Saturday, May 2, 2015

တပ်မတော်နှင့် ကချင်တပ်မတော် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းလေ့လာရန် အစိုးရဘက်မှ ခွင့်ပြုချက်မရသေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့် ဒေသနှင့် တနိုင်းဒေသ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစိုးရဘက်မှ ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း KIO နှင့် ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ PCG က ပြောသည်။

“မရသေးဘူး။ စောင့်နေတယ်။ ကျနော်တို့ ကေအိုင်အိုအဖွဲ့က စောင့်နေတုန်းပဲ။ ဘာဖြစ်လို့ ကြာလဲ မသိဘူး။ PCG အဖွဲ့က မေးနေတယ်။ သူတို့ အဆက်အသွယ်လုပ်နေတယ်။ မေးမြန်းနေပါတယ်”ဟု မြစ်ကြီးနားမြို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါး က ပြောသည်။

ရခိုင်အရေးဟာ မြန်မာ့အရေးသာမက ကမ္ဘာ့အရေး ဖြစ်လာပြီလို့ ပြောလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေးအခြေအနေများ၊ ဝှိုက်ကဒ် ကိုင်ဆောင်သူများ အရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ် အလားအလာများ၊ ရွေးကောက်ပွဲကာလ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဒုတိယပိုင်းအဖြစ် ဆက်လက် ဖေါ်ပြခြင်းဖြစ်သည်။ ပထမပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများ အခြေအနေကို တင်ပြပြီးဖြစ်သည်။

ဤတွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အမေရိကန်ခရီးစဉ်မှ အပြန် ရန်ကုန်မြို့တွင် မဇ္ဈိမ သတင်းထောက် ကေဇူးက တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် ပတ်သက်ဆောင်ရွက် လုပ်ဆောင်ရသော ကိစ္စများတွင် မအောင်မြင်ကြောင်း နိုင်/ကျဉ်းဟောင်းများ အဖွဲ့ပြော

 ရန်ကုန်၊ ဧပြီ ၂၉

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ မူဝါဒများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရနှင့် ပတ်သက် လုပ်ဆောင်နေသော ကိစ္စရပ်များ၌ မအောင်မြင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဦးဘမျိုးသိန်းက ဧပြီ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရနှင့် ပူးတွဲ ဆောင်ရွက်ရသော နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရေး ကဲ့သို့သော ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကဲ့သို့သော ကိစ္စများတွင် အောင်မြင်အောင် ဆောင် ရွက်နိုင်ခဲ့ခြင်း မရှိ သောကြောင့် ယခုကဲ့သို့ ဝေဖန်ပြောကြားခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများ တိုးချဲ့ဖွင့်လှစ်ရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်

 ရန်ကုန်၊ ဧပြီ ၂၉
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ရှေ့ပြေး စီမံကိန်း မှ လေ့လာ တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြကာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧပြီလ ၂၇ ရက် နံနက် ၁၀ နာရီ၊ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် တရား ဥပဒေ စိုးမိုးရေး ဗဟိုဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ယင်းကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာစိုးရင်က ဧပြီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မေဒေးနေ့တွင် အခြေခံလစာ တရက် ၅၆၀၀ရရေး ဆန္ဒပြတောင်ဆို

အလုပ်သမားအရေးမဖြေရှင်းနိုင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပြင် နိုင်ငံ့စီးပွားရေးပါထိခိုက်နိုင်ဟု သမ္မတပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ မေလ ၁ရက်တွင် ကျရောက်သည့် (၁၂၅) နှစ်မြောက် အလုပ်သမားနေ့တွင် အခြေခံလုပ်ခလစာ တစ်ရက် ၅၆၀၀ ရရှိရေးအတွက် အလုပ်သမား ၂၀၀ခန့်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံလူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို လူ ၂၀၀၀ ဖြင့် ပြရန် စီစဉ်ခဲ့ပြီး လူ ၅၀၀သာ ခွင့်ပြုမိန့် ကျခဲ့သည်ဟု Gallant osean အအေးခန်းစက်ရုံ မှ အလုပ်သမားခေါင်းဆောင် မလှလှက မဇ္ဈိမကို ပြောသည်။

'ဝ' ပြည်နယ် သတ်မှတ်နိုင်ရန် တိုင်းရင်းသားများထောက်ခံဖို့ ပေါက်ယိုချမ်းပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ 'ဝ' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ် သလို ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့်လည်း ထောက်ခံပေးရန် 'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက ပြောဆိုလိုက်သည်။

Shan-State-Army-soldiers-EPA

Friday, May 1, 2015

ကျောင်းသားခေါင်းဆောင်အချို့ လွတ်မြောက်နေဆဲဖြစ်၍ မပိုပို အမှုရက်ချိန်းပြောင်း

ရန်ကုန်၊ ဧပြီ ၂၅

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်မှုအတွက် မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေး (လှည်းတန်း) လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသူ မပိုပို (ခ)ရတနာဆုပိုပိုင်နှင့် ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်မြို့နယ် တရားရုံး၌ ဧပြီ ၂၄ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရာတွင် ၎င်းတို့နှင့်အတူ တရားစွဲဆို ခံထားရသော ကျောင်းသားခေါင်းဆောင်အချို့ လွတ်မြောက် နေ ဆဲဖြစ်၍ အမှုစစ်ဆေးမှုကို ဆိုင်းငံ့ကာ ရုံးချိန်ပြောင်းလဲ ချိန်းဆိုခဲ့ကြောင်း ကျောင်းသားအရေး လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧပြီ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

Sky Net in house channels သတင်းမှားယွင်းမှု လျော်ကြေး တောင်း ခံခြင်းအပေါ် ညှိနှိုင်းမှုမရှိက တရားဥပဒေအရ ဆောင်ရွက်မည်

 ရန်ကုန်၊ ဧပြီ ၂၅

Sky Net in house channels မှ ရွှေစင်စင်္ကြာယာဉ်လိုင်းသတင်း မှားယွင်းဖော်ပြမှု အပေါ် လျော်ကြေး တောင်း ခံသည့်ကာလ ရက်တိုးမြှင့် ထားသော်လည်း တာဝန်ရှိသူ တစ်ဦးတစ်ယောက်မျှ လာရောက်ညှိနှိုင်းမှု မပြုလုပ်ပါက တရားဥပဒေအရသာ ဆောင်ရွက်သွားမည်ဟု ဧပြီလ ၂၇ ရက်တွင် ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်၏ တရားလွှတ်တော်ရှေ့နေ ဦးနေလက မြန်မာသံတော်ဆင့် သို့ ပြောသည်။

Sky Net in house channels နှင့် Myanmar National TV (mntv) ရုပ်သံလိုင်းမှ ရွှေစင်္ကြာယာဉ်နှင့် မန်းရာဇာဘတ်(စ်)ကားကြီး ၂ စီး ယာဉ်မတော်တဆ သတင်းအား ထုတ်လွှင့်ခဲ့ရာတွင် ရွှေစင်စင်္ကြာဟု မှားယွင်း ဖော်ပြခဲ့သည့်အပြင် ထိုသို့ထုတ်လွှင့်နေစဉ် ရွှေစင်စင်္ကြာကုမ္ပဏီမှ မှားယွင်းကြောင်း

၁၆ အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် ရဲဝန်ထမ်းနှစ်ဦးအား အမှုဖွင့်ဖမ်းဆီး

 ရန်ကုန်၊ ဧပြီ ၂၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် ဧပြီလ ၂၀ ရက်တွင် တွန်းဇံမြို့နယ် မြို့မရဲစခန်း၌ ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း တွန်းဇံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ဧပြီလ ၂၈ ရက်တွင် မြန်မာသံတော် ဆင့်သို့ အတည်ပြု ပြောကြားသည်။

အမှုဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် မ —- ကို ဧပြီလ ၁၁ ရက် ညပိုင်းတွင် တွန်းဇံမြို့မ ရဲစခန်းအတွင်း နေ ထိုင်သော အစ်မ နေမကောင်း ဖြစ်နေခြင်းကြောင့် ပြုစုပေးရန် လူလိုသည့်အတွက် ခဲအိုဖြစ်သူ တပ်ကြပ် ဇေယျာ ထက်က ပြစ်မှုကျူးလွန်သူဟု စွပ်စွဲအရေးယူ ခံထားရသူ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရက္ခိုင့်တပ်မတော်ကို ဘာပြောသလဲ

(မဇ္ဈိမနှင့် အသေးစိတ် တွေ့ဆုံမေးမြန်းချက်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ရခိုင်ပြည်နယ်တွင်း အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်နေသည့် တိုက်ပွဲများ အခြေအနေတို့ကို ရန်ကုန်မြို့တွင် မဇ္ဈိမ သတင်းထောက် ကေဇူးက တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ ဤအပိုင်းတွင် ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်နေသည့် တိုက်ပွဲများ၊ ဒုက္ခသည်များ အခြေအနေဆိုင်ရာ မေးမြန်းချက်များကို ဖေါ်ပြပေးလိုက်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး အခြေအနေများ၊ ဝှိုက်ကတ် ကိုင်ဆောင်သူများအရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ် အလားအလာများကို ဒုတိယပိုင်းအဖြစ် ဆက်လက် ဖေါ်ပြပါမည်။

၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်၍ အထက်တန်း အခမဲ့ပညာရေးသို့ ပြောင်းလဲသတ်မှတ်

 ရန်ကုန်၊ ဧပြီ ၂၈

၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးစိုးဝင်း က ဧပြီ ၂၈ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်နှစ်များက မူလတန်းနှင့် အလယ်တန်းသာ အခမဲ့ပညာရေး စနစ်ဖြစ်ပြီး ယခုအခါ အထက်တန်းအဆင့် ကိုပါ အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ လိုက်သည့်အတွက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်ပွဲများရှိနေသေးသရွေ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းသည် စက္ကူပေါ်ကစာသာ ဖြစ်လိမ့်မည်ဟု ဝ စစ်သေနာပတိချုပ် သတိပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးပွဲတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် စစ်သေနာပတိချုပ် ဦးပေါက်ယိုချမ်းက ကြိုဆိုနှုတ်ဆက်စကားပြောရာတွင် "လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံး စစ်ရပ်စဲရေး အကောင်အထည်ဖေါ်ရာတွင် များပြားလှသော မသေချာ မရောမှုများနှင့် တိုက်ပွဲများရှိနေဆဲဖြစ်သည်။ စစ်ပွဲ မရပ်နိုင်သေးသမျှကာလတွင် တစ်နိုင်ငံလုံး စစ်ရပ်စဲရေး စာချုပ်သည် စက္ကူပေါ်က စာများသာ ဖြစ်ပါသည်။" ဟု ပြောသွားသည်။

Myanmar York Fashion အထည်ချုပ်ဆန္ဒပြမူ ၄ ရက်မြောက်နေ့ တွင် ပြေလည်မှု ရရှိ

ရန်ကုန်၊ ဧပြီ(၂၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မူဇုန်၊ အပိုင်း၎ ကျန်စစ်သားလမ်းရှိ Myanmar York Fashion အထည်ချုပ်စက်ရုံက အလုပ်သမားများက သင်္ကြန်တွင်း အလုပ်ပိတ်ရက်တွင် လုပ်အားခ မပေးခြင်းနှင့် ခွင့် ရက်များအတွက် လုပ်အားခ ဖြတ်တောက်မှုများ ပြုလုပ်နေခြင်းအပေါ် ဧပြီ၂၃ ရက်က စတင်ဆန္ဒပြရာ ၄ ရက် မြောက်နေ့တွင် ပြေလည်မှုရရှိခဲ့ကြောင်း စက်ရုံ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မမြင့်မြင့်ခိုင်က ဧပြီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

Myanmar York Fashion အထည်ချုပ် စက်ရုံပိုင်ရှင်က ပြီးခဲ့သည့် သင်္ကြန်ကာလ အလုပ်ပိတ် ရက်များအတွက် လစာ ဖြတ်တောက် မည် ဖြစ်ကြောင်း၊ ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးခွင့်များနှင့် အခြား ထောက်ပံ့ကြေး များကိုပါ ဖြတ် တောက်မည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်က

မန္တလေးစည်ပင်ရွေးကောက်ပွဲအတွက် မဲစာရင်းပိတ်ချိန်တွင် မဲဆန္ဒရှင် နှစ်သောင်းကျော်ခန့် မဲပေးခွင့်မရရှိ

 ရန်ကုန်၊ ဧပြီ ၃၀

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် စည်ပင်သာယာ ကိုယ်စား လှယ်ရွေးကောက်ပွဲကို မေလ ၃ရက်တွင် ပြုလုပ် မည်ဖြစ်ရာ မန္တလေးစည်ပင် သာယာရေး ကိုယ်စားလှယ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများ စာရင်းကို ပိတ် လိုက်ပြီ ဖြစ်သည့်အတွက် မဲပေးခွင့်ရှိသည့် အိမ်ထောင်စုပေါင်း တစ်သိန်းနှစ် သောင်းကျော် အနက် နှစ်ေ သာင်း ကျော်မှာ မဲပေးခွင့်ရှိတော့မည် မဟုတ်ကြောင်း စည်ပင်ရွေးကောက် ပွဲကော်မရှင်၏ မဲပေးခွင့်ရှိသူများ စာရင်းများတွင် ဖော်ပြပါရှိသည်။

စည်ပင်ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရာတွင် အိမ်ထောင်စု ဇယားတစ်ခုလျှင် အိမ်ထောင် ဦးစီးသို့မဟုတ် အသက် ၁၈နှစ် ပြည့်ပြီးသူတစ်ဦးက မဲပေးခွင့်ရှိ ကြောင်းသတ်မှတ်ထားပြီး လက်ရှိ

ဘုရားကျောင်းပိုင်မြေတွင် တိုင်းအစိုးရခွင့်ပြုထားသော Green Delta ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ကိုင်နေမှုအား တားဆီးပေးရန် စာတင်ထား

 ပုသိမ်၊ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၄)ရပ်ကွက်၊ မြေနုလမ်းနှင့် ကုန်သည်လမ်းထောင့် ရှိမြေနေရာ၌ ၂၀၁၁ခုနှစ်က မီးလောင်ကျွမ်း ခဲ့ပြီးနောက် ပြည်ထဲ ရေး ၀န်ကြီးဌာနက ပြည်သူပိုင်မြေအဖြစ် သိမ်းဆည်းထား ခဲ့ခြင်းကို ၂၀၁၅ခုနှစ် မတ်လ (၂၀)ရက်တွင် ပြန်လည် ပယ်ဖျက်ပေးလိုက်သော် လည်းယင်းမြေနေရာကို ဧရာတိုင်း အစိုးရက Green Delta ဆောက်လုပ်ရေးကုမ္ပဏီအား ဆက်လက်လုပ် ကိုင်ခွင့်ပေး ထားခြင်းကို တားဆီးရန် တိုင်းအစိုးရထံ အသိပေးအကြောင်းကြား စာပေးပို့ထားကြောင်း သန်ဒါယူဒါပါနီနာ ဘုရားကျောင်း ဂေါပက အဖွဲ့တာဝန်ခံ ဦးသောင်းညွန့်က ဧပြီ ၂၉ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များတွေ့ဆုံ

 ရန်ကုန်၊ ဧပြီ ၃၀

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်/တိုင်းမှ NLD အလုပ်အမှုဆောင်အဖွဲ့တို့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ဧပြီလ ၂၉ရက်မှ မေလ ၇ရက်အထိ တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၃၀ရက် တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

ဧပြီလ ၂၉ ရက် မနက်တွင် ဧရာဝတီတိုင်းဒေသကြီး အလုပ် အမှု ဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ညနေတွင် မွန်ပြည်နယ် အလုပ်အမှုဆောင်များ၊ ဧပြီ ၃၀ရက်နံနက်တွင် မန္တလေးတိုင်း အလုပ်မှုဆောင်များ၊ ညနေတွင်

ရန်ကုန် အိမ်ခြံမြေဈေးကွက်ကို အမီလိုက်လာတဲ့ ကလေးမြို့ အိမ်ခြံမြေဈေးကွက်နှင့် မူးယစ် ငွေမည်း

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ၂၀၁၂ ခုနှစ် ကတည်းစ၍ မြေကွက် အကျယ်အ၀န်းကို လိုက်ပြီး မူလပေါက်ဈေး ထက် မြင့်မားစွာ ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအ၀ယ်များ ဖြစ်ပေါ် လျက်ရှိကြောင်း ကလေးမြို့ခံများ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကလေးမြို့၏ အဓိက ဗဟိုချက်ကျသည့် မြို့လမ်းမဖြစ်သော ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ အလျား ၁ ပေ အနံ ၈၀ လျှင်(ဒေသအသုံးအရ စတုရန်းပေဖြင့် မတွက်ချက်ပေ) ယခင်က ကျပ် ၁၀ သိန်းဝန်းကျင်သာ ဈေး ရှိ ရာမှ ယခုအခါ ကျပ်သိန်း ၇၀ အထိ ဈေးပေါက်လျက်ရှိသည်။ ယင်းဈေးနှုန်းများမှာ လမ်းနှင့် ရပ်ကွက်အ လိုက် နေရာအနေအထားအရ မြေဈေးနှုန်း အနည်းငယ်သာ ပြောင်း လဲသည်။ အထူးသဖြင့် ကလေးမြို့ အနောက် ဘက်ခြမ်းရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာမူ စတုရန်းပေဖြင့်

မန္တလေးကမ်းနား ကျူးကျော်နေထိုင်သူများအတွက် အငှားအိမ်ရာ စတင်တည်ဆောက်

ရန်ကုန်၊ ဧပြီ (၂၉)

မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနား တစ်လျှောက်ရှိ ရတနာပုံ ဆိပ်ကမ်းမှစတင်၍ ၁၂ လမ်းထိပ်ရှိ ကျွဲစွန်း ဆိပ်ကမ်း အထိ နေထိုင်နေကြသော ကျူးကျော်အိမ်များအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အိမ်ရာတည်ဆောက်ကာ ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးတင့်လွင်က ဧပြီ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအိမ်ရာတည်ဆောက်မှုကို အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေး၌ ဧပြီလဆန်းတွင် စတင် တည်ဆောက်နေပြီဖြစ်ကာ အခန်း ၇၂ခန်းပါဝင်သည့် ၁၂ ခန်းတွဲ ၆ထပ် အလုံး ၂၀ တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းအခန်း အရေအတွက် ၁၄၄၀ ပါဝင်သည်။

မေဒေးနေ့ ဆန္ဒပြမည့် အလုပ်သမားများ မြို့နယ်သုံးခုတွင် ခွင့်ပြုမိန့်မရဘဲ ဗိုလ်စိန်မှန်ကွင်းတွင်သာခွင့်ပြု

ရန်ကုန (မဇ္ဈိမ) ။ ။ မေဒေးနေ့တွင် အလုပ်သမားများ မြို့နယ်သုံးမြို့နယ်ကို ဖြတ်၍ ဆန္ဒပြတောင်းဆိုရန် ခွင့်ပြုမိန့် တင်သော်လည်း ခွင့်မပြုဘဲ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း ဆန္ဒပြခွင့်ပြုခဲ့သည်ဟု Gallant osean အအေးခန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် မလှလှက မဇ္ဈိမကိုပြောသည်။

"ကျွန်မတို့က ဥပဒေနဲ့ အညီတင်တယ်။ တင်တဲ့အတိုင်းခွင့်ပြုမိန့်မရဘူး။ ဟောပြောခွင့်မပါဘူးဟု"ဟု ၎င်းကပြောသည်။

ဆန္ဒပြခွင့်ကို လှိုင်သာယာမြို့နယ်၊ မရမ်းကုန်မြို့နယ်၊ ကမာရွတ်မြို့နယ်များတွင် အလုပ်သမားအင်းအား နှစ်ထောင်ဖြင့် စီတန်းလှည့်လည်ရန် သက်ဆိုင်ရာ ရဲစခန်းများကို ဧပြီ ၂၅ရက်က တင်ခဲ့သော်လည်း ဗိုလ်စိန်မှန်ကွင်း တစ်နေရာတွင်သာ ခွင့်ပြုခဲ့သလို လူအင်အားကိုလည်း ၅၀၀သာ ခွင့်ပြုခဲ့သည်။

သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်အား အနားယူခွင့်ပြု

နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်အား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု ဧပြီလ ၃၀ ရက်စွဲဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏၂၀၁၁ခုနှစ်၊ ဧပြီလ ၁၉ ရက်စွဲပါ အမိန့်ကြော်ညာစာအမှတ် (၁/၂၀၁၁)ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော ဒေါက်တာနေဇင်လတ်အား တာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း   ဖော်ပြထားသော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Tuesday, April 28, 2015

ကသာရဲစခန်းပေါ်၌ ရဟန်းတစ်ပါးမှ ရဲအရာရှိတစ်ဦးအား လက်သီးဖြင့်ထိုးကြိတ်.....(ဟာဂျူလီ-ကသာ)

၂၅၊၄၊၂၀၁၅ရက်နေ့ နံနက်(၁၀)နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မ ရဲစခန်းပေါ်တွင် ဦးပဉ္ဖင်းတစ်ပါးအား ကိုယ်ထိလက်ရောက်စော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒုရဲအုပ်တစ်ယောက်အား
ရဟန်းတစ်ပါးမှ လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြောင်း သိရှိရပါသည်၊ ထိုဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ အထက်လူကြီးများ မသိရှိနိုင်စေရန် သတင်းအုပ်ထားခဲ့သော်လည်း ကျွန်တော်တို့မီဒီယာအဖွဲ့မှ
သိရှိရ၍ ထိုရဟန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်၊ထိုသို့ ထိုးကြိတ်ခဲ့သည့် ရဟန်းဘွဲ့အမည်မှာ ဦးစန္ဒာဝရ(ခ) ဦးပဉ္ဖင်းကုလားဖြစ်ပြီး လေးထပ်ကျောင်း၏ ခန်းနေ ဦးပဉ္ဖင်းတစ်ပါးလည်း ဖြစ်ပါသည်၊
ဦးစန္ဒာဝရ(ခ) ဦးပဉ္ဖင်းကုလားမှာ ၈၈အရေးအခင်းကာလက ကသာမြို့နယ် သပိတ်ကော်မီတီဥက္ကဌဖြစ်ခဲ့ပြီး ယခုအချိန်ထိလည်း မတရားမှုများကို လိုက်ပါကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်၊

Monday, April 27, 2015

၁၉၉၀ ရွေးကောက်ပွဲ ငွေရတု နှစ်ပတ်လည် ကျင်းပမည်

နေပြည်တော် (မဇ္ဈိမ) ။ ။ ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ငွေရတု(၂၅ နှစ်ပြည့်) အခမ်းအနားကို ရန်ကုန်မြို့တွင် လာမည့် မေလ ၂၇ ရက်တွင်ကျင်းပမည်ဟု ဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူများက ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်၊ ဟင်္သမြို့နယ်၊ မဲဆန္ဒနယ် ၂ မှ အနိုင်ရအင်န်အယ်လ်ဒီကိုယ်စားလှယ် ဒေါက်တာဇော်မြင့်က "ရန်ကုန်မြို့၊ မာလာဆောင်ရှေ့က ယုဒသန်ခန်းမမှာ ကျင်းပဖို့စီစဉ်ထားပါတယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

"ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟုဒေါ်အောင်ဆန်းစုကြည်ပြော

ကော့မှူး၊ ဧပြီ ၂၇။       ။ မဲဆန္ဒနယ် တူနေသည့် အာဏာ ရပါတီမှ အမျိုးသား လွှတ်တော် အမတ်ဖြစ်သောဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ ကူညီပံ့ပိုးသမျှ အားလုံးကိုယူပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို သာ မဲပေးရန် NLD၏ ဥက္ကဋ္ဌဖြစ်သူ အတိုက်အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ကကော့မှူးဒေသခံ များကိုပြောဆို လိုက်သည်။

Daw-Su-Cast-Muu-10
ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အေင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒရှင်ပြည်သူ များနှင့် ဧပြီ ၂၇ရက်က သွားရောက် တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို အပြစ်မတင်ရန် ကုလသမဂ္ဂကို အိန္ဒိယတိုက်တွန်း

ဧပြီ ၂၇။       ။ အိန္ဒိယနိုင်ငံ ကမြန်မာနိုင်ငံ သည်ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေ ၍မြင့်တင်ပေး ရာရောက် ရန်မြန်မာနိုင်ငံ၏ လူအခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီးနှစ်စဉ်ထုံးစံလို ဆုံးဖြတ်ချက်မှတ်နေခြင်းကို ရုတ်သိမ်းရန်ကုလသမဂ္ဂအား အိန္ဒိယ လွှတ်တော်အမတ်က တိုက်တွန်း လိုက်ကြောင်း အိန္ဒိယဒေါ့ကွန်းတွင် ဧပြီ ၂၆ ရက် ကဖော်ပြသည်။

h 51727441

မသန်စွမ်း အမျိုးသမီးများ အတွက်ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်း ပထမ အကြိမ်ဖွင့်မည်

ရန်ကုန်၊ ဧပြီ ၂၇။    ။ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ ကိုခေါင်းဆောင် မှုစွမ်းရည်မြှင့် တင်ရေးနှင့်ရွေးကောက် ပွဲဆိုင်ရာ အခမဲ့ အသိ ပညာပေး ဒီပလိုမာလက်မှတ်ရ သင်တန်းတွင် မသန်စွမ်းအမျိုးသမီးများ ပါဝင်သင်ကြားနိုင်ရေး အထူးစီစဉ်ကာ လျှောက်လွှာခေါ်ယူလျက်ရှိသည်ဟု ယင်းသင် တန်းဖွင့်လှစ် သည့်ရောင်ခြည် သစ်ရုံးမှ တာဝန်ရှိ သူတစ်ဦးဖြစ် သည့်ဒေါ်ယမင်း သူဇာခိုင် ကပြောသည်။
su-pone-chit

တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းရန် အမေရိကန်တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်  Arakan Army တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကို ရည်ညွှန်းလျက် တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် အရပ်သားများ၏ လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန်လည်း အမေရိကန်သံရုံးက တောင်းဆိုသည်။

စစ်ဘေး ဒဏ်သင့်ပြည်သူများသည် အမေရိကန် သံရုံး ဆိုသကဲ့သို့ အကူအညီများ များစွာ လိုအပ်နေသည်ဟု ရခိုင်ဒုက္ခသည်များကို အကူအညီပေးနေသူ ကိုဇော်ဝင်းက ပြောသည်။

အလုပ်သမား ဝန်းကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကို သူရဦးရွှေမန်းထံ တိုင်တန်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများခံနေရပြီး မြန်မာအလုပ်သမား ဝန်ကြီးဌာနကလည်း အကူအညီမပေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း လျစ်လျူရှုထားကြောင်း လွှတ်တော်နာယက ဦးရွှေမန်းထံသို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ဧပြီလ ၂၅ ရက်တွင် တိုင်တန်းစာ ပေးပို့လိုက်သည်။

Worker-5

ဝယ်သူ မရှိသလောက်ဖြစ်နေ၍ အိမ်ခြံမြေလုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်နေ

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုနှစ် အိမ်ခြံမြေလုပ်ငန်း၌ ရောင်းသူသာရှိနေပြီး ဝယ်ယူသူ မရှိသလောက် ဖြစ်နေပြီး ရပ်တန့်လုနီးပါး ဖြစ်နေပြီဟု ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းများနှင့် အရောင်းကိုယ်စာလှယ်များက ပြောသည်။

Building-2

အာဆီယံ ထိပ်သီးအစည်း အဝေးတွင် အငြင်းပွားတောင်တရုတ် ပင်လယ်အရေး ကြီးစိုး

၂၆ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ကို မလေးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများဖြင့် နံနက်ပိုင်းတွင် စတင်ကျင်းပ လိုက် ရာ အငြင်းပွားတောင်တရုတ် ပင်လယ်အရေးက ကြီးစိုးသွား ခဲ့သည်။

h 51906441

တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းရန် အမေရိကန်တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်  Arakan Army တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကို ရည်ညွှန်းလျက် တိုက်ပွဲများနှင့် ရန်လိုမှုများ ရပ်ဆိုင်းကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

AA

မြန်မာ အခြေစိုက် စစ်သွေးကြွများ အိန္ဒိယ အရှေ့မြောက်ပိုင်းကို ခြိမ်းခြောက်ဟုဆို

မြန်မာနိုင်ငံနယ်စပ်တွင် အခြေစိုက်ကာ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စစ်ဆင်ရေး လုပ်ဆောင်နေသည့် လက်နက်ကိုင်များသည် တစ်အုပ်စုတည်း ပေါင်းစည်းရန် ကြိုးပမ်းလျက်ရှိနေရာ အိန္ဒိယ အုပ်ချုပ်ရေးအတွက် ခြိမ်းခြောက်မှု အသစ်များဖြစ်နေကြောင်း သည်တိုင်းမ်စ်အော့ဖ်အိန္ဒိယတွင် ဧပြီ ၂၅ ရက်က ဖော်ပြသည်။

NCSC

"ဝ" ဒေသ ဆွေးနွေးပွဲသို့ ဖိတ်ကြားထာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့

"ဝ" ပြည် သွေးစည်းညီညွတ်ရေး ပါတီ။ (UWSP) က ၎င်းတို့၏ ပန်ဆန်းဌာနချုပ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ကိုဖိတ်ကြားကာ  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း၊ ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့်  ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း ကိစ္စများကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်အထိ ဆွေးနွေးမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် UWSP က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် လူငယ်သတင်းစာ ဆရာများသို့ ဂုဏ်ပြုစကား

ကျွန်တော်က လွန်ခဲ့တဲ့၁၉၄၉မှာ အသက်၂၀ မပြည့်သေးတဲ့အချိန်၊ အဲဒီအချိန်ကာလမှာ သံတော်ဆင့် သတင်းစာဆိုတာ ရှိခဲ့ပါတယ်။ အဲဒီသံတော်ဆင့် သတင်းစာမှာ ကျွန်တော် အလုပ်သင် သတင်းထောက်၊ အလုပ်သင် အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးပါတယ်။

… ဒီနေ့ခေတ်ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေ အများကြီး ပေါ်ထွက် လာတယ်။ အဲဒီသတင်းစာ၊ ဂျာနယ်တွေမှာ လုပ်ကိုင်နေတဲ့ လူငယ် သတင်းစာ ဆရာတွေလည်း အများကြီး ပေါ်ထွက်လာတယ်။ တကယ်ပြောရရင် ကျွန်တော် သတင်းစာလောကရဲ့၊ စာပေလောကရဲ့ အကောင်းဆုံး အချိန်ဟာ ဒီအချိန်လို့ ကျွန်တော် ပြောချင်ပါတယ်။

သစ်တောအရာရှိကို အုပ်စုဖွဲ့ရိုက်နှက်သူများအား တရားစွဲဆိုရန် စတင်လုပ်ဆောင်နေပြီ

နေပြည်တော် (မဇ္ဈိမ)။ ။ ပဲခူးမြို့နယ်ရှိ စစ်ပင်ဆိတ်ကျေးရွာတွင် သစ်ခိုးထုတ်သောကားဖြင့် သစ်ခိုးထုတ်ဟန် အယောင်ဆောင်ကာ လိုက်လံဖမ်းဆီးခဲ့သည့် သစ်တောအရာရှိ အပါအဝင် ဝန်ထမ်းများကို အုပ်စုဖွဲ့ဓားဖြင့်ခုတ်ကာ ရိုက်နှက်ခဲ့သည့် အဖွဲ့ကို တရားစွဲဆိုရန် ဆောင်ရွက်လျှက်ရှိသည်ဟု သစ်တော စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးပြည်စုံမျိုးက ပြောသည်။

“သစ်ခိုးထုတ်တဲ့ကားနဲ့ အရောင်ပြတယ်။ အဲဒါကို သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဝန်ထမ်းတွေက မသင်္ကာလို့ လိုက်ဖမ်းတယ်။ ရွာထိပ်ရောက်တော့ အုပ်စုဖွဲ့လိုက် ထွက်လာပြီး ရိုက်တယ်။ ဓားနဲ့ခုတ်တယ်။ ခု ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေရတယ်” ဟု ညွှန်ကြားရေးမှူး ဦးပြည်စုံမျိုးက ပြောသည်။

ပန်ဆန်းတွေ့ဆုံပွဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ဆွေးနွေးမည်ဟု RCSS/SSA ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များ တိုးတက်ရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စများကို အဓိကထား ဆွေးနွေးသွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။

"အဓိကတော့ ငြိမ်းချမ်းရေး၊ အမျိုးပြန်လည် သင့်မြတ်ရေးကိစ္စရပ်အပေါ်။ နောက်ပြီးတော့ UPWC နဲ့ NCCT ဆွေးနွေးပြီးတော့ NCA မူကြမ်းကို လက်မှတ် ရေးထိုးပြီးတဲ့အကြောင်း အများကြီးသဘောထားတွေ သိရှိအောင် သွားပြီး ဆွေးနွေးပွဲ တက်ရောက်တာ ဖြစ်ပါတယ်" ဟု  ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ရှင်တို့ကရဲတွေကိုး … ရှင်တို့ကရဲတွေကိုး … – မောင်ချစ် (သူရဲသမိန်)

 ပြည်သူ့ရဲများခမျာ အဓိကကျသောအလုပ်ကို မလုပ်ရဘဲ စွမ်းရည်ညံ့သော လမ်းညွှန်သူများ၏ တလွဲလမ်းညွှန် အမိန့်ပေးမှုကို ခံပြီး ဆောင်ရွက်နေ ရခြင်းကြောင့် ခုတော့ ပြည်သူများ၏ မျက်စိစပါးမွေးစူးခံနေရခြင်းသာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ လတ်တလော ရင်ဆိုင်နေ ရသော ပြဿနာများစွာကိုကြည့်ပြီး စိတ်မေ ကာင်း ဖြစ်ရသောကြောင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်သည်။ ကျောင်းသားအရေး၊ လယ်သမား အရေး၊ အလုပ် သမားအရေးနှင့် လက်ပံတောင်းတောင် အရေးအခင်းများတွင် ပြည်သူ့ရဲတပ်ဖွဲ့တစ်ခုလုံးမှာ ပင်ပန်းဆင်း ရဲစွာ တာဝန်ထမ်းဆောင် နေရပါလျက်ခုတော့ အုတ်ညပ်၍ ပြည်သူအများ၏ အမုန်းတီးဆုံးအဆင့် သို့ ရောက်ရှိ သွား ခဲ့ပါပြီ။

Sunday, April 26, 2015

နီပေါတွင် နောက်ဆက်တွဲ အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်

ယခုအချိန်အထိ လူပေါင်း ၂၂၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံများကို ပြားပြားဝပ်သွေားစေခဲ့သည့် အစောပိုင်းရက်က ကပ်ဘေးသင့် အတိုင်းအတာဖြင့် ငလျင်ကြီးလှုပ်ခတ်အပြီး အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် ဟိမ၀န္တာနိုင်ငံ နီပေါတွင် ဧပြီ ၂၆ရက်၌ အင်အားပြင်းသည့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်ဟုဆိုသည်။

Nepal-pho
(ဓာတ်ပုံ-အီးပီအေ)

တရုတ်နိုင်ငံ အဂတိလိုက်စားမှုကို သမ္မတက ဖော်ထုတ်နေသည် သို့သော် … – ဘုန်းမြင့်ဆွေ

တရုတ်အစိုးရ အာဏာပိုင်များနှင့် အစိုးရတာဝန်ရှိသူများ ယင်းတို့ပိုင်ဥစ္စာပစ္စည်းများကို လူသိရှင်ကြား တရားဝင် ဖော်ထုတ်ပြသရေးပင် ဖြစ်သည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ပိုင်နက်နေရာ စပရက်တလီကျွန်းစုအတွင်းရှိ ဒေသများကို တရုတ်က ယင်းတို့ ပိုင်ဆိုင်ကြောင်း ပြသနေသည့် လုပ်ရပ်များက အာရှပစိဖိတ်ဒေသတစ်ဝိုက် စိုးရိမ်မှုများ ကို မြင့်တက်စေခဲ့သည်။ တရုတ်က တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာပြော

လူမှုကွန်ရက်တွေပေါ်မှာ လုံခြုံအောင် ဘယ်လိုနေမလဲ

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေကို အသုံးပြုမှုက အလွန် မြင့်တက်လာနေပါတယ်။ ကောင်းတဲ့ အချက်တွေရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိနေတာပါပဲ။ လူမှုကွန်ရက်တွေကို လုံးဝ မစွန့်ခွာနိုင်ရင်တော့ ဘယ်လိုလုံခြုံအောင် နေကြမလဲဆိုတာ စဉ်းစားဖို့ ရှိပါတယ်။

Facebook-1

သတင်းစာဆရာကြီး လူထုဦးလှအား ဖမ်းဆီးချုပ်နှောင်ထားမှုနှင့် စပ်လျဉ်း၍ သတင်းစာဆရာကြီး ရွှေဥဒေါင်း၏ ရင်ဖွင့်သံ – လှမြင့် (ရန်ကုန်တက္ကသိုလ်)

အစိုးရ၏အားနည်းချက်များကို ထောက်ပြ ဖော်ထုတ်ဝေဖန်ရေးသားခဲ့သော လူထုသတင်းစာ (မန္တလေး)အား အတိုက်အခံ သတင်းစာအဖြစ် သတ်မှတ်ခဲ့သည်။ သတင်းတစ်ကြောင်း မှားယွင်းမှုကို ပွင့်လင်းစွာ တောင်းပန်ခဲ့ သော်လည်း အာဃာတထား၍ လူထုသတင်းစာ တာဝန်ခံ ဦးလှအား ဖမ်းဆီးချုပ်နှောင်အရေးယူခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာစာပေလောကတွင် သတင်းစာ ဆရာကြီးအဖြစ်လည်းကောင်း၊ စာရေးဆရာကြီးအဖြစ်လည်းကောင်း အထူးထင်ရှား လူသိများသော ဆရာကြီးရွှေဥဒေါင်း (ဦးဖေသိန်း၊ ခရစ်နှစ် ၁၈၈၉-၁၉၇၃ခုနှစ်)သည်

“ပြဿနာများတဲ့ မီဒီယာလောက”

Written by  စည်သူအောင်မြင့် 

 ကိုမျိုးသန့်ရေ - သင်္ကြန်တစ်နှစ်လည်း ပြီးခဲ့ပြန်ပြီနော်။ အခု ဧပြီလကတော့ ကျွန်တော်တို့ သတင်းမီဒီယာ လောကအတွက် ပြဿနာ အတော်များတဲ့ လလို့ ပြောရမယ် ထင်ပါတယ်။ အငြင်းပွားစရာ ကိစ္စတွေ အများကြီး ထွက်ပေါ်လာတာ တွေ့ရလို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဒီလို ပြဿနာတွေ ထွက်ပေါ်လာတာကို ကောင်းတယ်လို့ပဲ ယူဆပါတယ်။ ပြဿနာရှိလာမှ ပြဿနာတွေကို လူတွေမြင်လာကြမယ်၊ ဝေဖန်ဆွေးနွေးကြမယ်၊ သင်ခန်းစာယူကြမယ်၊ ပြီးရင် ကောင်းအောင် ကြိုးစားလာကြမယ် ဆိုရင်ပေါ့။

သက်လုံကောင်းဖို့သည်သာ အဓိက

ယခုတလော တောရွာကျေးလက်တချို့တွင် စုံးနတ် ကဝေနှင့် အခြား အစွန်းရောက်သော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အပြုအမူများ ယခင်ကထက် ပိုမိုများပြားလာနေသည်ကို တွေ့နေရပါသည်။

ကျေးလက်အချို့တွင် နတ်ဆရာများ၊ နတ်ထိန်းများ၊ ပယောဂဆရာများသည် သြဇာရှိသော ရပ်မိရပ်ဖ နေရာမျိုး အထိ ရောက်ရှိလာကြကာ သူ့နယ်ပယ်ဆိုင်ရာ ကိုးကွယ်ပသမှုကိစ္စများကို စည်းကြပ်လျက် နေ့စဉ် ရက်ဆက် ဆိုင်ရာဆိုင်ရာ  ပူဇော်ပသမှုပွဲများ ခြိမ့်ခြိမ့်သဲသဲပင် ကျင်းပလာနေကြသည်ကို တွေ့လာရပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသွားမည်

မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးသို့ ဧပြီ ၂၇ရက် နေ့လည်တွင် သွားရောက်မည် ဖြစ်သည်။

၎င်းက ကော့မှူးမြို့နယ်အဖွဲ့ချုပ်ရုံးတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ ကော့မှူးသို့ ရန်ကုန်မှ ဧပြီ ၂၇ရက် နေ့လည် ၁နာရီတွင် သွားရောက်ကာ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ကချင်တွင် ၂၀၁၅ အတွင်း မူးယစ်ဆေး ပပျောက်ရန် ကြိုးပမ်းမည်ဟု မြစ်ကြီးနား မူးယစ် တိုက်ဖျက်ကော်မတီဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ (Kachin Anti Drug Day) ၁ နှစ်ပြည့်အဖြစ် ကချင်ပြည်နယ်အတွင်း ပြည်သူများက ဧပြီ ၂၅ ရက်တွင် ဆန္ဒထုတ်ဖော်ပွဲကို မြစ်ကြီးနားမြို့ နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။

Kachin-Youth

ရွှေရည်စိမ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး – ကျော်ကျော်မင်း

 အနိမ့်ဆုံးအခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကိုပင် အစိုးရနှင့် လွှတ်တော်တို့က ပျက်ကွက်နေ သည့် ကာလတွင် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး စီမံကိန်းဆိုသည်မှာ ရွေးကောက်ပွဲမ၀င်ခင် မဲဆွယ် စည်းရုံးနိုင်ရုံမျှ ပြောသည့် ဟန်ပြအိပ်မက်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာမြောက် စက္ကူဖြူစီမံကိန်းကြီးကို ကိုင်ကာ မိန့်ခွန်းခြွေခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အပြောအဟောများတွင် ဆင်းရဲသား၊ အခြေခံလူတန်းစား ပြည်သူအများစု မျှော်လင့်ချက်များ လင်းလက်လာသယောင် ရှိခဲ့သော်လည်း သက်တမ်းကုန်ဆုံးလုနီးပါး အချိန်တွင် မျှော်လင့်ချက်တို့ကား သဲထဲ ရေသွန်သည်ကဲ့သို့သာ အငွေ့ပျံ ပျောက် ကွယ်သွားချေပြီ။

ရပ်ကွက်ကော်မရှင်များ ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ပြောကြားချက်များနှင့် လွဲချော်နေ – ပေးစာ

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ရှိစေရန် ဥပဒေကို နားလည်အောင် ကြိုးစားကြဖို့၊ ဥပဒကို လေးစား လိုက်နာကြဖို့ တွေ့ဆုံပွဲ တွင် ပြောကြားပါသည်။ သို့သော် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၇၁ ရပ်ကွက်တွင် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲအား ဖွဲ့စည်းရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက်နှင့် လွဲချော်နေပါကြောင်း တင်ပြ လိုက်ပါသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၇၁ ရပ်ကွက်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ““ရပ်မိရပ်ဖ ကြီးကြပ်ရေးမှူး ရွေးချယ် ရာ၌ရပ်ရွာအတွင်း၌ ရပ်မိရပ်ဖ အရည်အချင်း ပြည့်စုံသူဟု ယုံကြည်

နေပြည်တော်တွင် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်း စကောက်ပြီ

နေပြည်တော် (မဇ္ဈိမ) ။ ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများအတွက် မဲစာရင်းများ နေပြည်တော်ကောင်စီနယ်မြေတွင် ကောက်ယူနေပြီး မတ်လ ၂၆ ရက်တွင် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်းများကို စတင်ကောက်ယူမည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

h 50285417 copy
ပုံစာ- ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မဲဆန္ဒရှင်အချို့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကြည့်ရှုနေစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ကို ထိခိုက်နိုင်မည်မဟုတ်ဟု ရခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်ပြော

ရန်ကုန်၊ ဧပြီ ၂၅။        ။ အစိုးရတပ်နှင့် ရခိုင့် တပ်မတော် (AA)တို့ တိုက်ပွဲ များဖြစ်ပွား ခဲ့သော်လည်း ထိုတိုက်ပွဲ များကြောင့် အပစ်ရပ် စာချုပ် လက်မှတ်ရေး ထိုးခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်နိုင်မည်မဟုတ်ဟု ရခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က မဇ္ဈိမကိုပြောသည်။

"NCCT နဲ့ UPWC တို့ ဆွေးနွေးနေတဲ့ အချိန်မှာ လည်း ဒီထက်ဆိုးရွားတဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ AA နဲ့ တိုက်ပွဲဖြစ် တဲ့အတွက် အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မှာမဟုတ်ပါဘူး" ဟု ဗိုလ်မှူးကြီးညိုထွန်းအောင်ကဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အစိုးရတပ်နှင့် ရခိုင့်တပ်မတော်တို့ ဧပြီလ ၂၁၊၂၂၊ ၂၃ ရက်များတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပေါ်ခဲ့သည်။

မူဆယ်မြို့ရှိ မြဝတီဘဏ် သေနတ်ဖြင့် ချောင်းပစ်ခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ မူဆယ်မြို့အစွန်ရှိ မြဝတီဘဏ်ကို ဧပြီ ၂၅ရက်၊ နံနက် ၄နာရီအချိန်တွင် လူနှစ်ဦးက သေနတ်ဖြင့် အချက်ပေါင်း ၄၀ကျော် ပစ်ခတ်သွားသည်ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအုပ်အောင်လင်းထွန်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

" အခု လက်ရှိအနေအထားကတော့ ကျွန်တော်တို့ လုံခြုံရေးတွေဘာတွေ ယူထားရတယ်။ အလစ်ငိုက် ချောင်းပစ်သွားတဲ့သဘောပါ။ လူနှစ်ယောက်ပေါ့။ ပစ်တဲ့အသံကြားတာနဲ့ ကျွန်တော်တို့ ပိုက်စိပ်တိုက် ရှာပါတယ်။ နှစ်ဦးဆိုတာက ဘဏ်ကိုစောင့်တဲ့ လုံခြုံရေးက ပြောတာပါ" ဟု ရဲအုပ်အောင်လင်းထွန်းက ဧပြီလ ၂၅ရက်၊ ညနေပိုင်းတွင် ပြောသည်။

ယာဉ်နှစ်စီးတိုက်မိမှု မြန်မာ့ရုပ်မြင်သံကြားကို ရွှေစင်စင်္ကြာ မမှန် စွပ်စွဲဟု တုန့်ပြန်

ရန်ကုန်၊ ဧပြီ ၂၅

ယာဉ်နှစ်စီးတိုက်မိမှုအတွက် မှားယွင်းထုတ်လွှင့်ခဲ့သည်ဆိုကာ ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်မှ နစ်နာကြေး တောင်းဆိုမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ရှင်းလင်းရာတွင် "မမှန်မကန် စွပ်စွဲ ပြောဆိုမှု" ဟု ဏပြီလ ၂၅ ရက် ရက်စွဲဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်က နေပြည်တော်အမြန်လမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုကို MRTV News Channel , MRTV Entertainment Channel, တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း NRC တို့တွင် လုံးဝဖေါ်ပြထုတ်လွှင့် ခဲ့ခြင်းမရှိဟု ငြင်းဆိုထားသည်။

ဦးနေဝင်း၏ ဇနီးဟောင်းအကြောင်း စာအုပ်ပါ အချက်များ မှန်ကန်မှုမရှိကြောင်း ကန့်ကွက်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်း၏ ဇနီးဟောင်း ဒေါ်ရတနာနတ်မယ်(ခ) Rose Balleryme အကြောင်း ရေးသားသည့် 'ရတနာနတ်မယ်၊ သို့မဟုတ် တစ်ခါတုန်းက သမ္မတကတော်' စာအုပ်ပါ အချက်များ မှန်ကန်မှု မရှိကြောင်း ယာယကံရှင်က ကန့်ကွက်သည်ဟု ဒေါ်ရတနာနတ်မယ်၏ တူတော်စပ်သူ ၁၉၉၀ ပြည်သူ့လွှတ်တော်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးပီတာလင်းပင်က ဧပြီ ၂၅ ရက်က ရှင်းလင်းပြောပြသည်။

Yadanar Natmal

မြန်မာ့သစ်လုပ်ငန်းပြည်ပ အရောင်းဌာနမှ ကျွန်းနှင့်သစ်မာ တန်ချိန်၁၅၀၀၀ကျော် ထုတ်ရောင်းမည်

ရန်ကုန်၊ဧပြီ ၂၅။      ။ ပြည်တွင်း၊ ပြည်ပ သစ်ချောထည်လုပ်ငန်းများ၏ သစ်ကုန်ကြမ်းလိုအပ်ချက်အရ ကျွန်းသစ်လုံးနှင့် သစ်မာ တန်ချိန် တစ်သောင်း ငါးကျော်ရောင်း ချပေးမည် ဟုမြန်မာ့ သစ်လုပ်ငန်း၊ပြည်ပရောင်း ၀ယ်ရေးနှင့် သစ်စက်ဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

“ပြည်ပအရောင်း ဆိုပေမယ့်ပြည်တွင်းလုပ်ငန်း ရှင်တွေလည်း တင်ဒါဝင်ဆွဲလို့ ရပါတယ်၊ပြည်ပ လုပ်ငန်းတွေကို ရည်ရွယ်တဲ့ အတွက်တော့ဒေါ်လာငွေကြေးနဲ့ပဲ အဓိကရောင်းချပေးမှာပါ၊ သစ်မျိုးစုံပါတယ်” ၄င်းကပြောသည်။

ယခုတင်ဒါတွင်ကျွန်းသစ်လုံး ၁၆၅၀တန်၊ကျွန်းခွဲသား(ဓါးရွှေ) ၃၈၆ တန်၊ ပိတောက်နှင့် တန်မလန်းသစ်လုံး ၃၀၀ တန်၊ ပျဉ်းကတိုး၊ အင်ကညင်၊ သစ်ယာ၊ သင်း ၀င်း၊ အင်ကြင်း၊ နော်၊ သရက်၊ စစ် အစရှိသောသစ်မာ

ရွေးကောက်ပွဲအောင်နိုင်ရေးအစည်းအဝေး ယခုလ ၂၇ရက်တွင် ကျင်းပမည်ဟု NDF ထုတ်ပြန်

ရန်ကုန်(မဇ္ဈိမ)။      ။ ၂၀၁၅ အထွေထွေရွေးကောက် ပွဲအတွက် ဗဟိုရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယခုလ ၂၇ရက်တွင် ကျင်းပပြုလုပ် သွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)က သတင်းထုတ်ပြန် လိုက်သည်။

NDF-PRESS-RELEASE-19-2015-cec-meeting
(ဓာတ်ပုံ - NDF)

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဒုတိယအကြိမ် တွေ့ဆုံရန်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၂၃

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယအကြိမ် ထပ်မံပြုလုပ်ရန် ရှိသည်ဟု ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ် ခဲ့သော ဗဟိုကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဧပြီ ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းကို ““အစည်းအဝေးမှာ ဒုတိယအကြိမ်ရှိတယ်လို့ ပြောသွားတာ။ ဘယ်နေ့ ဘယ်လ ဆိုတာမပါဘူး။ တခြား အသေးစိတ်လည်း မပြောသွားပါဘူး””ဟုဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဧပြီလ ၁၀

နီပေါတွင် ၇ဒဿမ၉ပြင်းအားရှိ ငလျင်လှုပ်ခတ်၊ လူ ၁၅၀ကျော်သေဆုံး CNN

ခတ္တမန္ဒူ၊ ဧပြီ ၂၅

နီပေါနိုင်ငံမြို့တော်၊ ခတ္တမန္ဒူမှ မိုင် ၅၀ ထက်ပိုမဝေးသော နေရာကိုဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်က နီပေါကိုလှုပ်ခတ်စေခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS) ကဧပြီ ၂၅တွင်ပြောကြားခဲ့သည်။ ငလျင်ကြောင့် မြို့တော်တွင် လူသေဆုံးမှုများနှင့် သမိုင်းဝင်အဆောက်အဦပြိုလဲမှုများရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ငလျင်ကြောင့် ခတ္တမန္ဒူတွင် လူ ၁၅၀ ကျော် သေဆုံးခဲ့သည်ဟု နီပေါပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ငလျင်ကြောင့် ဆေးရုံတစ်ခုတွင် အလောင်းငါးလောင်းမြင်ခဲ့သည်ဟု ကိုယ်တိုင်ဒဏ်ရာရှိခဲ့သည့် စီအင်အင်မှ မစ္စတာ မာနက်ရှ်ရှရက်သာက ပြောသည်။ ဒဏ်ရာပြင်းထန်သော လူများကို ပြင်ပတွင်သာ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပွဲသတင်းတွင် ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့် ဓာတ်ပုံဖော်ပြခြင်း အတွက်

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပွဲသတင်းတွင် ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့် ဓာတ်ပုံဖော်ပြခြင်း အတွက် The Voice သတင်းစာ တရားဝင်တောင်းပန်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မတ်လ ၁၁ ရက်ထုတ် The Voice Daily သတင်းစာ၌ ““ရိုက်နှက် ဖမ်းဆီးမှုကြောင့် အခြေမလှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း””၊ ““ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလွှားခဲ့ရသည့် သပိတ်မှောက် ကျောင်းသား များနှင့် ၀န်းရံသူများ”” စသည်ဖြင့် ဓာတ်ပုံပုံစာများ ရေးထိုးဖော်ပြခဲ့ခြင်း အပေါ် သတင်းစာကျင့်ဝတ်နှင့် မညီကြောင်း ဝေဖန်ခံခဲ့ရ …

ရွေးကောက်ပွဲအလွန် တည်ငြိမ်ရေးအတွက် တင်ကြိုညှိနှိုင်း၊ ကမ်းလက်များနဲ့ အပေးအယူလုပ်ပါ – လင်းထိုက်(Y.I.T)

ကြံ့ခိုင်ရေးပါတီရဲ့စစ်ကူ … ရွေးကောက်ပွဲကော်မရှင် ရှိတယ်။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိတယ်။ နောက်ပေါ်လာမယ့် စစ်ကူပါတီကြီး တစ်ခုကလည်း ငွေကြေး ပုံအောပြီး ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၀၀ ကျော်ဝင်ပြိုင်မယ် … အရင် အစိုးရ လက်ထက်ဗိုလ်ချုပ်ဟောင်းတွေကို အခြေတည်ပြီး ဖွဲ့စည်းမယ်လို့ဆိုတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်သစ်ကားကူးပြီ။ အာဏာပိုင်များ သတ်မှတ်ချက်အရ ဆိုရင် ရွေးကောက်ပွဲကြီး ကျင်းပဖို့က ၆ လသာ လိုတော့ တယ်။ မြန်မာ့နိုင်ငံရေး အနာဂတ်ကတော့ မှုန်မှိုင်းမှိုင်း မြူခိုးတွေကြား လူတွေ၊ မူတွေ စုပြုံတိုးဝှေ့နေပုံနဲ့ တူနေတော့တယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီကြီးက ကိုယ်စားလှယ်လောင်း