Saturday, August 9, 2014

GSM ဖုန်းများ အကြောင်းမဲ့ ပိတ်ခံရမှုများ ရှိနေပြီး ပိတ်ခံရသည့် ဖုန်းအများစုသည် အော်ရီဒူးဖုန်ကဒ် ထည့်သုံးလိုက်သည့် ဖုန်းများ ဖြစ်နေ

မြန်မာ့ဆက်သွယ်ရေးမှေ၇ာင်းချပေးထားသော GSM ဖုန်းအချို့ အကြောင်းမဲ့ လိုင်းပိတ်ခြင်း ခံနေရကြောင်း လိုင်းပိတ်ခံရသည့် GSM ဖုန်းပိုင်ရှင်များက
herjule mediaသို့ လာရောက်ဆက်သွယ်ပြောလျှက် ရှိပါသည်၊
“ ကျွန်တော့် ဖုန်းနံပတ်က ၀၉၄၀၁၅၉၆၃၉၈ ဖြစ်ပါတယ်၊ဒီဖုန်းနဲ့ သက်ဆိုင်တဲ့ စာချုပ်အပါအ၀င် စာရွက်စာတမ်း အပြည့်အစုံ ကျွန်တော့်မှာ ရှိပါတယ်၊
ဇူလိုင်လ၂၉ရက်နေ့က ကျွန်တော်ရန်ကုန်သွားပါတယ်၊ ၃၁ရက်နေ့နေပြည်တော်ဝင်ရင်းနဲ့ အော်ရီဒူး ဖုန်းကဒ်တစ်ကဒ် ၀ယ်ပြီး ၃ရက်နေ့မှာ ပြောင်းသုံးခဲ့ပါတယ်၊
သြဂုတ်က (၅)ရက်နေ့ မန္တလေး ပြန်ရောက်တော့ အရင် MPT ဖုန်းကဒ်ပြောင်းထည့်တော့

သြဂုတ် ၁ဝရက် ( Supermoon Day )တွင် ဆူနာမီဖြစ်ပြီး ဆိုးရွားစွာရေကြီးမည် ဆိုသည့်သတင်းကြောင့် ရန်ကုန်နှင့် ကမ်းရိုးတန်းဒေသအချို့တွင် ဒေသ အာဏာပိုင်များက သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်နေ

ရန်ကုန်၊

လနှင့် ကမ္ဘာ အနီးဆုံးကျရောက်မည့် သြဂုတ်၁ဝ ရက် (Supermoon Day)တွင် ဆူနာမီ ဖြစ်ပေါ်ကာ ဆိုးရွားစွာ ရေကြီးမည် ဆိုသည့် သတင်းကြောင့် မြန်မာနိုင် ငံ ကမ်းရိုးတန်း ဒေသအချို့တွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ က သတိပေးနှိုးဆော်ချက်များ ထုတ် ပြန်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကမ်းနားအနီးရှိ ရပ်ကွက်များတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ အသံချဲ့စက် ဖြင့် နှိုးဆော်ခြင်းများ လုပ်ဆောင် လျက်ရှိနေကာ ယင်း နေရာများတွင် နေထိုင်နေကြသည့် ပြည်သူများမှာ လည်း ရေကြီးလာပါက ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

Update News >>> လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်အတွက် ဝတ်ဖြူစင်ကြယ်ဝတ် အမျိုးသားတစ်ဦးက ရန်ကုန်မြို့တွင်း လေးမြို့နယ်ကို လှည့်လည်၍ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/17868

Credit - 7Day News Journal

ဖုန်းပြောခ ကျပ်သိန်းဂဏန်းအထက် အသုံးပြုသူများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်၁၅ဝဝတန် ဆင်းမ်ကတ်သုံးကတ် ဝယ်ယူခွင့်ပေး

