နေပြည်တော်၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း
နမ်ပေါင်မြို့နယ်နှင့် မန်ပြင်ကျေးရွာ အုပ်စုကြားတွင် တပ်မတော် ရိက္ခာပို့
မော်တော်ယာဉ် တစ်စီး အောက်တိုဘာ ၄ ရက်၊ ညနေ ၆ နာရီခန့်က
မိုင်းခွဲခံခဲ့ရသဖြင့် အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ရိက္ခာပို့ မော်တော်ယာဉ်သည် တန့်ယန်းမြို့နယ် အခြေစိုက် တပ်မတော်ဌာနခွဲ (၁) မှ မော်တော်ယာဉ် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကားလမ်းပေါ်မှာ ကြိုးဆွဲမိုင်းနဲ့ ထောင်ထားတာကို ဖြတ်မိတာပါ၊ ဘယ်အဖွဲ့က
လုပ်တယ် ဆိုတာလည်း ပြောဖို့ ခက်နေပါသေးတယ်” ဟု ယင်းဌာနချုပ်မှ တာဝန်ရှိသူက
ထပ်လောင်း ပြောကြားသည်။
မိုင်းခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာ
ရရှိသော အရာရှိနှင့် တပ်သားတို့ကို တန့်ယန်းရှိ တပ်မတော်ဆေးရုံသို့
ပို့ဆောင်ကုသနေပြီး လက်တလော သတင်းများအရ စိုးရိမ်ဖွယ်မရှိကြောင်း ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်
တပ်မတော်နှင့် KIA တို့ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင်
ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့ အချို့တွင်
ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSPP/SSA) နှင့် တိုက်ပွဲများ
ဆက်တိုက်ဖြစ်ပွားခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment