Saturday, June 13, 2015

တရုတ်အစိုးရဌာနဆိုင်ရာအရာရှိများကို စာများများဖတ်ရန် တိုက်တွန်း

Written by  ပေကျင်း 

တရုတ်နိုင်ငံတွင် အစိုးရဌာနဆိုင်ရာအရှိများအနေဖြင့် တန်ဖိုးထိန်းသိမ်းမှုအားကောင်းရေးနှင့် အကျင့်ပျက်အဂတိလိုက်စားမှုများကို ရှောင်ကြဉ်နိုင်ရေးတို့အတွက် စာများများဖတ်ဖို့ လိုကြောင်း နိုင်ငံပိုင်သတင်းဌာနက တိုက်တွန်းလိုက်သည်။

ရှန်ကျင်းတာဝန်ရှိသူတစ်ဦး၏ ဖြစ်ရပ်ကို ကိုးကားကာ နိုင်ငံပိုင်သတင်းဌာနက ယခုသီတင်းပတ်အတွင်း ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ယင်းတာဝန်ရှိသူ၏ စာအုပ်စင်တွင် စာအုပ်တစ်အုပ်မှ မရှိဘဲ အရက်ပုလင်းများနှင့် ပန်းချီလက်ရာများဖြင့်သာ အပြည့်ရှိနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအရ အရာရှိအရာခံများအနေဖြင့် အထိန်းအကွပ်မဲ့ပြီး အလျှံပယ်ဘဝနေထိုင်မှုပုံစံများကို မလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုပါက ပဋိပက္ခဒေသရှိ အမျိုးသမီးများ ပါဝင်ရန်လို

Written by  ထက်ထက်အောင် 

လော်ခီးလာတွင် ပြုလုပ်သည့် တိုင်းရင်းသား ညီလာခံအတွင်း သဘောတူညီခဲ့သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေး ပွဲများ တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် သဘောတူလိုက်ခြင်းအပေါ် ယင်း ၃၀ ရာခိုင်နှုန်းတွင် ပဋိပက္ခ ဒေသများရှိ အမျိုးသမီးများ ပါဝင်ရန် လိုအပ်သည်ဟု ယင်းညီလာခံတွင် အဆိုတင်သွင်းခဲ့သည့် လားဟူ အမျိုးသမီးအဖွဲ့မှ နန့်ပေ့ပိုးက မဇ္ဈိမကို ပြောသည်။
 
kvjfkjbhfdbjkfhducmvj
လော်ခီးလာညီလာခံတွင် တွေ့ရသော WLB အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

တရားမဝင်ရထားသော အခွင့်အရေးများကို တောင်းဆိုလာလျှင် လိုက်လျောပေးမည် မဟုတ်ဟု ကာချုပ်ဆို

Written by  ဟိန်းကိုစိုး 

“တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သူတို့ ရယူထားတဲ့ အာဏာတွေ အခွင့်အရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အာဏာတွေ ဒါတွေသူတို့က စွန့်လွှတ်ဖို့ နည်းနည်းလေး ဝန်လေးပုံလည်းရတယ်။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က ရသလောက် တောင်းဆိုမှုတွေ လုပ်နေတယ်” လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂျပန်အခြေစိုက် The Mainichi သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

"သူတို့ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လိုက်လျောပေးလို့ မရဘူး" လို့လည်း ထပ်မံဖြေ ကြားထားပါသေးတယ်။

အဲဒီအပြင် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေး ရချင်လို့ ရှိရင် ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်တွေလည်း ရှိဖို့တော့ လိုလိမ့်မှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဥပဒေနဲ့ အညီသွားတဲ့ လမ်းကြောင်းကို သွားရမယ့်အပြင် သူတို့နယ်မြေတွေက ပစ္စည်းတွေ

ပျောက်ဆုံးသွားသော ကျောင်းသား ၁ သန်းအရေး ရင်လေးဖွယ်

Written by  မဇ္ဈိမ 

ယခု ရက်ပိုင်းအထိ စာမေးပွဲ အောင်စာရင်း ဂယက်တွေက မငြိမ်သေးပါဘူး။ အောင်တဲ့ ကျောင်းသား မိဘကော ကျရှုံးတဲ့ ကျောင်းသားမိဘတွေကော သောကတွေ ကအတူတူလောက်ပါပဲ။ ကျတဲ့ကျောင်းသား မိဘက သားသမီးအတွက် သောကရောက်ကြရ ပူပန်ရသလို အောင်တဲ့ ကျောင်းသား မိဘများ အဖို့ရာမှာလည်း ကိုယ့် သားသမီး ကျောင်းဆက်ထားနိုင်ရေး အားခဲထားကြရ ပြန်တာပါပဲ။ ဘာ့ကြောင့်များ သည်လောက်အထိ မိဘများအဖို့ သားသမီးပညာရေးကိစ္စ ပူပန်သော ကရောက်နေ ကြရပါလိမ့်။

မိမိတို့ တိုင်းပြည်မှာ ဘက်စုံပညာရေးကဏ္ဍ လေ့လာမှု စစ်တမ်း CESR အရ ပြောရရင် တစ်နှစ်အတွင်း မူလတန်းမှာ စတင်ကျောင်းထားတဲ့ ကျောင်းကို ရောက်လာ တဲ့ ကျောင်းသား အရေအတွက်က ၁ ဒသမ ၁ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေထဲက ဆယ်တန်းကို ရောက်လာတဲ့

 ကျောင်းသား အရေ အတွက်ကျတော့ ၃ သိန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် သူငယ်တန်းနဲ့

အလုပ်သမား ဝန်ထမ်းတွေ ကျန်းမာရေးအတွက် လူမှုဖူလုံရေး ဝင်ခွင့်ပြုစေချင်ပါတယ်

Written by  မဇ္ဈိမ 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ မယမင်းကြိုင်က မေးလ်နဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူရေးထားတာ ကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ သူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်လို့ ပြောပါတယ်။ နေ့စဉ်ထုတ် သတင်း စာတစ်စောင်မှာ လူမှုဖူလုံရေး ဦးစီးဌာနက လူမှုဖူလုံရေး ဝင်ထားတဲ့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ဆေးကုသဖို့အတွက် ထောက်ပံ့ငွေသိန်း ၂၀ ပေးတာကို ဖတ်လိုက် ရတာကြောင့် စာရေးချင်စိတ် ဖြစ်ပေါ်ပြီး ရေးခဲ့တာပါလို့ ဆိုပါတယ်။

သတင်းစာထဲမှာ ဖတ်ရတာကတော့ ၂၀၁၅-၁၆ ခုနှစ် ဘတ်ဂျက်ကနေ လူမှုဖူလုံရေး ဦးစီးဌာနရဲ့ ပထမဆုံး ထောက်ပံ့ကြေးအဖြစ် မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် တစ်ဦးအား ထောက်ပံ့ငွေ သိန်း ၂၀ ကို လူမှုဖူလုံရေး ဆေးရုံမှာ ပေးအပ်ခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။ ဒီသတင်းထဲမှာပဲ လူမှုဖူလုံရေး

အာဏာရပါတီကိုဝေဖန်ကာ သမိုင်းမလှသည့်လွှတ်တော်ဖြစ်မည်ဟု ပြောသည့်အမတ် သတိပေးခံရ

Written by  မင်းမင်း 
 Ygn Hluttaw

ရန်ကုန် (မဇ္ဈိမ) ။ ။ အဆိုတစ်ခုကို လွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးစဉ် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီကိုဝေဖန်သည့် လွှတ်တော်အမတ်တစ်ဦးအား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်လုပ်ရပ်များအတွက် မြန်မာ အာဆီယံမှ ထွက်သွားသင့်ဟု ဒေါက်တာ မဟာသီယာ မိုဟာမက် ပြောကြား

Written by 

ရိုဟင်ဂျာများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှားဝန်ကြီးချုပ် ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ယနေ့ (ဇွန် ၁၂) တွင် တိုက်တွန်းပြောကြား လိုက်သည်။

အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်နိုင်ငံရေးခေါင်းဆောင် မဟာသီယာက မြန်မာအစိုးရလုပ်သမျှသည် မျိုးတုန်းသတ်ဖြတ်မှုမှတစ်ပါး အခြားအရာမဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပြီး မြန်မာအားအာဆီယံမှ ထွက်ခွာသွားရန်လည်း အကြံပြုလိုက်သည်။

''ကျွန်တော်တို့မြင်နေရတဲ့ ဓာတ်ပုံတွေကတစ်ဆင့် နားလည်ရတာက ရိုဟင်ဂျာတွေ ကြုံတွေ့နေရတာတွေဟာ ပြောမပြနိုင်လောက်အောင် ကြောက်စရာကောင်းလှပါတယ်''

ယခင်ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှု စွဲချက်တင်ခံရသူများကို အမိန့်ချရန် ရက်ရွှေ့ဆိုင်း

Written by  ကျော်စိုးမိုး 

Bomb-explosion-in-Trader-Hotel-Yangon-1
၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

Friday, June 12, 2015

NCA နောက်ဆုံးမူကြမ်းရရှိပြီး၊ အစိုးရကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုးမထိုး ဆုံးဖြတ်မည်ဟု RCSS/SSA ဆို

Written by  ဟိန်းကိုစိုး
Aung Min   Ywutt Sit copy copy
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တွေ့ဆုံမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ)

ဖုန်ကြားရှင် အပြောနှင့် အလုပ် ညီ မညီ စောင့်ကြည့်မည်ဟု ဦးရဲထွဋ်ပြော

Written by  စိုးသန်းလင်း 

U-Ye-Htut-3 copy

နေပြည်တော် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိသည့် ဇွန် ၁၀ ရက် ည ၁၂ နာရီတွင် ဦးဇုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာခဲ့ခြင်းအပေါ် ဦးဖုန်ကြားရှင်၏ ပြောစကားနှင့် အလုပ်တို့ ညီ မညီကို စောင့်ကြည့်ရမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။

“ကိုယ့်အိပ်ထဲက ငွေ၊ နေ့စဉ် လုယူခံနေရတဲ့ မြန်မာပြည်သူတွေ”

Written by  စည်သူအောင်မြင့် 

Sithuaungmyint-1 
အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် မြန်မာကျပ်ငွေ တန်ဖိုး တရှိန်ထိုး ကျဆင်းနေပြီး ဈေးကွက်လည်း ကမောက်ကမ ဖြစ်စ ပြုနေပါပြီ။ ထူးခြားတာ တစ်ခုတော့ ကျပ်ငွေ တန်ဖိုး ကျဆင်းနေတဲ့ကိစ္စ လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက တာဝန်ရှိသူတွေကို ခေါ်ယူပြီး အရေးပေါ် ဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့

ပြည်သူတို့က လုပ်ပြနေရသည့် နိုင်ငံကြီးသား စိတ်ဓာတ်

Written by 

လွန်ခဲ့သည့် ရက်ပိုင်းက မိမိတို့နိုင်ငံ  ယူ ၂၃ ဘောလုံးအသင်းနှင့် စင်ကာပူနိုင်ငံ အိမ်ရှင်အသင်းတို့ အုပ်စုပွဲစဉ်၌ မိမိတို့ နိုင်ငံသားများ အားကြိုးမာန်တက် ကြည့်ရှုအားပေးခဲ့ကြရပါသည်။ ကံအားလျော်စွာ မိမိတို့မြန်မာအသင်းက စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မိမိတို့ မြန်မာ အားကစား ဝါသနာရှင်များအားလုံး ဂုဏ်ယူဝံ့ကြွားစွာ အားပေးကျေနပ်ခဲ့ကြရသည်ကို အားလုံး အသိပင် ဖြစ်သည်။ သို့သော် ဘော်လုံးပွဲ ပြီးသွားသောအခါ ဖြစ်ခဲ့ပျက်ခဲ့သည့် အဖြစ်အပျက်ကလေး တစ်ခုကိုမူ မိမိတို့ ပြည်သူအများစုက မသိလိုက်နိုင်ခဲ့ကြဟု ယူဆရပါသည်။ ယင်း အဖြစ်အပျက်မှာ မြန်မာ ဘောလုံးပွဲကြည့်ပရိသတ်သည် ပွဲပြီးသောအခါ ကွင်းအပြင်သို့ ရုတ်တရက် ပြန်မထွက်ဘဲ ကွင်းပြင်အနှံ့ ဘောပွဲကြည့် ပရိသတ်များ ချန်ထားစွန့်ပစ်ထားခဲ့ကြသည့် အမှိုက်များကို လိုက်လံကောက်ယူကာ စနစ်တကျ သိမ်းဆည်း သန့်ရှင်းပြီးမှသာ အိမ်ပြန်သွားခဲ့ကြသည့် အဖြစ်အပျက်ပင် ဖြစ်သည်။

Thursday, June 11, 2015

မိုးကုတ် ရေပူကျောင်းဆရာတော်အား လူဝတ်လဲ ဖမ်းဆီးမှု မိုးကုတ်မြို့ခံ ၅၀၀၀ခန့် ဆုတောင်းပွဲလုပ်

Moegoke
မိုးကုတ်မြို့မိုးကုတ်​ မြို့ရှိ ချမ်းသာကြီးဘုရားတွင် ဆုတောင်းပွဲလုပ်ရန် ချီတက်လာသည့် ဒေသခံများကို ဇွန် ၁၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ကိုစိုးမင်းလှိုင်)

မန္တလေး (မဇ္ဈိမ) ။ ။ မိုးကုတ်​မြို့ ​ရေပူ​ကျောင်းဆရာ​တော်​ ဦးဣိန္ဒအား တရားမဝင်
 ကျောက်မျက်တူးဖော်မှု နှင့် စွပ်စွဲကာ ဇွန်​လ ၉ ရက်​​ ည ၁၀ နာရီခန့်​က လူဝတ်​လဲဖမ်းဆီးခဲ့ရ၍ ဆရာ​တော်​ ပြန်​လည်​လွတ်​​မြောက်​​ရေးအတွက်​ မိုးကုတ်​မြို့ ​ဒေသခံ ၅၀၀၀ ခန့်​က ဆု​တောင်းပွဲကျင်းပခဲ့​ကြသည်​။

သူ့အမေပြောတဲ့ ဖြိုးဖြိုးအောင်

Written by  ထက်ထက်အောင် 

ppa4
ရန်ကုန် (မဇ္ဈိမ) ။ ။သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ဟာ ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဇွန်လ ၆ ရက်မှာ ရရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အတွင်း လူ့အခွင့်အရေးချိုးဖောက်သည့် တရားမ၀င် အကျဉ်းရုံးသတ်ဖြတ်မှု ၁၇မှု ဖြစ်ပွားခဲ့

Written by  ယုဝေ 

Human right01 copy
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)က ပြုစုထားသည့် စီမံချက်များ နှင့် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၁ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-သက်ကို)

လက်ပံတောင်းစီမံကိန်းအပေါ် အစိုးရ၏ အပြီးသတ်အစီရင်ခံစာအား အတိုက်အခံများ ကန့်ကွက်

Written by  မောင်သင်တုန်း 

Khin San Hlaing
အစီရင်ခံစာတင်သွင်းမှုကို ကန့်ကွက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (ဓာတ်ပုံ-သက်ကို)

မဟာဗျူဟာမြောက် မိတ်ဆွေကောင်းများအဖြစ် ထိန်းသိမ်းသွားမည်ဟု ယုံကြည်ကြောင်း သမ္မတရှီကျင်းဖျင်ပြော

Su and China president

မြန်မာနှစ်နိုင်အနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားကဲ့သို့ပင် ရေရှည်အမြင်နှင့် မဟာဗျူဟာမြောက် မိတ်ဆွေကောင်းများအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ကြောင်း သမ္မတ ရှီကျင်းဖျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

တရုတ်သမ္မတ ရှီကျင်ဖျင် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

Written by 

တရုတ်နိုင်ငံ၌ အလည်အပတ်ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန် ၁၁ တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဆွေးနွေးသည့်အကြောင်းအရာများကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိသော်လည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းအရေးမှူးလည်းဖြစ်သူ ရှီကျင့်ဖျင်နှင့် ပီကင်းရှိ ပြည်သူ့မဟာ ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်နိုင်ငံ အလည်အပတ်ခရီးမှာ အတိုက်အခံခေါင်းဆောင်များနှင့် ဆက်ဆံရေးတည်ဆောက်ရန်နှင့် တရုတ်-မြန်မာနယ်စပ် တင်းမာမှုများ လျော့ချရေး တရုတ်၏

ကိုးကန့်တပ်ဘက်က တိုက်ပွဲများ ရပ်စဲပြီဟု ထုတ်ပြန်

Written by  ကေဇူး 

ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကိုးကန့်တပ်ဖွဲ့ MNDA တပ်မတော်နှင့် တိုက်ပွဲများ ရပ်စဲမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ဖေဖော်ဝါရီလ က စတင်၍ မြန်မာ အစိုးရနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော အဖွဲ့ဖြစ်သည်။

ထိုသို့ စစ်ရပ်စဲလိုက်ခြင်းကို တပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက" တိုက်ပွဲကလည်း ကြာလာတော့ ဒေသတွင်းက ပြည်သူတွေ နစ်နာမှုတွေ၊ ဒုက္ခရောက်တာတွေ များလာတယ်၊ တိုက်ပွဲတောက်လျှောက်မှာလည်း ကျွန်တော်တို့က စတင်ထိုးစစ်ဆင်ခဲ့တာ မရှိဘူး၊

သနားစိတ်လေးနဲ့ စာသင်ပေးပါ

Written by 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်က ရွာတစ်ရွာမှာ နေပါတယ်လို့ ရေးလာတဲ့ ဦးသောင်းစိန် ရေးလိုက်တဲ့ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ စာရေးတဲ့သူက အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး သူတို့ရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတာတွေကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှ ကျောင်းစတက်တဲ့ သူငယ်တန်းကျောင်းသား မြေး စာသင်ကြားတဲ့ ကျောင်းက ဆရာမတွေ ကျူရှင် သင်ကြတဲ့ အကြောင်းကို တခြားသူတွေ သိစေချင်လို့ ရေးသားပေးပို့ ခဲ့တာပါလို့ ဆိုပါတယ်။

သူတို့ နေတဲ့ ရွာဟာ ရန်ကုန်မြို့နဲ့ မိုင် ၄၀ ကျော် ဝေးလို့ တိုက်ကြီးမြို့နယ်အစ မှော်ဘီမြို့နယ် အဆုံး မှာရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး တစ်ရွာလုံးမှာလည်း ကျောင်း တစ်ကျောင်းတည်းရှိတဲ့ ရွာဖြစ်ပါတယ်။ ရွာဦးဘုန်းကြီး ကျောင်းမှာတော့ ဘက ကျောင်းရှိပါတယ်။ သူတို့ ရွာမှာ စိုက်ပျိုးရေးနဲ့

“ဒိုင် စိတ်ဆိုးနေပြီ၊ အင်န်အယ်လ်ဒီအတွက် ကောင်းမလား”

Written by  စည်သူအောင်မြင့်

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အခြေခံ မဲစာရင်း မမှန်ကန်မှုတွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇွန်လ ၃ ရက် နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ ပေးပို့ခဲ့တဲ့ အိပ်ဖွင့်ပေးစာပါ အချက်အလက်တွေကို ရှင်းပြတာ၊ အခြေခံ မဲစာရင်းပြုစုရတဲ့ သူတို့ရဲ့ အခက်အခဲ၊ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ဆိုတဲ့ မဲဆန္ဒနယ်မြေတွေ အကြောင်းနဲ့ နိုင်ငံတကာ ဖိအားကိစ္စတွေ ပါဝင်ပါတယ်။ အဲဒီပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အင်န်အယ်လ်ဒီ ပါတီနဲ့ အမေရိကန် အထက်လွှတ်တော် အမတ် တစ်ယောက်အပေါ် ရည်ညွှန်းပြီး အလွန်ဒေါသထွက် စိတ်ဆိုးစွာနဲ့ ပြင်းထန်တဲ့ မှတ်ချက် စကားတွေ ပြောဆိုခဲ့ပါတယ်။ အင်န်အယ်လ်ဒီလို ရွေးကောက်ပွဲ ပြိုင်ပွဲဝင်မယ့် ပါတီ တစ်ခုအပေါ် ဒိုင်သဖွယ် ကျင်းပပေးရမယ့် ကော်မရှင် ဥက္ကဋ္ဌက စိတ်ဆိုး ဒေါသထွက်တာဟာ ကောင်းသလား ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ဝမ်ကျားရွှေတွေ့

Written by 

တရုတ်နိုင်ငံသို့ ရောက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဝမ်ကျားရွှေနှင့် ခရီးစဉ်အစ ယမန်နေ့က တွေ့ဆုံပြီး နှစ်ပါတီအကြား ဆက်ဆံရေးဆိုင်ရာ အမြင်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

Myanmar-opposition-leader-and-Nobel-Peace-Prize-laureate-Aung-San-Suu-Kyi-arrives-in-Beijing-SCMP
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ပီကင်းသို့ ရောက်ရှိစဉ်။ (ဓာတ်ပုံ - SCMP)

စာမေးပွဲ တစ်ခုရဲ့ ကြောက်မက်ဖွယ် အဆုံးအဖြတ်

Written by 

လွန်ခဲ့သည့်ရက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ခဲ့သည်။ မိမိတို့ တနိုင်ငံလုံး စာမေးပွဲဖြေဆို ထားကြသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများ အပါအဝင် စိတ်ဝင်စားသူ မည်သူမဆို စိတ်လှုပ်ရှား ရင်ခုန်စွာ စာမေးပွဲအောင်စာရင်းများကို နားစွင့်ကာ ခံစားမှုအဖုံဖုံ ထင်မြင်ချက် အမျိုးမျိုးဖြင့် တနိုင်ငံလုံး ဆူညံလှုပ်ရှားသွားခဲ့ကြရသည်။

စာမေးပွဲများက အမျိုးမျိုးအစားစား ရှိသည်။ သူငယ်တန်းမှသည် တက္ကသိုလ်ရောက်သည်အထိ စာမေးပွဲများရှိသည်။ သို့သော် သည်တက္ကသိုလ်ဝင်တန်း စာမေးပွဲကျကာမှ သက်ဆိုင်သူကော မသက်ဆိုင်သူပါ မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားကြရသနည်း။ အဖြေကတော့ ရှင်းပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် မိမိတို့တိုင်းပြည်၏ မည်သည့်တိုင်းပြည်နှင့်မျှမတူ ထူးခြားသော ဝိသေသ လက္ခဏာများ ရှိနေသည့် စာမေးပွဲဖြစ်သဖြင့် လူအများ စိတ်ဝင်စား နေကြရခြင်းဖြစ်သည်။

မောင်တောမြို့ပေါ် ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားရာ တရားခံ မမိသေး

Written by  ကေဇူး 

ရန်ကုန် (မဇ္ဈိမ)။ ။ မောင်တောမြို့ အနောက်ရပ်ကွက်တွင်း ဇွန် ၇ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခဲ့သူကို ဖမ်းဆီးနိုင်ရန် ရှာဖွေနေဆဲဖြစ်သည်ဟု မောင်တော မြို့မ ရဲစခန်းမှ ရဲအုပ် ဝင်းဌေးဦးက မဇ္ဈိမကို ဇွန် ၁၀ ရက်က ပြောသည်။

အမည်မသိ လူသုံးဦးက မောင်တောမြို့ အစွန်ရှိ ဖေစီရပ်ကွက်တွင်း ဝင်ရောက်လာကာ အိမ်နှစ်အိမ်ကို ဆက်၍ ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျည်ဆံထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး မောင်တောမြို့ ဆေးရုံတွင် ကုသမှုခံယူ လျက်ရှိသည်ဟု ဆိုသည်။

Wednesday, June 10, 2015

၅၉ (စ) နှင့် ၄၃၆ တို့ ကို အနည်းငယ်ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က လက်ခံဆွေးနွေးမည်

Written by  စိုးသန်းလင်း 

Constitution

နေပြည်တော် (မဇ္ဈိမ) ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်
 ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉(စ) နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိက
 သော့ချက်သဖွယ်ဖြစ်သည့် ပုဒ်မ ၄၃၆ တို့ ကို ပြင်သည် ဆိုရုံမျှ ပြင်ဆင်ထားချက်များ ပါဝင်သော

“ငြိမ်းချမ်းရေး သေချာအောင် ဖြည်းဖြည်းလေး”

Written by  စည်သူအောင်မြင့်

Sithuaungmyint-1
အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ လော်ခီးလာ ညီလာခံ ပြီးဆုံးခဲ့ပါပြီ။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတကြီး ဦးသိန်းစိန် ဖောင်တိန်အဖုံးကို ဖွင့်ထားပြီး အသင့်ပြင် စောင့်မျှော်နေသလောက် တိုင်းရင်းသား ညီလာခံက ရလာတဲ့အဖြေက နီးစပ်မှု

နိုင်ငံတကာထက် မိမိနိုင်ငံက ပြည်သူတွေကို တာဝန်ခံဖို့ ပိုအရေးကြီးသည်

Written by 

မကြာခင် ကျင်းပရန်ရှိသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး လွတ်လပ်မှုရှိရေး တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးက အလေးပေး ပြောဆိုလျက် ရှိကြသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီများ
 နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက စောင့်ကြည့် ဝေဖန်ပြောဆိုနေကြသလို အချို့သော နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း စောင့်ကြည့်ပြောဆိုလျက် ရှိကြသည်။ မကြာသေးမီ ရက်ပိုင်းက အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် မစ်မက်ကော်နယ်က မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိခဲ့လျှင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း မီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယမန်နေ့က မည်သည့်နိုင်ငံ၏ ဖိအားပေးမှုကိုမျှ မခံကြောင်းကို တုံ့ပြန်ပြောဆိုသွားသည်။ မှန်ပါသည်။

ဖုန်းခေါ်ဆိုခ ကြိုတင်ငွေထဲမှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် အကုန်ထိ ကောက်ခံမည် မဟုတ်ဘဲ

ဖုန်းခေါ်ဆိုခ ကြိုတင်ငွေထဲမှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် အကုန်ထိ ကောက်ခံမည် မဟုတ်ဘဲ ဆိုင်းငံ့ထားမည်ဟု နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်သို့ ဇွန် ၁၀ ရက်တွင် အကြောင်းပြန်ကြားလိုက်သည်။

ယင်းသို့ ကောက်ခံမည့် အစီအစဉ်ကို ယခုဘဏ္ဍာနှစ်တွင် မကောက်ခံရန် မေ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးဆုံးဖြတ် အတည်ပြုထားသည်။


Credit - Mizzima - News in Burmese

အာရှ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် မြန်မာက မတည်ငွေ ၂၆၄ သန်းခွဲ ထည့်ဝင်ရန် လွှတ်တော် အတည်ပြုချက် သမ္မတ တောင်းခံ

Written by  စိုးသန်းလင်း 

နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသည် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တွင် မူလ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးနှင့် သတ်မှတ်လျာထားသည့် မတည်ငွေရင်း သတ်မှတ်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၁၂ သန်း ထည့်ဝင်ရန် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းကို ၂၆၄ ဒသမ ၅ သန်းအထိ တိုးမြှင့်ထည့်ဝင် နိုင်ရေးအတွက် ထပ်မံအတည်ပြုပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇွန်လ ၅ ရက်က စာပေးပို့ခဲ့သည်။

ယခင် အတည်ပြုချက် တောင်းခံစဉ်က AIIB တွင် မူလအဖွဲ့ ဝင် ၂၂ နိုင်ငံရှိပြီး ကနဦး မတည်ငွေရင်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ဖြင့် စတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့ သော်လည်း ဒေသတွင်းနှင့် အခြား နိုင်ငံများကပါ အဖွဲ့ ဝင်ရန် အဆိုပြုလာကြမူလအဖွဲ့ ဝင် စုစုပေါင်း ၅၇ နိုင်ငံ ရှိလာသည်။ ထို့ အတူ မတည်ရင်းနှီး ငွေကိုလည်း ဘီလျံ ၁၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ မတည်ငွေရင်း

ကျောင်းသားများနှင့် ဝန်းရံသူ ပြည်သူများကို ရုံးထုတ်စဉ် တစ်ဦးမူးလဲပြီး ရန်ကုန်ဆေးရုံကြီးပို့ဆောင် တစ်ဦးသာ စစ်မေးပြီး ကျန်သူများ မစစ်မေးဖြစ်

Written by  ထက်ထက်အောင် 

ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လ ၁၀ ရက်က ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဖမ်းဆီးခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ဇွန် ၉ ရက်က ရုံးထုတ်ခဲ့ရာ ဝန်းရံပြည်သူ တစ်ဦး မူးလဲပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး လူမစုံသောကြောင့် တစ်ဦးသာ စစ်မေးဖြစ်သည်ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

Tharyarwadi
လက်ပံတန်း ကျောင်းသား သပိတ်တွင် ဖမ်းဆီးထားသော ကျောင်းသားများကို ဇွန်လ ၉ ရက်နေ့က သာယာဝတီ တရားရုံးသို့ ရုံးထုပ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

မိုးကုတ်ရှိ ရေပူကျောင်း ဆရာတော်ကို ညအချိန် ၀င်ရောက်ဖမ်းဆီး၊ အကြောင်းရင်း မသိရသေး

Written by  အောင်ကိုဦး

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်ကို ဇွန်လ ၉ ရက် ည ၁၀ နာရီကျော်တွင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့သူ ဒေသခံများက မဇ္ဈိမ ကိုပြောသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုစိုးဌေးက "ဆရာတော်က သူခိုးသူပုန် မဟုတ်ဘူး။ဒါကို ညကြီးလာပြီး သေနတ်တွေနဲ့ ချိန်လူဝတ်လဲပြီး ဖမ်းတာကြတာတော့ သံဃာထုကိုစော်ကားတဲ့အပြင် ဗုဒ္ဓဘာသာကို ပါ တိုက်ရိုက်စော်ကားတာပဲ။ ဒါကို မိုးကုတ်ဒေသခံအနေနဲ့ရော ဗုဒ္ဓဘာသာဝင်တစ် ယောက်အနေနဲ့ရော မကျေနပ်ပါဘူး" ဟု ပြောသည်။

နံနက် ရှစ်နာရီခန့် အချိန်ထိ ဆရာတော်အား မိုးကုတ်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကူညီဆောင်ရွက်ပေး သူများကဆိုသည်။

ကချင် ဒုက္ခသည်စခန်းများ ထောက်ပံ့မှု ထက်ဝက်လျှော့ခံရ၍ စားနပ်ရိက္ခာ ပြတ်လုနီးပါး ဖြစ်နေ

Written by  ခင်မြတ်မြတ်ဝေ

ရန်ကုန် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းပေါင်း ၁၇၂ ခုတွင် စစ်ရှောင် ပြည်သူပေါင်း တစ်သိန်းနှစ်သောင်းတွင် ကုလသမဂ္ဂမှ ထောက်ပံ့ငွေ လျှော့ချပေးမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်ဖွယ်ရှိသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ဆိုင်းရော်က ပြောသည်။

၎င်းက ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် လေးနှစ် ပြည့်အဖြစ် ဇွန်လ ၉ ရက်က မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည် စခန်းများအတွင်း လူတစ်ဦးကို တစ်လလျှင် ဆန် ငါးပြည်နှင့် ခြောက်လုံး၊ ဆီ တစ်လီတာ တစ်ဘူးနှုန်း၊ ပဲ စသည့် စားနပ်ရိက္ခာ (တစ်နေ့ ပျမ်းမျှ ကျပ် ၄၀၀ နှုန်း) ပေးခဲ့ရာမှ ယခု ဇွန် ၂၈ ရက်တွင်

"ဝ" အဖွဲ့ ခုတ်ယူသည့် သစ်တန် ၂၂၀ ကျော်ကို ၎င်းတို့အား ပြန်ရောင်းပေးကာ ဖမ်းဆီးထားသူများ အာမခံဖြင့် ပြန်လွှတ်မည်

Written by  ဟိန်းကိုစိုး 

ရန်ကုန် (မဇ္ဈိမ)။ ။ "ဝ" တပ်ဖွဲ့က ခုတ်ယူခဲ့သည့် သစ်တန် ၂၂၅  တန်ကျော်ကို "ဝ" တပ်ဖွဲ့ကို အစိုးရက ပြန်လည် ရောင်းချပေးမည် ဖြစ်ပြီး ဖမ်းဆီးထားသည့် သစ်ခုတ်လှဲသူများကို အာမခံဖြင့် ပြန်လည် လွှတ်ပေးသွားမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အစိုးရ သတ်မှတ်ဈေးနဲ့ "ဝ" ကို ပြန်ရောင်းမယ်။ အားလုံးပေါင်း တန် ၂၀၀ ကျော်ပဲ၊ ဖမ်းထားတဲ့  ၁၆ ဦး ကိုလည်း အာမခံနဲ့ ပြန်လွှတ်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံနှင့် ပုံပါကျင်အကြား ၅ မိုင်အကွာရှိ နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်း ဇွန်လ ၃ ရက်တွင် "ဝ" တပ်ဖွဲ့က ဝင်ရောက်၍ သစ်များ ခုတ်ယူခြင်းကို အစိုးရအဖွဲ့က သစ်တော ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ဖမ်းဆီးရေးအဖွဲ့က သွားရောက်ဖမ်းဆီးရာ လုံခြုံရေး လိုက်သည့်  တပ်မတော်

ဝှိုက်ကတ် အစားထိုးကတ် ရရှိသူများ မဲထည့်ရန် ဥပဒေ မရှိသေး

Written by  ကေဇူး 

ရန်ကုန် (မဇ္ဈိမ)။ ။ ယာယီနိုင်ငံသားကတ် (ဝှိုက်ကတ် ) များ ပြန်လည် အပ်နှံပြီးနောက် အစားထိုးကတ်များ ထုတ်ပေးရန် စီစဉ်လျက်ရှိသော်လည်း ယင်းကတ်များသည် ရွေးကောက်ပွဲတွင် မဲထည့်ရေးအတွက် ဥပဒေ ပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်း မရှိသေးဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

White-Card-1

တိုင်းရင်းသား အဖွဲ့အားလုံးဖြင့် အင်န်စီအေကို လက်မှတ်ထိုးသင့်ဟု ယူဒဗ္ဗလျူအက်စ်ပီ ပြောခွင့်ရသူဆို

Written by  ဟိန်းကိုစိုး

ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးသင့်သည်ဟု "ဝ" သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ပြောခွင့်ရသူ ဦးအောင်မြင့်က ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ဆိုတာ တစ်ခါတည်း ဖြေရှင်းဖို့ ဖြစ်တယ်၊ ပန်ဆန်းတုန်းကလည်း အဲဒီသုံးဖွဲ့ကို မဖိတ်ဖို့ ပြောပေမယ့် ကျွန်တော်တို့က တိုက်ဖို့ မဟုတ်ဘူး။ အောင်မြင်အောင် ဆွေးနွေးနိုင်ဖို့ တိုက်တွန်းမှာလို့ ပြောခဲ့တယ်။ NCCT ထဲက အဖွဲ့တွေပဲ မဟုတ်ဘဲ UNFC က အဖွဲ့တွေလည်း ပါသင့်တာပဲ” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပန်းတိုင်ရောက်ရန် စားပွဲခုံတိုက်ပွဲ ဆက်ဝင်ကြဖို့ ကေအန်ယူ ဥက္ကဋ္ဌ တိုက်တွန်း

Written by  ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတည်ပြုမူကြမ်း (NCA) သည် တိုင်းရင်းသားများ လိုလားသည့် နိုင်ငံရေး ပန်းတိုင်ရောက်ရန် အခြေခံအုတ်မြစ် ဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ညီညီညွတ်ညွတ်ဖြင့် နိုင်ငံရေးအရ စားပွဲခုံတိုက်ပွဲ ဆက်သွားကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ မူတူးဆေးဖိုးက လော်ခီးလာညီလာခံ အပိတ်မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားလိုက်သည်။

Lawgielar-Native-Eight-Day-Conference-01
ကေအန်ယူဌာနချုပ် လော်ခီးလာတွင် ဇွန်နှစ်ရက်က စတင်ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ အစည်းအဝေး ရှစ်ရက်မြောက်နေ့အဖြစ် ဇွန် ၉ ရက်က ဆက်လက်ဆွေးနွေးစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကချင်စစ်ပွဲ လေးနှစ်ပြည့် အထိမ်းအမှတ် ကချင်နှင့် ထိုင်းနယ်စပ်တွင် ပြုလုပ်

Written by  ဖနိဒါ 

ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လေးနှစ်ပြည့် အခမ်းအနားများကို KIO ဌာနချုပ် လိုင်ဇာ အပါအဝင် ပြည်တွင်း ပြည်ပ နေရာအများအပြားတွင် ဇွန်လ ၉ ရက်က ပြုလုပ်ကျင်းပခဲ့သည်။

KIO အဖွဲ့၏ ဌာနဆိုင်ရာ အသီးသီးနှင့် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းတိုင်းတွင်လည်း လေးနှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းဝတ်ပြုပွဲများကို ဇွန် ၉ ရက် ၇ နာရီတွင် ပြုလုပ်ကျင်းပ ခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံဟောင်း အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

“ဒီမနက် ၇ နာရီ ဆုတောင်းပွဲ အခမ်းအနားကိုတော့ ဘာအစားအသောက် ကျွေးမွေးတာတွေ မလုပ်ဘဲ ဆုတောင်းဝတ်ပြုတာပဲ စခန်းတိုင်းမှာ ကျင်းပတယ်။ ကျွန်တော်တို့ လေးနှစ်ထိ ရန်သူတိုက်ခိုက်လာလို့ ခုခံစစ်ကို ကျော်လွှားနိုင်ခဲ့တဲ့ ခေါင်းစဉ်နဲ့ ဆုတောင်းဝတ်ပြုကြတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းအတွင်း အခြေခံ မဲစာရင်းများ ကပ်ထားသော်လည်း ကြည့်ရှုသူ နည်းပါး

Written by  အောင်ကိုဦး 

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် လေးခရိုင်ရှိ အခြေခံ မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးများတွင် ဇွန်လ ၈ ရက်က ကပ်ထားပြီးဖြစ်သော်လည်း ပြည်သူများ မဲစာရင်း လာရောက်ကြည့်မှု နည်းနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

Election-1
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် မဲစာရင်း လာကြည့်သူ တစ်ဦးကို ဇွန် ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

လယ်ယာလျော်ကြေး ကာလပေါက်ဈေးဖြင့် ပေးရန် မြို့သာတွင် ဆန္ဒပြ

Written by  အောင်ကိုဦး 

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ပေါက်စိမ်းကျေးရွာ၊ နဝရတ်ကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် ဖြူတွင်းကုန်းကျေးရွာများတွင် လယ်မြေသိမ်းယူထားသော ကုမ္ပဏီကို အရေးယူပေးရန်နှင့် လယ်ယာမြေလျော်ကြေးကို ကာလပေါက်ဈေးဖြင့် ပေးလျော်ရန် သိမ်းဆည်းခံရသူ ဒေသခံ ၁၀၀ ကျော်တို့က မြို့သာမြို့ပေါ်သို့တက်၍ ဇွန်လ ၉ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်ကြသည်။

Agrarian-Protest-at-Mandalay

အနာဂတ်မြန်မာ့နိုင်ငံရေးအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သုံးသပ်ချက်များ

Written by  မောင်သင်တုန်း 


နေပြည်တော်၊ ဇွန် ၉ ။       ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်၊ အနာဂတ် သမ္မတလောင်းများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု အပါအ၀င် လွှတ်တော်တွင်းလွှတ်တော်ပြင်ပ နိုင်ငံရေးအနေအထားတို့ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မဇ္ဈိမ ၊ 7days၊ Eleven၊ Messenger၊ ကုမုဒြာဂျာနယ်တို့က တွေ့ဆုံမေးမြန်းထားသည်ကို
 ကော်နုတ်ဖော်ပြလိုက်သည်။

xbcvnvn

ဒဂုံစီးတီးအိမ်ရာ စီမံကိန်းအား ရန်ကုန်အစိုးရ ရပ်ဆိုင်းနိုင်မည်မဟုတ်

 Written by  မင်းမင်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေတိဂုံစေတီအနီးတွင် အကောင်အထည်ဖော်နေသည့် ဒဂုံစီးတီးအဆင့်မြင့်အိမ်ရာစီမံကိန်းသည် စစ်တပ်ပိုင် မြေပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သောကြောင့် စီမံကိန်းအားဆိုင်းငံ့ပေးရန် မဖြစ်နိုင်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်းကြီး ဦးသန်းမြင့်က ဇွန် ၉ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

"အဆင့်မြင့်အိမ်ရာစီမံကိန်း (Dagon City Project) အကောင်အထည်ဖော်တဲ့ မြေနေရာဟာ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မြေနေရာ ဖြစ်ပါတယ်။ စီမံကိန်းမြေနေရာဟာ ပြည်ထောင်စုအုပ်ချုပ်မှုအာဏာ သက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အာဏာသက်ရောက်မှု မရှိကြောင်း တင်ပြလိုပါတယ်" ဟု ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းအတွက် သြစတြေးလျအကူညီ ၄၀ရာခိုင်နှုန်း လျော့ချပစ်

Paw-Bu-La-Hta-clinic-for-ethnic-Karen-EPA

သြစတြေးလျအစိုးရက ပြည်ပနိုင်ငံများသို့ ပေးနေသည့် အကူအညီများကို လျော့ချလိုက်ခြင်းကြောင့်
 မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းအတွက် ပေးနေသည့် အကူအညီ၏

လော်ခီးလာတွင် အစည်းအဝေးအပြီး ကြေငြာချက်ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာတွင် ဇွန် ၂ရက်မှ ၉ရက်အထိ ရှစ်ရက်ကြာပြုလုပ်သည့် အစည်းအဝေးအပြီး ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Credit -  Mizzima - News in Burmese

  

Tuesday, June 9, 2015

တရုတ်နှင့် မြန်မာသည် အဓိက မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ရှိနေဆဲဟု နှစ်ဖက်ပြောဆို

ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်သည် မြန်မာ၏ အဓိက မဟာဗျူဟာမိတ်ဖက်အဖြစ် ဆက်လက်ရှိနေဦးမည်ဟု မြန်မာ ဒု-သမ္မတ စိုင်းမောက်ခမ်းက ဇွန် ၈ နေ့၌ ပြောကြားလိုက်သည်။

Sai-Mauk-Kham

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆို မနက်ဖြန် လွှတ်တော်တင်မည်

Written by  စိုးသန်းလင်း

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာနှုန်းကျော်၏ သဘောတူချက်ဖြင့် လွှတ်တော်ရုံးသို့ ယနေ့ တင်သွင်းလိုက်ပြီး ဇွန်လ ၁၀ ရက် လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် စတင်ပါဝင်လာမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာအမတ် ဦးတင်မောင်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီအမတ်တွေနဲ့ တင် ၂၀ ရာခိုင်နှုန်းကျော်ပါတယ်၊ ဒါပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားပါတီတွေရော ပါတီစုံကပါ ပါဝင်တာမျိုး ဖြစ်စေချင်လို့ ပါ၊ ဒီနေ့ လွှတ်တော်ရုံးကို တင်ပါပြီ၊ အခြေအနေအရ မနက်ဖြန် ဆွေးနွေးနိုင်ရင်လည်း ဆွေးနွေးဖြစ်မယ် ထင်ပါတယ်” ဟု ၎င်းက ယနေ့နံနက်ပိုင်း မီဒီယာနှင့် တွေ့စဉ် ဖြေကြားခဲ့သည်။

မဲပေးပါရစေ…. ကော်မရှင်ရေ

Cartoon-2

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ နေတဲ့ ဦးဆန်းမြင့်က စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူ့ စာထဲမှာ ရေးထားတာကတော့ မကြာခင်မှာ ကျင်းပပြုလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိ၊ တာဝန်သိ ပြည်သူ

“ဒုက္ခသည်တွေကို အမွေ ချန်ထားရစ်ခဲ့မလား၊ သမ္မတကြီးခင်ဗျာ”

Written by  စည်သူအောင်မြင့်

အခုဆိုရင် မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် တိုက်ပွဲ တွေ ပြန်ဖြစ်ပွားခဲ့တာ ၄ နှစ် တင်းတင်း ပြည့်ပါတော့မယ်။ ၂၀၁၁ တိုက်ပွဲတွေ စတင်ခါစတုန်းက ပြင်းထန်ပေမယ့် နောက်ပိုင်း နှစ်ဘက်ထိတွေ့ ညှိနှိုင်းမှုတွေ ရှိလာပြီး တိုက်ပွဲ အရှိန်လျော့ကျလာ ခဲ့ပါတယ်။ တိုက်ပွဲ အရေအတွက် နည်းသွားတာ၊ အရှိန်လျော့ကျလာလို့ ဒေသခံတွေ နည်းနည်း သက်သာသွားပေမယ့် တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှုံနေကြတဲ့
 ပြည်သူတွေ ရဲ့ အခြေအနေကတော့ မထူးခြားသွားပါဘူး။ ဒါ့အပြင် နိုင်ငံတကာ စေတနာရှင်တွေရဲ့
 ထောက်ပံ့ ကူညီမှု လျော့ကျတော့မယ်ဆိုတဲ့ သတင်းကလည်း ဒုက္ခသည်တွေကို စိတ်ပျက်အားငယ်မှုတွေ
 ဖြစ်စေပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အဲလို ဒုက္ခပင်လယ်ဝေ ကျန်နေခဲ့တာ ကချင် ဒုက္ခသည်တွေချည်းပဲ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်စခန်းကို ရောက်သွားတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ၊ ကိုးကန့်ဒေသမှာ တိုက်ပွဲကြီးတွေ

ဘတ်ဂျက်နှင့် ဝန်ထမ်း အားနည်းမှုကြောင့် မဲစာရင်းပြုစုခြင်းနှင့် အသိပညာပေးမှုတွင် အခက်အခဲရှိဟု ကော်မရှင် ဥက္ကဋ္ဌ ဆို

U Tin Aye UEC copy

ရန်ကုန်(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ မဲစာရင်း ပြုစုရေးလုပ်ငန်းများ တွင် ဘတ်ဂျက်နှင့် ဝန်ထမ်းအရေအတွက် အားနည်းမှုကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ဟု ဆိုသည်။

တပ်မတော်မှ အရာရှိများကို ဥပဒေအရ ခန့်အပ်ထားခြင်းဖြစ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဆို

Army Hluttaw

ရန်ကုန်တိုင်းလွှတ်တော်မှ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ-မင်းမင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် တပ်မတော်မှ ပြောင်းရွှေ့လာသော ဝန်ထမ်းများကို ခန့်အပ်ရခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်သည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန်အဆို တစ်ပတ်အတွင်း လွှတ်တော်သို့  တင်မည်

Hluttaw Committee USDP copy

နေပြည်တော် (မဇ္ဈိမ) ။ ။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန်အဆိုကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် လွှတ်တော်အမတ် ဦးရေ နှစ်ဆယ်ရာခိုင်နှုန်းက သဘောတူကြောင်း လက်မှတ်များကို ယနေ့ စတင် စုဆောင်းနေပြီဖြစ်ရာ ၎င်းအဆိုကို လွှတ်တော်သို့  တစ်ပတ်အတွင်း

ရဲတပ်ဖွဲ့၏ ရိုက်နှက်မှု လူ့အခွင့်အရေး ကော်မရှင်ထံ ကျောင်းသားများ တိုင်ကြားမည်

ကျောင်းသားသပိတ် ဖြိုခွင်းခံရစဉ် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဗ.က.သ ကျောင်းသားများက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တစ်ပတ်အတွင်း တိုင်ကြားသွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်ထံ တစ်ပတ်အတွင်း တိုင်ကြားရန် စီစဉ်နေပြီး ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီး ပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသား ၃၀ ဦးခန့်က တိုင်ကြားမည် ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားမည့် ကျောင်းသားများမှာ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိထားသည်ဟု ကိုအောင်နေပိုင်က ဆိုသည်။

စောမူတူးစေးဖိုး၊ ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)

အားလုံးမင်္ဂလာပါ….။

ယနေ့ KNU(ကရင်အမျိုးသားအစည်းအရုံး)ရဲ့ လော်ခီးမှာမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ၊ အစည်းအဝေးကိုတက်ရောက်လာတဲ့ ကိုယ်စားလှ ယ်၊ လက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများရဲ့ကိုယ်စားလှယ်၊ အထူးဖိတ်ကြားထားတဲ့ သတင်းမီဒီယာများ နဲ့ ဧည့်သည်တော်များခင်ဗျား……။

Mutu copy

တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော

ရန်ကုန်၊ ဧပြီ ၂၉။        ။ မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့
 ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။

Khin-Aung-Myint
ဓာတ်ပုံ - အီပီအေ

"ဝ"ဒေသတွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာ

Election Place copy

ရန်ကုန် (မဇ္ဈိမ) ။ ။ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲစာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မဖွဲ့စည်း နိုင်ခြင်းကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် သေချာတော့မည် မဟုတ်တော့ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

အစိုးရနှင့် ဆွေးနွေးမည့် ၁၅ ဦးပါ အဖွဲ့ကို လော်ခီးလာ ညီလာခံ ၇ ရက်မြောက်နေ့တွင် ဖွဲ့စည်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် ၁၅ ဦးပါဝင်သော “ဆွေးနွေးညှိနှိုင်းရေးအဖွဲ့” ကို လော်ခီးလာ ညီလာခံ ၇ ရက်မြောက်နေ့တွင် ထပ်မံဖွဲ့စည်းလိုက်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်း ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဆောင်ရွက်ကာ KIO မှ ဒေါက်တာလဂျာက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒုတိယခေါင်းဆောင်(၂)အဖြစ် CNF မှ ဦးဇင်ကျုံးက ဆောင်ရွက်ကာ လက်နက်ကိုင်တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ NCCT ညှိလာတဲ့ NCA မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ချက်နဲ့အတူ အတည်ပြုတယ်။ ဒါက ကျွန်တော်တို့ အစည်းအဝေး ဆုံးဖြတ်ချက် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တဲ့ အချက်တွေကို ဆက်လက်

Monday, June 8, 2015

ကလေးစစ်သားအဖြစ်မှ နုတ်ထွက်ခွင့်ရရှိနိုင်ရန် ILO သို့ တင်ပြ တိုင်တန်းထားသော်လည်း ယခုတိုင်တပ်မှ နုတ်ထွက်ခွင့်မရရှိသေး – ပေးစာ

 ကျွန်မဒေါ်တင်တင်ဦး မှတ်ပုံတင်အမှတ် (၇/မညန(နိုင်) ၀၅၅ ၂၃၆) ကိုင်ဆောင်သူသည် အမှတ် (၄)၊ ပန်းတနော်လမ်း၊ လင်းလွန်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ပါသည်။ ကျွန်မ၏ သားဖြစ်သူ မောင်အောင်စိုးလင်းသည် မွေးစာရင်းအရ ၆- ၅-၁၉၉၅ ဖြစ်ပါသည်။ ကျွန်မ၏သားကို တပ်မ (၁၁)ခ.မ.ရ (၂၁၉) ရဲမွန်တပ်မှ တပ်ကြပ်စံရွှေမောင်က ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် တပ်မ (၇၇) ခ.မ.ရ (၁၀၁) အင်းတကော်တပ်မှ တပ်ကြပ်ကြီး အံ့လွင်ထံသို့ပို့ပြီး စစ်တပ်ထဲသို့ သွင်းခဲ့ပါသည်။ ထိုစဉ်က ကျွန်မ၏ သားအသက်မှာ ၁၇ နှစ်ခန့်သာ ရှိပါသည်။ ကျွန်မသည် ကျွန်မ၏ သားဖြစ်သူ မောင်အောင်စိုးလင်း အား စစ်သားဖြစ်သူ တပ်ကြပ်စံ ရွှေမောင်နှင့် တပ်ကြပ်ကြီး အံ့လွင်တို့က စစ်တပ်ထဲသို့ သွင်းခဲ့သည်ကို သိသိချင်း ILO သို့ ၂၇-၃-၂၀၁၂ တွင် တင်ပြတိုင်တန်းခဲ့သော်လည်း

နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစား ပင်စင်လိမ်လည်ထုတ်စားနေသူနှင့် မမှန်မကန် ထောက်ခံပေးနေသူ ရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး – ပေးစာ

 အထက်ပါကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ကျောက် တံခါးမြို့နယ်၊ ရင်းတိုက် ကုန်း ကျေးရွာအုပ်စု၊ ဆင်ရိုးခင်ကျေး ရွာနေ ဒေါ်ကြည်သန်းသည် ကိုယ်ပိုင်နံပါတ် ၁၈၃၈၁၂ ဖြစ်သူ တပ်သား ဇော်မင်းနှင့် အိမ်ထောင်ကျဖူးပြီး တပ်သားဇော်မင်း ကျဆုံးပြီးနောက် မိသားစု ပင်စင် ခံစားရခဲ့ပါသည်။ သို့သော် (၂၅.၉.၂၀၁၅)တွင် ကိုသန်းနိုင် ဆိုသူနှင့် ခိုးလိုက်သွားပြီး ရပ်မိရပ်ဖများနှင့် ကာလသား ခေါင်းဆောင်တို့အား ခဲဖိုး (မင်္ဂလာကြေး ၁၀၀၀၀) ပေးကာ အကြင်လင်မယားအဖြစ် အသိအမှတ်ပြု ကန်တော့ခဲ့ကြပါသည်။

နိုင်ငံတော်၏ ပင်စင်လစာ နည်းဥပဒေတွင် လိမ်ညာ၍ ထုတ်ယူပိုင်ခွင့် မရှိပါ။ အသက်၆၀ ဆယ် ကျော်လျှင် တာဝန် ထမ်းဆောင်ခွင့်လည်း မရှိပါ။ ပင်စင်နည်းဥပဒေ ၂၃၀ နှင့် ၂၃၃(ခ)ကအရ မမှန်ကန်သူ၊ နောက်

နိုင်ငံတော်သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ

 ရက်စွဲ – ဇွန်လ ၁ရက် ၂၀၁၅

မြန်မာ့ကျွန်းစုများကို ကာကွယ်ပေးရေး၊ နိုင်ငံခြားသို့ သဲတန်ချိန် သိန်းနဲ့ သန်းနဲ့ချီပြီး ရောင်းချနေခြင်းမှ အမြန်ဆုံး ရပ်စဲပေးရေးနှင့် မြန်မာ့ရေပိုင်နက် မှ နိုင်ငံခြား သောင်တူးသဘောင်္များကို အမြန်ဆုံးထွက်ခွာ သွားရေး။

လေးစားအပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးခင်ဗျား ယနေ့ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း စစ်ခင်းရမည်ကိုပင် မမှုဘဲ ကျွန်းကြီးကို တည်ဆောက်နေခြင်းက ကမ္ဘာ့သတင်းခေါင်းစဉ်ပိုင်း တိုင်းမှာ တွေ့နေရပါသည်။ ထို့အတူ စကာင်္ပူ – ဘရူးနေလ်စ တဲ့ နိုင်ငံတွေကလည်း မိမိတို့ ရေပိုင်နက်အတွင်း ကျွန်းများကို တည်ဆောက်ခြင်းနဲ့ မိမိမြေပိုင်နက်များကို မြေဖို့တိုးချဲ့၍ နိုင်ငံမြေပုံ ကိုပင် ပြောင်းလဲပစ်နေကြ ပါသည်။ သို့သော် ကျွန်ပ်တို့ မြန်မာနိုင်ငံကတော့ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်သော သဘ၀တရား

တပ်မတော်မှ သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ပေးခါမှ မူလကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်တောင်းခံသူ ပိုင်ဆိုင်မှုပျောက်ဆုံး

တပ်မတော်မှ သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ပေးခါမှ မူလကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်တောင်းခံသူ ပိုင်ဆိုင်မှုပျောက်ဆုံး၊ မတရားဝင်ရောက် ကျူးကျော်ဖျက်ဆီးရန်ပြုခြင်းတို့ကို ခံနေရ – ပေးစာ

မိုးမကျမီ၊ စိုက်ပျိုးရာသီအကြို လယ်ယာမြေတို့ကို အသင့်စိုက်ပျိုးရန် မွမ်းမံနေချိန် ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ်၊ နတ်မောက် ကျေးရွာအုပ်စုအပိုင်၊ ကွင်းအမှတ် ၉၉ လိပ် ကုန်းတောင် ယာမြေဖြစ်သည့် ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်ယာမြေတို့အား လွန်ခဲ့သော ၂၀၀၂ ခုနှစ်ခန့်က တပ်မတော်၏ သိမ်းဆည်းခြင်းကို ခံခဲ့ရပါသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီ၊ နေပြည်တော် သို့ ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့ ကိုယ်တိုင် ဦးဆောင်၍ တင်ပြတောင်းခံခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်၊ မေလခန့်က ပဲခူးတိုင်း ဒေသကြီး(အနောက်)၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ အုပ်စုအပိုင်၊ ကွင်းအမှတ် ၉၉ လိပ်ကုန်း တောင်ယာမြေ အပါအ၀င် တောင်သူ ၁၁ ဦး၏ ၄၄ ဧကကျော်ကို

ယာမြေအတွင်း ကျူးကျော်ဝင်ရောက်၍ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်က ခွင့်မပြုဘဲ အတင်းအဓမ္မ ကျောက်ခွဲထုတ်လုပ်နေ – ပေးစာ

 ကျွန်တော်၏ မိရိုးဖလာအရ လွန်ခဲ့သော နှစ် ၅၀ ခန့်က ပုံစံ ၇ ရရှိပြီး ယာမြေအကွက်တွင် ယင်းတိုက်ကျေးရွာ ဦးအောင်ကြည်နှင့် ကျေးရွာအုပ်စု စာရေးဟောင်း ဦးအောင်မျိုးလွင်တို့က ကျွန်တော်၏ သဘောဆန္ဒ လုံးဝ မပါဘဲ ပုံစံ ၁၀၅ နှင့် ၁၀၆ မြေစာရင်း ပြုလုပ်၍ ယာခင်းထဲသို့ ဇွတ်အတင်း ၀င်ရောက်ပြီး ကျောက်များအား မိုင်းခွဲတူးဖော် ရောင်းစားနေခြင်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ယနေ့တိုင် ပြုလုပ်နေပါသည်။

ကျွန်တော်တို့ကျေးရွာ ရှေ့မီနောက်မီ လူကြီးများအသိ ယင်းတိုက်အုပ်စု သစ်သိမ့်ကုန်းကျေးရွာ အဆိုပါ ကျောက်ကွက်နှင့် အနီးနား တစ်ဝိုက်တွင် ယင်းတိုက်ကျေးရွာနေ ဦးအောင်ကြည် ပိုင်ဆိုင်သည့် လယ်ယာမြေ တစ်ဧကမျှ မရှိပါ။ ယင်းတိုက် ကျေးရွာမှာ အိမ်ထောင်ကျ၍ ပြောင်းရွှေ့ လာသော ကျွန်းလှမြို့နယ် အင်းလျားရှည် ကျေးရွာနေသူဖြစ်ပါသည်။ ယခုတင်ပြချက်ကို မြေကြီးမြေပုံတွင် မှန်ကန်မှု ရှိမရှိ စုံစမ်းစစ်ဆေး နိုင်ပါသည်။ ကျွန်တော် တစ်ဦးတည်းသာ ပိုင်ဆိုင်မြေ

ဟန်ပြသက်သက်ပြင်ဆင်မှု - အယ်ဒီတာ့အာဘော်

 မြန်မာ့နိုင်ငံရေးပြဿနာ အထွေထွေ ပြေလည်သွားစေရန်အတွက် အဓိကကျသော ဗဟိုချက်မှာ အခြေခံဥပဒေ ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေသည်ဟု စစ်အုပ်စုက အကြိမ်ကြိမ် အဖန်ဖန် ပြောဆိုနေခဲ့သော်လည်း
 ရှေ့မရောက်ကြောင်း အများ က ဝေဖန် ထောက်ပြေ နကြ သည်။ အကြောင်းမှာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့ ဖော်ဆောင်ရာ၌ အဓိက သော့ချက်ကျသော လုပ်ငန်းစဉ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲနေ ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရန် အတွက် အရေးကြီးသော ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုကိုလည်း ရပ်တန့်ထားသည်။ ယခုအခါ အစိုးရနှင့် လွှတ်တော် နာယကတို့က ၂ဝဝ၈ အခြေခံဥပဒေပါ ဇယား(၁)နှင့် ဇယား(၂)လောက်သာ ပြင်ဆင်ရန် ခြေ လှမ်း ပြင်နေကြပြီး အဓိကကျသည့် ပြဋ္ဌာန်းချက်များကိုမူ
 ပြင်ဆင်ပေးမည့် လက္ခဏာ မတွေ့ရပေ။ ဇယား(၁)နှင့် ဇယား(၂)ကိုသာ ပြင်ဆင်ပြီး

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြု၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက် တပ်မတော်အရာရှိများ ၀င်ပြိုင်ရေးအတွက်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြု၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက် တပ်မတော်အရာရှိများ ၀င်ပြိုင်ရေးအတွက် အရပ်ဘက် ကိုယ်စားလှယ်လောင်းတချို့ ရွေးကောက်ပွဲမ၀င်ရန် ဖိအားပေးခံရမင်းတို့ ရွေးကောက်ပွဲ မ၀င်နဲ့တော့။ စစ်ဘက်ကအရာရှိ ဗိုလ်ချုပ်တွေလာမှာ။
 မဲဆန္ဒနယ်တွေ ချန်ထားရမယ်ဆိုပြီးပြော . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂

မေလ ၂၉ ရက်မှ ၃၁ ရက်နေ အထိ နေပြည်တော် ပါတီရုံးချုပ်တွင် ကျင်းပခဲ့သော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြုသော ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက် တင်မြှောက်ခံထားရသည့် အရပ်ဘက်လွှတ်တော် ကိုယ်စားလှယ် တချို့ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဘက်ဆိုင်ရာ အရာရှိများ ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ၎င်းတို့အား ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန်

မြန်မာ့တတိယနိုင်ငံရေးမျိုးဆက်နဲ့ ဗမာပြည် ကံကြမ္မာ – အောင်သာ(ပီသုံးလုံး)

ဧပြီလ ၃၀ ရက်နေ့မှာ ဒီပဲယင်းမြို့နယ် ကျီရွာနားက မုံရွာ ဘုတလင် ကားလမ်းပေါ်မှာ ဒီချုပ်ဥက္ကဋ္ဌကို တရားခံ ပျောက် လူထုနဲ့ဝိုင်းရိုက်သတ် တဲ့နည်းနဲ့ လက်စဖျောက်ပစ်ဖို့ ကြိုးစား ခဲ့တာပါပဲ၊ ဗမာပီပီ ဘုရားမလို့ ဒီချုပ် ဥက္ကဋ္ဌ အသက်ဘေးက လွတ်မြောက်ခဲ့ပါတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လူတွေက ဒီချုပ်ဥက္ကဋ္ဌကို ဒီဖြစ်စဉ် မှာ အသေလုပ် ကြံခဲ့ကြတာပါလဲ . . . ရှင်းပါတယ် စစ်အာဏာရှင်ကြီးများက နိုင်ငံတော်အာဏာနဲ့ ပတ်သက်ရင်၊ ဘယ်သူကိုမှ အကျောပေးမထားဘူး . . .ဆိုတဲ့ လောဂျစ်ထွက်လာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံဟာ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံဘ၀ပြန်ရဖို့ ၁၉၀၆-၄၈ ခုနှစ်အတွင် လူထုအရေးတော်ပုံကြီး ၆ ပွဲ ဆင်နွှဲခဲ့ကြရတယ်။ အဲဒီ လွတ်လပ်ရေးတိုက်ပွဲကြီးများအတွင်း မြန်မာ့လူ့အဖွဲ့ အစည်းအတွက် ပထမမြန်မာ့ နိုင်ငံရေး မျိုးဆက်တစ်ဆက်ကိုလည်း ထူထောင်နိုင်ခဲ့တယ်။

စာပေစိစစ်ရေးညွှန်မှူး အဆဲဆိုခံ ကြံ့ခိုင်ရေးအယ်ချုပ်ကြီး များ မေ့မရသည့် ဖြစ်ရပ် – မောင်မြား

 စာပေစိစစ်ရေးညွှန်မှူး ဗိုလ်မှူးတင့်ဆွေ(ရဲရင့်တင့်ဆွေ) (ယခုပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်)က မိမိတို့တင်ထားသည့် လချုပ် ရှင်းတမ်းတွေကို လွှင့်ပစ်လိုက်သည်။ သူ့ပါးစပ်ကလည်း ‘ငါ … မသား၊ ကိုယ်မေကိုယ် … ၊ မအေ … ပဲ ‘ အပါအဝင် ဆဲနည်းမျိုးစုံဖြင့် မိမိတို့ ၂ ဦးကို တစ်လှည့်စီကြည့်ပြီး ဆဲရေး တိုင်းထွာပြီး အယ်ဒီတာအိုကြီး ၂ ဦးကို ဆဲလုံးများစွာဖြင့် နင်ပဲငဆ ဆဲဆို ကြိမ်းမောင်းပြီး ‘သွား အခုချက်ချင်း ခင်ဗျားတို့ ကျုပ်အခန်းထဲကထွက်သွား’ ဆိုပြီး မောင်းထုတ် ခံလိုက်ရသည့် အဖြစ်ကိုတော့ …

တလောက ဆရာမော်ကျွန်းနှင့် အမှတ်မထင် မြို့ထဲတစ်နေရာ တွင် တွေ့ကြသည်။ အလုပ် ကိုယ်စီနှင့်မို့ သိပ်အကြာကြီး စကားမပြောဖြစ်ခဲ့ကြသော်လည်း ‘ဆရာ အကြွေးကျန်နေ တယ်နော်’ ဆိုသည့် စကားတစ်လုံးဖြင့် လွန်ခဲ့သည့် ၇ နှစ်နှင့် ၈ နှစ်ခန့်က စာပေစိစစ်ရေး အကြီးအကဲ ဦးတင့်ဆွေရုံးခန်းကအပြန် နောက်လ အတော်ကြာသည်အထိ ဆရာမော်ကျွန်း ရင်ထဲက ခံစားချက်တွေကို မိမိအတိုင်းသား မြင်နေရသည်။ ဆရာလည်း မိမိလိုပဲမြင်မည် …

အမျိုးသမီးများ ဦးဆောင်ပါဝင်မှုနှင့် မြန်မာ့ရုပ်ရှင်

မြန်မာ့ရုပ်ရှင် အဆင့်အတန်းဟာ ပြီးခဲ့တဲ့ တစ်ခတ်တစ်ခါကတည်းက မြင့်မြင့်မားမား ရှိခဲ့တာဖြစ်ပြီး အမျိုးသမီး သရုပ်ဆောင်၊ အမျိုးသမီး
ဒါရိုက်တာတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီး သရုပ်ဆောင်တွေ အားကောင်းကောင်း ပေါ်ထွက်ခဲ့တဲ့
နှစ်တွေဆိုရင် အမျိုးသမီး ဇာတ်ရုပ်ကို ဦးစားပေးတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာလေ့ရှိတယ်လို့လည်း ၀ါရင့် အနုပညာရှင်တွေက ဆိုပါတယ်။

အခုလက်ရှိမှာ မေလ ၂၉ ရက်ကနေ ဇွန်လ ၇ ရက်အထိ အမှတ်တရ နိုင်ငံတကာရုပ်ရှင် အမွေအနှစ် ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပြီး ပွဲတော်က အမျိုးသမီးတွေ အတွက် ဦးတည် ကျင်းပခဲ့တဲ့ ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြန်မာနိုင်ငံမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသပေးခဲ့တာ ဖြစ်ပြီး အမျိုးသမီးများအတွက်

ရွေးကောက်ပွဲ အသိပညာပေးရေး လုပ်ငန်းစဉ်အတွက် သင်တန်းပေးမည်

ပဲခူးခရိုင်တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတော့မည်
 ဖြစ်သည့်အတွက် ထိုကာလအတွင်း ပူးပေါင်းကူညီနိုင်ရန် အသိပညာပေးရေးအတွက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း Bago Youth Community Development စီစဉ် ဦးဆောင်သူ ကိုကျော်ကျော်လင်းထံမှ သိရသည်။

Election

၂၀၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်

Phyo2Aung

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်မှုကြောင့် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မဖြိုးဖြိုးအောင်ကို ဇွန်လ ၇ရက်က ရွေးချယ်လိုက်သည်။

မပြောချင်လည်း ပြောမှဖြစ်မယ် – ပဏ္ဍိတ…ရေးသားသည် နေရာကိုလိုက်လို့ အရောင်ပြောင်းလေတဲ့ ပုတ်သင်ညိုများ

 နေတဲ့နေရာကိုလိုက်လို့ ပုတ်သင်ညို အရောင်ပြောင်းလေသလား။ အသပြာပဲဝက်ကို တပ်မက်လို့ အခြေကြီးတဲ့ ပုတ်သင်ညိုလို ဝန်ကြီး ယူနီဖောင်းကြောင့်များ ရွှေဘဝင် လေဟပ်သွားလေ သလားပါပဲ သတိထားနော် ဖွတ် ဖြစ်သွားဦးမယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

”ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ်၊ ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ်၊ သာဂိရော အပျိုလိုချင် ခေါင်းညိတ်”

ပုတ်သင်ညိုတို့၏ သဘောက ခေါင်းတဆတ်ဆတ် ညိတ်လေ့ရှိပြီး ဘယ်သောအခါမှ ခေါင်းခါဖူးသည်မရှိ။ ဤသည်ကို ပမာပြုပြီး ပဏ္ဍိတတို့ ခပ်ငယ်ငယ် လူကြီးသူမတို့က အရွယ်ရောက်စ လူပျိုပေါက် မကျတကျ ကလေးများကို စကြနောက်ကြသည့် စကားလုံးဖြစ်သည်။

ပဏ္ဍိတကတော့ ဒီကနေ့ လူကြီးသူမအချို့ကို ပြောရ၊ ဆိုရ၊ ဆုံးမရ (အဲ သရော်ရ) မယ့်နေရာမှာ ထည့်သုံး လိုက်ဦးမယ်လို့ စိတ်ကူးရပါ၏။

Sunday, June 7, 2015

ဖျာသည်မ ဟောစေ လည်လှီးမယ့်သူ ပြောစေ မေတ္တာတရား ပိတ်ပင်စေ – စည်သူအောင်မြင့်

 ရွေးကောက်ပွဲလုပ်တော့မယ်။ ပြီးရင်အရင်လူတွေကပဲ နိုင်တယ် ဆိုပြီးဖြစ်မယ်။ ပြီးရင် လူဟောင်း တစ်ယောက်ပဲ သမ္မတလုပ်မယ်။ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်။ ပြီးရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုပြီး ဆွေးနွေးပွဲတွေ လုပ်မယ်။ ပြီးရင် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောင်ကျော်- လာကပေါ်ရေ၊ တို့တိုင်းပြည်ကတော့ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခတွေဖြစ်၊ ဟော အခုပြေ လည်အောင်ကြိုးစားနေကြချိန် ရိုဟင်ဂျာ- ဘင်္ဂါလီအရေးဆိုပြီး ဖြစ်လာပြန်ပါရော့ လားဆိုပြီး ငိုချင်းသာချ လိုက်ချင်တော့ တယ်ကွာ။

လာကပေါ်- ငိုနေလို့ ပြီးမှာလား။ ပြဿနာရှိရင် ဖြေရှင်းကြရမှာ ဓမ္မတာပဲလေ။

အောင်ကျော်- အခု ရက်ပိုင်းအတွင်း စိတ်မကောင်းအဖြစ်ဆုံး ဟာ မေတ္တာတရားလည်း ပိတ်ပင်ခံရ။

၅ ညနှင့် ဦးဝင်းတင်ရဲ့ လူ့ငရဲသို့ – မောင်မိုးသူ

နိုင်ငံရေးလှုပ်ရှားမှုမှာ မပါဝင်ကြပေမယ့် ဒေါ်စုကို ၀ိုင်းဝန်းကူညီသူမို့ ၅(ည)နှင့်ဆွဲတယ်လို့ ဆိုပါတယ် … မောင်မိုးသူတို့ ဖမ်းဆီးထိန်းသိမ်းစဉ်က ၅(ည)ရဲ့ အချုပ်သက်တမ်းဟာ ၃ နှစ် ဖြစ်ပါ တယ်။ မောင်မိုးသူတို့ တစ်တွေ ထောင်ထဲရောက်စမှာ ၅(ည)ရဲ့ အချုပ်သက်တမ်းဟာ ၃ နှစ်ကနေ ၅ နှစ်တိုင်သွားပါတော့တယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်တစ်ပတ်မှအဆက်

ကန္တာရနှစ်များဟာ ၆၅ လောက်မှာ တစ်ဝက်တစ်ပျက် ကုန်ဆုံးတယ်လို့ ဆိုရမလားပဲ။ ရုပ်ရှင်ကောင်စီရဲ့ ရုပ်ရှင် သမိုင်း တစ်စွန်းတစ်စရေး ဖို့ ဖြစ်လာတော့ မောင်မိုးသူနာမည်နှင့် ရေးမှရမယ်လေ။ ဒါနှင့်မောင်မိုးသူနာမည် သုံး ခွင့်အား မ၀ံ့တ၀ံ့ ပြန်ရပါတယ်။ မောင်မိုးသူ နာမည်ရတယ်ဆိုတဲ့ သတင်းကြောင့် မဂ္ဂဇင်း ၂ စောင်မှာ ဘာသာ ပြန် အခန်းဆက်ဝတ္ထု ၂ ပုဒ်ရေးဖြစ်ပါတယ်။ ၂ ပုဒ်စလုံး လက်စမသတ်နိုင်ခင် မောင်မိုးသူ ထောင်ပြန်ကျသွား လို့ပါပဲ။ မောင်မိုးသူ ထောင်ကျရခြင်း အဓိက အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ

NLD နှင့် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)တို့၏ နိုင်ငံရေးပူးတွဲကြေညာ စာတမ်း လေ့လာချက် – လင်းထိုက်(Y.I.T)

“တာဝန်ယူမှု၊ တာဝန်သိမှု” ရှိသည်ဆိုရုံနှင့်ပင် ကျေနပ်မှုရှိနေပြီဖြစ်သည်။ ထိုလက်မှတ် ၅ သန်းအပေါ် အာဏာပိုင်မှ လုံးဝအသိအမှတ်မပြုသည် မှာလည်း ပြည်သူ့အစိုးရ စစ်စစ်မဟုတ် ကြောင်း သက်သေခံ လျက်ရှိသည်။ သို့သော် ထိုပြည်သူ့လက်မှတ် ၅ သန်းအပေါ် တာဝန်ယူသူ၊ တာဝန်သိသူတို့အဖို့ကား ပြည်သူ့ ဘက်တော်သားစစ်စစ် ဖြစ်ဖို့ရန် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ ၂၅နှစ် ပြည့်ဖြစ်သော ၂၀၁၅ မေလ ၂၇ရက်က NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်း၍ နိုင်ငံရေးကြေညာ စာတမ်းတစ်ခု ထုတ်ပြန်ခဲ့ သည်။ ရွေးကောက် ပွဲကျင်းပရန် ၅လ ခန့်သာလိုသော အချိန်ကာလတွင် ထုတ်ပြန်သော ကြေညာ စာတမ်းဖြစ် သည့် နည်းတူ အသွင် ကူးပြောင်းရေးကာလ ၄နှစ်ကျော်တွင် ဤကဲ့သို့ အဓိကအတိုက်အခံ အင်အားစုကြီးနှစ်စု တိုင်းသိပြည်သိတရားဝင် လက်ချင်းချိတ် ပူးပေါင်းလိုက်ပြီဆိုသော

နုတ်ထွက်မည်ဆိုသည့် ညီနောင်သုံးဖွဲ့မပါဘဲ အပစ်ရပ်လက်မှတ်မထိုးဟု NCCTပြော

Lawkhila Meeting
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာအစည်းအဝေး ၆ရက်မြောက်နေ့ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဖွဲ့(NCCT)မှ နုတ်ထွက်စာတင်ထားသည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ သုံးဖွဲ့ မပါဘဲ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးမည်မဟုတ်ဟု

သဘာပတိ မူတူးဆေးဖိုး၊ ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မိန့်ခွန်း

Mutu copy
လော်ခီးလာဆွေးနွေးပွဲ ခြောက်ရက်မြောက်နေ့ မိန့်ခွန်းပြောနေသည့် သဘာပတိ မူတူးဆေးဖိုး(ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီလာ ထိပ်သီး အစည်းအဝေး ၆ရက်နေ့တွင် သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၏ အဖွင့်မိန့်ခွန်း အပြည့်အစုံ

ယူနီဆက်ဖ်၏ မြန်မာစစ်တပ်ကို ချီးကျူးမှု အင်ဂျီအိုတစ်ခုက ဝေဖန်

Child-Solider

ဇွန်လ ၄ရက်က ကလေးစစ်သား ၅၁ယောက်ကို လွှတ်ပေးသည့်အတွက် ကုလသမဂ္ဂ ကလးသူငယ်ဆိုင်ရာ အေဂျင်စီ၏ မြန်မာစစ်တပ်ကို လူသိရှင်ကြား ချီးကျူးမှုအပေါ် တာဝန်မဲ့သော လုပ်ရပ်တစ်ခုအဖြစ် ဗြိတိသျှ လူအခွင့်အရေး အုပ်စုတစ်စုက ဝေဖန်လိုက်သည်။

ရခိုင်ရေးရာဝန်ကြီး၏ မှတ်ချက်စကားကို မကျေနပ်၍ မြန်မာအသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်တွေ့

rmeet1
ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် (ဓာတ်ပုံ-မဇ္ဈိမ)

ဖေ့စ်ဘွတ်မှတစ်ဆင့် ရင်ဖွင့်စာများကို သူရဦးရွှေမန်း စာရင်းပြုစုထား

shweman to use

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖေ့စ်ဘွတ် မက်ဆေ့ဘောက်စ်မှတစ်ဆင့် ပြည်သူတို့၏ တင်ပြချက်များကို စာရွက်ဖြင့် စုရင်းပြုစုကာ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

ဝှိုက်ကဒ် အပ်သူများကို ၂ နှစ်သက်တမ်းရှိ ကဒ်ပြားများ ထုတ်ပေးမည်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ယာယီနိုင်ငံသားကဒ် (ဝှိုက်ကဒ်) များ ပြန်လည်အပ်နှံသူများကို သက်တမ်း ၂ နှစ်ရှိသည့် နိုင်ငံသားစိစစ်ခံမည့် အထောက်အထား ကဒ်ပြားမျးကို ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

White-Card

အသံမထွက် နိယာမရသ စကားပြေ – ဆောင်းဝင်းလတ်

လူကြီးလူကောင်းမဆန်သော စစ်ဗိုလ်ချုပ်ကြီးများကဲ့သို့ နေထိုင်ပြုမူ ကျင့်ကြံကြမည်ဆိုပါက . . . လူ့အသိုင်း အ၀ိုင်းထဲသို့ မဆိုထားနှင့်၊ အများသုံး “GENTS” စာတန်းပါ သန့်စင်ခန်းထဲ သို့ပင် ပေးဝင်သင့်သူများ စာရင်းထဲတွင် ပါဝင်နိုင်မည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့ရေမြေဒေသ ““မေလ””၏ မိုးရေစက်တို့ ဖြိုးစွေပက်နေဆဲမှာပင် မူလသဘာဝရိုးသားဖြူစင်သော ပြည်သူ လူထုအများစု ပတ်ဝန်းကျင်တစ်ခွင် ““၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး””ဆိုသည့် အသံများက ဟိုမှသည်မှ ပဲ့တင်ထပ်ကာ ပျံ့လွင့်ဝေ့၀ဲလို့ လာပြန်ပါလေသည်။ အဖိနှိပ် အရက်စက် အညှဉ်းပန်းခံ အလှည့်စားခံရ ဖန်များ ခဲ့ပေသော ပြည်သူလူထုမှာလည်း အတွေ့အကြုံက ရင့်ကျက်ပြီးသားပင်။ စစ်အာဏာရှင်များဘက်က ခေတ် အဆက်ဆက် အထပ်ထပ်အခါခါ ပြောကြားလာသော ““ကတိ”” ““က၀တ်””စကားလုံးများသည်