– မြတ်ဆွေ
လူစုလူဝေးတစ်ခုကို တွေ့ရသည်။ ထိုင်သူများက
ထိုင်နေကြပြီး အချို့ကရပ်နေကြသည်။ သူတို့ရှေ့တွင် မော်တော်ကားတစ်စီး
ရှိသည်။ လူတစ်ယောက်သည် စက်ဖုံးပေါ်ကရပ်ပြီး စကားပြော တရားဟောနေ၏။ သူက
အသားညိုညို၊ ပိန်ပိန်ပါးပါးပင်ဖြစ်၍ စစ်ဝတ်စုံကို ပိုသီဖတ်သီဝတ်စား၏။
ဒေါနှင့်မောနှင့် စိတ်လိုက်မာန်ပါ ပြောနေ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသွားပြီးနောက် ၁၉၄၅ခုနှစ် ကာလများတွင်
ဖဆပလအဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ
လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြ သည်။ စစ်ကြီးပြီးဆုံး သွားပြီးနောက်
ဂျပန်ငွေစက္ကူများ သုံးစွဲခြင်းမပြုရတော့ဘဲ အင်္ဂလိပ်ကျပ်ငွေများကိုသာ
သုံးစွဲကြရ သည်။
ဂျပန်ငွေ စက္ကူများသာ လက်ဝယ်ကျန်ရှိနေသော လူအများ
အခက်အခဲတွေ့ကြရသည်။ ဂျပန်ခေတ် လက်ကျန် လက်နက်ပုန်း များလည်း
ကျေးရွာအတော်များများ၌ ကျန်ရှိနေသည်။
ဤသည်ကို အကြောင်းပြု၍ ခိုးဆိုး
တိုက်ခိုက်သူများပေါ်ပေါက် လာသည်။ စစ်ကျန်လက်နက်များကို ကိုင်ဆောင် ၍ ဓားပြ
ဂိုဏ်းများ ဖွဲ့ကြသည်။ တစ်ရွာမှတစ်ရွာကူးကာ လုယက် တိုက်ခိုက်ကြသည်။ ဤသို့
ကျေးရွာများ၌ မငြိမ်မသက် ရှိနေသလို ဓားပြတိုက်မှုများသည် မြို့ပေါ်မှာပါ
ဖြစ်ပေါ် နေသည်။
ကျွန်တော်တို့ ဒေးဒရဲမြို့ကလေးသည်
ဂျပန်ခေတ်စစ်ကာလကလည်း မငြိမ်းချမ်း၊ စစ်ကြီးပြီးတော့လည်း မငြိမ်း ချမ်းပေ။
တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်သည်။
လက် နက်ပုန်းများရှိနေသော ဓားပြများကလည်း ငွေကြေးချမ်းသာသော အိမ်များကို
ညစဉ်လိုလို အနုကြမ်းစီး ကြ သည်။ ရဲအဖွဲ့သည် ဓားပြရန်ကို
ခုခံကာကွယ်ပေးနိုင်သော အနေအထား မရှိပေ။ ထို့ကြောင့် ချမ်းသာသော ရွှေကုန်သည်၊
ဆန်ကုန်သည်ကြီးအချို့သည် ရန်ကုန်သို့ ပြောင်းကြသည်။…
သို့သော်
ဓားပြများကတော့ လျော့မသွားပေ။ ညစဉ်လိုလိုပင် အနုကြမ်းစီး၊
လုယက်ကြမြဲဖြစ်သည်။ ဒေးဒရဲမြို့ ကလေးသည် တိတ်ဆိတ်လျက် ကျီးလန့်စာစားဖြစ်
နေချိန်။
ကျွန်တော်၏ ဖခင်ကြီးသည် ချမ်းသာ ကြွယ်ဝသူ မဟုတ်ပေ။
ပန်းထိမ်ဆရာကြီး တစ်ဦးဖြစ်၏။ ပန်းထိမ်ဆရာ နာမည်ရသူ တစ်ဦးဖြစ်ရာ
ရွှေထည်ပစ္စည်းအပ်နှံကြသူ များလေသည်။ သို့သော် ခေတ်ပျက်၌ သူ့ ကိုရွှေထည်
ပစ္စည်း အပ်နှံသူ နည်းပါးလှသည်။ အလုပ်မကောင်းချေ။ ဖခင်ကြီးက
သူ့ကိုချမ်းသာသောသူ၊ အလုပ်အပ်နှံ သော ရွှေများရှိသူဟုထင်ပြီး အနုကြမ်းစီးမှာ
စိုးရိမ်သည်။ ဓားပြတို့နှိပ်စက်ခံရမှာ ကြောက်သည်။
ထို့ကြောင့်
သူသည် ရန်ကုန်ပြောင်း နိုင်ရန် ကြိုးစားလေတော့သည်။ ရန်ကုန် မြို့၊
အလုံရပ်ကွက်၊ နတ်စင် လမ်း တွင် အမေ၏ မောင်တစ်ဦးရှိသည်။ သူတို့ မိသားစု
အိမ်ငှားနေကြသည်။ အမေ၏မောင် ကိုခင်မောင်က စက်ချုပ်သည်။ သူ့ဇနီး မကြည်က
ဈေးရောင်းသည်။ သူတို့က ၀ါးထရံကာ ဓနိမိုး အိမ်တစ်လုံး ငှားနေကြ သည်။ အိမ်က
ပေ ၃၀၊ ပေ ၅၀ လောက် ရှိ၍ အတော်ကလေး ကျယ်သည်။ အမေ က
ရန်ကုန်ပြောင်းလိုကြောင်း ပြောတော့ သူတို့အိမ်မှာ ခေတ္တနေပြီးမှ အိမ်ရှာရန်
အကြံပေးသည်။
သည်လိုနှင့် ကျွန်တော်တို့ မိသားစု မိုးရာသီမှာ
ရန်ကုန်ပြောင်းလာသည်ကို မှတ်မိသည်။ မိုးထဲလေထဲ ဧရာဝတီ သင်္ဘော စီးလာကြ၍
ကျွန်တော်တို့ညီအစ်ကို ပျော်နေသည်။ ကျွန်တော်တို့ မိသားစုက အဖေ၊ အမေနှင့်
ကျွန်တော် တို့ညီအစ်ကိုသုံးယောက် ဖြစ်သည်။
ကျွန်တော်တို့က
ရန်ကုန်ပြောင်းရသည်ကို ပျော်သည်။ ရန်ကုန်လမ်းမကြီးများပေါ်မှာ ပြေးလွှားနေသော
မော်တော် ကားများ ကိုကြည့်၍မ၀၊ လူတွေသွားကြ၊ လာကြ သည်ကို ကြည့်ပြီး
သဘောကျသည်။ ကျွန် တော်တို့နေသော နတ်စင်လမ်းကလေးတွင်
အရှေ့ဘက်တွင်သာအိမ်များရှိ၍ အနောက် ဘက်၌ မွတ်ဆလင် ဗလီဝင်းကြီးရှိသဖြင့်
အုတ်ခြံစည်းရိုးကာထားလေသည်။ နတ်စင် လမ်းသည် တောင်နှင့်မြောက်ရှိ ဘတ်စ်
ကားလမ်းမကြီးများသို့ ပေါက်လေ သည်။
နတ်စင်လမ်းနေသူအများစုမှာ ပန်းပု
ဆရာများဖြစ်ကြသည်။ သူတို့သည် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ် စသည် တို့ကို
ထုလုပ် ကြပြီး ရွှေတိဂုံဘုရားဈေးသို့ ပို့ကြသည်။ ကျွန်တော်ကား
ကျွန်တော့်အား ဆင်ရုပ် ကလေးတစ်ရုပ် ပေးသော ပန်းပုဆရာ ကိုကြီးမြင့်ဆိုသူကို
မှတ်မိနေသည်။ ကျွန် တော် အသက်ကိုးနှစ်လောက် ရှိဦးမည်။ ကိုကြီးမြင့်က အသက်
၂၀ ကျော်အရွယ်။ ကျွန်တော်တို့နှင့်တစ်အိမ်ကျော်၊ သူတို့အိမ်မှာ
ပန်းပုအလုပ်ရုံ ကလေး ရှိသည်။ ပန်းပုဆရာ အဘိုးကြီးတစ်ယောက်နှင့် လူငယ်
လူရွယ်လေးငါးဦးခန့် အလုပ်လုပ်နေကြသည်ကို သွားရောက် ငေးမောဖူးသည်။
ကိုကြီးမြင့်က ကျွန်တော့်ကိုခေါ်ပြီး ဆင်ရုပ်ကလေးတစ်ရုပ် ပေးလေသည်။
သူပေးသောဆင်ရုပ်ကား ခြေထောက်မှာ မဆို စလောက် အနာကလေးပါသည်။ ဆိုင်သွင်းလို့
ဖြစ်ပုံမပေါ်။ ထို့ကြောင့်ကျွန်တော် ကစားဖို့ ပေးပုံရသည်။ လှပသော ဆင်ရုပ်
