွဲတယ်။ သူတို့ ဘက်က ဖြောင့်ချက် ပေးခိုင်းလို့ သူတို့ပြောတဲ့အတိုင်း တရားရုံးမှာ ဖြောင့်ချက်ပေးတယ်။ ၂ နှစ်ပဲ ကျမယ် ဆိုလို့။ အဲဒီလို ဖြောင့်ချက်ပေးပြီးမှ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၃ ဆိုပြီး သေဒဏ် ထပ်စွဲတယ်။ ဒါတွေက စွပ်စွဲချက် သက်သက်ပဲ။ သူတို့ရဲ့ မကျေနပ်ချက် တစ်ခုခုကို အန်တီ့ရဲ့ အမျိုးသားအပေါ် ပုံချလိုက်တာပဲ။ ၂၀၁၃ခုနှစ် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ အထဲမှာလည်း အန်တီ့အမျိုးသား မပါဘူး။ သူတို့ စွဲချက်တင် တာ နိုင်ငံရေး ပြစ်မှုပါ၊ ရာဇ၀တ်မှု မဟုတ်ဘူး။ တခြားဒီလို ပုဒ်မတွေနဲ့ လူတွေ ကျတော့ လွှတ်ပြီး အန်တီ့ အမျိုးသားကျတော့ မပါဘူး။ ဒါဟာခွဲခြား ဆက်ဆံခံနေရတာပဲ””ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။
၂၀၀၉ ဒီဇင်ဘာလတွင် ဖမ်းဆီး၍ သေဒဏ်ချမှတ် ခံထားရသူ ဗိုလ်မှူးဝင်းနိုင်ကျော်သည်
တင်ဇာအောင်
ပုံညွှန်းစာ - ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် (၀ဲဘက်အစွန်) နှင့် ဗိုလ်ချုပ်ရဲမြင့် (ယခုမန္တလေး ၀န်ကြီးချုပ်)၊ ဦးစိုးသာ (ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်အပင်ခံ) တို့ကို အတူတကွ တွေ့ခဲ့ရစဉ်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment