Friday, February 13, 2015

လောက်ကိုင်ဒေသတိုက်ပွဲ ထိခိုက်ကျဆုံးများပြား၊ ပုဒ်မ ၁၄၄ ထုတ်ပြန်

army-post-305.jpg
ရှေ့တန်းစစ်စခန်းတစ်ခုမှာ တပ်မတော်သားများကို တွေ့ရစဉ်

သပိတ်မှောက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် တွေ့

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသား၊ ကျောင်သူများ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီးစံအိမ်တွင် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) က တွေ့ဆုံခဲ့သည်။

Student-Strike-Daw-Su
(ဓာတ်ပုံ - National League for Democracy)

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကတိပြုချက်တွေ

utheinsein-ethnic-leaders-305.jpg
သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စုနေ့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့က ခေါင်းဆောင်တွေ နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ တွေ့ဆုံဆွေးနွေးစဉ်

နိုင်ငံရေးသမားအောင်ဆန်း

 

ဒဂုန်တာရာ၏ အောင်ဆန်းစာအုပ်မှ
 

ပြည်ထောင်စုကို ညီအောင်ပြုကြမှသာ (ဆောင်းပါး)

Written by : မောင်ဆွေဝင်း (ပဲခူး)

 ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်  ၂၂ ဦးတို့သည် ပြည်ထောင်စုကို ညီအောင်ပြုကြသည့် စာချုပ်တစ်ရပ်ကို စိတ်တူသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနေ့ ကို “ပြည်ထောင်စုနေ့” ဟုသတ်မှတ်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၆၈ နှစ်မြောက် ရှိလာပြီဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာပြည်ကို ပြည်နယ် ပြည်မခွဲခြား၍ သွေးခွဲစနစ်ဖြင့် သွေးခွဲအုပ်ချုပ်လိုသေးသော နယ်ချဲ့ဗြိတိသျှတို့၏ နည်းပရိယာယ် ကျဆုံးသွားသောနေ့ဟုလည်း ဆိုနိုင်သည်။ 

အမှားကိုဝန်ခံသော ခေါင်းဆောင် (ဆောင်းပါး)

Written by : မောင်သိန်းညွန့် (ကော့ကရိတ်)

၁၉၃၅-၃၆ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (အိုးဝေမဂ္ဂဇင်းကော်မတီ) တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်း (၀ဲမှဒု) ၊ (ကပ်လျက်ပုဂ္ဂိုလ်မှာ) ကိုညိုမြ ဖြစ်သည် (ပုံညွှန်း- ဒဂုံတာရာ၏ ကိုအောင်ဆန်းစာအုပ်မှ)
  

ဗိုလ်ချုပ်ရာပြည့် ဂုဏ်ပြုသည့်အနေဖြင့် ပြည်မြို့တွင် စွမ်းရည်ပြသပွဲ ပြုလုပ်

ပြည် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် မော်ကင်း၊ ထံမသီမျိုး နွယ်စုခေါင်းဆောင် စွမ်းအားရှင်ဆရာကြီး ဦးငြိမ်းချမ်းအောင်က ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲအချိန်က စွမ်းရည်ပြသမှုများ ပြုလုပ်ခဲ့သည်။

General-Aung-San-100-Year-Birthday-Pyi
(ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)

Thursday, February 12, 2015

“ပင်လုံစိတ်ဓာတ်” မရှိပါက နာတာရှည် ပြည်တွင်းစစ် ချုပ်ငြိမ်းမည်မဟုတ်ဟု NLD ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ လွတ်လပ်ရေး၊ တန်းတူမျှတရေးနှင့် တရားမျှတရေးဟူသည့် “ပင်လုံစိတ်ဓာတ်” ကို အခြေမခံသမျှ နှစ်ပေါင်း ငါးဆယ်ကျော် သန္ဓေတည်လာသည့် “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” ကို ပပျောက်အောင် ကုစားနိုင်မည်မဟုတ်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာလိုက်သည်။

68th-Union-Day-LND-Patry-Celebrate-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပနေစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နတ်မောက်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို အခမ်းအနားသို့ သောင်းနှင့်ချီသည့် ပြည်သူများလာရောက်ဂုဏ်ပြု

 ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့၌ ကျင်းပလျှက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (ယနေ့)တွင် နိုင်ငံတစ်ဝန်းမှ သောင်းနှင့်ချီသည့် ရဟန်းရှင်လူပြည်သူများ လာရောက်ဂုဏ်ပြုခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ခုနှစ်ဖွဲ့က ရာပြည့်ပွဲစင်မြင့်တွင် ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။

ကယန်း၊ ကရင်၊ ပအို့ဝ်၊ လီဆူး၊ ကယား၊ ရှမ်းစသည့် တိုင်းရင်းသားမျိုးနွယ်စုများက ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း၊ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားသို့

ဗိုလ်ချုပ်ရာပြည့် ပွဲတော်သို့ ဆရာတော် အရှင်ဆန္ဒာဓိက ကြွရောက်ချီးမြှင့်

Credit - RFA Burmese

 

နတ်မောက်မြို့ ဗိုလ်ချုပ်မွေးနေ့ပွဲ လုံခြုံရေးနှင့် လျှပ်စစ်ပေးနိုင်မှု အားနည်းနေဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ပျော်ပွဲရွှင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ ပရိသတ် များ စည်ကားသိုက်မြိုက်စွာ အားပေးခဲ့ပြီး ပရိသတ်များအား ထိန်းသိမ်းနိုင်ရန် လုံခြုံရေးဝန်ထမ်း၊ လျှပ်စစ်မီးအားစသည်တို့ အားနည်းနေသည်ဟု နတ်မောက်မြို့ကျင်းပရေးဗဟို ကော်မတီဝင် ဦးထွန်းညွန့်က မဇ္ဈိမသို့ ပြောသည်။

“နတ်မောက်က နေ့ခင်းဘက်ဆိုနေ အရမ်းပူတယ်။ ညနေသုံးနာရီလောက်ဆို ပရိသတ်တွေ တော်တော်များများ ပွဲခင်းထဲရောက်နေကြပြီ။ မနက်မိုးလင်း အထိပါပဲ။ သူငယ်ချင်းတွေ

တိုက်ပွဲတွေအရေး ကိုးကန့် အမတ်တွေနဲ့ လွှတ်တော်အကြီး အကဲဆွေးနွေး

govt-army-305.jpg
အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

လက်ပံတောင်းမှာ တင်းမာမှု ဆက်လက်ဖြစ်ပွား၊ ရွာသား နှစ်ဦး ဒဏ်ရာရ

lpt-people-305.jpg
လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ၀မ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေနဲ့တူးဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန်ထမ်းတွေ က လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်းထောက်ကိုပါကြီး သတ်ဖြတ်ခံရမှု တရားရုံးတင်ရေး အခက်အခဲကြုံ

kopargyi-305.jpg
ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပုံပေါက်ရေး မန္တလေးမြို့မှာ ဆန္ဒပြကြစဉ်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော် ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် တရားရုံး တင်ခွင့်မရကြောင်း ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ပြော ပါတယ်။

ဆန္ဒပြကျောင်းသားများတောင်းဆိုချက် အစိုးရ သဘောတူသော်လည်း သပိတ်စစ်ကြောင်းများ မရပ်သေး

လာမည့် ငါးနှစ်အတွင်း ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး၏ ၂၀ရာခိုင်နှုန်းသုံးစွဲရန် အစိုးရ သဘောတူ

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ချက်ကို လေးပွင့်ဆိုင် အကြိတ်အနယ် ဆွေးနွေးပြီးနောက် အစိုးရက သဘောတူလိုက်ပြီ ဖြစ်သော်လည်း လတ်တလောတွင် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများကို ရပ်နား ဦးမည်မဟုတ်ပေ။

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်တို့ လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနေ

တပ်မတော်နှင့် မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA) ကိုးကန့်အဖွဲ့၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်ဖွဲ့ (TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့ပေါ်တွင်ပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်၌ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းအထိ ဖြစ်ပွားခဲ့သည်။

ယာယီသက်သေခံလက်မှတ် (White Card) များအား ပြန်လည်အပ်နှံရန် အစိုးရမှ ကြေညာချက်ထုတ်ပြန်

 ယာယီသက်သေခံလက်မှတ် (White Card) များအား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း အပါအ၀င် White card များ ပြန်လည်အပ်နှံရေး အစီအစဉ်ကို အစိုးရက ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေးအစီအစဉ် ထုတ်ပြန်ကြေညာခြင်း”

အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာ ပူးတွဲပေးခြင်းကို ဖျက်သိမ်းပေးရန်အဆို ဧရာဝတီတိုင်း လွှတ်တော်တွင်ရှုံးနိမ့်

မအူပင် (မဇ္ဈိမ)။ ။ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အုပ်​ချုပ်​​ရေးအာဏာနှင့်​ တရားစီရင်​အာဏာကို ပူးတွဲ တာဝန်​​ပေးထားခြင်းအား ဖျက်​သိမ်း ပြင်ဆင်​​​ပေး​စေကြောင်း အဆိုအား လပွတ္တာမြို့နယ်​ တိုင်း​ဒေသကြီး ကိုယ်​စားလှယ် ​ဦး​ဇော်​ဝင်းက ​ဖေ​ဖော်​ဝါရီလ ၁၀ ရက်​​က ဧရာဝတီတိုင်း လွှတ်​​တော်​ ပထမအကြိမ်​ ပုံမှန်​အစည်းအ​ဝေး ၁၂ ကြိမ်​​မြောက်​ အစည်းအဝေးတွင် တင်သွင်းရာ ရှုံးနိမ့်ခဲ့ရသည်။

ရပ်​ကွက်​နှင့်​​ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများကို​ ဒေသဆိုင်​ရာ အာဏာနှင်းအပ်​ထားသည့်အပြင်​ လယ်​ယာ​မြေစီမံခန့်ခွဲ​ရေး ဥက္ကဋ္ဌ အဖြစ်​​ မြေယာမှုခင်းများကို စီရင်​ဆုံးဖြတ်​ရသည့် တရားစီရင်​​ရေး အာဏာကို ထပ်​မံ​ပေးအပ်​ထားခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ

ကားပျက်၍ ခြေကျင်လျှောက်ခဲ့သော ဗိုလ်ချုပ်

နယ်လှည့်စည်းရုံးရေး ခရီးစဉ် တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ရစဉ်
ဗိုလ်ချုပ်အောင်ဆန်း၏  အပါးတော်မြဲဖြစ်ခဲ့သူ တက္ကသိုလ်နေ၀င်း ရေးသားခဲ့သော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

တက္ကသိုလ်သမဂ္ဂ၌ ဗိုလ်ချုပ်၏အစ်ကို ဦးအောင်သန်း ရေးသားသော အောင်သန်း၏ အောင်ဆန်းစာအုပ်မှ

 

၁၉၃၄ ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေးကို စတင်ဆောင်ရွက် ပါသည်။ ထိုနှစ်တက္ကသိုလ်ကျောင်းသားး သမဂ္ဂ (တကသ) အမှုဆောင်ရွေးကောက်ပွဲ တွင် ၀င်ရောက်၍ ယှဉ်ပြိုင်အရွေးခံရာ ကိုအောင်ဆန်းအရွေးမခံရပါ။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ တက်ရောက်မည် မဟုတ်

ရန်ကုန် (မဇ္ဈိမ) ။ ။ နေပြည်တော်တွင် အစိုးရက ဦးစီးပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အဖွဲ့သုံးဖွဲ့မှာ အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဌာန အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားရာ ကချင်

ကျောင်းသားများ တောင်းဆိုချက်အားလုံး မူအားဖြင့်သဘောတူ၊ ပညာရေး အသုံးစရိတ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ရ

ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက် အားလုံးကို မူအားဖြင့် သဘောတူလိုက်သည်။ ပညာရေးအသုံးစရိတ်ကိုမူ မိနစ်သုံးဆယ်ကျော် အခြေအတင်ဆွေးနွေးခဲ့ရသည်။ ဆန္ဒပြကျောင်သားများနှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆွေးနွေးလျှက်ရှိရာ ကျောင်းသားများ၏ လိုလားချက်ဖြစ်သော ၁၀ အချက်ပါ "ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ နှစ်ဆယ်ရာခိုင်နှုန်း သတ်မှတ်နိုင်ရန်" ဟူသည့်အချက်ကို ညှိနှိုင်းမရဘဲဖြစ်ခဲ့သည်။ ထိုအချက်ကို ညနေ ၃ နာရီခွဲမှ စတင်ဆွေးနွေးခဲ့ပြီ ၄ နာရီကျော်သည်အထိ ညှိနှိုင်းခဲ့ရသည်။

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကာ ရန်ကုန်သို့ ချီတက်လာနေသည့် သပိတ်စစ်ကြောင်းများအားလုံး ရပ်ဆိုင်းရန် ဖေဖေါ်ဝါရီလ ၁၁ ရက်ဆွေးနွေးမှုအပြီး ကျောင်းသားများက သဘောတူလိုက်သည်။

Wednesday, February 11, 2015

လေးပွင့်ဆိုင်တွေ့ဆုံပွဲ လိုချင်သည့်ရလာဒ် မရပါက ပင်မစစ်ကြောင်းမှလွဲ၍ ကျန်သပိတ်အားလုံးပေါင်းကာ တစ်ပတ်အတွင်း ရန်ကုန်ချီတက်မည်

မအူပင်၊ ပြည် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲ ရလာဒ်သည် ကျောင်းသားများ လိုလားသည့် အဖြေမရပါက ဧရာဝတီ၊ ပခုက္ကူ-မြေလတ်- မုံရွာ သပိတ်စစ်ကြောင်း၊ ထားဝယ်-မော်လမြိုင် စစ်ကြောင်းတို့က ဒီမိုကရေစီ ပညာရေး စစ်ကြောင်းအဖြစ် ပူးပေါင်းကာ ရက်သတ္တပတ်အတွင်း ရန်ကုန်သို့ ချီတက်သွားမည်ဟု ဖေဖော်ဝါရီ ၁၀ရက်တွင် ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

Mandalay-Student-Strike-and-Pyi-Technological-Universtty-01
မန္တလေးမှ ထွက်ခွာလာသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်တက္ကသိုလ်ရှေ့တွင် ဟောပြောစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နိုင်ငံသားမဟုတ်သူ မဲပေးခွင့် လူထုဆန္ဒအတိုင်းကြိုးပမ်းဖို့ ရခိုင်ဝန်ကြီးချုပ် ကတိပြု

maungmaungohn-meet-rakhine-305
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တွေ့ ဆုံစဉ်




ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်တဲ့ အပေါ် ရခိုင်ပြည်နယ်မှာ ကန့်ကွက်နေကြတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့

လက်ပံတောင်းစီမံကိန်း ရပ်တန့်ပေးဖို့ AI အဖွဲ့တောင်းဆို

မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပုံ

တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံက လက်ပံတောင်း ကြေးနီစီမံကိန်းကို ချက်ချင်းရပ်တန့်ပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး AI က တောင်း

အမျိုးသားပညာရေးဥပဒေကို မြစ်ကြီးနားမှာ ကျောင်းသားတွေ ဆန္ဒပြ

Credit - RFA Burmese

 

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ဟု TNLA ထုတ်ပြန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့မြောက်ဘက် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ညနေ ၄ နာရီ ၁၇ မိနစ်ခန့်တွင် အစိုးရတပ်က ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်နေဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်လိုက်သည်။

လယ်ယာမြေ သုံးဧကပေါ်တွင် အမြောက်စခန်းဆောက်ရန် ခြံစည်းရိုးခတ်ရာမှ ဒေသခံများနှင့် အချင်းများ

နေပြည်တော် (မဇ္ဈိမ)။ ။ နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဝဲကြီးကျေးရွာမှ လယ်ယာမြေ သုံးဧကကျော်အပေါ်၌ တပ်မတော်က အမြောက်စခန်း ဆောက်လုပ်ရန်ဟုဆိုကာ မြေပိုင်ရှင်တောင်သူများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဖေဖော်ဝါရီ ၉ ရက်က နှုတ်မိန့်ဖြင့် ခြံစည်းရိုးလာရောက် ကာရံခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Land
ဖေဖော်ဝါရီ ၉ ရက်က ဝဲကြီးကျေးရွာမှ လယ်မြေပေါ်တွင် စစ်တပ်မှ ခြံစည်းရိုးခတ်သဖြင့် ဒေသခံတောင်သူများနှင့် အချင်းပွားမှု ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)

ရခိုင်ပါတီက ဦးဆောင်ကာ ဝှိုက်ကတ် ဆန့်ကျင်ရေး တစ်ပြည်နယ်လုံး တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင် အမျိုးသားပါတီ ANP က ဦးဆောင်ကာ ရခိုင်ပြည်နယ်ရှိ ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကတ်) ဆန့်ကျင်သည့် နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်းဆန့်ကျင်သွားမည်ဟု ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် ဝှိုက်ကတ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို ရခိုင်တစ်ပြည်နယ်လုံးတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်ခြင်းကို ပြုလုပ်သွားမည် ဖြစ်သည်။

ကျောင်းသားသပိတ် ပြည် တက္ကသိုလ်ရှေ့တွင် ဟောပြော

မန္တလေးမှ ထွက်ခွာလာသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်တက္ကသိုလ်ရှေ့တွင် ဟောပြောစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ကျောင်းသား သပိတ်စစ်ကြောင်းသည် ပြည် တက္ကသိုလ်ရှေ့တွင် ဟောပြောအပြီး မြို့တွင်း လှည့်လည် ဟောပြောခဲ့သည်။ ညပိုင်းတွင် တိုင်းအစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံရန်ရှိသည်။

Credit - Mizzima - News in Burmese

လောက်ကိုင်တွင် အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့များ တိုက်ပွဲပြင်းထန်နေ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့မြောက်ဘက် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်ဟု ကိုးကန့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်မြတ်လင်းက မဇပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၇ နာရီမှစတင်၍ ကုန်းကြမ်းမြို့နယ် ဖုန်းရွှေရှန်းဒေသနှင့် ဂျိုထိုရှန်းဒေသ နှစ်နေရာတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊

Tuesday, February 10, 2015

ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဗုဒ္ဓဟူးနေ့ ပြန်စမည်

လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ပြန်လည်စတင်ဖို့ ကျောင်းသားကိုယ်စားလှယ် ၃ ဦး၊ NNER ကိုယ်စားလှယ်၂ ဦးနဲ့ ပညာရေး ဒုတိယ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနဲ့ ပညာရေးလူမှုရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေးကြစဉ်

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲ လွှတ်တော်မှာ ကျင်းပမည်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

လက်ရှိဆန္ဒပြပွဲများအပေါ် ၁၀ ပါတီ သဘောထား ထုတ်ပြန်

ကျောင်းသားသပိတ်နဲ့ ဝှိုက်ကဒ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပေးတဲ့အပေါ် နိုင်ငံရေးပါတီ ၁၀ ပါတီ က ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းစဉ်

ဒေါက်တာ သိန်းလွင်ကို အင်န်အယ်ဒီ ဗဟိုပညာရေးကော်မတီမှ ထုတ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပညာရေးကော်မတီမှ ဒေါက်တာသိန်းလွင်ကို ထုတ်ပယ်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီးမည့် အဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဟု ပါတီဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ဖေဖော်ဝါရီ ၉ရက်တွင် မဇ္ဈိမကိုပြောသည်။

Dr-thein-lwin
ဖေဖော်ဝါရီ ၇ရက်က NNER၏ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဒေါက်တာသိန်းလွင်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

သပိတ်မှောက်ကျောင်းသားစစ်ကြောင်းအား ကျောင်းသားကလေးငယ်များက မိဘများ၏သဘောတူလိုလားချက်ဖြင့် ကသစ်ကန်ရွာထိပ်အထိ လိုက်ပါပို့ဆောင်ခဲ့ခြင်းသာဖြစ်

ပင်မသပိတ်စစ်ကြောင်းကို ကသစ်ကန်ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးငယ်များ ရွာထိပ်အထိလိုက်ပါပို့ဆောင်စဉ်

ဝှိုက်ကတ်နှင့် နိုင်ငံရေးအကျပ်မရိုက်ဖို့ (ဆောင်းပါး)

ဆောင်းပါးရှင် - ဒေါက်တာ ရန်မျိုးသိမ်း

၂၀၁၀ ရွေးကောက်ပွဲတွင် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူ ဘင်္ဂါလီများ မဲပေးနေစဉ် (ဓာတ်ပုံ - သားရွှေဦး(ကစ္ဆပ))

Monday, February 9, 2015

၂၂ နှစ်ဆိုတာ . . . (ဆောင်းပါး)

Written by :သန်းထွဋ်အောင်

လုံထိန်းရဲများလက်ချက်ဖြင့် မတ်လအရေးအခင်းက ကျဆုံးခဲ့သူများအား ဂုဏ်ပြုသည့်အနေဖြင့် တံတားနီဟု အမည်ပေးပြီး လွမ်းသူ့ပန်းခွေချကြစဉ်။ (ဓာတ်ပုံ - ၁၇-၉-၁၉၈၈ နေ့ထုတ် မီးပွားနေ့စဉ်)

စိတ်ရင်းကောင်း ဗိုလ်ချုပ်အောင်ဆန်း (ဆောင်းပါး)

(ဆောင်းပါးရှင် - မြေနီသစ္စာ)

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို ဖေဖော်ဝါရီ ၆ ရက် ရာပြည့်ပွဲ ဖွင့်ပွဲမတိုင်မီညက တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

ဆန္ဒပြကျောင်းသားများအား ရန်ကုန် တက္ကသိုလ်တွင်း ၀င်ခွင့်ပြုမည်မဟုတ်ဟု ပါမောက္ခချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့သို့ ချီတက်လာသည့် သပိတ်စစ်ကြောင်းများမှ ဆန္ဒပြကျောင်းသားများအား တက္ကသိုလ်ဝင်းအတွင်းသို့  ဝင်ခွင့်ပြုမည်မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ဖေဖော်ဝါရီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

Yangon-University-1
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကျောင်းသား သပိတ်များကို ထောက်ခံသည့် ဆန္ဒပြပွဲ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်

ရန်ကုန် (မဇ္ဈိမ)။ ။ အနယ်နယ်အရပ်ရပ်မှ ချီတက်လာသည့် ကျောင်းသား သပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲကို  ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားများ စုစုပေါင်းအင်အား ၁၀၀၀ ၀န်းကျင်ခန့် ပါဝင်သည်။

Student-Strike-Yangon-07
အနယ်နယ်အရပ်ရပ်မှ ကျောင်းသားသပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှ ဆူးလေ မြို့တော်ခန်းမသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)

သပိတ်စစ်ကြောင်းကို ကြိုဆိုရေး စီစဉ်သည့် ကျောင်းသား တစ်ဦး ပြည် တက္ကသိုလ်ရှေ့ အဖမ်းခံရ

ပြည် (မဇ္ဈိမ)။ ။ မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်နေသည့် ကျောင်းသား သပိတ်စစ်ကြောင်းကို ကြိုဆိုရန် ပြည် တက္ကသိုလ်
ရှေ့တွင် ကြိုဆိုရေး သပိတ်စခန်းဖွင့်ရန် စီစဉ်သည့် ကျောင်းသား တစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Student-Strike-pyi
ပြည် တက္ကသိုလ်ရှေ့တွင် ကျောင်းသားတစ်ဦးအား ဖမ်းဆီးသွားစဉ်။ (ဓာတ်ပုံ- ရေခဲ (ပြည်)၊ မဇ္ဈိမ)

ရခိုင်တွင် ၀ှိုက်ကတ်ဆန္ဒထုတ်ဖော်မှုများ အရှိန်ယူနေစဉ် ရေနံလုပ်ကွက်နှစ်ကွက် လက်မှတ်ထိုး

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် အရှိန်ယူနေချိန်တွင် ရခိုင်နှင့် တနင်္သာရီ ကမ်းလွန်ရေနံလုပ်ကွက် သုံးခုကို ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Whitecard
ယာယီသက်သေခံလက်မှတ်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကို အစိုးရကခွင့်ပြုလိုက်ရာ လက်မခံနိုင်ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နေအိမ်အချို့တွင် စာရေးသားကပ်ထားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

၉၀ ပြည့်နှစ် အမှားအတွက် ၂၀၁၅ ခုနှစ်မှာ ဘာဖြစ်သွားလဲ (သို့မဟုတ်) ၂၀၁၅ မှာ ထပ်မှားခဲ့ရင်

Written by - နေထွန်းနိုင်

သမ္မတဦးသိန်းစိန်၊ ဒေါက်တာမောင်မောင်နှင့် ရှစ်လေးလုံးအရေးအခင်းကာလ၊ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က သတင်းစာများထက်မှ ပုံရိပ်များ

လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုအကြောင်းအရာတွေ မတင်သင့်ဘူးလဲ

လူမှုကွန်ရက်ပေါ်ကို ရေးတင်နေတဲ့ အကြောင်းအရာအတွက် ဘယ်တော့မှ နှစ်ခါ မတွေးမိဘူးထင်ပါတယ်။ တစ်ချို့ အကြောင်းအရာ
တွေက ပြဿနာမရှိပေမယ့် တစ်ချို့ အကြောင်းအရာတွေက အန္တရယ်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် လူမှုကွန်ရက်ကို လွန်လွန်ကဲကဲ အသုံးပြုနေတာတွေ ရှိနေပါတယ်။ ငယ်ရွယ်သူတွေက လူမှုကွန်ရက်ကို အသုံးပြုတဲ့အခါ ဆင်ခြင်သင့်တဲ့ အချက်တွေထဲက ၁၀ ချက်ကို The DISHH ၀က်ဘ်ဆိုက်က ရေးသားဖော်ပြချက်ကို ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
Facebook