ကလေးပါပဲ။ ကျွန်တော်က အိပ်ရာခေါင်း ရင်းတွင် အမြတ်တနိုးထား၍ အရိပ်တ
ကြည့်ကြည့်။
ကျွန်တော်တို့ ညီအစ်ကို အလုံရပ်ကွက် ကမ်းနားလမ်းရှိ
မြူနီစပယ်ကျောင်း တွင်နေကြရသည်။ အုတ်တိုက်နှစ် ထပ်အိမ် နှင့်တူသည်။
ကျွန်တော်က ဒုတိယတန်း ဖြစ်၍ အပေါ်ထပ်မှာနေရသည်။ အတန်း ငယ်ကလေးများကို
အောက်ထပ်မှာထား၏။ ကျောင်းအုပ်ဆရာကြီးကား အသက် ၅၀ ကျော်၊ ကတုံးပြောင်ပြောင်
နှုတ်ခမ်း မွေးဖြူဖြူ နှင့်ဖြစ်သည်။
ထိုစဉ်က နိုင်ငံခြား
စစ်တပ်များရှိသေး၍ စီးကရက်ဘူးမျိုးစုံ တွေ့ရသည်။ ဂိုးလ် ဖလိတ်၊ ရွက်လှေ၊
ကပ်စတန် စသည့် နာမည်မျိုးစုံနှင့်ဖြစ်သည်။ ထိုစီးကရက်ဘူးများကိုဖြတ်၍
ကျွန်တော်တို့ ကားထပ်တန်း ကစားကြသည်။ အတန်းထဲမှာ ကစားနေကြစဉ်
ဆရာကြီးမိသွား၍ ကြိမ်လုံးနှင့် အရိုက်ခံရဖူးလေသည်။
ကျွန်တော်တို့
အိမ်နှင့် ကျောင်းသည် အတန်ငယ်ဝေးသော်လည်း ကားစီး၍မရ၊ လမ်းလျှောက်ရလေသည်။
နေပူပူ မိုးရွာရွာ ကျွန်တော်တို့ ကျောင်းသားတစ်စု သွားအတူ လာအတူဖြစ်ကြသည်။
မိုးရွာ လျှင်လမ်းလျှောက် ရတာ ပို၍ပျော်ကြ၏။
တစ်နေ့တွင်
ကျွန်တော်တို့ ညနေ ကျောင်းအလွှတ်၊ မိုးကလေး နည်းနည်း ရွာနေသောအချိန်။
ကျွန်တော်တို့ လမ်းက လေးသို့အ၀င်၌ ကျယ်ဝန်းသော ကွက်လပ်တစ်ခုရှိသည်။
မြက်ခင်းလေးဖြစ်နေသည်။ ထိုနေရာတွင် လူစုလူဝေးတစ်ခုကို တွေ့ရသည်။
ထိုင်သူများကထိုင်နေကြပြီး အချို့က ရပ်နေကြသည်။ သူတို့ရှေ့တွင် မော်
တော်ကားတစ်စီးရှိသည်။ လူတစ်ယောက် သည် စက်ဖုံးပေါ်ကရပ်ပြီး စကားပြော
တရားဟောနေ၏။
သူက အသားညိုညို၊ ပိန်ပိန်ပါးပါး ပင်ဖြစ်၍ စစ်ဝတ်စုံကို
ပိုသီဖတ်သီဝတ်စား ၏။ ဒေါနှင့်မောနှင့် စိတ်လိုက်မာန် ပါပြော နေသဖြင့်
ကျွန်တော်တို့ စိတ်ဝင်စားစွာ ရပ်ကြည့်ကြသည်။ စကားပြောနေသော လူကြီးအနားမှာ
စစ် ၀တ်စုံနှင့် လူငယ်လူ ရွယ်အချို့ ရှိနေကြသည်။ သူတို့သည်
လက်ခုပ်တီးသည့်အခါ တီးကြသည်။
ကားပေါ်မှရပ်၍ပြောနေသော လူကြီး ၏
စကားများ၌ ညီညွတ်ကြမှ၊ အလုပ်လုပ် ကြမှဟူသော စကားလုံးများ ပါသည်။ သူ
စကားပြောတာ မြန်၍ တစ်ခါတစ်ခါ မကြားလိုက်သလိုရှိသည်။ သို့သော် လမ်းပေါ်တွင်
စုဝေးနေ ကြသူအားလုံးသည် သူပြောသမျှကို စိတ်ဝင်တစား ရှိနေကြလေသည်။
““အင်း …ဗိုလ်ချုပ်အောင်ဆန်းကတော့ တော်ပါပေ့ဗျာ။ တိုင်းပြည်အတွက် မနားမနေ
အလုပ်လုပ် နေတယ်”” ဟူ၍ ကျွန်တော့်ဘေးမှ ဦးထုပ်ဆောင်းထားသော လူကြီးပြောသံ
ကြားလိုက်ရ၏။ အလုပ် သမားကြီး တစ်ဦးနှင့် တူ၏။
ကျွန်တော်တို့
အိမ်ပြန်ရောက်သော အခါ အိမ်ရှေ့တွင်ထိုင်၍ သတင်းစာဖတ် နေသော အဖေ့အား
““ဗိုလ်ချုပ် အောင်ဆန်း တရားဟောနေတာ တွေ့ခဲ့ရတယ်ဗျ””ဟု ပြောပြကြသည်။
အဖေက ““မင်းတို့ ကံကောင်းတယ်။ အဖေ ဗိုလ်ချုပ်ကို တစ်ခါမှ
မတွေ့ဖူးသေးဘူး””ဟု ပြောလေသည်။ ကျွန်တော်တို့ သည် ဗိုလ်ချုပ်အောင်ဆန်းကို
တွေ့ခဲ့ရသဖြင့် ဆုလာဘ်ကြီးတစ်ခု ရသလိုပျော် ရွှင်နေကြ လေသည်။
ကျွန်တော်တို့ ပျော်ရွှင်ကြည်နူးမှုသည် မမျှော်လင့်ဘဲ ဆုံးရှုံးခဲ့ရမှုနှင့်
ရင်ဆိုင်ရလေသည်။ နောက်နေ့များတွင် ကျွန်တော်တို့သည် ကျောင်းသွားကျောင်းပြန်
ဗိုလ်ချုပ်ကို တွေ့ရဦးမလားဟု မျှော်လင့်ကြသည်။ မတွေ့ရပေ။ နေ့တွေလတွေ
အတော်ပြောင်းခဲ့လေပြီ။
တစ်နေ့တွင်တော့ နေ့လယ် ၁၂ နာရီ ခန့်။
ကျွန်တော်တို့အတန်းထဲမှာ စာကူးနေကြစဉ် ဆရာကြီးဝင်လာသည်။
““ကျောင်းလွှတ်လိုက်တယ်။ မင်းတို့အိမ် ကောင်းကောင်းပြန်ကြ””ဟုဆိုသည်။
ကျောင်းလွှတ်ပြီဆို၍ ပျော်သွားကြ သည်။ ဟေးခနဲ အော်လိုက်ကြ၏။
မိုးကလေးတဖွဲဖွဲမှာ ကျွန်တော်တို့ ကျောင်း ဆင်းလာကြသည်။ လမ်းပေါ်မှာ
ယခင်ကလို ကားတွေ များများစားစား မတွေ့ရ။ လူကြီးအချို့ ခပ်သုတ်သုတ်
လျှောက်သွား ကြသည်ကို တွေ့ရ၏။
ကျွန်တော်တို့ကား ကျောင်းစောစော
လွှတ်သဖြင့် အိမ်သို့ ဖြည်းဖြည်းသည် လျှောက်ပြန်ကြ၏။ လမ်းဘေး မှာတွေ့ သော
ရေအိုင်၊ ရေဗွက်ထဲ ဆင်းသည်။ ဘောလုံးကန်ချင်စိတ်တွေ ပေါက်လာသော် လည်း
ဘောလုံးက မပါ။ အိမ်ကိုရောက် တော့မှဆော့ကြမည် စိတ်ကူးလာကြသည်။
ကျွန်တော်နေထိုင်ရာ နတ်စင်လမ်းကလေး မှာလည်း တိတ်ဆိတ်နေ၏။ ပန်းပုရုံ
ကလေးများမှ ထုသံဖြတ်သံများပင် မကြားရ။ ဘယ်လိုကြောင့်ပါလိမ့်။
ကျွန်တော်အိမ်သို့ ရောက်သောအခါ အဖေသည် အလုပ်မှ စောစီးစွာပြန်ရောက်
နေပုံရသည်။ သူသည် ရွှေတောင်တန်းရှိ ပန်းထိမ်ဖို၌ နေ့စဉ်အလုပ်ဆင်းသည်။ သည်နေ့
နေမကောင်းလို့လားဟု ထင်ပါ သည်။ အဖေသည် စိတ်မကောင်းဟန်ဖြင့်
ကျွန်တော်တို့ရှေ့ လာရပ်နေသည်။
““သားတို့ မင်းတို့တလောက တွေ့ခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ဘူး။ လူသတ်သမားတွေ ပစ်သတ် သွားလို့
သေပြီတဲ့””။ အဖေက ဆို့ဆို့နင့်နင့် ပြော၏။
ကျွန်တော်တို့သည် ဘာမှ
နားမလည်သလိုဖြင့် ၀မ်းနည်းစွာ ခံစားလိုက်မိ သည်။ ““တို့တွေ့ခဲ့ဖူးတဲ့
ဗိုလ်ချုပ် အောင်ဆန်း သေပြီတဲ့””ဟု တီးတိုးအသံ ထွက်မိလေ၏။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment