Friday, October 10, 2014

မြန်မာရဟတ်ယာဉ်မောင်း အလောင်းတွေ့၊ ဖြစ်စဉ် အသေးစိတ်ကို ထူးဖောင်ဒေးရှင်း ထုတ်ပြန်မှုမရှိသေး

B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ပျောက်ဆုံး မြန်မာလေယာဉ်မှူးကို အောက်တို ဘာ ၉ ရက် ညနေတွင် ၎င်း ကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံး လျက်တွေ့ရှိရကြောင်း ထူးဖောင် ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကို ဖြိုးကိုကိုက အတည်ပြုပြောကြားသည်။
သေဆုံးလျက်တွေ့ရှိသော မြန်မာလေယာဉ်မှူး ဦးအောင် မြတ်တိုးသည် မျက်စိဒဏ်ရာ ကြောင့် ဂူတစ်ဂူထဲတွင် ထားရှိခဲ့ သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ် ပြန်ထားသည်။ မြန်မာလေယာဉ် မှူးကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေ မှုများပြုလုပ်ရာ အောက်တိုဘာ ၉ ရက်တွင် သေဆုံးလျက်တွေ့ရှိ ခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။

၁၀ ရက်အကြာ အဆက်အ သွယ်ပြတ်တောက်သွားသော B4 ရဟတ်ယာဉ်ပေါ်တွင် ပါဝင်သူထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၈ ရက်တွင် ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့သည်။
ယခုတွေ့ရှိသော မြန်မာရ ဟတ်ယာဉ်မှူးကို အောက်တိုဘာ၉ ရက်တွင် ထပ်မံတွေ့ရှိ၍ B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူ သုံးဦးသည် သုံးရက်ဆက်တိုက် တစ်ရက်စီ တွေ့ရှိနေခြင်း ဖြစ်သည်။ ထိုသို့တွေ့ရှိမှုအပေါ် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
‘‘ရဟတ်ယာဉ် ပျက်ကျတုန်း က သူတို့သုံးဦး အတူတူ လမ်း လျှောက်လာကြတယ်လို့ သိရပါ တယ်။ ဦးအောင်မြတ်တိုးက မျက် စိဒဏ်ရာ ရထားတယ်လို့ သိရ တယ်။ သူကတော့ ဒဏ်ရာအများ ဆုံးပေါ့။ လမ်းတွေ တစ်ရက်ပြီး တစ်ရက် လျှောက်ခဲ့တယ်လို့ သိရ တယ်။ အဲဒီထဲမှာ ဒေသခံလည်း ဖြစ်တဲ့ ဦးရွှေရင်တော်ကြီးက ဒဏ် ရာလည်း သိပ်မရဘူး။ အဲဒီတော့ သူက ရွာတွေနားနီးလာတဲ့အခါ သုံးယောက်လုံး အသက်ရှိသေး တယ်ဆိုတာ ပြောဖို့ အရင်ထွက် လာတယ်လို့ပဲ သိရပါတယ်’’ ဟု ထူးဖောင်ဒေးရှင်း ပြန်ကြားရေး တာဝန်ခံ ကိုဘိုလင်းက ပြောကြားသည်။
ဦးရွှေရင်တော်ကြီး စတင် ထွက်လာသည့် နေ့ရက်နှင့် ထိုင်း လေယာဉ်မှူးက ဦးအောင်မြတ် တိုးကို ထားခဲ့ပြီး မည်သို့ထွက်လာ သည် ဆိုသည့်အကြောင်းကို ထူးဖောင်ဒေးရှင်းအား မေးမြန်းရာ ပြောနိုင်ရန် အချက်အလက်မသိရသေးကြောင်း ၎င်းက ပြောကြားသည်။
ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ် ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ် တောက်သွားခဲ့ခြင်း ဖြစ်သည်။
 
Credit - 7DAY DAILY

ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း

No comments:

Post a Comment