– ဆောင်းဝင်းလတ်
ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူလူထုနဲ့
တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတ မှန်သမျှကို မငဲ့ကွက်ဘဲ လက်တစ် ဆုပ်စာသာသာ၊
စစ်အုပ်စု စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တစ်နွယ်ငင်တစင်ပါတွေ
အားလုံးရဲ့ ကိုယ် ကျိုးစီးပွား အတွက် တောင်ကုန်း တော လုံး
ပြုတ်ပြုတ်ပြုန်း၊ ပျက်သုဉ်းအောင် တွေ့မရှောင် ခုတ်လှဲပစ်နေ ကြ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်ချစ်ခင်လေးစားရတဲ့ မုံရွာမြို့က မြို့မိမြို့ဖတွေထဲက စာရေးဆရာ၊
ကဗျာဆရာကြီး ဆရာဓနထွန်းက၊ သူ ရေးဖွဲ့တဲ့ ကဗျာတစ်ပုဒ် ကျွန်တော့်အတွက်
အမှတ်တရ လက်ဆောင်ပေးဖူးပါတယ်။
မုံရွာ မန္တလေး
ကားလမ်းဘေးက ခင်မွန်ရွာ
သိန်းတစ်ရာ ဥယျာဉ်၊ သိန်းတစ်ရာ စေတီရင်ပြင်
မြေခွင်ကျတ်တီးကုန်း၊ ရှေးတုန်းကအခြေ
မြေပြင်ကတုံး၊ လုံးလုံး သစ်ပင်မရှိ
ပကတိဟင်းလင်းပြင်၊ သည်မြေခွင်မှာ…
သစ်ပင်စိုက်ပျိုး၊ ပန်းမျိုးထွေလာ
ဝေဆာပြည့်ဖြိုး၊ အလှတိုးဖို့
ဥယျာဉ်ပျိုးသည်၊ ဆယ်နှစ်ဆယ်မိုး ကြာသည့်တိုင်။
လူ့ဘောင်သာယာ၊ ဖြစ်စိမ့်ငှာကို
ဝါသနာစေတနာ၊ စုံနှစ်ဖြာဖြင့်
နေရာမလပ်၊ ပင်ချင်းထပ်အောင်
စိုက်ကြပ်စေ့ဆော်၊ တူးဖော်မြေကျင်း
စိုက်ခင်းစိုက်ကွက်၊ စိုက်ကွက် အတွင်း
ရေသွင်းလမ်းကြောင်း၊ရေလာကောင်းဖို့
ရေမြောင်းပြုပြင်၊ သစ်ပင်အတွက်
ခက်လက်ဝေဖြာ၊ စိမ်းလန်းလာ အောင်
ပမာနန္ဒ၀န်၊ ဥယျာဉ်တမျှ
စိမ်းမြကြည်လင်၊ တောတောင် အသွင်
သစ်ပင်နှစ်ထောင်၊စိုက်အောင်ရှင်သန်
အားမာန်အပြည့်၊ စိုက်လေ့ဝါသနာ
အထုံပါသည်၊ သိန်းတစ်ရာရွှေဆိုင်
ဦးချစ်လှိုင်ကား၊ စိတ်ထားပြည့်ဝ
ပရဟိတ၊ စိတ်အလှဖြင့်
လောကကောင်းကျိုး၊ အမျိုးမျိုးကို
သယ်ပိုးဆောင်ရွက်နေသူပါ။
ကမ္ဘာမြေမှာ၊ သယံဇာတ
သဘာဝတွေပျက်ပြုန်း၊ ကုန်ဆုံးခဲ့တာတွေ
ပြန်ဖြည့်ဖို့ရာ၊ လူတိုင်းမှာ တာဝန်ရှိ၊ ကိုယ့်မှာလည်း တာဝန်ရှိ
အမြင်အသိကြွယ်ကြွယ်နဲ့၊ သစ်ပင်တွေ စိုက်ခဲ့။
