Written by : ဒေါက်တာခင်မောင်ညို
“လူမိုက်ဆိုတာ ဆေးမရှိဘူး။ ကြားဖူးသလား”
“ဟုတ်ကဲ့”
အမေက ဆုံးမတာပါ။ လူမိုက်ဆိုတာကိုတော့ ကျွန်တော်သိသည်။ ရုပ်ရှင်တွေထဲမှာပေါ့။ ညိုအေးကြီးတို့၊ အေးငွေကြီးတို့။ လူဆိုးနဲ့ လူမိုက် ကျွန်တော် မခွဲတတ်ပါ။ မိုက်တာကြောင့် ဆိုးသည်။ ဆိုးတာကြောင့် မိုက်သည်။ မင်္ဂလာတရားကို “အသေဝနာစ ဗလာနံ” ဟူသော စကားမှ စရသည်။
“မသိ နားမလည်တာ လူမိုက်ကွဲ့”
မင်္ဂလာတရားကို ကျောင်းမှာသင်တော့ လူမိုက်ကို ဆရာမက ရှင်းပြတာပါ။ ကြီးလာတော့ မြန်မာစာဆရာကို မေးသည်။
“ရှောက်မှန်းကမ်းလမ်းမသိသူဆ
“ချောက်မှန်းကမ်းမှန်း မသိသူတွေပါကွာ။ ပညာမရှိတဲ့သူ လူမိုက်ကိုပြောတာပါ”
“ဟုတ်ကဲ့၊ ဘယ်လိုမျိုးလဲဆရာ”
“ပညာမရှိတော့ အမှောင်ထဲမှာ နေရတဲ့သူနဲ့ တူတယ်။ အမှောင်ထဲမှာဆို သူမမြင်ရဘူး။ သူဟာ ဘယ်မှာ ချောက်၊ ဘယ်မှာ ကမ်း ဘယ်မှာ လမ်း ဆိုတာကို မသိဘူး။ ဒါကြောင့် ဒီလိုလူတွေကို ချောက်မှန်းကမ်းမှန်း မသိသူတွေလို့ ခေါ်တယ်”
“သူနဲ့ မပေါင်းရဘူးလို့ မင်္ဂလာတရားက ဆိုတယ်။ ဘာကြောင့်လဲဆရာ”
“သူက မသိမမြင်ဘဲ ဦးဆောင်တာမျိုးတွေ လုပ်တတ်တယ်။ ဟိုဘက်သွား၊ ဒီဘက်သွားဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူကိုယ်တိုင်က ချောက်တွေ၊ ကမ်းတွေ၊ လမ်းတွေကိုမှ မသိဘဲ၊ သူညွှန်တာ လိုက်နာတဲ့လူတွေ ဒုက္ခရောက်မှာပေါ့ကွာ”
လူမိုက်တွေဦးဆောင်တဲ့ ဒုက္ခကို တွေးမိသည်။
“ကိုဘသစ်ရေ တရုတ်ပြည်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၅ဝဝဝ ဖျက်မယ်ဆို”
“ဟုတ်တယ်၊ ဝန်ကြီးချုပ်က ဒီကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၅ဝဝဝ ကို ပိတ်ပစ်ဖို့နဲ့ မီးခိုးထွက်တဲ့ကား ခြောက်သန်းကို မြို့ကြီးတွေကနေ ဖယ်ရှားဖို့ ကတိပေးထားတယ်”
“ဘယ်တော့လုပ်မှာလဲ ကိုဘသစ်”
“၂ဝ၁၄ မှာတဲ့၊ ဒီနှစ်အပြီးပေါ့”
“အဲဒီဖျက်တဲ့စက်ရုံတွေ ဒီကိုရောက်လာမယ်ဆိုရင် ဒုက္ခလှလှတွေ့မှာပဲ”
“ဟုတ်တယ်။ ဒီကိစ္စ လွှတ်တော်ထဲမှာလည်း တင်နေတယ်။ အဓိကကတော့ မြန်မာပြည်မှာ အသစ်တည်မယ်လို့ ပြောနေတဲ့ စက်ရုံတွေဟာ အဲဒီကဖျက်ပြီး တို့ဆီရောက်လာမှာ စိုးရိမ်တာကြောင့်ပါပဲ”
“ဒီလိုလုပ်နေကျပဲလေ။ စိုးရိမ်သင့်ပါတယ်”
“နောက်တစ်ခုက သူတို့ဆီမှာ ဘာလို့ ဒီလိုကျောက်မီးသွေးသုံးစက်ရ
“အဖြေကတော့ ရှင်းပါတယ် ကိုဘသစ်ရာ၊ ဒီစက်ရုံတွေဟာ တရုတ်မှာ ဒုက္ခပေးလို့ ပေါ့”
“ဟုတ်တော့ ဟုတ်တယ်။ ဘယ်လိုဒုက္ခပေးလဲဆိုတာကို စဉ်းစားဖို့လိုမယ် ထင်တယ်”
ကျွန်တော် ဖတ်ဖူးတာတော့ တရုတ်မှာ လေထုညစ်ညမ်းမှု အရမ်းဖြစ်တယ်။ ကျောက်မီးသွေးဓာတ်အားပေးစက်
“ဒါတော့ ယေဘုယျပြောကြတာပေါ့လေ။ အကြမ်းအားဖြင့် မှန်ပါတယ်။ တကယ့် တကယ်မှာ ဒီလိုစက်ရုံတွေက ထွက်လာတဲ့ မီးခိုးခေါင်းတိုင်က ဓာတ်ငွေ့တွေနဲ့အတူ ပြာတွေလည်း ပါလာတယ်။ ဓာတ်ငွေ့တွေကတော့ မမြင်နိုင်ဘူး။ ဒါပေမဲ့ အက်စစ်မိုးကို ရွာစေတယ်”
“ပြာတွေကိုရော မြင်နိုင်လားဆရာ”
“လွင့်ပျံနေတဲ့အမှုန်(Partic
“ဓာတ်ငွေ့တွေကော ဆရာ”
“ဓာတ်ငွေ့တွေထဲမှာပါဝင်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တို့၊ နိုက်ထရိုဂျင်အောက်ဆိုဒ်တို
“ဖန်လုံအိမ်ဓာတ်ငွေ့ရော”
“သူကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါ။ လောင်စာတွေ မီးလောင်ရင် သူထွက်တာပဲ၊ တက္ကနိုလိုဂျီ မကောင်းရင်တော့ ကာဗွန်မိုနောက်ဆိုဒ်တွေ ထွက်ပြီး အန္တရာယ်တွေ ကြီးပါတယ်”
“ခုက Clean Coal Technology (CCT) လုပ်မယ်ဆို၊ ဝန်ကြီးချုပ်က ပြောသွားတယ်။ ၉၉.၉၉% တောင် သန့်စင်မယ်တဲ့။ တစ်ခုတော့ စဉ်းစားရာရှိတယ်။ ထိုင်းတို့ တရုတ်တို့က ဒါကို ဘာကြောင့်ရပ်ပစ်ရမှာလဲ။ တရုတ်ဆို စွမ်းအင်မွတ်သိပ်နေတဲ့နိုင်
ကိုဘသစ် စဉ်းစားနေသည်။
“ပထမအချက်ကတော့ ရေပဲ ဆရာညိုရေ၊ ဒီကျောက်မီးသွေးစက်ရုံတွေဟာ
“ရေနွေးငွေ့အတွက် ရေလိုတာပေါ့။ ဒါကြောင့် ပင်လယ်နားမှာ တည်တာပေါ့”
“မရဘူး။ ပင်လယ်ရေကို ဘွိုင်လာမှာ သုံးလို့မရဘူး။ ရေသန့်ပဲ သုံးရတယ်။ ရေသန့်တောင်မှ ရေညှိမတက်အောင် ပိုးသတ်ထားတဲ့ရေကို သုံးရတယ်။ ဒီလိုရေတွေမှာ ကလိုရင်းလို ပိုးသတ်ဆေးကို သုံးရတယ်။အဲဒီရေတွေ ပတ်ဝန်းကျင်ကိုရောက်ရင် ဂေဟစနစ်(Ecology) ပျက်တယ်။ ငါးတွေ ပြောင်းပြေးတယ်။ ဘွိုင်လာက ထွက်တဲ့ရေဟာ ပတ်ဝန်းကျင်ရေထက် ၁၅ ဒီဂရီဆဲ့စီယပ်စ် (15oC) လောက် အပူချိန်ပိုတယ်။ ဒီလိုဖြစ်နေရင် အဲဒီရေကနေ ငါးတွေ ပြေးတော့တာပဲ”
“ပင်လယ်ရေကို မသုံးတော့ ရေဘယ်ကရမှာလဲ”
“ရေချိုကို မြေအောက်က ရမယ်။ ဒါပေမဲ့ ပမာဏကအများကြီးပဲ၊ ငါးရာမဂ္ဂါဝပ်အတွက် တစ်နှစ် ရေဂါလန်ဘီလျံ ၇ဝ ကျော်လိုတယ်”
“များလိုက်တာ၊ ဒါတွေကို ရနိုင်ပါ့မလား”
“ရတော့ရတယ်။ နောက်ဆုံး မြေအောက် ရေတွေခန်းပြီး အပင်တွေသေတဲ့အထိ ဖြစ်လာတယ်။ ထိုင်းမှာ ချောင်းတွေ ကန်တွေ ခန်းလို့ စက်ရုံပိတ်လိုက်ရတာ ရှိတယ်။ ကွမ်ခြံကုန်းလိုအရပ်မှာ လုံလောက်တဲ့ရေ မရနိုင်ဘူး”
“မြေအောက်ရေကုန်သွားရင် ရေငန် ထိုးဝင်လာမှာကိုလည်း ကြောက်ရတယ်”
“နောက်ပြဿနာတစ်ခုက ကျောက်မီးသွေးပါပဲ”
“ကျွန်တော်တို့ဆီက ကျောက်မီးသွေးတွေဟာ ဒီလိုစက်ရုံတွေအတွက် သုံးလို့ မရဘူးဆို”
“မရဘူး။ တို့ဆီက အဆင့်နိမ့်တယ်။ Clean Coal Technology (CCT) လုပ်မယ်ဆိုရင် အင်သရာဆိုက်ကို ဝယ်သုံးရတယ်။ တန်ချိန် သိန်းချီဝယ်ရမယ်။ သူ့ကို ကမ်းနားမှာချဖို့ သိုလှောင်ဖို့လိုတယ်။ အရင်က ကြည့် မြင်တိုင်ကမ်းနားမှာ ကျောက်မီးသွေးပုံတွေပုံတာ ရှိဖူးတယ်။ အနီးပတ်ဝန်းကျင်ကလူတွေ ပန်းနာရင်ကျပ်တွေ ဖြစ်ကုန်တယ်။ အဓိက ကတော့ ကျောက်မီးသွေးကို ပုံထားတဲ့အခါ အချို့ရာခိုင်နှုန်းနည်းနည်း
ဒီလိုပုံထားရင်လည်း အလိုအလျောက် မီးလောင်နိုင်ပါသေးတယ်”
“ဆရာ တီကျစ်မှာ ကျောက်မီးသွေးဓာတ်အားပေးစက်
“ဟုတ်တယ်။ ခေတ္တပိတ်ထားတယ်လို့ ဆိုတယ်။ အဲဒီက ပြာတွေကို အုတ်တွေ ရိုက်တဲ့ထဲမှာ ထည့်သုံးကြတယ်။ ဒီအုတ်တွေထဲမှာ ပြဒါးတို့ ယူရေနီယံတို့ ပါလာတယ်။ ယူရေနီယံဟာ ဓာတ်ရောင်ခြည်သင့်စေနိုင်တယ
“တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ သူများဖျက်တဲ့စက်ရုံတွေကို လာတည်တာဟာ ဘာသဘောလဲ”
“ဟုတ်ပါတယ် ဆရာညို၊ သူများဆီက ဖျက်တဲ့စက်ရုံတွေကို တည်မယ်။ သူတို့မှာ မသုံးနိုင်တဲ့ တက္ကနိုလိုဂျီ သုံးမယ်တဲ့”
“Clean Coal Technology (CCT) လား ဆရာ၊ ဘာလို့ မဖြစ်နိုင်တာလဲ”
“ဈေးကြီးတယ်။ ဒီအတွက် ကျွမ်းကျင်လုပ်သားတွေ လိုတယ်”
“ကျွန်တော်တို့ဆီက အလုပ်သမားတွေ အလုပ်ရမယ်ဆို”
“အောက်ခြေအလုပ်သမားသာ ဖြစ်မှာပဲ။ ပြီးတော့ အမေရိကန်နိုင်ငံမှာတောင် မလုပ်နိုင်သေးတဲ့ Carbon Capturing System ကို သုံးမယ်လို့ဆိုတယ်။ ကိုယ့်ဓာတ်ငွေ့ကို ရောင်းစားပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကျောက်မီးသွေးကို သုံးတယ်ဆိုတော့”
ဆရာ့စကားကို ကြားနေပါသည်။
“ပညာမရှိတဲ့သူ လူမိုက်ကို ပြောတာပါ။ ပညာမရှိတော့ အမှောင်ထဲမှာနေရတဲ့သူနဲ့ တူတယ်။ အမှောင်ထဲမှာဆို သူမမြင်ရဘူး။ သူဟာ ဘယ်မှာ ချောက်၊ ဘယ်မှာ ကမ်း ဘယ်မှာ လမ်းဆိုတာကို မသိဘူး။ သူနဲ့ မပေါင်းရဘူးလို့ မင်္ဂလာတရားက ဆိုထားတယ်။
မသိမမြင်သူက ဦးဆောင်တာမျိုးတွေလုပ်တော့ ခက်တယ်။ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူကိုယ်တိုင်က ချောက်တွေ၊ ကမ်းတွေ၊ လမ်းတွေကိုမှ မသိဘဲ သူညွှန်တာ လိုက်နာတဲ့ လူတွေ ဒုက္ခရောက်မှာပေါ့။ လူမိုက်တွေ ဦးဆောင်တဲ့ဒုက္ခ။ သတိထားကြပေါ့ဗျာ”ဟူ၍
Credit - Eleven Media Group

No comments:
Post a Comment