ရန်ကုန်၊

-ဖုန်းပြောဆို ခ တစ်လလျှင် ကျပ်သိန်းဂဏန်းနှင့် အထက်အသုံးပြုသူများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅ဝဝတန် ဆင်းမ်ကတ်သုံးကတ်ကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့အသုံးပြုသူများအနေ ဖြင့် WCDMA ဆင်းမ်ကတ်များကို ရရှိနိုင်မည်ဖြစ်ကာ ဖုန်းပြောဆိုခ များစွာသုံးစွဲသည့်သူများကို ဦးစား ပေးဆောင်ရွက်ပေးခြင်းဖြစ်သည် ဟုသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့်

1d34e76 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည်

Friday, August 8, 2014

'၈' လေးလုံး လူထုအရေးတော်ပုံ မှတ်တမ်းဓာတ်ပုံများ (30 Photo)



 Credit - Phyu Phyu (Facebook)

ကောလင်းခမောက်တောင် ဘုရားစိန်ဖူးတော် ခိုးသူ ဖမ်းမိ

ကောလင်းမြို့မှ ဘုရား တစ်ဆူ၏ စိန်ဖူးတော် ၁၀ နှစ် အတွင်း နှစ်ကြိမ်ခိုးခံရပြီး ယခု တစ်ကြိမ် စိန်ဖူးတော်ခိုးသူကို ခိုးရာပါပစ္စည်းများနှင့် အတူ ဖမ်း မိခဲ့ကြောင်း သတင်းရရှိသည်။
 ကောလင်းမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ခမောက်တောင်ဘုရားမှ စိန်ဖူး တော်ပျောက်ဆုံးသော သြဂုတ် ၄ ရက်ညနေက စိန်ဖူးတော်နှင့် ရုပ်ပွားတော်များခိုးသူအဖြစ် မသင်္ကာသူ ရေဦးမြို့နယ်နေ အမျိုးသား တစ်ဦးကို အဆိုပါဘုရားပေါ်၌ပင် ကောလင်းမြို့မရဲစခန်းမှ ရဲများက ဖမ်းမိခဲ့သည်။
အဆိုပါ အမျိုးသားထံမှ ဉာဏ်တော်လေးလက်မခန့်ရှိ ဘုရားစိန်ဖူးတစ်ခု၊ ဉာဏ်တော် သုံးလက်မခန့်ရှိ ဘုရားရုပ်ပွား တော်တစ်ဆူ၊ အမြင့်လေးပေခန့် ရှိ ဓာတ်တော်စေတီတိုက်တစ်ခု၊ ဘိလပ်မြေဖြင့် ပြုလုပ်ထားသော ကျောက်ပုတီးအကြီးစားတစ်လုံး   သိမ်းဆည်းမိခဲ့ကြောင်း သတင်းရရှိသည်။  ကောလင်းမြို့စေတီ တော်၏ ယခင်စိန်ဖူးတော်တစ်ခု မှာလည်း ၂၀၀၃ ခုနှစ်အတွင်းက ပျောက်ဆုံးခဲ့ရာ အထက်ပါ စိန်ဖူး တော်နေရာတွင် စိန်ဖူးတော် အ သစ်တစ်ခုကို ပြန်လည်တပ်ဆင် ခဲ့ကြောင်း ဒုရဲမှူးတစ်ဦးကပြော သည်။
‘‘ပထမစိန်ဖူးတော်က အ စစ်လို့သိရတယ်။ အခုက နောက် ထပ်အသစ်ထပ်တင်ထားတာ။ အဲဒီဘက်မှာ ဘုရားခိုးဂိုဏ်းတွေ ရှိတယ်။ သူတို့က ခိုးလာတဲ့ ဘုရားတွေကို မြ၀တီဘက်ကနေ ထိုင်း နိုင်ငံဘက်ကို လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်းက ခိုးထုတ်နေကြတာ’’ ဟု အဆိုပါဒုရဲမှူးကပြောသည်။

Credit -  7Day Daily

၂၆ နှစ်အကြာက အာဏာရှင် တော်လှန်ရေး

မူရင်း - Eleven Media Group




 

ကမ္ပည်းမော်ကွန်းတင်ကြရမည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ.