ကြည့်လိုက်ပါလေ၊ ခုအခြေမှာ
သစ်ပင်တွေက စိမ်းစိုညိုမည်း
တောအုပ်ကြီးထဲရောက်နေသလို
နေပြောက်မ၀င်၊ နေခြည်မဖောက်
အလင်းပျောက်အုံ့မှိုင်း၊သစ်ကိုင်းချင်းယှက်
ရွက်ချင်းဖက်လို့၊ ရှစ်မျက်နှာလုံး
မိုးတိမ်ဖုံးလို့၊ မြတုံးကြီးတမျှ
ကြီးမားလှတဲ့သစ်ပင်အုပ်၊အပြောမဟုတ်
အလုပ်နဲ့ သက်သေပြတဲ့ ဦးချစ်လှိုင်
ပိုင်ပိုင်နိုင်နိုင် သူစိုက်ပျိုးခဲ့။
ဝါးမျိုးခုနစ်ထွေ၊ ၀ါးရုံတွေအသွယ်သွယ်
နွယ်ပင်တွေလည်းအများအပြား၊ ငုပနား မား
မျိုးပွားစုံလင်၊ ကျွန်းပင်ပိတောက်
တောရှောက်ယူကလစ်၊ကသစ်ညောင်ပင်
ညောင်ချဉ်၊ ပုန်းညက်၊သရက်ထင်းရှူး
ဆိတ်ဖလူးယင်းမာ၊ ကန္တာရမန်ကျည်း
ဆိတ်ချည်း၊ ၀က်မတိုး၊ မရိုးဂွေးပင်
ရွေးကြီးပင်၊ သစ်မတက်၊ သပျက်ကုဣို
ပြည်ပန်းညိုဖက်သန်း၊ ပုလဲသန်း ဇီးဖြူ
ပန်းစက္ကူ ကျောက်သပြေပင်၊ ဆင်သမ နွယ်သဖန်း
စိန်ပန်းတန်ဇောင်း၊ ထနောင်းသစ်မင်း
ကြက်သဟင်း ညမွှေးပန်း၊ ခေါင်ရမ်း
ပြည်လုံးချမ်းသာ၊ကြက်လျှာမယ်ဇလီ
နွယ်သာကီခိုင်ရွှေဝါ၊ ကတီ်္တပါ မဟော်ဂနီ
သရဖီအင်ကြင်း၊ သစ်မင်း ခေါင်းလောင်းပန်း
ထန်းချယ်ရီ၊ ခါတော်မီခရေ၊ သပြေ သက်ရင်းကြီး
သီးသခွတ်ပန်း ဒန်းမန်ဂျန်ရှား၊
ဇွန်တရုတ်စံကား၊ ဖွားဖက်တော် ထားဝယ်မှိုင်း
မုယားကြီး၊ မယ်ဇယ်၊ တယ်၊ စွယ်တော်ပန်း
စံပယ်ဧက္ကရာဇ်၊ ဥသျှစ်သမုန်း၊ အုန်းပွားအဲရိုး
ရဲယိုသနပ်ပင်၊ သင်းဝင်ပျဉ်းမ၊ လင်းလွန်းလက်ပံ
ခံပင်အင်ဒီဂရာ၊ မာတာကွက်တရုတ် နှင်းဆီ
ပျဉ်းတော်သိမ် ဒန့်သလွန်၊ စွန်ပလွန် ကြောင်လက်သည်း
ဝက်လျှော်ဘုံခုနစ်ဆင့်၊ ငုနှင့်ပန်းအိ ၀ါ
အာသောကာနံ့သာဖြူ၊ ဆူးဖြူပရုတ်မွှေး
ဂွေးငယ်ပင်သြဇာ၊ တမာ၊ အုန္နဲ၊ လဲမှို့ပင် သုံးပန်လှ
မြစိမ်းကွမ်းသီး၊ ဇီးချိုဇီးချဉ်၊ ပေါက်ပင် သစ်ဆိမ့် သစ်ချိုသဘွတ်ကြီး၊
သစ်သီး သစ်ပင်၊ ဆေးဖက်ဝင် အပင်ပန်း မျိုးစုံလင်တဲ့၊ ဥယျာဉ်တော်ကြီး
တည်ထောင်လို့ ပြီးခဲ့ပါပြီ။ ဤတွင်လည်းမရပ်၊ နောက်ထပ် စိုက်ဆဲ၊ စိုက်နေဆဲ
ပင်၊ စိုက်ပြီး သစ်ပင် အသက်ရှင်အောင် ရေတွင်တွင် လောင်းမြက်ပေါင်း
သုတ်သင်သူပြုပြင် ၏၊ သစ်ပင် ချစ်သူ မြတ်နိုးသူ ထိုထိုလူကား ရှာမှရှားပင်၊
ရှာလျှင်တော့ ရှားမည် ထင်သည်။ သူနှင့်သစ်ပင်၊ သစ်ပင်နှင့်သူ အတူ တူပဲ၊
သစ်ပင်ကလည်း အရိပ်ပေး သူကလည်း အရိပ်ပေး၏၊ ဘ၀အထွေ ထွေ၊ ဘ၀တွေကို
အေးမြစေသူပါ၊ ““မုံရွာ လူငယ်ဖွံ့ဖြိုးရေးဂေဟာ”” ““အေးရိပ်မွန်
အမျိုးသမီးဂေဟာ””၊ ““မုံရွာဘိုးဘွားရိပ် သာ”” နေရာဌာန ပရဟိတ၊
လုပ်ငန်းမှန်သမျှ သူ့လုံ့လဖြင့် လှပအောင် ပြုပြင် သစ်ပင်တွေ စိုက်ခဲ့၊
ကြည့်လိုက်စမ်းပါ ဘိုးဘွား ရိပ်သာမြေဟာ ၁၂ ဧက၊ လှပတဲ့ မြေမှာ ဝေဆာ
လွင့်လွင့် ပင်ချင်းဆင့်မျှ တင့်လှပေဟန်၊ ကာရံတံတိုင်း၊ ပမာ နှိုင်းသို့
သစ်ကိုင်းချင်းဆက်၊ ပင်ချင်းယှက်မျှ၊ နေခြည်မခ၊ အေးအေးမြဘိ၊ အရိပ်ရသစ် ပင်၊
စားပင်သီးပင်၊ စုံလင်မြားမြောင် သစ်ပင်ပေါင်းလေးထောင်၊ ဖော်ဆောင်
စိုက်ပျိုးခဲ့ပါသည်။ ဘိုးဘွားတွေအတွက် နေရောင် မထိုး၊ အုပ်မိုးရိပ်ထီး၊
စိမ့်မြိုင်ကြီး ပမာ အေးစက်တဲ့နေရာ၊ မြိုင်ဟေမာ အသွင်၊ ပမာဆင်၍ပေးခဲ့ပါပြီ။
ဘိုးဘွား ရိပ်သာ၊ ၀င်းခြံမြေမှာ၊ နေရာမလပ်၊ မပြတ် လုပ်ငန်း
လုပ်ငန်းပေါင်းစုံ၊ အကုန်နေရာ၊ လမ်းဖောက်ပြုပြင် တာက အစ သူ့ခြေရာ
သူ့လက်ရာတွေပါ။ သူ့လက်နဲ့ထိတဲ့နေရာ ရွှေတွေသာဖြစ်မယ်ဆိုရင် သစ်ပင်တွေ လည်း
ရွှေပင်တွေဖြစ်၊ အဆောက်အအုံတွေ လည်း ရွှေဖြစ်၊ လမ်းတွေလည်း ရွှေလမ်း ဖြစ်၊
စခန်းကြီးတစ်ခုလုံး ရွှေတုံး ကြီးလိုဖြစ် နေမှာပါ။ ရုက္ခဗိသုကာ
ခေါ်ထိုက်ပါသည်။ ပရဟိတစေတနာရှင် သိန်းတစ်ရာရွှေဆိုင် ဦးချစ်လှိုင် အတွက်၊
ပေးဆက်အပ်နှင်းစရာ ဘွဲ့အမည်ရှာလျှင်၊ မဟာလူမှုထူးချွန်ထက်၊ သာလွန်တဲ့
ဘွဲ့တံဆိပ်ကြီးကို ဂုဏ်ပြုချီး မြှင့်အပ်နှင်း ရမှာ ဖြစ်ပါတယ်လို့ ဆရာဓန
ထွန်း (မုံရွာ)က ဂုဏ်ပြုကဗျာရေးဖွဲ့ထားတဲ့ မုံရွာမြို့က ဦးချစ်လှိုင်၊
ဒေါ်စန်းစန်းတို့ ““သိန်းတစ်ရာ ရွှေဆိုင်”” မိသားစုဟာ
ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ပျိုးပင်အနေနဲ့
စိုက်ပျိုးချင်ကြလို့ပဲဖြစ်ဖြစ်၊ ဆေးဖက်ဝင်ပရဆေးပင်တွေကို ဆေးဝါး အနေနဲ့
အသုံးပြုချင်ကြရင် ပဲဖြစ်ဖြစ်၊ “သိန်းတစ်ရာစေတီ” ရင်ပြင် ဥယျာဉ်တော်ထဲက
ဂေါပကလူကြီးတွေဆီမှာ အခမဲ့ ကုသိုလ်ဖြစ် တောင်း ယူနိုင်ကြတယ်လို့လည်း
ဆရာဓနထွန်းက ပြောပြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကောင်း
ကင်ပေါ်ကနေ ငုံ့ကြည့်လိုက်ကြမယ်ဆိုရင်၊ ကျေးဇူးရှင် ရုက္ခဥယျာဉ်မှူး
ဦးချစ်လှိုင်တို့လို ရုက္ခဗိသုကာ၊ အများ အကျိုးသယ်ပိုးပြီး စေတနာမေတ္တာ
ကြီးမားစွာထား တတ်ကြတဲ့ လေးစားအပ်ဖွယ်လူကြီးသူမများ၊ အရှည်မျှော် ကိုး
စိုက်ပျိုးထားတဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာဖြစ်သလို
ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ အဖိုးတန်
သယံဇာတမှန်သမျှကို မငဲ့ကွက်ဘဲ လက်တစ်ဆုပ်စာသာသာ၊ စစ်အုပ်စု
စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တစ်နွယ်ငင်တစင်ပါတွေ အားလုံးရဲ့
ကိုယ်ကျိုးစီးပွားအတွက်၊ ဒီနေ့ ဒီရက် ဒီလက်ထက် ကာလဆိုးကြီးအထိ ရှိသမျှ
တွေ့သမျှ တောင်ကုန်းတောလုံး ပြုတ်ပြုတ်ပြုန်း၊ ပျက်သုဉ်းအောင် တွေ့ မရှောင်
ခုတ်လှဲပစ်နေကြ၊ စီးပွားရေး သောင်းကျန်းသထက် သောင်းကျန်းနေကြတဲ့
ဝိသမလောဘသားတွေရဲ့ လက်ချက်ကြောင့် အသက်ဝိညာဉ် ဆုံးရှုံးနေရတဲ့
သစ်တောကြီးတွေကိုလည်း ရင်နာရင်နင့် ဖွယ်ရာ တွေ့မြင်ကြ ရမှာပါ။ လူတိုင်းဟာ
အိုခြင်း နာခြင်း သေခြင်းတရားနဲ့ ဘယ်သူမှ မကင်းနိုင်ကြသလို ကိုယ်ကိုယ်တိုင်
ဖန်တီးခဲ့ တဲ့ သမိုင်းကြောင်းတွေနဲ့လည်း ရှောင်လွှဲလို့မရနိုင်ကြပါဘူး။
သမိုင်းလှချင် သပဆိုရင်တော့ လူတွေကို လူလို မထင် လူလိုမမြင်ဘဲ
လူပေါ်လူဇော်လုပ်ပြီး စည်းမဲ့ကမ်းမဲ့၊ အမြော်အမြင်၊ ဆင်ခြင်တုံတရားတွေ
ကင်းမဲ့ပြီး ခုတ်ပိုင်း ချနေသမျှ ရုက္ခသယံဇာတတောကြီးတွေကို ပြန်စောင်းငဲ့
ကြည့်ကြရင်း ရပ်တန်းကရပ်သင့်ကြပါပြီ။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment