- သူ ရိန် မိုး
လူ့လောက၌ အသက်တစ်ရာပြည့်အောင်
မနေရသော်လည်း အသက်ရှင်စဉ်သက် တမ်း ကာလအတွင်း အမှုပေါင်းတစ်ရာမျှကြုံရ
လေ့ရှိသည် ဟုဆိုလေ့ရှိရာ ထိုသို့ဖြစ်ပွားသော အမှုများတွင်
မိမိကိုယ်တိုင်ကျူးလွန်သည့်
အမှုများရှိသကဲ့သို့ မိမိအားအခြားသူတစ်ဦး မှ ကျူးလွန်ခြင်း၊
မှုခင်းဖြစ်ရပ်တစ်ခုခုတွင် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေပါဝင်ပတ်သက် မိခြင်းစသော အခြေအနေများစွာ ရှိကောင်းရှိ နိုင်မည်ဖြစ်သည်။
ထို့သို့ မှုခင်းဖြစ်ရပ်များ၊ ရာဇဝတ်မှုနှင့် စပ်လျဉ်းသော
ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ပါက အဓိက ကူညီဖြေရှင်းပေးရမည့်သူသည် မြန်မာ
နိုင်ငံရဲတပ်ဖွဲ့အပါအဝင် မြန်မာနိုင်ငံနှင့်နိုင်ငံ အတွင်းရှိပြည်သူများ၏
လုံခြုံရေးနှင့်တည် ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူထား သော လုံခြုံရေးအဖွဲ့
အစည်းများပင်ဖြစ်သည်။
ပြစ်မှုများတွင် တိုင်ကြားမှသာ အရေး
ယူ၍ရသည်များရှိသကဲ့သို့ တချို့ပြစ်မှုများကို မူမတိုင်ကြားသော်လည်း
ပြစ်မှုများဖြစ်ပွား နေပါက စုံးစမ်းဖော်ထုတ်သင့်သည်။
သို့သော်
လက်တွေ့တွင်မူ ပြစ်မှုအထင် အရှားဖြစ်နေသော်လည်း ယနေ့တိုင်စုံစမ်း
ဖော်ထုတ်နိုင်ခြင်းမရှိသော ပြစ်မှုများလည်း ရှိနေကြောင်း တွေ့ရသည်။
သာဓကအားဖြင့် ယခုနှစ်ဇူလိုင်လအ တွင်းကဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံသို့
တရားဝင်သွားရောက်သည့် မြန်မာနိုင်ငံသား ၅၂ ဦးအား မလေးရှားအာဏာပိုင်များမှ
လေ ဆိပ်၌ ဗီဇာအတုဖြင့်ဝင်ရောက်သည်ဟုဆို ကာ ဖမ်းဆီးထောင်ချလိုက်သောဖြစ်စဉ် တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ထိုဖြစ်ရပ်တွင် ကျူးလွန်ခဲ့သော ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီနှင့်
ဗီဇာအတု ပြုလုပ်သူများအား မြန်မာနိုင်ငံ၌ အတည် ပြုပြဋ္ဌာန်းထားသည့်
ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေများနှင့်အညီ မည်သည့်အရေးယူမှု
တစ်စုံတစ်ရာကိုမျှ စုံစမ်းဖော်ထုတ်အရေးယူ ခြင်းများ
မပြုလုပ်ခဲ့ခြင်းကိုတွေ့မြင်ရမည်ဖြစ် သည်။
မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကမူ
၎င်းတို့ နိုင်ငံအတွင်းဗီဇာအတုဖြင့် ဝင်ရောက်လာ ခဲ့သော မြန်မာနိုင်ငံသား
၆ဝ ဦးအနက်မှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်ရှစ်ဦးမှအပ ကျန် ၅၂ ဦးအား
နိုင်ငံအတွင်းတရားမဝင်ဝင် ရောက်မှုဖြင့် ထောင်ဒဏ် တစ်နှစ်စီချမှတ်
အရေးယူခဲ့သည့်အပြင် ယင်းခရီးသွားအေဂျင်စီ မှ ဝန်ထမ်းသုံးဦးကိုလည်း
မလေးရှားနိုင်ငံ တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့်တရား
စွဲဖမ်းဆီးထားကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍
စက်တင်ဘာ ၂၄ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အထူးအစည်းအဝေး
တတိယ နေ့တွင် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုး
အောင်မှ ယင်း ၅၂ ဦးပြဿနာကိုဖြေရှင်း ဆောင်ရွက်ထားမှုအခြေအနေ၊ ယင်းသို့သော
ကိစ္စများထပ်မံမဖြစ်ပွားရန် မည်သို့ဆောင်ရွက် သွားရန်ရှိ၊မရှိ။ ဗီဇာအတုဖြင့်
ပို့ဆောင်ခဲ့ သည့် ကုမ္ပဏီအားမည်သို့ အရေးယူဆောင်
ရွက်သွားမည်တို့ကိုသိရှိလိုကြောင်း မေးခွန်း မေးမြန်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ''ဒီပြဿနာ အတွက် တရားဝင်တိုင်ကြားစာမရပါဘူး။
မည်သူမည်ဝါက ဗီဇာအတုလုပ်ပေးတယ် ဆိုပြီး ကာယကံရှင်တွေအနေနဲ့ အစိုးရအဖွဲ့
ကိုတိုင်ကြားလာတာလည်း မရှိပါဘူး။ အဲဒီလို တရားဝင်
တိုင်ကြားလာတာမရှိတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အရေး ယူလို့မရတဲ့ အနေအထားဖြစ်နေတယ်'' ဟု ပြန်လည်ဖြေကြားထားသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှလည်း ယင်းမေးခွန်းမေး
မြန်းသည့် ကိုယ်စားလှယ်ကို အဆိုပါသတင်း များသည် အင်တာနက် သတင်းများသာဖြစ်
ကြောင်း ကိုယ်စားလှယ်အနေဖြင့် ကာယကံ ရှင်များနှင့် အဆက်အသွယ်ရရှိပါက တိုင်း
ဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားခိုင်းသင့် ကြောင်းတို့ကိုလည်း
ပြောဆိုခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုရဲ မှူးမင်းနိုင်က ''နှစ်နိုင်ငံဥပဒေချင်းမတူတဲ့အ
တွက် မလေးရှားမှာလူကုန်ကူးမှုနဲ့ တရားစွဲထား ပေမယ့် မြန်မာနိုင်ငံအနေနဲ့
စွဲလို့မရဘူး။ နှစ်နိုင်ငံကသတ်မှတ်ထားတဲ့ ဥပဒေချင်းမ တူဘူး။
မြန်မာနိုင်ငံကဥပဒေနဲ့ဆို ဒီကိစ္စက လူကုန်ကူးမှုမမြောက်လို့
လူကုန်ကူးမှုနဲ့အရေး ယူထားတာမရှိပါဘူး'' ဟု ပြောသည်။
အလားတူ မလေးရှားနိုင်ငံတွင် ဗီဇာ အတုဖြင့် ထောင်ကျခံနေရသူများသည်
အေဂျင်စီပွဲစားများဖြင့် သွားရောက် ခြင်းဖြစ်ပြီး ဗီဇာအတုပေါ်ခြင်းသာဖြစ်ကြောင်း မြန်မာ နိုင်ငံလူကုန်ကူးမှု ဥပဒေအရအကျုံးဝင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးအဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက ဆို သည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးမှ (လဝက) ညွှန်ကြားရေးမှူး
ဦးရဲထွန်းဦးက''လဝကက ထုတ်ပေးတာ Passport ပါ ဗီဇာက သံရုံးက ထုတ်ပေးတာပါ။
ဗီဇာကလဝကနဲ့မဆိုင်ပါ ဘူး'' ဟု ပြောသည်။
မြန်မာဗီဇာသည်သာ လဝကနှင့်သက် ဆိုင်ပြီး မြန်မာဗီဇာ အတုပြုလုပ်ပါက လဝက မှ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြား သို့သွားမည် ဗီဇာများကိုမြန်မာနိုင်ငံတွင်
စစ်ဆေး၍အတုပေါ်ပါက မြန်မာနိုင်ငံဥပဒေ နှင့်အကျုံးဝင်ကြောင်း၊ သို့သော်
ပြည်ပနိုင်ငံ များတွင် စစ်ဆေး၍အတုပေါ်ပါက ပြည်ပ နိုင်ငံများမှ
ယင်းနိုင်ငံဥပဒေနှင့်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်ဝင် ရောက်စွက်ဖက်ပိုင်ခွင့်မရှိ
ကြောင်း၊ လေဆိပ်လဝကအနေဖြင့် နိုင်ငံကူး လက်မှတ်နှင့် ဗီဇာပါ မပါကိုသာ
စစ်ဆေးခြင်း ဖြစ်ကြောင်း မလေးရှားတွင် ဗီဇာအတုမိသည် ကိစ္စသည်လည်း
မလေးရှားသံရုံး၏ တံဆိပ် တုံးကိုအတုလုပ်ခြင်းဖြစ်ပြီး
မလေးရှားလဝက အနေဖြင့် ယင်းနိုင်ငံ တံဆိပ်တုံးနှင့် တူညီမှု မရှိသည့်အတွက်
စစ်ဆေးရာမှ အတုပေါ်ခြင်း ဖြစ်ကြောင်း အဆိုပါပြဿနာနှင့်ပတ်သက်၍ လဝကအနေဖြင့်
မြန်မာနိုင်ငံတွင်အရေးယူ ဆောင်ရွက်ထားခြင်းမရှိသေးကြောင်း သို့သော် မလေးရှားရှိ မြန်မာသံရုံးနှင့်အလုပ်သမား ဝန်ကြီးဌာနမှ ဆောင်ရွက်လျှက် ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လဝက ရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးထံမှ သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက''ဗီဇာအတုနဲ့
ထောင်ကျခံနေရတဲ့သူ ၅၂ ဦးက MoU လုပ်သားအဖြစ်သွားတဲ့ သူများမဟုတ်တဲ့ အတွက်
အလုပ်သမားဝန်ကြီးဌာနနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိပါဘူး''ဟု ဆိုသည်။
အဆိုပါ ထောင်ကျခံရသူ မြန်မာနိုင်ငံ သားများသည် နှစ်နိုင်ငံ သဘောတူညီမှုစနစ်
အရ (MoU) အလုပ်သမားအဖြစ်မသွားရောက် သော်လည်း လုပ်ငန်းခွင်၌သော်လည်းကောင်း၊ အလုပ်လုပ်ရင်း လုပ်ငန်းခွင်ပြင်ပ၌သော်လည်း ကောင်း အခက်အခဲဒုက္ခမျိုးစုံနှင့် ဖမ်းဆီး ခံရခြင်းစသည့် ပြဿနာမျိုးစုံဖြစ်ပွားခြင်း
သည်သာ အလုပ်သမားဝန်ကြီးဌာနနှင့် တိုက် ရိုက်သက်ဆိုင်ကြောင်း၊ ယခုထောင်ကျခံ
ရသူများသည် အလည်အပတ် ဗီဇာဖြင့် ခရီး သွားကုမ္ပဏီနှင့်သွားခြင်းကြောင့် အလုပ်သမား ဟု သတ်မှတ်၍မရရှိခြင်းကြောင့် သတင်း တောင်းခံကူညီပေးခြင်းများကိုသာ အလုပ် သမားဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက် ပေးလျှက် ရှိကြောင်းလည်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုး အောင်က ပြောဆိုထားသည်။
အလားတူပင် ယင်းပြဿနာနှင့် ပတ်သက်၍ မလေးရှား နိုင်ငံ၌ ဖမ်းဆီး
ထိန်းသိမ်းခြင်းခံရသော မြန်မာနိုင်ငံသား ၅၂ ဦးနှင့် ပတ်သက်၍
ဗီဇာအတုပြုလုပ်သူများနှင့် ထိုသို့ဗီဇာအတု ဖြင့် ပြည်ပသို့
မြန်မာနိုင်ငံသားများ အားစေ လွှတ်သည့် ခရီးသွားအေဂျင်စီတို့အား တိုင်
ကြားသူမရှိဟုဆိုကာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေများနှင့်အညီ
စစ်ဆေးအရေးယူမှုများ မပြုရုံမျှမက ၄င်းတို့ဌာနများနှင့်သက်ဆိုင် ခြင်းမရှိဟု ငြင်းဆိုချက်များအသီးသီးထုတ် ပြန်ခဲ့ကြသည့်အပြင် ခရီးသွားအေဂျင်စီ၏ လိမ်လည်မှုကြောင့် ပြည်ပတွင်မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ
ထောင်ဒဏ် များချမှတ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၂ ဦးအား
ပြစ်ဒဏ်မှလျှော့ ပေါ့စေရေးနှင့် လွတ်မြောက်စေရေးတို့အတွက် ကူညီမည့်သူ
မဲ့နေကြောင်း မလေးရှားနိုင်ငံမှအလုပ်သမား အရေးလှုပ်ရှားသူများမှ ဝေဖန်ပြောဆိုသည်။
မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့်ပို့ ဆောင်ခြင်းကြောင့် ထောင်ကျခြင်းခံရသည် မြန်မာ ၅၂ ဦးထဲမှမိသားစုဝင်တစ်ဦးက''တိုင်
တာတော့ ဟုတ်ပါပြီ။ ဘယ်မှာတိုင်ရမလဲမ သိဘူး။ အလုပ်သမားကျတော့လဲ အလုပ်
သမားကတ်နဲ့ သွားတာ မဟုတ်ဘူး သူတို့နဲ့မ ဆိုင်ဘူးတဲ့။ လဝကကျတော့လည်း
ဗီဇာမိတာ မို့သူတို့နဲ့ မဆိုင်ဘူးတဲ့။ အဲ့လိုမျိုး အဆင့်ဆင့် လွှဲနေတော့
ဘယ်မှာ သွားတိုင်ရမလဲ။ ၅၂ ဦး မိသားစုတွေက ချိတ်မိတာလည်းမရှိကြဘူး။
အများစုက နယ်ဘက်ကဆိုတော့ သိမယ်တောင် မထင်ဘူး။ တာဝန်ရှိသူတွေကလဲ အကြောင်း
မကြားပေးကြဘူး၊ ညှိနှိုင်းတာလဲမရှိဘူး'' ဟု ပြောသည်။
ယခုထောင်ဒဏ် တစ်နှစ်စီကျခံနေရသူများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊
မိမိ နိုင်ငံသားများကို သူများနိုင်ငံတွင် ဒုက္ခခံ နေရခြင်းကို
တိုင်ကြားမှသာ အရေးယူဆောင် ရွက်ခြင်းထက် မိသားစုများသို့ ဆက်သွယ်ကာ
ကူညီဆောင်ရွက်ပေးသင့်ကြောင်း ထောင်ကျ ခံရသူ မိသားစုများက ဆိုသည်။
ယင်းသို့သော အခြေအနေများက ဖောက် ဖျက်နေသူများရှိသော်လည်း တိုင်ကြားမှသာ စစ်ဆေးအရေးယူနိုင်မည်ဟုဆိုသည့်အတွက်
ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးအား တာဝန်ယူထားသည့်
အဖွဲ့အစည်း များဆောင်ရွက်နေသော မှုခင်းကြိုတင် ကာကွယ်တားဆီးရေး
လုပ်ငန်းများအပေါ် မေးခွန်း ထုတ်စရာဖြစ်လာကြောင်း တရားလွှတ်တော်
ရှေ့နေဦးသက်နိုင်က သုံးသပ်ပြောကြားသည်။
မလေးရှားဗီဇာအတုကြောင့် အဖမ်း ခံရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးမှာ နယ်/လုံဝန်ကြီးဖြေဆိုသွားတဲ့ပုံစံ
အရဆိုရင် ရာဇဝတ်မှုနဲ့ဆက်နွှယ်တဲ့ အမှု အခင်းတွေဖြစ်ရင်
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုတာဝန်ယူထားပါ တယ် ဆိုတဲ့
အဖွဲ့အစည်းတွေက သူတို့ဆီမှာ တိုင်ချက်လာဖွင့်မှစစ်ဆေးအရေးယူမယ်ဆို တဲ့ သဘောမျိုးသက်ရောက်နေတာကိုတွေ့ ရတယ်။
ဒါကြောင့် မတိုင်ရင်ရောဥပဒေကြောင်း အရအရေးမယူတော့ ဘူးလားဆိုတာမေး
ခွန်းထုတ်စရာဖြစ်လာတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အနေအထား
ကဘာလဲ၊ ဘယ်လဲနဲ့ပြည်သူတွေရဲ့ လုံခြုံရေး အတွက် တရားဥပဒေစိုးမိုးရေးတာဝန်
ယူထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ် လောက်အာမခံတာဝန်ယူနိုင်လဲ ဆိုတာက
ပြည်သူတွေအနေနဲ့ စဉ်းစားစရာအခြေ အနေဖြစ်လာတယ်။
ကျွန်တော်တို့နားလည် တာက မှုခင်းဖြစ်ရပ်တွေ လျော့နည်းကျဆင်း အောင်မှုခင်းကြိုတင်ကာကွယ်ရေးတွေ၊ လုပ်နေတယ်လို့ပြောပေမယ့် ဘာကြောင့် အခုလိုကိစ္စမျိုးကိုဆက်ပြီး စုံစမ်းစစ်ဆေး အရေးယူမှုတွေမပြုတာလဲဆိုတာတော့ သိချင်တယ်။ နောက်တစ်ချက်ကဒီလိုဗီဇာ အတုတွေကြောင့် နောက်ထပ်အလားတူ ပြဿနာမျိုးတွေဖြစ်မလာအောင်ဘယ်လို လုပ်သွားမလဲ။
မတိုင်လို့အရေးမယူဘူးဆိုရင်
ပြည်သူတွေပဲ အခုလိုမတရားနစ်နာမှုတွေကို ကြုံတွေ့ရမှာဖြစ်တဲ့အတွက်
ဥပဒေစိုးမိုးရေး တာဝန်ယူထားတဲ့ သူတွေအနေနဲ့ဘာဆက် လုပ်မှာလဲ ဆိုတာသိချင်တယ်။
မှုခင်းဖြစ်ရပ်များအား သက်ဆိုင်ရာသို့ တိုင်ကြားမှသာ အရေးယူမည်လား
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးနှင့်
ပြည်သူများ၏ လုံခြုံ ရေးအား အဓိကတာဝန်ယူထားသည့်မြန်မာ
နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏လုံခြုံရေး အပါအဝင်
ဥပဒေစိုးမိုးရေးနှင့်ပတ်သက်သည့် အခြားဝန်ဆောင်မှုများအား ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးလိုသော်လည်း ရဲတပ်ဖွဲ့ဝင်အင်အားနည်းပါးခြင်းကြောင့် မှုခင်းဖြစ်ရပ် များအား ကြိုတင်ကာကွယ်တားဆီးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် အားနည်းချက် များ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိ ရဲ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လူဦးရေခုနစ် သန်းကျော်ရှိသော ရန်ကုန်၌ ရဲတပ်ဖွဲ့ဝင်
အရေအတွက်မှာ ငါးထောင်ကျော်မျှသာရှိပြီး မြန်မာတစ်နိုင်ငံလုံး
အရေအတွက်အားဖြင့် ရဲတပ်ဖွဲ့ဝင်အရေအတွက် ခုနစ်သောင်းခွဲသာ ရှိကြောင်း၊
ထိုကြောင့် လူဦးရေ ၁၃ဝဝ ကျော် အား ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းဖြင့် ကာကွယ်စောင့်ရှောက်ပေးနေရကြောင်း၊
နိုင်ငံတကာစံ နှုန်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက နိုင်ငံတကာ ၌
ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် လူဦးရေ ၄ဝဝ ခန့် ကို ကာကွယ်စောင့်ရှောက်ရကြောင်း၊၊ ထို သို့သောအခြေအနေများကြောင့် မှုခင်းကြို တင်ကာကွယ်ရေးအပိုင်းတွင် အားနည်းချက် များရှိနိုင်ပြီး မှုခင်းဖြစ်ရပ်များဖြစ်ပေါ်ပါက ပြည်သူများ၏ သတင်းပေးတိုင်ကြားမှသာ သိရှိနိုင်သည်များလည်း ရှိနိုင်ကြောင်း ယင်း ကဆိုသည်။
''ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ များသောအား ဖြင့် ပြည်သူတွေက မှုခင်းဖြစ်ရပ်တွေကို
လာ တိုင်မှ တိုင်ချက်ဖွင့်ပြီး စစ်ဆေးအရေးယူရတာ မျိုးတွေရှိသလို
တချို့အမှုကြီးတွေကျတော့ရဲ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် အချိန်ယူစုံစမ်းပြီး
အရေးယူရတာမျိုးတွေလဲ ရှိတယ်။ အဲဒီလို အမှုမျိုးတွေကမူးယစ်ဆေးဝါးမှု၊ လူကုန် ကူးမှု၊ လက်နက်မှုနဲ့ ငွေတုအမှုတွေပေါ့။ သာမန်ပုဂ္ဂိုလ်ရေးဖြစ်တဲ့အမှုတွေကျတော့ လာတိုင်မှပဲ သိနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ ရဲအင်အားက ပြည်သူအရေအတွက်နဲ့နှိုင်းစာရင်
ပြည်သူတစ် ထောင်ကျော်ကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်နှုန်း ပဲရှိနေလို့။ အကယ်၍
ရဲတပ်ဖွဲ့ဝင်အင်အား ကို အခုထက်ပိုပြီး နှစ်ဆတိုးပေးနိုင်မယ်ဆို ရင်တော့
မှုခင်းကြိုတင်ကာကွယ်တားဆီးရေး နဲ့ မှုခင်းဖော်ထုတ်ရေး လုပ်ငန်းတွေအတွက် ပို အဆင်ပြေမယ်။ နောက်ပြီးရဲဆိုတာက သာမန် ပြည်သူ့ဝန်ထမ်းတစ်ယောက်ဖြစ်သလို
သာမန် လူတွေထက်ထူးပြီး နတ်မျက်စိမပါတဲ့အတွက် ဘယ်နေရာမှာ
ဘယ်လိုအမှုအခင်းဖြစ်မယ်ဆို တာလဲ ကြိုမသိနိုင်ဘူး။ ဒီတော့များသော အားဖြင့်
လာတိုင်မှပဲသိရတာများတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက သုံးသပ်ပြောကြား သည်။
ယင်းအပြင် ၄င်းက ''အမှုတစ်ခုကိုလာ တိုင်ပြီဆိုရင် ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ(၁၅၄) အရ ရဲအရေးပိုင်မှုလား၊ ရဲအရေးမပိုင်မှုလား ဆိုတာကို
အမှုစစ်ကအရင်ဆုံးစိစစ်ရပါတယ်။
ရဲအရေးပိုင်မှု၊ ရဲအရေးမပိုင်မှု ဆိုတာကလွယ် လွယ်ပြောရမယ်ဆိုရင်တော့
ဝရမ်းမပါဘဲ ဖမ်းဆီး စစ်ဆေးနိုင်တာက ရဲအရေးပိုင်မှု၊ ဝရမ်း ပါမှ
ဖမ်းဆီးအရေးယူ စစ်ဆေးနိုင်တာက ရဲ အရေးမပိုင်မှုလို့ ခွဲခြားလို့ရနိုင်တယ်။
ဒီ အပိုင်းနဲ့ပတ်သက်တာကျတော့ ပြည်သူတွေ အနေနဲ့က သိတာနည်းတယ်။ တစ်ခါတစ်ရံမှာ
ရဲအရေးမပိုင်မှုဖြစ်နေတာမျိုးကို လာတိုင်လို့ တရားရုံးကို ဦးတိုက်လျှောက်ပါလို့ပြောရင်
ရဲအပေါ်အမြင်စောင်းတာတွေလဲ ရှိတယ်။ တချို့ကျတော့လဲ တရားရုံးကို
ဦးတိုက်လျှောက် ပြီးတိုင်တာလဲရှိတယ်။ တချို့ရဲအရေးမပိုင် မှုတွေကျတော့
ရဲစခန်းကိုလာတိုင်တဲ့အခါမှာ ပုံစံ (က/ခ)
နဲ့တရားရုံးကို ဦးတိုက်လျှောက် ပေးတာမျိုးလဲရှိတယ်။ တရားရုံးကို ဦးတိုက်
လျှောက်တဲ့အခါကျတော့ တရားရုံးကနေ မှန်၊ မမှန်စစ်ဆေးဖို့အတွက်
ကျင့်ထုံးဥပဒေ ပုဒ်မ- ၂ဝ၂ အရရဲကိုပြန်စစ်ဆေးခိုင်းတာလဲရှိ တယ်။ အမှန်အတိုင်းပြောရရင်ရင်တော့ ရဲက တရားခံနဲ့တရားလိုကြားမှာ အမြဲကြားညပ် နေရတာပဲ'' ဟု ဆက်လက်ပြောကြားသည်။
သို့သော်ရန်ကုန်တိုင်းဒေသကြီးအတွင်း
ရှိမြို့နယ်တစ်ခုမှ စခန်းမှူးအဆင့်ရှိရဲအရာရှိ တစ်ဦးက ''တချို့ကိစ္စတွေမှာ
ပြည်သူတွေက သတင်းပေးတိုင်ကြားရင် ရဲအရေးမပိုင်တဲ့ကိစ္စ
မျိုးဖြစ်နေပေမယ့်လည်း အများပြည်သူကိုထိ ခိုက်နစ်နာလာစေနိုင်တယ်။
ဘေးအန္တရာယ် ဖြစ်စေလာနိုင်တယ်လို့ယူဆရင်
စုံစမ်းစစ်ဆေး ပြီး အရေးယူရတာတွေလဲရှိတယ်။ မလေးရှား မှာဗီဇာအတုကြောင့်
အဖမ်းခံရတဲ့ကိစ္စက အမှန်အတိုင်းပြောရရင် ရဲအရေးပိုင်မှုတစ်ခုဆို တာ
ထင်ရှားပေမယ့် အထက်အဖွဲ့အစည်းတွေ ကိုယ်တိုင်က မသိသလိုနေတော့ ကျွန်တော်တို့
အပိုင်းကလဲ ဘာမှမလုပ်ရဲတာမျိုးရှိတယ်။ကိုယ်ကသွားလုပ်ရင်လဲ
အထောင်းကခံရမယ် လေ။ များသောအားဖြင့်ကတော့ ပြုပြင်မယ် ဆိုရင်တော့
အကုန်လုံးပြုပြင်မှပဲရမယ်။ ရဲ တပ်ဖွဲ့ဝင်တွေကလဲ ပြုပြင်စရာတွေအများကြီး
ရှိနေသလို၊ ပြည်သူတွေအပိုင်းကပြင်ဆင်ရမယ့် အရာတွေအများကြီးရှိနေတယ်'' ဟု ၄င်း၏အမြင်အား ပြောသည်။
ထို့အပြင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်၊ ရပ်ကွက်နှင့်
ကျေး ရွာအလိုက် မှုခင်းကျဆင်းရေးဟောပြောပွဲ များ၊ မှုခင်းကြိုတင်
တားဆီးရေးစီမံချက်များ နှင့် ဒုစရိုက်နှိမ်နင်းရေးလုပ်ငန်းများအား
ဆောင်ရွက်လျက်ရှိသော်လည်း မှုခင်းကျဆင်း မှုအခြေအနေမှာ အားရစရာအနေအထားပင်
မရှိသေးရုံမျှမက မှုခင်းများမဖြစ်ပွားအောင် ကြိုတင်တားဆီးနိုင်မှုနည်းပါးခြင်းစသော အခြေအနေများက တွေ့ကြုံနေရဆဲဖြစ် သည်။
ထို့အပြင် တိုးတက်များပြားလာသောလူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အင်အားမမျှတခြင်းက
မှုခင်ကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ် ရေးလုပ်ငန်းများအား
ပြည်သူများထံသို့ မည် မျှပင် အသိပညာပေးသော်လည်း ထိရောက်
သင့်သလောက်မထိရောက်သည့် အဟန့်အတား တစ်ခုဖြစ်နေသည်။
''အခုက
ရပ်ကွက်တစ်ခုမှာ ရဲတပ်ဖွဲ့အင် အားမလုံလောက်တဲ့အတွက် နယ်ထိန်းတစ်
ယောက်ပဲထားနိုင်တယ်။ အမှန်ကတော့ တစ် လမ်းကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ထားနိုင်မယ်
ဆိုရင် ရဲရှိနေတဲ့အတွက် ပြည်သူကလဲ စိုးရိမ် ထိတ်လန့်မှုမရှိတော့သလို၊
ဒုစရိုက်သမားတွေ အတွက်လဲ နေစရာကျုံ့သွားနိုင်တယ်။ အခုက
အဲဒီလိုမရှိသေးတဲ့အခါမျိုးကျတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကြိုတင်သတင်းရ တာကလွဲလို့ တော်တော်များများက မှုခင်း ဖြစ်ပွားပြီးမှ မှုခင်းဖြစ်ပွားတဲ့နေရာကိုရောက် ရတာများတယ်''ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဆိုသည်။
အရောင်အသွေးနှင့်အကျင့်စရိုက်မျိုးစုံ လှသော ရန်ကုန်မြို့တွင် လူဦးရေတစ်ထောင် လျှင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းဖြင့်
မှုခင်းကျဆင်း ရေး၊ မှုခင်းဖော်ထုတ်ရေးများ လုပ်ဆောင်နေ ရသည့်အတွက်
အမှန်တကယ်မှုခင်းပြဿနာ တစ်ရပ်ရပ်ဖြစ်ပွားလာပါက ပြည်သူများ၏အကူအညီမပါဝင်ဘဲ
လွယ်လင့်တကူဖော် ထုတ်နိုင်ရန်မှာ မလွယ်ကူသောအနေအထား ပင်ဖြစ်သည်။
''မှုခင်းဖြစ်စဉ်တွေကိုကြည့်ရင်
အများ အားဖြင့် အရက်သေစာသောက်စားရာက မူးယစ်ပြီး ဒေါသမချုပ်တီးနိုင်တာတွေ
တွေ့နေ ရတယ်။ တချို့ကိစ္စတွေ ဆိုရင်ဘာအငြိုးမှရှိတာ လဲမဟုတ်ဘဲနဲ့သောက်
စားမူးယစ်တာကနေ အမှုအခင်းဖြစ်ကြတာ။ ရဲတပ်ဖွဲ့တွေအနေနဲ့ ကတော့
မှုခင်းကျဆင်းရေး အသိပညာပေးတွေ ကိုရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းလုပ်ပေးနေတာ
ပဲ။ ပြည်သူတွေအနေနဲ့လဲ ပါဝင်ကူညီပေးမှ မှုခင်းကျဆင်းရေး
ဆိုတာဖြစ်လာမှာ''ဟုဒုရဲမှူး ကြီးဝင်းကြည်က သုံးသပ်ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်း ကျဆင်းရေးအတွက် တိုင်းခရိုင်မြို့နယ်များမှ တာဝန်ရှိသူများကရပ်ကွက်မြို့နယ်တိုင်း တွင်လှည့်ကင်း၊ ဝပ်ကင်းနှင့်အခြားလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိပြီး ထိရောက်အောင်မြင်မှုများလည်း
ရရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရဲတပ်ဖွဲ့ကိုမသင်္ကာ
စရာဖြစ်ရပ်များနှင့် မှုခင်းဆိုင်ရာကိစ္စရပ်များ တွင်
ကူညီသတင်းပေးတိုင်ကြားမှသာမှုခင်းကျ ဆင်းရေး ထိထိရောက်ရောက်အောင်မြင်မည် ဖြစ်သည်ဟုယင်းက ဆက်လက်သုံးသပ်ပြော ကြားသည်။
ဒီဘက်ဒီမိုကရေစီခေတ်မှာမှုခင်းတွေ များလာတယ်ဆိုတာက ပြည်သူတွေက အရင် ကလိုမဟုတ်တော့ဘဲ၊ျ ပွင့်လင်းလာတာကြောင့် လည်းပါတယ်။ အရင်က မုဒိန်းမှုလိုဟာမျိုးဖြစ်ပြီဆိုရင် လူသိရှင်ကြားအရှက်ကွဲမှာကြောက်
တာနဲ့ ရဲကိုလည်းလာမတိုင်ဘူး။ ပတ်ဝန်းကျင် ကိုလည်း အသိမပေးတဲ့ဖြစ်စဉ်တွေ
အများကြီး။ ရဲကိုလာမတိုင်တဲ့အခါကျတော့ ရဲကလည်းပြစ် မှုကျူးလွန်သူကို
ဥပဒေအရအရေးယူလို့ မရ ဘူး။ အခုကျတော့ ပြည်သူတွေအနေနဲ့ အသိ
ဥာဏ်တွေပွင့်လင်းလာပြီး တိုင်ကြားလာကြ တယ်။
နောက်တစ်ချက်က အခုဖြစ်ပွားနေတဲ့ မှုခင်းအများစုမှာ ပါဝင်ကျူးလွန်သူအများစု က ယခင်ပြစ်မှုကျူးလွန်မှုကြောင့်
ထောင်ဒဏ် အပြစ်ပေးခံနေရာကနေ လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်နဲ့
ပြန်လွတ်မြောက်လာတဲ့ သူတွေ လည်းပါနေတာတွေ့ရတယ်။ သူတို့အနေနဲ့က
နေမထူသေမထူးတွေဆိုတော့ ဥပဒေချိုး ဖောက်ပြီး ပြစ်မှုကျူးလွန်ဖို့က
ဝန်မလေးသလို ဖြစ်သွားတော့ အမှုတွေပိုများလာရတာ။ နောက် ပြီး
အမှုတစ်ခုဖြစ်ပြီဆိုတာနဲ့ ကိုယ်နဲ့မဆိုင် သလိုမနေသင့်ဟု
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းအောင်က ပြောသည်။
''မှုခင်းကျဆင်းရေးဆိုတာ ရဲတပ်ဖွဲ့ဝင်တွေ ကချည်းပဲ လုပ်လို့မရဘူး။ ပြည်သူတွေကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးကို ထိထိရောက် ရောက်ဆောင်ရွက်လို့ရမှာ။ အခုလက်ရှိဖြစ် နေတာက ရဲတွေဆိုရင်ပြည်သူတွေကမကောင်း မြင်နေကြတာ။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း
မှာဆိုရင်လည်း တရားရုံးမှာ သက်သေအဖြစ် လိုက်ရမှာ၊ လူမုန်းခံရမှာကြောက်ပြီး
သက်သေ အဖြစ်မလိုက်ပေးချင်ကြဘူး။ ဒီတော့ အမှုမှန် ပေါ်ပေါက်ရေးအပိုင်းမှာ
အများကြီး အခက် အခဲ ရှိတယ်။ ဒါကြောင့် အခုအီးယူနဲ့ပူးပေါင်း ပြီး
ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်စီမံချက်ကို မြို့နယ်အလိုက် စတင်စမ်းသပ်အကောင်အ ထည်ဖော်နေတာ''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးဆို သည်။
အကယ်၍ ရဲတပ်ဖွဲ့ဝင်အင်အား လုံလုံ လောက်လောက်သာရှိမယ်ဆိုရင်တော့ မှုခင်း ကျဆင်းရေးကို အများကြီးအထောက်အကူ ပေးနိုင်မှာပါ။
နောက်တစ်ချက်က ရန်ကုန်မြို့ လိုလူဦးရေထူထပ်တဲ့နေရာမှာ အခြားနိုင်ငံ
တွေမှာလို e-police စနစ်ကို အကောင်အထည် မဖော်နိုင်သေးတာကလည်း
မှုခင်းဖော်ထုတ် ရေးအပိုင်းမှာ အားနည်းချက်တစ်ခုပဲ။ အကယ် ၍
ရန်ကုန်မြို့ရဲ့လမ်းတိုင်းလမ်းတိုင်းမှာ စီစီ တီဗွီကင်မရာတွေ တပ်ဆင်ထားနိုင်မယ်ဆိုရင် မှုခင်းကျဆင်းရေးနဲ့ မှုခင်းကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီရေးအပိုင်းမှာ
အများကြီး အထောက်အကူဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတာကတော့
မှုခင်းကြိုတင် ကာကွယ်ရေးအပိုင်းပဲ။ အဲဒီအပိုင်းမှာ တော် တော်လေး
အားနည်းနေတဲကအတွက်လည်း မှုခင်းဖြစ်ရပ်တွေက နေ့စဉ်ဆိုသလို ဖြစ်နေရ တာ။
ဒီလိုမှုခင်းဖြစ်ရပ်တွေ မဖြစ်ပွားဖို့အ တွက် ပြည်သူလူထုကို အသိပညာပေးတာတွေ၊
ပြည်သူလူထုအကြားမှာ ယုံကြည်မှုတွေအပြန် အလှန်တည်ဆောက်ဖို့လိုတယ်ဟု ယင်းက
ထပ်မံပြောသည်။
ထို့အပြင် မှုခင်းဖြစ်ပွားပါကမှုခင်းဖြစ်
ပွားရာအနီးတစ်ဝိုက်တွင် ဝိုင်းအုံကြည့်ရှုနေ သောသူများကို
တွေ့မြင်ရမည်ဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့မှ သက်သေအဖြစ်
အကူအညီတောင်းခံသော အခါ လိုက်ပါဆောင်ရွက်ပေးသူမရှိသလောက် နည်းပါးခြင်းကလည်း အမှုမှန်ပေးပေါက်ရေး အတွက် အတားအဆီး တစ်ရပ်ပင်ဖြစ်သည်ဟု ယင်းကဆိုသည်။
''အများစုကြုံတွေ့ရတဲ့ပြဿနာက ရဲတပ် ဖွဲ့ဝင်တွေအနေနဲ့ မှုခင်းဖြစ်ပွားတဲ့နေရာကို ချက်ချင်းရောက်နိုင်မှုက နည်းပါးတယ်။ အဲဒီ မှုခင်းဖြစ်ပွားတဲ့နေရ
Credit - Yangon Media Group
No comments:
Post a Comment