ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပြည်သာ စက်မှုဇုံအတွင်းရှိ
အီလန်မြန်မာစက်ရုံရှေ့တွင် စက်ရုံသုံးရုံးပေါင်း အလုပ်သမား ၁၀၀၀ ကျော်
ဖေဖော်ဝါရီ ၂၀ ရက်က ထိုင်သပိတ် စခန်းဖွင့်လှစ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင်
ရဲကား ၁၃ က ဝိုင်းရံကာ အလုပ်သမား ၁၀၀ ဝန်းကျင်ကို ၁၂၄ လိုင်းကားဖြင့်
ရဲများက ခေါ်ဆောင်သွား သည်ဟု အီလန် မြန်မာ စက်ရုံမှ အလုပ်သမား
မသိမ့်မိုးလွင်က မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာမြို့နယ်တွင်းရှိ
စက်ရုံ ၃ ရုံက အနိမ်းဆုံး လုပ်ခလစာအတွက် အင်းစိန်မြို့နယ်ရှိ
မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အလုပ်သမား
ကိုယ်စားလှယ် အယောက် ၃၀ နှင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးအဖွဲ
ရန်ကုန်တိုင်း ဝန်ကြီး ဦးမြင့်ဆွေတို့ ညှိနှိုင်းဆွေးနွေးစဉ်။ (ဓာတ်ပုံ -
သက်ကို၊ မဇ္ဈိမ)