Saturday, September 13, 2014

ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် အဝေဖန်ခံနေရတဲ့ ပညာရေး ဥပဒေမူကြမ်း

ဆယ်စုနှစ်များစွာ ဥပဒေမရှိဘဲ ဗဟိုချုပ်ကိုင်မှုနဲ့သာ ရှင်သန်ခဲ့ရတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ဟာ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေရဲ့ တသွေးတသံတမိန့် အောက်မှာ ချွတ်ချုံကျမှုများစွာနဲ့ ခေတ်နောက်ကျခဲ့ရတယ် ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။
အစိုးသစ် တက်လာပြီးနောက်ပိုင်း ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးမှုတွေ ရှိခဲ့တဲ့ နောက်မှာ ပညာရေးဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပေမယ့် အမျိုးသားပညာရေး ဥပဒေဟာ မူကြမ်း အဆင့်မှာတင် ဝေဖန်မှုများစွာ ရှိနေတာကြောင့် ရှေ့ဆက် မတိုးနိုင်ဖြစ်နေခဲ့ရပါတယ်။

ဦးစံလင်းနှင့် အဆက်အသွယ် မရရှိတော့ဟု ခေါင်းလောင်းရှာဖွေရေး အရန်ကော်မတီဝင် ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၁၂
ခေါင်းလောင်းကို ကြိုးချီနေပြီဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းနှင့် အဆက်အသွယ် မရရှိတော့ကြောင်း ခေါင်းလောင်းရှာဖွေရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုအတွက် ထပ်မံတိုးမြှင့်ထားသည့် သတ်မှတ်ချိန် နောက်ဆုံးရက်သို့ ရောက်ရှိပြီ ဖြစ်သော်လည်း ရှာဖွေရေးအဖွဲ့မှ မည်သည့်သတင်းမျှ

သန္တိသုခကျောင်းတိုက်ရှိ ဆရာတော်များအနေဖြင့် လက်နက်များ ကိုင်ဆောင်ထားခြင်းကြောင့် အင်အားသုံးဖယ်ရှားရန် မဟန အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို

သန္တိသုခကျောင်းတိုက်ရှိ ဆရာတော်များအနေဖြင့် လက်နက်များ ကိုင်ဆောင်ထားခြင်းကြောင့် အင်အားသုံးဖယ်ရှားရန် မဟန အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို သက်သေခံစာအဖြစ် တင်သွင်းရန် လျှောက်ထားမှု တာမွေတရားရုံးက ပယ်ချ
သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာများအား ဖယ်ရှားပြီး တရားစွဲဆိုရန် ဇွန် ၁ဝ ရက်က အစည်းအဝေးပြုလုပ်ကာ ထုတ်ပြန်သည့် မဟနအစည်းဝေးမှတ်တမ်းကို သက်သေခံစာအဖြစ် တင်သွင်းရန် ဆရာတော်များ၏ ရှေ့နေက လျှောက်ထားမှုကို ၂ဝ၁၄ ခုနှစ်

သတင်းဆောင်းပါး
သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း အရွေးခံမည့် ကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြပွဲတစ်ခုကို စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဓမ္မသာလာခန်းမအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများကြားက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုတွင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီစဉ်ဆက်မပြတ် ဖော်ဆောင်ရေးအဖွဲ့(MDCF)၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ (FNI) တို့မှ အဖွဲ့ဝင်များပါဝင်သည့် ၁၅ ဦးကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့်လုံခြုံရေး လုံလောက်စွာမရှိခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မြန်မာနိုင်ငံတွင် အလုပ်အကိုင် လုံလောက်စွာမရှိခြင်း၊ လုံခြုံရေးလုံလောက်စွာ မရှိခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ များနေကြောင်း

အခမဲ့ Android app များ ရယူနိုင်မည့် ထိပ်တန်း ဝက်ဘ်ဆိုက် (၁၀) ခု

Android app များကို ငွေကြေးဖြင့် ဝယ်ယူစရာ မလိုဘဲ အခမဲ့ download ရယူနိုင်သည့် ဝက်ဘ်ဆိုက်များစွာရှိသည်။ သို့ရာတွင် အဆိုပါ ဝက်ဘ်ဆိုက်တိုင်းက Android သုံးစွဲသူများအား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်သလို သုံးစွဲသူများ၏ တန်ဖိုးရှိသည့် အချိန်ကိုလည်း အလဟဿ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Android app များကို အခမဲ့ download ပြုလုပ်နိုင်မည့် ဝက်ဘ်ဆိုက် (၁၀) ခုကို ဖော်ပြလိုက်ပါသည်။

ထောင်ချခံသတင်းသမားနဲ့ တောင်သူတွေအတွက် ဦးဝင်တင်ဖောင်ဒေးရှင်း ငွေထောက်ပံ့

ထောင်ဒဏ် ၁၀နှစ်စီ ကျခံနေရတဲ့ ယူနတီဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

မျှော်လင့်ချက်ရောင်ခြည်တွေပေးနိုင်တဲ့ အရွေ့များ

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မြို့မှာ နေထိုင်သူများရဲ့ မြို့ပြလူနေမှု ကုန်ကျစရိတ်များတွင် အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့တဲ့စရိတ်ဟာ ဘယ်အရာလို့ သင်ထင်ပါသလဲ။ သင့်အဖို့ စဉ်းစားစရာတွေ ရှိနိုင်ပေမယ့် စေ့စေ့တွေးကြည့်ရင် မြို့ပြနေ လူအများစုရဲ့ခေါင်းကို လစဉ်ကိုက်ခဲစေတဲ့ အိမ်ငှားခစရိတ်ဆိုတာကြီးကို ပြေးမြင်မိပါလိမ့်မယ်။

မအိုဆေး

Credit - Eleven Media Group


(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)

အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင်ဖတ်လိုက်မှပဲ သဘောပေါက်သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက်အလွန်အကျွံသောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွားတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေ၊ အသည်းမှာ ဆန်ခါပေါက်ဖြစ်ပြီး

မြန်မာကို လုံခြုံရေး အကူအညီ ကန့်သတ်မည့် အမေရိကန် ဥပဒေကြမ်း သမ္မတရုံး ဝေဖန်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအား လုံခြုံရေး အကူအညီများပေးမှုကို ကန့်သတ်မည့် အမေရိကန် အောက်လွှတ်တော် အမတ် တချို့၏ ဥပဒေကြမ်း တင်သွင်းခြင်းသည် အကြမ်းဖက်မှု ဆန့်ကျင်ရေးအတွက် ခြိမ်းခြောက်ခံနေရသည့် မြန်မာနိုင်ငံကို အခက် အခဲဖြစ်စေနိုင်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောဆိုလိုက်သည်။
“အယ်လ်ကိုင်းဒါးက အိန္ဒိယ တိုက်နယ်မှာ Branch ဖွဲ့လိုက်တယ်လို့ ကြေညာတဲ့အထဲ မြန်မာနိုင်ငံက ပစ်မှတ်ထဲမှာ ပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမှာ အထူးသဖြင့်

မြေယာသိမ်းမှုတွေ မပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုကြောင့် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တောင်သူလယ်သမားတွေ လတ်တလော ရင်ဆိုင်နေကြရတဲ့ လယ်သိမ်း ယာသိမ်း ကိစ္စရပ်တွေ မှာ ပြေလည်မှု မရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ် ကျခံနေရခြင်းဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ ရဲ့ အပတ်စဉ် အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်း" အစီအစဉ် မှာ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နာမည်ကိစ္စ

မြန်မာနိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက် ရှိသည့်အနက် တပ်မတော်အစိုးရနှင့် တပ်မတော်မှ အရပ်သားပြောင်း အစိုးရများ အရေးတကြီး ကိစ္စတစ်ခုသဖွယ် ဆောင်ရွက်လေ့ ရှိသည်မှာ အခေါ်အဝေါ် နာမည်များ ပြောင်းလဲခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်းကြော်ငြာလက်ခံပြီး ၀င်ငွေရမည့်အစီအစဉ်စတင်

မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် ဖုန်းတစ်ခါလာတိုင်းပိုက်ဆံငါးကျပ်ရရှိမည့် (Cash For Call)မိုဘိုင်းကြော်ငြာဝန်ဆောင်မှုကို ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း VMG Telecomesကုမ္ပဏီမှ သတင်းရရှိသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက ဖုန်းဝင်လာ လျှင် ဖုန်း Ringtone နေရာတွင် လုပ်ငန်းရှင်များ၏ ကုမ္ပဏီအမှတ်တံဆိပ်နှင့်ကြော်ငြာများလာနေမည်ဖြစ်ပြီး ကြော်ငြာများကို ဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်း ကြည့်ရှု၍ ဖုန်းကိုင်လိုက်ပါက ငွေငါးကျပ်ရရှိမည်ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ ဘယ်သူတွေ ပါဝင်သင့်သလဲ

ဆောင်းပါးရှင် = စည်သူအောင်မြင့်
လာမယ့် စက်တင်ဘာ ၁၃ရက်၊ ၁၄ ရက်နေ့တွေမှာ တရားဝင်မှတ်ပုံ တင်ထားပြီးသား နိုင်ငံရေးပါတီ ၆၇ ပါတီစလုံး တက်ရောက်နိုင်မယ့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပမယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောကြ ပါတယ်။ စည်းရုံးလှုံ့ဆော်နေသူတွေကတော့ ညီ နောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အုပ်စုနဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ပါတီ (FDA) တာဝန်ရှိသူတွေပါ။ အဲဒီအစည်းအဝေးကို ကျင်းပ ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သိပ်မကြာ ခင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ရပ်

အမျိုးသားပညာရေး ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည့် အချက် ၁၆ ချက် ပြင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းသားများက သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို သဘောထားမှတ်ချက် ပြုထားသော နိုင်ငံတော်သမ္မတ၏ အကြံပြုစာများထဲမှ အချက်ပေါင်း ၁၆ ချက်ကို ပြန်လည်ပြင်ဆင်ရန် သဘောတူလက်ခံကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရီက ဆိုသည်။

ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်းကိစ္စ မန္တလေးမှာ ဆန္ဒပြ

သမ္မတ ဦးသိန်းစိန် အနေနဲ့ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အရင် ဖြေရှင်းပြီးမှသာ ဒုတိယ အကြိမ် သက်တမ်း ၀င်ရောက် အရွေးခံဖို့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် 
ဖော်ဆောင်ရေးအဖွဲ့ (MDCF) အလုပ်သမားလယ်သမားအရေးများဆောင်ရွက်သူများ FNIအဖွဲ့တို့အပါ အဝင် ၂၀ ဦးခန့် က ယနေ့နံနက် ၉ နာရီမှာ မန္တလေးမြို့ ၈၄ လမ်း ပေါ်တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။ 

Friday, September 12, 2014

ထူးလည်းထူးတယ်၊ မြူးလည်းမြူးတယ်… ဟဲ့ ပေါ်အူးရယ်

ကြုံရခေတ်အဆက်ဆက် ယုံရခပ်ခက်ခက်
---- --- ---
““ပေါ်အူးရယ်၊ သာမောဖွယ် နန်းတော်အလယ်မှာလေ ငါကိုယ် တော် ရွှေရှင်ဘုရင်ပြောမယ်။ ခက်တယ်၊ မျက်ချယ်၊ သက်လှယ် လူတွေ သိပ်ခက်ပါတယ်။ မင်းကြီးရဲ့လက်ထက်မှာကွယ် အဂတိလိုက် စားမှုတွေ များပြားတာကို တော်တော်ကြီးကို ထိုးနှက်ဝေဖန်နေကြတယ်။ တကယ်တော့ ဒါဟာ လွယ်လွယ်လေးပါ ပေါ်အူးရာ၊ မခက်ပါဘူး။ လူတွေအားလုံး စိတ်ထားပြောင်းဖို့လိုတယ်။ စိတ်ထားလေးသာ နည်း နည်းလေးပြောင်းလိုက်ရုံနဲ့ ဒီပြဿနာတွေအားလုံး ပြေလည်သွားမယ် မဟုတ်လား ပေါ်အူးရဲ့””

ဦးစံလင်းအတွက် အဆုံးအဖြတ်နေ့

ဓမ္မစေတီခေါင်းလောင်း ရှိရာသို့ လာရောက်ကြည့်ရှုသူများ နှင့် စည်ကားခဲ့သော ရှုခင်းသာ ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၁ရက် က လူအနည်းငယ်သာရှိခဲ့သည်။ ကမ်းခြေမှ ခေါင်းလောင်းဆယ်ရာ သို့ လိုက်ပို့ပေးသော တစ်စီးတည်း သာရှိသည့် စက်လှေမှာ ကမ်းခြေ တွင် ရပ်ထားရသည်။

ကျုပ်လည်းပဲ သမ္မတဖြစ်ချင်သပ

သြော် …. လန့်သွားလေသလား။ ကျုပ်စကားကြောင့်လေ ..။ လန့်လောက်ပါရဲ့ဗျာ။ စကား စကား ပြောပါများ ...  စကားထဲက ဇာတိလေးက ထိုးထိုးထောင်ထောင်ထွက်လာသကိုးဗျ။ ကျုပ်မယ် သမ္မတဖြစ်ချင်တဲ့စကားလေးတွေ ငြိမ်ငြိမ်သွားသလားလို့ပါအမောင်ရေ…။ ဒီတော့လည်း ကျုပ်က တစခန်းထလို့ သမ္မတလုပ်ချင်စကား ပြောရတာက ပွဲရှုပ်အောင် မဟုတ်ရဗျား။

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

သံဃာတော်များ ဦးဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပဏ္ဍဝက မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အားဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို တရားစွဲ

 ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေ သည့် စာရွက်စာတမ်းဖြန့်ဝေခဲ့ သည့် စွပ်စွဲချက်ဖြင့် ပြည်ခိုင်ဖြိုး ပါတီ၏ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးကို   စက် တင်ဘာ ၁၁ ရက်တွင် တရားစွဲဆို လိုက်ကြောင်း ဆိတ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက 7Day Daily အား  ပြောကြားလိုက်သည်။
တရားစွဲဆိုခံရသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဆိတ်ဖြူမြို့နယ်အလုပ်

Wednesday, September 10, 2014

ဗန်းမော်မြို့ပေါ်တွင် တပ်မတော်အရာရှိတစ်ဦးမှ လက်နက်ဖြင့်ခြိမ်းချောက်၍ အဓမ္မခိုင်းစေမှု ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အကြီးအကဲများက ပြောဆိုနေသော်လည်း ဗန်းမော်မြို့ပေါ်တွင် တပ်မတော်အရာရှိတစ်ဦးမှ လက်နက်ဖြင့် ခြိမ်းချောက်၍ အဓမ္မခိုင်းစေမှုဖြစ်စဉ်တစ်ခု
ဗန်းမော်မြို့ ရွှေဧရာရှပ်ပြေးဂိတ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ထိုဂိတ်မှ အမည်မဖေါ်လိုသူ တစ်ဦးမှ herjule mediaသို့ ဆက်သွယ်ပြောကြားခဲ့ပါသည်၊ထိုဖြစ်စဉ်အပေါ် herjule media မှ စုံစမ်းခဲ့ရာ ထိုဖြစ်စဉ်မှာ မှန်ကန်မှုရှိကြောင်း သိရှိရပါသည်၊

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကား

Credit - Eleven Media Group


Written by: တင်နိုင်တိုး

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဘွိုင်ကော့တာ (Boycotter) အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးရာ ထိုစဉ်က နာမည်မထင်ရှားသေးသဖြင့် လူသိနည်းလှပါသည်။

လွှတ်တော်တွင်း တပ်မတော်သဘောထားကို တရုတ်ကွန်မြူနစ်ပါတီ စောင့်ကြည့်နေ

ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးပမ်းနေတယ်ဆိုတဲ့
တရုတ်ကွန်မြူနစ်ပါတီက လွှတ်တော်အတွင်း မြန်မာ့တပ်မတော်ရဲ့ သဘောထားရပ်တည်
ချက်တွေကို စောင့်ကြည့်နေတယ်လို့ နိုင်ငံတကာဆက်ဆံရေးဌာန
ညွှန်ကြားရေးမှူးချုပ် Ms.Raohuihua က ဆိုပါတယ်။