မူရင်း - Eleven Media Group



 

“၈”လေးလုံး ပြည်သူ့အရေးတော်ပုံကို ဖြတ်သန်းခဲ့သူတို့ရဲ့ အမှတ်တရ ပြောစကားများ

ကိုမြအေး(၈၈ မျိုးဆက်-ငြိမ်း/ပွင့်)

““၈၈ အရေးတော်ပုံတုန်းက လူ့အခွင့်အရေးပြည့်ဝတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ တောင်းဆိုခဲ့တာတွေက ဒီနေ့အချိန် အထိ မရသေးဘူးဗျ။ ကျွန်တော်တို့အနေ နဲ့ ယူဆထားတာက နိုင်ငံရေးအသွင်ကူး ပြောင်းတဲ့ကာလကို တောင် မရောက်သေးဘူး။ နိုင်ငံရေးဖြေ လျော့တဲ့အဆင့်ပဲ ရှိသေးတယ်လို့ မြင်ပါတယ်။အဲဒါကအရမ်းဝေးသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တောင်းဆို ချက်နဲ့ဆို ဒီလို မျိုးလုပ်ရကိုင်ရရုန်းရကန်ရ ဖြစ်နေတာပေါ့ ဗျာ။ ဒီလိုပဲ ကြိုးစားရဦးမှာ အများကြီးပဲ။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်လိုက်ပါ။ အဲဒီဖွဲ့စည်းပုံက ဒီမိုကရက်တစ်စံနဲ့မကိုက် ပါဘူး။ ဒါ ရှင်းနေပါတယ်””

ကိုထွန်းကြည်(နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့)

““၈၈ ကာလတုန်းက ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မျှော်မှန်းခဲ့တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ကြွေးကြော်သံတွေနဲ့ လှုပ်ရှားခဲ့တာတွေဟာလောလောဆယ်တော့ တပါတီစစ်အာဏာ ရှင်စံနစ် ဗုန်းဗုန်းလဲ သွားတယ်လေ။ အဲဒီ ကာလကနေ ၂၆ နှစ်ပြည့်တဲ့ ကာလ အတွင်းမှာ အသက် ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့လူတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့သော်လည်းကောင်း၊ အဲဒီအချိန်ကာလက ထားရှိခဲ့တဲ့ရည်ရွယ် ချက်တွေ ပြည့်မြောက်ရန်အတွက်သော် လည်းကောင်း၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုက ရက်တစ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာ ဖို့အတွက်ကို ရဟန်ရှင်လူ၊ ကျောင်းသား ပြည်သူ၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျောချင်းကပ်ပြီးတော့ လက်ချင်းယှက်ကြပါစို့လို့ တိုက်တွန်းအကြံ ပြုချင်ပါတယ်””

ကိုမင်းဇေယျ (၈၈ ငြိမ်း/ပွင့်)

အခုဆို ၈၈ အရေးတော်ပုံက ၂၆ နှစ်တာကာလပြည့်ခဲ့ပြီပေါ့။ လွန်ခဲ့တဲ့ ၂၆ နှစ်ကစပြီး စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ အတွက် အသက်၊ သွေး၊ ချွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရတာ အခုထိကို စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဝေးကွာနေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ ဆက် လက်လုပ်စရာတွေ အများကြီးရှိနေသေး တယ်လို့ ယုံကြည်တယ်။ စစ်မှန်တဲ့ဒီမိုက ရေစီရရှိဖို့အတွက် ပြည်သူအားလုံး ပါဝင် သိရှိနိုင်မယ့် နှစ်တနှစ်အဖြစ် ၂၆ နှစ်ပြည့် က ရိုက်သွင်းပေးမယ်။
ဒီမိုကရေစီအပြည့်အ၀ရအောင် တို့ ပြည်သူတွေတရပ်လုံး ပူးပေါင်းပါဝင်ဆက် လက်လုပ်ဆောင်သွားကြရမယ်။ ပြည်သူ ပူးပေါင်းပါဝင်မှုအပြင် ဒီမိုကရေစီဖော် ဆောင်မှုဟာ တပ်မတော်၊ နိုင်ငံဝန်ထမ်း အားလုံးကလည်း ဒီမိုကရေစီဆိုတာ သူတို့ နဲ့လည်း သက်ဆိုင်တယ်ဆိုတာသိရအောင် လုပ်သွားကြရမယ်။ တပ်မတော်လည်း တပ်မတော်ရဲ့ ဂုဏ်သိက်္ခာပြည်သူလည်း ပြည်သူတယောကရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေနိုင်မယ့် နိုင်ငံတနိုင်ငံဖြစ်ဖို့ ဆက်လက် လုပ်ဆောင်သွားကြရပါမယ်။

ဦးအောင်သိန်း(တရားလွှတ်တော် ရှေ့နေ)

၈၈ ကာလအခြေအနေနဲ့ပတ်သက် လို့ပြောရရင် နိုင်ငံရဲ့ အလှည့်အပြောင်း အချိုးအကွေ့ပြည့်ခဲ့တာတော့ အမှန်ပဲ။ ရဟန်းသံဃာ၊ကျောင်းသား၊လူထုအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်ခဲ့ကြတယ်။ ပြောရရင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့တောင် မကွာဘူး။
၈၈ နောက်ပိုင်း ယနေ့အချိန်ထိ တိုင်းပြည်မှာ ပြောင်းလဲတာဆိုလို့ ခေတ် တခုပြောင်းလဲတယ်ဆိုတဲ့ အမည်နာမပဲရှိ တယ်။ တကယ်ပြောင်းလဲပြီလို့ ပြောမရ သေးဘူး။ အရင်စစ်ဘက်က သူတွေက အရပ်ဘက်အုပ်ချုပ်မှုအဖြစ် ပြောင်းတာနဲ့ သိသာတဲ့ အစိုးရပြောင်းလဲမှုလို့ ပြောမရ ဘူး။ ဖားတပိုင်း ငါးတပိုင်းအခြေနေပဲရှိ သေးတယ်။
၈၈ အရေးတော်ပုံကာလလို နောက် ထပ်ဖြစ်ပွားတာမျိုး ရှိမလာအောင်တော့ ဆက်လက်လုပ်ဆောင်သွားရမှာပဲ။ နောက် နောင် သွေးမြေမကျ ပြောင်းလဲမှုနဲ့ စစ်မှန် ပြီး ငြိမ်းချမ်းတဲ့ပြောင်းလဲမှုရရှိဖို့ မျှော်လင့် ပါတယ်။

မစုစုနွေး (မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂ)

““စစ်အာဏာရှင် ကျဆုံးသွားပြီ လားဆိုတော့ လုံးလုံးလျားလျား ကျဆုံး သွားခြင်း မရှိသေးဘူး။ စစ်အာဏာရှင် စံနစ်ဆိုးက အခုအချိန်မှာ သူတို့က ယူနီဖောင်းချွတ် လိုက်တာပဲရှိသေးတယ်။ စစ်အာဏာရှင်ရဲ့ အကျင့်တွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေ အတိုင်း တဖက်လှည့်နဲ့ဆို ဥပဒေကြောင်း အရ သွားပြီးတော့ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲတော့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၆)နှစ်မြောက် နှစ်ပတ် လည်နေ့မှာ အစ်မပြောချင်တာက စစ် အာဏာရှင်စံနစ် ကျဆုံးရေးကို အစ်မတို့ တောင်းဆိုခဲ့တယ်။ ဒီစံနစ်မကျဆုံးသေး ဘူး။ တဖက်လှည့်နဲ့ရှိနေသေးတာ ဆိုတာ ပါပဲ””

ဦးဝင်းချို (လယ်သမားအရေး ဆောင်ရွက်သူ)

““၈၈ ကာလတုန်းက ပြည်သူတွေ တကယ်တောင်းခဲ့တာက တပါတီအာဏာ ရှင်ပြုတ်ကျရေးပါ။ နိုင်ငံရေးသမားတွေ ထပ်တောင်းသွားတာက ပါတီစုံစံနစ်ပါ။ နောက်တခါ ပြည်သူတွေ အဲဒီအချိန်တုန်း က တကယ်တောင်းခဲ့တာက အခွင့်ထူးခံ တွေပပျောက်ဖို့။ အဲဒီတုန်းက အခွင့်ထူးခံ ပပျောက်ဖို့ တောင်းကြတဲ့လူတွေကိုယ်တိုင် အခွင့်ထူးခံဖြစ်နေတာတွေ မြင်နေရတော့ စိတ်မကောင်းပါဘူး။ ၈၈ အရေးတော် ပုံကြီးက သင်ခန်းစာဟာ ကျွန်တော်တို့ ရပ်သင့် တဲ့အချိန်မှာရပ်ဖို့ပဲ။ ကျွန်တော်တို့ ရပ်သင့် တဲ့နေရာမှာမရပ်ခဲ့လို့ တချို့အကြောင်း အရာတွေက တပတ်ပြန်လည်ကုန်တာကို။ နောက်တခုက အဲဒီတုန်းက ခေါင်းဆောင် တွေမရှိခဲ့ဘူး။ ဦးဆောင်သူလည်း မရှိခဲ့ ဘူး။ ရပ်သင့်တဲ့အချိန်မှာလည်း ကျွန်တော် တို့ မရပ်ခဲ့ကြဘူး”” 

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)



 

ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ

ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ကျိုက်က္ကစံဓမ္မပီယသာသနာ့ရိပ်သာတွင်ကျင်းပခဲ့သည်။ဓာတ်ပုံမှတ်တမ်းများအားဖော်ပြလိုက်ပါသည်။
ဓာတ်ပုံ-မြတ်ထွဋ်ကျော်
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

 

၂၆ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား မြို့တော်ခန်းမရှေ့မှာ ပြုလုပ်.

Credit - RFA
 

ကသာခရိုင်ရဲတပ်ဖွဲ့မှူးမှ အချုပ်တရားခံများလျှော့နည်းရေး မြို့နယ်တရားသူကြီးနှင့် ဆွေးနွေး..

၅၊၈၊၁၄ရက်နေ့ (၃)နာရီ(၅၀)အချိန်က ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးစိုးမြင့် သည် အင်းတော်မြို့နယ်မြို့မရဲစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊
ထိုသို့စစ်ဆေးရာတွင် အချုပ်ခန်းအတွင်း အချုပ်တရားခံများ(၅၂)ယောက်ရှိနေသည်ကိုတွေ့ရှိရပြီး အင်းတော်တရားရုံး အချုပ်ဆောင်သို့ ဆက်လက်သွားရောက် စစ်ဆေးရာ
ရုံးထုတ်တရားခံ (၈)ယောက်ကို တွေ့ရပါသည်၊ ထိုသို့ အချုပ်တရားခံ များပြားနေမှုနှင့်ပတ်သက်၍ အင်းတော်မြို့နယ် တရားသူကြီး ဦးစိုးမိုးအောင်နှင့် တွေ့ဆုံခဲ့ပြီး
အမှုများ အမြန်ပြီးပြတ်ရေးအတွက် ဖေါင်းပွနေသော သက်သေများ လျှော့ချရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။အင်းတော်မြို့နယ်တရားသူကြီး
ဦးစိုးမိုးအောင်သည် ဇူလိုင်လအတွင်းကမှ အင်းတော်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် တရားသူကြီးတစ်ဦးဖြစ်ပါသည်။

 (ဟာဂျူလီ-ကသာ)
 
 
 
 

အလက(ခွဲ)ကျောင်းအုပ်ဆရာမကြီးတစ်ဦး အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရ

ကိုတိုးကြီး၊
ကျွန်းလှ၊ သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းကုန်းကျေးရွာနှင့် ချောက်ကြိုးစက်လှေဆိပ်အ ကြားတစ်နေရာတွင် အလက(ခွဲ)ကျောင်းအုပ်ဆရာမတစ်ဦး အလိုမတူဘဲ သားမယားအဖြစ် အချိန်နာရီဝက် ခန့်ကြာ ပြုကျင့်ခံရသည့်အတွက် ကျွန်းလှမြို့မရဲစခန်းက သြဂုတ်လ ၃ ရက်နေ့ည ၁၁ နာရီ၁၅ မိနစ်အချိန် တွင် အမှုဖွင့်အရေးယူလိုက်ရကြောင်း သိရသည်။
အလိုမတူဘဲ သားမယားအဖြစ် အချိန်နာရီဝက်ခန့်ကြာအောင် အဓမ္မပြုကျင့်ခြင်းခံရသည့် အလက(ခွဲ) ကျောင်းအုပ်ဆရာမတစ်ဦးကိုယ်တိုင် ရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၂/၂၀၁၄(ပ) ၆၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုအား ရေးဖွင့်လက်ခံခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာမသည် ကျောင်းထောက်ပံ့ကြေး စီမံချက်ဆိုင်ရာကိစ္စရပ်များကို ကျွန်းလှမြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်ပို့ဆောင်ပြီး ၎င်း၏ နေရပ်သို့အပြန် အကြိုလာသည့် အမည်မသိ စက်လှေ အား လိုက်ပါစီးနင်းခဲ့ရာမှ ထိုကဲသို့ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်သည် (၁၀၃၀ ဒသမ ၉၇၂)စတုရန်းမိုင် ကျယ်ဝန်းပြီး ဇီးဖြူတောင်တန်း၊ အလယ်ရိုးမတောင် တန်းနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ အဆိုပါဒေသသည် မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ် ရေး အဆင်ပြေမှုအလွန်းနည်းပါပြီး ရေတတန်၊ ကုန်းတတန်သွားလာရသော ဒေသဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် မိုးတွင်းကာလတွင် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူသွား ရောက်နိုင်ခြင်းမရှိဘဲ ညအိပ်ညနေခရီးသွားလာကြရသည်။ ထို့ကြောင့် မလိုလားအပ်သော ယင်းကဲသို့ ပြသ နာကိစ္စရပ်များ ဖြစ်ပွားပေါ်ပေါက်ခဲ့ရသည်ဟု ကျွန်းလှမြို့ခံ မြို့မိ၊ မြို့ဖတစ်ဦးက ပြောပြသဖြင့် သိရှိရသည်။


by KoToeChinDween

Thursday, August 7, 2014

၂၆နှစ်ပြည့် ၈၈၈၈နှစ်ပတ်လည် သုံးရောင်ခြယ်အဖွဲ့သားများသမိုင်းမှတ်တိုင်များ...

သမိုင်းတခုရဲ့မှတ်တမ်းတခု ...... ၂၆နှစ်ပြည့် ၈၈၈၈နှစ်ပတ်လည် သုံးရောင်ခြယ်အဖွဲ့သားများသမိုင်းမှတ်တိုင်များ...

Credit - သုံးရောင်ခြယ်များ 

ဖာတာ၊ ထေးတာ ဝါသနာပါတဲ့ ပွေးညှက် ဝန်ကြီးဖြေပါ..

ကလေးတွေ အတွက် ပညာဒါန အခမဲ့ လာရောက် သင်ပေးနေတဲ့ ဆရာကိုမောင်မောင်ဝမ်းကို သြဂုတ်လ ၂ ရက်နေ့ ကတည်းက ဗီဇာသက်တမ်း ကုန်နေလို့ ပြန်ပို့ရတာပါဆိုပြီး ဖာတာ၊ ပိတ်တာဝါသနာ ပါတဲ့ ဟိုပွေးညှက် ဝန်ကြီးက ဖာတယ်။
မြန်မာပြည်ရဲ့ အရှေ့နဲ့ အနောက်က လဝကနဲ့ အကျင့်ပျက် ဝန်ထမ်းတွေ ကောင်းမှုနဲ့ ဗီဇာမပါ၊ ဘာမပါ အစစ်အဆေး၊ အဖမ်းအဆီး မရှိဝင်လာပြီး စာသင်ဖို့ မပြောနဲ့ ရှိသမျှ လက်ဝါးကြီးအုပ် အကုန်ယူတဲ့

Tuesday, August 5, 2014

Ye-U,Reader လေးကို Update လုပ်ပေးကြပါအုံး ခင်ဗျာ။

ရေဦးမြို့၊ နယ်သူ/နယ်သား များ အားလုံး မင်္ဂလာပါ . . .

Ye-U,Reader လေးကို ကဏ္ဍစုံလင်အောင် ပြန်လည်ပြုလုပ်ထားပါတယ်။

Ye-U ကဏ္ဍအနေနဲ့ (၆) ခု

ဘာသာရေး ကဏ္ဍအနေနဲ့ (၃) ခု

သတင်း ကဏ္ဍအနေနဲ့ (၁၇) ခု

နည်းပညာ ကဏ္ဍအနေနဲ့ (၆) ခု

သုတ ၊ ရသ ကဏ္ဍအနေနဲ့ (၁၀) ခု

အားကစား ကဏ္ဍအနေနဲ့ (၇) ခု 

စုစုပေါင်း ကဏ္ဍ (၄၉) ခု ထည့်သွင်းထားပါတယ်။

ကျွန်တော့် ရည်ရွယ်ချက်ကတော့ ရေဦးမြို့အတွက် အမှတ်တရလေး ဖြစ်အောင်ရယ်၊

ကိုယ့်နေရာ ကိုယ်မရှိသူ (ဘဝမေ့နေသူများ)

တိုင်းပြည်နိုင်ငံတွေရဲ့ နယ်နမိတ်တွေဟာ အိမ်တွေ ခြံတွေ ရွာတွေရဲ့ စည်းရိုးတွေလိုပါပဲ။ အမြဲကြည့်နေ၊ ပြုပြင်ထိန်းသိမ်းနေရတာ။ ခြံစည်းရိုးမလုံရင် မလိုလားအပ်တဲ့ ခွေး ကြောင် သူခိုးသူဝှတ်စသည်ဝင်ထွက်ပြီး ကိုယ့်အိမ် ကိုယ့်ရွာကို ဒုက္ခပေးသလို တိုင်းပြည်နယ်နမိတ်တွေမလုံခြုံရင် အိမ်နီးချင်းနိုင်ငံတွေက မခန့်လေးစားနဲ့ ကျူးကျော်ရင် ကိုယ့်နိုင်ငံနဲ့နိုင်ငံသားတွေပဲနစ်နာရမှာ။

Monday, August 4, 2014

ပီအာရ်ကို လွှတ်တော်တွင်အတည်ပြုနိုင်ရန် ဆောင်ရွက်ခြင်း ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များကန့်ကွက်

ပြည်သူလူထုထောက်ခံ သည့် ပါတီအာဏာရယူနိုင်မှုကို ကန့်သတ်ထားနိုင်သည့် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် ကို လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းဆောင်ရွက်မည့်အရေးကို ကန့်ကွက်ကြောင်း ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/17459

Credit - 7Day News Journal

[ Voice of the Day ] The Voice Weekly

[ Voice of the Day ]
လွှတ်တော်ထဲတွင် မဲဆန္ဒရှင်များက ရွေးချယ်ထားခြင်း မရှိသော၊ မဲဆန္ဒနယ်မြေ မရှိသော၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် တင်ပြစရာ မရှိသော၊ အာဏာရှင်ဆန်ဆန် မိမိတို့ ဆုံးဖြတ်ချက်များ မဲအသာ ရရှိရန် အရေအတွက်အားဖြင့် ဖြည့်စွက်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ရှိနေချိန်တွင် ပြည်သူအများစု အားပေးထောက်ခံ ရွေးချယ်မှုသည် ပီအာရ် စနစ်ကြောင့် ထပ်မံဆုံးရှုံးရဦးမည် ဆိုလျှင် ပန္နက်တည်ထားသော ဒီမိုကရေစီ မုခ်ဦးမှာ အခြေမခိုင် ကျောက်စာတိုင်ကဲ့သို့ ပြိုလဲရန်သာ ရှိတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာကျောင်းဆရာသမဂ္ဂ ကမ္ဘာနှင့်ချိတ်ဆက်ရန်လိုပြီ

[ Opinion ]
မြန်မာကျောင်းဆရာသမဂ္ဂ ကမ္ဘာနှင့်ချိတ်ဆက်ရန်လိုပြီ
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နိုင်ငံတကာ ပညာရေးသမဂ္ဂများ အဖွဲ့ချုပ် Education International ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံကြီးကို ကျင်းပခဲ့ပါသည်။ အဆိုပါ ၄ နှစ် တစ်ကြိမ်ညီလာခံသို့ EU ၏ အာရှ-ပစိဖိတ်ဒေသမှ အဖွဲ့ဝင်နိုင်ငံများရှိ ပညာရေးသမဂ္ဂများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၄၀၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။ ၂၀၁၃ နှစ် ညီလာခံအတွက် ခေါင်းစဉ်မှာ -

အ.ထ.က.(၁) (မော်လမြိုင်) မှ အာဏာရှင်ကျောင်းအုပ်ဆရာမကြီး နှင့် အဖိနှိပ်ခံ ဆရာ/ဆရာမများ

အ.ထ.က.(၁) (မော်လမြိုင်) တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်တာဝန်ထမ်းဆောင်နေသော အသက်ကြီးဝါကြီး ဆရာ/ဆရာမများကို အရှက်တကွဲအကျိုးနဲပြီး စိတ်ဒုက္ခရောက်အောင် နှိမ့်ချဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါသည်။ ကျောင်းတွင် အစည်းအဝေး ကျင်းပရာ၌ အစည်းအဝေးခန်းအတွင်း ထိုင်ခုံတစ်ခုတည်းသာ ထားစေ၍ ၄င်းထိုင်ခုံပေါ်တွင် ကျောင်းအုပ်ဖြစ်သူ ဒေါ်မိမိကြည်ကသာ အာဏာရှင်ဆန်ဆန်ထိုင်ပြီး သူ့ထက်အသက်ကြီး/ဝါကြီး ဆရာ/ဆရာမများ အားလုံးကို ကြမ်းပြင်ပေါ်တွင်ထိုင်စေကာ အစည်းအဝေးပြုလုပ်ပါသည်။ ထိုကဲ့သို့ နမ်နှိမ်၍

တစ် နေရာယူ နှစ် အဆင်သင့်



 
 
ပြီးခဲ့သည့် ဇွန်လ  ၁ ရက်၏နံနက်ခင်းမှာ ဖြစ်သည်။ ရာသီဥ တုက သာသာယာယာရှိနေခဲ့ သည်။ ရန်ကုန်တက္ကသိုလ်၏ ၀န်း ကျင်တစ်ဝိုက်မှာ စိန်ပန်းပွင့်ကြွေ များက လေအဝေ့မှာ လွင့်လူးနေ ကြသည်။

Sunday, August 3, 2014

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် (3-8-2014) အာဟာရကုသိုလ်ရှင်

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော်
(3-8-2014) အာဟာရကုသိုလ်ရှင် ဒေါ်အုန်းအုန်း မအိဝင်း မသော် (စည်ပင်ဈေး) ရေဦးမြို့မှ ကုသိုလ်ပြုပါသည်။


Credit - Ashin Vicitta (Facebook)

ပြည်သူ့ပါတီ မဟာဗျူဟာနဲ့ ကြံ့ခိုင်ရေး ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်ပြီ (TV Report)

၂ဝ၁၅ အထွေေ⁠ထွရွေးကောက်ပွဲ အောင်နိုင်ရေးစီမံချက်တွေ အချင်းချင်း အချိတ်အဆက်မိမိ လုပ်ဆောင်ကြဖို့ အာဏာရ ကြံ့ခိုင်ရေးပါတီက သြဂုတ် ၂ရက်နေ့မှာ ရန်ကုန်တိုင်း တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ်မှာ ပြောဆိုခဲ့ပါတယ်။