ပုဂ္ဂလိက သတင်းစာများသည် သက်တမ်းနှစ်နှစ်တွင်း ဝင်လာသည်အထိ ရုန်းကန်နေရဆဲဖြစ်သည်။ မူလက သတင်းစာများ ထွက်ပြီး ခြောက်လ၊ တစ်နှစ်ကြာလျှင် အရည်အချင်း စစ်ဆေးပြီး ဖြစ်သွားမည်၊ ကျန်သတင်းစာများ အောင်ပွဲခံ ရှင်သန်နိုင်ကြလိမ့်မည်ဟု သတင်းစာပညာနှင့် သတင်းစာဈေးကွက်ကို နားလည်သူများက ခန့်မှန်းခဲ့ကြဖူးသည်။ သူတို့ မှားလေပြီ။
၂၀၁၃ ဧပြီ ၁ တွင် စတင် ထုတ်ဝေခဲ့သော ပုဂ္ဂလိကသတင်းစာများမှာ အစိုးရ၏ အထောက်အပံ့ အကူအညီကို လုံးဝ မရခဲ့ကြပါ။ အစိုးရသတင်းစာများကသာ ပြည်သူ့ဘဏ္ဍာငွေများဖြင့်
Saturday, January 17, 2015
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
ကချင်ပြည်နယ်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီးမှာ
အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်တွေအကြား ဒီနေ့
ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အောင်ဘာလေရွာထိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး ဒေသခံရွာသားတွေက ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ အောင်ဘာလေရွာသူတစ်ဦးက အခုလိုပြောပါတယ်။
အောင်ဘာလေရွာထိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး ဒေသခံရွာသားတွေက ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ အောင်ဘာလေရွာသူတစ်ဦးက အခုလိုပြောပါတယ်။
ကုလ ကိုယ်စားလှယ်ကို ဦးဝီရသူ ဦးဆောင်ကာ ရန်ကုန်တွင် ဆန္ဒပြ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ
လူ့အခွင့်အရေး ကိုယ်စားလှယ်ကို သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့်
အင်အား တစ်ထောင်ခန့်က ဇန်နဝါရီ ၁၆ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကာ
ဦးဆောင်သံဃာတော် တစ်ပါးက ရင့်သီးသည့် အသုံးအနှုန်းများ သုံးနှုန်းလျက်
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်။

ဘင်္ဂလီများကို
နိုင်ငံသား အခွင့်အရေးပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ဆရာတော် ဦးဝီရသူ
ဦးဆောင်၍ သံဃာနှင့် လူထု ၂၀၀၀ကျော်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား
အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားရှေ့မှ ရန်ကင်းမြို့နယ်ရှိ လူထုဟစ်တိုင်အထိ
ကန့်ကွက်ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ကချင်ပြည်နယ်တွင် ဗုံးပေါက်ကွဲမှု လက်သည်မပေါ်သေး
ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ
၁၅ ရက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွက် တရားခံကို လက်တလောတွင်
ရှာဖွေရန် မလွယ်ကူသေးဟု ကချင်ပြည်နယ် ဖားကန့်မြို့နယ်
အုပ်ချုပ်ရေးမှုးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဝေဠုက ဖမ်းဆီးခဲ့သည့် ဒုရဲမှူးကို အရေးယူပေးရန် တရားရုံးတွင် လျှောက်ထားပြီး
ရန်ကုန် (မဇ္ဈိမ)။ ။ မိကျောင်းကန် သပိတ်စခန်းမှ
ဆန္ဒဖော်ထုတ်သူများကို အားပေးအား မြောက်ပြုလုပ်သည်ဟု ဆိုကာ
ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက
ဖမ်းဆီးခေါ်ဆောင်သူ ဒုရဲမှူုး ဦးတင်လှကို အရေးယူပေးရန် ကျောက်တံတားမြို့နယ်
တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက်က စာတင်ခဲ့သည်ဟု အကျိုးတော်ဆောင်
တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်များကို စောင့်ကြည့်ကြ (ဆောင်းပါး)
(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)
![]() |
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-သန့်ဇော်ထွန်း) |
ဗိုလ်ချုပ် သို့မဟုတ် မြင့်မြတ်သော မဟာနှလုံးသား ပိုင်ရှင် (ဆောင်းပါး)
(ဆောင်းပါးရှင် - ဖေဒီ)
![]() |
ရန်ကုန်မြို့ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) |
Thursday, January 15, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဧပြီလတွင် ကျင်းပရန်စီစဉ်ထားကြောင်း သူရဦးရွှေမန်းပြော
Dမင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ယခုနှစ်ဧပြီလအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားခဲ့ကြောင်း သိရသည်။
''ပြည်ထောင်စုလွှတ်တော် နာ ယက သူရဦးရွှေမန်းက ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြော င်းပြော
သွားတာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ယခုနှစ်ဧပြီလအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားခဲ့ကြောင်း သိရသည်။
''ပြည်ထောင်စုလွှတ်တော် နာ ယက သူရဦးရွှေမန်းက ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြော
တိုက်ပွဲကြောင့် ကချင်ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေ
ကချင်ပြည်နယ်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီးမှာ တပ်မ ၆၆
လက်အောက်ခံ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ အကြား ဒီနေ့မနက်ကစပြီး
လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်တို့ကို မနေ့က ဖမ်းဆီးစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်တို့ကို မနေ့က ဖမ်းဆီးစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေ ကျပ် ၂၅၀၀ ဘီလီယံကျော်ပြီး ဂျီဒီပီ၏ လေးရာခိုင်နှုန်းခန့်ရှိ
ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အစိုးရ၏ ပြုပြင်ပြီး
ခန့်မှန်းခြေစာရင်းအရ ဘတ်ဂျက်လိုငွေ ကျပ် ၂၅၅၁ ဒသမ ၈၁၁ ဘီလီယံ ကျော်ရှိပြီး
ဂျီဒီပီ၏ ၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိသည်ဟု သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၄
ရက် တွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၅) ကြိမ်မြောက် အစည်းအဝေး၌
ပြောသည်။

(ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)
ဖားကန့်မြို့တွင် ဗုံးနှစ်လုံးပေါက်
ရန်ကုန်(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ လုံးခင်းရဲစခန်းနှင့် မရှိဂထောင်တံတားတွင် ဇန်နဝါရီ ၁၅ရက် ညနေ ၆နာရီခွဲတွင် တစ်ကြိမ်၊ ၇နာရီ ခွဲတွင် တစ်ကြိမ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
သတင်းအသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
သတင်းအသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
ဆွေသဟာလား ငွေအသပြာလား ( ဆောင်းပါး )
ဆောင်းပါးရှင် --- သစ်ထွဋ်
![]() |
ဇန်န၀ါရီ ၉ ရက် ပြုလုပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းစာရှင်းလင်းပွဲ |
အကြိမ်ကြိမ် အထင်မြင်လွဲမှားခံရတဲ့ သီတဂူ ဆရာတော်ဘုရားကြီး
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ သီတဂူဆရာတော် ကြီးအနေနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ်သာ တာဝန်ထမ်းဆောင် နေပြီး အခြားဘယ်ဘာသာရေး အသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေမှာမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း မရှိဘူးဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဆရာတော်ကြီးက ဘာလို့ ခုလို ထုတ်ပြန်ရတာလဲ၊ ဒါဟာ အထင်အမြင်လွဲ ခံရမှုတွေနဲ့ ဆက်စပ်နေမလား၊ အရင်တုန်းကရော ဆရာတော်ကြီးအနေနဲ့ ဘာတွေ အထင်မြင် လွဲခံခဲ့ရဖူးသလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အဆိုတော် လေးဖြူက NLD ပညာရေးရန်ပုံငွေပွဲမှာ သီဆိုဖြစ်တဲ့ အကြောင်း မသီဆိုခင် အရင်ရှင်းပြ
![]() | |
NLD ပါတီရဲ့ ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲမှာ သီဆိုနေတဲ့ အဆိုတော် လေးဖြူ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ) |
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ” တေးစီးရီး ဗိုလ်ချုပ်မွေးနေ့အမီ ထွက်မည်
![]() |
HOME မီဒီယာတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးစီးရီးအတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
သာသနာညှိုးနွမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဦးထင်လင်းဦး သံဃာတော်တွေကို တောင်းပန်
မန္တလေး၊ ဇန်နဝါရီ ၁၅
သာသနာညှိုးနွမ်းမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးဟာ ဇန်နဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ် သံဃာတော်တွေကို တောင်းပန်ခဲ့တယ်လို့ ကာယကံရှင် ဦးထင်လင်းဦးက ပြောပါတယ်။ သူ့အနေနဲ့ မှားယွင်းခဲ့လို့ တောင်းပန်တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
သာသနာညှိုးနွမ်းမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးဟာ ဇန်နဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ် သံဃာတော်တွေကို တောင်းပန်ခဲ့တယ်လို့ ကာယကံရှင် ဦးထင်လင်းဦးက ပြောပါတယ်။ သူ့အနေနဲ့ မှားယွင်းခဲ့လို့ တောင်းပန်တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်မည့် အစည်းအဝေးကို ၂၀ ရက် ဝန်းကျင်လုပ်မည်
ချင်းမိုင် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးမည်၊ မထိုးမည်ကို ဆုံးဖြတ်မည့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)၏ အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၁၀ရက်မှ ၁၅ ရက်အထိ ပြုလုပ်ရန် ထိုင်းအစိုးရက ခွင့်ပြုထားသော်လည်း ထိုရက်တွင် လုပ်နိုမည်မဟုတ်သေးဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
“ဒီအစည်းအဝေးကတော့ ပန်းတိုင်နီးလေ အရေးကြီးလေပဲပေါ့။ လိုအပ်တဲ့ခေါင်းဆောင်တွေ မစုံသေးတော့ စောင့်နေတာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ဒီအစည်းအဝေးကတော့ ပန်းတိုင်နီးလေ အရေးကြီးလေပဲပေါ့။ လိုအပ်တဲ့ခေါင်းဆောင်တွေ မစုံသေးတော့ စောင့်နေတာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ကေအိုင်အေနှင့် အစိုးရတပ်မတော် တိုက်ပွဲတစ်နေကုန်ပြင်းထန်နေ၍ လူ၁၀၀၀ခန့် ပိတ်မိနေ
ချင်းမိုင်၊ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်
ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂
လက်အောက်ခံ တပ်ရင်း ၆ ဒေသတွင် အစိုးရ စစ်တပ်နှင့် ဇန်နဝါရီ ၁၅ ရက်က တနေကုန်
တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ကျောင်းသားများ အပါအဝင် လူ ၁၀၀၀ ခန့်
ပိတ်မိနေသည်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက မဇ္ဈိမကို ပြောသည်။

ပုံစာ- ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးများအား ၂၀၁၂ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ပုံစာ- ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးများအား ၂၀၁၂ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
Wednesday, January 14, 2015
ကချင်ပြည်နယ် အစိုးရ၀န်ကြီးကို ကေအိုင်အေ ဖမ်းဆီး
ကချင်ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရ၀န်ထမ်းတွေကို
ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက ဖားကန့်မြို့နယ်
ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ဒီနေ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၀န်ကြီး ဦးကမန်းဒူနော်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ၀န်ကြီး ဦးကမန်းဒူနော်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးယောက်ကို ဖမ်းဆီးထားလိုက်တယ်လို့ ပြောပါတယ်။
မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ၀န်ကြီး ဦးကမန်းဒူနော်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးယောက်ကိ
မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ စတင်
ဒုတိယအကြိမ်
မြန်မာ-အမေရိကန် လူအခွင့်အရေး ဆွေးနွေးပွဲကို နေပြည်တော် Park Royal
ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပရာ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့
အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ြ ကီး
Mr.Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး
နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အလေးမပြုတဲ့ ဗိုလ်ရှုသဘင် (ဆောင်းပါး)
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရခဲ့တဲ့ မြန်မာပြည်မှာ ဗိုလ်ရှုသဘင်ကို ၁၉၄၉ မှ ၁၉၆၂ အထိ ကျင်းပခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်ပေါင်း ၅၃ နှစ်ကြာ မကျင်းပဖြစ်ခဲ့တဲ့ ဗိုလ်ရှုသဘင်ကို ယခုနှစ်မှာတော့ ပြန်လည်ကျင်းပခဲ့ပါတယ်။
စိတ်မကောင်း ဖြစ်မိတာကတော့ ယခင်ကျင်းပတဲ့ ဗိုလ်ရှုသဘင် အခမ်းအနားများမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတော် သမ္မတကို အလေးပြုခဲ့ပါသော်လည်း ယခု ဗိုလ်ရှုသဘင်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အလေးပြုဖို့ဝေးစွ၊ ဒုတိယ
စိတ်မကောင်း ဖြစ်မိတာကတော့ ယခင်ကျင်းပတဲ့ ဗိုလ်ရှုသဘင် အခမ်းအနားများမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတော် သမ္မတကို အလေးပြုခဲ့ပါသော်လည်း ယခု ဗိုလ်ရှုသဘင်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အလေးပြုဖို့ဝေးစွ၊ ဒုတိယ
![]() |
မြစ်ကြီးနားမြို့တွင် ကျင်းပသော မနောပွဲ၌ မနောအကဖြင့် ပါဝင်ကပြနေသော သမ္မတဦးသိန်းစိန်/ဓာတ်ပုံ - MOI |
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ် အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်
၂၂ - ၁၂ -၂၀၁၄ ရက်နေ့၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်
"မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သုံးသပ်ချက်"
"မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သုံးသပ်ချက်"
လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း
သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု
သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။
သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု
သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်
စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန်
ဒေသခံများက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊
မဇ္ဈိမ)
စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ (ဆောင်းပါး)
စည်သူအောင်မြင့် (ဆောင်းပါး)
နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ခုတော့ ပြီးသွားပြန်ပါပြီ။ အရင်တစ်ခေါက် သမ္မတ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၄ ယောက် ဆွေးနွေးပွဲလိုပဲ အခု ၄၈ ယောက် ဆွေးနွေးပွဲကြီးကလည်း ရေရေရာရာ အဖြေရှာမရဘဲ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်က ကျင်းပခဲ့ တဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဘယ်လို ဆွေးနွေး ပွဲလဲ၊ ဘာရည်ရွယ်ချက်နဲ့ ကျင်းပတာလဲ၊ ဘာတွေအကျိုးရှိခဲ့သလဲ၊ တိုင်းပြည်မှာ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ပေါ်ပေါက်နိုင်ပါဦးမလားဆိုတာ လေ့လာသုံးသပ်ကြည့်ရအောင်။
နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ခုတော့ ပြီးသွားပြန်ပါပြီ။ အရင်တစ်ခေါက် သမ္မတ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၄ ယောက် ဆွေးနွေးပွဲလိုပဲ အခု ၄၈ ယောက် ဆွေးနွေးပွဲကြီးကလည်း ရေရေရာရာ အဖြေရှာမရဘဲ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်က ကျင်းပခဲ့ တဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဘယ်လို ဆွေးနွေး ပွဲလဲ၊ ဘာရည်ရွယ်ချက်နဲ့ ကျင်းပတာလဲ၊ ဘာတွေအကျိုးရှိခဲ့သလဲ၊ တိုင်းပြည်မှာ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ပေါ်ပေါက်နိုင်ပါဦးမလားဆိုတာ လေ့လာသုံးသပ်ကြည့်ရအောင်။
တစ်ကျော့ပြန်ခေါင်းလောင်းရှာပုံတော် (သို့မဟုတ်) လူထုကို အာရုံပြောင်းရန် ကြိုးပမ်းခြင်းလော...
![]() |
ဦးစံလင်းဦးစီးသောအဖွဲ့ ဓမ္မစေတီခေါင်းလောင်းရှာဖွေစဉ်က လာရောက်ကြည့်ရှုသော လူများ၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) |
သီတဂူဆရာတော် အထူးကြေညာချက် ထုတ်ပြန်
သီတဂူဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့ ဥက္ကဋ္ဌမှအပ အခြားဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ
![]() |
သတင်းထောက်များ၏ မေးမြန်းမှုကိုမိန့်ကြားနေသော သီတဂူဆရာတော်ကြီး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)) |
၄၈ ပွင့် တွေ့ဆုံပွဲ အကြံပြုချက်များ လိုချင်၍ တွေ့ဆုံခြင်းဟု ဦးရဲထွဋ် ဆို
ရန်ကုန် (မဇ္ဈိမ)။ ။ ဝေဖန်သံများ ထွက်ပေါ်နေသည့် သမ္မတနှင့် ၄၈ ဦး
တွေ့ဆုံဆွေးနွေးပွဲသည် အကြံပြုချက်များစွာ လိုသည့် အတွက်
တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး
ဦးရဲထွဋ်က ပြောကြားလိုက်သည်။

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အစိုးရက ပြည်သူ့ဆန္ဒကို အလေးထားမှု အားနည်း၍ ပြုပြင်ပြောင်းလဲမှုရပ်နေဟု အင်န်အယ်လ်ဒီ ကြေညာ
ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေပြင်ရေးတွင် အစိုးရက
ဆန္ဒထက်သန်မှု မရှိခြင်းနှင့် ပြည်သူ့ဆန္ဒ အလေးထားမှု အားနည်းခြင်းတို့ကြောင့်
ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများက ရပ်တန့်နေသည်ဟု
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဇန်န၀ါရီ ၁၃ရက်တွင်
ထုတ်ပြန်လိုက်သည်။

၂၀ဝ၈
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင် ပြန်လည်ဖွဲ့စည်းပေးရေးနှင့်
ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးတို့အတွက် ဆန္ဒပြခြင်းကို ၂၀၁၄ ခုနှစ်၊
ဒီဇင်ဘာ ၇ ရက်က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
ပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်ရောက်စွက်ဖက်ခြင်း၊ အဂတိလိုက်စားမှုမထိန်းချုပ်နိုင်ခြင်းနှင့် အခြားအချက်များကြောင့်ဖြစ်ဟု NLD ကြေညာချက်ထုတ်ပြန်
![]() |
ဇန်န၀ါရီ ၁၂ ရက်က သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်) |
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
![]() |
တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း |
Tuesday, January 13, 2015
ခွင့်လွှတ်ခြင်းဖြင့်သာ (ဆောင်းပါး)
(ဆောင်းပါးရှင် - ကိုထက်)
သည်းခံခွင့်လွှတ်ခြင်းဆိုတာ နှလုံးသား ကြီးမြတ်သူတွေမှသာ လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ လိုချင်တာကို အတင်းအကျပ် တောင်းဆိုသူဟာ နှလုံးသား အားနည်းသူသာ ဖြစ်ပါတယ်။ သည်းခံခြင်းနှင့် စောင့်ဆိုင်းရင် တစ်ဝက်ရပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ်ကလုပ်ပြီး ပေးဆပ်သလောက် ပြန်မရတဲ့ အခြေအနေကို ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် လမ်းပြပေးတဲ့ စကားပုံတွေကိုတောင် သံသယ၀င်မိပါတယ်။ ဒါပေမဲ့ လောကရဲ့ သဘောသဘာဝအရ မည်သည့်အရာမျှ အပိုင်တွက်လို့ မရဘူး ဆိုတာကိုတော့ သိထားရပါမယ်။
သည်းခံခွင့်လွှတ်ခြင်းဆိုတာ နှလုံးသား ကြီးမြတ်သူတွေမှသာ လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ လိုချင်တာကို အတင်းအကျပ် တောင်းဆိုသူဟာ နှလုံးသား အားနည်းသူသာ ဖြစ်ပါတယ်။ သည်းခံခြင်းနှင့် စောင့်ဆိုင်းရင် တစ်ဝက်ရပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ်ကလုပ်ပြီး ပေးဆပ်သလောက် ပြန်မရတဲ့ အခြေအနေကို ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် လမ်းပြပေးတဲ့ စကားပုံတွေကိုတောင် သံသယ၀င်မိပါတယ်။ ဒါပေမဲ့ လောကရဲ့ သဘောသဘာဝအရ မည်သည့်အရာမျှ အပိုင်တွက်လို့ မရဘူး ဆိုတာကိုတော့ သိထားရပါမယ်။
အချိန်အခါ ဘယ်တော့ကိုက်မှာလဲ နောက်ထပ်မျိုးဆက် ဘယ်နှဆက်စောင့်ရမလဲ (အယ်ဒီတာ့အာဘော်)
မြန်မာ့မျက်မှောက် နိုင်ငံအကျပ်အတည်းကို အပွင့်ဆိုင် ဆွေးနွေးပွဲများဖြင့် ကျော်ဖြတ်ရန် လူထုခေါင်းဆောင်ဟု အများ၏ သတ်မှတ် ခံရသူ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သော တစ်နှစ်ကျော်မှသည် ယနေ့တိုင် တစိုက်မတ်မတ် ပြောဆို ကြိုးပမ်းနေသည်။
သူမသည် လေးပွင့်ဆိုင်ကို တောင်းခဲ့သည်။ အစိုးရသည် ငြင်းဆိုသည်။ လွှတ်တော်က ခြောက်ပွင့်ဆိုင်ဖြင့် ကြားဝင် ညှိသည်။ ဤသို့ဖြင့် အပွင့်ဆိုင်များ ဘိုးဘိုးအောင် တန်ခိုးဖြင့် ဆတိုးအလီလီ ပြောင်းလဲကာ ဇန်န၀ါရီ ၁၂ က ၄၈ ပွင့်ဆိုင်ကြသည်။
သူမသည် လေးပွင့်ဆိုင်ကို တောင်းခဲ့သည်။ အစိုးရသည် ငြင်းဆိုသည်။ လွှတ်တော်က ခြောက်ပွင့်ဆိုင်ဖြင့် ကြားဝင် ညှိသည်။ ဤသို့ဖြင့် အပွင့်ဆိုင်များ ဘိုးဘိုးအောင် တန်ခိုးဖြင့် ဆတိုးအလီလီ ပြောင်းလဲကာ ဇန်န၀ါရီ ၁၂ က ၄၈ ပွင့်ဆိုင်ကြသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲကို အစိုးရဘက်မှ ထောက်ပံ့မှုမရှိသေးဟု ဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲကို အစိုးရဘက်မှ ထောက်ပံ့မှုမရှိကြောင်း နတ်မောက်မြို့ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်က မဇ္ဈိမသို့ ဇန်နဝါရီ ၁၃ ရက်တွင် ပြောသည်။
ယင်းဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသည် အစိုးရဘက်မှ ထောက်ပံ့မှုမရှိသော်လည်း ပြင်ပပုဂ္ဂလိကများ၏ ကူညီပံ့ပိုးမှုဖြင့် ဗိုလ်ချုပ်ရာပြည့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းပွဲအတွက် အလှူငွေ သိန်း၈၀၀ ဝန်းကျင်ခန့် ရရှိပြီးဖြစ်သည်ဟု ဆိုသည်။
ယင်းဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသည် အစိုးရဘက်မှ ထောက်ပံ့မှုမရှိသော်လည်း ပြင်ပပုဂ္ဂလိကများ၏ ကူညီပံ့ပိုးမှုဖြင့် ဗိုလ်ချုပ်ရာပြည့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းပွဲအတွက် အလှူငွေ သိန်း၈၀၀ ဝန်းကျင်ခန့် ရရှိပြီးဖြစ်သည်ဟု ဆိုသည်။
၂၀၁၅ခုနှစ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေ ပထမအကြိမ် တိုက်ပွဲဖြစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နှင့်
ကွတ်ခိုင်မြို့နယ်အကြား ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ
တပ်မတော်တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားနေသည်ဟု KIA တပ်မဟာ ၄ မှ
ဗိုလ်ကြီး ဇော်လက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်
လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)
တပ်သားများအား သြဂုတ်လ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
သမ္မတက ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို ရှောင်ရှားလို၍ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
![]() |
နိုင်ငံတော်သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်သည့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးပွဲသို့တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆို နှုတ်ဆက်နေသည့် သမ္မတဦးသိန်းစိန်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အေးသူစံ) |
၄၃၆ ကို မဖြစ်မနေပြင်ဆင်သင့်ကြောင်း ၈၈မျိုးဆက်(ငြိမ်း/ပွင့်)ခေါင်းဆောင် များက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာကော်မတီများကို တင်ပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၂-၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာ တွင်ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ပုဒ် မ-၄၃၆ ကို မဖြစ်မနေပြင် ဆင်သင့် ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အ မျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ် တော်ရေး ရာ ကော်မတီ များနှင့်တွေ့ ဆုံဆွေးနွေးရာတွင် တင်ပြခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အမျိုး သားလွှတ် တော် ဥက္ကဋ္ဌရုံးတွင် အမျိုးသား လွှတ် တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦး
နေပြည်တော်ရှိ အမျိုး သားလွှတ် တော် ဥက္ကဋ္ဌရုံးတွင် အမျိုးသား လွှတ် တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦး
အသွင်ကူးပြောင်းရေး လူထုအစည်းအဝေး ဆုံးဖြတ်ချက် သမ္မတ၊ လွှတ်တော်နှင့် သံရုံးများသို့ ပေးပို့မည်
မန္တလေး (မဇ္ဈိမ)။ ။ အသွင်ကူးပြောင်းရေး ကာလအတွင်း လိုအပ်ချက်များကို
ဖြည့်ဆည်းနိုင်ရေးအတွက် ဇန်နဝါရီ၊ တတိယပတ်တွင် ပြုလုပ် မည့်
အထက်မြန်မာပြည်ဒေသဆိုင်ရာ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို
နိုင်ငံတော် သမ္မတထံ ပေးပို့တင်ပြမည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်
လှုပ်ရှားမှု အင်အားစု (MDCF) မှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က
ပြောသည်။
လူထုအစည်းအဝေးကြီးကို ဘုရားကြီး အလယ်တိုက်တွင် ပြုလုပ်မည် ဖြစ်သည်။
“ဒီဆုံးဖြတ်ချက်၊ ကြေညာချက်တွေကို နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊
သံရုံးတွေကို ပေးပို့သွားပါမယ်” ဟု ၎င်းက ပြောသည်။အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်လိုသည့်ဆန္ဒ အားနည်းဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ နှင့်
နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့်
ပြုပြင်ပြောင်းလဲရေး ဆက်ဖြစ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေး၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ
ဖြစ်မြောက်ရေးအတွက် အချက် ၁၅ချက်ဖြင့် အဓိက ဆွေးနွေးခဲ့သည်။

ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်က သိမ်းထားသည့် လယ်မြေများပြန်လည်ရရှိရန် ဥပဒေနည်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဒေသခံတောင်သူများက ဆို
မန္တလေး (မဇ္ဈိမ)။ ။ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ်က
သိမ်းဆည်းထားသည့် မြေဧက ၁,၀၀၀ ကို လွှဲပြောင်းပေးရန် တောင်းဆိုသော် လည်း
မူလပိုင်ရှင်များသို့ မပေးအပ်ဘဲ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့
လွှဲပြောင်းပေး အပ်ခဲ့သည့်အတွက် ဒေသခံတောင်သူများက ဥပဒေအရ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်၊ လေးပင်စခန်းကျေးရွာမှ
ဦးစိုးဝင်းက ပြောကြားသည်။

သိမ်းဆည်းခံမြေများ
ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူလယ်သမားများက တောင်ကြီးမြို့တွင် ၂၀၁၄
ခု၊ ဇူလိုင် ၁ ရက်က ဆန္ဒဖော်ထုတ်စဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်၊ မဇ္ဈိမ)
Monday, January 12, 2015
၆ ပွင့်ဆိုင် တွေ့ဆုံရေး မရှောင်လွှဲသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
![]() |
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ဇန်န၀ါရီလ ၁၂ ရက်နေ့ နိုင်ငံရေး ဆွေးနွေးပွဲ မစတင်မီ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
ဝမ်ပေါင်က စည်းရိုးခတ်ခံ မြေယာများရှိ သီးနှံများအတွက် လျော်ကြေးပေး
![]() |
ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် လုပ်ငန်းခွင် စီမံကိန်းအား ခြံစည်းရိုး ကာရံထားသည်ကို တွေ့ရပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
နိုင်ငံအကြီးအကဲများနှင့် နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချု ပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါအ၀င် နိုင်ငံရေးပါတီခေါင်းဆောင်ေ တွ၊ တိုင်းရင်းသားရေးရာဝန်ကြီးေ တွ စုစုပေါင်း ၄၈ ဦးတို့နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုတယ်ဆိုတဲ့ သမ္မတရဲ့စကားကို အားလုံးကကြိုဆိုခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုတယ်ဆိုတဲ့
ဒေါ်ခင်ဝင်း သေဆုံးရမှု ရဲစခန်းက ယာယီ ရပ်ဆိုင်းထား
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက
ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေက ဆားလင်းကြီး မြို့မရဲစခန်းမှာ လူသတ်မှုနဲ့
သွားရောက်ဖွင့်ထားတဲ့အမှုကို ရဲစခန်းက ယာယီရပ်ဆိုင်းထားကြောင်း အကြောင်းပြန်ကြားတယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့မ ရဲစခန်းက အမှုကိုယာယီရပ်ဆိုင်းထားကြော င်း မိသားစုဝင်တွေထံ အကြောင်းပြန်ခဲ့တာကြောင့် တိုင်းတရားလွှတ်တော်အထိ တိုင်ကြားဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်ခင်ဝင်းရဲ့ မောင်ဖြစ်သူ ဦးဝင်းကျော်က ပြောပါတယ်။
ဆားလင်းကြီးမြို့မ ရဲစခန်းက အမှုကိုယာယီရပ်ဆိုင်းထားကြော
သမိုင်းကို ပြည်သူတွေကသာ ရေးပါသည် ( ဆောင်းပါး )
ဆောင်းပါးရှင် - ဘစံကောက်
![]() |
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်း ကလေးငယ်များ လေ့လာနေစဉ် (ဓာတ်ပုံ - အေးမြတ်မွန်) |
လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံရသူ၏ ဖခင် စိတ်ရောဂါ အထူးကုနှင့် ပြသနေရ
ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံရသူ
ကိုဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်ကို စိတ်ကျန်းမာရေး
အခြေအနေကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး စိတ်ရောဂါ အထူးကုဆရာဝန်နှင့် ပြသလျက်ရှိသည် ဟု
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအေင်ကပြောသည်။

ထိုင်းနိုင်ငံ၊
ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို သတ်သည်ဟု ဆိုကာ
ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်း၏ ဖခင်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်တွင် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေမှ ကျောင်းသားများ ပြင်လိုသည့် အချက်များကို စာရင်းကောက်ခံ
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကျောင်းသားများက
ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်လိုသည့် အချက်များကို ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ် ပါမောက္ခချုပ်ထံ တင်ပြရန် ဇန်နဝါရီ ၁၂ရက်က ကောက်ခံခဲ့သည်ဟု
ယင်းတက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် ဒေါ်မာလာအောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသာ
းပညာရေး ဥပဒေ ပြင်ဆင်ပေးရန်အတွက် သပိတ်မှောက် ဆန္ဒထုတ်ဖော် ခြင်းကို
ရန်ကုန်မြို့ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံရှေ့မှ ဆူးလေဘုရားအနီးထိ
လမ်းလျှောက် နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် PR စနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံခုံရုံးသို့ပေးပို့ထားမှု ထူးခြားမှုမရှိသေး
ရန်ကုန်၊ ဇန်နဝါရီ ၁၁- အမျိုးသား လွှတ်တော်တွင်ကျင့်သုံးရန် အတည် ပြုထား သည့် အချိုးကျကိုယ်စားပြု စနစ် (PR) ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ထားသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေး ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။
လာမည့်ရွေးကောက်ပွဲများ တွင် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ရွေး ချယ်ရာတွင် PR စနစ်ကို တိုင်းနှင့် ပြည်နယ်အားလုံးတွင် ကျင့် သုံးရန် အမျိုးသား လွှတ်တော်ကဆုံး ဖြတ်ထားသည့်အတွက် အဆိုပါစနစ် ကို လက်မခံ သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၆ဦးက ယင်း စနစ်သည် ဖွဲ့စည်းပုံ
လာမည့်ရွေးကောက်ပွဲများ တွင် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ရွေး ချယ်ရာတွင် PR စနစ်ကို တိုင်းနှင့် ပြည်နယ်အားလုံးတွင် ကျင့် သုံးရန် အမျိုးသား လွှတ်တော်ကဆုံး ဖြတ်ထားသည့်အတွက် အဆိုပါစနစ် ကို လက်မခံ သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၆ဦးက ယင်း စနစ်သည် ဖွဲ့စည်းပုံ
ကုလ ကိုယ်စားလှယ်နှင့် ရှမ်းမြောက် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံကာ ဒုက္ခသည်များ အရေးဆွေးနွေး
ရန်ကုန် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
မစ္စယန်ဟီလီသည် ၎င်း၏ ရှမ်းပြည်နယ်ခရီးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ
ဒုက္ခသည်များအရေး အဓိက တွေ့ဆုံမေးမြန်းခဲ့သည်ဟု ၎င်းနှင့်တွေ့ဆုံခဲ့သူ တအောင်း၊
ပလောင် ကျောင်းသား လူငယ်အစည်းအရုံးမှ အတွင်းရေးမှူး မလိုည်းလျားရိန်းက
ပြောသည်။

(ဓာတ်ပုံ - ကိုစံတင်၊ (လားရှိုး))
လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်ရှိ ဆိုင်ကယ်စီးခွင့် မပြုထားသည့် နယ်မြေ၌ လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထိန်းသိမ်းထားပါက နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဝင်ရောက်ဖမ်းဆီးခွင့်ရှိသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူး ဝင်းလွင်က ပြောသည်။
ဇန်န၀ါရီ ၉ ရက်က အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဇန်န၀ါရီ ၉ ရက်က အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင် ဆွေးနွေးရန် လက်ခံပြီ
ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်
အရေးကိစ္စများဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့်
လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့်
သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင်
ဆွေးနွေးမည်ဖြစ်သည်။

လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
နိုင်ငံရေးပါတီများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းရေးဆွဲရေးကော်မတီဖွဲ့ရန် ကော်မရှင်နှင့်ပါတီများ သဘောတူထားမှု ယခုထိ မစနိုင်သေး
ရန်ကုန်၊ ဇန်နဝါရီ ၁၁-ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီများလိုက်နာရ မည့် စည်းမျဉ်းစည်းကမ်း (code of conduct)ရေးဆွဲရေးကော် မတီ တစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်ရေးကို ရွေး ကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါ တီများဆွေးနွေး ကာ သဘောတူဆုံး ဖြတ် ထားသော် လည်း စတင်နိုင်ခြင်း မရှိသေးကြော င်း နိုင်ငံရေးပါတီများ ထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီသစ်ပါ တီမှ ဦးကျော်က''ခုထိတော့ အကောင် အထည် မဖော်ရသေးဘူး။ ဘာမှလဲ အကြောင်းမကြားသေးဘူး။ အဲဒီဒါက ရွေးကောက် ပွဲကော်မရှင်ကနောက် တစ်ကြိမ်ခေါ်ပြီးမှ ထပ်ဆွေးနွေး
အမျိုးသားဒီမိုကရေစီသစ်ပါ တီမှ ဦးကျော်က''ခုထိတော့ အကောင် အထည် မဖော်ရသေးဘူး။ ဘာမှလဲ အကြောင်းမကြားသေးဘူး။ အဲဒီဒါက ရွေးကောက် ပွဲကော်မရှင်ကနောက် တစ်ကြိမ်ခေါ်ပြီးမှ ထပ်ဆွေးနွေး
လစာတိုးပေးရင် လာဘ်စားတာ ပျောက်သွားမှာလား (အယ်ဒီတာ့ထံပေးစာ)
(အယ်ဒီတာ့ထံပေးစာ)
မဇ္ဈိမရဲ့ စာဖတ်သူ ကဏ္ဍကို နေပြည်တော်က ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်ခင်မိုးလွင် ရဲ့စာရောက်လာပါတယ်။
သူ့စာထဲမှာ ရေးထားတာကတော့ အခုလက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ ဝန်ထမ်းတွေ လစာတိုးရန် သင့်မသင့်နဲ့ ပတ်သက်ပြီး ရေးသားထား တာ ဖြစ်ပါတယ်။ သူက သတင်းစာနဲ့ ဂျာနယ်တွေမှာ ဒီကိစ်္စနဲ့ ပတ်သက်ပြီး ရေးသားထားကြတာကို ၀န်ထမ်းတွေက စိတ်ဝင်တစားနဲ့ ဖတ်နေကြပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ လက်ရှိလစာနဲ့ မလုံလောက်တာ အမှန်ဖြစ်တဲ့အတွက် တိုးလာမယ့်ဝင်ငွေကို မျှော်လင့်မိကြမှာ ပဲဆိုတာ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူအနေနဲ့ နားလည်ခံစားမိပါတယ်လို့ ဆိုပါတယ်။
မဇ္ဈိမရဲ့ စာဖတ်သူ ကဏ္ဍကို နေပြည်တော်က ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်ခင်မိုးလွင် ရဲ့စာရောက်လာပါတယ်။
သူ့စာထဲမှာ ရေးထားတာကတော့ အခုလက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ ဝန်ထမ်းတွေ လစာတိုးရန် သင့်မသင့်နဲ့ ပတ်သက်ပြီး ရေးသားထား တာ ဖြစ်ပါတယ်။ သူက သတင်းစာနဲ့ ဂျာနယ်တွေမှာ ဒီကိစ်္စနဲ့ ပတ်သက်ပြီး ရေးသားထားကြတာကို ၀န်ထမ်းတွေက စိတ်ဝင်တစားနဲ့ ဖတ်နေကြပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ လက်ရှိလစာနဲ့ မလုံလောက်တာ အမှန်ဖြစ်တဲ့အတွက် တိုးလာမယ့်ဝင်ငွေကို မျှော်လင့်မိကြမှာ ပဲဆိုတာ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူအနေနဲ့ နားလည်ခံစားမိပါတယ်လို့ ဆိုပါတယ်။
ဒုက္ခသည် တိုးပွားအောင်လုပ်သူ (သို့မဟုတ်) သမ္မတ ဦးသိန်းစိန် အစိုးရ (ဆောင်းပါး)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇန်န၀ါရီ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်လယ် အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ဒုက္ခသည်နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ရှစ်သိန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ အဆင့်(၇) ချိတ်တယ်လို့ ဆိုပါတယ်။ မကောင်းမှုနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ဗိုလ်စွဲတဲ့ စာရင်းတွေထဲမှာ အခုစာရင်းကလည်း တစ်ခု အပါအ၀င် ဖြစ်လာပါတယ်။ သမ္မတဦးသိန်း စိန် လက်ထက်မှာ ဒုက္ခသည် နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ဘာလို့ တိုးပွားလာသလဲ၊ ဘယ်လောက် အရေအတွက် ရှိသလဲ၊ ဒီကိစ္စ အစိုးရဘယ်လို ဖြေရှင်းပေးနေသလဲ၊ ဒီပြဿနာ ဘယ်တော့ ပြေလည်နိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့ တင်မည်
အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့တင်ပြမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ၀န်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ၀န်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က
MPT ကို စိတ်ပျက်သွားကြပြီလား . . .
![]() |
ဇန်န၀ါရီ ၉ ရက်က ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး ရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦး ရှင်းလင်းစဉ် (ဓာတ်ပုံ-နေမျိုးထွန်း) |
Sunday, January 11, 2015
ငြိမ်းချမ်းရေးရဖို့ လက်တကမ်းအလိုမှာရောက်နေပြီလို့ သမ္မတ ဦးသိန်းစိန် ပြောကြား
မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ လက်တစ်ကမ်းအလိုမှာရောက်နေပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ်မှာ ပြုလုပ်နေတဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက်ကချင်ပြည်နယ်နေ့အ ခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခုလို ပြောလိုက်တာပါ။
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက်ကချင်ပြည်နယ်နေ့အ
လက်ပံတောင်းတောင် စီမံကိန်း ပျက်သုန်းစေရန် လူနည်းစုအချို့က ပြင်ပ အထောက်အပံ့ယူကာ လုပ်ဆောင်နေဟု ကော်မတီထုတ်ပြန်
လက်ပံတောင်းတောင်
စီမံကိန်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေ သော လူနည်းစုအချို့က
အမြင်မကြည် လင်ဘဲ ပြင်ပအဖွဲ့အစည်းများ၏ ကူ ညီထောက်ပံ့
လှုံ့ဆော်မှုများကြောင့် စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်နေသည့်
လုပ်ငန်းစဉ်များ အပေါ် အမြဲတစေ ပြဿနာ တစ်ခုမ ဟုတ် တစ်ခုဖြစ်အောင်ဖန်တီး၍
ဟန့် တား နှောင့်ယှက်လျက် ရှိသည်ကို တွေ့ရှိ ရကြောင်း အစီရင်ခံစာအကောင် အထည်ဖော် ဆောင်ရွက်သည့် ကော် မတီက ဇန်နဝါရီ ၅ ရက်တွင် ထုတ် ပြန်လိုက်သည်။
ဒီမိုကရေစီလမ်းကြောင်းကို လက်မခံလျှင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆို
တပ်မတော်က ရွေးချယ်ထားခြင်း မဟုတ်ဘဲ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ် ထားသည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းတွင် မဖြစ်ဖြစ်အောင်သွားရန် လိုပြီး မသွားနိုင်လျှင် ကျန်ခဲ့မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ကို လက်မခံ လျှင် ချန်ခဲ့၍ ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဇန်နဝါရီ ၅ ရက် နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ ၆၇ နှစ်မြောက် လွတ် လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက် ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံ ရာတွင် ပြော ဆိုခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီများ၊တိုင်းရင်းသား များနှင့်သမ္မတတွေ့မည်
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေးထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင်
တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်
အချို့ပါဝင်သည့် အစုအဖွဲ့သုံးခုကို ဒီမိုကရေစီရေး၊
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့အတွက် ဇန်န၀ါရီ
၁၂ ရက်တွင် ဆွေးနွေးရန် သမ္မတရုံးက ဖိတ်ကြားထား သည်ဟု ဖိတ်ကြားခံရသည့်
ကာယကံရှင်များက ပြောသည်။

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
Subscribe to:
Posts (Atom)