ဖနောင့်အောက်က ကျေးဇူးရှင်ကြီးများ

ရန်ကုန်မြို့လယ်မှ ရှစ်မိုင်ခန့်ကွာဝေးသည့် ပန်းလှိုင်မြစ်နှင့် ဇော်ဂျီမြစ်အကြားရှိ မြေနေရာများတွင် စိမ်းစိုနေသည့် စပါးပင်များက နှစ်ပေါင်းများစွာ နေရာယူထားခဲ့ကြသည်။
လယ်သမားများက ပေါက်တူးများစွဲကိုင်ကာ အစိမ်းရောင်စပါးခင်းများဘေး ဖြတ်သန်းသွားလာခဲ့ကြသည်။ သူတို့၏နောက်တွင်တော့ မျိုးစေ့များ၊ ကောက်ပင်များထည့်ထားသော တောင်းပလုံးများကို လွယ်ထားသည့် ကောက်စိုက်သမများက ကပ်ပါလာခဲ့ကြသည်။ လေးတိုင်စင်

ကြားဖြတ်ရွေးကောက်ပွဲ ဖျက်သိမ်းခြင်း တရားမ၀င်ဟုဆို

မကြာမီ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်လုပ်ပိုင်ခွင့်မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။
ဖွဲ့စည်းပုံ  အခြေခံ ဥပဒေပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရလည်း ကောင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ဥပဒေအရ လည်းကောင်းရွေးကောက်ပွဲကို ဖျက်သိမ်းနိုင်ခွင့်အာဏာမရှိကြောင်းဦးကိုနီကဆိုသည်။

ပြုပြင်ပြောင်းလဲရေးတည်ငြိမ်ခြင်း တပ်မတော်ကျေးဇူးကြောင့်ဟု သမ္မတပြောကြားချက် နိုင်ငံရေးအင်အားစုအချို့ သဘောမတူ

တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေ ၈၈ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး

Credit - RFA
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

မုံရွာမှာ နှစ်ရက်ဆက် ဖျော်ဖြေမယ့် အိုင်စီ

Credit - 7DAY DAILY
အိုင်းရင်းခရော့စ်အဖွဲ့ ၏ ဖျော်ဖြေပွဲကို မုံရွာမြို့တွင် နှစ် ရက်တိုင်တိုင် ပြုလုပ်သွားရန် အ စီအစဉ်ရှိကြောင်း ပုဂံအင်တာ တိန်းမန့်မှ ဈေးကွက်မန်နေဂျာ ကိုညီက ပြောသည်။
‘‘မုံရွာမှာ မလုပ်ဖြစ်တာက ၂၀၁၀ နောက်ပိုင်းကတည်းက ဆိုတော့ တော်တော်ကြာနေပြီ။ ခုမှ ပြန်လုပ်ဖြစ်တာ နောက်ပြီး မုံရွာက ပရိသတ်တွေက တောင်း ဆိုလို့ နှစ်ရက်လုပ်ဖြစ်တာပါ’’ ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေး မီဒီယာလွတ်လပ်ခွင့်နှင့် ဘာသာရေး အကြမ်းဖက်မှုများကြောင့် မြန်မာအစိုးရ ဝေဖန်ခံနေရဟု သမ္မတ၀န်ခံ

မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပြီး လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ ဘာသာရေးအ ကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ မြန်မာအစိုးရ ဝေဖန်ခံနေရကြောင်း သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောကြားသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/20201

တိုင်းရင်းသားများ မဲပေးရ လွယ်ကူစေမည့် PR ဒီဇိုင်း ရေးဆွဲထားဟု အမျိုးသားလွှတ်တော် ကော်မတီဆို

ရန်ကုန်၊ စက်တင်ဘာ ၈
ရွေးကောက်ပွဲများတွင် ပြောင်းလဲအသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ် PR ကို တိုင်းရင်းသားလူမျိုးများ မဲပေးရာတွင် လွယ်ကူစေသော ဒီဇိုင်းပုံစံမျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးဆွဲထားကြောင်း အမျိုးသားလွှတ်တော် PR အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးဖုန်းမြင့်အောင်က The Voice သို့ ပြောကြားသည်။

ငြိမ်းချမ်းတဲ့ လူ့အဖွဲ့စည်း

Credit -  The Irrawaddy (Burmese Version)
ဒီတပတ်တော့ ကျမရဲ့ ဆောင်းပါးလေးကို ဗန်းမော်ညိုနွဲ့ရဲ့ ကဗျာလေးနဲ့ပဲ စတင်ပြီးတော့ ဖွင့်ချင်ပါတယ်။
သူ့ ကဗျာ လေးနာမည်က “ခွင့်တူညီမျှ” ပါ၊ ခွင့်တူညီမျှ ဆိုတဲ့ နာမည်ဟာ ကျမတို့နဲ့ တကယ်တော့ မစိမ်းပါဘူး၊ “ကမ္ဘာမကြေ” သီချင်းထဲမှာ ပါပါတယ်၊ ခွင့်တူညီမျှ … ဝါဒဖြူစင်တဲ့မြေ … တို့မြေ ..တဲ့။
ဗန်းမော်ညိုနွဲ့က ခွင့်တူညီမျှဆိုတဲ့ ကဗျာထဲမှာ ဘယ်လို ရေးထားသလဲဆိုတော့ -
သူဆည်းကပ်ရာ သူ့ဘာသာကို

Tuesday, September 9, 2014

အလောင်းမင်းတရားပေးခဲ့သည့်ရွှေပေလွှာ မိတ္ထူ ကို မြန်မာသို့ ဂျာမနီမှ ပြန်လည်ပေးအပ်

၁၇၅၆ ခုနှစ်က ဗြိတိန်အင်ပါယာ၏ ဂျော့ဘုရင်(၂)သို့ အလောင်းမင်းတရားကြီးက
ပေးအပ်ခဲ့သည့် ရွှေပေ လွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင် ငံ၊ စာကြည့်တိုက်တစ်ခုဖြစ်သော Gottfried Wilhelm Leibniz တို့က 3D ဒီဂျစ်တယ်
နည်းပညာဖြင့် မိတ္ထူ ကူးပြီးမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က ပေးအပ်လိုက်သည်။

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်း

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ထူးခြားသည့် စိန်ခေါ်မှု တစ်ခုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့သည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/20113

တပ်မတော်ထိပ်ပိုင်းရာထူး အပြောင်းအလဲပြုလုပ်

Credit - Kamayut Media
မြန်မာ့တပ်မတော်ရဲ့ အရေးပါတဲ့ ထိပ်ပိုင်းရာထူးတွေကို စက်တင်ဘာ ၈ရက်နေ့မှာ အပြောင်းအလဲသစ်တွေ လုပ်လိုက်ပါတယ်။ ကထစမှူးတွေနဲ့ စစ်တိုင်းတစ်ချို့ တိုင်းမှူးအပြောင်းအလဲတွေမှာ ဘယ်သူတွေ ဘယ်ရာထူးတွေ ပြောင်းလဲခန့်အပ်ခံခဲ့ရသလဲ။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)အဖြစ် တိုးမြှင့်တာဝန်ပေးလိုက်သလို စစ်ထောက်လှမ်းရေးကို တာဝန်ယူရတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ လိုသလား




Credit - The Voice         http://www.thevoicemyanmar.com/index.php/news/item/2561-kfy

ယခုနှစ် နိုဝင်ဘာလအတွင်း လွှတ်တော်နှစ်ရပ်တွင်း လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း စက်တင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည့်အပေါ် နိုင်ငံရေးပါတီ အသီးသီး ထင်မြင်ယူဆချက်များကို ထုတ်နုတ် ဖော်ပြအပ်ပါသည်။

Monday, September 8, 2014

PR ဆိုရင် ဘာဖြစ်လာနိုင်မလဲ . . .

Written by: နေထွန်းနိုင်
Credit - Eleven Media Group
၂ဝ၁၅ ရွေးကောက်ပွဲလုပ်ဖို့ အချိန်တစ်နှစ်လောက်ပဲ ကျန်တဲ့အချိန်မှာ ရွေးကောက်ပွဲစနစ်ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။

လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး) ပါတီ၊ NDF  (အမျိုးသားဒီမိုကရေစီအင်အားစု) ပါတီအပြင် ပါတီငယ်တချို့က လာမယ့်ရွေးကောက်ပွဲများမှာ အချိုးကျကိုယ်စားပြုစနစ်လို့ခေါ်တဲ့ PR (Proportional Representation) စနစ်ပြောင်းလဲဖို့ အာသီသပြင်းထန်နေပါတယ်။

၂၀၁၅ ခုနှစ်တွင် မြန်မာက အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆွေးနွေးနေ

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
၂ဝ၁၅ ခုနှစ် အာဆီယံနိုင်ငံများအချင်းချင်း မြန်မာနှင့်အပြန်အလှန် ဗီဇာလျှောက်ထားရန်မလိုဘဲ ဗီဇာကင်းလွတ်ခွင့်ရရှိအောင် နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

ပညာရေးဝန်ထမ်းအများစု အမျိုးသားပညာရေးဥပဒေကြမ်းကို မဖတ်ရှုရသေး

‘‘ပညာရေးဥပဒေမူကြမ်းမှာပါတဲ့ အချက်တွေသည် ငါတို့ရဲ့လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်တွေ ဘယ်လောက်ရှိသလဲဆိုတာကို ဆရာ၊ ဆရာမတွေအတွက် ကျယ်ပြန့်တဲ့ အသိပညာပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အောက်ခြေအထိမလုပ်ခဲ့ဘူး။ ပါချုပ်တွေက သူတို့အတွက် သိပ်မဆိုင်ဘူး။ အလုပ်ရှုပ်တယ်လို့ မြင်နေတယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောသည်။

PR စနစ် အားနည်းမှု ဦးတင်အေး ဘယ်လိုထောက်ပြလိုက်လဲ

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ် သုံးရန် အားနည်းမှုတွေ ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတိပေးလိုက်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကိုကျင့်သုံး ပြင်ဆင်နေပေမယ့် နည်းဥပဒေတွေ ထုတ်ပြန်ဖို့ အချိန်မလုံလောက်တဲ့အတွက် ရွေးကောက်ပွဲ စနစ်မကျမှုတွေ၊ အားနည်းချက်တွေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

(7-9-2014) ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် အာဟာကုသိုလ်ရှင်

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် အာဟာကုသိုလ်ရှင်
ကိုသော်တာမင်းခေါင်+မဆုဆုမော် (သား) မောင်မင်းနောင်ရိုး(တတိယတန်း) မိသားစု မှ မွေးနေ့အထိမ်းအဖြစ် သံဃာတော်များနှင့် ကျောင်းသား/သူများအား အာဟာရဒါန ကုသိုလ်ပြုပါသည်။ (7-9-2014) တနင်္ဂနွေနေ့
Credit - Ashin Vicitta

Sunday, September 7, 2014

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ယနေ့ပြောကြား

ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုကော်မရှင် တို့ အစည်း အဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်စတင် ကျင်းပ ခဲ့ပြီး ပြည်ထောင်စုကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပတော့မည်မဟုတ်ကြောင်း ပြောကြားသွား ခဲ့သည်။

မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် ကူညီမည်ဟု ဂျာမနီသမ္မတကတိပြု

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဂျာမနီနိုင်ငံက ပူးပေါင်းကူ ညီမည်ဖြစ်ကြောင်း ကတိပြုပြီး မြန်မာ့ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်များအပေါ် ဂျာမနီနိုင်ငံက အား ပေးကြောင်း ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်က ပြောကြားသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19970

Credit -

ကြားဖြတ်ရွေးကောက်ပွဲမပြုလုပ်တော့ဟု ဦးတင်အေးပြောကြား

ရန်ကုန်- ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ပြောကြားလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၃၅ ခုနှင့် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် စက်တင်ဘာ ၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