ကျော်စိုးဦး ၊ ရန်ကုန်၊ အောက်တိုဘာ ၎
နိုင်ငံပိုင်သတင်းစာများဖြစ်သည့် ကြေးမုံ၊ မြန်မာ့အလင်းတို့ကို
နောင်တစ်ချိန်တွင် အစိုးရဌာနဆိုင် ရာများ၏ ဆောင်ရွက်ချက်များကို ဝေဖန်
ထောက်ပြနိုင်သော သတင်းစာဖြစ်ရန်ဆောင် ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အ
ဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက် သည်။
''နိုင်ငံပိုင်မီဒီယာကိုအများပြည်သူဝန်ဆောင်မှုဘက်သို့ဦးတည်နေတယ်။ နောင်
တစ်ချိန်မှာ အစိုးရဌာနဆိုင်ရာတွေ ကို ထောက်ပြတဲ့အဆင့်အထိ သွားမှာပါ။
ဥပဒေမရှိသေးလို့ အခု မလုပ်နိုင်သေးတာ ပါ။ ကိုယ်လုပ်နိုင်သလောက် လုပ်နေပေ
မယ့် အများပြည်သူ ဝန်ဆောင်မှုဘက်ကို
သွားနေပါတယ်''ဟု ယင်းက မဏ္ဍိုင်သုံးရပ်
နှင့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံပိုင်မီဒီ ယာနှင့် နိုင်ငံပိုင်ရုပ်သံများသည်
အစိုးရဌာန ဆိုင်ရာများ၏ ဆောင်ရွက်ချက်များကိုသာဦးစားပေး ဖော်ပြလျက်ရှိပြီး
ပြည်သူများ၏လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို ရေးသားဖော်ပြခြင်း၊
ရေးသားဖော်ထုတ် ခြင်းမရှိသည့်မီဒီယာတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်ဟုလည်း
ပြောဆိုထောက်ပြမှု များ ရှိနေသည်။
နိုင်ငံပိုင်မီဒီယာများ၏ဌာနဆိုင်ရာသတင်းများကိုဦးစားပေးဖော်ပြနေခြင်း
နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်း
ရေးမှူး ဦးဝင်းမြင့်က ''ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံပိုင်မီဒီယာဆိုတာ
မရှိဘူး။ ပုဂ္ဂလိက မီဒီယာပဲရှိတယ်။ အခု နိုင်ငံပိုင်မီဒီယာတွေ ကလဲ
ပြည်သူတွေသိချင်တဲ့ အချက်အလက် တွေကို ဖြန့်ဖြူးပေးနိုင်ခြင်းမရှိဘူး။
သူတို့ ရဲ့ ဌာနဆိုင်ရာ သတင်းတွေကိုပဲ နေ့စဉ် ရေး သား ဖော်ထုတ်နေတယ်။
မီဒီယာဆိုတဲ့ ဆောင်ပုဒ်ကို သူတို့ လက်တွေ့ကျကျ နား လည်ဖို့လိုတယ်''ဟု
သုံးသပ်သည်။
ထို့ပြင် နိုင်ငံပိုင်မီဒီယာများအ နေဖြင့်လည်း
ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောဆိုထားသည့် စကားအတိုင်း ညီရန်လို အပ်ကြောင်း
မြန်မာဂျာနယ်လစ်ကွန်ရက် မှ ဦးမြင့်ကျော်က ''အစိုးရမီဒီယာတွေက
နည်းနည်းလေးတော့ ပြောင်းလဲလာတယ်။ ကြီးကြီးမားမား ပြောင်းလဲလာတာတော့ မ
ဟုတ်ဘူး။ အစိုးရပေါ်လစီက သူတို့မီဒီယာ တစ်ခုလုံးကို
လွှမ်းမိုးချုပ်ကိုင်ထားတာပေါ့။ ဥပမာပေါ့ဗျာ လက်ရှိဟောင်ကောင်မှာ ဖြစ် နေတဲ့
ကျောင်းသားတွေ ဆန္ဒပြနေတဲ့ သတင်း တွေကို နိုင်ငံပိုင်မီဒီယာတွေမှာ ကနေ့အထိ
ရေးသားဖော်ပြခြင်း မရှိဘူး။ ခုနက ပြန် ကြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာ
ရှိပြောတာလဲ ကြားလိုက်တယ်။ ဒါ အပြော နဲ့အလုပ် ဘယ်လောက်လုပ်နိုင်မလဲ စောင့်
ကြည့်ဖို့လိုတယ်''ဟု ပြောခဲ့သည်။
မဏ္ဍိုင်သုံးရပ်နှင့် သတင်းမီဒီယာ
များ တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်၊ အုပ်ချုပ် ရေးမဏ္ဍိုင်မှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊
တရားစီရင်ရေးမဏ္ဍိုင်မှ ညွှန်ကြားရေးမှူး (ပြစ်မှု) ဦးမျိုးတင့်၊
ဥပဒေပြုရေးမဏ္ဍိုင်မှ ဒေါက်တာမြင့်သိန်း၊ ဦးကျော်ဝင်း၊ ဦးအောင် မြင့်နှင့်
ဒေါ်ခင်ဝိုင်းကြည်တို့ တက်ရောက်ခဲ့ ကြပြီး သတင်းမီဒီယာမှ မြန်မာနိုင်ငံစာနယ်
ဇင်း ကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင် မောင်လေး(ဖိုးသောကြာ)၊ ဦးသီဟစော၊
ဦးကျော်မင်းဆွေ၊ ဦးဇော်သက်ထွေး၊ ဦးဖေ မြင့်နှင့် ဒေါက်တာသိန်းမြင့်တို့
တက်ရောက် ဆွေးနွေးခဲ့ကြသည်။
Flower News Journal, Vol-10, No.29 (13-Oct - 2014)
====================================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
No comments:
Post a Comment