Tuesday, October 7, 2014

ပညာရှင်စကား

================================================
လူ့အဖွဲ့အစည်းကောင်းအောင်လုပ်တာ ပညာရေးပါ။ ပညာတတ်များလာတာနဲ့ လူ့အဖွဲ့အစည်းကောင်းဖြစ်မလာနိုင်ပါဘူး
=================================================

သင်ကြားရေးစနစ်တွင် ဆရာ၊ ဆရာမများအနေဖြင့် မသိသည့်သူကို သိ သည့်သူက သင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများတွင် ရှိသည့် အရည်အသွေးများကို ဖော်ထုတ်ပေးသည့် သင်ကြားမှုစနစ်မျိုး ဖြစ်သင့်သည်ဟု နိုင်ငံတော်သမ္မတအကြံပေး၊ စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်း သက်က ပြောကြားထားရာ . . .


လက်ရှိသင်ကြားနေတာက ဘယ်လိုလဲဆို တော့ ရေ မရှိတဲ့အိုးကို ရေရှိတဲ့အိုးက ဖြည့်ပေးသလို ဖြစ်နေတယ်။ အမှန် တကယ်က ကျောင်းသားတွေမှာရှိတဲ့မီးကို မွှေးပေး ရမှာပါ'' ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ဆရာ၊ ဆရာမများက သင်တာ၊ ပြောတာ ဟာ ပညာရေးမဟုတ်ဘဲ ကျောင်းသားများကို အခြေ ခံပြီး သင်ယူခြင်းသည်သာ ပညာရေးဖြစ်သည်ဟု သိရ သည်။

တက္ကသိုလ်၊ ကျောင်းများအနေဖြင့် စက္ခု အာရုံ၊ အကြားအာရုံအပြင် ဂီတနှင့်ပတ်သက်သည် များကိုလည်း သင်ကြားပေးရမည်ဖြစ်ပြီး သင် ကြားမှုတိုင်းတွင် ဆရာ၊ ဆရာမရော ကျောင်း သား၊ ကျောင်းသူများကပါ လှုပ်ရှားမှုဖြင့် သင်ကြားရမည်ဖြစ်သည်ဟု သိရသည်။

ပါမောက္ခ ဒေါက်တာအောင် ထွန်းသက်က ''အမှန်တွေကို သင် ကြားပေးဖို့လိုတယ်။ ကျောင်းသားတွေထံက သင်ယူ ရမယ်။ ကျောင်းသားတွေကို အာဏာပေးထားဖို့လို တယ်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ အ လုပ်အတွက် မစဉ်းစားဘဲသင်ယူသင့်တယ်''ဟု ပြော သည်။

လက်တွေ့ကျသည့် သင်ကြား မှုမျိုးဖြစ်ရမည်ဖြစ်ပြီး ကိုယ့်နိုင်ငံနှင့် ကိုက်ညီသည့် ပညာရေးမျိုးသာဖြစ် သင့်သည်ဟု ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကဆိုသည်။ ကိုယ့် ထံမှ အကောင်းဆုံးဆွဲထုတ်နိုင်ခြင်း သည်သာ ပညာရေးဖြစ်သည် ဟုသိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကောင်းသည့်အဖွဲ့အစည်းတစ်ခု ဖြစ်လာရန်လိုအပ် သည်။ အလုပ်ရှာသည့်လူငယ်ဖြစ်ရန်မလိုဘဲ အလုပ် ပေးနိုင်သည့်သူဖြစ်အောင် ကြိုးစားရန်သာ လိုအပ် သည်ဟု သိရသည်။

''စာတတ်ရုံနဲ့ ပညာတတ်မဟုတ်ပါဘူး။ စာမတတ်ဘဲ ပညာရှင်တွေလဲ ရှိတယ်။ လူ့အဖွဲ့အ စည်း ကောင်းအောင်လုပ်တာ ပညာရေးပါ။ ပညာ တတ်များလာတာနဲ့ လူ့အဖွဲ့အစည်းကောင်းဖြစ်မလာ နိုင်ပါဘူး''ဟု ဒေါက်တာအောင်ထွန်းသက်က သုံးသပ် ပြောကြားသည်။

ဆရာ၊ ဆရာမများနှင့် မိဘများအနေနှင့် လည်း ကျောင်းသားများထံမှ မေးခွန်းထုတ်လာမည် ကို ကြောက်မနေဘဲ မေးခွန်းများများထုတ်နိုင်အောင် သာ လမ်းကြောင်းပေးရမည်ဖြစ်သည်ဟုဆိုသည်။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ''လူငယ်တွေအနေနဲ့ လူကြီးပြောတိုင်း ဆရာ၊ ဆရာမ ပြောတိုင်း လက်မခံသင့်ပါဘူး။ မေးခွန်းထုတ်ဖို့၊ စပ်စု ဖို့က လူငယ်တွေရဲ့အလုပ်ဖြစ်တယ်'' ဟုပြောသည်။

- ပါမောက္ခဒေါက်တာအောင်ထွန်းသက
(နိုင်ငံတော်သမ္မတအကြံပေး၊ စီးပွားရေးပညာရှင် )

#TheFlowerNews

Credit - Yangon Media Group



 

No comments:

Post a Comment