Saturday, October 11, 2014

အောက်တိုဘာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မသေချာ

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် မသေချာတော့ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့သည် စက်တင်ဘာ ၂၂ မှ ၂၆ ရက်ထိ တွေ့ဆုံဆွေးနွေးပြီး အောက်တိုဘာလတွင် ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် သဘောတူ ခဲ့ကြသည်။

‘‘အဓိကကတော့ ကျန်တဲ့ အဖွဲ့အစည်းတွေမှာ ပြင်ဆင်မှု တွေလုပ်ဖို့ရှိလို့ဆိုတော့ အောက် တိုဘာထဲဖြစ်ဖို့က နည်းနည်းခက် တဲ့ သဘောရှိတယ်’’ဟု NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းက ပြောသည်။
သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအနေဖြင့် ယခင် သဘောတူထားသည့်အတိုင်း အောက်တိုဘာအတွင်း ဆွေးနွေးပွဲပြုလုပ်နိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ဆွေးနွေးပွဲပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ဝင်များ သီးသန့်အစည်းအဝေးအား အောက်တိုဘာ ၃ ရက်မှ ၅ ရက်ထိ ကျင်းပခဲ့သည်။
NCCT နှင့် UPWC တို့ (၆) ကြိမ်မြောက် ဆွေးနွေးပွဲပြီးသည့် နေ့မှစ၍ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့ကြား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း SSPP/ SSA တပ်ဖွဲ့ တို့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
Credit - 7DAY DAILY

No comments:

Post a Comment