Friday, October 10, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရန်ကုန်မြစ်အတွင်း တကယ်ရှိ၊ မရှိ ယခုလအတွင်း သုတေသနပြုလုပ်မည်ဟုဆို

- သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။

ရန်ကုန်၊

ဓမ္မစေတီခေါင်းလောင်းကြီး ရန် ကုန်မြစ်အတွင်း တကယ်ရှိမရှိ သိရှိနိုင် ရန်အတွက် သုတေသနလုပ်ငန်းများ ကို ယခုလအတွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း မွန်သမိုင်းသုတေသနအသင်း မှသိရသည်။

အလှူရှင် ဦးဝင်းမြင့် (ရွှေအုန်း ပင်)နှင့် ၄င်းသုတေသနအသင်းတို့ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ် ငန်းများကို ယခုလ ၂၅ရက်တွင်စတင် သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း မှ ဦးနိုင်ရဲဇော်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။


''သုတေသနလုပ်ငန်းဆိုတဲ့နေ ရာမှာ ခေါင်းလောင်းတစ်ကယ်ရှိမရှိ လုပ်မှာမဟုတ်ဘူး။ ခေါင်းလောင်းက တကယ်ရှိခဲ့တာ သေချာတယ်။ ခုလုပ် မယ့် သုတေသနက ခေါင်းလောင်း ဒီ နေရာမှာ ရှိသေးလား၊ အရည်ကြိုပြီး ပင်လယ်ရပ်ခြားကို သယ်သွားတာလား၊ နစ်မြုပ်သွားတယ်ဆိုတာ သေချာလား၊ ပြည်သူတွေကျေနပ်အောင် ခေါင်း လောင်းပါသွားတာကို ရေထဲနစ်မြုပ် သွားတယ်လို့ ပြောတာလား၊ ခေါင်း လောင်းထဲမှာ ရတနာတွေလည်း ပါ တယ်။ ထဲထဲဝင်ဝင် သုတေသနလုပ်မှရ မယ်။ ကျွန်တော်တို့စီမံချက်ကို ၅ရက် နေ့ပွဲမှာတင်ထားပါတယ်။ သုတေသန လုပ်ငန်းတွေကို အောက်တိုဘာ၂၅ရက် နောက်ပိုင်းမှစတင်မယ်ဆိုတာ ဟုတ် ပါတယ်''ဟု ဦးနိုင်ရဲဇော်ကပြောသည်။

ဦးစံလင်း၏ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သူ ဦးဝင်းမြင့် (ရွှေအုန်းပင်)က ''ကျွန်တော်တို့ဓမ္မစေတီခေါင်းလောင်း နဲ့ပတ်သက်လို့ သုတေသနလုပ်ငန်းတွေ လုပ်မယ်။ နေရာအတိအကျသိမှ ဆက် လုပ်မယ်။ လောလောဆယ် ဗုဒ္ဓဂယာ ခရီးစဉ်သွားဖို့ရှိတော့ အောက်တိုဘာ ၂၅ရက် ပြန်လာမှဘဲ သုတေသနလုပ် ငန်းတွေ ဆက်လုပ်မယ်''ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကတော့ ဓမ္မ စေတီခေါင်းလောင်းကြီး တကယ်မရှိ ကြောင်းကို ယဉ်ကျေးမှုဝန်ကြီး ဦးအေး မြင့်ကြူ ကပြောဆိုခဲ့သော်လည်း ယခု အခါ ဝန်ကြီးက ပုဂ္ဂိုလ်ရေးအရ ပြန် လည်တောင်းပန်ခဲ့သည့်အတွက် မွန် သမိုင်းသုတေသနဌာနအနေဖြင့် ကျေ အေးခဲ့သည်။

''ခေါင်းလောင်းနဲ့ပတ်သက်လို့ အဲဒီကိစ္စ မှားသွားပါတယ်လို့ သူ (ယဉ် ကျေးမှုဝန်ကြီး)က တရားဝင်ပြန်တောင်း ပန်တယ်။ သူက မှန်နန်းရာဇဝင်ကိုပဲ ဖတ်ပြီးပြောတာဖြစ်တဲ့အတွက် ကြား လူကနေတစ်ဆင့် ပြန်တောင်းပန်ပါ တယ်။ ကြားလူဆိုတာလည်း တစ်ခြား လူမဟုတ်ပါဘူး။ သူ (ယဉ်ကျေးမှုဝန် ကြီး)က ဦးဝင်းမြင့်နဲ့တွေ့ပြီး ဓမ္မစေတီ ခေါင်းလောင်းမရှိခဲ့ဘူးပြောခဲ့တာ မှား ပြောခဲ့ပါတယ်လို့ပြောတယ်။ သူမှားပါ တယ်လို့ပြောတော့ ဆက်လုပ်ဖို့ခက် တယ်''ဟု မွန်သမိုင်းသုတေသနအသင်း မှ ဦးနိုင်ရဲဇော်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း အမှန် တကယ်ရှိကြောင်း ကလျာဏီကျောက် စာတွင် အထောက်အထားနှစ်ချက်ပါ ဝင်ကြောင်း မွန်သမိုင်းသုတေသနအ သင်းမှသိရပြီး သုတေသနလုပ်ငန်းများ ကိုဆောင်ရွက်ရန် ဦးဝင်းမြင့်(ရွှေအုန်း ပင်)နှင့် မွန်သမိုင်းသုတေသနအသင်း တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

#TheYangonTimes

 
 

No comments:

Post a Comment